← Chapters

ပိုင်ရှင်းယွဲ့

Vol. 5 Ch. 62

ပိုင်ရှင်းယွဲ့

Vol. 5 Ch. 62

“ပိုင်ရှင်းယွဲ့”

တာအိုအရိုးအလုယူခံရပြီး မိသားစုကနေတောင် ဖယ်ထားခဲ့ရသူ- ပိုင်ကျီဟန်၏ဝမ်းကွဲ

ပိုင်ကျီဟန်သည် သူ့ကို အတော်ကြောက်မိနေ၏ ဘာကြောင့်လဲဆိုတော့ သူမသာ ကောင်းကင်ဘုံ ရွေးချယ်ခံရသူတစ်ဦး ဖြစ်ပါက သူမလက်ထဲ သေမည့် ဗီလိန်ဖြစ်မည်ပင်။

ဒါအားလုံးက သူ့အမေကြောင့်ပင်

“အမေ ဘာလို အဲ့လိုလုပ်တာတုံး?”

ပိုင်ကျီဟန်သည် စိတ်ညစ်စွာ ပြောမိသွားသည်။

သူအမေ ထိုသို့လုပ်ခြင်းသည် သူ့သားအတွက်ဆိုတာ သိပေ၏ ထိုတာအိုအရိုးကို လွှဲယူလျှင် သူ့မောင်နှမဆီတွင် ထူးဆန်းစွာ ပေါ်လွင်ခဲ့သည့် စွမ်းရည် ပေါ်ထွက်လာမည်ဟု ထင်ခဲ့လို့သာ။

သို့တိုင် ဘာမှ မပြောင်းလဲခဲ့ချေ။

စနစ်ထဲမှာတောင် ထိုစွမ်းရည် ရှိနေတာကို ဖော်ပြမထားပေ။ တကယ့် ရှိနေလည်ရတစ်စုံတစ်ရာ အကျိုး မပေးဘဲ ငြိမ်

သက်နေတာကိုသာ တွေ့ရသည်။

တာအိုအရိုးသည့် မှန်ကန်သော ခန္ဓာကိုယ်မဟုတ်သည့်အတွက် သူ့ကို ကူညီရန် ငြင်းဆန်နေသလိုပင်

ဒါက သူ့မျက်နှာကို ခြေထောက်အောက် ဖိနင်းမည့် ရန်သူတစ်ယောက်ပဲ တိုးလာစေသည်။

“သူက ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ?”

ပိုင်ကျီဟန်အနေနဲ့ ပိုင်ရှင်းယွဲ့ ထိုနေရာ၌ ရောက်နေကြောင်း မသိချေ။

သူမကို အရင်တုန်းက ဂရုပြုမိပေမယ့် တစ်ခုသာ သိခဲ့သည်။ သူမသည် ပျောက်သွားခဲ့ပြီး ဘယ်နေရာမှာ ရှိနေလဲဆိုတာပင် သတင်းတစ်စုံတစ်ရာ မရှိခဲ့ချေ။

ပိုင်ကျီဟန်အမေ ထပ်မံ ကြိုးပမ်းနိုင်သည့် အန္တရာယ်ကြောင့် သူမကိုယ်တိုင် ပုန်းနေခဲ့တာပင်။

ထို့ကြောင့် ငါးနှစ်ကြာသည့်အထိ သူမ အကြောင်း သတင်းတစ်စုံတစ်ရာ မကြားခဲ့ပေ

သို့ပေမဲ့ ယခုတော့ ဒီမှာ ထပ်မံပေါ်လာသည်လား?

ကောင်းကင်ဓားဂိုဏ်းသည် သူမကို ကာကွယ်ပေးနေတာလား?

