သက်ရှိအားလုံး၏စိတ်ဆန္ဒများနှင့် ဆန္ဒရိုင်းများကို စုပ်ယူသည့် ကောင်းကင်တာအို
Vol. 25 Ch. 371
ချီမင်၏တစ်ကိုယ်လုံးက သက်စောင့်စွမ်းအင်မီးတောက်များဖြင့်လောင်ကျွမ်းနေပြီးအသားများ ပြည့်တင်းသွားသည်။ အထဲကနေအပြင်အထိ အသား၊ကိုယ်အင်္ဂါ၊သွေးကြော၊အရေပြားများမှာ...
အချိန်တိုလေးအတွင်းမှာ ချီမင်က လုံးဝကိုပြန်လည်ရှင်သန်သွားတော့၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းများတောက်ပလာသည်။ မျက်စိကျိန်းဖွယ်တောက်ပသည့် ကိုးရောင်ခြယ်အလင်းမှာ ဖရိုဖရဲမြူခိုးများအဖြစ်ပြောင်းလဲသွားတော့သည်။
"သင်္ချိုင်းစောင့်။"
ချီမင်က တစ်ဖက်ကို စူးစမ်းလိုက်၏။ သူက ထိုသင်္ချိုင်းစောင့်ထံမှ စွမ်းအားကြီးအင်အားတစ်မျိုးနှင့် နက်နဲသည့်ကောင်းကင်တာအို၏အတက်အကျကို ခံစားလိုက်ရသည်။
အတွေးတစ်ချက်ဖြင့် ချီမင်က အထွတ်အထိပ်ကမ္မနည်းစနစ်ကိုသုံးကာ လက်ချောင်းများဖြင့်တွက်ချက်လိုက်သည်။ ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအားနှင့်ပေါင်းလိုက်တော့ သူကထိုသင်္ချိုင်းစောင့်၏စစ်မှန်သည့်အသွင်အပြင်နှင့်နောက်ခံကိုသိလိုက်ရသည်။
"ငါသိလိုက်ပြီ။" ချီမင်ကနားလည်သွားကာ ပွင့်လင်းစွာပြောလိုက်သည်။"သင်္ချိုင်းစောင့်။ မင်းကတကယ်တော့ အင်မော်တယ်သင်္ချိုင်းကိုစောင့်ရှောက်ဖို့ ကောင်းကင်တာအိုကစေလွှတ်ထားတဲ့ ကောင်းကင်တာအိုကိုယ်စားပြုပဲ။ မင်းက အင်မော်တယ်သင်္ချိုင်းထဲက အင်မော်တယ်ဘုရင်တွေကို နိုးထမလာအောင်တားဆီးနေတဲ့သူပဲ။"
"မင်းက ငါ့ရန်သူပဲ။"
"အဲ့တော့ရော ဘာဖြစ်လဲ။ ရန်သူမဟုတ်ဘူးဆိုရင်ရော။"
သင်္ချိုင်းစောင့်၏အမူအရာက တည်ငြိမ်နေသည်။သူက သာမန်မျှသာပြော၏။"မင်းက ခေတ်ဟောင်းရဲ့အရှုံးသမားပဲ။ ပြန်ရှင်သန်ဖို့ သတ္တိတွေရှိနေတယ်ပေါ့။ ပြန်ရှင်သန်လာတာ မရှက်ဘူးလား။ ခေတ်ဟောင်းရဲ့ အရှုံးသမားတွေ ထာဝရဆွေးမြေ့နေသင့်တာ။"
"တိုက်ခိုက်"
"ယိုယွင်းခြင်းကမ္ဘာ"
သင်္ချိုင်းစောင့်က အော်ဟစ်လိုက်သည်။ သူလက်ဝေ့ယှမ်းလိုက်တော့ ယိုယွင်းခြင်းစွမ်းအားများထွက်လာကာ ကမ္ဘာငယ်လေးတစ်ခုအဖြစ်ပြောင်းလဲသွား၏။ယင်းက ချီမင်ကိုဖုံးအုပ်သွားသည်။သူ့ကိုဝါးမျိုပစ်ချင်သည့်အလားပင်။
