← Chapters

အတိတ်ကိုရင်ဆိုင်ခြင်း

Vol. 5 Ch. 66

အတိတ်ကိုရင်ဆိုင်ခြင်း

Vol. 5 Ch. 66

“တစ် တစ်”

ပိုင်ကျီဟန်သည် လျှာကိုသပ်လိုက်ပြီး

သူ့အသံသည် ပတ်ဝန်းကျင်ကို တုန်စေသလိုပင် ဖြစ်သွားစေသည်။

“ရှင်းယွဲ့ မင်းစိတ်ကူးတာတွေကမဆိုးပါဘူး”သူအသံက ပျော်ရွှင်နေတာပင်

“ ဒါပေမယ့် စိတ်မကောင်းစရာက မင်းအထင်မှားနေတာ။”

သူ့လက်တွေကို နောက်မှာ ထပ်ထားပြီး ကမ္ဘာပေါ်ရှိ အချိန်အားလုံးကို ပိုင်ဆိုင်ထားကဲ့သို့ ဘယ်သူကိုမှ ဂရုမစိုက်ဘဲ အေးဆေးဆေးလေး လမ်းလျှောက်လိုက်သည်။

“ငါက ပါးစပ်ပိတ်ဖို့လာတာ မဟုတ်ဘူး။ ငါ့ဝမ်းကွဲကို တွေ့အောင်လာတာ”

စကားထဲတွင် ပျက်ရည်ပြုသံတွေ ပါနေသော်လည်း အပြန်အလှန် ပေါင်းစည်းချင်သံ မဟုတ်မှန်း ထင်ရှားနေသည်။

သူ့စကားသည် တကယ်တော့ သူမကို စိန်ခေါ်နေတာပင်။ ငယ်စဉ်ကလို ပါစတာမုန့်တွေ စမ်းသလိုမျိုး သို့မဟုတ် ပေါက်စီတွေလုပ်ခဲ့သလိုမျိုးပင်

ယခု သူတို့သည် နှစ်ပေါင်းများစွာ သွေး၊ သစ္စာဖောက်မှု၊ ခါးသီးမှုတို့ဖြင့် တစ်ဖက်စီ ရပ်တည်နေခဲ့သည်။

ပိုင်ရှင်းယွဲ့၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူအမူအရာသည် ဖန်သားပြင်ပေါ်တွင် နှင်းခဲများ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည့်နှယ်ပင်။ ထို့နောက် သူမ ပြုံးလိုက်မိသည်။

ကြင်နာတဲ့အပြုံးမဟုတ်ဘဲ ခါးသီးတဲ့အပြုံးပင်။

“ဟေ့.. ဘယ်လောက်ရင်ထဲထိလိုက်သလဲ။ ငါ့တာအိုအရိုးကို မယူခင်က ဒီစိတ်ကူးယဉ် စကားတွေ ပေါ်ပေါက်ခဲ့ရင် ဘယ်လောက်

ကောင်းမလဲ”

သူမက အော်မပြောခဲ့ပေ။ အသံတောင် မြှင့်မထားခဲ့ချေ။

သို့ကေမဲ့ သူမစကားတွေက ပါးရိုက်တာထက် ပိုပြင်း၏

အေးစက်ပြီး ဖြတ်တောက်သလို စကားတွေသည် မီးဟုန်းဟုန်း မတောက်သည့်တိုင် အတွင်းထဲ၌ တဖြည်းဖြည်း ငြိမ်းမရသော အမျက်ပေါ်ထွက်နေခဲ့သည်။

သူမ သည်းခံထားရသည့် တရားမမျှတမှုကို သူမတစ်ယောက်တည်းသာ မျှတအောင်လုပ်နိုင်မည်ဆိုတာ သူမလုံးဝသိထားပြီးသားပင်

ထိုမြေတွင် အင်အားအကြီးဆုံး ပိုင်မိသားစုကို မည်သူက တရားမျှတမှုအတွက် ဆွေးနွေးနိုင်မည်နည်း

ထို့ကြောင့် ပိုင်ကျီဟန် အလွယ်တကူ သုံးသည့် မိသားစုကိစ္စဆိုသည့် စကားနှစ်လုံးနဲ့ အကုန်

ပပျောက်မသွား တာပင်။

“ဒါကို နင်တားတာကို ငါမေ့လိုက်ပြီ” သူမထပ်ပေါင်းထည့်ပြောသေးသည်။

သူမလက်တွေကို တင်းအောင် ဆုပ်ထားပြီး ပုခုံးက တင်းကြပ်နေ၏ မလှုပ်မယှက်နဲ့ပင်

သူမ တစ်ခြေလှမ်းသာ ရှေ့တိုးလိုက်သည်။ခြိမ်းခြောက်တာမျိုး မဟုတ်ပေ။ မကြောက်ကြောင်း ပြသဖို့ လုံလောက်သလောက်သာ