ပိုင်ကျီဟန် သေချာမသိပေ။ ဒါပေမယ့် အတိအကျ ရန်သူပေါ်လာပြီဖြစ်သည့်အတွက် ပိုမို ဂရုပြုသွားဖို့ လိုလာခဲ့ချေပြီ။

ပိုင်ရှင်းယွဲ့သည် သူမအရိုးပြန်ရယူဖို့ ခိုးဝင် သတ်လိုက်သည်ကို မည်သူသိမည်နည်း

တခြားသူတွေနဲ့ မတူတာက ပိုင်ရှင်းယွဲ့တွင် အကြောင်းပြချက် မရှိပေ။

သူမ ကျင့်ကြံနေခြင်းမဟုတ်ပေ

ဒဏ်ရာရနေခြင်းလည်းမရှိပေ

အဝေးသွားရတဲ့ တာဝန်လည်းမယူထားပေ

သူမမှတ်တမ်းထဲမှာ “မြစိမ်းရောင်တိမ်တိုက် တောင်ထိပ်” တွင် နေထိုင်နေသည်ဟုသာ ရေးထားသည်။

ယခုအချိန်ဆို သူသည် ကောင်းကင်ဓားဂိုဏ်းကို ရောက်နေမှန်း သူမသိနေလောက်ပြီ

“သူမက ဂိုဏ်းကြောင့် မသတ်ဘဲထားမလားမသိဘူး”

ဂိုဏ်းအတွင်းမှာ သူ့ကို သတ်လိုက်မည်ဆို ဂိုဏ်း၏ ရန်သူဖြစ်သွားမည်ပင်

ကျောထောက်နောက်ခံမရှိဘဲ သူမအနေနဲ့ ထိုသို့လုပ်ဖို့ သတ္တိမရှိတာ သေချာသည်။

သူ့တွင် ကျောထောက်နောက်ခံမရှိလျှင်တောင် သူမတွင် ဇာတ်ဆောင်၏ ကံကြမ္မာရှိလျှင် ချို့တဲ့မှာမဟုတ်ကြောင်း သူ သိသည်။

ထို့အပြင် သူမ၏ တာအိုအရိုးကို သိမ်းသွားချိန်အထိ ဥာဏ်ပညာအရသော်လည်းကောင်း၊ ကျင့်ကြံခြင်း၌ဖြစ်စေ ပါရမီရှိနေ၏

ယခုမူ သူမသည် ကောင်းကင်ဓားဂိုဏ်းသို့ ဝင်ခွင့်ရပြီး သူမ၏ ကျင့်ကြံမှုစွမ်းရည်ကို ပြန်လည်နိုးထလာစေခဲ့သည်။

မဟုတ်လျဗင် သူမကို အတွင်းတပည့်အဖြစ် နေနေသာသာ။တပည့်အဖြစ် လက်ခံမှာ မဟုတ်ချေ။

သူ့လို အနောက်ပေါက်ကနေ ဝင်လာခဲ့သူ မဟုတ်ပေ။

ဒါက ယုံရခက်ခဲသည်။

သို့တိုင် ပိုင်ရှင်းယွဲ့သည် သူ့ရှေ့တွင် ပေါ်မလာသေးသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။

ဒါမှမဟုတ်... အချိန်မတန်သေးလို့လား။ ပြီးပြည့်စုံသော အခိုက်အတန့်ကို စောင့်မျှော်ရင်း အချိန်တွေဆွဲနေတာမျိုး ဖြစ်နိုင်သည်။

အမှန်တော့ သူ့ကို သတ်ပစ်လိုက်ရုံနဲ့ သူမ ခံစားရသမျှ အကုန် မလုံလောက်သေးပေ

"ချီးပဲ”

သူနဲ့တွေ့မည်ဟု မထင်ထားမိချေ။

"ကောင်းကင်ဓားဂိုဏ်းက ဇာတ်ဆောင်တွေ စုဝေးရာ ဖြစ်နိုင်လား”

လင်းရွှမ် ရှိနေပြီဖြစ်သည်။ အခု ပိုင်ရှင်းယွဲ့ကပါ နောက်တစ်ယောက် ဖြစ်နိုင်၏

ပြီးတော့ ဂိုဏ်းတော်တော်များများကိုတောင် မမြင်ဖူးသေးပေ

အသန်မာဆုံးမျိုးနွယ်တစ်ခုဖြစ်သည့် ပိုင်မျိုးနွယ်တွင်ပင် ကောင်းကင်ဘုံ ရွေးချယ်ထားသောသူ တစ်ယောက်ကို မမြင်ဖူးပေ

(ငါ့မျိုးနွယ်က တစ်ကယ့်ကို ဗီလိန် မျိုးနွယ်

။)

