← Chapters

ကောင်းကင်တက်လှမ်းခြင် မျှော်စင်။ ဖရိုဖရဲမဟာတာအိုကျမ်း : ရွှေအင်မော်တယ်အပိုင်း

Vol. 25 Ch. 361

ကောင်းကင်တက်လှမ်းခြင် မျှော်စင်။ ဖရိုဖရဲမဟာတာအိုကျမ်း : ရွှေအင်မော်တယ်အပိုင်း

Vol. 25 Ch. 361

ချီမင်၏ကျင့်ကြံခြင်းအဆင့်သည် ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်သွားတော့၏။ သူ့ခန္ဓာကိုယ်ထဲတွင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၃၅၃၅၅)ပေါက်ရှိသည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်တိုင်းတွင် အဆုံးမဲ့ဓမ္မစွမ်းအားများ ပါဝင်သည့် အတွင်းကမ္ဘာတစ်ခုစီရှိသေးသည်။

ထိုအခိုက်တွင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၃၅၃၅၅)ပေါက်များ၏ အလင်းမှတ်များသည် အလင်းမျဉ်းကြောင်းတစ်ခုအလားပင်။ သူတို့ လုံးဝကိုပေါင်းစပ်သွားခဲ့ပြီး ဓမ္မစွမ်းအားများမှာ ချိတ်ဆက်သွားခဲ့သည်။

မဟာတာအိုသာလွန်သူပေါင်း(၃၅၃၅၅)ရှိသည်။။ မဟာတာအိုသာလွန်သူတိုင်းက မတူညီသည့်အံ့ဖွယ်စွမ်းအားများကိုအခြေခံကာ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

မဟာတာအိုသာလွန်သူတိုင်းက ချီမင်၏အဓိကခန္ဓာနှင့်တူညီသည့်အင်အားမျိုးရှိသည်။

ချီမင်၏ကျင့်ကြံခြင်းအဆင့်တိုးတက်လာသည့်အတွက် သူ၏ခွန်အားကလည်း ထပ်မံတိုးတက်လာခဲ့သည်။ သူက ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်မှာဆိုရင်တောင် သူ၏အင်အားအစစ်က မယုံကြည်နိုင်စရာကောင်းသည့်အဆင့်သို့ရောက်နေပေသည်။

အချိန်ကုန်ဆုံးသွားသည်။

လတစ်ဝက်ကြာသွားခဲ့သည်။

ချီမင်က သူ၏ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။ အဆင့်ချိုးဖြတ်ခြင်း၏ထူးခြားဖြစ်စဉ်က တဖြည်းဖြည်း စုစည်းသွားခဲ့သည်။ အံ့ဖွယ်စွမ်းအားဓမ္မရုပ်တုများမှာ ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးကလည်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ထိတိုးတက်သွားပါပြီ။ အင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း : အံ့ဖွယ်သားရဲတိုက်ပွဲကို ရှင်းလင်းရာမှရရှိမည့်ဆုလဒ်များလျော့ကျသွားပါပြီ။ သင် အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်ရာကွာထရီလီယန်ဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဖြည့်သွင်းမယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

…

တင်း!

"ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ကို အောင်မြင်စွာအသက်သွင်းနိုင်ပါပြီ။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

…

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဝင်မယ်။"

ချီမင်၏ရှေ့မှမြင်ကွင်းကပြောင်းလဲသွားသည်။ဂိမ်းမျက်နှာပြင်ပေါ်လာတော့သည်။ ချီမင်ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က တာအိုကိုရရှိထားသည့် အင်မော်တယ်တစ်ပါးဖြစ်သည်။

သီးခြားကမ္ဘာကြီးတစ်ခုရှိတွင်ဖြစ်သည်။ ကမ္ဘာကြီးထဲတွင် သက်ရှိများလည်းမရှိသလို သက်မဲ့အရာများလည်းမရှိပေ။ လောကီအဆင့်ထက်ကျော်လွန်နေသည့် ဘုံဗိမ္မာန် တစ်ခုအလားပင်။