"ဟီးဟီး" ချီမင်က နှာခေါင်းရှုပ်လိုက်သည်။"ငါ့ကို တိုက်ခိုက်မလို့လား။ မင်းက ကိုယ့်ကိုယ်ကိုအရမ်းအထင်ကြီးလွန်းနေပြီ။"
"သေလိုက်တော့။"
ချီမင်၏အကြည့်က အေးစက်နေသည်။ သူ သင်္ချိုင်းစောင့်ကိုရန်သူမှန်းသိလိုက်တည်းက သဘာဝအတိုင်းနောက်ပြန်မဆုတ်နိုင်တော့ပေ။ သူက ညာဘက်လက်ကိုဝေ့ယမ်းကာ ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကိုဆင့်ခေါ်လိုက်သည်။
နေရာလွတ်က ဖြတ်ခနဲလင်းလက်သွား၏။
မူလအစက ပေါ်လာတော့သည်။
"အချိန်နေရာလွတ်ဖျက်ဆီးခြင်း"
အတွေးတစ်ချက်ဖြင့် ချီမင်က ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ၎င်းက မမြင်ရသည့်လှုပ်ခါမှုများကိုထုတ်လွှတ်ပေးလိုက်သည်။ နေရာလွတ်တောင် ပြိုလဲသွားရတော့သည်။
ကမ္ဘာကြီးက ဖျက်ဆီးခံလိုက်ရသည့်အလားပင်။
သင်္ချိုင်းစောင့်၏ယိုယွင်းခြင်းစည်းမျဉ်းများသည် ချေမွခံလိုက်ရပြီး ကမ္ဘာပျက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားကာ ပြိုကွဲပျက်စီးသွားတော့သည်။
သင်္ချိုင်းစောင့်က အော်ဟစ်ကာသွေးအန်လိုက်ရသည်။ သူက ချီမင်၏ပြိုင်ဘက်လုံးဝမဟုတ်ပေ။ သူက တစ်ချက်ကလေးတောင်မခံလိုက်နိုင်ဘဲ အပြင်းအထန်ဒဏ်ရာရသွားတော့၏။
"မင်း..မင်း.."သင်္ချိုင်းစောင့်က ကြောက်လန့်သွားတော့သည်။"ကောင်းကင်တာအိုရဲ့စွမ်းအား။ ယိုယွင်းခြင်းလက်။"
ထိုအရေးကြီးသည့်အခိုက်တွင် သင်္ချိုင်းစောင့်က ဂရုမစိုက်ဘဲမနေနိုင်တော့ပေ။ သူက နောက်ပြန်မဆုတ်ရင် ချီမင့်လက်ထဲတွင် ကျိန်းသေပေါက်သေသွားလောက်သည်။ ထို့ကြောင့် သူက ဝှက်ဖဲအားလုံးကို သုံးလိုက်တော့သည်။
သင်္ချိုင်းစောင့်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်၏အနက်ရှိုင်းဆုံးအပိုင်း၌ ဖုံးကွယ်ထားသောကောင်းကင်တာအို၏စွမ်းအားများ ထွက်ပေါ်လာသည်။ ယိုယွင်းခြင်းစည်းမျဉ်းနှင့်အံ့ဖွယ်စွမ်းအားမျိုးစုံတို့မှာ ပေါင်းစပ်သွားပြီး ရိုက်ချက်တစ်ချက်အဖြစ်ပြောင်းလဲသွားသည်။
