ဖရိုဖရဲမဟာတာအိုကျမ်း:အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပိုင်း
Vol. 25 Ch. 372
အင်မော်တယ်ဘုရင်ကမ္ဘာ၏အဆင့်ကမနိမ့်ပါးပေ။သို့ပေမဲ့ ၎င်းက စစ်မှန်ပြည့်စုံသည့်ကောင်းကင်တာအိုတော့ မမွေးမြူနိုင်သေးပေ။ အင်မော်တယ်ဘုရင်ကမ္ဘာ၏ကောင်းကင်တာအိုသည် မူလကတော့ မပြည့်စုံပေ။
အခုတော့ အင်မော်တယ်ဘုရင်ကမ္ဘာ၏ကောင်းကင်တာအိုသည် သက်ရှိများ၏လိုအင်ဆန္ဒများကိုစုပ်ယူပြီး ခံစားချက်ခုနစ်ပါးနှင့်လိုအင်ဆန္ဒများကို အသုံးပြုကာ ပြီးပြည့်စုံသည့်ကောင်းကင်တာအိုဖြစ်လာခဲ့သည်။
တကယ့်တော့ ၎င်းက အတုအယောင်ပြည့်စုံခြင်းပေ။
လမ်းကြောင်းမှားတစ်ခုသာဖြစ်သည်။
ထိုသို့သာ ဆက်ဖြစ်နေပါက အင်မော်တယ်ဘုရင်ကမ္ဘာ၏ကောင်းကင်တာအိုက စိတ်ဆန္ဒအညစ်ကြေးများ ကြောင့် လုံးဝကို ညစ်ညမ်းသွားလိမ့်မည်။ ထိုအချိန်ကျရင် အင်မော်တယ်ဘုရင်ကမ္ဘာတစ်ခုလုံးက နတ်ဆိုးကောင်းကင်တာအို၏စားကျက်ဖြစ်လာပေလိမ့်မည်။
နောက်ဆုံးတော့ အင်မော်တယ်ဘုရင်ကမ္ဘာသည် အဆုံးသတ်ကို ရင်ဆိုင်ရပေမည်။ သက်ရှိအပေါင်းက သေကြေပျက်စီးရပေမည်။ သိပ်မကြာလိုက်ခင်မှာပဲ အင်မော်တယ်ဘုရင်ကမ္ဘာတစ်ခုလုံးက ပြိုလဲပျက်စီးရပေလိမ့်မည်။
ကောင်းကင်တာအိုက နှလုံးသားကင်မဲ့လေသည်။
ကောင်းကင်တာအိုတွင် စိတ်ခံစားချက်များရှိလာပါက ၎င်းက ကောင်းကင်တာအိုမဟုတ်တော့ပေ။
ကောင်းကင်နှင့်မြေကြီးက ပြိုကျသွားလိမ့်ပေမည်။
ကမ္ဘာကြီးဖျက်ဆီးခံရမည့်အနာဂတ်ကိုပြောင်းလဲဖို့ နည်းလမ်းတစ်ခုသာရှိ၏။
နတ်ဆိုးကောင်းကင်တာအိုကိုသတ်ဖြတ်ပြီး ဖျက်ဆီးပစ်ရပေမည်။၎င်းကို ထပ်မံကြီးထွားခွင့်မပေးနိုင်ပေ။ ထိုမှသာ ကမ္ဘာကြီးက ဘဝသစ်ကိုကြိုဆိုရမည်ဖြစ်ပြီး ပိုကောင်းသည့်အနာဂတ်ကိုရလာပေမည်။
ချီမင် မြင်လိုက်သည့်ကောင်းကင်တာအိုက တာအိုဝတ်စုံကိုဝတ်ဆင်ထားပြီး နောက်ကျောပဲမြင့်သည့် လူသားပုံစံပုံရိပ်တစ်ခုဖြစ်သည်။ ကောင်းကင်တာအိုက သူ့ဘက်လှည့်လာတော့ ချီမင်က နတ်ဆိုးကောင်းကင်တာအို၏မျက်နှာကိုမြင်လိုက်ရသည်။၎င်းက အဆက်မပြတ်ပြောင်းလဲနေသည်။ သူတို့မျက်နှာများက သက်ရှိအားလုံး၏မျက်နှာများဖြစ်နေပြီး လိုအင်ဆန္ဒများနှင့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။
"သေလိုက်တော့။"
ချီမင်က သိပ်မတွေးပေ။ သူက ညာဘက်လက်ကိုယမ်းလိုက်ရင်း ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုကိုစုစည်းပြီး ဖရိုဖရဲမဟာပုဆိန်အဖြစ်ပြောင်းလဲသွားတော့၏။ ချီမင်က ဖရိုဖရဲမဟာပုဆိန်ကို ကိုင်ဆွဲရင်း ကောင်းကင်တာအိုကို ခုတ်ချလိုက်သည်။
