← Chapters

အဆင့်ချိုးဖြတ်ခြင်း။ ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်။နယ်ပယ်အလုံးစုံစစ်ပွဲ။ ကံကြမ္မာ၏ဆော့ကစားမှု။

Vol. 25 Ch. 375

အဆင့်ချိုးဖြတ်ခြင်း။ ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်။နယ်ပယ်အလုံးစုံစစ်ပွဲ။ ကံကြမ္မာ၏ဆော့ကစားမှု။

Vol. 25 Ch. 375

ချီမင်၏အသိစိတ်တစ်စိတ်တစ်ပိုင်းက ခွဲထွက်သွားခဲ့သည်။ယခင်အကြိမ်များတုန်းကအတိုင်းပေ။ ထို့ကြောင့် ခွဲထွက်သွားသည့်အသိစိတ်က မူလအစတိုက်ကြီးထဲသို့ဝင်ရောက်သွားပြီး ဂိမ်းဇာတ်ကောင်အသစ်ကိုရယူလိုက်သည်။

ဤတစ်ကြိမ်တော့ ချီမင်သည် မူလအစတိုက်ကြီး၏ကောင်းကင်တာအိုဘက်တွင်နေလိုက်သည်။ သူက နတ်ဘုရားမျိုးနွယ်၏အထွတ်အထိပ်နတ်ဘုရားများဘုရင်များထဲမှ တစ်ပါးဖြစ်လာသည်။

မူလအစတိုက်ကြီးထဲတွင် မူလအစကောင်းကင်သခင်များက အင်မော်တယ်ဘုရင်ကမ္ဘာများနှင့်ယှဉ်နိုင်သောဖြစ်တည်မှုများဖြစ်သည်။အထွတ်အထိပ်နတ်ဘုရားဘုရင်များကလည်း ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် အင်မော်တယ်ဘုရင်များနှင့်တူညီသည့်အဆင့်ကဖြစ်သည်။

“အရမ်းကောင်းတယ်။”

ချီမင်က ဂိမ်းဇာတ်ကောင်နှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်လိုက်၏။သူက မူလအစတိုက်ကြီးကိုကယ်တင်ရန်နှင့် မူလအစကျင့်ကြံသူများကိုမည်သို့မည်သို့ကိုင်တွယ်မည်ကို စတင်ပြင်ဆင်တော့သည်။

"ငါ ဂိမ်းမြေအောက်စခန်းထဲကို ဝင်တဲ့အကြိမ်တော်တော်များများက ငါကို့ ကယ်တင်ရှင်တစ်ယောက်လို့ ခံစားစေရတယ်။"

ချီမင်က ချက်ချင်းကို ဆောင်ရွက်တော့၏။ သူက တစ်ရက်လောက်သုံးပြီး သူ့ခွန်အားကိုပြသကာ နတ်ဘုရားမျိုးနွယ်အားလုံးကိုထိန်းချုပ်ခဲ့သည်။

ပိုပြီးအရေးကြီးသည်က။

ချီမင်သည် မူလအစတိုက်ကြီး၏ကောင်းကင်တာအိုနှင့်ဆက်သွယ်နိုင်သည်။သူက မူလအစကျင့်ကြံသူများကိုဖြေရှင်းဖို့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကောင်းကင်တာအိုထံမှစွမ်းအားများကို ချေးယူနိုင်သည်။

သူက ကောင်းကင်တာအို၏အသိမှတ်ပြုမှုကိုရရှိထားသောကြောင့် ချီမင်သည်နတ်ဘုရားမျိုးနွယ်၏အထောက်အပံ့ကိုရရှိထား၏။

မူလအစကောင်းကင်သခင်က အတော်လေးစွမ်းအားကြီးသည်။ သူတို့က မူလအစတိုက်ကြီး၏ကောင်းကင်တာအိုကိုတောင် စိစစ်ခဲ့သည်။ ဤနေရာတွင်တော့ မူလအစကောင်းကင်သခင်သည် အန္တနတန်ခိုးရှင်တစ်ဦးအလားပင်။

