ကောင်းကင်ဘုံဖီးနစ် ပြန်လည်မွေးဖွားခြင်း
Vol. 5 Ch. 63+64
အခုတော့ သေချာသွားချေပြီ။
ပိုင်ရှင်းယွဲ့သည် ဇာတ်ကောင်ဖြစ်ပြီး လင်းရွှမ်ထက် ပိုထင်ရှားသည်။
သူမသည် ကောင်းကင်ဘုံဖီးနစ် ဖွဲ့စည်းပုံပါ ရှိ၏
သူမ တာအိုအရိုးကို ခိုးယူခံရပြီးနောက်ပင် ထိခိုက်ဒဏ်ရာတွေမှ ပြန်သက်သာလာကာ သူ့စွမ်းရည်ပြန်လည် ရရှိလာသည်။ သို့ပေမဲ့ တာအိုအရိုး မရှိသည့်အတွက် ယခင်ထက်တော့ နည်းနည်းလျော့နည်းနေသည်။
သူမစိတ်ဆန္ဒကိုဖြည့်ဆည်းပြီး တကယ့်ဖီးနစ်အဖြစ် ပျံသန်းဖို့အတွက် ဗီလိန်ဖြစ်သော သူ့ကိုသတ်ရမည်မှာ သေချာသည်။
အခုဆို လူအုပ်ကြီးကို ဒီမှာ စုထားနိုင်တာက ပိုင်ရှင်းယွဲ့ကြောင့် ဖြစ်မည်ပင်
သူမရှေ့မှာတော့ သနားစရာကောင်လေးတစ်ယောက် ရှိနေသည်။
“ပိုင်ရှင်းယွဲ့”
သူသည့် တောင်ထိပ်တခွင် ပြင်းပြင်းထန်ထန် ကြားရသည့်အထိ စကားပြောလိုက်သည်။
“မင်းကို ငါမြင်ခဲ့တဲ့နေ့က စပြီးသဘောကျခဲ့တာ ။မင်းလို တစ်ယောက်ကို မတွေ့ဖူးဘူး။လှတယ်၊ အရည်အချင်းရှိတယ်… ပြည့်စုံတယ်!”
“အို မို”
ပိုင်ကျီဟန်သည် အနည်းငယ် ရေရွတ်လိုက်သည်။
“ဒါက ဒရာမာတစ်ပုဒ်လိုပဲ”
ထိုလူကို ဗီလိန်ဖြစ်မည်ဟု သူထင်နေခဲ့၏ အမှန်မှာတော့ မဟုတ်ဘဲ ချစ်မိနေသူ တစ်ယောက်ဖြစ်ကြောင်းတွေ့ရသည်။
သခင်လေးသည် ရှေ့တစ်လှမ်းထပ်တိုးလာကာ လက်ကမ်းပြီး ချစ်ဇာတ်လမ်း ဆင်သယောင်လုပ်နေ၏
“ဒါပထမဆုံးပြောခဲ့တာ မဟုတ်မှန်း မင်းသိပြီးသားပဲ။ ဒါကြောင့် ထပ်ပြောမယ် — မင်း ငါ့ရဲ့ အမျိုးသမီးဖြစ်နိုင်မလား?”
