← Chapters

စုပ်ယူခြင်း၊ပေါင်းစပ်ခြင်း၊ ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ချိုးဖြတ်ခြင်း။

Vol. 25 Ch. 369

စုပ်ယူခြင်း၊ပေါင်းစပ်ခြင်း၊ ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ချိုးဖြတ်ခြင်း။

Vol. 25 Ch. 369

၎င်းက တာအိုကျင့်ကြံသူတစ်ဦး၏ထူးခြားချက်နှင့် လုပ်နိုင်စွမ်းအားဖြစ်သည်။

ချီမင်က မဟာတာအိုကိုကျင့်ကြံသည်။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ဆန်းကြယ်မှုများနှင့် စစ်မှန်ရည်ရွယ်ချက်များကိုနားလည်နေသ၍ သူ၏မဟာတာအိုအပေါ်နားလည်နိုင်စွမ်းကတိုးတက်လာမည်ဖြစ်ပြီး သဘာဝအတိုင်းသူ၏ကျင့်ကြံခြင်းအဆင့်ကလည်း တိုးတက်လာပေလိမ့်မည်။

အခု ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကို စုပ်ယူကာ ပေါင်းစပ်လိုက်တော့သည်။ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုက သဘာဝအတိုင်းတိုးတက်လာခဲ့သည်။ အခြေခံအားဖြင့် သူ နှစ်(၁၀၀၀၀၀၀)လောက် အချိန်ကုန်သက်သာသွားလေ၏။

မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ပေါက်ကို တည်ဆောက်ဖို့မလွယ်ကူပေ။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ဆင်ခြင်ဖို့လိုအပ်သည့်အပြင် ကောင်းကင်နှင့်မြေကြီးစွမ်းအားကိုလည်း များစွာ လိုအပ်ပြန်သေးသည်။

ချီမင်ကို ဗဟိုပြုပြီး မယှဉ်သာလောက်အောင်ကြောက်မက်ဖွယ်ကောင်းသည့် အင်မော်တယ်ချီဝဲဂယက်များ လျင်မြန်စွာပေါ်လာတော့သည်။ ချီမင်သည် စကြဝဠာတွင်းနက်ကြီးအဖြစ်ပြောင်းလဲသွားသည့်ဟန်ပင်။ အချိန်တိုလေးအတွင်းမှာ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏အင်မော်တယ်ချီတစ်ဝက်ကျော်နှင့် ကောင်းကင်နှင့်မြေကြီးစွမ်းအင်မျိုးစုံကို ရူးသွပ်စွာ ဝါးမျိုတော့သည်။စွမ်းအင်ဗလာနယ်တစ်ခုတောင် ပေါ်လာတော့သည်။

"ဒါက..."

"ဒီဘက်က။"

"စီနီယာအစ်ကိုချီပဲ။"

“ဒီ..."

"စီနီယာအစ်ကိုချီ ဘာလုပ်နေတာလဲ။ သူ ကြောင့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတစ်ဝက်ကျော်လောက်မှာ စွမ်းအင်ဗလာနယ်တွေတောင် ပေါ်လာတယ်။ အရမ်း လန့်ဖို့ကောင်းတယ်။"

"ဟူး..."

"ထိတ်လန့်ဖို့ကောင်းတယ်။"

"ငါနောက်ဆုံးတစ်ခေါက်မြင်တုန်းက ဂိုဏ်းချုပ်က စွမ်းအားကြီးအံ့ဖွယ်စွမ်းအားတစ်ခုကို တတ်ကျွမ်းသွားတုန်းကပဲ။"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမျိုးနွယ်သခင်များက လျင်မြန်စွာပေါ်လာကြသည်။နတ်ဆိုးဂိုဏ်းအကြီးအကဲများမှာ အခြေအနေကို သတိထားမိသွားကြသည်။ ထိုမြင်ကွင်းကိုတွေ့တော့ သူတို့မျက်နှာပေါ်တွင် လေးစားမှုများပေါ်လာကြတော့သည်။

"ဆက်သွားလို့မရဘူး။"