“ဒါကြောင့် နင့်ရဲ့ ရုတ်တရတ် မိသားစု နှောင်ကြိုးကို နည်းနည်း သံသယဖြစ်မိရင် ခွင့်လွှတ်ပါ"

တစ်စက္ကန့်ကြာတော့ သူတို့ကြားကို တိတ်ဆိတ်မှု ဝင်ရောက်လာသည်။

ထို့နောက် ပိုင်ကျီဟန်သည် ပျင်းရိစွာ ရယ်မောလိုက်သည်။ သူမဟာသတစ်ခုပြောခဲ့သလိုပင်

"ရှင်းယွဲ့..."

သူက ယုတ္တိမဲ့သူလို့ သက်ပြင်းချရင်း ပြောလိုက်သည်။

သူက ခေါင်းကို တစ်ချက်ခါလိုက်သေး၏

"ငါ့ကို အထင်မလွဲပါနဲ့။ ငါက ပြုပြင်ဖို့ ဒီကို လာခဲ့တာမဟုတ်ဘူး။ အတိတ်ကို ရှင်းပြတာမျိုးလား။ ဒါမှမဟုတ် အဲဒီ စိတ်ကူးယဉ်ဆန်တဲ့ အဓိပ္ပါယ်တွေ တစ်ခုခုကြောင့်မျိုးလား။"

သူ့အပြုံးတွေ မှိန်သွားပြီး သူ့အသံက ပြတ်သွားသည်။

"ငါ မင်းကို သတိပေးဖို့ ဒီကိုလာခဲ့တာ။"

စကားလုံးများသည် ဆောင်းလေက ကျောက်တုံးများကို ဖြတ်တိုက်သကဲ့သို့ စူးရှပြီး ခြောက်သွေ့နေ၏။ လှောင်ပြောင်မှု မရှိတော့ချေ။ သူ့အကြည့်တွေ တင်းမာလာသည်။

သူသည် မှားယွင်းသော ကြင်နာမှု သို့မဟုတ် ဆင်ခြေများနောက်ကွယ်တွင် ဖုံးကွယ်ရန် မကြိုးစားခဲ့ချေ။ သူမကို ဂရုစိုက်သလို သရုပ်မဆောင်ပေ ။ သူတကယ်မလုပ်ဖူးတာ ဖြစ်နိုင်သည်။

ဘာကြောင့်လဲ ဆိုတော့ ဘယ်တောင်းပန်မှုက ပြီးခဲ့တာကို ပြန်ဖျက်နိုင်မည်နည်း။တစ်စုံတစ်ယောက်၏ တာအိုအရိုးကိုခိုးယူခြင်း၏အမုန်းကို မည်သည့်ကြင်နာမှုနဲ့ ချိန်ညှိနိုင်သနည်း။

မောက်မာသောစိတ်ဖြင့်မဟုတ်ဘဲ အေးတိအေးစက်ဖြင့် သေချာစွာကြည့်မိသည်။

"ပိုင်မျိုးနွယ်ရဲ့နာမည်ကို မရှုတ်ချပါနဲ့၊ မိုမျိုးနွယ်က တစ်ယောက်ယောက်ကို ဘယ်လိုအနိုင်ကျင့်ခွင့်ပြုတာလဲ။"

သူ့စကားသည် သူမကို မျက်နှာကို ရိုက်လိုက်သလို ဖြစ်သွားပေမယ့် ပိုင်မျိုးနွယ်ကို သူမ ဂရုမစိုက်တော့ပေ

သူမအတွက် မရှိပေ

ပြတ်ပြတ်သားသား ရဲစွမ်းသတ္တိသာ ရှိခဲ့သည်။

ပိုင်ရှင်းယွဲ့၏ လက်သီးများသည် သူမ၏ ဘေးနှစ်ဖက်ကို ဆုပ်ကိုင်ထားသည်။

"ပိုင်မျိုးနွယ် နာမည်ကဘာဖြစ်လဲ"

ဒေါသတကြီး အော်ဟစ်ရင်း နောက်ဆုံးတော့ အသံက ကျယ်လာ၏

"ငါ့ကို စွန့်ပစ်ခဲ့တဲ့ မျိုးနွယ်မလား။ ငါ့မှာ ဘာသွေးကြောမှ မရှိတော့သလို ငါ့ခန္ဓာကိုယ်ထဲက တာအိုအရိုးကို ဖယ်ထုတ်ပစ်ခဲ့တာမလား”

