လိုက်လျောမှု
Vol. 151 Ch. 2146
ယနေ့တွင် ရီဖူရှင်းက ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအား အကြွင်းမဲ့ အနိုင်ယူနိုင်သည်ဖြစ်စေ ရှုံးနိမ့်ခဲ့သည်ဖြစ်စေ သူ့အမည်က လောကတစ်ခွင်တွင် ပျံ့နှံ့သွားပေလိမ့်မည်။ ဤတိုက်ပွဲသည် သူ့ကို ကျော်ကြားလာအောင် ပြုလုပ်ပေးနိုင်ပေသည်။
အဆင့်ငါးရန်ဟောင်တစ်ပါးက ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအတွင်း အမှန်တကယ် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ အဆင့်ခုနစ်နှင့် အဆင့်ရှစ်ရန်ဟောင်များက သူ့ကို တိုက်ခိုက်နိုင်ရုံသာ ရှိပြီး အဆင့်ကိုးရန်ဟောင် ထွက်လာသည့်အခါ၌ပင် ရီဖူရှင်းလက်ထဲ၌ ရှုံးနိမ့်ခဲ့ပေသည်။ ဤတိုက်ပွဲမှတ်တမ်းသည် မကြုံစဖူး ထူးကဲလှပေသည်။
ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ မဟာနတ်ဘုရားများကုန်းမြေသည် အဆင့်မြင့်ကောင်းကင်ကိုးလွှာ၏ အလယ်အလတ် ကောင်းကင်သုံးလွှာ၌ တည်ရှိပေသည်။ ရီဖူရှင်းက ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအတွင်း ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိခြင်းမှာ အဆင့်ငါးရန်ဟောင်တစ်ပါးသာ ဖြစ်သေးသော သူက ရှန်ချင်းနယ်မြေ၏ အစွမ်းထက်ဆုံး တန်ခိုးရှင်အချို့၏ အဆင့်သို့ ရောက်ရှိနေခဲ့ပြီဟု ဆိုလိုပေသည်။ သူက အမှန်တကယ်ပင် အဆင့်ငါးမှ အစွမ်းထက်သော ရန်ဟောင်တစ်ပါး ဖြစ်ပေသည်။
အဘိုးမာသည်လည်း ဤတိုက်ပွဲ အတွင်း၌ ရီဖူရှင်း ဖော်ပြခဲ့သော ခွန်အားကြောင့် ထိတ်လန့်သွားပေသည်။ လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်က ရီဖူရှင်းအတွက် အံ့သြဖွယ်ကောင်းနေပြီးသော ကိတ်မုန့်ပေါ်သကာရည်လောင်းခြင်းသာ ဖြစ်ပေသည်။ သူ ပိုင်ဆိုင်ထားသည့် နည်းစနစ်များနှင့် စွမ်းရည်များကပင် အလွန် အံ့သြဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပြီး ဖြစ်သည်။ သူ့ကဲ့သို့သော လူတစ်ယောက်က သူတို့ရွာအတွင်း နိုးထလာသူများထက် သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းသည် အနာဂတ်၌ လေးမျက်နှာကျေးရွာ တိုးတက်လာရန် အမှန်တကယ် ဦးဆောင်နိုင်သူ ဖြစ်လာပေလိမ့်မည်။
ဆရာသခင်က လေးမျက်နှာကျေးရွာမှ ထွက်ခွာမသွားနိုင်ပေ။ ရီဖူရှင်းက လေးမျက်နှာကျေးရွာ၏ ကိုယ်စားပြုသူ ဖြစ်လာနိုင်သည်။.
လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောကအတွင်း ဝင်ရောက်လာပြီးနောက် သူတို့က ရှန်ချင်းနယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်ရပေလိမ့်မည်။ ထိုသို့ဖြစ်ရန် သူတစ်ယောက်တည်းနှင့် မလုံလောက်ဘဲ အားလုံး၏ အထက်၌ ရပ်တည်ရန် ပို၍ အားကောင်းသော တစ်စုံတစ်ယောက်ကို လိုအပ်ပေသည်။ ၎င်းသည် အဘိုးမာက အလွန် ရည်မှန်းချက်ကြီး၍ မဟုတ်ဘဲ လိုအပ်သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဖြစ်ပွားခဲ့သော အရာအားလုံးကို ချင့်တွက်လျှင် လေးမျက်နှာကျေးရွာသာ အစွမ်းမထက်ပါက လောကအတွင်း၌ တည်ရှိနိုင်စွမ်း ရှိပါမည်လား။
သူတို့၏ လေးမျက်နှာကျေးရွာက အခြားသော မည်သည့် အင်အားစုထက်မဆို ပို၍ ထူးခြားပေသည်။ ထို့ကြောင့် သူတို့က ထိပ်ဆုံး၌ ရပ်တည်ရန် လိုအပ်နေခြင်း ဖြစ်သည်။
ထိုအခိုက်တွင် ရှေးဟောင်းတော်ဝင် မိသားစုအတွင်းမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ကောင်းကင်ထက်သို့ တက်လာခဲ့ကြသည်။ သူတို့က ရီဖူရှင်း၏ ရှေ့၌ ပေါ်ပေါက်လာပေသည်။ ၎င်းက လူအများကြီးမဟုတ်ဘဲ သူတို့က မတူညီသော နေရာများ၌ ရပ်နေခဲ့ကြသည်။ သို့သော် တစ်ဦးချင်းစီမှ ထုတ်လွှတ်နေသော အရှိန်အဝါက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ အားကောင်းကာ ဖိနှိပ်နိုင်သော အရှိန်အဝါက သူတို့ထံမှ ထွက်ပေါ်နေသည်။ သူတို့၏ ခန္ဓာကိုယ်များမှ ထုတ်လွှတ်နေသည့် အရှိန်အဝါများအရ သူတို့သည် ရီဖူရှင်း အစောပိုင်းက အနိုင်ယူခဲ့သော အဆင့်ကိုးရန်ဟောင်ကဲ့သို့ အစွမ်းထက်လှသည့် အဆင့်ကိုးရန်ဟောင်များဖြစ်ကြောင်း သိသာစေသည်။
သူတို့က အများကြီး မရှိသော်လည်း ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ ခွန်အားအစစ်အမှန် ဖြစ်ပေသည်။ အင်ပါယာအရှင်အပြင် သူတို့သည် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက မဟာနတ်ဘုရားများကုန်းမြေကို အုပ်စိုးထားနိုင်သည့် အဓိက သော့ချက်ပင် ဖြစ်သည်။ တစ်ယောက်ချင်းစီက သူတို့လိုချင်လျှင် ခြေအနည်းငယ် ဆောင့်နင်းလိုက်ရုံနှင့်ပင် လောကတစ်ခုလုံးကို ပြောင်းလဲနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ပေသည်။
သူတို့ထဲမှ အချို့သည် သာမန်နေ့ရက်များ၌ မြင်ရခဲသော ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် ရီဖူရှင်းက အဆင့်ကိုးရန်ဟောင်တစ်ပါးအား အနိုင်ယူပြီးနောက်မှသာ ရှေ့ထွက်လာကြခြင်း ဖြစ်သည်။ ရှင်းလင်းစွာပင် သူတို့သည် ထိုတိုက်ပွဲကြောင့် ထိတ်လန့်တုန်လှုပ်သွားသည့်အတွက်ကြောင့် ကျင့်ကြံနေရာမှ ထွက်လာကြခြင်း ဖြစ်သည်။
