← Chapters

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသခင်:ချင်ဖေးယွမ်

Vol. 25 Ch. 373

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသခင်:ချင်ဖေးယွမ်

Vol. 25 Ch. 373

ယနေ့မှာတော့ ချီမင်က သူ၏ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ကျင့်ကြံခြင်းကို လုံးဝတည်ငြိမ်အောင်လုပ်ပြီးသွားခဲ့သည်။ သူက အဆင့်တက်ပြီးနောက်မှာ သူ့အင်အားကို လုံးဝရင်းနှီးသွားအောင် လုပ်ပြီးသွားခဲ့၏။

ရုတ်တရက်ကြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေထဲတွင် ပြောင်းလဲမှုတစ်ခုပေါ်လာသည်။ ကမ္ဘာကြီးထဲတွင် နတ်ဆိုးမိစ္ဆာချီများ ပြည့်နှက်မြင့်တက်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးက တဟုန်ထိုးမြင့်တက်လာသည်။

တစ်ချိန်တည်းမှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ကောင်းကင်တာအိုရတနာ:ကောင်းကင်ဖန်တီးခြင်းကြေးမုံက သူကိုယ်တိုင် ပေါ်လာခဲ့သည်။ ကောင်းကင်ဖန်တီးခြင်းကြေးမုံက ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲထားပြီး ခမ်းနားသည့်အလင်းများ တောက်ပနေခဲ့သည်။ မရေမတွက်နိုင်သော ပုံစံများထွက်လာပြီး ထူးခြားဖြစ်စဉ်မျိုးစုံပေါ်လာခဲ့သည်။

ကောင်းကင်ဖန်တီးခြင်းကြေးမုံသည် သူ့သခင်ပြန်လာခြင်းကိုကြိုဆိုနေခဲ့၏။

နောက်တခဏ လေထုထဲတွင်။

ခရမ်းနက်ရောင်တိမ်တိုက်များပေါ်လာပြီး ပတ်ဝန်းကျင်ကိုဖုံးအုပ်သွားခဲ့သည်။ မယှဉ်သာလောက်အောင်စွမ်းအားကြီးပြီး မြင့်မြတ်သောအရှိန်အဝါ တို့မှာ ပျံ့နှံ့လာသည်။ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတစ်ခုလုံးတောင်သက်ရောက်သွားသည်။

"ဒါက..."

"မမှားနိုင်ဘူး။"

"ဒါက နတ်ဆိုးဂိုဏ်းချုပ်ပြန်လာလို့ပေါ်လာတဲ့ နတ်ဆိုးတာအိုကောင်းချီးတိမ်တိုက်တွေပဲ။ သူက အင်မော်တယ်နယ်ပယ်ရဲ့အကန့်အသတ်သို့ရောက်နေပြီ။ သူက သူ့ရဲ့တာအိုကိုနားလည်ထားတယ်။ နတ်ဆိုးအောင်ပွဲခံခြင်းတိမ်တိုက်တွေက သူရဲ့တာအိုကိုယ်ထင်ပြခြင်းပဲ။"

"ဂိုဏ်းချုပ်ပြန်လာပြီ။"

နောက်ဆုံးမှာတော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်(၁၀၈)စုမှ မျိုးနွယ်သခင်များ၊အကြီးအကဲများနှင့် တပည့်ငယ်သားများပေါ်လာခဲ့ကာ ကောင်းကင်ယံမှ နတ်ဆိုးတာအိုအောင်ပွဲခံခြင်းတိမ်တိုက်ကိုကြည့်ရှုနေခဲ့သည်။

"နှုတ်ဆက်ပါတယ်။ဂိုဏ်းချုပ်။"

"ဂိုဏ်းချုပ်ကို ပြန်လည်ကြိုဆိုပါတယ်။"

"ဂိုဏ်းချုပ်။"

"ကောင်းတယ်။"

"ခင်ဗျားနောက်ဆုံးတော့ ပြန်လာပြီ။"

“…”

မျိုးနွယ်သခင်များနှင့်အကြီးအကဲများက ဦးညွှတ်လိုက်၏။

"ဟားဟား"