ချီမင်က သီးသန့်ကျင့်ကြံနေပေမဲ့ သူက ပြင်ပကမ္ဘာ၏ပြောင်းလဲမှုများကို အာရုံခံနိုင်သေးသည်။ အခြေအနေအရ သူ၏ကျင့်ကြံခြင်းမြန်နှုန်းအရ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအင်အားလုံးက သူကြောင့် ကုန်ခမ်းသွားလိမ့်မည်။ ထိုသို့ဖြစ်လျှင် ကမ္ဘာဦး ပြည်နယ်ကိုပင် ထိခိုက်လာနိုင်သည့်အပြင်၊ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို အာရုံခံမိသွားကာ ပိုမိုကြီးမားသော ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ချီမင်က ကောင်းကင်နှင့်မြေကြီးစွမ်းအားကိုစုပ်ယူနိုင်သည်။သို့ပေမဲ့ ၎င်းက မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုဖွင့်နေသည့်အမြန်နှုန်းကို မလိုက်နိုင်တော့ပေ။ သူက မရေမတွက်နိုင်လောက်အောင်များပြားသော ကောင်းကင်နှင့်မြေကြီးစွမ်းအင်ပမာဏကိုလိုအပ်ပါသည်။

ထိုအခြေအနေကို ချီမင်ကိုယ်တိုင်တောင်ထိတ်လန့်နေရသည်။

သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအအပိုင်းအစက ထိုလောက်အားကောင်းမည်ဟု မထင်ထားခဲ့ပေ။

ချီမင်တွင် နည်းလမ်းတော့ရှိပါသေး၏။

"ဖွင့်စမ်း"

အတွေးတစ်ချက်ဖြင့် ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။ ပစ္စည်းစာရင်းထဲတွင် မရေမတွက်နိုင်လောက်သော အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်များ၊အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်များ၊အဆင့်မြင့်အင်မော်တယ်သလင်းကျောက်များနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များရှိသည်။

ဒီနှစ်သန်းပေါင်းများစွာတစ်လျှာက် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ဆယ်ရက်တစ်ကြိမ်ရှင်းလင်းခဲ့သည့်အတွက် ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို နှစ်တစ်သန်းတိုင်းမှာ အကြိမ်ရေ (၃၆)သန်းကျော်လောက်ရှင်းလင်းခဲ့ရသည်။

ထိုသည်ကြောင့် တွေးကာ တွက်ကြည့်နိုင်သည်။

ချီမင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းများကိုရှင်းလင်းသည့်အရေအတွက်က သန်းတစ်ရာကျော်ခဲ့ပေပြီ။

ချီမင်က အလိုအလျောက် နေတိုင်းကျင့်ကြံပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းများကို ဝင်တိုင်း အင်မော်တယ်သလင်းကျောက်များသုံးကာ လက်မှတ် ဝယ်ဖို့လိုသည်။ သူက အင်မော်တယ်သလင်းကျောက်များစွာ သုံးခဲ့ရပေမဲ့ များစွာလည်း ပြန်ရခဲ့သည်။

အခု ချီမင်က သူ၏ပစ္စည်းစာရင်းထဲကိုဖွင့်ပြီး အင်မော်တယ်သလင်းကျောက်များကိုထုတ်လိုက်သည်။ ၎င်းက အင်မော်တယ်ရေစီးကြောင်းကြီးအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ပြေးတက်သွားကာ ချီမင်ကိုဖုံးအုပ်သွားတော့သည်။

ထိုအခိုက်တွင် ချီမင်က အင်မော်တယ်သလင်းကျောက်များကို ရူးသွပ်စွာဖြင့် ဝါးမျိုစုပ်ယူတော့သည်။သူက ဓမ္မစွမ်းအားများအဖြစ်သန့်စင်ကာ မဟာတာအိုအင်မော်တယ်ဝင်ပေါက်များကို တစ်ပေါက်ပြီးတစ်ပေါက်တည်ဆောက်တော့၏။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏ကောင်းကင်နှင့်မြေကြီးစွမ်းအားများက ပြန်ပြီး ငြိမ်သက်သွားသည်။ အရာရာတိုင်းက ပုံမှန်ပြန်ဖြစ်သွားတော့သည်။ မူလက ဗလာနယ်ကြီးကလည်း ပြန်လည်ပျောက်ကွယ်သွား၏။