သီးခြားကမ္ဘာကြီးထဲတွင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကြီး မြင့်မားစွာ ရပ်တည်နေခဲ့သည်။ မျှော်စင်ထဲတွင် အထပ်ပေါင်း(၁၂၉၀၀၀)ရှိပြီး အထပ်တိုင်းတွင် မတူညီသည့်မြင်ကွင်းများရှိသည်။

ယခု ချီမင်သည် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ သူက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို တစ်ထပ်ပြီးတစ်ထပ်ဝင်ရောက်ပြီး ရှင်းလင်းဖို့သာလိုတော့သည်။

ထိုနည်းဖြင့် သူက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းရမည်ဖြစ်သည်။

မျှော်စင်၏တံခါးသည် ပွင့်လာပြီး မြည်ဟိန်းသံများ အဆက်မပြတ် ထွက်လာခဲ့သည်။ သူက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သို့ ဝင်ရောက်ပြီးတော့ ပထမအထပ်သို့ရောက်လာခဲ့သည်။ ပထမအထပ်၏အစောင့်အရှောက်က အဖြူရောင်ဆံပင်၊အစိမ်းရောင်ဝတ်စုံဖြင့် အကြီးအကဲတစ်ဦးဖြစ်သည်။

ချီမင်၏ရှေ့တွင် စစ်တုရင်ပွဲတစ်ပွဲပြင်ဆင်ထားသည်။

သူက ပထမအထပ်ကိုရှင်းလင်းချင်ပါက သူက အစိမ်းရောင်ဝတ်ရုံအကြီးအကဲနှင့် စစ်တုရင်ကစားရန် လိုအပ်ပါသည်။ သူက ထိုအကြီးအကဲကို အနိုင်ရသွားပါက ချီမင်သည် ဒုတိယအထပ်သို့ဝင်ရောက်နိုင်မည်ဖြစ်သည်။

“ကျေးဇူးပြုပြီး။” အစိမ်းဝတ်ရုံဖြင့်အကြီးအကဲသည် ပြုံးလိုက်၏။

"ကျွန်တော် မကစားချင်တော့ဘူး။ အလျင်လိုနေတယ်။"

ချီမင်ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်၏စကားဆုံးသွားသည်နှင့် ဓားသံတစ်ချက်ထွက်လာ၏။ သူက ဖရိုဖရဲကမ္ဘာဖျက်ဓားကို ပင့်မရင်း ကောင်းကင်နှင့်မြေကြီးမဟာတာအိုဖြင့်ခုတ်ချလိုက်သည်။

တစ်ချက်တည်းသာ။

ယင်းက တစ်ချက်တည်းသာဖြစ်သည်။

အစိမ်းဝတ်ရုံဖြင့်အကြီးအကဲက ဓားဖြင့်ခုတ်ခံလိုက်ရသည်။

စစ်တုရင်ကစားတာလား။ရယ်ဖို့ကောင်းတယ်။

၎င်းက အားနည်းသူများသာ လိုက်နာရသည့် စည်းမျဉ်းပေ။ စစ်မှန်သည့်ကျွမ်းကျင်သူများက စည်းမျဉ်းများကိုချမှတ်ပေသည်။ ချီမင်က ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏စည်းမျဉ်းကို မလိုက်နာပေ။ သူက အစိမ်းဝတ်ရုံဖြင့်အကြီးအကဲကို သတ်ပြီးပထမအထပ်ကို အတင်းအကြပ်ရှင်းလင်းလိုက်သည်။

"ဒါ...ဒါ...ဒါကြီးက"

အစိမ်းရောင်ဝတ်ရုံဖြင့် အကြီးအကဲက လုံးဝမသေဆုံးပေ။ သူ့ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားသည်။သို့ပေမဲ့ နောက်ဆုံးထွက်သက်ကိုရှုရှိုက်နေရသည်။"ငါ မသေခင် မိုးမြေမဟာတာအိုရဲ့ အမှန်တရားကို မြင်ခဲ့ရတယ်။ သေရတာထိုက်တန်ပါတယ်လေ။"