ဘာပဲဖြစ်ဖြစ် လင်းရွှမ်နဲ့ ဆက်ဆံဖို့ မလိုအပ်တာနဲ့ပင် သူ့ကို ကျေးဇူးတင်နေချေပြီ။

ပိုင်ကျီဟန်သည် အချိန်မည်မျှကြာမည်ကို မသိသော်လည်း

လောလောဆယ်တွင် သူ၏ အာရုံမှာ ပိုင်ရှင်းယွဲ့ ဖြစ်သည်။

ပိုင်ကျီဟန်တွင် သူမနဲ့ပတ်သက်သောအချက်အလက်တွေ ကင်းမဲ့နေ၏

သူသည် အချက်အလက်စုဆောင်းရန် လိုအပ်ပြီး သူ့တွင် လူတစ်ဦးသာ ရှိခဲ့သည်။

"ခုန်ကျန်းဟုန်”

ပိုင်ကျီဟန်သည် နာမည်ကို ရေရွတ်ရင်း သူ့ခါးတွင် ချိတ်ထားသည် ချောမွတ်သော ကျောက်စိမ်းပြားကို သူ့လက်ချောင်းနဲ့ ပုတ်လိုက်သည်။

ရေလှိုင်းများကဲ့သို့ မျက်နှာပြင်ကို ဖုံးအုပ်ထားသော ပျော့ပျောင်းသည့် အလင်းတန်းတစ်ခုသည် ဝိညာဉ်ရေးလှိုင်းလုံးလို အပြင်သို့ ပဲ့တင်ထပ်ကာ စာပို့ခြင်း လုပ်ငန်းစဉ် စတင်ခဲ့သည်။

ဤကျောက်စိမ်းပြားသည် သီးသန့်ဝိညာဥ်ဆက်သွယ်ပေးသူကဲ့သို့ အရာဝတ္ထုတစ်ခုဖြစ်သည်။

၎င်း၏အဓိကလုပ်ဆောင်ချက်ကတော့

ဆယ််မိုင်အတွင်း တစ်နေရာမှတစ်နေရာသို့ တိုတောင်းသော စာတိုပေးပို့ခြင်း လုပ်နိုင်၏

အဆင့်မြင့်ကျောက်စိမ်းလွှဲပြောင်းခြင်း အပြားများသည် ဧရိယာပိုကျယ်နိုင်သော်လည်း ယင်းတို့သည် ရှားပါးပြီး ဈေးကြီးသည်။

ပိုင်ကျီဟန် သုံးနေသောအရာက အကောင်းဆုံးတွေထဲကတစ်ခု ဖြစ်နေချေပြီ။ အချို့သော ကောင်းကင်ဓားဂိုဏ်း အကြီးအကဲတွေတောင် ကန့်သတ်ချက်နဲ့ ရှိလေသည်။

"ဟုတ်ကဲ့ သခင်လေး”

ခုန်ကျန်းဟုန်က ပြန်ဖြေသည်။

"တစ်စုံတစ်ယောက်ရဲ့ အချက်အလက်တွေကို အမြန်စုဆောင်းဖို့ မင်းကို ငါလိုအပ်တယ်။ အချက်အလက်တွေ ပိုမြန်လေလေ၊ မင်းရရှိမယ့် ဆုလာဘ်က ပိုကောင်းလေပဲ။"

ခုန်ကျန်းဟုန်၏ စကားသံသည် စိတ်လှုပ်ရှားမှု အရိပ်အမြွက်ဖြင့် ချက်ချင်း ထွက်ပေါ်လာသည်။

"ဘယ်သူ့ကို စုံစမ်းရမှာလဲ သခင်လေး"

ပိုင်ကျီဟန် သူ့ကို ယခင်က ပေးခဲ့သော ဆုလာဘ်ရပြီးနောက်တွင် သူ စိတ်အားထက်သန်နေမှာ သေချာ၏