ဥပမာအနေဖြင့် ရီဖူရှင်းနှင့် အဝေးတစ်နေရာမှ ရှေးဟောင်းတော်ဝင် မိသားစု၏ အခြေစိုက်ရာနေရာ အတွင်းပိုင်း၌ တည်ရှိသည့် ရှေးဟောင်းနန်းတော်တစ်ခုပေါ်တွင် အကြီးအကဲတစ်ယောက် မတ်တပ်ရပ်နေခဲ့သည်။ သူသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် စွမ်းအားများက သူသည် အလွန် အစွမ်းထက်သူတစ်ယောက်ဟူသော ခံစားချက်ကို ပေးစွမ်းသည်။ သူက ရှေးဟောင်းတော်ဝင်မိသားစုမှ အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူသည့် နေ့ရက်များစွာကို ကျင့်ကြံခြင်း၌သာ အသုံးပြုခဲ့သော်လည်း အစောပိုင်း တိုက်ခိုက်မှုက သူ့အား ဆွဲဆောင်လိုက်သောကြောင့် ထွက်လာခြင်း ဖြစ်ပေသည်။
ထိုလူများ၏ ထွက်ပေါ်လာမှုကို ကြည့်ပြီး တိုက်ပွဲကို စောင့်ကြည့်နေသော အပြင်လူများ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာပေသည်။ ရီဖူရှင်းသည် အဆင့်ကိုးရန်ဟောင်ကိုပင် အနိုင်ယူနိုင်စွမ်းရှိလျှင်ပင် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအား အနိုင်ယူနိုင်ဖို့ရာက အတော်လေး မဖြစ်နိုင်ပုံရလေသည်။ ခက်ခဲမှုက အလွန်တရာ မြင့်မားလှသည်။ အချို့သော မကောင်းဆိုးဝါအိုကြီးများပင် ယခု ထွက်ပေါ်လာပေသည်။
ထိုပုဂ္ဂိုလ်များသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရန်ဟောင်အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြပြီး အတားအဆီးအား ချိုးဖျက်ကာ နောက်တစ်ဆင့်သို့ တက်ရောက်ရန်သာ စိတ်ပိုင်းဖြတ်ထားသူများ ဖြစ်ကြပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုလူများထဲမှ မည်သူမှ ရင်ဆိုင်ရန် မလွယ်ကူပေ။ ရီဖူရှင်းက သူတို့ကို ဖြတ်ကျော်နိုင်ရန်အတွက် တစ်ယောက်ချင်းစီကို အနိုင်ယူရန် လိုအပ်ပြီး ၎င်းက မလွယ်ကူလှသော တာဝန်ပင် ဖြစ်လေသည်။
သို့သော် ဤတိုက်ပွဲပြီးနောက် မည်သူမှ ရီဖူရှင်းအား လျှော့တွက်ရဲလိမ့်တော့မည် မဟုတ်ပေ။ သူက အခု ရှုံးနိမ့်သွားခဲ့လျှင်ပင် သူ့အမည်က ကွာဝေးလှသော နေရာထိ ပျံ့နှံ့ကျော်ကြားလိမ့်ဦးမည် ဖြစ်သည်။ သူက နန်းတော်သို့ ခြေချလိုက်စဥ်ကတည်းကပင် ထူးခြားလှသော တိုက်ပွဲအဖြစ် မှတ်တမ်းတင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ အဆင့်ကိုးရန်ဟောင်များကြားတွင် အဆင့်ခြောက်ရန်ဟောင်တစ်ပါး ရှိလေသည်။ ထိုလူက အလွန် ထူးချွန်ထက်မြက်လှပြီး သူ့ အရှိန်အဝါက ထူးခြားလှသည်။ သူက လေးစားဖွယ် အဆင့်ကိုးကျင့်ကြံသူများကြား ရပ်နေလျှင်ပင် သီးခြား ကွဲထွက်နေပုံမပေါ်ပေ။ သူ့ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော မဟာလမ်းစဥ် စွမ်းအားက အနည်းငယ်မျှပင် နိမ့်ကျမနေချေ။