(တကယ် ရိုးရိုးသားသားပဲ)
“လက်ခံပါတယ်လို့ ပြောလိုက်ပါ” သူက အော်ပြောလိုက်သည်။
“ပိုင်ရှင်းယွဲ့ လက်ခံပါနော်။ သခင်လေး ရှုယုဟန်က မင်းကို အရမ်း သဘောကျနေလို့ပါ”
“လက်ခံလိုက်ပါနော်”
လူအုပ်ကြီးထဲမှ ထိုလူငယ်ကို ထောက်ခံသည့် မိန်းကလေးများစွာသည် စကားစမြည်ပြောဆိုကြသည်။ အထူးသဖြင့် မိန်းကလေးများကြားတွင် ဤလူငယ်သည် အလွန်ရေပန်းစားနေပုံရသည်။
အခြားမိန်းကလေးတစ်ဦးကို လက်ထပ်ခွင့်တောင်းခဲ့လျှင် ပြဿနာမရှိဘဲ အောင်မြင်ပုံ ရသည်။
သို့ပေမဲ့ ပိုင်ရှင်းယွဲ့ကတော့
မျက်တောင်တောင်မခတ်ချေ
သူမ၏ လေသံသည် ငြိမ်သက်သွားသည်။ အေးစက်တောင်နေ၏
"လက်မခံနိုင်ဖူး”
“အင်း၊ အံ့သြစရာမရှိပါဘူး။ ပိုင်ရှင်းယွဲ့က ကံကြမ္မာရဲ့ ကြယ်ငါးပွင့်အဖြစ် ရွေးချယ်ခံခဲ့ရတာ”
သူချစ်တဲ့လူက သာမန်လူတစ်ယောက် ဘယ်လိုဖြစ်နိုင်မည်နည်း။
အနည်းဆုံးတော့ သူသည် ကောင်းကင်ဘုံမှ ရွေးချယ်ခံရသူဖြစ်ရန် လိုအပ်သည်။
ရှုယုဟန် အေးခဲသွားသည်။
"ငါ စိတ်မဝင်စားဘူး”
ပိုင်ရှင်းယွဲ့သည် အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။
"ရှုယုဟန် ၊ နင် ဘယ်နှစ်ခါမေးနေပါစေ ငါ့အဖြေက အရင်အတိုင်းပါပဲ။ ကျေးဇူးပြုပြီး နင့်ရဲ့အချိန်တွေရော ငါ့အချိန်တွေကိုပါ မဖြုန်းတီးပါနဲ့။"
စကားလုံးတွေ နစ်မြုပ်သွားတော့ ခဏရပ်လိုက်သည် ။
ရှုယုဟန်၏ အပြုံးသည် တစ်စုံတစ်ယောက်က သူ့ကို ငါးသေတစ်ကောင်နှင့် ရိုက်လိုက်သလိုမျိုး အေးခဲသွားသည်။
မျက်နှာကို အဖတ်ဆယ်ရန် ကြိုးစားရင်း သူ့လက်သည် ဆန့်တန်းလျက် အနည်းငယ် တုန်ခါသွားသည်။
နောက်တော့ စကားတွေ စလာ၏။
"ငါက ဘာဖြစ်နေလို့လဲ?"
အသံတိုးတိုးနဲ့ ရေရွတ်လေသည်။
"ငါ မင်းအတွက် အဆင်မပြေဘူးလား?"
သူ၏ လေသံမှာ ထက်မြက်လာကာ ချစ်စရာကောင်းသော သခင်လေးမှ ဒေါသတကြီး ကောင်ကလေးအဖြစ်သို့ ပြောင်းလဲသွားသည်။
"ငါက မိုမျိုးနွယ်စုရဲ့ သခင်လေးပါ။ ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာတစ်ခုလုံးရဲ့ ထိပ်တန်းမျိုးနွယ်စု ဆယ်စုထဲက တစ်ခုပါ”
သူသည် ဟော်မုန်းထုတ်လွှတ်နေသည့် ဒေါင်းတစ်ကောင်လို ရှေ့ကို တိုးဝင်ရန် ကြိုးစားရင်း သူမနှင့် နီးကပ်လာသည်။