"မြစိမ်းရောင်တိမ်တိုက်က ပိုင်ရှင်းယွဲ့ ။ သူ့ကျင့်ကြံမှုအဆင့်၊ဝါသနာ၊ နေ့စဉ်ပုံမှန်လုပ်တာ၊ စိတ်နေစိတ်ထား၊ သူမနဲ့ ပေါင်းသင်းနေတဲ့သူ၊ သူ့ကိုမုန်းတဲ့သူ၊ သူမကို လိမ်ညာတတ်တဲ့သူ အရာရာတိုင်း အစီရင်ခံစာ အပြည့်အစုံလိုတယ်။"

"နားလည်ပါပြီ သခင်လေး"

ပိုင်ကျီဟန်သည် သူ့ထိုင်ခုံကို နောက်ပြန်မှီပြီး လက်ချောင်းတွေက ခုံပေါ်ကို တင်လိုက်သည်။

ခုန်ကျန်းဟုန်နှင့်ဆို သူသည် မည်သည့်အရာကိုမျှ ပုဂ္ဂိုလ်ရေးအရ စုံစမ်းရန် မလိုအပ်ပေ

တစ်ဖန် သူသည် ထိုကောင်လေး၏ အသုံးဝင်ပုံကို သိလာပြန်သည်။

ထိုအမိန့်များပေးပြီးနောက် ပိုင်ကျီဟန်သည် ဤတစ်ကြိမ်တွင် အရေးတကြီးဖြင့် ကျင့်ကြံရန် ပြန်သွားခဲ့သည်။

"ငါ ရွှေဗဟိုနယ်ပယ်အဆင့်ကို ရသလောက် ဖြတ်ကျော်ရမယ်”

ဖန်ကျင်းယန်နှင့်မတူတာက သူ၏ အဓိကပေါင်းစည်းခြင်း အဆင့် ကျင့်ကြံမှုဖြင့် ကောင်းကင်ဘုံရွေးချယ်သူကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

တစ်ရက်ကြာတော့ ခုန်ကျန်းဟုန်သည် နောက်ဆုံးအကြိမ်လို စာလိပ်မှာရေးထားသည့် အချက်အလက်တွေနဲ့အတူ ရောက်လာသည်။

ပိုင်ကျီဟန်သည်လည်း သူ့ကို အရင်လိုဆုပေးခဲ့သည်။

ခုန်ကျန်းဟုန်သည် ညည်းညူခြင်းမရှိပေ။ ယခုတစ်ကြိမ် စုံစမ်းစစ်ဆေးမှု၏ ပစ်မှတ်မှာ လူတစ်ဦးတည်းသာ ဖြစ်သည်။

တစ်နည်းအားဖြင့် သူသည် နည်းပါးသော အလုပ်အတွက် တူညီသော ဆုလာဘ်ကို ရရှိခဲ့သည်။

အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။

ပိုင်ကျီဟန်သည် စာကြောင်းတိုင်းကို ဖတ်ပြီးမျက်လုံးများ ကျဉ်းမြောင်းသွားသည်။

မကြာသေးမီက လက်ခံခဲ့သည်။

ဒါ သူ့အာရုံကို ဖမ်းစားနိုင်သည့် ပထမဆုံးအချက်ပင်။

ပိုင်ရှင်းယွဲ့သည် ဂိုဏ်းထဲဝင်တာ မကြာသေးပေ။ တကယ်တော့ အစီရင်ခံစာအရ သူမကို လွန်ခဲ့သော လအနည်းငယ်ကမှ လက်ခံခဲ့တာပင်။

သို့သော် သူမသည် မြစိမ်းရောင်တိမ်တိုက်တောင်ထိပ်၏ အလားအလာအရှိဆုံး တပည့်သစ်များထဲမှ တစ်ဦးအဖြစ် ခေါ်ဝေါ်ခြင်းခံရပြီးဖြစ်သည်။

သူမ၏ စွမ်းရည်များ ပြန်လည်နိုးထလာပုံရသည် သို့မဟုတ် တာအိုအရိုးဖယ်ယူခံရသော်လည်း သူမ အရင်းအမြစ် စွမ်းအားသည် ကျန်ခဲ့ပြီး ခဏအတွင်း ငြိမ်သက်နေကာ အချိန်တစ်ခုမှသာ ပေါ်လာတာဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် သူနှင့် အသက်တူသော်လည်း ရွှေဗဟိုနယ်ပယ်အဆင့်တွင်ရှိနေပြီဖြစ်သည်။

