အင်မော်တယ်ဘုရင်ကမ္ဘာ။ ကောင်းကင်ကို ဆန့်ကျင်ခြင်း။
Vol. 25 Ch. 370
ချီမင်သည် သက်ပြင်းအသာအယာချလိုက်၏။ သူ၏အကြည့်ကတောက်ပနေသည်။သူက စိတ်ရှုပ်ထွေးမနေတော့ပေ။ ထိုအစား သူက ဆုံးဖြတ်ချက်ခိုင်မာသွားတော့၏။ "ငါမဖြေနိုင်တဲ့မေးခွန်းတွေကို တွေးပြီး အချိန်ကုန်ခံလူပင်ပန်းခံမနေတော့ဘူး။"
"အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကဘယ်ကပဲလာလာ သူ့ရဲ့ပန်းတိုင်အစစ်က ဘာပဲဖြစ်ဖြစ် လက်ရှိငါ့ကို မထိခိုက်နိုင်ဘူး။ ငါက သဘာဝတရားအတိုင်းပဲ ဖြစ်ခွင့်ပေးထားရမယ်။ ငါ့လမ်းကြောင်းအတိုင်းပဲ တစ်ဆင့်ချင်းဆက်လျှောက်ရမယ်။"
"တစ်နေ့မှာတော့။"
"ငါ ဒီပဠေဟိအားလုံးကို ဖြေရှင်းနိုင်ရမယ်။"
ချီမင်က အံ့ဖွယ်စွမ်းအားများနှင့်နည်းစနစ်များကိုသုံးကာ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် အာရုံခံ နေသည်။သို့ပေမဲ့ သူက အလိုအလျောက်ကျင့်ကြံခြင်းစနစ် မှဖုံးကွယ်ထားသည့်အရာများကို ရှာမတွေ့ခဲ့ပေ။
အလိုအလျောက်ကျင့်ကြံခြင်းစနစ်က သူ့ခန္ဓာကိုယ်ထဲတွင်မဟုတ်သလို သွေးမျိုးဆက်တို့ ဝိညာဉ်တို့စစ်မှန်ဝိညာဉ်တို့ထဲ၌လည်း မဟုတ်ပေ။ ၎င်းက ချီမင်၏အသိစိတ်ထဲတွင်လည်းမရှိပေ။ သူ့ပေါ်၌ လုံးဝမရှိသည့်အလားပင်။
ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏တည်ရှိမှုကို ဝေဝေဝါးဝါးသာ ခံစားမိသည်။ အစစ်မှန်ခံစားရပေမဲ့ တကယ့်လက်တွေ့တွင်တော့ သာမန်လောက၌မတည်ရှိသလိုပေ။
နားလည်လက်ခံဖို့ အင်မတန်ခက်ခဲပေသည်။
"စိုးရိမ်စရာမလိုဘူး။" ချီမင်က ဆိုသည်။"တစ်နေ့ကျရင်တော့ ငါအမှန်တရားကိုသိရမှာပဲ။"
တင်း!
"လက်ခံသူက ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်း အဆင့်ရဲ့ အမြင့်ဆုံးမြှင့်တင်မှုအခြေအနေက တစ်ကွာဒရီလီယန်မှ တစ်ဆယ်ကွာဒရီလီယန်အဆင့်အထိ တိုးမြှင့်နိုင်သွားပါပြီ။"
…
တင်း!
