← Chapters

မြစိမ်းရောင်တိမ်တိုက်၌ ရင်ဆိုင်တွေ့ခြင်း

Vol. 5 Ch. 65

မြစိမ်းရောင်တိမ်တိုက်၌ ရင်ဆိုင်တွေ့ခြင်း

Vol. 5 Ch. 65

ပိုင်ကျီဟန်သည် ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာပြီး သူ့နှေးကွေးမှုသည် ပေါက်ကွဲ ထွက်သွားသည့် သူ့လက်ခုပ်သံနဲ့မတူပေ

သူသည် ခပ်လှမ်းလှမ်းတွင် ရပ်ပြီး ခေါင်းကို တစ်ဖက်စောင်းကာ လူတွေကို မကြိုက်သည့် အပြုံးဖြင့် ကြည့်နေခဲ့သည်။

“ဟုတ်ပြီလေ။” ပိုင်ကျီဟန်သည် ရှုယုဟန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ပိုင်မိသားစုက လူတစ်ဦးကို ဒီလို သေသေချာချာ ခြိမ်းခြောက်တာကို ငါ ပထမဆုံး မြင်လိုက်ရတာပဲ။”

သူက အသံတိုးတိုးနဲ့ ရယ်လိုက်သည်။

“မင်း အတော် သတ္တိရှိတယ်ထင်တယ်။ ဒါမှမဟုတ် တော်တော်လေး ရူးတယ်လို့ပြောရမလား?”

ရှုယုဟန်သည် ဒေါသတကြီးနဲ့ ကြည့်လိုက်သည်။

သူ့ကို ပိုင်ရှင်းယွဲ့ ငြင်းရုံသာမက အခုလည်း ခွေးကောင်က ဒဏ်ရာပေါ် ဆားသိပ်နေသလိုပင်

အတိအကျ ပြောရရင် သူဖောက်ထွက်တော့မည်

ဒါပေမယ့် သူမပြောခင် သူ့၏ အစေခံတစ်ဦးသည် လက်ကုတ်ပြီး တိုးတိုးနဲ့ ပြောလိုက်သည်။

“သခင်လေး အဲဒါက ပိုင်ကျီဟန်…ပိုင်မိသားစု အမွေဆက်ခံသူပါ။”

ရှုယုဟန်က မျက်မှောင်ကြုတ်လေ၏

“ဘာလို့လဲ?”

သူသည် သူ့အစေခံကို ပြန်ကြည့်ပြီး အပြုံးနဲ့ ပိုင်ကျီဟန်ကို ကြည့်လိုက်သည်။ နာမည်ပြောလိုက်တော့ နားလည်မိသလို မျက်နှာကိုလည်း မှတ်မိသွားသည်။

မိုမိသားစုနဲ့ ပိုင်မိသားစု နှစ်စုလုံးသည် ကောင်းကင်ဘုံ အင်ပါယာ၏ အဆင့်၁၀အတွင်းမှာရှိကြတာကြောင့် တချို့အချိန်တွေမှာ သွားလာတွေ့ဆုံဖူးခဲ့သည်။

သို့တိုင် ပိုင်ကျီဟန်ကို ဟာသအဖြစ်ပဲ သတိရတတ်ခဲ့သည်။

“အကျိုးမရှိတဲ့လူ” ၊ ပိုင်မိသားစု အမွေဆက်ခံသူ ဖြစ်ပေမယ့် တကယ့်ကို လေးနက်စွာ မကြည့်ဖူးခဲ့ပေ

ထိုကြောင့် ထိုအမည်ကို သူ့လက် အစေခံသတိပေးခါနီးတိုင်အောင် ဘာမှ မဖြစ်ပေ။

တချိန်တည်းမှာပဲ သူ၏ ရဲတင်းသော ပုံစံပျောက်သွားသည်။

ပိုင်ကျီဟန်ကို ကြောက်တာ မဟုတ်ပေ။ သူ တစ်ယောက်ချင်းတိုက်ခိုက်လျှင် သေချာစွာ နိုင်မည်ဟု ထင်၏ ဒါပေမယ့် ပိုင်မိသားစုဆိုရင်တော့

ဒါကတော့ မတူညီသော သားရဲပင်

မိုမိသားစုသည် အဆင့် ၁၀ အတွင်းမှာရှိပေမဲ့ ပိုင်မိသားစုကတော့ အဆင့် ၃အတွင်းရှိပြီး အဆင့် ၁ လည်း ဖြစ်နိုင်သည်။

ထိုကြောင့် သူအသံကို နည်းနည်း ချိန်ညှိလိုက်သည်။

“အဲဒီစကားရဲ့ အဓိပ္ပာယ်က ဘာကိုဆိုလိုတာလဲ၊ ပိုင်ကျီဟန်?”

မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူ့အသံသည် မာနကြီးနေတုန်းပင်။ သူသည် ကျီဟန်ကို နှိမ့်ချစွာ ကြည့်နေတုန်းပင်

" ပိုင်ရှင်းယွဲက ပိုင်မျိုးနွယ်ကနေ နှင်ထုတ်ခံရတာကို လူတိုင်းသိတယ်။ ဒါဆို ပိုင်မျိုးနွယ်ကို ငါဘယ်လိုလုပ် ခြိမ်းခြောက်နေတာ ဖြစ်မှာလဲ။"

သူမေးလေ၏

ပိုင်ကျီဟန်အပြုံးက မှေးမှိန်မသွားချေ။ အမှန်မှာတော့ ပိုကျယ်ပြန့်လာကာ အန္တရာယ်များလှသည်။

"သူမက နှင်ထုတ်ခံရတာဖြစ်ဖြစ် ၊ နှင်ထုတ်မခံရတာဖြစ်ဖြစ် အဲ့တာ မင်းကိစ္စမဟုတ်ဘူး”

သူသည် ရှေ့သို့နောက်တစ်လှမ်းတိုးလိုက်ကာ အသံတိုးတိုးလေးနဲ့ ခြိမ်းခြောက်လိုက်သည်။

"ဒါက မိသားစုကိစ္စပါ။ ပြီးတော့ ပိုင်မျိုးနွယ်နာမည်နဲ့လူကို နှိုးဆွတာထက် ဘာကပိုကောင်းလဲ မင်းသိသင့်တယ်"

"ဒါမှမဟုတ်ရင်တော့?" သူက ဆက်ပြောရင်း မျက်လုံးတွေ တောက်ပနေ၏။

"မင်းရဲ့မိုမျိုးနွယ်က ငါ့ပိုင်မျိုးနွယ်ကို ဆန့်ကျင်ဖို့ အခွင့်အရေးရှိတယ်လို့ မင်းထင်လား"

ကွင်းသည် ငြိမ်သက်သွားလေသည်။

အသံတစ်သံမှ မထွက်ရဲချေ

နောက်ဆုံးတော့ ဒါသည် ဖော်ရွေတဲ့ ပုတ်ခတ်မှုမျိုး မဟုတ်ချေ။ ဤသည်မှာ အင်ပါယာ၏ အင်အားကြီးမျိုးနွယ် နှစ်ခုကြား ခိုက်ရန်မဖြစ်မီ အချိန်တစ်ခုသာ

"မင်း…"

ရှုယုဟန်၏ မေးရိုး တင်းမာသွားသည်။

ဒါဟာ ငြင်းခုံစရာတစ်ခုမဟုတ်ချေ။ မျိုးနွယ်စုအဆင့် ခြိမ်းခြောက်မှုသာဖြစ်၏

"ဟမ် သွားကြစို့”

သူလှည့်၍ နောက်ဆုတ်သွားသည်၊။ သူ၏လက်ပါးစေများက သူ့နောက်သို့ အပြေး လိုက်သွားကြလေ၏

ပိုင်ကျီဟန်သည် သူ့နေရာကို မသိတဲ့လူကို ကြည့်နေသလိုမျိုး ထွက်သွားတာကို ကြည့်နေ၏

ကြီးကြီးကျယ်ကယ်ပြောရလျင် သူသည် ရှုယုဟန်အသက်ကို ကယ်လိုက်တာဟု ပြောလို့ရသည်။

ကောင်လေးသည် မိုးကောင်းကင် ရွေးချယ်သူကို စော်ကားချင်တဲ့စိတ်ရှိနေ၏။ သူ့ပါးစပ်ဖွင့်လိုက်ကတည်းက သူ့ကံကြမ္မာကို ဖန်တီးပြီးသားပင်

တကယ့်မှာတော့ ပိုင်ကျီဟန်သည် သူ့ဘဝကို ကယ်ပေးလိုက်တာပင်

ဝမ်းနည်းစရာကောင်းတာက လူမိုက်သည် သူ့ကို သေဆုံးမှုကနေ ကယ်တင်ခဲ့သည့် သူ့၏လုပ်ဖော်ကိုင်ဖက်ဗီလိန်ကို ကျေးဇူးတင်

လောက်အောင် ဉာဏ်မမီခဲ့တာပင်

“ချီး ကျောရိုးမရှိဘူး”

ပိုင်ကျီဟန်သည် ရေရွတ်လိုက်ပြီး ကျန်တဲ့လူတွေကို လှည့်

ကြည့်လိုက်သည်။

"ကောင်းပြီ?"