အစိမ်းရောင်ဝတ်ရုံဖြင့်အကြီးအကဲ၏ခွန်အားက မနိမ့်ကျပေ။ သူက စစ်တုရင်လမ်းကြောင်းကိုသုံးကာ မိုးမြေအမှန်တရားကိုလိုက်ရှာနေခဲ့ခြင်းဖြစ်သည်။သို့ပေမဲ့ မိုးမြေမဟာတာအို၏စစ်မှန်ဆန်းကြယ်မှုများ ကို မတွေ့နိုင်ခဲ့ပေ။ သူက ချီမင်၏ဓားချက်အောက်တွင်သေဆုံးသွားသည့်အခါ၌ သူက မိုးမြေမဟာတာအို၏အရှိန်အဝါလေးကို အာရုံခံမိခဲ့သည်။ သူက သေဆုံးရတာတန်သွားခဲ့ပေသည်။

ချီမင်ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က ဒုတိယထပ်သို့အလျင်အမြန်ဝင်ရောက်သွားခဲ့သည်။ ဒုတိယထပ်တွင် နွီဝါး၏မျိုးဆက် အလှလေးတစ်ဦးရှိနေခဲ့သည်။ သူမက လူသားခန္ဓာအပေါ်ပိုင်းနှင့် မြွေအမြီးကိုပိုင်ဆိုင်ထားပြီး ချီမင်၏ဓားအောက်မှာပဲ သေဆုံးသွားခဲ့သည်။

တတိယထပ်...နဝမထပ်.....အထပ်တစ်ရာမြောက်.....အထပ်တစ်သောင်းမြောက်...

ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က ပြိုင်ဘက်ကင်းတစ်ဦးပေ။ သူက ပြိုင်စံရှားဖြစ်ကာ ရပ်တန့်၍မရနိုင်သောသူတစ်ဦးအလားပင်။ သူက အထပ်တစ်ထပ်ချင်းစီကို မြက်ရိတ်နေသည့်အလား ရှင်းလင်းသွားခဲ့သည်။

ချီမင်က ဂိမ်းမျက်နှာပြင်ကိုပိတ်ကာ အာရုံစိုက်မနေတော့ပေ။ သူက ဂိမ်းမြေအောက်စခန်းကို အာရုံစိုက်နေစရာမလိုပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဆယ်ရက်အတွင်းရှင်းလင်းနိုင်မှာဖြစ်သည်။

သုံးရက်ကြာသွားသည်။

ယနေ့နေ့လည်ခင်းမှာတော့။

ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ထိပ်တွင်

ပုံရိပ်ခြောက်ခုက လေထုကိုထိုးခွဲလျက် ကောင်းကင်ဉာဏ်အလင်းခန်းမအပြင်ဘက်သို့ ရောက်လာကြသည်။ ချီမင်၏ဆင့်ခေါ်မှုကြောင့် သူတို့က ရောက်လာခြင်းဖြစ်သည်။

သူတို့ခြောက်ယောက်က ချီမင်ကို ဦးညွှတ်ကာ အလွန်အမင်းရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။ ထိုသူတို့သည် ချီမင်၏အင်မော်တယ်သားရဲများဖြစ်သည့် ဟော့ချန်ချင်းတို့ပါပင်။

.