"မဆိုးဘူး၊မဆိုးဘူး။"

ချီမင်သည် အင်မတန်စိတ်ကျေနပ်သွား၏။

တစ်လအကြာမှာ။

ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကို စုပ်ယူပေါင်းစပ်ပြီးသွားပြီး အထဲတွင်ပါဝင်သည့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို လုံးဝနားလည်သွားတော့သည်။ သူ၏ကောင်းကင်နှင့်မြေကြီးအပေါ်နားလည်မှုများက ပိုပြီးနက်ရှိုင်းလာခဲ့သည်။

သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၁၇၈၁)ကို တစ်လအတွင်းတည်ဆောက်နိုင်ခဲ့သည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်တိုင်းက အတွင်းကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ အံ့ဖွယ်စွမ်းအားနည်းစနစ်များကို အခြေခံကာ မဟာတာအိုသာလွန်သူများကို သိပ်သည်းနိုင်ခဲ့သည်။

ချီမင်က အပျော်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်နှစ်ကြာသွားသည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် တစ်နှစ်ကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်အသစ်(၁၁၇၈၁)ကိုအောင်မြင်စွာပေါင်းစပ်နိုင်ခဲ့ပြီး မူလမဟာတာအိုအင်မော်တယ်ဝင်ပေါက်(၅၈၉၁၄)နှင့် ပေါင်းစည်းနိုင်ခဲ့ပါတယ်။ သင့်ရဲ့ဓမ္မစွမ်းအားများအားလုံးက သန့်စင်သွားပါပြီ။"

"မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၇၀၆၉၅)ကိုပေါင်းစပ်နိုင်ခဲ့ပြီး ဓမ္မစွမ်းအားများအား သန့်စင်နိုင်ခဲ့ပါတယ်။ သင် မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်မှ ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ ချိုးဖြတ်နိုင်သွားပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

တစ်ချိန်တည်းမှာ ဖရိုဖရဲမဟာတာအိုကျမ်းက သူ့ဟာသူလည်ပတ်လာသည်။ ချီမင်၏ခန္ဓာကိုယ်ထဲမှ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၇၀၆၉၅)ကို အချိန်တိုအတွင်းမှာ ပေါင်းစပ်နိုင်သွားသည်။ ၎င်းတို့သည် အလင်းစက်လေးများသဖွယ်ရှိရာမှ အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ချီမင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြပြီး ပြီးပြည့်စုံသော ဓမ္မစွမ်းအားလည်ပတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအခိုက်တွင် အရပ်လေးမျက်နှာက တုန်ခါသွားသည်။ ချီမင်၏ခန္ဓာကိုယ်ပေါ်တွင် အရှိန်အဝါက ဖြေးညှင်းစွာဖြင့် ပျောက်ကွယ်သွားတော့သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များပေါ်လာပြီး အထက်ကမ္ဘာကောင်းကင်တာအိုက သတိထားမိသွားတော့သည်။

ချီမင်က လျင်မြန်စွာဖြင့် ဆုတ်ခွာသွားတော့သည်။ အတွေးတစ်ချက်ဖြင့်သူက ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကို လျင်မြန်စွာ အသက်သွင်းလိုက်သည်။

အစီအရင်အတက်အကျများက ပျံ့နှံ့သွားတော့၏။ မမြင်နိုင်၊မထိတွေ့နိုင်ပေမဲ့ စကြဝဠာကြီးထဲ၌ ကြယ်ရောင်စုံကောင်းကင်ကြီးအဖြစ်ပြောင်းလဲသွားသည်။

၎င်းတို့က အရာအားလုံးကိုဖုံးကွယ်သွားတော့သည်။

ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်က တိုက်ရိုက်ပဲပျောက်ကွယ်သွားတော့၏။ ချီမင်၏အရှိန်အဝါက လုံးဝပျောက်ကွယ်သွားတော့သည်။ ၎င်းက မထွက်ပေါ်လာတော့သလို ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်ကလည်း ဖြစ်မလာတော့ပေ။၎င်းကို အထက်ကမ္ဘာကောင်းကင်တာအိုကလည်း မစစ်ဆေးနိုင်တော့ပေ။