ကောင်းကင်တာအို၏အရှိန်အဝါထွက်လာပြီးစည်းမျဉ်းများ လှုပ်ခါသွားသည်။ ဥပဒေသများပေါင်းစပ်သွားပြီး ကြီးမားသည့်ယိုယွင်းခြင်းလက်တစ်ဖက်အဖြစ်ပြောင်းလဲသွားသည်။ မီးခိုးညိုရောင်လက်ဝါးကြီးမှာ အရိုးခြောက်ကြီးကို အရေပြားအလွှာတစ်ခုပတ်ထားသည့်အလားပင်။
ယိုယွင်းခြင်းလက်ဝါးမှာ ချီမင်ကိုတိုက်ရိုက်ရစ်ပတ်လိုက်သည်။
"မျက်ခွက်လာပြောင်နေတာလား။" ချီမင်၏အကြည့်က အေးစက်စက်သာဖြစ်နေသည်။ အတွေးတစ်ချက်ဖြင့် သူက အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကိုသုံးလိုက်သည်။ သူက လက်မြှောက်လိုက်တော့ သူ့လက်ဖဝါးထဲတွင် အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းပေါ်လာသည်။
အထွတ်အထိပ်အံ့ဖွယ်စွမ်းအားချိတ်စည်းများ တောက်ပလာသည်။ မမြင်နိုင်သည့် အတက်အကျလေးများထွက်လာသည်။ အင်မတန်နက်နဲသည့်စွမ်းအားများထွက်လာပြီး သင်္ချိုင်းအစောင့်၏ယိုယွင်းခြင်းလက်ကို တိုက်ရိုက်ဖျက်ဆီးလိုက်သည်။
ယိုယွင်းခြင်းလက်ဝါးက လျင်မြန်စွာဖြင့်ပျောက်ကွယ်သွားတော့သည်။ကောင်းကင်ကြီးထဲတွင် အလင်းရောင်များဖြင့် တောက်ပသွားတော့သည်။
"မဟုတ်ဘူး။ မဟုတ်လောက်ဘူး။"
သင်္ချိုင်းစောင့်က ကြောက်လန့်သွား၏။သူ့မျက်နှာက အကြောက်တရားများဖြင့်ပြည့်နှက်နေသည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်နေသည်။သူက ပြင်းထန်သည့်အကြောက်တရားထဲသို့ နစ်မြှုပ် သွားတော့သည်။
သူ၏အသန်မာဆုံးနည်းစနစ်ကို ချီမင်က အလွယ်လေးဖြေရှင်းပြသွားသည်။ သူတို့က တူညီသည့်အဆင့်၌ကို ဟုတ်မနေပေ။
"မဟုတ်ဘူး။" သင်္ချိုင်းစောင့်က အော်ဟစ်လိုက်သည်။
"ကောင်းကင်အပြစ်ပေးခြင်းတိုက်ပွဲက မင်းနဲ့စရလိမ့်မယ်။" ချီမင်က မထူးမခြားနားပြောလိုက်သည်။"သင်္ချိုင်းစောင့်။"
"အထွတ်အထိပ်ကမ္မနည်းစနစ်"
ချီမင်က လက်ထပ်မြှောက်လိုက်ပေမဲ့ ဤတစ်ကြိမ်တော့ သူက အထွတ်အထိပ်ကမ္မနည်းစနစ်ကို သုံးခဲ့သည်။ သူ့လက်ဖဝါးထဲတွင် အထွတ်အထိပ်အသင်္ချေကောင်းကင်ကမ္မချိတ်စည်းသည် ပေါ်လာတော့၏။
လက်ဝါးက ကျရောက်လာ၏။