"ငါ့ရဲ့အရည်အချင်းက မင်းနဲ့မတူပေမယ့် ငါက အင်ပါယာတစ်ခွင်မှာ လူသိများတဲ့ ပါရမီရှင်တစ်ယောက်ပါ။"
တစ်ဖက်တွင် ပိုင်ရှင်းယွဲ့သည် မတုန်လှုပ်ပေ။
သူမ နားထဲတွင် ပိုးကောင်တစ်ကောင် မြည်နေသလိုပဲ သူ့ကို စိုက်ကြည့်နေ၏
ရှုယုဟန်သည် တစ်ချိန်တည်းတွင် လက်တွေ့ကျကျ အသနားခံကာ တောင်းဆိုခဲ့သည်။
"မင်းဘာလို့ဒီလိုဖြစ်နေရတာလဲ! တခြားမိန်းကလေးတွေဆိုရင် ငါ့ဘေးမှာရပ်နေရတာကိုပဲ ကျေးဇူးတင်နေမှာပါ"
သူထပ်ပြီး လက်လှမ်းလာသည်။ ဤတစ်ကြိမ်တွင် စိတ်ကူးယဉ်ဆန်သော အချစ်-ဝတ္ထုပုံစံဖြင့် မဟုတ်ချေ။
ဒါက သူ့မလက်ကောက်ဝတ်ကို တကယ်ဖမ်းဆုပ်မည့် မိုက်မဲသော လှုပ်ရှားမှုတစ်ခုလိုပင်
ထိုအချိန်တွင် ပိုင်ရှင်းယွဲ့၏အမူအရာသည် ပြောင်းလဲသွားသည်။
သူမ မျက်လုံးများ ကျဉ်းသွားသည် ။ နှင်းမုန်တိုင်းကဲ့သို့ အအေးဓာတ်သည် သူမခန္ဓာကိုယ်မှ လှိမ့်ထွက်သွားသည်။
စက္ကန့်အနည်းငယ်မျှ သူမ၏ ရွှေဗဟိုနယ်ပယ် အရောင်အဝါသည် တောက်ပလာကာ အနီးနားရှိ တပည့်အနည်းငယ်ကို နောက်ပြန်ဆုတ်ရန်ပင် လုံလောက်စေသည်။
သူမ လက်သီးကို ဆုပ်ထားလေ၏ ပိုင်ကျီဟန်အနေနဲ့ သူမ၏မျက်လုံးထဲတွင် လူသတ်ချင်နေသော အရိပ်အယောင်ကို လက်တွေ့ကျကျ မြင်နိုင်သည်။
ဒါပေမယ့် သူမ ထိန်းထားလိုက်၏
သူမကို ထိန်းထားစေနိုင်သည့် တစ်ခုတည်းသောအရာမှာ ဂိုဏ်းစည်းမျဉ်းများဖြစ်သည်။
အကယ်၍ သူမသည် မှန်ကန်သော ယှဉ်ပြိုင်မှုမရှိဘဲ လူရှေ့သူရှေ့၌ ထိုကောင်ကိုရိုက်ပါက အလုံးစုံ မဖြစ်သင့်တာ ဖြစ်ကုန်လိမ့်မည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမ၊ စာသင်ခန်းနဲ့ သူမ၏ ကျင့်ကြံမှုအခွင့်အရေးအပေါ် ယာယီကန့်သတ်ချက်ပင် ဖြစ်လာနိုင်သည်။
သူမ သွားများကို အံကြိတ်ကာ မလှုပ်ရှားပေ
(ငါက တခြားအထွတ်အထိပ်ကို ရွေးခဲ့ရမှာ။)
ပိုင်ရှင်းယွဲ့တွေးလိုက်မိသည်။
နေ့ရောညပါ သူမကို ရှုယုဟန်က နှောင့်ယှက်ခဲ့သည်။
ရှုယုဟန်၏ ဝန်ခံမှုကို သူမလက်ခံနိုင်ခြေ လုံးဝမရှိခဲ့တာက ရှုယုဟန်၏ ပြုမူပုံသည် ပိုင်ကျီဟန်ကို အမှတ်ရနေစေတာကြောင့်ပင်။
မောက်မာဖို့ပဲသိပြီး အခြားသူများ၏ ခံစားချက်ကို ဂရုမစိုက်ချေ။
(ခံနိုင်ရည်ရှိရမယ်။ ပိုင်ရှင်းယွဲ့ ဒါကို ခံနိုင်ရည်ရှိရမယ်။)