တစ်လအကြာမှာ။

ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူက အဆင့်ချိုးဖြတ်သွားသည့်အပြင် ကျင့်ကြံခြင်းအဆင့်ကိုတည်ငြိမ်အောင်လုပ်နိုင်လိုက်သည်။သူက ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ အောင်မြင်စွာတက်ရောက်သွားတော့သည်။

သူက ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့ဓမ္မစွမ်းအားများကိုခံစားလိုက်ရသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကိုလည်း ခံစားမိသွားသည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကို ခပ်ဖျော့ဖျော့စုစည်းလိုက်သည်။

ပိုပြီးအရေးကြီးသည်က။

ချီမင်က မဟာဆန်းကြယ်အင်မော်တယ်အဆင့်မှရွှေအင်မော်တယ်အဆင့်သို့ ချိုးဖြတ်သွားတော့သည်။သို့ပေမဲ့ သူက အံ့ဖွယ်စွမ်းအားနည်းစနစ်အသစ်တော့ မရလာပေ။ သို့ပါသော်လည်း သူက စွမ်းအားကြီးမဟာတာအိုအံ့ဖွယ်စွမ်းအားကို နားလည်နေသည်ဟုခံစားလိုက်ရသည်။

သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် လုံလောက်သည့်အဆင့်သို့မရောက်သေးပေ။ထို့ကြောင့် သူက လုံးဝနားမလည်နိုင်သေးပေ။ သူက ခံစားချက်တစ်ခုသာရနေတာဖြစ်သည်။

"မမှားနိုင်ဘူး။" ချီမင်က သူ့နှလုံးသားထဲမှစဉ်းစားလိုက်သည်။"ငါသာ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)အားလုံးကို ဖွင့်ပြီးရင် ငါ့ရဲ့ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုအဆင့်က လုံလောက်သွားပြီ။ ငါမဟာတာအိုအံ့ဖွယ်စွမ်းအားကို နားလည်သွားလောက်ပြီ။"

ချီမင်၏ရှေ့တွင် အသိပေးချက်အနည်းငယ်ပေါ်လာတော့သည်။

ပထမဆုံး ချီမင်၏ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်အဆင့်သို့ ရောက်သွားသည်။ ၎င်းက အဓိကအဆင့်ကြီးတစ်ဆင့်ချိုးဖြတ်ခြင်းဖြစ်သည်။ သူအဆင့်ချိုးဖြတ်တိုင်း အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ပြောင်းလဲသွားသည်။

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းအဆင့်ရဲ့ အမြင့်ဆုံးမြှင့်တင်မှုအခြေအနေက တစ်ကွာဒရီလီယန်မှ တစ်ဆယ်ကွာဒရီလီယန်အဆင့်အထိ တိုးမြှင့်နိုင်သွားပါပြီ။"

…

တင်း!

"လက်ံသူရဲ့အရည်အချင်းက အထက်ကမ္ဘာအဆင့်ရဲ့အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ခန္ဓာ၊ဝိညာဉ်၊စိတ်ဝိညာဉ်နှင့်အသိစိတ်တို့ကိုမြှင့်တင်ပေးမှုက လည်း အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။ သင့်ရဲ့အရည်အချင်းက အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။ သင် ထပ်မံမတိုးတက်နိုင်တော့ပါ။"

…

အသိပေးနှစ်ချက်နှစ်ခုပေါ်လာသည်။

“ဒီ..."

ချီမင်က အနည်းငယ်အံ့ဩသွားတော့သည်။"ငါ့ရဲ့အရည်အချင်းက ဒီတစ်ကြိမ်တော့ မတိုးတော့ဘူး။ အကန့်အသတ်ကို တကယ်ရောက်သွားပြီလား။ ငါ့ရဲ့အရည်အချင်းက တကယ်ထိပ်ဆုံး ကိုရောက်သွားပြီလား။"

ပြောရရင်တော့ ချီမင်၏အရည်အချင်းက ထိပ်ဆုံးအဆင့်ကိုရောက်သွာပြီဖြစ်သည်။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ဖို့ အင်မတန်ခက်ခဲပေမဲ့ သူက အဆကွာဒရီလီယန်မြှင့်တင်မှုအောက်တွင်တော့ အချိန်တိုလေးအတွင်းမှာ အဆင့်ချိုးဖြတ်နိုင်သင့်သည်။

သို့ပေမဲ့ တကယ်တော့ ချီမင်က အဆင့်ချိုးဖြတတ်နိုင်ဖို့ အချိန်များစွာလိုအပ်နေပါသေးသည်။

အထက်ကမ္ဘာတွင် ခေတ်တစ်ခုက တစ်ထရီလီယန်နှင့်ညီမျှသည်။

ထိုကိစ္စများတွင်...