နောက်ထပ် ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ကောင်းကင်တာအိုက လက်မြှောက်ကာ လေဟာနယ်ကြေးမုံတစ်ချပ်ကို ဖွဲ့စည်းလိုက်၏။ ၎င်းက ချီမင်၏ပုဆိန်ကို ဒိုင်းတစ်လက်သဖွယ်ကာကွယ်ပေးထားသည်။ ထိုအခိုက်တွင် အင်မော်တယ်ဘုရင်ကမ္ဘာ၏အင်မော်တယ်ဘုရင်များက သူ့ကို ဝိုင်းထားသည်။
“သတ်ပစ်လိုက်။ သတ်။ သတ်ပစ်လိုက်"
"ဖြည့်မယ်။"
"တိုက်ခိုက်။"
“…”
အင်မော်တယ်ဘုရင်များက အစွမ်းကုန်တိုက်ခိုက်ကာ ကောင်းကင်တာအိုကို ဝိုင်းရံလိုက်သည်။
အင်မော်တယ်တိုက်ပွဲအရှင်နှင့်တခြားသောအင်မော်တယ်ဘုရင်ကိုးပါးက ပူးပေါင်းလာ၏။
ချီမင်က အသက်ပြင်းပြင်းရှုပြီး ပတ်ကြည့်လိုက်၏။ သူ့မျက်လုံးများက ပြိုင်ဘက်ကင်းအင်မော်တယ်ဘုရင်များ ကို မြင်လိုက်ရသည်။ သူတို့က ချီမင်နှင့်ပူးပေါင်းရန်မလိုအပ် ပေ။ ကောင်းကင်အပြစ်ပေးခြင်းတိုက်ပွဲစတင်ခိုက်မှာ သူတို့က တိုက်ပွဲကို ဦးဆောင်ခဲ့သည်။
"တိုက်ခိုက်"
ချီမင်၏အကြည့်က တောက်ပသွားသည်။ ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စွမ်းအား သည် ပေါက်ကွဲထွက်လာ၏။ သူကလည်း အင်အားကုန်သုံးလိုက်သည်။
ထိုတွက်ပွဲက ကောင်းကင်ကို သတ်ဖြတ်ဖို့ပေ။
ထိုတိုက်ပွဲက အနိုင်ရဖို့ကဆုံးဖြတ်သည့်ပွဲပေ။
သက်ရှိအားလုံးက အသက်စွန့်ကာတိုက်ခိုက်တော့သည်။
…
တိုက်ပွဲထဲတွင် ချီမင်က နည်းစနစ်အားလုံးကို အသုံးပြုခဲ့သည်။ သူက သူ၏စွမ်းရည်များအားလုံးကိုသုံးကာ အင်မော်တယ်ဘုရင်ကမ္ဘာတစ်ခုလုံး၏စွမ်းအားကိုပေါင်းကာ နတ်ဆိုးကောင်းကင်တာအိုကိုအနိုင်ယူရမည်ဖြစ်သည်။
ချီမင်က နတ်ဆိုးကောင်းကင်တာအို၏စွမ်းအားကို မျက်မြင်တွေ့လိုက်၏။ ၎င်းက ကောင်းကင်တာအိုကိုကျင့်ကြံခြင်းအဆင့်နှင့်ညီမျှပေသည်။ ကျင့်ကြံခြင်းအဆင့်အရ အင်မော်တယ်ဘုရင်အဆင့်က ကန့်သတ်ချက်ဖြစ်သည်။
ထိုအခြေအနေအောက်တွင် ချီမင်က အတော်လေးသန်မာပါသည်။သို့ပေမဲ့ သူ့ကျင့်ကြံခြင်းအဆင့်က အတော်လေးနိမ့်သည်။ သူက ရွှေအင်မော်တယ်အစောပိုင်းအဆင့်သာရှိသေးသည်။ သူမှာ ကောင်းကင်တာအိုရတနာနှစ်ခုရှိပြီး အင်မော်တယ်ဘုရင်ကမ္ဘာမှပြိုင်ဘက်ကင်းအင်မော်တယ် ဘုရင်များသာ ကောင်းကင်တာအို၏စွမ်းအားကို ကုန်ဆုံးအောင်လုပ်မနေပေးရင် ချီမင်အနေဖြင့် ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးနှင့်အထွတ်အထိပ်ကမ္မနည်းစနစ်တို့ကိုသုံးပြီး ကောင်းကင်တာအိုကိုဖျက်ဆီးနိုင်မည်မဟုတ်ပေ။
တိုက်ပွဲက အတော်လေးသနားစရာကောင်းပြီး ခုနစ်ရက်ခုနစ်ညကြာခဲ့သည်။