သူက ပျင်းရိငြီးငွေ့စွာ ပြောလိုက်ပြီး ကွင်းအနှံ့ ပဲ့တင်ထပ်နေသည်။

"ဒရာမာပြီးသွားပြီ။ အရင်ကလုပ်ခဲ့တဲ့ ငြီးငွေ့စရာ အလုပ်တွေဆီ ပြန်သွားကြ”

တပည့်များသည် အကြည့်ချင်းဖလှယ်ကာ တုန်လှုပ်ချောက်ချားစွာ လှုပ်ရှားကြသည်။

"ဟား။ သူကိုယ်သူ ဘယ်သူလို့ထင်လဲ"

"မာနကြီးတဲ့ ခွေးကောင်... ဒါက မြစိမ်းရောင်တိမ်တိုက်တောင်ထိပ်၊ သူ့ရဲ့ လျှို့ဝှက်လမင်း တောင်ထိပ်မဟုတ်ဘူး”

"သူက ရှုယုဟန်ကို ကြောက်အောင် ခြောက်

လိုက်လို့၊ သူက ငါတို့ကိုပါ အုပ်ထိန်းနိုင်မယ်လို့ ထင်နေတာလား?"

ထေ့ငေါ့ငေါ့ပြောနေသော်လည်း မည်သူမျှ သူကို မျက်နှာချင်းဆိုင် မပြောရဲပေ။

တစ်ယောက်ပြီးတစ်ယောက် ငြီးတွားကုန်သည်။ အချို့က မျက်စောင်းထိုးကုန်ပြီး မည်သူမျှ မနေရဲကြချေ

ဘာကြောင့်လဲဆိုတော့ ရှုယုဟန်ပင် နောက်ဆုတ်လိုက်တာကို မည်သူက တိုက်ခိုက်ရဲမည်နည်း

မကြာခင်မှာပဲ ကွင်းကြီးတွင် ဘာမှမရှိတော့ဘဲ လူနှစ်ယောက်ပဲကျန်တော့သည်။

ပိုင်ကျီဟန်

ကောင်မလေးသည် သူ့ကို ဒေါသထွက်စွာကြည့်နေ၏

ပိုင်ရှင်းယွဲ့ သည် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ပိုက်ကာ သူမ မျက်လုံးများသည် သွေးထွက်လောက်အောင် စူးရှနေ၏

သူ့အသံသည် နှင်းကိုက်အနာလို အေးစက်စက်ထွက်လာသည်။

"ဘာလို့ဒီမှာ ရောက်နေတာလဲ ပိုင်ကျီဟန် "

ကျေးဇူးတင်ခြင်းမရှိပေ။ ပျော်ရွှင်စရာတွေ မရှိချေ။

ပိုင်ကျီဟန် မျှော်လင့်ထားသလို မဟုတ်ချေ။

သူမ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ ပြုံးလိုက်မိသည်။

"ဘာလို့လဲ?"

သူ ထပ်ခါထပ်ခါပြောပြီး ခေါင်းကို အနည်းငယ် စောင်းထားလိုက်သည်။

“ ငါဒီမှာနေခွင့်မရှိဘူးလား။ မြစိမ်းရောင်တိမ်တိုက် တောင်ထိပ်က မင်းပိုင်တာလား”

"ငါဘာကိုဆိုလိုတယ်ဆိုတာ နင် ကောင်းကောင်းသိတယ်။"

ပိုင်ရှင်းယွဲ့သည် လျှပ်တပြက် ရှေ့သို့ တိုးလာသည်။ သူမ၏ အလင်းတန်းများပါ တောက်ပလာသည်။

"နင် ငါ့ကို ကူညီသလိုမျိုး မလုပ်ပါနဲ့ ကြောင်သူတော်။"