အချိန်ကုန်ဆုံးသွားသည်။

သုံးရက်ကြာပြီးနောက် မူလအစတိုက်ကြီး၏ စိတ်ပျက်ခြင်းပင်လယ်တွင်။

စစ်ပွဲက ပေါက်ကွဲထွက်လာခဲ့၏။

ချီမင်က နတ်ဘုရားမျိုးနွယ်ကိုဦးဆောင်ခဲ့ပြီးမူလအစကျင့်ကြံသူစစ်တပ်ကို တိုက်ရိုက်ပဲ နောက်ဆုံးတိုက်ပွဲကို စတင်လိုက်သည်။ နှစ်ဖက်ကြားမှာ တိုက်ပွဲက မယှဉ်သာလောက်အောင် တင်းမာလာသည်။ သူကလည်း ပြိုင်ဘက်ကင်းခွန်အားကို ထုတ်ပြခဲ့သည်။

"မဟာတာအိုသာလွန်သူ"

ချီမင်က မဟာတာအိုအင်မော်တယ်ဝင်ပေါက်အားလုံးကိုဖွင့်လိုက်သည်။ မဟာတာအိုသာလွန်သူများထွက်လာပြီး စစ်မြေပြင်တခွင် ပျံ့နှံ့သွားသည်။မူလအစကောင်းကင်သခင်များကိုသတ်နိုင်သည့်သူများ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာသည်။

"ကောင်းကင်တာအိုရတနာ။"

ချီမင်လည်း မူလအစတိုက်ကြီးမှကောင်းကင်တာအို၏မြှင့်တင်မှုကြောင့် သူ့အင်အားက ပိုပြီးတောင်သန်မာသွားရသည်။

နှစ်ရက်ကြာပြီးနောက်မှာ ထိုပြင်းထန်သန်မာသည့်တိုက်ပွဲကြီးက ပြီးဆုံးသွားသည်။

ချီမင်က ထိုစစ်ပွဲကိုအနိုင်ရသွားခဲ့ပြီး ဂိမ်းဇာတ်ကောင်၏တာဝန်ကိုပြီးမြှောက်သွားသည်။ သူက ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:မူလအစတိုက်ကြီးကို အောင်မြင်စွာ ရှင်းလင်းနိုင်သွားခဲ့သည်။မူလအစကျင့်ကြံသူများအားလုံးနီးပါးကို သတ်ဖြတ်နိုင်သွားခဲ့သည်။

သူက မူလအစတိုက်ကြီး၏ကောင်းကင်တာအိုစွမ်းအားကိုသုံးပြီး မူလအစကျင့်ကြံခြင်းလမ်းကြောင်းကိုဖျက်ဆီးခဲ့သည်။ နတ်ဘုရားမျိုးနွယ်၏ကျင့်ကြံခြင်းနည်းစနစ်များသာ မူလအစတိုက်ကြီးတစ်ခုလုံးတွင်ကျန်ခဲ့သည်။

"ဂိမ်းဇာတ်ကောင်တာဝန်ကိုပြီးဆုံးသွားခဲ့ပါပြီ။"

ချီမင်သည် မူလအစတိုက်ကြီး၏ပြောင်းလဲမှုများကိုခံစားလိုက်ရ၏။ သူက အဆုံးမဲ့ကောင်းကင်ယံကိုကြည့်ကာ တွေးတောဆင်ခြင်နေခဲ့သည်။ သူက မူလအစတိုက်ကြီး၏ကောင်းကင်တာအိုကိုအာရုံခံစားမိ၍ မထူးမခြားနားပြောသည်။"ငါ ပြန်သွားသင့်ပြီ။"

မူလအစတိုက်ကြီးသည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှဖန်တီးထားသည့်ကမ္ဘာကြီးပေ။ ရလဒ်ကမည်သိုပင်ဖြစ်စေ ချီမင်ရှင်းလင်းပြီးသည်နှင့် ၎င်းက သူထွက်သွားပြီးနောက်မှာ မူလအစသို့ပြန်ရောက်သွားပေလိမ့်မည်။