နောက်ဆုံးတော့ ချီမင်အနိုင်ရသွားခဲ့သည်။ သူက နတ်ဆိုးကောင်းကင်တာအိုကိုဖျက်ဆီးပြီး ဂိမ်းဇာတ်ကောင်တာဝန်ကို ပြီးမြှောက်သွားတော့သည်။ သူက အင်မော်တယ်ဘုရင်ကမ္ဘာကို အောင်မြင်စွာရှင်းလင်းနိုင်သွားတော့၏။
ကောင်းကင်အပြစ်ပေးခြင်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် အင်မော်တယ်ဘုရင်(၉၉)ရာခိုင်နှုန်း အားလုံးနီးပါးဟုဆိုရအောင် ကျဆုံးခဲ့သည်။ကျန်ခဲ့သည့်သူများကလည်း သေလုဆဲဆဲပင်။ ချီမင်တစ်ယောက်သာ ရှင်ကျန်ခဲ့၏။
အတော်လေး စိတ်မချမ်းမြေ့ဖွယ်ပေ။
ဝမ်းနည်းဖွယ်ကောင်းသည်။
ချီမင်က အသက်ပြင်းပြင်းရှုကာ ပြင်းထန်စွာဒဏ်ရာရထားသည့် အင်မော်တယ်ဘုရင် များနှင့်မြေပြင်ပေါ်မှ အလောင်းများကိုကြည့်သည်။ထို့နောက် အသစ်ဖြစ်တည်လာသည့် ကောင်းကင်တာအိုအသစ်ကို ကြည့်လိုက်သည်။
သူက သက်ပြင်းချလိုက်သည်။
ထိုအခိုက်တွင် ချီမင် သူကြုံခဲ့ရသည့်ဂိမ်းမြေအောက်စခန်းအားလုံးက အစစ်မှန်ကမ္ဘာဆိုသည်ကို အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့သည်။
ဂိမ်းဇာတ်ကောင်းတိုင်းက ထိုအထဲတွင်တော့ သက်ရှိများဖြစ်သည်။
ထိုဂိမ်းမြေအောက်စခန်းများကို အလိုအလျောက်ကျင့်ကြံခြင်းစနစ်က လုံးဝထိန်းချုပ်ထားပေသည်။ချီမင်ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းတိုင်း မြေအောက်စခန်းတစ်ခုလုံးက ပြန်လည်စတင်ကာ အစပြုရာနေရာသို့ ပြန်ရောက်သွားသည်။
အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏စွမ်းအားက အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။
ချီမင်က ရေခဲစိုင်၏ထိပ်ဖျားလေး(အပေါ်ယံ)ကိုသာ သိထားသည်။
ရိုးသားစွာပြောရလျှင် အထက်ကမ္ဘာကျွမ်းကျင်သူများက ကမ္ဘာတစ်ခုကိုဖန်တီးဖို့တော့ သိပ်မခက်ခဲပေ။ ချီမင်တောင် သူကိုယ်တိုင်ကမ္ဘာငယ်လးကို တည်ဆောက်နိုင်သည်။ မဟာတာအိုအင်မော်တယ် ဝင်ပေါက်မှ ဆင့်ကဲလာသည့် အတွင်းကမ္ဘာများကိုဆိုလိုတာပေ။
အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ခြားနားပေသည်။
ပထမဆုံး အလိုအလျောက်ကျင့်ကြံခြင်းစနစ်က သူဖန်တီးထားသည့်ဂိမ်းမြေအောက်စခန်းများကို လုံးဝဥသုံထိန်းချုပ်နိုင်ပေသည်။ အချိန်ကာလကိုတောင် ထိန်းချုပ်နိုင်သည်။
ထိုဂိမ်းမြေအောက်စခန်းကမ္ဘာများကို လေဟာနယ်စကြဝဠာပင်လယ်ထဲတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ အထက်ကမ္ဘာတွင် အင်မော်တယ်များတည်ဆောက်သည့် ကမ္ဘာများက လေဟာနယ်စကြဝဠာပင်လယ်ထဲ၌မဟုတ်ပေ။ ထိုအစား သူတို့က သူတို့၏အဓိကမ္ဘာကိုမှီတည်ကာ တည်ဆောက်ခြင်းဖြစ်သည်။