သူမသည် အနားကို တိုးကပ်လာပြီး မျက်လုံးများ မီးတောက်လာသည်။

"နင့် အဲဒီမှာ ရပ်ပြီး မြင့်မြတ်တဲ့နေရာကနေ စကားပြောသလိုမျိုး လုပ်မနေနဲ့ ပိုင်ကျီဟန်”

ဒါပေမယ့် သူ ဒေါသမထွက်ခဲ့ပေ။ သူပြန်မအော်ခဲ့ချေ။ သူ မျက်တောင်တောင် မခတ်ပေ။

သူသည် သူမကို ငေးကြည့်နေရုံသာ။ အေးစက်၏ တိတ်ဆိတ်နေ၏ ။ သူမ၏ ဒေါသသည် သူ့ကိုပင် မထိခိုက်သလိုပင်။

အတန်ကြာအောင် အချိန်ကြာပြီးသည့်နောက်တွင် သူသည် သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ နင့်အတွက် ကောင်းအောင် လုပ်နေပုံပဲ”

သူ့လေသံတွင် ခံစားချက်မရှိပေ။ နွေးထွေးမှုမရှိ..စူးစမ်းမှုတစ်ခုမျှသာ။ ဘာမှမထူးခြားချေ

"ဒါပေမယ့် နင် ဘယ်လောက်ပဲ ပြေးနေပါစေ…"

သူသည် သူမကို အသစ်တစ်ဖန် လေ့လာနေသကဲ့သို့ပင် ခေါင်းညိတ်လိုက်သည်။

"ပိုင်မျိုးနွယ်နာမည်ကို ယူထားတုန်းပဲ"

သူ ခြေတစ်လှမ်းဆုတ်လိုက်သည်။ စကားလုံးတိုင်းသည် ထက်မြက်ပြီး ညင်သာ၏

"ဒါဆို ရှုယုဟန်လိုမျိုး အင်းဆက်တွေရှေ့မှာ မင်းကိုယ့်ကိုယ်ကို နှိမ့်ချမနေနဲ့။"

သူလှည့်ပြီးထွက်လာ၏ ခွဲခွာ ပြုံးပြခြင်း မရှိချေ။

ရိုးရှင်းသော လှည့်ကွက်လေးနဲ့ လမ်းလျှောက်နေ၏

သူ၏ ၀တ်စုံများသည် သူ့နောက်သို့ လိုက်သွားကာ အေးစက်သောလေသည် သူ့အတိတ်ကို သတိရချိန်တွင် ပိုင်ကျီဟန်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားပုံရပြီး သူမကို နောက်ပြန်လှည့်ကြည့်တာပင် မရှိပေ

ပိုင်ရှင်းယွဲ့သည် အေးခဲနေပြီး သူထွက်သွားသည့်နေရာကို စိုက်ကြည့်နေ၏ သူမ၏ အသက်ရှုသံများ ကျဉ်းမြောင်းလာသည်။

ဒီနေ့ အံ့သြစရာတွေနဲ့ ပြည့်နေသည်။

ရှုယုဟန်သည် ကြမ်းတမ်းပြီး အားပျော့သည့် ပုံစံအမှန်ကို ပြသခဲ့သည်။

ဒါပေမယ့်။ ပိုအံ့သြစရာကောင်းတာက ပိုင်ကျီဟန်၏ အသွင်အပြင်ပင်။

ထို့အပြင် သူသည် ပြောင်းလဲခဲ့သည်။

မောက်မာနေဆဲ။ ရက်စက်ဆဲ၊ နှုတ်ကြမ်းဆဲ။

သို့သော် ထိုအေးစက်သောအမူအရာအောက်တွင်... ကွဲပြားသောအရာတစ်ခုရှိသည်။

သူမ နာမည်အတိအကျ မတပ်နိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်တွေက စိတ်ပျက်စရာကောင်းသည့် ပိုင်ကျီဟန် မဟုတ်တော့ပေ။

ပြီးတော့ ဒါတစ်ခုတည်းက အန္တရာယ်ရှိသည်။

အရာရာတိုင်းထက် မုန်းတီးမှုတွေသည် သူ့ရင်ထဲမှာ လှည့်ပတ်နေသည့်တိုင် သူမ မှတ်မိနေပါသေးသည်။

သူမမိဘတွေ ပျောက်ကွယ်သွားချိန်မှာတော့ ပိုင်ကျီဟန်မိသားစုသည် သူမကို ခေါ်ယူခဲ့တာပင်။