ဂိမ်းမြေအောက်စခန်းများက ကမ္ဘာအစစ်တစ်ခုဖြစ်သည်။ ထိုအထဲမှ သက်ရှိများသည် သီးခြားအမှန်တကယ်ရှင်သန်နေထိုင်သူများဖြစ်သည်။သို့ပေမဲ့ ချီမင်က ထွေထွေထူးထူးတော့ မခံစားရပေ။

အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းများမှသူများသေသွားလျှင်ပင် ဂိမ်းကိုပြန်လည်စတင်ပြီးနောက်မှာ ထိုသူက ပြန်လည်ရှင်သန်လာပြီး မူလအခြေအနေသို့ပြန်ရောက်သွားပေလိမ့်မည်။

ချီမင်သည် ဂိမ်းမြေအောက်စခန်းများကိုတော့ တကယ့်ကမ္ဘာကဲသို့မဆက်ဆံနိုင်ပေ။ သူက ဂိမ်းကစားနေသကဲ့သိုသာ ခံစားနိုင်သည်။ ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းပြီး ပြန်ဝင်လိုက်သည့်နောက်မှာပဲ ထိုဂိမ်းကပြန်လည်စတင်လာသည်ဖြစ်သည်။

ဂိမ်းကိုရှင်းလင်းပြီးနောက်မှာလည်း ဆုလဒ်သည် မတူညီကွဲပြားသည့် လက်နက်များနှင့်ကိရိယာများဖြစ်သည်။ ထိုသည်ကလည်း ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းပြီးတိုင်း ရသည့်ပျော်ရွှင်မှုတစ်ခုပေ။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:မူလအစတိုက်ကြီးကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ ဆုလဒ်များကို စာရင်းပြုစုနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ အင်မော်တယ်နှစ်ခြင်းအခန်းကိုဖွင့်လှစ်ထားခဲ့သည့်အခြေအနေအောက်တွင် သင် ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:မူလအစတိုက်ကြီးကို ခြောက်ရက်အတွင်း ရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် ဂိမ်းတာဝန်၏ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့ပါတယ်။ ဆုလဒ်များတိုးတက်သွားပါပြီ။"

"ဆုလဒ်:ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစခြောက်ခုနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ်ကွာဒရီလီယန်တို့ကိုရရှိပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ထင်ထားတဲ့အတိုင်းပဲ။"

ချီမင်က အသက်ပြင်းပြင်းရှုကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက သက်ပြင်းချလိုက်ပြီး မပြောခင်ခဏလောက်စဉ်းစားလိုက်သည်။"ငါ ဒီတစ်ခါကောင်းကင်နဲ့မြေကြီးမဟာတာအိုအပိုင်းအစ ခြောက်ခုတောင်ရလိုက်တယ်။"

"ငါ့ရဲ့ကျင့်ကြံခြင်းကိုတိုးမြှင့်ဖို့လုံလောက်တယ်။"

“အရမ်းကောင်းတယ်။”

ချီမင်သည် အင်မတန်စိတ်ကျေနပ်သွား၏။

အင်မော်တယ်ရတနာက ဘယ်လောက်စွမ်းအားကြီးကြီး အင်မော်တယ်သားရဲများဘယ်လောက်သန်မာသန်မာ သူ၏ကျင့်ကြံခြင်းတိုးမြှင့်သွားခြင်းကိုမယှဉ်နိုင်ပေ။ သူ့ကျင့်ကြံခြင်းအဆင့်တိုးသွားခြင်ကသာ စွမ်းအားကြီးရန်သူများသို့မဟုတ် ရုတ်တရက်အပြောင်းအလဲများကို တည်ငြိမ်စွာဖြေရှင်းနိုင်မည်ဖြစ်သည်။

"စုပ်ယူမယ်။"