သူတို့ကမြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များမဟုတ်တော့တာ ကြာလှပေပြီ။ သူတို့အားလုံးက အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်သို့ရောက်နေကြပြီဖြစ်ကာ ဥပဒေသပေါင်း(၁၂၉၆၀၀) ထိနားလည်ထားသည်။

ဟော့ချန်ချင်းက ဥပဒေသကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေပေပြီ။

သူက ဥပဒေသများကို ပြီးပြည့်စုံစွာ နားလည်ထားသည်။

လွန်ခဲ့သည့်နှစ်တစ်သန်းက ချီမင်သည် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း အံ့ဖွယ်သားရဲတိုက်ပွဲမှ အမွေအနှစ်သလင်းကျောက်များစွာ ရရှိခဲ့သည်။ သူက ဟော့ချန်ချင်းနှင့် ကျန်သောသူများကို စုပ်ယူခိုင်းခဲ့သောကြောင့် သူတို့က ရှားပါးအင်မော်တယ်သားရဲများ ဖြစ်လာခဲ့ကြသည်။

နေ့လည်းခင်းမှာ။

"ဂါဝရပြုပါတယ် သခင်။"

"ဂုဏ်ပြုပါတယ် သခင်။ သခင်ရဲ့ကျင့်ကြံခြင်းအဆင့်က ချိုးဖြတ်တက်ရောက်သွားပါပြီ။ ခွန်အားတွေလည်းတိုးတက်လာခဲ့ပါပြီ။"

"ဂုဏ်ပြုပါတယ် သခင်။"

“…”

ဟော့ချန်ချင်းတို့က ဂုဏ်ပြုလိုက်သည်။

ချီမင်က ခေါင်းညိတ်ကာ ဆိုသည်။"ငါမှာ မင်းတို့ကို တာဝန်ပေးစရာရှိတယ်။"

"သခင် ကျွန်တော်တို့ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်မှာနေတာ နှစ်(၁၀၀၀၀၀၀)ကျော်ပြီ။ ကျွန်တော်တို့ တာအိုဂိုဏ်းရဲ့ကျင့်ကြံသူပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းမှန်ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ ဘာမှရှာမတွေ့နိုင်ခဲ့ပါဘူး။"

"သခင် ကျေးဇူးပြုပြီး အပြစ်ပေးပါ။"

“…”

ဟော့ချန်ချင်းတို့က ညိုးငယ်သည့်မျက်နှာအမူအရာများဖြင့် ခေါင်းငုံ့လိုက်သည်။

လွန်ခဲ့သည့် နှစ် နှစ်သိန်းက ချီမင်က ဟော့ချန်ချင်းတို့က အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်သို့ လွှတ်ကာ တာအိုဂိုဏ်း၏တာအိုကျင့်ကြံသူပျောက်ဆုံးသွားရခြင်း၏အကြောင်းအရင်းမှန်ကို သေချာလေးစစ်ဆေးခိုင်းခဲ့သည်။ သူက ထိုကိစ္စတွင် အရှင်နယ်ပယ်ပါမပါ သိချင်၍ဖြစ်သည်။

အခုကြည့်ရသလောက် ဘာမှရှာတွေ့လာဟန်မရပေ။

စိတ်မကောင်းစရာပေ။

"ထားလိုက်တော့။"

ချီမင်က လက်ခါပြလိုက်သည်။ "မင်းတို့ မတွေ့တာလည်း ကောင်းပါတယ်။ အရှင်နယ်ပယ်ကသူသာ နောက်ကွယ်ကသူဆိုရင် ငါတို့ရှာလည်း တွေ့မှာမဟုတ်ဘူး။ ရှာတွေ့ရင်တောင် တစ်ဖက်ကသတိထားမိသွားပြီး ကပ်ဘေးတစ်ခုဖြစ်သွားလိမ့်မယ်။"

ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။"ငါတော့ လုံလောက်ပြီလို့မထင်သေးဘူး။ ဒီတစ်ကြိမ်တော့ မထွက်သေးနဲ့ဦး။ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်မှာပဲ နေဦး။"

"ဟုတ်။"

"ဟုတ်။"

“…”

ဟော့ချန်ချင်းတို့က ဦးညွှတ်အရိုအသေပြုလိုက်၏။

ထိုအခိုက်တွင် မြေနီမှုန့်ကပေါ်လာပြီး ချီမင်ကိုသတင်းပို့လိုက်၏။"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က နတ်ဆိုးဂိုဏ်းရဲ့မျိုးနွယ်သခင်တွေက ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ကိုလာပြီး မျိုးနွယ်သခင်ရဲ့ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်သွားတာကို ဂုဏ်ပြုသွားပါတယ်။ အဲ့တုန်းက..."