ဤလူက ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ မင်းသား သွမ့်ချုံး ဖြစ်လေသည်။
ယခင်က သူသည် ရီဖူရှင်းအား ဝါးနိုင်သည်ထက် ပိုကိုက်ချင်သောသူဟု တွေးထင်ခဲ့ဖူးသည်။ သူသည် ရီဖူရှင်းက သူ့အား ဖြတ်ကျော်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု သေချာခဲ့ပေသည်။
ရီဖူရှင်းက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ငါးရန်ဟောင်တစ်ပါး ဖြစ်သည်။ သို့သော် သူသည်လည်း ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်တစ်ပါး ဖြစ်ပေသည်။
သူတို့နှစ်ယောက်လုံးက ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့ အဆင့်ကြားမှ ကွာခြားမှုက ကျော်လွှား၍ ရနိုင်မည် မဟုတ်ပေ။ ထို့အပြင် သူက တော်ဝင်မိသားစု၏ မင်းသားတစ်ပါးဖြစ်လေရာ သူ့ကိုယ်သူ အကြွင်းမဲ့ ယုံကြည်မှု ရှိခဲ့သည်။ ရီဖူရှင်း၏ ရောက်ရှိလာမှုက နတ်ဘုရားနည်းစနစ်များအား လာဆက်သရုံသက်သက် ဖြစ်သည်ဟုပင် တွေးထင်ခဲ့မိလေသည်။
သို့သော် ယခုအချိန်ထိ သူသည် ရီဖူရှင်းက ရှေးဟောင်းတော်ဝင် မိသားစုဝင်များအားလုံးကို အနိုင်ယူနိုင်မည်ဟု မတွေးထင်သေးလျှင်ပင် အနည်းဆုံး ရီဖူရှင်း၏ တိုက်ပွဲခွန်အားက သူ့အောက်၌ ရှိသည်ဟု ယုံကြည်ချက်ရှိရှိ မပြောရဲတော့ပေ။
ရီဖူရှင်းက သူ့ထက်ပို၍ အားကောင်းနေသည်ပင် ဖြစ်နိုင်ပေသည်။
"သွမ့်ချုံး သူနဲ့ တိုက်ခိုက်ရမယ်ဆိုရင် မင်းအနိုင်ရဖို့ အခွင့်အရေးက ဘယ်လောက် ရှိမယ်လို့ ထင်လဲ။" ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ အသံကို သူ့နားထဲ၌ ကြားလိုက်ရသည်။ ၎င်းက အင်ပါယာအရှင် သွမ့်ထျန်းရှုံ၏ အမေးစကားသံ ဖြစ်လေသည်။
"အခွင့်အရေး သိပ်မများဘူး။" သွမ့်ချုံးက ဖြေလိုက်သည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော စွမ်းအားဖြစ်သော နတ်ဆိုးအင်ပါယာနတ်အလင်းသည် သူက ရီဖူရှင်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ တိုက်ခိုက်မှုအနည်းငယ်ကိုပင် တိုက်ချက်အနည်းငယ်ထက် ပို၍ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဟု ခံစားမိစေသည်။
"အင်း။" သွမ့်ထျန်းရှုံက ပြန်ပြောလိုက်သည်။ "တုန်းဟွာနယ်မြေက တကယ်ပဲ ဒီလိုလူမျိုးကို လက်လွှတ်လိုက်တယ်။ နင်ယွမ်က ဒီလိုလူကို သူ့အတွက် ထိန်းသိမ်းမထားနိုင်ဘူးဆိုကတည်းက သူက သူ့ကို တုန်းဟွာနယ်မြေကနေ အသက်ရှင်လျက် ထွက်သွားခွင့်မပြုသင့်ဘူး။ သူက နောက်ပိုင်းမှာ ကျိန်းသေ လိုက်ဖမ်းလိမ့်ဦးမှာပဲ။ သူတို့က တုန်းဟွာနယ်မြေကနေ လေးမျက်နှာမြို့ကို အဲဒီလောက် အံ့သြဖွယ် သန်မာတဲ့ ကျင့်ကြံသူနှစ်ယောက်ကို စေလွှတ်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။ ကြည့်ရတာ သူတို့လည်း အဲဒါကို သတိပြုမိပုံပဲ။ ဒါပေမယ့် အခု ငါတို့လည်း လမ်းဆုံမှာ ရောက်နေပြီး ရွေးချယ်မှုတစ်ခုလုပ်ဖို့ လိုတယ်။ မင်း ဘယ်လိုထင်လဲ ငါ့ကိုပြော။"