အတွေးတစ်ချက်ဖြင့် ချီမင် သူ၏ပစ္စည်းစာရင်းကိုဖွင့်ကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစများကိုထုတ်မနေတော့ဘဲ တိုက်ရိုက်စုပ်ယူတော့သည်။

ထိုအခိုက်တွင် ချီမင်သည် နက်နဲသည့်အခြေအနေထဲသို့ဝင်ရောက်သွားတော့၏။ ဉာဏ်အလင်းပွင့်သွားသည့်အတိုင်းပင်။ သူ၏အသိစိတ်နှင့်စစ်မှန်ဝိညာဉ်တို့မှာ မိုးမြေမဟာတာအိုထဲတွင် လွတ်လပ်စွာကူးခတ်နေခဲ့သည်။

သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုရင်ဆိုင်နေရသည့်အလားပင်။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် ကျယ်ပြန့်လွန်းပါ၏။ ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုဆိုသော အရာကိုစစ်မှန်စွာနားမလည်နိုင်သေးပေ။

အဓိပ္ပာယ်အစစ်မှန်က ဘာများတုန်း။ ဘာကိုကိုယ်စားပြုတာတုန်း။

ကောင်းကင်တာအို၊လူသားတာအို၊မြေကြီးတာအို၊နေ၊လ၊ကြယ်၊တောင်တန်း၊မြစ်ချောင်းနှင့်သက်ရှိသတ္တဝါများ၊အသင်္ချေကမ္ဘာများ အရာအားလုံးသည် တာအိုဖြစ်သည်။မဟာတာအို၏သရုပ်သဏ္ဍာန်တစ်ခုဖြစ်သည်။

ချီမင်က လျှို့ဝှက်နက်နဲမှုအချို့ကိုသာ နားလည်နိုင်သေးသော်လည်း လုံလောက်နေပြီဖြစ်သည်။ သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်များကိုတစ်ခုပြီးတစ်ခုဖွင့်ခဲ့ပြီး သူ၏ကျင့်ကြံခြင်းအဆင့်နှင့်နယ်ပယ်ကို ဖြည်းညှင်းစွာတိုးမြှင့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်ပြီး အင်မော်တယ်သလင်းကျောက်များကိုထုတ်ယူလိုက်ကာ ကောင်းကင်နှင့်မြေကြီးစွမ်းအင်ကိုသုံးစွဲ၍ မဟာတာအိုအင်မော်တယ်ဝင်ပေါက်များကို ဖွင့်နေခဲ့သည်။သူ့အရှိန်အဝါက ပို၍သန်မာလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက်ကြာသွားခဲ့သည်။

ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစခြောက်ခုနှင့်စုပ်ယူပေါင်းစပ်ပြီးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁)များပွင့်လာခဲ့သည်။

သူက နောက်ထပ်အံ့ဖွယ်စွမ်းအား(၁၁၇၈၁)နှင့်ပေါင်းစပ်နိုင်ခဲ့ပြီး မဟာတာအိုသာလွန်သူပေါင်း(၁၁၇၈၁)ကို သိပ်သည်းနိုင်သွားခဲ့သည်။

ချီမင်သည် စုစုပေါင်းမဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၉၄၂၅၇)ကို တည်ဆောက်ပြီးသွားခဲ့သည်။

အချိန်ကုန်ဆုံးသွားသည်။

ဆယ်နှစ်ကြာသွားခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:ရွှေအင်မော်တယ်အပိုင်းကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် ဆယ်နှစ်ကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၉၄၂၅၇)ကို တစ်ခုတည်းအဖြစ်အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ သင့်ရဲ့ဓမ္မစွမ်းအားများအားလုံးက သန့်စင်သွားပါပြီ။ သင့်ရဲ့ အင်အားနှင့်ကျင့်ကြံခြင်းအဆင့်ကတိုးတက်သွားပါပြီ။ သင် ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ရောက်သွားပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"မဆိုးဘူး"