ထိုနှစ်ခုက အခြေခံအားဖြင့်ကွဲပြားပေသည်။
ဥပမာအနေဖြင့်။
အဓိကမ္ဘာကိုမှီခိုထားသည့် ကမ္ဘာငယ်လေးများကစစ်မှန်လွတ်လပ်သည့်ကမ္ဘာများမဟုတ်ပေ။ ထိုအစား လက်အောက်ခံကမ္ဘာငယ်လေးများသာဖြစ်သည်။
ထိုကမ္ဘာငယ်လေးများက ထွက်လာသည့်ကောင်းကင်တာအိုသည်လည်း ဒုတိယအဆင့်ကောင်းကင်တာအိုသာဖြစ်သည်။ ဒုတိယကောင်းကင်တာအိုသည် အဓိကကမ္ဘာ၏ကောင်းကင်တာအိုမှ ဆင့်ကဲလာခဲ့ခြင်းဖြစ်သည်။
လေဟာနယ်စကြဝဠာထဲတွင် ကမ္ဘာတစ်ခုတည်ဆောက်ခြင်းက လုံးဝကို သီးခြားကမ္ဘာတစ်ခုဖြစ်သည်။ ကမ္ဘာကြီး၏အဆင့်ကမမြင့်မားလျှင်တောင် ကောင်းကင်တာအိုကို မွေးဖွားလာပြီး ၎င်းကလည်း စစ်မှန်သည့် ကောင်းကင်တာအိုပေ။ တကယ်တော့ ကမ္ဘာအဆင့်က အဆက်မပြတ်တိုးတက်လာပြီး နောက်ဆုံးမှာ အထက်ကမ္ဘာအဆင့်သို့ ရောက်သွားနိုင်သည်။
သေချာသည်ကတော့ ကမ္ဘာသစ်တစ်ခုကို အထက်ကမ္ဘာအသစ်တစ်ခုအဖြစ် အဆက်မပြတ်တိုးတက်သွားဖို့က အင်မတန်ခက်ခဲပေသည်။ မဖြစ်နိုင်လုနီးပါးပင်။
ဖြစ်နိုင်ခြေရှိပေမဲ့ မဖြစ်နိုင်သလောက်ပေ။
"ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းပြီးပြီ။ ပြန်ဖို့ အချိန်ကျပြီ။"
ချီမင်က သူ့အကြည့်ကိုပြန်ခွာလိုက်ကာ တည်ငြိမ်အောင်နေလိုက်သည်။ ဂိမ်းဇာတ်ကောင်ထဲမှ သူ၏အသိစိတ်တစ်စိတ်တစ်ပိုင်းမှ ထွက်ခွာလာပြီး ချီမင်၏အဓိကခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားတော့၏။
တစ်ချိန်တည်းမှာ ချီမင်၏ဂိမ်းဇာတ်ကောင်က ပျောက်ကွယ်သွားခဲ့သည်။သန့်စင်သည့်စွမ်းအားများအဖြစ်ပြောင်းလဲသွားခဲ့ကာ အင်မော်တယ်ဘုရင်ကမ္ဘာတစ်ခုလုံးကို အားဖြည့်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာ အင်မော်တယ်ဘုရင်ကမ္ဘာသည် မူလအချိန်ကာလသို့ ပြန်ဆုတ်ခွာသွားတော့၏။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ "ရွှေအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အင်မော်တယ်ဘုရင်ကမ္ဘာကို အောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလဒ်များကို စာရင်းပြုစုနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။
သိပ်မကြာခင်မှာပဲ။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို အသက်သွင်းကာ ခုနစ်ရက်တာအသုံးပြုပြီး ဂိမ်းဇာတ်ကောင်းတာဝန်ကို ပြီးမြှောက်ခဲ့ပါတယ်။ "ရွှေအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အင်မော်တယ်ဘုရင်ကမ္ဘာကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါပြီ။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစများနှင့် ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်(၁၀၀)ကွာဒရီလီယန်တို့ကို ရရှိခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"မဆိုးဘူး။"