နတ်ဆိုးတာအိုတိမ်တိုက်ထဲမှ ပွင့်လင်းသည့်ရယ်သံတစ်သံထွက်လာခဲ့၏။ တုန်ခါမှုလှိုင်းများ ပျံ့နှံ့လာ၏။ အရာအားလုံးက ငြိမ်သက်သွားပြီး ထူးခြားဖြစ်စဉ်ကလည်း ပျောက်ကွယ်သွားတော့၏။

ကောင်းကင်ဖန်တီးခြင်းကြေးမုံကလည်း ပျောက်ကွယ်သွား၏။

"ငါ ဟင်းလင်းပြင်ပဋိပက္ခထဲမှာ လှည့်လည်နေခဲ့တာ နှစ်တွေကြာခဲ့ပြီ။နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ။"

နတ်ဆိုးတာအိုအောင်ပွဲခံခြင်းတိမ်တိုက်ထဲမှ ခမ်းနားသည့်ပုံရိပ်တစ်ခု ထွက်လာ၏။ သူက ထိုသူကိုမြင်တော့သူက ကောင်းကင်နတ်ဆိုးတာအို၏စစ်မှန်ရည်ရွယ်ချက်ကို မြင်လိုက်ရသည့်အလားပင်။စစ်မှန်သည့်နတ်ဆိုးတာအိုသာလွန်သူတစ်ဦးပေါ်ထွန်းလာသည့်အလား။

ထိုပုံရိပ်နားတွင်နှစ်ဆယ့်လေးလွှာ အနက်ရောင်ကြာပန်းများအဆက်မပြတ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။၎င်းက ထူးခြားလှပသည့်သဘောတရာများကို ပြသနေခဲ့၏။

"ငါ လောကသုံးထောင်ကိုခရီးထွက်ခဲ့တယ်။ ပြည်နယ်ကိုးလောကရဲ့အပြင်ဘက်ကို ကြည့်ရှုခဲ့တယ်။ ပထမအထက်ကမ္ဘာက ဖော်ပြလို့မရနိုင်လောက်အောင် ကျယ်ပြန့်တယ်။"

"ပြည်နယ်ကိုးလောကက ကျယ်ပြန့်ပေမဲ့လည်း သူက ပထမအထက်မ္ဘာရဲ့ တစ်ထောင့် တစ်နေရာလေးပဲရှိသေးတယ်။ အသင်္ချေကမ္ဘာများစွာနဲ့လေဟာနယ်စကြဝဠာတွေနဲ့ယှဉ်ရင် ပိုပြီးတောင် သေးငယ်တယ်။"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ကဆိုသည်။"ငါ ဆရာက ပြည်နယ်ကိုးလောကမှာ နောက်ထပ်တပည့်သစ်တစ်ဦးလက်ခံထားတယ်လို ကြားခဲ့တယ်။ သူက တာအိုကျင့်ကြံသူဆို။ ပြည်နယ်ကိုးလောကရဲ့ကပ်ဘေးဒုက္ခကျရောက်လာတော့မှာဆိုတော့ ငါအဲ့ဂျူနီယာညီလေးနဲ့ တွေ့ချင်သေးတယ်။"

"ဒါပေမဲ့ငါပြန်တဲ့အချိန်မှာ နေရာလွတ်နဲ့အချိန်ဝါးမျိုခြင်းဆီကနေတိုက်ခိုက်ခံရလိမ့်မယ့်လို မမျှော်လင့်ထားခဲ့ဘူး။ နေရာလွတ်က ပြိုကွဲသွားပြီး နေရာလွတ်ပဋိပက္ခထဲကိုကျသွားတော့ အချိန်တွေအကြာကြီးနှောင့်နှေးသွားရတယ်။ ငါ ပြည်နယ်ကိုးလောကရဲ့ဟင်းလင်းပြင်တည်နေရာကို ပြန်မှတ်ပြီး ပြန်လာခဲ့ရတယ်။"

"အဟွတ်..ဟွတ်.."

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်က ငြင်သာစွာချောင်းဟန့်ပြီး ပတ်ကြည့်လိုက်၏။"ငါ့ရဲ့ဂျူနီယာညီလေးက ဘယ်မှာများလဲ။ သူ ဘယ်မှာလဲ။ သူဒီမှာရှိလား။ ငါကြည့်ပါရစေဦး။"

"ဒါက..."