ချီမင်သည် အပျော်လွန်သွားပြီးမပြုံးဘဲမနေနိုင်တော့ပေ။သို့ပေမဲ့ သူက လျင်မြန်စွာဖြင့် သူကိုယ်သူထိန်းချုပ်လိုက်သည်။

နောက်တခဏမှာ ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။သူ့ခန္ဓာကိုယ်ထဲမှ မဟာတာအိုအင်မော်တယ်ဝင်ပေါက်တို့မှာ ပဲ့တင်ထပ်လာခဲ့သည်။ အံ့ဖွယ်စွမ်းအားဓမ္မရုပ်တုများပေါ်လာခဲ့ပြီး သူ၏အရှိန်အဝါများ လည်ပတ်လာသောကြောင့် ထူးခြားဖြစ်စဉ်များ ပေါ်လာခဲ့သည်။

ချီမင်၏အရှိန်အဝါက ထွက်ပေါ်လာခဲ့လျှင် ပြည်နယ်ကိုးလောကတစ်ခုလုံးကိုသက်ရောက်စေမည့် မယှဉ်သာလောက်အောင်ကြီးမားသည့် ထူးခြားဖြစ်စဉ်များကို တိုက်ရိုက်ဖြစ်ပေါ်စေလိမ့်မည်။

"ကောင်းကင်သံသရာကြယ်တာရာအစီအရင်"

ချီမင်သည် လက်ချိတ်စည်းများကိုဖွဲ့စည်းလိုက်၏။"ဖွင့်မယ်။"

ကောင်းကင်သံသရာကြယ်တာရာအစီအရင်သည် အသက်ဝင်လာပြီး စကြဝဠာ၏ကြယ်ရောင်စုံအဖြစ်ပြောင်းလဲသွားတော့သည်။ ၎င်းက ချီမင်၏အရှိန်အဝါကိုထပ်မံဖုံးအုပ်သွားသောကြောင့် ထူးခြားဖြစ်စဉ်ကလျင်မြန်စွာဖြင့်ပျောက်ကွယ်သွားတော့သည်။

တစ်လအကြာမှာ။

ချီမင်သည် သူ၏ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး အဆင့်ချိုးဖြတ်ပြီးသည့်ခွန်အားကို နားလည်ဆင်ခြင်ခဲ့သည်။

"ငါ ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ရောက်သွားပြီ။"

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ရောက်သွားပါပြီ။ ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းရာမှ ဆုလဒ်များလျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ်ဆယ်ကွာဒရီယန်သုံးပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ငါ့ထည့်မယ်။" ချီမင်သည် ပေါ့ပါးစွာပြောသည်။

တင်း!

"ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ဆယ်ကွာဒရီလီယန်ကိုအောင်မြင်စွာ ဖြည့်သွင်းခဲ့ပါတယ်။"

"ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:နယ်ပယ်အလုံးစုံစစ်ပွဲကို အောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါတယ်။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဝင်မယ်။"

သက်ဆိုင်ရာဂိမ်းမြင်ကွင်းများ ထပ်မံပေါ်လာခဲ့သည်။ နယ်ပယ်အလုံးစုံစစ်ပွဲ၏ဂိမ်းမြင်ကွင်းများ ပေါ်လာခဲ့၏။ သူ့မြင်ကွင်းတစ်ခုလုံးကို ပြည့်နှက်သွားခဲ့၏။ မြင်ကွင်းက ဆက်လက်ထွက်ပေါ်လာနေသည်။

ချီမင်၏စိတ်ထဲသို့ အချက်အလက်များစွာ ဝင်ရောက်လာခဲ့သည်။

မြင်ကွင်းက ရပ်တန့်သွားတော့၏။

ချီမင်၏ရှေ့မှ ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:နယ်ပယ်အလုံးစုံစစ်ပွဲသည် မတူညီသည့်ကမ္ဘာကိုးကမ္ဘာဖြင့်ဖွဲ့စည်းထာ၏။