ကမ္မစွမ်းအားများစုစည်းလာပြီး ကြီးမားသည့် ရွှေရောင်လက်ဝါးကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းက ဗုဒ္ဓတစ်ပါး၏လက်ဝါးပမာ ကျရောက်လာပြီး သင်္ချိုင်းစောင့်ကို ရိုက်ချလိုက်သည်။
သင်္ချိုင်းစောင့်က ထိတ်လန့်တကြားအော်ဟစ်လာ၏။
အသံကျယ်ကြီးထွက်ပေါ်လာပြီး သင်္ချိုင်းစောင့်၏အလောင်းတောင်မကျန်တော့ပေ။ သူ၏အသိစိတ်က တိုက်ရိုက်ပဲချေမှုန်းခံလိုက်ရသည်။ ကမ္မစွမ်းအားက ပေါက်ကွဲထွက်လာပြီး အရာအားလုံးကိုဖျက်ဆီးသွားတော့၏။ နေရာလွတ်က အဆက်မပြတ် ပြိုကွဲသွားသည်။
တစ်ချိန်တည်းမှာ အင်မော်တယ်ဘုရင်ကမ္ဘာ၏ကောင်းကင်တာအိုက ၎င်းကို သတိထားမိလိုက်သည်။ သင်္ချိုင်းစောင့်သည် ကောင်းကင်တာအို၏လက်အောက်ခံဖြစ်သလို ကိုယ်စားပြုလည်းဖြစ်၏။ သူသာ ချီမင်၏လက်ထဲတွင်သေသွားခဲ့ရင် ကောင်းကင်တာအိုကသဘာဝအတိုင်း အာရုံစိုက်လာပေလိမ့်မည်။
ချီမင်ကို ကောင်းကင်တာအိုမှသတိထားမိသွား၏။
"မင်းတို့အကုန် ပြန်ရှင်လာတာပဲ။ ရှေးဟောင်းအင်မော်တယ်ဘုရင်တွေ မင်းတို့ကောင်းကင်ကိုထပ်တိုက်ရတော့မယ်အချိန်ရောက်ပြီ။ ဘာကိုစောင့်နေကြတာလဲ။" ချီမင်က အော်ဟစ်လိုက်သည်။
"မဟာတာအိုအင်မော်တယ်ဝင်ပေါက်တွေ ပွင့်စမ်း။ သေခြင်းမှရှင်သန်ထမြောက်ခြင်း"
ချီမင်က ထပ်ခါတလဲလဲအော်ဟစ်လိုက်၏။ သူ၏ကိုယ်ထဲမှ မဟာတာအိုအင်မော်တယ်ဝင်ပေါက်များ မှာ တစ်ပေါက်ပြီးတစ်ပေါက်ပွင့်သွားတော့၏။ မဟာတာအိုသာလွန်သူများ တစ်ပါးပြီးတစ်ပါး ပေါ်လာကာ သေခြင်းမှရှင်သန်ထမြောက်ခြင်းကို သုံးလိုက်၏။
အင်မော်တယ်ဘုရင်ကမ္ဘာ၏မိုးမြေတခွင်က တုန်ခါသွားတော့သည်။
အင်မော်တယ်ဘုရင်များတွင် ထိတ်လန့်သည့်အမူအရာများ ဖြစ်ပေါ်လာသည်။ မယှဉ်သာလောက်အောင် ထိတ်လန့်သွားရ၏။ သူတို့က ချီမင်၏အရှိန်အဝါနှင့်နည်းစနစ်များကို အာရုံခံမိသွားတော့ ထိတ်လန့်သွား၏။
အင်မော်တယ်သင်္ချိုင်းထဲတွင် အင်မော်တယ်ဘုရင်များ ပြန်ရှင်သန်လာသည်။ သူတို့က သင်္ချိုင်းထဲမှ တွားသွားပြီးထွက်လာကာ ဆွေးမြေ့ဖွယ်အော်သံများဖြင့်အော်ဟစ်လိုက်သည်။
တစ်ယောက်၊ဆယ်ယောက်၊တစ်ရာ၊တစ်ထောင်...