"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းပိုင်းအဆင့်ထိ တိုးတက်သွားပါပြီ။ မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်:သိုင်းတာအိုကမ္ဘာကို ရှင်းလင်းရာမှရရှိမည့်ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ် သလင်းကျောက်(၁၀၀)ထရီလီယန်ဖြည့်တင်းပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်နိုင်ပါတယ်။"
…
"အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့ကျင့်ကြံခြင်းစနစ်နှင့်တွက်ချက်မှုစနစ်တို့မှ မြှင့်တင်မှုအခြေအနေက ဆယ်ဆတိုးသွားပါပြီ။"
ချီမင် ခေါင်းအသာညိတ်ကာ စဉ်းစားလိုက်သည်။"မျှော်လင့်ထားတဲ့အတိုင်းပဲ။ အဓိကအဆင့်ကြီးတစ်ဆင့်ချိုးဖြတ်တိုင်း ပြောင်းလဲတယ်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ပြောင်းလဲသွားတယ်။ ဒီတစ်ခါလည်းချွင်းချက်မဟုတ်တော့ဘူး။"
"ဒါပေမဲ့.."ချီမင်က ခေါင်းခါလိုက်သည်။"ထူးခြားတာမရှိဘူးဆိုရင်တော့ ငါ့ရဲ့အရည်အချင်းက ထပ်ပြီးမတိုးတက်နိုင်တော့ဘူး။"
အလိုအလျောက်ကျင့်ကြံခြင်းစနစ်အတွက်လိုအပ်သည့် အင်မော်တယ်သလင်းကျောက်များက အဓိကအဆင့်ကြီးတစ်ဆင့်ချိုးဖြတ်တိုင်းအဆတစ်ရာတိုးသွားသည်။
"ဖြည့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ရွှေအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အင်မော်တယ်ဘုရင်ကမ္ဘာကို အောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါပြီ။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဝင်မယ်။"
အင်မော်တယ်ဘုရင်ကမ္ဘာ၏မြင်ကွင်းများက ချီမင်၏ရှေ့သို့ ပေါ်လာတော့သည်။ အင်မော်တယ်ဘုရင်ကမ္ဘာထဲတွင် အတော်လေးပြည့်စုံသည့်ကောင်းကင်တာအိုရှိသည်။
တစ်ချိန်တည်းမှာ အင်မော်တယ်ဘုရင်ကမ္ဘာက ကျင့်ကြံခြင်းကမ္ဘာလည်းဖြစ်သည်။ ထိုကမ္ဘာထဲတွင် ဆန်းကြယ်အဆင့်ထိကျင့်ကြံပြီးပါက အင်မော်တယ်အခြေခံကိုတည်ဆောက်နိုင်ပြီဖြစ်ပြီး ဥပဒေများကိုနားလည်ဆင်ခြင်လျက် ကောင်းကင်တာအိုကိုတိုက်ခိုက်နိုင်ပြီး အင်မော်တယ်ဘုရင်အဆင့်ကိုရရှိနိုင်ပေသည်။
ကောင်းကင်တာအိုက နှလုံးသားမဲ့ကာ အရာအားလုံးကို တန်ဖိုးတူညီစွာဖြင့်သာ ဆက်ဆံသည်။ အင်မော်တယ်ဘုရင်ကမ္ဘာထဲတွင် ရှင်းလင်းစွာဖော်ပြထားသည်။ လွန်ခဲ့သည့်နှစ်တစ်ထရီလီယန်တွင် ကောင်းကင်တာအို မွေးဖွားခဲ့ပြီး ကမ္ဘာကြီးကို ဆန့်ကျင်ခဲ့သည်။ ယင်းက ကောင်းကင်နှင့်မြေကြီးကို စစ်တုရင်တစ်ခုအနေနှင့်သုံးကာ ကောင်းကင်ကိုးလွှာနှင့်မြေပြင်ဆယ်ထပ်မှ အင်မော်တယ်ဘုရင် အားလုံးကိုသတ်ဖြတ်ပြီး အင်မော်တယ်သင်္ချိုင်း၌ အင်မော်တယ်ဘုရင်အရိုးများကို မြှုပ်နှံထားခဲ့သည်။