ထိုဂိမ်းမြေအောက်စခန်းထဲတွင် နယ်ပယ်အလုံးစုံစစ်ပွဲသည် မူလက ကိုးကမ္ဘာဖြစ်သည်။ သို့ပါသော်လည်း တိုက်ဆိုင်မှုကြောင့် တစ်ခုကိုတစ်ခုပဲ့တင်ညို့ယူမိကာ ထိတိုက်မိသွားတော့သည်။

ကမ္ဘာကိုးကမ္ဘာပေါင်းစပ်ပြီးနောက်မှာ စစ်ပွဲဖြစ်လာခဲ့သည်။ ထိုစစ်ပွဲက နှစ်တစ်ထရီလီယန်ကျော်လာပေမဲ့ အနိုင်ရရှိသူတော့မရှိခဲ့ပေ။

ကမ္ဘာကိုးကမ္ဘာမှာ အမှောင်နယ်စပ်ကမ္ဘာ၊စကြဝဠာတုန်လှုပ်ကမ္ဘာ၊ကျင့်ကြံခြင်းကမ္ဘာ၊နတ်ဘုရားဂိမ်းကမ္ဘာ၊ဆန်းကြယ်ကမ္ဘာ၊ကြီးမားရှေးဟောင်းအစွန်း၊အလွှာအချိုးနှင့် ပျက်စီးခြင်းချောက်နက်တို့ဖြစ်သည်။

မတူညီသည့်ကမ္ဘာများ၏ကောင်းကင်တာအိုများကြောင့် စည်းမျဉ်းများနှင့်ဥပဒေသများမှာ သဘာဝအတိုင်းမတူညီပေ။ ထို့ကြောင့် ကမ္ဘာကိုးလုံးတွင် မတူကွဲပြားသည့်ကျင့်ကြံခြင်းနည်းလမ်းများရှိသည်။

နှစ်တစ်ထရီလီယန်စစ်ပွဲပြီးနောက်မှာ ကမ္ဘာကိုးလုံး၏ကောင်းကင်တာအိုသည် ပေါင်းစပ်သွားပြီး မယုံနိုင်လောက်အောင်ပြောင်းလဲသွားခဲ့သည်။

အခု ချီမင်သည် ထိုဂိမ်းမြေအောက်စခန်းကိုဖွင့်လိုက်သည်။ သူက မတူညီသည့်ဂိမ်းဇာတ်ကောင်ကိုးမျိုးကိုရွေးချယ်နိုင်သည်။

နှစ်တစ်ထရီလီယန်တောင်ရှည်ကြာသွားခဲ့သည်။ စစ်ပွဲကမပြီးဆုံးသေးပေမဲ့ အနိုင်ရသူလည်းမပေါ်သေးပေ။ကမ္ဘာကိုးလုံးထဲမှ သုံးကမ္ဘာကတော့ အရေးသာနေသည်။

ထိုကမ္ဘာသုံးကမ္ဘာသည် ကျင့်ကြံခြင်းကမ္ဘာ၊ဆန်းကြယ်ကမ္ဘာနှင့်ပျက်စီးခြင်းချောက်နက်တို့ဖြစ်သည်။

တင်း!

"သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်(၁၀)ကွာဒရီလီယန်ထည့်ပြီး နယ်ပယ်အလုံးစုံစစ်ပွဲ၏နှစ်ခြင်းအခန်းကိုဖွင့်လှစ်နိုင်ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ဆယ်ကွာဒရီလီယန်ဖြည့်မယ်။"

တင်း!

"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို အောင်မြင်စွာအသက်သွင်းလိုက်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ဂိမ်းဇာတ်ကောင် အမှောင်ဝါးမျိုသူ၊စည်းမျဉ်းလှည့်ဖျားသူ၊အထွတ်အထိပ်အင်မော်တယ်ဘုရင်..."

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဆန်းကြယ်ကမ္ဘာ:ကံကြမ္မာ၏ဆော့ကစားမှုကိုရွေးမယ်။"

All Chapters