သူမ၏ အသံသည် ဒေါသသံဖြင့် တုန်လှုပ်သွားသော်လည်း သူမ ထိန်းချုပ်ထားသည်။

"နင် ဘာတွေကြံနေတာလဲမသိဘူး၊ ဒီအစီအစဉ်ကနေ ဘာကို ဆွဲခေါ်သွားတာလဲ... ဒါပေမယ့် ခန့်မှန်းကြည့်ရအောင်"

သူမ မေးစေ့ကို အပေါ်သို့ စောင်းထားသည်။

"နင် ငါ့ကို ပါးစပ်ပိတ်ချင်နေတာ။ နင် ငါ့ကိုလုပ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောမိအောင်”

ထို့နောက် သူမ လှောင်ရယ်လိုက်သည်။

"ဒါပေမယ့် ကံမကောင်းတာက နင်ရဲ့ ပျော့ညံ့တဲ့ ခွန်အားက အဲဒါကို တားဖို့ မလုံလောက်သေးဘူး"

သူ့ကို လက်စားချေမည်ဟု ကတိပြုထားသည့် သူမသည် သူ့လှုပ်ရှားမှုများကို စုံစမ်းခြင်းအား မရပ်တန့်လိုက်ပေ။

ပိုင်မျိုးနွယ်အကြောင်း တိုးတိုးလေးပြောတိုင်း သူမနားကိုဖွင့်ထားသည်။ အထူးသဖြင့် ပိုင်ကျီဟန် နဲ့ ပတ်သက်တာပင်

သူသည် အဓိကဖွဲ့စည်းပုံအဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း သူမသိသည်။ သူမအတွက်တော့ ခြိမ်းခြောက်မှုမဟုတ်ပေ။

သေချာတာက သူသည် အကြီးအကဲတစ်

ယောက်ကို ဆွဲခေါ်ခဲ့မည်ဆိုရင် သူမ စိတ်ပူနေလိမ့်မည်ပင်။ သို့သော် ဤသည်မှာ ကောင်းကင်ဓားဂိုဏ်းဖြစ်သည်။

ခွန်အားကြီးသော ပိုင်မျိုးနွယ်အတွက်ပင်။ ဤနေရာတွင် အကန့်အသတ်များရှိသည်။

ထိုအချိန်တွင် ပိုင်ကျီဟန်သည် ဝုန်းဒိုင်းကြဲနေသော ကလေးအား ကြည့်နေသလိုမျိုး ပြုံးနေသေးသည်။

(အရင်အတိုင်းပဲ)

ပိုင်ကျီဟန် တွေးလိုက်သည်။

ပိုင်ရှင်းယွဲ့သည် နှစ်တွေကြာလာသည့်တိုင် မပြောင်းလဲခဲ့ပေ။

သူမသည် သူ့ပတ်ဝန်းကျင်ရှိ ခံစားချက်များကို အင်္ကျီလက်ပေါ်တွင် ဖုံးထားဆဲပင်

နှင်ထုတ်ခံရမှုသည် သူမအား ပြောင်းလဲစေမည်ကို သူစိုးရိမ်နေမိသည်။ သူမကို အေးစက်ပြီး အရောင်ပြောင်းနေသော မြွေတစ်ကောင်အဖြစ် ပြောင်းလဲပစ်နိုင်သည်။

ဒါပေမယ့် မဟုတ်ချေ

ထိုကဲ့သို့ လူစားမျိုးဖြစ်လျှင် သူ့ကိုဒီလိုအပြစ်တင်မှာမဟုတ်ပေ။

သူမသည် ချိုမြိန်စွာ ပြုံးနေပေလိမ့်မည်။ သူမကို "ကယ်တင်ခြင်း" အတွက် သူ့ကိုပင် ကျေးဇူးတင်နေပေလိမ့်မည်...ဒါက သူမ၏ နောက်ကျောမှ ဓားကို ချွန်နေချိန်ဖြစ်သည်။

ဒါပေမယ့် သူမ မလုပ်ခဲ့ချေ။

ရိုးရိုးသားသားပင်

အဲဒါက သူမကို ဆက်ဆံရတာ ပိုလွယ်ကူစေသည်။

"သူမလို လူတွေက ရိုးရိုးရှင်းရှင်းပဲ။ ဓါးဘယ်ကလာမယ်ဆိုတာ အမြဲသိနေရတယ်”

"အဲဒါက မင်းရဲ့ကျောရိုးမှာ မြှုပ်ထားတဲ့ အပြုံးတွေပဲ"

All Chapters