တာအိုသက်သေပြခြင်းသစ်သီး၊ မူလအစတိုက်ကြီး
Vol. 25 Ch. 374
ချီမင်သည်တာအိုသက်သေပြခြင်းသစ်သီးနှင့်ပတ်သက်သည့်အကြောင်းအရာများကို ချင်ဖေးယွမ်ထံမှ သိသွားခဲ့၏။ သူက လိုချင်ပါက လုံလောက်အောင်သန်မာရမည့်အပြင် အခွင့်အရေးနှင့်ကုသိုလ်လုံလောက်မှ ရပေမည်။
ခွန်အားမရှိဘဲနှင့်တော့ တာအိုသက်သေပြခြင်းသစ်သီးကိုကာကွယ်နိုင်မည်မဟုတ်ပါ။ သူတို့က စွမ်းအားကြီးရန်သူများထံမှ လိုက်လံဖမ်းဆီးခံရနိုင်သလို ထိုသစ်သီးအတွက်တိုက်ခိုက်နေရင်းနှင့် တောင် သေသွားနိုင်၏။
အခွင့်အလမ်းနှင့်ကုသိုလ်မလုံလောက်ပြန်ရင်လည်း တာအိုသက်သေပြခြင်းသစ်သီးကိုမရနိုင်ပေ။ တာအိုသက်သေပြခြင်းသစ်သီးတွင် စိတ်ဝိညာဉ်ရှိသည့်အတွက် ထိနိုင်မှာတောင်မဟုတ်ပေ။ အခွင့်အလမ်းနှင့်ကုသိုလ်မလုံလောက်ရင် တာအိုသက်သေပြခြင်းသစ်သီးကိုရခဲ့လျှင်ပင် စုပ်ယူနိုင်မည်မဟုတ်ပါ။ ကမ္ဘာကြီးထဲမှ တိုက်ရိုက်ပျောက်ကွယ်သွားပေလိမ့်မည်။
နောက်ဆုံးခေတ်တွင် တာအိုခြောက်ပါးကောင်းကင်အရှင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုတည်ထောင်ခဲ့ပြီး ကပ်ဘေးကိုပြန်လည်ငြိမ်သက်စေကာ အစီအစဉ်တကျပြန်ဖြစ်စေခဲ့သည်။ သူတွင် အဆုံးမဲ့ကုသိုလ်များရှိသည်။ တာအိုခြောက်ပါးကောင်းကင်အရှင်က အရမ်းစွမ်းအားကြီးတော့ သူက တာအိုသက်သေပြခြင်းသစ်သီးးကိုရသွားခဲ့ပြီး ကောင်းကင်အရှင်နယ်ပယ်ထဲသို့ ခြေချနိုင်သွားခဲ့၏။ သူက တာအိုခြောက်ပါးသစ်သီးကိုဆင်ခြင်နားလည်နိုင်ခဲ့ပြီး သူ့ကို တာအိုခြောက်ပါးကောင်းကင်အရှင်ဟုခေါ်ဆိုခဲ့သည်။
"စီနီယာအစ်ကို" ချီမင်က ခဏလောက်တွေးမိသွား၏။"စီနီယာဒီတစ်ခေါက်ပြန်လာတာ တာအိုသက်သေပြခြင်းသစ်သီးအတွက် ဝင်ပြိုင်ဖို့လား။"
"ဟုတ်ပြီ။" ချင်ဖေးယွမ်သည် ခေါင်းညိတ်ကာ ပွင့်လင်းစွာဖြေ၏။"ငါပဲမဟုတ်ဘူး။ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ရယ် တာအိုဂိုဏ်းရဲ့ထျန်းရွှီကျစ်ရယ်နဲ့ ပြည်နယ်ကိုးလောကနေထွက်ပြီး လောကတခွင်ခြေဆန့်နေတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေလည်းပါတယ်။ သူတို့ပြန်လာရတဲ့ပန်းတိုင်က အခြေခံအားဖြင့်တော့ တာအိုသက်သေပြခြင်းသစ်သီးကိုရဖို့ပဲ။"