ထိုအချိန်တုန်းက သူမ သူ့ကို လှမ်းကြည့်မိသည်။ ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူ..အေးစက်ပြီးမကြင်နာတတ်ပေ

သူမကိုသာ မဟုတ်ပေ

သို့တိုင် သူ့နည်းသူ့ဟန်ဖြင့် သူမကို စောင့်ရှောက်ခဲ့သည်။ အရည်အချင်းမရှိလို့ဆိုပြီး လူတိုင်းက သူ့ကို လှောင်ပြောင်ကြတဲ့အခါတောင်မှ သူမ မပါဝင်ခဲ့ဖူးချေ။

သူမ၏ ကျင့်ကြံမှုစွမ်းရည် နိုးကြားလာသောအခါတွင် သူမသည် နီးစပ်နိုင်မည်ဟု ရူးသွပ်စွာမျှော်လင့်ခဲ့သည်…။

သို့သော် သူသည် ခပ်ခွာခွာနေခဲ့သည်။ သူတို့ကြားက ကွာဟချက် ကြီးလာ၏

သူမ သူ့ကို တစ်ကြိမ်နှစ်သိမ့်ဖို့ ကြိုးစားသေးသည်။

သူ့ကို လှောင်ပြောင်နေသည်ဟု ထင်ခဲ့သည်။

အဲဒီနောက်မှာတော့ သူပြောင်းလဲသွားချေသည်။

အစေခံများ၊ တပည့်များနဲ့ သူမကိုပင် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းခဲ့သည်။ ဒါပေမယ့် သူမ ငြိမ်သက်စွာ ခံနိုင်ရည်ရှိခဲ့သည်။

ဒါဟာ သူမကို တကယ့်အနိုင်ကျင့်တာမဟုတ်ပေ။

ဒါကို မြင်တော့ စိတ်ဓာတ်ကျနေတာမှန်း သူမသိနေသည်။ မည်သူမျှ လက်ကမ်းမပေးခဲ့သော ဖိအားအောက်၌ နစ်မြှုပ်နေသည်ြလူတစ်ယောက်၏ ငိုကြွေးမှု

တစ်ချိန်က အစ်ကိုတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့ဖူးသော ကောင်လေးအတွက် သူမလုပ်နိုင်သလောက် လုပ်ခဲ့သည်ဟု ထင်ခဲ့သည်။

ဒါပေမယ့်…

ထို့နောက် သူမ၏ တာအိုအရိုး ခိုးယူခံရသည်။ သူမ၏အနှစ်သာရ၊ သူမ၏ ကျင့်ကြံမှု အခြေခံအုတ်မြစ်၊ သူမ၏အနာဂတ် ၊သူမ၏ဘဝ။

ဆုတ်ပြဲကုန်၏

ပိုင်ကျီဟန်ကို ပေးခဲ့ရသည်။

သူတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ အရေးမကြီးချေ

ထိုနေ့တွင် သူမ၏ ကံကြမ္မာကို ပိတ်ဆို့ခံခဲ့ရသည်။

သူမ ခန္ဓာကိုယ် ပျက်စီးသွားသည်။ သူမ လမ်းက ပျက်သွားချေပြီ။

သူမသည် ပြတ်သားသောဆန္ဒ ကြောင့်သာ လွတ်မြောက်ခဲ့သည်။ ကံတရားကြောင့် အမာရွတ်တွေ ကျန်ရုံလောက်သာ

“ပိုင်ကျီဟန်…” သူမ တိုးတိုးလေးပြောရင်း အသံက မကြားရသလောက်ပင်

"ဘာပဲဖြစ်ဖြစ် ငါတို့ ကံကြမ္မာက ပြုပြင်လို့ မရဘူး။"

သူမသည် လှည့်ထွက်သွားပြီး လက်သီးများကို နောက်တစ်ကြိမ် ဆုပ်လိုက်သည်။

သူမ၏ ရှေ့လျှောက်လမ်းသည် ကလဲ့စားချေခြင်း တစ်ခုတည်းအတွက် မဟုတ်ချေ။

သူ့ကိုယ်သူအတွက်ပါ

တစ်နေ့နေ့တွင် သူ့ရှေ့တွင် ထပ်တူထပ်မျှ ရပ်တည်နိုင်ရပေမည်။

ပြီးတော့ သူမကို ခြောက်လှန့်နေသေးတဲ့ မေးခွန်းကို မေးရမည်။

နင် နောင်တမရဖူးလား။

All Chapters