"ဂိုဏ်းချုပ်တောင် ဒီလိုအန္တရာယ်များတဲ့အခြေအနေထဲရောက်သွားမယ်လို့ မထင်ထားခဲ့ဘူး။ သူက နေရာလွတ်နဲ့အချိန်ဝါးမျိုခြင်းတို့လို ထူးဆန်းတဲ့ဟင်းလင်းပြင်မွန်းစတားတွေနဲ့ ကြုံပြီး ဟင်းလင်းပြင်ပဋိပက္ခထဲတောင်ကျသွားသေးတယ်။"

"ဂိုဏ်းချုပ်ကို ကောင်းကင်ကကောင်းချီးပေးပါစေ။တော်သေးလို့ သူက ဒီအန္တရာယ်ကိုတော့ ဖြေရှင်းနိုင်သွားတယ်။"

"မဆိုးဘူး၊မဆိုးဘူး။”

မျိုးနွယ်သခင်များက တညီတညွှတ်တည်းပြော၏။

"ဂိုဏ်းချုပ်။"

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က လေးစားစွာဦးညွှတ်၍ဆို၏။"စီနီယာအစ်ကိုချီ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုဝင်လာတည်းက သူက အခြေခံအားဖြင့် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ် မှာပဲနေပြီး ကျင့်ကြံနေခဲ့တာပါ။ နှစ်သန်းပေါင်းများစွာကြာခဲ့တာတောင် သူက ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ကနေထွက်ခွာခဲပါတယ်။"

"ဟုတ်တယ်။"

"စီနီယာအစ်ကိုချီက အခု ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်မှာ ကျင့်ကြံနေတာပါ။"

"ဟုတ်လောက်မယ်။" တခြား မျိုးနွယ်သခင်များက ခေါင်းညိတ်လိုက်၏။

"အဲ့တော့..." ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်က စဉ်းစားလိုက်သည်။

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ထိတိုးတက်သွားပါပြီ။ ရွှေအင်မော်တယ်အစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းရာမှ ဆုလဒ်များလျော့ကျသွားပါပြီ။ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ကွာဒရီယန်သုံးပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ဖွင့်လှစ်နိုင်ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင် အသိပေးချက်ကိုလက်ခံလိုက်၏။ သူက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို တော့ ချက်ချင်းမကြည့်ပေ။ ထိုအစား သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ လာနေသည့်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကို အာရုံခံမိလိုက်သည်။ သူကခေါင်းမော့ကာ ကောင်းကင်ကိုကြည့်လိုက်၏။

သူက ကောင်းကင်ဖန်တီးခြင်းကြေးမုံပေါ်လာသည်ကိုမြင်သည်။ ထိုစွမ်းအားကြီးအရှိန်အဝါက ချီမင်ကိုဖိအားအတော်လေးပေးနိုင်၏။

ချီမင်၏လက်ရှိကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်၌ဖြစ်သည်။ သူ့အင်အားက အရင်တုန်းကထက်အတော်လေးသန်မာသွား၏။သို့ပေမဲ့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်၏အရှိန်အဝါကို အာရုံခံမိသွားတော့ သူက ဖိအားကိုခံစားနေရသေးပါ၏။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ကိုအာရုံခံမိသွားတော့ မယှဉ်သာလောက်အောင် စွမ်းအားကြီးနက်နဲသည်ကို သိလိုက်ရ၏။ သူက မြောက်ပိုင်း ပြည်နယ်အရှင်ထက်သာလွန်သည်။ သူက တာအိုကျင့်ကြံသူဟုတ်မဟုတ်တော့ ချီမင်လည်းမသိပေ။

"ဒါက..."ချီမင်က ခဏလောက်တွေးမိသွားသည်။"ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ပြန်လာပြီးပဲ။ သူက ငါနဲ့အတူတူပဲ။ငါတို့နှစ်ယောက်လုံးက ကမ္ဘာဦးကောင်းကင်အရှင်ရဲ့ဝင်ခွင့်တပည့်တွေပဲ။ ဒါပေမဲ့ သူက ငါ့ထက်စောဝင်ထားတော့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက်မြင့်တယ်။ ဒါကြောင့် သူက ငါ့ရဲ့စီနီယာအစ်ကိုပဲ။ငါကသူ့ရဲ့ဂျူနီယာညီလေးပဲ။"