သွမ့်ချုံးက ချက်ချင်းပင် သူ့ဖခင်၏ ဆိုလိုရင်းအား နားလည်သွားခဲ့သည်။
သူ့ဖခင်သည် နင်ယွမ်က ရီဖူရှင်းအား အသုံးမချလျှင် ထွက်သွားခွင့်မပေးသင့်ဟု ပြောခဲ့သည်။ သူက သူ့ကို သတ်ပစ်သင့်ပေသည်။
ယခု ရှေးဟောင်းတော်ဝင် သွမ့်မိသားစုသည်လည်း ရီဖူရှင်းနှင့် ပတ်သတ်၍ မည်သို့ ကိုင်တွယ်သင့်သည်ကို သေချာစဥ်းစားဆုံးဖြတ်သင့်ပေသည်။ သူတို့က သူတို့ ကြားမှ ပတ်သတ်မှုကို စဉ်းစားဆုံးဖြတ်ရန် လိုအပ်သည်။ ရီဖူရှင်းကို အနိုင်ယူပြီး နတ်ဘုရား နည်းစနစ်ကို ယူငင်လိုက်ခြင်းက သူတို့ ရန်သူများဖြစ်လာကြလိမ့်မည် ဖြစ်သည်။ လေးမျက်နှာကျေးရွာက ၎င်းကို မည်သည့်အခါမှ မေ့ပစ်လိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက အမှတ်အရနေဆုံး ဖြစ်ပေလိမ့်မည်။ ထို့နောက်တွင် သူတို့က ရန်သူများအနေနှင့် အဆုံးသတ်သွားလိမ့်မည်က ဖြစ်နိုင်ချေအများဆုံးပင် ဖြစ်သည်။
သူ့ဖခင်၏ စကားကို အခြေခံရလျှင် ထိုကဲ့သို့သော ရန်သူမျိုးကို အရှင်မထားဘဲ ချက်ချင်း သတ်ပစ်သင့်သည်။ သို့မဟုတ်ပါလျှင် အစကတည်းက ထိုသို့သော အလားအလာရှိသည့် ရန်သူမျိုး မဖန်တီးသင့်ပေ။
ရီဖူရှင်းက ယခုအချိန်၌ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအား မခြိမ်းခြောက်နိုင်လျှင်ပင် အနာဂတ်၌ မည်သို့ ဖြစ်လိမ့်မည်နည်း။ သူသည် ယခုအချိန်၌ အဆင့်ငါးရန်ဟောင်တစ်ပါးသာ ရှိသေးသည်။ သူက အဆင့်ကိုးသို့ ရောက်ရှိသွားသည့်အခါ သူ၏ ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်လျှင် မည်မျှ အားကောင်းသန်မာလိမ့်မည်နည်း။
"အဖေ... ရီဖူရှင်းကို သတ်တာက လေးမျက်နှာကျေးရွာကို စစ်ကြေညာလိုက်တာနဲ့ အတူတူပဲ။ ပြီးတော့ ဒီနေ့လို အခြေအနေမျိုးအောက်မှာ အဲဒါက အတော်လေး ကိုယ်ကျင့်တရားပျက်ပြီး အရှက်ရစရာ ဖြစ်လာလိမ့်မယ်။ ပြီးတော့လည်း လေးမျက်နှာကျေးရွာရဲ့ ဆရာသခင်ကလည်း မသိနိုင်တဲ့ အရင်းခံအကြောင်းတစ်ခု ဖြစ်နေပြန်တယ်။ အဲဒါအပြင် သွမ့်ရိနဲ့ ညီမရှန်းကလည်း သူတို့လက်ထဲမှာ ရှိနေတာ။ ဒီရွေးချယ်မှုက အတော်လေး အန္တရာယ်များတယ်။" သွမ့်ချုံးက ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ " အဲဒါကြောင့် ကျွန်တော်တို့ဘက်က လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်။"