သူမ၏ နားလည်နိုင်စွမ်းသည် နာရီပိုင်းအတွင်း နည်းစနစ်အသစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းတာပင်

ထိုသို့သော အရည်အချင်းများဖြင့် သူမအား ကောင်းကင်ဓားဂိုဏ်းမှ တပည့်အဖြစ် လက်မခံတာမှ ထူးဆန်းပေလိမ့်မည်။

"သူမကျင့်ကြံမှုက ရွှေဗဟိုနယ်ပယ် အလယ်အလတ်အဆင့်”

(ကြည့်ရတာတော့ သူ့စွမ်းရည် တစ်စိတ်တစ်ပိုင်း ပြန်ရသွားပုံရတယ်)

ယခင်က သူမ၏ အရည်အချင်းသည် ပိုင်ရွယ်ချင်းနဲ့ တန်းတူသို့မဟုတ် သာလွန်သည်ဟု ဆိုကြသည်။

သူမအရည်အချင်းတွေ အခုမှ ပြန်လည်ထွက်ပေါ်လာခဲ့တာ ဆိုရင်တော့ သူမသည် ရွှေဗဟိုနယ်ပယ်အဆင့်တွင် ရှိနေရမည်ပင်

သို့တိုင် သူမစွမ်းအားတွေ ဘယ်တော့မှ ပျောက်မသွားခဲ့ဘဲ ထိုအဆင့်တွင်သာ ရှိနေရင်တော့ ယခင်က တကယ့်စွမ်းရည် တစ်စုံတရာကို ပြန်လည်မရယူနိုင်သေးကြောင်း အထောက်အထားတစ်ခု ဖြစ်မည်ပင်

ဒါမှမဟုတ် တာအိုအရိုးထက် ပိုမိုထူးဆန်းသည့် တစ်စုံတရာ ရှိနေမလားဟု တစ်ခါတစ်လေ စဉ်းစားမိသော်လည်း ပိုင်ကျီဟန် အတွက်တော့ ထိုအယူအဆသည် အတော် ရယ်စရာလွန်းသကဲ့သို့ ထင်ရသည်။

ရွေးချယ်ခံရသူလိုမျိုး ထူးချွန်သူတစ်ယောက်ကို တာအိုအရိုးထက် ပိုမိုကောင်းမွန်သည့် အရာ တစ်ခု ပေးမယ်ဆိုရင်တော့ အဲဒါက အတိုင်းထက်အလွန်ပင်

တကယ့်ကို ထိုအတိုင်းသာဆိုလျှင် သူမ တာအိုအရိုးကို ပြန်လည်ရယူနိုင်သည့်အချိန်တွင် မည်သူမျှ ယှဉ်မရနိုင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ဖြစ်သွားမည်ပင်

ပိုင်ကျီဟန်အနေနဲ့ စဉ်းစားတာကို ခေါင်းထဲမှ ထုတ်လိုက်ပြီး ယခုအချိန်တွင် တိကျသေချာစွာ အတည်ပြုနိုင်မည့် နည်းလမ်းမရှိတော့ချေ။

ပြီးတော့ တခြား စိတ်လှုပ်ရှားဖွယ် အကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူမကို လျှို့ဝှက်လမင်းတောင်ထိပ်မှဖိတ်ကြားခဲ့တာပင်

ပိုင်ကျီဟန်၏ ကိုယ်ပိုင်တောင်ထိပ်!

ပိုမိုတိကျစွာ ပြောရရင်တော့ သူမကို ဖိတ်ခေါ်သူသည် ပိုင်ကျီဟန်ဆရာ အကြီးအကဲချင်းလန်သာဖြစ်သည်။

ခုန်ကျန်းဟုန်၏ ပြောကြားချက်အရ အကြီးအကဲချင်းလန်သည် ပိုင်ရှင်းယွဲ့ အပေါ် အလွန်စိတ်ဝင်စားခဲ့၏

တခါမှ လူတွေကို သွားမတွေ့ဖူးသည့် ချင်းလန်သည် ကိုယ်တိုင် သွားရောက်ဖိတ်ကြားခဲ့တာမျိုးပါ လုပ်ခဲ့သေးသည်