"ဒါက.."ချီမင်က ဆက်ပြောသည်။"စီနီယာအစ်ကို တာအိုသက်သေပြခြင်းသစ်သီးက တစ်လုံးတည်းရှိတာလား။ စီနီယာက ကျွန်တော့်ကိုဒီကိစ္စတွေပြောပြပြီးရင် ကျွန်တော်ဝင်စွက်ဖက်မှာမကြောက်ဘူးလား။"
"ဟားဟား.."ချင်ဖေးယွမ်က ထပ်မံရယ်လိုက်ပြန်သည်။ သူက မတ်တပ်ရပ်ကာ ချီမင်၏ပခုံးကိုပုတ်လိုက်သည်။"ဂျူနီယာညီလေးရာ.. ငါတို့က တစ်ဂိုဏ်းတည်းကလည်းဟုတ်သလို ဆရာတစ်ယောက်တည်းရဲ့ ဝင်ခွင့်တပည့်တွေလေ။ မင်းမှာသာ အခွင့်အလမ်းနဲ့ကုသိုလ်လုံလောက်လို့ တာအိုသက်သေပြခြင်းသစ်သီးကိုရရင်လည်းငါဘာလို့ မပျော်ပဲနေနိုင်ရမှာလဲ။"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။" ချီမင်က လက်နှစ်ဖက်ကိုစုကာ ဦးညွှတ်လိုက်သည်။
ချီမင်က ချင်ဖေးယွမ်၏အတွေးအစစ်ကိုတော့ မသိပေ။သို့ပေမဲ့ ထိုအခိုက်တွင်သူက ထိုသူ့ထံမှ ရန်လိုမှုကိုမခံရပေ။ တကယ်လို့ လျှို့ဝှက်ကြံစည်မှုများရှိရင်တောင် ချီမင်က မကြောက်ပေ။
သူ့အင်အားကလည်း မနည်းပေ။
အချိန်ကုန်ဆုံးသွားသည်။
လဝက်ကြာသွားခဲ့သည်။
ချီမင်နှင့်ချင်ဖေးယွမ်က ကမ္ဘာဦးနတ်ဆိုးစေတီ၏ကိုးထပ်မြောက်တွင် ကြာရှည်စွာ ဆွေးနွေးနေခဲ့သည်။ အစက သူတို့က ပြည်နယ်ကိုးလောကအကြောင်းကိုဆွေးနွေးနေခဲ့တာဖြစ်သည်။
သူက ချင်ဖေးယွမ်ထံမှ ကိစ္စရပ်များစွာ သင်ယူခဲ့ရ၏။ ပြည်နယ်ကိုးခုတွင် ခေတ်ကာလ များစွာရှန်သန်ခဲ့ရသည့် မြေခွေးအိုကြီးများဖြစ်သည်။ သူတို့အင်အားက မယုံနိုင်လောက်အောင်နက်နဲသည်။
မြေခွေးအိုကြီးများက ကာလရှည်ကြာရှင်သန်ခဲ့သည်။ သူတို့က မကောင်းသည့်ကမ္မများစွာ စွန်းထင်နေကြသည့်အတွက် သူတို့ကိုယ်သူတို့သန့်စင်နိုင်စွမ်းမရှိတော့ပေ။ သူတို့က တာအိုသက်သေပြခြင်းသစ်သီးကိုရဖို့ ကံကြမ္မာပါမလာတော့ပေ။သူတို့က ဘဝတစ်သက်တာတွင် ကောင်းကင်အရှင်နယ်ပယ်သို့ရောက်ရန်မဖြစ်နိုင်တော့ပေ။
သို့ပေမဲ့ ထိုမြေခွေးအိုကြီးများတွင် နည်းစနစ်များစွာရှိသည်။ ခေတ်ကာလကပ်ဘေးဒုက္ခတိုင်းတွင် ကြီးမားစွာဝင်စွက်ဖက်နိုင်ကြသည်။ သူတို့က ခေတ်ကာလကပ်ဘေးဒုက္ခတွင် ကမ္မများစုဆောင်းနိုင်ပြီး ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကို နှောင့်နှေးအောင်လုပ်၍ရသည်။
တကယ်တော့...