လွန်ခဲ့သည့်နှစ်တစ်ထရီလီယန်၌ အင်မော်တယ်သင်္ချိုင်းထဲတွင်ရှိနေခဲ့သော အင်မော်တယ်ဘုရင်များ၏အရိုးများ နိုးထလာတော့ပေမည်။ အင်မော်တယ်ဘုရင်ဝိညာဉ်များ၊ စိတ်ဆန္ဒများနှင့်အာရုံခံစားမှုအားလုံးမှာ ကမ္ဘာတစ်လွှားတွင်ပြန်လည်ရှင်သန်လာတော့ပေမည်။
နောက်ဆုံးခေတ်၏ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင်များမှာ ထပ်မံထွက်ပေါ်လာတော့ပေမည်။ သူတို့ထဲမှ ခေါင်းဆောင်က ခေတ်ကာလတစ်ခုကြာ စီစဉ်ခဲ့သည်။သူတို့က ကောင်းကင်တာအိုကိုဆန့်ကျင်တိုက်ခိုက်ပြီး ကောင်းကင်ကိုဆန့်ကျင်ကာ ထာဝရကိုရရန်ကြိုးစားခဲ့ပေည်။
အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထဲတွင် ချီမင်သည် အင်မော်တယ်သင်္ချိုင်းထဲမှ လူတစ်ဦးအဖြစ်ပြောင်းလဲသွားတော့၏။ သူက လွန်ခဲ့သည့်နှစ်တစ်ထရလီယန်မှသေဆုံးခဲ့ပြီး ပြန်လည်ရှင်သန်လာတော့မည့် ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင်တစ်ဦးဖြစ်လာသည်။
နာမည်အတိုင်းပင် ဤတစ်ကြိမ်၌ ချီမင်၏ဂိမ်းဇာတ်ကောင်က အင်မော်တယ်ဘုရင်ကမ္ဘာမှ သက်ရှိများ ကိုဦးဆောင်၍ အင်မော်တယ်ဘုရင်ကမ္ဘာ၏ကောင်းကင်တာအိုကို ဆန့်ကျင် အနိုင်ယူ ရမည်ဖြစ်သည်။
"ကောင်းကင်တာအိုကိုတိုက်ခိုက်မှာလား။" ချီမင်က ခဏလောက်တွေးမိသွား၏။"စိတ်ကူးကောင်းပဲ။ ငါသိချင်တာက အင်မော်တယ်ဘုရင်ကမ္ဘာရဲ့ကောင်းကင်တာအိုက ဘယ်အဆင့်ကို ရောက်နေပြီ လဲဆိုတာပဲ။"
အင်မော်တယ်ဘုရင်ကမ္ဘာထဲတွင် အင်မော်တယ်အခြေခံအောက်ကတော့ သဘာဝအတိုင်း အင်မော်တယ်နယ်ပယ်အောက်ကအဆင့်သာဖြစ်ပြီး ထည့်ပြောဖို့တောင် မထိုက်တန်ပေ။
အင်မော်တယ်အခြေခံအထက်တွင်တော့ အင်မော်တယ်စင်မြင့်အဆင့်(အင်မော်တယ်)၊ ကျင့်စဉ်သခင်အဆင့်(ပြီးပြည့်စုံခြင်းအင်မော်တယ်)၊ဘုရင်အဆင့်(ဆန်းကြယ်အင်မော်တယ်)၊ကောင်းကင်တည်ရာအဆင့်(မဟာဆန်းကြယ်အင်မော်တယ်)၊လေဟာနယ်တာအိုအဆင့်(ရွှေအင်မော်တယ်)၊ကောင်းကင်အရှင်အဆင့်(မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်)၊ ဥပဒေသအင်မော်တယ်ဘုရင်(အထက်ကမ္ဘာဥပဒေသအင်မော်တယ် ဘုရင်)ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင်(အထက်ကမ္ဘာစည်းမျဉ်းအင်မော်တယ်ဘုရင်)တို့ဖြစ်သည်။
"ဒါပေမယ့်"
ချီမင်က ခဏလောက်တွေးတောနေမိသည်။"အင်မော်တယ်ဘုရင်ကမ္ဘာက ကောင်းကင်တာအိုကိုမွေးဖွားနိုင်တယ်ဆိုကတည်းက သူ့ရဲ့ခွန်အားက သိုင်းတာအိုကမ္ဘာထက်တော့ သာမှာပဲ။"
"ကောင်းကင်တာအိုဆိုတော့ ကျင့်ကြံခြင်းကလည်း ကောင်းကင်တာအိုကျင့်ကြံခြင်းအဆင့်ပဲ ဖြစ်သင့်တယ်။ ငါက မဟာတာအိုကိုကျင့်ကြံတာဆိုတော့ ကောင်းကင်တာအိုထက်တော့ တစ်ဆင့်မြင့်တယ်။ သူ့ကိုဖိနှိပ်နိုင်သေးတယ်။"
တင်း!