ထိုကြောင့် အားလုံးအနေနဲ့ ပိုင်ရှင်းယွဲ့ချက်ချင်း လက်ခံမည်ဟု ထင်ခဲ့ကြသည်။

လျှို့ဝှက်လမင်းတောင်ထိပ်သည် အဆင့် အမြင့်ဆုံး တောင်ထိပ်ဖြစ်သည်။

အင်အားကြီးသော အကြီးအကဲချင်းလန်နဲ့အတူ လျှို့ဝှက်လမင်းတောင်ထိပ်ကို ဝင်ချင်သည့် မိန်းကလေးများပေသည်။

သို့ပေမဲ့ ပိုင်ချင်းယွဲ့က ငြင်းခဲ့သည်

တုံ့ဆိုင်းနေခြင်းလည်း မရှိပေ

ယင်းအစား မြစိမ်းရောင်တ်မ်တိုက်တောင်ထိပ်ကို ရွေးချယ်လိုက်သည်။

ဘာကြောင့်လည်းဆိုတာ ခုန်ကျန်းဟုန်မသိနိုင်ခဲ့သလို အခြားသူတွေပါ အတိအကျ မသိချေ

သို့တိုင် ပိုင်ကျီဟန်တော့ သိနေရမည်။ ဘယ်လို မသိနိုင်ရမည်နည်း

ဒါက ပိုင်ရွှယ်ချင်းကို ရှောင်ချင်တာ ဖြစ်နိုင်သည်။ သူမအမြင်မှာတော့ ပိုင်ကျီဟန်၏မိသားစုလုံး တစ်ခုလုံးကို ရန်သူအဖြစ် သတ်မှတ်ထားပြီး ပိုင်ရွှယ်ချင်းသည်လည်း ချွင်းချက်မရှိပေ။

“သူက ငါ့တို့ကို တကယ့်ကို မုန်းတာပဲလား…”

ထိုအချက်ကို နားလည်ဖို့ အကြောင်းရှိသည်။

သို့တိုင် ယခုအချိန်မှာတော့ သူမသည် ပိုင်ရွှယ်ချင်းနဲ့ တိုက်လို့ မနိုင်ပေ။ ထို့အပြင် လက်တုံ့မပြန်နိုင်သေးပေ

ဒါပေမယ့်… သူမ၏ ရန်သူစာရင်းထဲမှာတော့ ပိုင်ကျီဟန်သည် ထိပ်ဆုံးမှာ ရှိနေလိမ့်မည်။

ပိုင်ကျီဟန်သည် ခေါင်းငုံ့ပြီး ရယ်မောလိုက်သည်။

သူသည် အစီရင်ခံစာကို ထပ်ကြည့်လိုက်ပြန်၏

“ဒီလို အရည်အချင်းနဲ့ဆိုရင် အဓိကတပည့်အဆင့်သို့ ဝင်ခွင့်ရဖို့ အချိန်အနည်းငယ်ပဲ လိုတော့မယ်။ အခုလာမဲ့ အဓိကတပည့် စစ်ဆေးမှုမှာ သူက သေချာပေါက် ပါလိမ့်မယ်”

ပိုင်ကျီဟန်သည် ဆံပင်ကို လက်နဲ့ ဖွလိုက်ပြီး၊

“သူမက အမြန်လမ်းကြောင်းပေါ် ရောက်နေတာပဲ

…”

ပိုင်ရှင်းယွဲ့ သည် ပြန်လည်ပေါ်ထွက်လာသည့် အရည်အချင်း၊ အဆိုးဆုံးနောက်ခံ၊ အလွန်လျင်မြန်စွာ တိုးတက်မှုနဲ့ နှလုံးသားခိုင်မာမှု အားလုံးတို့နဲ့အတူ ကောင်းကင်ဘုံရွေးချယ်သူ၏ အမှတ်အသားရှိနေ၏

သို့တိုင် တကယ့်ကို အတည်ပြုဖို့အတွက်တော့ ပိုင်ကျီဟန်သည် စနစ်စွမ်းအားကို အားကိုးရမည်။

“သူမကို ကိုယ်တိုင် သွားတွေ့ဖို့လိုနေပြီပေါ့”

All Chapters