"အဲ့လိုလား။ငါအခုထွက်လာပြီဆိုတော့ သူတို့ကို ကြိုဆိုရမယ်။"

"ဟုတ်။" မြေနီမှုန့်က ခေါင်းညိတ်လိုက်သည်။

နောက်ဆုံးတော့ နှစ်နှစ်သန်းကြာသွားခဲ့သည်။

မြေနီမှုန့်က အင်မော်တယ်သားရဲကြီးထွားရာနေရာလွတ်၌ အဆ နှစ်ရာထရီလီယန်မြှင့်တင်မှုအောက် တွင် အဆက်မပြတ်ကြီးထွားလာခဲ့သည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့် ဖြစ်နေပေပြီ။ ထို့ပြင် သူက စည်းမျဉ်းကျင့်ကြံသူတစ်ဦးလည်းဖြစ်သည်။

မြေနီမှုန့်က ဥပဒေသ(၁၂၉၆၀၀)ကို နားလည်ထားပြီး ယင်းကလည်း ပြီးပြည့်စုံခြင်းအဆင့်ထိပင်။

ဟွမ်ရှီးယွင်ကလည်းသဘာဝအတိုင်း အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ကပေ။

သူမကလည်း ဥပဒေသပေါင်း(၁၂၉၆၀၀)ကို နားလည်ထားခဲ့သည်။

ပြီးပြည့်စုံပေသည်။

ချီမင်၏လက်အောက်တွင် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ရှစ်ယောက်ရှိသွားပေသည်။ သူတို့ထဲက ခုနစ်ယောက်က ဥပဒေသအဆင့်ဖြစ်ပြီး တစ်ဦးက စည်းမျဉ်းအဆင့်ကဖြစ်သည်။ သူတို့အားလုံးက ပြီးပြည့်စုံခြင်းအဆင့်ပေ။

ထို့ပြင် နှစ်နှစ်သန်းကြာပြီးနောက်မှာ ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံတွက်ချက်ခဲ့သည်။ ချီမင်သည် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏မျိုးနွယ်သခင်ဖြစ်သည့်နှင့်အတကမ္ဘာဦးကောင်းကင်အရှင်၏တပည့်တစ်ဦးလည်းဖြစ်သည်။သူက အင်မော်တယ်သလင်းကျောက်များစွာ သုံးစွဲခဲ့ပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို ဝယ်ယူခဲ့သည်။

ဖရိုဖရဲမဟာတာအိုကျမ်း:မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အပိုင်းကို အောင်မြင်စွာ တွက်ချက်နိုင်ခဲ့သည်။ ချီမင်က ကျင့်ကြံခြင်းနည်းစနစ်၏အချက်အလက်များကို လက်ခံလိုက်ပြီး အလွတ်မှတ်သားလိုက်သည်။

ဖရိုဖရဲမဟာတာအိုကျမ်း အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပိုင်းကို ဆက်၍တွက်ချက်ဖို့သည်တော့ အင်မတန်ခက်ခဲနေသေးသည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို ရထားသည်ဆိုပေမဲ့ တွက်ချက်ဖို့တော့ အတော်များများလိုအပ်နေပါသေးသည်။

အထွတ်အထိပ်ကမ္မနည်းစနစ်နှင့်အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကိုလည်း ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံခဲ့ပြီးပေပြီ။ သူတို့၏စွမ်းအားက ကြီးမားစွာတိုးတက်ခဲ့ပေမဲ့ နက်နဲခြင်းအဆင့်ထိတော့ရောက်ဖို့ လိုအပ်နေပါသေးသည်။