တချို့မြေခွေးအိုကြီးများက သေရမှာကို ကြောက်သွားပြီး သူတို့အသက်များကို ရူးသွပ်စွာ ဆွဲဆန့်သောကြောင့် ကြောက်မက်ဖွယ်ကပ်ဆိုးများကျရောက်လာရပြီး သက်ရှိများကိုဒုက္ခပင်လယ်များဝင်စေခဲ့သည်။
ချီမင်နှင့်ချင်ဖေးယွမ်က ခုနစ်ရက်ကြာ တာအိုဆွေးနွေးခဲ့သည်။ သူတို့နှစ်ယောက်လုံး ဤကိစ္စမှ အကျိုးအမြတ်များစွာရလိုက်သည်။ ချင်ဖေးယွမ်က သူ၏သူငယ်ချင်းဟောင်းထံမှ သတင်းကိုရလာ၍ ရပ်တန့်လိုက်သည်။
နေ့လည်မှာတော့ သူတို့က အလင်းစီးကြောင်းများအဖြစ်ပြောင်းလဲကာ ကမ္ဘာဦးနတ်ဆိုးစေတီမှပျံသန်းထွက်လာခဲ့ကြသည်။ နှစ်ယောက်က လေဟာနယ်ထဲ၌ ရပ်တည်ကာ တစ်ယောက်ကိုတစ်ယောက်ပြုံးကာကြည့်၏။
"ဂျူနီယာညီလေး" ချင်ဖေးယွမ်က ပြောသည်။"ငါ့ရဲ့ဒီတာအိုသူငယ်ချင်းက ထူးခြားတဲ့နောက်ခံရှိတယ်။အရမ်းလည်းထူးဆန်းတယ်။ ဒီတစ်ကြိမ်သူပို့ပေးတဲ့သတင်းက အရမ်းအရေးကြီးတယ်။ ဒီသတင်းမှာ ကြီးမားတဲ့အခွင့်အလမ်းကြီးပါတယ်။ မင်းတကယ် ငါနဲ့လိုက်မကြည့်တော့ဘူးလား။"
"စီနီယာအစ်ကိုရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။" ချီမင်က ဆိုသည်။"ကျွန်တော့်ရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းတယ်။ ကျွန်တော်က အခုမှရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ပဲရှိသေးတယ်။ ဒီကိစ္စထဲကိုသာ အလောတကြီးဝင်လာလိုက်ရင် ကျွန်တော် ဒုက္ခရောက်သွားမှာသေချာတယ်။"
"အပြင်ထွက်ပြီးအခွင့်အလမ်းရှာရတာထက်စာရင် ကျွန်တော် ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်မှာနေပြီး ကျင့်ကြံတာပိုကောင်းတယ်။"
"ထားလိုက်တော့။"
ချင်ဖေးယွမ်က ခေါင်းခါလိုက်၏။"လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်တာအိုဆိုတာရှိတယ်။ သူတို့ကိုတွန်းအားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဂျူနီယာညီလေးက မလိုက်သေးဘူဆိုမှတော့ ထားလိုက်ပါတော့။"
"ငါသွားတော့မယ်။"
ချင်ဖေးယွမ်က လှုပ်ရှားမှုနည်းစနစ်ကိုထုတ်သုံးလိုက်၏။ သူ့ခန္ဓာကိုယ်က အလင်းစီးကြောင်းအဖြစ်ပြောင်းလဲသွားကာ အချိန်နှင့်နေရာလွတ်ထဲသို့ ဝင်သွားသည်။ သူက နေရာလွတ်ကိုဖြတ်သန်းလျက် နေရာရွှေ့ပြောင်းကာ အလင်း၏အမြန်နှုန်းထက်ကျော်သွားသည်။
ချက်ချင်းဆိုသလိုပင် သူက ပျောက်ကွယ်သွားတော့၏။
ချီမင်က ချင်ဖေးယွမ်၏အရှိန်အဝါကိုအာရုံမခံနိုင်ပေ။
"မြန်လိုက်တဲ့နည်းစနစ်။"
"ငါပြန်ပြီးပဲ သီးသန့်ကျင့်ကြံတော့မယ်။"
ချီမင်က အကြည့်ပြန်ခွာလိုက်ကာ မထူးမခြားနားပြောသည်။
သူက ကောင်းကင်ပေါ်သို့ခုန်တက်သွားကာထွက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာသူ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်သို့ပြန်ရောက်လာခဲ့၏။ သူ၏ချီမင်သားရဲဆယ်ကောင်က ချီမင်ကို ကြိုဆိုနေကြ၏။
"သခင် ပြန်လာပြီပဲ။"
"ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်က သခင့်ကိုခက်ခဲအောင်တော့မလုပ်ပါဘူးမလား။"