ပိုပြီးများသော ရှေးဟောင်းအင်မော်တယ်ဘုရင်များမှာ နိုးထလာခဲ့သည်။ သူတို့က ကောင်းကင်ကို အော်ဟစ်လိုက်သည်။အရှိန်အဝါများ မြင့်တက်လာသည်။ အင်မော်တယ်အရိုးများပေါ်မှ ခန္ဓာကိုယ်တို့ ဖြစ်တည်လာသည်။
သူတို့အားလုံး ပြန်ရှင်သန်လာခဲ့သည်။
"ကောင်းတယ်။"
ချီမင်က တကယ့်ကိုပျော်ရွှင်သွား၏။ သူက ပတ်ကြည့်လိုက်တော့ ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင် များမှာ တစ်ပါးပြီးတစ်ပါး ပြန်လည်ရှင်သန်လာခဲ့သည်။ သူက အတော်လေးကျေနပ်သွားသည်။
နောက်တခဏမှာ လက်ဝါးတစ်ဖက်က ကောင်းကင်မှ သက်ဆင်းလာ၏။ ၎င်းက ကောင်းကင်လက်ဝါးဖြစ်သည်။ အင်မော်တယ်ဘုရင်ကမ္ဘာ၏ကောင်းကင်တာအိုက ဒေါသတကြီး ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်လာသည်။ ၎င်းက ကောင်းကင်လက်ကြီးအဖြစ်ပြောင်းလဲကာ တိုက်ခိုက်ခဲ့လိုက်သည်။
သူက အင်မော်တယ်သင်္ချိုင်းထဲမှ အင်မော်တယ်ဘုရင်များ အကုန်ပြန်မရှင်လာသေးခင်ထို အခွင့်အရေးကိုယူပြီး သူတို့၏အသိစိတ်ကိုဖျက်ဆီးရန်ကြိုးပမ်းလာခြင်းဖြစ်၏။
"တိုက်ခိုက်"
ချီမင်က ကောင်းကင်လက်ကို တည်ငြိမ်စွာဖြင့်သာကြည့်နေ၏။ အင်မော်တယ်ဘုရင်ကမ္ဘာ၏မရေမတွက်နိုင်သော သက်ရှိများ၏အကြည့်အောက်တွင်ပဲ ချီမင်က ကောင်းကင်သို့ခုန်တက်သွားကာ ကောင်းကင်တာအိုကို တစ်ဦးတည်းတိုက်ခိုက်လိုက်သည်။
"လာစမ်းပါ။"
"ကောင်းကင်ကြယ်တာရာအစီအရင်"
"မြေကမ္ဘာနတ်ဆိုးအစီအရင်"
"သမာဓိမီးလျှံ"
"ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံ။"
"လျှို့ဝှက်ဆန်းကြယ်တံခါးနိမိတ်ဖတ်ခြင်း"
“…”
ထိုအခိုက်တွင် ချီမင်က အင်အားကုန်သုံးကာတိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အချိန်နှင့်နေရာလွတ်စွမ်းအားများမှာ ပျက်စီးသွားပြီးနောက်မှာ ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးက ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာ သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်အားလုံးကို ဖွင့်လိုက်သည်။ စုစုပေါင်းမဟာတာအိုသာလွန်သူ(၇၀၆၉၅) ပေါ်လာသည်။ သူတို့မှာ ကောင်းကင်တောင်ဖုံးအုပ်သွားခဲ့ သည်။မဟာတာအိုသာလွန်သူတိုင်းက ချီမင်၏အဓိကခန္ဓာကိုယ်နှင့်တူညီလုနီးပါးအင်အားမျိုးရှိသည်။
"တိုက်ခိုက်"
ထိုအခိုက်တွင် ချီမင်က အင်အားကုန်သုံးကာတိုက်ခိုက်လိုက်သည်။ သူ၏အံ့ဖွယ်စွမ်းအားအားလုံးနှင့် နည်းစနစ်များမှာ ဖျက်ဆီးခံလိုက်ရသည်။ သူက မယှဉ်သာလောက်သည့် စွမ်းအားနှင့်ကောင်းကင်လက် ကို ရင်ဆိုင်လိုက်သည်။
နေရာလွတ်ကပြိုကွဲသွားပြီး မြေပြင်က ပြိုကျသွား၏။ ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားခဲ့သည်။ အင်မော်တယ်သင်္ချိုင်းက ထိုစွမ်းအားကိုမခံနိုင်တော့ပေ။၎င်းက အဆက်မပြတ် ပြိုကျလာနေသည်။
“ဟားဟား..."