ချီမင် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။"နောက်ဆုံးတစ်ခေါက်ငါရှင်းတုန်းက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစတစ်ခုပဲရတာ။ ဒီတစ်ကြိမ်တော့ ငါသုံးခုတောင်ရတယ်။"
သူက နတ်ဆိုးကောင်းကင်တာအိုကို ပိုပြီးတောင် လိုချင်သည်။ သူက ၎င်းကိုသူ၏ဝိညာဉ်သားရဲအနေနှင့်ရခဲ့ပါက ကောင်းကင်တာအိုကျင့်ကြံခြင်းအဆင့် အင်မော်တယ်သားရဲဖြစ်သည့်အတွက် အကူအညီကြီးတစ်ခုရမှာပင်။
အလားအလာက သေချာပေါက် ကြီးမားသည်။
တကယ်တော့…
နတ်ဆိုးကောင်းကင်တာအိုက အင်မော်တယ်သားရဲများထက်သာလွန်သည်။
ကံမကောင်းသည်က ချီမင်သည် နတ်ဆိုးကောင်းကင်တာအိုကိုမရရှိခဲ့ပေ။ ထိုအစား သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစသုံးခုသာရခဲ့သည်။
"စုပ်ယူ။"
ချက်ချင်းဆိုသလိုပင် ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်ကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစများကိုထုတ်မနေတော့ဘဲ တန်းစုပ်ယူတော့သည်။ ပထမအကြိမ်မဟုတ်သည့်အတွက် သူက ထိုအရာနှင့် ကျွမ်းဝင်လာသည်။
တစ်ချိန်တည်းမှာ ချီမင်က အင်မော်တယ်သလင်းကျောက်များကို ဖြည့်သွင်းလိုက်သည်။ သူက အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးကာ အဆ(၁၀)ထရီလီယန်မြှင့်တင်မှုအောက်တွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစများကို စုပ်ယူခဲ့သည်။
ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်းကိုဆက်၍ကျင့်ကြံသလို ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုကို သန့်စင်ခြင်းနှင့် ဖရိုဖရဲမဟာတာအိုကျမ်း၏ နောက်ဆက်တွဲနည်းစနစ်များကို တွက်ချက်သည်။
အရေးကြီးဆုံးသည်တော့ ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအို အပိုင်းအစကိုစုပ်ယူပြီးနောက်မှာ သူက ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံး၏ စစ်မှန်ဆန်းကြယ်မှုများကို နားလည်ဆင်ခြင်ကာ အခြေခံသဘောတရားများကို စူးစမ်းခဲ့သည်။
တစ်နည်းဆိုသော် ချီမင်က ဖရိုဖရဲမဟာတာအိုစာလုံးကို အဆက်မပြတ်ဆင်ခြင်နားလည်နေခြင်းဖြစ်၏။
"ဖွင့်စမ်း"
အတွေးတစ်ချက်ဖြင့် ချီမင်က ပစ္စည်းစာရင်းကိုဖွင့်ကာ အင်မော်တယ်သလင်းကျောက်များကို ထုတ်ယူလိုက်သည်။ ထိုအင်မော်တယ်သလင်းကျောက်များက နဂါးတစ်ကောင်အလား ချီမင်ကိုဝန်းရံနေသည်။သူက ၎င်းတို့ကို စုပ်ယူသန့်စင်ပစ်တော့သည်။