ပိုင်ရှင်းယွဲ့သည် သူ့ဘာသာတွေးနေမိသည်။
သူမ၏ လက်စားချေမှုသည် အလှမ်းဝေးနေဆဲဖြစ်ပြီး သူမသည် နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိခဲ့သည်။
သူမ၏ လက်စားချေမှု အောင်မြင်ရန် အနည်းငယ်သာ ခံနိုင်ရည်ရှိဖို့ လိုအပ်သည်ဟု သူမယုံကြည်သည်။
"သခင်လေးမို လက်လျော့သင့်ပါပြီ။ ငါက နင်နဲ့ မထိုက်တန်ပါဘူး”
ပိုင်ရှင်းယွဲ့က ပြောလေ၏
"မင်းက ပိုင်မျိုးနွယ်က စွန့်ပစ်ခံရတဲ့ မိန်းကလေးပဲ၊ မင်း ကြီးကျယ်ခမ်းနားစွာ ပြုမူဖို့ ဘယ်လိုတောင် သတ္တိရှိနေတာလဲ။"
ရှုယုဟန်သည် ဟန်ဆောင်မှုမှန်သမျှကို ဖယ်ထုတ်လိုက်ပြီး ဒေါသတကြီးအော်လိုက်သည်။
ပိုင်ရှင်းယွဲ့ နှင်ထုတ်ခံရခြင်းသည် လျှို့ဝှက်ချက်မဟုတ်သလို သူမကို သိတဲ့လူတိုင်းလည်း ထိုအကြောင်းကို သိကြ၏
ထို့ကြောင့် ပိုင်မျိုးနွယ်မှဖြစ်လင့်ကစား ရှုယုဟန်သည် ပိုင်မျိုးနွယ်၏ထောက်ခံမှုမရသော ပိုင်ရှင်းယွဲ့ကို မကြောက်ခဲ့ပေ။
ထိုအချိန်တွင် နှေးကွေးလေးလံသော လက်ခုပ်တီးသံသည် လေထဲသို့ ပဲ့တင်ထပ်သွားသည်။
ဖြောင်း ဖြောင်း
ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့နှင့် ရှုယုဟန်ရှိသည့် ကွင်းဆီသို့ လျှောက်သွားသည်။
"ဘယ်သူလုပ်ရဲတာလဲ"
လက်ခုပ်တီးသံကြောင့် ရှုယုဟန်သည် ချက်ချင်းပင် အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။
သူသာမက မြစိမ်းရောင်တိမ်တိုက် တောင်ထိပ်မှ အခြားပရိသတ်များသည်လည်း ဒေါသထွက်ကာ တင်းမာနေသော ရှုယုဟန်ကို တစ်စုံတစ်ယောက် ဝင်ရောက်စွက်ဖက်ဝံ့သည့်အခါ အံ့အားသင့်ခဲ့ကြသည်။
ပိုင်ရှင်းယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီး မျက်မှောင်ကြုတ်မှုက သူမမျက်နှာပေါ်တွင် ပေါ်လာသည်။
"ပိုင်ကျီဟန်..."
သူမ အသက်ရှုသံအောက်တွင် ရေရွတ်လိုက်သည်။
ကြီးပြင်းလာတာကြောင့် ငယ်စဉ်ကနှင့် ကွာခြားသော်လည်း သူမသည် သူ့ဘဝရန်သူဟု သတ်မှတ်ခံရသူကို မမှတ်မိတာမျိုး မဖြစ်ပေ။
ထို့အပြင် တစ်စုံတစ်ယောက်သည် သူနှင့် တူညီသောအသွင်အပြင်ရှိလျှင်ပင် ထိုမာနကြီးသော အသွင်အပြင်ကို မည်သူမဆို ပုံတူကူးချနိုင်သည်ကို သူမ မယုံခဲ့ပေ။
ယခု သူမ၏ တစ်သက်တာရန်သူသည် သူ့မျက်စိရှေ့တွင် ရှိနေသည်။