သူက မတ်တပ်ရပ်ကာ ကျင့်ကြံခြင်းအခန်းမှ ထွက်လာလိုက်၏။ သူက ရှေ့တစ်လှမ်းတိုးကာ လေဟာနယ်ကို ဖြတ်ကျော်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူက မျိုးနွယ်သခင်များနှင့်အကြီးအကဲများ ရှေ့တွင် ပေါ်လာတော့သည်။

"ဂျူနီယာညီလေးချီမင်က စီနီယာအစ်ကိုကို နှုတ်ခွန်းဆက်သပါတယ်။"

ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ရှေ့တွင် ရပ်လိုက်သည်။ သူက လက်နှစ်ဖက်ကိုစုဖွဲ့လျက် လေးစားသည့်အသံဖြင့် ပြောလိုက်၏။

သူ၏အင်မော်တယ်သားရဲများအားလုံး လိုက်ပါလာသည်။

ချီမင်တွင် အင်မော်တယ်သားရဲဆယ်ကောင်ရှိပေသည်။

အင်မော်တယ်သားရဲများအားလုံးက အင်မော်တယ်ဘုရင် နှောင်းပိုင်းအဆင့်ကဖြစ်သည်။

မြေနီမှုန့်၊ကုရှီးရွှေနှင့်ယုဟောင်တို့အားလုံးက စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင် များဖြစ်သည်။ ဟွမ်ရှီးယွင်၊ဟော့ချန်ချင်း၊အမှောင်မီးလျှံ၊သေမင်း၊ယင်လေး၊လင်းနို့လေးနှင့် ကပ်ဘေးလေးတို့ အားလုံးကတော့ ဥပဒေသကျင့်ကြံသည့်အထက်မ္ဘာအင်မော်တယ်ဘုရင်များ ဖြစ်သည်။

အစေခံစနစ်ထဲတွင် အင်မော်တယ်နယ်ပယ်အဆင့်အစေခံများမှာ ပိုပြီးတောင်များပြားသေး၏။

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်က ချီမင်ကိုအကြိမ်အနည်းငယ်လောက် စူးစမ်းပြီး သူ့နောက်က အင်မော်တယ်သားရဲများကို ကြည့်လိုက်သည်။ သူက ခေါင်းအသာညိတ်ကာ ချီမင်ရှေ့ကိုလျှောက်လာသည်။ သူက လက်ဆန့်ပြီး ချီမင့်ပခုံးကိုပုတ်လိုက်သည်။"ဂျူနီယာညီလေး ဒီနေ့ကစပြီး မင်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပဲ။"

"လူတစ်ယောက်ရဲ့အောက် လူတစ်သောင်းရဲ့အထက်ကပဲ။"

"ငါတို့ ခေတ်ကာလကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးရင် ငါတို့က ကုသိုလ်တွေနဲ့ပြည့်သွားလိမ့်မယ်။ ငါတို့နောက်တစ်ဆင့်တက်ကောင်းတက်သွားနိုင်ပြီး ဆရာရဲ့လိုအပ်ချက်ကိုပြည့်မှီလို့ ကမ္ဘာဦးကောင်းကင်ကိုဝင်ရောက်နိုင်တယ်။"

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။”

"ဒါက..."

"စီနီယာချီက ဒုဂိုဏ်းချုပ်ဖြစ်လာတာလား။"

"အရမ်းမြန်လွန်းတယ်။"

"သူတို့က တစ်ခါပဲတွေ့ရသေးတာကို။ ဂိုဏ်းချုပ်က စီနီယာအစ်ကိုချီကို အဲ့လောက်တောင်ယုံတာလား။"

"ငါတို့က အမည်ခံတပည့်အဆင့်ပဲရှိတာ။စီနီယာအစ်ကိုချီကတော့ ဝင်ခွင့်တပည့်လေ။ သူက ဂိုဏ်းကိုတကယ်ဝင်လာပေါ့။ စီနီယာအစ်ကိုချီက ဂိုဏ်းချုပ်နဲ့အဆင့်အတန်းချင်းတူတယ်။ သဘာဝအတိုင်းပဲ ဂိုဏ်းချုပ်က တန်ဖိုးထားမှာပေါ့။"

"ဟုတ်တယ်။"