ချီမင်က အင်မော်တယ်သလင်းကျောက်များကို စုပ်ယူကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစများနှင့်ပေါင်းစပ်ပြီး မဟာတာအိုအင်မော်တယ်ဝင်ပေါက်များကို ဖွင့်ကာ မဟာတာအိုသာလွန်သူများကို သိပ်သည်းခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာ သုံးရက်ကြာသွားခဲ့သည်။
ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစသုံးခုကို စုပ်ယူပေါင်းစပ်ခဲ့၏။ သူ၏ကောင်းကင်နှင့်မြေကြီးအပေါ်နားလည်မှုများက ပိုပြီးနက်ရှိုင်းလာခဲ့ရင်း နက်ရှိုင်းလာခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီး၏မဟာတာအိုကို ပိုပြီး ခံစားမိလာသည်။
သူက သုံးရက်အတွင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁)ကိုဖွင့်လှစ်ခဲ့ပြီး ထိုအင်မော်တယ်ဝင်ပေါက်များကိုပေါင်းစပ်ကာ အဆင့်ချိုးဖြတ်တော့၏။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ရာကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် တွက်ချက်ခဲပါတယ်။ လက်ခံသူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့် ဖရိုဖရဲမဟာတာအိုစာလုံး၏စစ်မှန်ရည်ရွယ်ချက်များကို နားလည်ဆင်ခြင်ခဲ့ပါတယ်။ သင် ဖရိုဖရဲမဟာတာအိုကျမ်း:အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပိုင်းကို အောင်မြင်စွာတွက်ချက်နိုင်ခဲ့ပါတယ်။ သင် အင်မော်တယ်နယ်ပယ်၏အကန့်အသတ်ထိ တွက်ချက်ပြီးသွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က အပျော်လွန်သွားသည်။ "ငါ နောက်ဆုံးတော့ အင်မော်တယ်ဘုရင်အပိုင်းကိုတွက်ချက်နိုင်သွားပြီ။"
အချိန်ကုန်ဆုံးသွားသည်။
တစ်နှစ်အကြာတွင်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ "ဖရိုဖရဲမဟာတာအိုကျမ်း:ရွှေအင်မော်တယ်အပိုင်းကို အဆတစ်ရာကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၈၂၄၇၆)ကို တစ်ခုတည်းအဖြစ်အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ သင့်ရဲ့ဓမ္မစွမ်းအားများအားလုံးက သန့်စင်သွားပါပြီ။ သင့်ရဲ့ အင်အားနှင့်ကျင့်ကြံခြင်းအဆင့်ကတိုးတက်သွားပါပြီ။ သင် ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"မဆိုးဘူး"
ချီမင်က အပျော်လွန်သွားပေမဲ့ မျက်နှာမှာတော့ မပြပေ။ ထိုအစားစိတ်ထိန်းပြီး ကျင့်ကြံခြင်းအဆင့်ကိုတည်ငြိမ်အောင်လုပ်လိုက်သည်။