"ဟုတ်တယ်။" အင်ပါယာအရှင် သွမ့်ထျန်းရှုံက ပြန်ဖြေလိုက်သည်။ "ကြည့်ရတာ ငါတို့ နတ်ဘုရားနည်းစနစ်ကို လက်လျှော့လိုက်ဖို့ လိုလိမ့်မယ်။"
"နတ်ဘုရားနည်းစနစ်ကို ကျင့်ကြံခြင်းက ကျွန်တော်တို့ မိသားစုမှာ တခြားကျင့်စဥ်တစ်ခု တိုးလာတာပဲ ရှိမှာ။ တခြား အခြေခံကျတဲ့ ဘယ်အရာကိုမှ မပြောင်းလဲနိုင်ဘူး။" သွမ့်ချုံးက ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် လေးမျက်နှာကျေးရွာရဲ့ နတ်ဘုရားနည်းစနစ် ခုနစ်ခုထဲမှာ တစ်ခုက ငါတို့ ကျင့်ကြံနေတဲ့ စွမ်းအားနဲ့ ဆင်တူတယ်။ ဒါကြောင့် အဲဒါကို ယူပြီး ငါတို့ရဲ့ ကျင့်ကြံခြင်းမှာ ပေါင်းစပ်နိုင်မလားလို့ သိချင်ခဲ့တာ။ ဒါပေမယ့် အခု ဒီအခြေအနေကို ရောက်နေပြီဆိုတော့ ငါတို့ ဒီကိစ္စကို မေ့လိုက်ကြတာပေါ့။" သွမ့်ထျန်းရှုံက ပြောလိုက်သည်။ သူက စိတ်ဆုံးဖြတ်ပြီး ဖြစ်လေသည်။
သွမ့်ချုံး ပြောသလိုပင် ရီဖူရှင်းအား သတ်လိုက်ခြင်းက အမှန်တကယ်၌ ဉာဏ်ရှိရာမကျပေ။ ထိုသို့လုပ်ရန်လည်း မဖြစ်နိုင်ချေ။ ယခု တိုက်ပွဲက အခြေအနေထိ ရောက်နေရာ သူသည့် အဆင့်အတန်းကို လျစ်လျူရှုလိုက်လျှင် အမှန်တကယ်ပင် ထိုလူငယ်လေးအား အများကြီး လေးစားမိပေသည်။ အနာဂတ်တွင် သူ၏ အောင်မြင်မှုများက အကန့်အသတ် ရှိလိမ့်မည် မဟုတ်ပေ။
သူက ရီဖူရှင်းအား မသတ်ရန် ရွေးချယ်ခဲ့လျှင် ဆိုလိုသည်မှာ သူ့တွင် ရွေးချယ်စရာမရှိဘဲ နတ်ဘုရားနည်းစနစ်များကို လက်လျှော့ရမည်ဟု ဆိုလိုပေသည်။
ရီဖူရှင်းသည် သွမ့်ထျန်းရှုံ မည်သည်တို့အား တွေးနေသည်ကို မသိရှိပေ။ သူက ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သူ့ ခန္ဓာကိုယ်ပေါ်သို့ ဥဒေါင်းနတ်အလင်းများ လွှမ်းခြုံထားပြီး သူ့လက်ထဲ၌ လှံတစ်လက် ကိုင်စွဲထားသည်။ သူက နောက်ထပ် အဆင့်ကိုးကျင့်ကြံသူ တစ်ယောက်ထံသို့ လျှောက်လာခဲ့သည်။
တစ်ချိန်တည်းတွင် အဆင့်ကိုး ကျင့်ကြံသူသည် ထိတ်လန့်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်နှာက တည်ငြိမ်နေခဲ့သည်။ သူက တိုက်ပွဲကို လေးနက်စွာ မှတ်ယူခဲ့ပေသည်။
ယခင်တိုက်ပွဲပြီးသည့်နောက် သူတို့ရှေ့မှ အဆင့်ငါး ရန်ဟောင်ကို မည်သူက လျှော့တွက်ရဲလိမ့်မည်နည်း။
"တော်လောက်ပြီ။" ထိုအချိန်တွင် အသံတစ်ခုက လေထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
အကြည့်များက လျင်မြန်စွာပင် စကားပြောလိုက်သူထံသို့ရွှေ့ပြောင်းသွားခဲ့သည်။ ၎င်းမှာ အမှန်တကယ်ပင် ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ အင်ပါယာအရှင် သွမ့်ထျန်းရှုံပင် ဖြစ်သည်။