ချီမင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ တိုက်ပွဲက အတော်လေးကို အပူပင်ကင်းမဲ့လေသည်။ သူက အော်ဟစ်ကာ ဘယ်ဘက်လက်ဖြင့်အထွတ်အထိပ်ကမ္မနည်းစနစ်ကို သုံးလိုက်သည်။ သူက ညာဘက်လက်ဖြင့် အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကိုသုံးလိုက်၏။
အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနှစ်ခုမှာ အင်မော်တယ်ဘုရင်ကမ္ဘာ၏ကောင်းကင်တာအိုကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ပေါက်ကွဲသံတစ်သံ ထွက်လာသည်။
ကောင်းကင်လက်က ပြိုကွဲသွား၏။
"ဟူး..."
"သူ...သူက.."
"ကောင်းကင်လက်က ရှုံးသွားတယ်။"
"ဒါ....ဒါ.."
"သူက ကောင်းကင်လက်ကို တစ်ယောက်တည်းအနိုင်ယူလိုက်တာပဲ။"
"အိုးဘုရားဘုရား.."
"အရမ်းသန်မာလွန်းတယ်။"
“…”
အင်မော်တယ်ဘုရင်ကမ္ဘာထဲတွင် မရေမတွက်နိုင်လောက်သော သက်ရှိများမှာ ထိတ်လန့်သွား၏။
"ကောင်းကင်သတ်ဖြတ်ခြင်းတိုက်ပွဲ။"
“သတ်ပစ်လိုက်။ သတ်ပစ်လိုက်"
"ဂျီဝူဟွေ့ ငါမင်းကိုကူညီမယ်။"
"တိုက်ခိုက်"
"ငါ့မှာ ကောင်းကင်ကိုသတ်ဖြတ်နိုင်တဲ့ ဓားတစ်လက်ရှိတယ်။"
"လာစမ်းပါ။"
"တိုက်။ တိုက်စမ်း။ တိုက်စမ်းပါ။"
“…”
ထိုအခိုက်တွင် အင်မော်တယ်သင်္ချိုင်းထဲတွင် ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင်အားလုံးများ ပြန်ရှင်သန်လာခဲ့သည်။ သူတို့က အချိန်ဆွဲမနေတော့ပေ။ သူတို့က ကောင်းကင်လက်ကိုမြင်သည့် အချိန်မှာပဲ ၎င်းက ချီမင်ကိုရှုံးနိမ့်သွားပြီဖြစ်သည်။
သူတို့၏တိုက်ပွဲဝိညာဉ်များမှာ တောက်လောင်လာသည်။ သူတို့၏စိတ်ထဲတွင် နောက်ဆုံးခေတ်၏တိုက်ပွဲမြင်ကွင်းများ ပြန်လည်မြင်ယောင်လာသည်။
သူတို့က တိုက်ခိုက်ရုံပဲရှိတော့သည်။ တိုက်ပွဲစိတ်ဆန္ဒများ မြင့်တက်လာပြီး သေခြင်းကိုမကြောက်ရွံ့တော့ပေ။
“ကောင်းတယ်၊” ချီမင်က သင်္ချိုင်းထဲမှ ပြန်ရှင်သန်လာသည့်အင်မော်တယ်ဘုရင်များကိုကြည့်ကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက အော်လိုက်သည်။"လူတိုင်း ငါ့ကိုလာပြီး ကူညီကြ။"
ဘုန်း ဘုန်း
ချီမင်က အင်မော်တယ်သင်္ချိုင်းထဲမှ ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင်များ နှင့် ပူးပေါင်းလိုက်သည်။သူတို့က ကောင်းကင်သို့ခုန်တက်သွားကြသည်။ သူတို့က မိုးမြေကိုဖြတ်ကျော်လျက် ကောင်းကင်တာအိုလေဟာနယ်ကမ္ဘာထဲသို့ ပြေးဝင်သွား၏။
"ဒါ....ဒါ.."