ချီမင်က အဆတစ်ဆယ်ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံခြင်းက ခေတ်(၁၀၀၀၀၀)ကျင့်ကြံခြင်းနှင့်ညီမျှသည်။ ခေတ်(၁၀၀၀၀)ကြာတာတောင်သူက အဆင့်ငယ်တစ်ဆင့်တောင် မချိုးဖြတ်နိုင်သေးပေ။

အတော်လေး ချဲ့ကားလွန်းသည်။

တစ်ခုခုကတော့ လွဲမှားနေခဲ့သည်။

မြှင့်တင်မှုအခြေအနေက မြှင်တင်ပေးရုံသာဖြစ်သည်။ အဆ(၁၀၀၀၀)ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံခြင်းက ခေတ်(၁၀၀၀၀)ကြာ ကျင့်ကြံခြင်းတော့မဟုတ်ပေ။

ထိုကဲ့သိုဆိုရင်တောင် ချီမင်က အဆင့်ငယ်တစ်ဆင့် ချိုးဖြတ်ဖို့ခက်ခဲနေသည်။

"တစ်ခုခုတော့ မှားနေပြီ။"

ချီမင်က စဉ်းစားလိုက်သည်။ သူ မှားနေသည့်အရာကို ဂရုတစိုက် စဉ်းစားလိုက်သည်။"ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီလို့မြှင့်တင်မှုတွေနဲ့တောင် ငါအဆင့်ချိုးဖြတ်ဖို့က အရမ်းကြာလွန်းတယ်။ ငါ့ရဲ့အရည်အချင်းကြောင့်ကန့်သတ်ခံထားရတာလား။ ဒါပေမဲ့ ငါ့ရဲ့အရည်အချင်းက ထပ်ပြီးမတိုးတက်တော့ဘူး။ အကြောင်းပြချက်ကဘာများလဲ။"

"ပြီးတော့.."

ချီမင်က အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့နှလုံးသားထဲမှ သံသယများကို ထုတ်ဖော်လိုက်သည်။"အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ဘာများလဲ။ ဘယ်ကနေလာတာလဲ။ ဘာလို့ ငါ့ကိုရွေးချယ်ခဲ့တာလဲ။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ငါ့ကိုဘာလို့ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းအစစ်မှန်ကဘာများလဲ။ ငါက အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို တိုးတက်အောင်လုပ်ခဲ့လိုလား။"

"မဟုတ်ဘူး။ မဟုတ်လောက်ဘူး။" ချီမင်က ခေါင်းခါလိုက်သည်။"မဖြစ်နိုင်ဘူး။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲ။"

သူက မေးခွန်းထုတ်နေမိသည်။

ချီမင်၏စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေသည်။သို့ပေမဲ့ သူက အဖြေမရှာနိုင်သေးပေ။သူက အဖြေကိုမတွေးနိုင်ပေ။ သူက အားနည်းနေသေးသည်။ သူက မဟာတာအိုကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရုံသာရှိသေးသည်။

အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏လျှို့ဝှက်ချက်အစစ်မှန်ကို အခုအချိန်တွင် ရှာဖွေစစ်ဆေးဖို့မဖြစ်နိုင်သေးပေ။ သူက လျှို့ဝှက်ချက်ကိုသိနိုင်ဖို့ ခရီးလမ်းအရှည်ကြီးဆက်သွားရပေဦးမည်။

သူက လုံလုံလောက်လောက်သန်မာသွားရင်တော့ အရာအားလုံးက သဘာဝအတိုင်းပေါ်ပေါက်လာမည်ဖြစ်သည်။

All Chapters