"ပြီးတော့ ဒီနှစ်တွေတလျှောက် စီနီယာအစ်ကိုချီအဆင့်တက်တိုင်း သူက မယှဉ်သာလောက်အောင်ခမ်းနားတဲ့ မိုးမြေရဲ့ထူခြားဖြစ်စဉ်တွေကို ဖန်တီးနေတာပဲ။သူက တာအိုကျင့်ကြံသူရဲ့အင်အားနဲ့ပါရမီတွေကို သက်သေပြပေးနေတာလေ။"

“…”

မျိုးနွယ်သခင်များနှင့်အကြီးအကဲများက ဆွေးနွေးနေကြ၏။

ချက်ချင်းဆိုသလိုပင်။

"စီနီယာအစ်ကိုချီကို ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ဒုဂိုဏ်းချုပ်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။"

"စီနီယာအစ်ကိုချီကို ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ဒုဂိုဏ်းချုပ်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။"

“…”

သူတို့က တညီတညွှတ်တည်းပြောလိုက်၏။

နောက်တခဏမှာ ချီမင်၏စီနီယာအစ်ကို ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်က ချီမင်ကို တာအိုဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။ သူတို့က ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ကမ္ဘာဦးမြင့်မြတ်တောင်သို့ရောက်လာပြီး ခမ်းနားသည့်အနက်ရောင်စေတီ၏ကိုးထပ်မြောက်ပေါ်သို့ တက်လိုက်ကြသည်။

၎င်းကို ကမ္ဘာဦးနတ်ဆိုးစေတီဟုခေါ်သည်။

ကိုးထပ်မြောက်တွင် ချီမင်နှင့်ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်တို့က အခန်းတစ်ခုထဲဝင်သွားသည်။ နှစ်ယောက်လုံးက မျက်နှာချင်းဆိုင်ထိုင်လိုက်၏။ နှစ်ယောက်က တစ်ဖက်ကိုတစ်ဖက်ကြည့်ကာ ပြောလိုက်၏။

ချီမင်က ခဏလောက်တွေးလိုက်ကာ ပြော၏။"စီနီယာအစ်ကို ခင်ဗျားက ကျွန်တော့်ကို ဒီကမ္ဘာဦးနတ်ဆိုးစေတီရဲ့ကိုးထပ်မြောက်ကိုခေါ်လာတာက တခြားမျိုးနွယ်သခင်တွေ မသိအောင်လို့လားဗျ။ စီနီယာမှာ ကျွန်တော့်ကို အရေးတကြီးပြောစရာရှိတယ်ထင်တယ်။"

"စီနီယာအစ်ကို ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းပြောပါ။"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်က ရယ်မောကာဆို၏။"ဟုတ်တယ်။တကယ်ပဲ ငါ့မှာမင်းကိုအရေးတကြီးပြောစရာရှိတယ်။ ပြီးတော့ ဒီကိစ္စကို တခြားမျိုးနွယ်သခင်တွေ သိလို့မရဘူး။"

"ငါ့ပြောမဲ့အရာက လူသိနည်းလေ ပိုကောင်းလေမလို့ပဲ။"

"စီနီယာအစ်ကို ကျေးဇူးပြုပြီး ပြောပါ။" ချီမင်က ဆက်ပြောသည်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်က ဆိုသည်။"ဒီကိစ္စကိုမပြောခင် ငါ့ကိုယ်ငါအရင်မိတ်ဆက်ဦးမယ်။ ငါ့နာမည်အရင်းက ချင်ဖေးယွမ်ပဲ။ ဒီနေ့ကစပြီး မင်းငါ့ကို စီနီယာချင်လို့ခေါ်လို့ရတယ်။ အနာဂတ်မှာ မင်းကငါ့ရဲ့ဂျူနီယာညီလေးဖြစ်လာလိမ့်မယ်။"

"ဟုတ်ကဲ့ပါ။ စီနီယာအစ်ကိုချင်။"

"ဟားဟား.."ချင်ဖေးယွမ်က ရယ်၏။"ကောင်းတယ်။"

"ဟုတ်ပြီ။" ချင်ဖေးယွမ်က ဆက်၍ဆို၏။"ဂျူနီယာလေးက တည့်တိုးသမားဆိုတော့ ငါကွေ့ဝိုက်မနေတော့ဘူး။ ဒီကိစ္စက တာအိုသက်သေပြခြင်းနဲ့ဆိုင်တယ်။"