နှစ်နှစ်သန်းအတွင်းမှာ ချီမင်၏အင်အားက အတော်လေးတိုးတက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ လေးရက်ကြာသွားခဲ့သည်။

ယနေ့မှာတော့။

ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်တွင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက နေရာအသီးသီးမှ ရောက်လာကြသည်။ သူတို့က ချီမင်၏အဆင့်ချိုးဖြတ်သွားခြင်းကို လာရောက်ဂုဏ်ပြုကြခြင်းဖြစ်သည်။

ချီမင်သည် ကျင့်ကြံခြင်းအခန်းမှထွက်လာသည်နှင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုတော့သည်။ သူက ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်တွင် ကြီးမားသည့်တွေ့ဆုံပွဲကြီး ပြုလုပ်ခဲ့သည်။ အတော်လေးကို အသက်ဝင်သည်။

ကြီးမားသည့် ပွဲတော်ကြီးအတွင်း။

နတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက ချီမင်နှင့် ပြင်ပကမ္ဘာကြီးနှင့်ပတ်သက်သည့် ကိစ္စရပ်များ အကြောင်း ဆွေးနွေးနေခဲ့ကြသည်။

"စီနီယာအစ်ကိုချီ။"ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ဆိုသည်။"ဂိုဏ်းချုပ်ဆီက သတင်းရထားတယ်။ သူက အချိန်တစ်ခုလောက်ကြာရင် ပြည်နယ်ကိုးလောကကို ပြန်လာတော့မယ်တဲ့။ သူရောက်လာတဲ့အချိန်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို တရားဝင်တိုက်ခိုက်ကြမဲ့ အချိန်ပါပဲတဲ့။"

"ဂိုဏ်းချုပ်" ချီမင် ကခဏလောက်တွေးမိသွားသည်။

သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ဆိုသူကို တစ်ခါမှမမြင်ဖူးပေ။ သူက ထိုသူနှင့်ပတ်သက်သည့် ဒဏ္ဍာရီများနှင့်ကောလဟာလများကိုသာ ကြားဖူးသည်။ သို့ပါသော်လည်း ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များအားလုံးကတော့ ဂိုဏ်းချုပ်ဖြစ်သူကို မြင်ဖူးပေသည်။

သူတို့အားလုံးက ဂိုဏ်းချုပ်၏နက်နဲသည့်စွမ်းအားကို သိထားပေသည်။

မဟုတ်ရင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်သည် ကမ္ဘာဦးကောင်းကင်အရှင်၏ အတွင်းစည်းတပည့်တစ်ဦးဖြစ်လာစရာအကြောင်းမရှိပေ။

ပြောရမည်ဆိုလျှင်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်အပြင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်လည်းရှိသေးသည်။ သူတို့က အမှန်တကယ်တော့ ပြည်နယ်ကိုးလောကတွင်မရှိပေ။ ထိုအစားသူတို့က ပြည်နယ်ကိုးလောကမှထွက်ခွာသွားတာကြာပြီဖြစ်ပြီး အခုထိတိုင်ပြန်မရောက်လာသေးပေ။

အခု ပြည်နယ်ကိုးလောက၏ကပ်ဘေးဒုက္ခက ကျရောက်လာပေတော့မည်။ သူတို့ကထိုသတင်းကိုကြား၍ ပြည်နယ်ကိုးလောကသို့ ပြန်လာကြတာဖြစ်သည်။ ထိအရာကို လွဲချော်သွားလို့မရပေ။

မျိုးနွယ်သခင်များကလည်း သတင်းကိုလက်ခံရလိုက်သည်။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ကို မြင်ချင်သေးသည်။ ဘယ်လိုဖြစ်တည်မှုမျိုးပါလိမ့်။ သူ၏ခွန်အားနှင့်ကျင့်ကြံခြင်းအဆင့်များက ဘယ်အဆင့်များကဖြစ်နေမလဲ။

သူအတော်လေး သိချင်သွားသည်။

All Chapters