“…”
အင်မော်တယ်သားရဲများက အတူတကွပြောနေကြသည်။
"မလုပ်ပါဘူး။" ချီမင်ကဆိုသည်။"ငါ အချိန်တစ်ခုထိ ကောင်းကင်ဉာဏ်အလင်းခန်းမမှာပဲ ဆက်ပြီးတံခါးပိတ်ကျင့်ကြံဦးမယ်။ မင်းတို့ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်မှာပဲ နေကြဦး။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အင်မော်တယ်စစ်တပ်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေထဲကိုချိုးဖောက်ဝင်လာတာမဟုတ်ရင် ငါ့ကိုလာမနှောင့်ယှက်နဲ့။"
"ဟုတ်ပြီ။"
" ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်က ငါ့ဆီလူကိုယ်တိုင်ရောက်လာရင်တော့ မင်းတို့ငါ့ကိုအရင်အသိပေး။"
"ဟုတ်ကဲ့”
"ဟုတ်ကဲ့”
“…”
ချီမင်၏အင်မော်တယ်သားရဲများက ခေါင်းညိတ်ကြသည်။
သူက စိတ်ကျေနပ်သွား၏။
တခြားတစ်ဖက်တွင်တော့ ချင်ဖေးယွမ်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှထွက်ခွာလာပြီး နောက်လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်အံ့ဩသည့်အမူအရာတစ်ခုပေါ်လာတော့၏။"ငါ့ရဲ့ဂျူနီယာညီလေးက တကယ့်ကိုနက်နဲတာပဲ။ သူက ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ပဲရှိသေးပေမဲ့ ငါ့ဘေးနားရပ်နေတုန်းက ငါ့ကိုဖိအားပေးနိုင်တယ်။"
"ပြီးတော့..."
"တာအိုဆွေးနွေးတုန်းက သူပြောတဲ့သဘောတရားနဲ့တာအိုကျမ်းက ငါတောင်နားလည်သဘောပေါက်ယူရတယ်။ တကယ့်ကိုထူးခြားပြီး အံ့ဖွယ်ပဲ။"
"တာအိုကျင့်ကြံသူဆိုတဲ့အတိုင်းပဲ။ သူက ဆရာရဲ့တိုက်ရိုက်အသိမှတ်ပြုမှုကိုရပြီး တပည့်ဖြစ်လာနိုင်တဲ့ အရည်အချင်းရှိတယ်။ ငါဆရာရဲ့တပည့်ဖြစ်ဖို့ဆို စမ်းသပ်ချက်သုံးခုကိုဖြတ်ကျော်ခဲ့ရတာ။ နောက်ဆုံးစမ်းသပ်ချက်ဆို ငါ့မှာကောင်းကင်အရှင်နယ်ပယ်လက်ထဲမှာ သေလုဆဲဆဲပဲ။"
"ပိုပြီးအရေးကြီးတာက။" ချင်ဖေးယွမ်က အသက်ပြင်းပြင်းရှုကာ လက်သီးဆုပ်လိုက်၏။ သူ့မျက်နှာပေါ်တွင် မလိုလားမှုအရိပ်အယောင်များပေါ်လာတော့၏။ "လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုန်းက ချီမင်က ဆရာရဲ့တပည့်ဖြစ်လာခဲ့တာ။ ငါ ဆရာရဲ့အသံလွှင့်ပို့ချက်ကိုကြားတော့ ပြည်နယ်ကိုးလောကကို မြန်နိုင်သမျှမြန်မြန်ပြန်လာခဲ့တာ။ သူက ငါ့ကို ချီမင်တာအိုသက်သေပြခြင်းသစ်သီးရအောင် အကောင်းဆုံးကူညီခိုင်းထားတယ်။သူ့ကို တာအိုသက်သေပြခိုင်းစေချင်နေတယ်။"
"ဘာလို့လဲ။"
သူကက ဒေါသနှင့်မလိုလားမှုများကိုဖိနှိပ်ကာဆိုသည်။"ချီမင်က ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ပဲရှိသေးတာ။ငါက အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ကိုရောက်နေပြီ။ ငါက ဥပဒေသရောစည်းမျဉ်တွေကိုရော ပြီးပြည့်စုံအောင်နားလည်ထားတယ်။ ငါက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားတစ်ခုကိုတောင် ကျင့်ကြံထားတယ်။ ငါမှာ ငါ့ခန္ဓာကိုယ်ကိုကာကွယ်ပေးနေတဲ့ကောင်းကင်တာအိုရတနာလည်းရှိတယ်။ငါ့ရဲ့ကိုယ်ပိုင်တာအိုလည်းရှိထားတယ်။"