"ကောင်းကင်သတ်ဖြတ်ခြင်းတိုက်ပွဲဆိုတာ ဒီလိုမျိုးလား။"
သိပ်မကြာခင်မှာပဲ ပုံရိပ်ကိုးခုက နီဗားနားနတ်ဆိုးဂူထဲမှ ထွက်လာခဲ့သည်။ သူတို့ကို အင်မော်တယ်တိုက်ပွဲအရှင်က ဦးဆောင်သည်။ တခြားရှစ်ယောက်ကတော့ အင်မော်တယ်တိုက်ပွဲအရှင်ထက် အနည်းငယ်အားနည်းကြသည်။
"မြင့်တက်ခြင်း"
အနက်ရောင်မြူခိုးများမှာ အင်မော်တယ်တိုက်ပွဲအရှင်နားတွင်ထွက်ပေါ်လာသည်။ သူက လက်ကိုဝေ့ယမ်းလိုက်တော့ အနက်ရောင်အလင်းတန်းမှာ ဖြတ်ခနဲလက်သွားလျက် မိုးမြေတခွင်ကိုဖြတ်ကာ ကောင်းကင်တာအိုလေဟာနယ်ကမ္ဘာထဲသို့ ဝင်ရောက်သွား၏။
အင်မော်တယ်ဘုရင်ကမ္ဘာထဲတွင် ကောင်းကင်တာအိုလေဟာနယ်ကမ္ဘာက ကောင်းကင်နယ်ပယ်ဖြစ်သည်။
"တိုက်ခိုက်"
"ငါ ဒီနေ့ကိုစောင့်နေတာ ကြာပြီ။"
"အစွမ်းကုန်တိုက်ရအောင်။"
"စွန့်စားရအောင်။"
"တိုက်ခိုက်"
“…”
ချက်ချင်းဆိုသလိုပင် တခြားရှစ်ယောက်က ကောင်းကင်နယ်ပယ်ထဲသို့ ဝင်သွားကြတော့၏။ မိုးမြေတခွင်တွင် အလင်းစီးကြောင်းများမှာ ကောင်းကင်သို့ တက်သွားပြီး ချီမင်နှင့်ကျန်သူများနောက်လိုက်ကာ ကောင်ကင်နယ်ပယ်သို့ဝင်လာကြသည်။
မြင်ကွင်းကပြောင်းလဲသွားသည်။
ကောင်းကင်နယ်ပယ်တွင် ချီမင်က အင်မော်တယ်ဘုရင်ကမ္ဘာ၏ကောင်းကင်တာအိုကို မျက်မြင်တွေ့လိုက်ရသည်။၎င်းက မပြည့်စုံပေ။၎င်းက အထက်ကမ္ဘာကောင်းကင်တာအိုတော့ မဟုတ်ပေ။
ပိုပြီးအရေးကြီးသည်က။
အင်မော်တယ်ဘုရင်ကမ္ဘာကောင်းကင်တာအိုက သက်ရှိများ၏စိတ်ခံစားချက်ခုနစ်ပါးနှင့် လိုအင်ဆန္ဒခြောက်ပါး သက်ရောက်ခံနေရသည်။ ၎င်းက သန့်စင်သည့်ကောင်းကင်တာအို မဟုတ်တော့ပေ။ထိုကောင်းကင်တာအိုက အလိုစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။