"သင် ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်တစ်ရာထရီလီယန်သုံးပြီး အင်မော်တယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကို ဖွင့်ချင်ပါလား။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ထည့်မယ်”
ချီမင်က ခေါင်းညိတ်လိုက်သည်။ "ငါထည့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"အင်မော်တယ်နယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကိုအောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါပြီ။"
အလိုအလျောက်ကျင့်ကြံခြင်းစနစ်တွင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်း ရှိလာတည်းက နှစ်ခြင်းအခန်းကိုအသက်သွင်းထားလျှင် ဂိမ်းဇာတ်ကောင်၏တာဝန်ကို ပထမဆုံးအကြိမ် ပြီးမြောက်နိုင်သည့်အကြိမ်၌ ဆုလဒ်ကလည်း များစွာတိုးသွားပေလိမ့်မည်။
၎င်းက ဤနှစ်များတလျှောက် ချီမင်တွေ့ရှိထားသည့်စည်းကမ်းဖြစ်သည်။
ချီမင် ဂိမ်းမြေအောက်စခန်းကို ပထမဆုံအကြိမ်ရှင်းလင်းသည့်အခိုက်တွင် သူက နှစ်ခြင်းအခန်းကိုအသက်သွင်းသည်။ သူက အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏စွမ်းအားကို အင်မော်တယ်သလင်းကျောက်မျာထည့်ကာသုံးသည်။ ထိုအခြေအနေအောက်တွင် သူက ဒဏ်ရာမရတော့ ဘဲ သူ၏အဓိကခန္ဓာကိုယ်မှ အသိစိတ်ကိုခွဲထုတ်ပြီး ဂိမ်းဇာတ်ကောင်ထဲသို့ ပေါင်းစပ်သွား၏။
မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်က အင်မော်တယ်ဘုရင်ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။ သူက မျက်လုံးဖွင့်ကြည့်လိုက်တော့ နက်မှောင်မဲနက်နေသည့် နေရာလွတ်လေးထဲတွင် တွေ့လိုက်ရ၏။
"ဒါက..."
ချီမင်က ခဏလောက်စဉ်းစားကာ အနည်းငယ်တွေးတောမိသည်။ သူ၏စိတ်ထဲသို့ သတင်းအချက်အလက်များ လျင်မြန်စွာဖြင့် ဝင်ရောက်လာပြီးဂိမ်းဇာတ်ကောင်ကို လျင်မြန်စွာ လက်ခံလိုက်သည်။
သူ့မျက်လုံးများက အနည်းငယ်တောက်သွား၏။ သူက အခြေခံအားဖြင့်နားလည်သွားတော့ သည်။"ငါ့ရဲ့လက်ရှိဂိမ်းဇာတ်ကောင်က ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင် ဂျီဝူဟွေ့ပဲ။သူက နောက်ဆုံးခေတ်က ကောင်းကင်တက်လှမ်းခြင်းတိုက်ပွဲမှာ သေသွားတဲ့သူပဲ။"
"ငါကအခု အင်မော်တယ်သင်္ချိုင်းမှာ အလောင်းကောင်တစ်ကောင်လို အိပ်စက်နေခဲ့တာ။"
အတွေးတစ်ချက်ဖြင့် ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားတော့သည်။ သူ၏ဓမ္မစွမ်းအားများနှင့်ခွန်အားတို့မှာ ပြန်လည်ရှင်သန်လာခဲ့သည်။ အံ့ဖွယ်စွမ်းအားများပြောင်းလဲသွားပြီး ဥပဒေသနှင့်စည်းမျဉ်းတို့မှာ မြင့်တက်လာသည်။ ကြောက်မက်ဖွယ်ရာအရှိန်အဝါတို့မှာ အဆင့်ဆယ့်နှစ်မုန်တိုင်းတစ်ခုအလား အရပ်မျက်နှာအနှံ့ပျံ့နှံ့လာသည်။
ထိုအလောင်းက ပေါက်ကွဲသွားပြီး သင်္ချိုင်းတစ်ခုလုံးကဖျက်ဆီးခံလိုက်ရသည်မှာ ဒုံးကျည်နှင့်ပစ်ချခံလိုက်ရသည့်အလားပင်။ ချီမင်က သင်္ချိုင်းထဲမှ ပြေးထွက်လာပြီး လေဟာနယ်ထဲတွင် ရပ်နေသည်။