"တာအိုသက်သေပြခြင်းဆိုတာ?" ချီမင်က ကြောင်သွားသည်။"စီနီယာအစ်ကိုချင် တာအိုသက်သေပြခြင်းဆိုတာဘာလဲ။"

"ဂျူနီယာညီလေး မင်းတကယ်ကြီးမသိဘူးလား။"

ချင်ဖေးယွမ်က ဆက်ရှင်းမပြခင် အနည်းငယ်အံ့ဩသွား၏။"ဒါပေမဲ့ မင်း အင်မော်တယ်နယ်ပယ်အထက်မှာ ကောင်းကင်အရှင်နယ်ပယ်ရှိတယ်ဆိုတာတော့ သိတယ်မလား။ငါတို့ဆရာက ကမ္ဘာဦးကောင်းကင်အရှင်ပဲ။သူက ကောင်းကင်အရှင်နယ်ပယ်ပဲ။ ပြီးတော့ ငါတို့ဆရာက အရမ်းလည်းထူးချွန်တယ်။"

"မင်းသာ အင်မော်တယ်နယ်ပယ်ကနေ ကောင်းကင်အရှင်နယ်ပယ်အဆင့်ကိုတက်လှမ်းချင်ရင် မင်းက မင်းရဲ့တာအိုကိုသက်သေပြဖို့လိုတယ်။"

"ဒါက.."ချီမင်က ခဏလောက်စဉ်းစားခန်းဝင်သွား၏။

"ပထမအထက်ကမ္ဘာကို လောကသုံးထောင်ခွဲထားတယ်။ ပြည်နယ်ကိုးလောကက လောကသုံးထောင်ထဲက တစ်ခုပဲ။ ငါ ပြည်နယ်ကိုးလောက ကနေထွက်ပြီး လောကသုံးထောင်ကိုခရီးထွက်နေတာကြာပြီ။ ငါ အရာတွေအများကြီး မြင်ခဲ့ဖူးတယ်။"

ချင်ဖေးယွမ်က ဆက်ပြောသည်။"တကယ်တော့ ငါတစ်ယောက်တည်းမဟုတ်ဘူး။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကလည်း ပြည်နယ်ကိုးလောက ကနေထွက်ပြီး အထက်ကမ္ဘာကိုခရီးထွက်လှည့်လည်နေတာကြာပြီ။"

"အခု ပြည်နယ်ကိုးလောကရဲ့ကပ်ဘေးဒုက္ခက ရောက်လာတော့မယ်။ ငါတစ်ယောက်တည်းမဟုတ်ဘူး။ ပြည်နယ်ကိုးလောက ကနေထွက်သွားတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေအားလုံး တစ်ယောက်ပြီးတစ်ယောက်ပြန်လာတော့မယ်။"

"သူတို့က အကြောင်းအရင်းတစ်ခုတည်းကြောင့်ပြန်လာတာ။"

"သူတို့က တာအိုကိုသက်သေပြဖို့ အခွင့်အရေးအတွက် ယှဉ်ပြိုင်ချင်လို့ပဲ။"

"စီနီယာအစ်ကိုချင် ကျွန်တော် နည်းနည်းနားလည်သွားပြီ။"

"ပထမအထက်ကမ္ဘာမှာ လောကသုံးထောင်ရှိတယ်။ ပြည်နယ်ကိုးလောကနဲ့တခြားလောကတွေမှာ သက်ဆိုင်ရာ ခေတ်ကာလကပ်ဘေးဒုက္ခတွေ လာလိမ့်မယ်။ ခေတ်ကာလကပ်ဘေးဒုက္ခပြီးရင် သဘာဝအတိုင်းတာအိုသက်သေပြခြင်းသစ်သီးမွေးဖွားလာလိမ့်မယ်။"

ချင်ဖေးယွမ်က ပြောသည်။"တာအိုသက်သေပြခြင်းသစ်သီးကိုရဖို့က မလွယ်ဘူး။ ကျင့်ကြံခြင်းအဆင့်သန်မာနေရုံနဲ့ မရနိုင်ဘူး။ ခေတ်ကာလကပ်ဘေးဒုက္ခကိုဖြတ်ကျော်ပြီး ကုသိုလ်လုံလောက်မှ တာအိုသက်သေပြခြင်းသစ်သီးကို ရနိုင်မှာ။"

All Chapters