"လုံလောက်ပြီ။ မင်းတို့ နောက်ဆုတ်တော့။" သွမ့်ထျန်းရှုံက ပြောလိုက်သည်။ အဆင့်ကိုးရန်ဟောင်က ဇဝေဇဝါဖြစ်နေသောမျက်နှာနှင့် သူ၏ အင်ပါယာအရှင်ကို ကြည့်လိုက်သည်။ သို့သော်လည်း သူစက အမိန့်ကို နာခံကာ နောက်သို့ ပြန်ဆုတ်လိုက်သည်။
ရီဖူရှင်းသည်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူက သွမ့်ထျန်းရှုံကို စိတ်ရှုပ်စွာ ကြည့်လိုက်၏။
သွမ့်ထျန်းရှုံက ရီဖူရှင်းကို ကြည့်ကာ ကျယ်လောင်သော အသံနှင့်ပြောလိုက်သည်။ " ဒီနေ့တိုက်ပွဲက မပြီးသေးပေမယ့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက ရှုံးနိမ့်သွားခဲ့ပြီ။ ဒီလောက် အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးက အဆင့်ငါးရန်ဟောင်လေးတစ်ယောက်ကို ဝိုင်းပြီး တိုက်ခိုက်နေကြတာ ဒီလိုပုံစံနဲ့ ကျုပ်တို့ နိုင်သွားရင်တောင် အရှုံးလို့ မှတ်ယူနေရဦးမှာပဲ။ အဲဒါကြောင့် ဆက်ပြီး တိုက်ခိုက်ဖို့ မလိုတော့ဘူး။"
လူအများသည် သွမ့်ထျန်းရှုံ၏ စကားလုံးများကို ကြားသည့်အခါ သူတို့၏ မျက်နှာထက်တွင် သတိပြုမိသော အကြည့်တို့ ပေါ်ပေါက်လာသည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ အဆင့်ကိုးရန်ဟောင်များ အမှန်တကယ် ထွက်ပေါ်လာသော်လည်း သူတို့က ရီဖူရှင်းထံ ရှုံးနိမ့်ခဲ့လျှင် မည်သို့လုပ်ရမည်နည်း။
သူတို့က အနိုင်ရခဲ့လျှင်ပင် ၎င်းကို အရှုံးဟု မှတ်ယူနိုင်နေဆဲ ဖြစ်သည်။ သို့သော် သူတို့က နတ်ဘုရားနည်းစနစ်ကို လက်ဝယ်ပိုင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
တိုက်ပွဲက အမှန်တကယ်၌ အဓိပ်ပါယျမြားစှာ မရှိပေ။ ရီဖူရှင်း၏ တိုက်ပွဲသည် သူမည်မျှ အားကောင်းကြောင်း သက်သေပြနိုင်ပေသည်။
"ရီဖူရှင်း အဆင့်ငါးရန်ဟောင်အဆင့်ပဲ ရှိတဲ့ လူငယ် မျိုးဆက်လေးတစ်ယောက်အနေနဲ့ မင်းက ကျုပ်တို့ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုရဲ့ အဖွဲ့ဝင်တွေကို ရှုံးနိမ့်စေခဲ့တယ်။ မင်းရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ကျုပ်တို့ နန်းတော်ကို ဝင်လာခဲ့တယ်။ အဲဒါက ကျုပ်ကို နည်းနည်း စိတ်အနှောက်အယှက်ပေးပေမယ့် စွမ်းရည်အရဆိုရင် ကျုပ်တို့ သွမ့်မိသားစုက ဘယ်သူမှ မင်းနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ဒီတိုက်ပွဲက သူတို့အားလုံးအတွက် သင်ခန်းစာတစ်ခုလို့ ဆုံးဖြတ်နိုင်မှာပါ။ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြရအောင်။" သွမ့်ထျန်းရှုံက ရီဖူရှင်းကို ဦးတည်ကာ ပြောလိုက်သည်။
ရီဖူရှင်းက သူ့ကို ဇဝေဇဝါနှင့် ကြည့်ကာ ပြောလိုက်သည်။ "အဲဒီတော့...."