ထိုအခိုက် အင်မော်တယ်သင်္ချိုင်းထဲတွင် မရေမတွက်နိုင်သော အော်ဟစ်ကြုံးဝါးသံများ၊ဟိန်းဟောက်သံများနှင့်မလိုမလားမှုကြောင့် ဟစ်ကြွေးသံများမှာ တိုက်ခိုက်လိုစိတ်များနှင့်အတူ အဆုံးမရှိအုံ့ကြွလာသည်။
ချီမင်က မသေလိုသည့်အင်မော်တယ်ဘုရင်များ၏တိုက်ပွဲဝိညာဉ်များနှင့်စိတ်ဆန္ဒများကို တစ်နည်းနည်းနှင့်ခံစားမိသည်။
အထက်ကမ္ဘာတွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး၏အသိစိတ်တွင် အမတဓာတ်ပါသည်။ အင်မော်တယ်ဘုရင်ကမ္ဘာတွင်လည်း အင်မော်တယ်ဘုရင်အဆင့်နှင့်တူညီသော ထိုသူတို့တွင် သဘာဝအတိုင်း သတ်၍မသေနိုင်သော အသိစိတ်သဘာဝမျိုးပိုင်ဆိုင်ထားသည်။
ထိုအခိုက်တွင် ချီမင်က စွမ်းအားကြီးပုံရိပ်တစ်ခုက အလွန်လျင်မြန်သည့်အရှိန်ဖြင့် ချည်းကပ်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းက အင်မော်တယ်သင်္ချိုင်း၏သင်္ချိုင်းစောင့်ပေ။ သင်္ချိုင်းစောင့်က အင်မော်တယ်သင်္ချိုင်းကို နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် စောင့်ရှောက်လာခဲ့သည်။
ချီမင်က လေဟာနယ်ထဲ၌ ရပ်နေခဲ့သည်။ သူက လက်ရှိတွင် အရိုးစုတစ်ကောင်သာသာပေ။ ခေတ်တစ်ခေတ်နီးပါးရှိသွားခဲ့ပေသည်။ သူ၏အင်မော်တယ်ဘုရင်ခန္ဓာတောင် ဆွေးမြေ့သွားခဲ့သည်မှာ အင်မော်တယ်အရိုးစုသာကျန်ခဲ့သည်။
"မင်းသာ ကောင်းကင်တာအိုကိုတိုက်ခိုက်ချင်ရင် ကောင်းကင်ကိုဆန့်ကျင်ရမယ်။"
ချီမင်က ခဏလောက်တွေးတောမိသွား၏။"အင်မော်တယ်ဘုရင်ကမ္ဘာရဲ့ကောင်းကင်တာအိုက တာအိုကျင့်ကြံသူတစ်ဦးနဲ့တကယ်ပဲ ယှဉ်နိုင်ရင် သေချာပေါက် ငါတစ်ယောက်ထဲဆို နိုင်ဖို့ခက်မှာ။"
“ ဂိမ်းဇာတ်ကောင်ရဲ့တာဝန်ကို မြန်မြန်ပြီးချင်ရင် ငါ အင်မော်တယ်ဘုရင်ကမ္ဘာရဲ့ကျွမ်းကျင်သူတွေနဲ့ပူးပေါင်းပြီး ကောင်းကင်ကိုတိုက်ခိုက်ပြီး တာအိုကိုသတ်ဖြတ်ရမယ်။ ဒီလိုဆိုရင် ငါ ဂိမ်းတာဝန်ကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ရှင်းလို့ရတယ်။"
ချီမင်က အသက်ပြင်းပြင်းရှုလိုက်၏။" ငါအရင် ငါ့ရဲ့အင်မော်တယ်ခန္ဓာကို အရင်တည်ဆောက်ရမယ်။ အရိုးစုကြီးဖြစ်နေတာ မကောင်းဘူး။"
"သေခြင်းမှရှင်သန်ထမြောက်ခြင်း"
အတွေးတစ်ချက်ဖြင့် ချီမင်က ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကိုသုံးပြီး သေခြင်းမှရှင်သန်ထမြောက်ခြင်းကို သုံးလိုက်သည်။ များပြားသည့် ဓမ္မစွမ်းအားများထွက်လာပြီး ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါသွားတော့သည်။ အသက်စွမ်းအားမှာ ကောင်းကင်ထိတိုင်မြှင့်တက် လာပြီး အင်မော်တယ်သင်္ချိုင်းထဲ၌ ပေါ်လာတော့သည်။ မယှဉ်သာလောက်သည့် အတက်အကျများက အင်မော်တယ်ဘုရင်ကမ္ဘာ၏အင်မော်တယ်ဘုရင်ကျွမ်းကျင်သူများကို ထိတ်လန့်သွားစေ၏။
မျက်လုံးများစွာက အချိန်နှင့်နေရာလွတ်၏အတားအဆီးကိုဖြတ်ကျော်လျက် အင်မော်တယ်သင်္ချိုင်း၏အပြင်ဘက်မှ ဖရိုဖရဲမြူခိုးလွှာများကိုဖောက်ကာ ချီမင်ကိုစိုက်ကြည့်လာကြသည်။
"ဒါက.."
"မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။"
"အင်မော်တယ်သင်္ချိုင်း။"
"ဒါ....ဒါ.."
" သူပြန်ရှင်လာပြီ။ ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင် ပြန်ရှင်သန်လာခဲ့ပြီ။"
"ဘုရားရေ။"
"ဒါက စစ်မှန်တဲ့ ပြန်လည်မွေးဖွားခြင်းလား။"
"ဘယ်လိုဖြစ်နိုင်မှာလဲ။"
“…”
ထိုအခိုက်တွင် မိုးမြေတခွင်မှ အင်မော်တယ်ဘုရင်များသည် အင်မတန်ထိတ်လန့်သွားကြသည်။
"ဝူဟွေ့"
"မင်းလား။"
"ပထမဆုံးပြန်ရှင်သန်လာတဲ့သူက တကယ်ပဲမင်းဖြစ်နေတာပဲ။"
“…”
အင်မော်တယ်ဘုရင်ကမ္ဘာ၏အလျှို့ဝှက်ဆုံးနန်းတော် နီဗားနားနတ်ဆိုးဂူဟုခေါ်သောနေရာတွင်။
ဤနေရာသည် ကောင်းကင်သတ်ဖြတ်ခြင်းတိုက်ပွဲကို စီစဉ်ခဲ့သည့် အသန်မာဆုံးအင်မော်တယ်ဘုရင်ဖြစ်သော အင်မော်တယ်တိုက်ပွဲအရှင်နေသောနေရာဖြစ်၏။ ကြောက်မက်ဖွယ်ကောင်းသလို နားလည်ရလည်းခက်သည့်သူပင်။
သူက မိုးမြေတခွင်မှ အင်မော်တယ်ဘုရင်အားလုံးကိုစုပေါင်းကာ ကောင်းကင်တက်လှမ်းခြင်းစင်မြင့်ကိုဖန်တီးခဲ့ပြီး တစ်ကမ္ဘာလုံး၏စွမ်းအားကိုစုစည်းလျက်ကောင်းကင်ကိုတိုက်ခိုက်ခဲ့သည်။ထိုသို့တောင် သူတို့မှာ ရှုံးနိမ့်ခဲ့ရသေး၏။
ကောင်းကင်တာအိုက အတော်လေးစွမ်းအားကြီး၏။
သူက လုံးဝကို မရှုံးနိမ့်ခဲ့ပေ။
ကောင်းကင်တက်လှမ်းခြင်းတိုက်ပွဲက အရာအားလုံး၏အစပေ။
ကောင်းကင်တက်လှမ်းခြင်းတိုက်ပွဲက ပြီးဆုံးသွားခဲ့၏။
အင်မော်တယ်သင်္ချိုင်းထဲတွင် ချီမင်၏အင်မော်တယ်အရိုးမှအသွေးအသားများ ပြန်လည်ဖြစ်တည်လာခဲ့သည်။ အသားစများ ပြန်လည်ပြည့်တင်းလာသည်မှာ နွေဦးလေပြေ၌ မြက်ပင်တို့ ပြန်လည်ပေါက်ဖွားလာသည့်အလားပင်။
" မင်း နိုးထမလာသင့်ဘူး။"
ထိုအခိုက်တွင် အင်မော်တယ်သင်္ချိုင်း၏အစောင့်က ရောက်လာတော့သည်။
သူက ဆံပင်ဖြူကြီးများနှင့်လူအိုကြီးဖြစ်ကာ စုတ်ပြတ်သည့်အဝတ်အစားများဝတ်ဆင်ထားလျက် ခန္ဓာကိုယ်ကလည်း ညစ်ပေနေသည်။ သူက သူဖုန်စားတစ်ဦးအလားပင်။သူ့တစ်ကိုယ်လုံးကိုတော့ စွမ်းအားကြီးအရှိန်အဝါများဖုံးလွှမ်းထားသည်။ကောင်းကင်နှင့်မြေကြီးတောင် သူကိုမထိန်းသိမ်းထားနိုင်သည့်အလားပင်။