"တာအိုကျင့်ကြံသူတစ်ဦးဆိုတာကလွဲရင် ချီမင်က ငါ့ကိုယ်ဘယ်လိုမျိုးယှဉ်နိုင်မှာပဲ။"
ချင်ဖေးယွမ်ကတာအိုသက်သေပြခြင်းသစ်သီးအကြောင်းကိုသိလာခဲ့တာကြာခဲ့ပေပြီ။ သူက ထိုကိစ္စကို ကြိုတင်စီစဉ်ထားတာတောင် ကြာခဲ့ပြီဖြစ်သည်။ သူက လောကသုံးထောင်ကိုခြေဆန့်ခဲ့ပြီး တာအိုကျင့်ကြံသူများစွာနဲ့မိတ်ဖွဲ့ခဲ့သည်။
တစ်နေ့ ခေတ်ကာလကပ်ဘေးဒုက္ခသည် ပြည်နယ်ကိုးလောကသို့ကျဆင်းလာခဲ့သည့်နေ့မှာ သူက တာအိုသက်သေပြခြင်းသစ်သီးကိုရချင်သည်။ အဆုံးမှာတော့ ကမ္ဘာဦးကောင်းကင်အရှင်၏အမိန့်အောက်မှာချင်ဖေးယွမ်က အရာအားလုံးကိုလက်လျော့လိုက်ရကာ သူစီစဉ်ထားသမျှက ချီမင်၏အကျိုးကျေးဇူးများဖြစ်လာခဲ့သည်။
ချင်ဖေးယွမ်က လက်လျှော့ဖို့ဆန္ဒလုံးဝမရှိပေ။
သူက အသက်ပြင်းပြင်းရှုလိုက်၏။ သူဘာတွေးနေလဲ မသိနိုင်တော့ပေ။ သူက ကမ္ဘာဦးကောင်းကင်အရှင်၏အမိန့်ကိုလိုက်နာမည်လား တခြားအစီအစဉ်တစ်ခုရှိလားတော့မသိရသေးပေ။
ချီမင်က ထိုကိစ္စကိုမသိသလို သူ့ဆရာနှင့်လည်းမရင်းနှီးသေပေ။ဒါတောင် ကမ္ဘာဦးကောင်းကင်အရှင် ချီမင်ကိုအရမ်းမြင့်မြင့်မှန်းထား၏။
ချီမင်တွင် ကမ္ဘာဦးကောင်းကင်အရှင်နှင့်တစ်ခါမှမတွေ့ဖူးပေ။
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်။
သီးသန့်ခန်းထဲတွင်။
"အများကြီးစဉ်းစားနေတာအသုံးမဝင်ဘူး။"
ချီမင် ကခဏလောက်တွေးမိသွားသည်။ "အခုအရေးကြီးဆုံးက ပြည်နယ်ကိုးလောကရဲ့ခေတ်ကာကပ်ဘေးဒုက္ခမလာခင်ငါ့ရဲ့အင်အားကိုများနိုင်သမျှများများတိုးမြှင့်တာပဲ။
"အရင်တုန်းက ငါ မလုပ်နိုင်မှာစိုးရိမ်နေခဲ့တာ။ဒါပေမဲ့ အခုငါက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းတွေကိုရှင်းရင် ကောင်းကင်နဲ့မြေကြီးမဟာတာအိုအပိုင်းအစတွေကို ရတော့ မျှော်လင့်ချက်ရှိလာတယ်။"
"ငါသာ ဂိမ်းမြေအောက်စခန်းတွေကိုနေ့တိုင်းရှင်းလင်းနေသရွေ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုအင်မော်တယ်အပိုင်းအစကိုရနိုင်ပြီး ပေါင်းစပ်စုပ်ယူနိုင်မှာ။ ငါ တိုက်ရိုက်အဆင့်တက်လို့ရတယ်။ ငါနှစ်တစ်သိန်းလောက် အလိုအလျောက်ကျင့်ကြံစရာမလိုတော့ဘူး။"
"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ကွာဒရီလီယန်ဖြည့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်:ဂိမ်းမြေအောက်စခန်း:မူလအစတိုက်ကြီးကိုအောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါတယ်။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဝင်မယ်။"
သူလိုချင်သည့်မြင်ကွင်းများပေါ်လာသည်။ ချီမင်၏ရှေ့တွင် ဂိမ်းမြင်ကွင်းများ ပေါ်လာခဲ့သည်။ ၎င်းက လျင်မြန်စွာပြောင်းလဲနေပြီးပြောင်းလဲနေခဲ့၏။
သိပ်မကြာခင်မှာပဲ။
ချီမင်က မူလအစတိုက်ကြီး၏အခြေခံအချက်အလက်များကိုသိသွားခဲ့သည်။
ထို့အပြင်
ချီမင်က အင်မော်တယ်နယ်ပယ်နှစ်ခြင်းအခန်းကို ထပ်မံဖွင့်လိုက်သည်။
တင်း!
"သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များကိုဖြည့်သွင်းပြီး မူလအစတိုက်ကြီးတွင် နှစ်ခြင်းအခန်းကိုဖွင့်လှစ်နိုင်ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဖြည့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။ ဂိမ်းဇာတ်ကောင်ကိုရွေးချယ်ပေးပါ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
မူလအစတိုက်ကြီး။
၎င်းက မူလအစကိုကျင့်ကြံသည့်ကမ္ဘာပင်။ မူလအစကမ္ဘာကို စည်းမျဉ်းများနှင့်ဥပဒေသများနှင့်ဖွဲ့စည်းထားသည်။ ဥပဒေသများနှင့်စည်းမျဉ်းများကိုနားလည်ခြင်းက စည်းမျဉ်းစွမ်းအားနှင့်ဥပဒေသစွမ်းအားကို သိပ်သည်းနိုင်ပါသည်။
နောက်ဆုံးအဆင့်ထိကျင့်ကြံပြီးပါက မူလအစကောင်းကင်သခင်တစ်ဦးဖြစ်လာနိုင်သည်။
မူလအစကောင်းကင်သခင်သည် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှင့်ညီမျှလေသည်။
အခု မူလအစကမ္ဘာကြီးတွင် ကမ္ဘာကြီးကိုပျက်စီးသွားစေနိုင်မည့် အန္တရာယ်ဖြစ်ပေါ်လာခဲ့သည်။ မူလအစကျင့်ကြံသူများက ဥပဒေသများနှင့်စည်းမျဉ်းများကို အချိန်နှင့်အမျှ နားလည်လာခဲ့၍ဖြစ်သည်။ သူတို့က မူလအစ၏စွမ်းအားများကိုသုံးစွဲခြင်းကြောင့် မူလအစတိုက်ကြီး၏ကမ္ဘာမူလအစသည် ယိုယွင်းလာခဲ့ရ၏။
ကမ္ဘာကြီးပျက်ဆီးမည်ကိုတားဆီးရန် မူလအစတိုက်ကြီး၏ကောင်းကင်တာအိုက မူလအစကျင့်ကြံသူများကို စတင်ဖျက်ဆီးရန်ကြိုးစားတော့၏။
ပွင့်ပွင့်လင်းလင်းပြောရရင် ၎င်းက ကျင့်ကြံသူများနှင့်ကောင်းကင်တာအိုကြားမှတိုက်ပွဲပေ။
မြေငလျင်များက ပတ်ဝန်းကျင်ကို အဆက်မပြတ်ဖျက်ဆီးသွားပြီး သဘာဝတရားကြီးက လူသားများကိုကလဲ့စားချေနေသည်။
မူလအစတိုက်ကြီးတွင် မူလအစတိုက်ကြီး၏ကောင်းကင်တာအိုသည် နတ်ဘုရားမျိုးနွယ်အဖြစ်ဆင့်ကဲပြောင်းလဲသွားပြီး မူလအစကျင့်ကြံသူများကို ဖျက်ဆီးခဲ့သည်။
အခု ချီမင်သည် မူလအစကျင့်ကြံသူများထဲမှတစ်ယောက်ဖြစ်ပြီး မူလအစတိုက်ကြီး၏ကောင်းကင်တာအိုကိုအနိုင်ယူရန်ဖြစ်သည်။သို့မဟုတ် ကောင်းကင်တာအိုဘက်မှ နတ်ဘုရားမျိုးနွယ်ဖြစ်လာကာ မူလအစကျင့်ကြံသူများကိုဖျက်ဆီးရန်ဖြစ်သည်။
"နတ်ဘုရားမျိုးနွယ်ကိုရွေးမယ်။"
ချီမင်သည် ခဏလောက်တွေးကာ ဆုံးဖြတ်ချက်ချခဲ့လိုက်သည်။ သူက ဂိမ်းဇာတ်ကောင်ကိုရွေးချယ်ပြီးသွားခဲ့သည်။