"သူတို့ကို လွှတ်လိုက်။" သွမ့်ထျန်းရှုံက နေရာတစ်ခုသို့ ကြည့်လိုက်သည်။ ရီဖူရှင်း၏ အကြည့်များက ထိုနေရာသို့ ရွှေ့ပြောင်းသွားပြီး နောက်တခဏအတွင်း နန်းတော် အတွင်းပိုင်းတစ်နေရာမှ ပုံရိပ်နှစ်ခုက ကောင်းကင်ကို ဖြတ်သန်းကာ သူတို့ထံ ရောက်ရှိလာခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က ဖန်းကိုင့်ဖြစ်ကာ နောက်တစ်ယောက်မှာ ဖန်းကိုင့်နှင့် ဆင်တူသည့် အချက်အနည်းငယ်ရှိသော သူဖြစ်ပြီး ထိုသူမှာ ဖန်းဟွမ် ဖြစ်လေသည်။
"အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်။" ရီဖူရှင်းက သွမ့်ထျန်းရှုံအား ယဥ်ကျေးစွာ အရိုအသေပြုကာ ပြောလိုက်သည်။ "ဒီဂျူနီယာကလည်း နောက်ဆုံးတိုက်ပွဲမှာ ဖိအားအများကြီး ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ဆက်တိုက်နေမယ်ဆိုရင် ကျုပ် ရှုံးဖို့အခွင့်အရေးများတယ်။ ဒီနေ့ လုပ်ခဲ့တဲ့ ကျုပ်ရဲ့ အပြုအမူတွေက ရွေးချယ်စရာမရှိခဲ့လို့ပါ။ အခုလို ကျုပ်ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးတဲ့အတွက် ဒီဂျူနီယာက အရမ်း ကျေးဇူးတင်မိပါတယ်။"
တစ်ဖက်လူက တော်ဝင်မိသားစု၏ အင်ပါယာအရှင်ဖြစ်ပါလျက်နှင့် အစပြုကာ နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ကိစ္စများကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ရန် ဆန္ဒရှိလေရာ ရီဖူရှင်းသည်လည်း ထိုအကြောင်းနှင့်ပတ်သတ်ကာ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ် လုပ်နေတော့မည် မဟုတ်ပေ။ သူတို့၏ ပြိုင်ဘက်များက ဆက်လက်ဖိအားပေးနေမည်ဆိုလျှင် သူတို့က အခြားရွေးချယ်စရာ ရှိလိမ့်တော့မည် မဟုတ်ပါချေ။
အဘိုးမာက ၎င်းကို မြင်တွေ့ပြီးနောက် အလွန် ကျေးဇူးတင်မိသွားပေသည်။ သူသည် ကိစ္စများက ထိုမျှ စောစီးစွာ အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည်လည်း အစောပိုင်းက ရီဖူရှင်းအကြောင်း စိတ်ပူနေခဲ့သေးသည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက သူတို့၏ ဓားစာခံများကို လိုလိုလားလား လွှတ်ပေးလိုက်ခြင်းရ အဘိုးမာတို့ လိုချင်သည့် အကောင်းဆုံးရလဒ်ပင် ဖြစ်လေသည်။
သူသည်လည်း သွမ့်ရိနှင့် သွမ်ရှန်းအား လွှတ်ပေးလိုက်ကာ တိုက်ခိုက်မိသည့်အတွက် တောင်းပန်စကားဆိုလိုက်သည်။
လွတ်မြောက်လာသည့် နှစ်ယောက်လုံးက အလွန် ကျေးဇူးတင်နေကြသည်။ သူတို့က လေထဲသို့ ခုန်တက်ကာ ရှေးဟောင်းတော်ဝင် မိသားစုနန်းတော်ထက် ကောင်းကင်သို့ ပြန်သွားကြသည်။ သူတို့က ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူတို့သည် ယနေ့ ဖြစ်ပွားသော တိုက်ပွဲအား မည်သည့်အခါမှ မေ့လိမ့်တော့မည် မဟုတ်ပေ။ အာခီမီဆရာသခင်က အမှန်တကယ်ပင် သူတို့၏ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအတွင်း တစ်ယောက်တည်း အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပေသည်။
ကိစ္စများက ဆက်လက်ဖြစ်ပွားနေလျှင် မည်သို့ဖြစ်လိမ့်မည်ကို မည်သူမှ မသိပေ။ ရီဖူရှင်းက သူ ရှုံးလိမ့်မည်ဟု နှိမ့်ချစွာ ပြောခဲ့လျှင်ပင် အဖြစ်အပျက်များက အဆုံးသတ်၌ မည်သို့ဖြစ်လာမည်နည်း။ မည်သူမှ အမှန်တကယ် မသိပါချေ။ ရီဖူရှင်းသည် ရှေးဟောင်းတော်ဝင် မိသားစုကို မျက်နှာသာအချို့ ပေးရုံသာ ဖြစ်သည်။
ဤပဋိပက္ခအား အဆုံးသတ်ရန် နှစ်ဖက်လုံးက လိုက်လျောမှုများ ပြုလုပ်ခဲ့ပေသည်။
***