ကောလဟာလများ၊ စမ်းသပ်ပွဲများနဲ့ ပြောင်းလဲခြင်း
Vol. 5 Ch. 67
ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ ဘာတွေ တွေးနေမှန်းမသိပေ
ပိုင်ရှင်းယွဲ့ သည် ကောင်းကင်ရွေးချယ်သူတစ်ဦး ဖြစ်မဖြစ်ကို စစ်ဆေးသည့် သူ့ရည်ရွယ်ချက်တော့ အောင်မြင်သွားချေပြီ
သူမဟာ သူစဉ်းစားထားသည်ထက် ပိုကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်နေကြောင်း သိလာခဲ့သည်။
လင်းရွှမ်နဲ့ မတူတာက သူမကို မိတ်ဖွဲ့ချင်လျှင်လည်း အလွယ်တကူ မဖြစ်နိုင်ချေ။ လင်းရှင်းယွဲ့တွင် တစ်ရက်ထက်တစ်ရက် ပို၍ နက်ရှိုင်းလာသည့် မုန်းတီးမှုတစ်ခုသာ ရှိနေသည်။
သူမကို ကောင်းမွန်စွာ ဆက်ဆံတာကိုပငါ အကျိုးကြောင့်မျက်နှာဖုံးတပ်ကာ ဆက်ဆံသည်ဟု ထင်စေမည်။ သူကြိုးစားသော်လည်း ပိုင်ရှင်းယွဲ့၏ နှလုံးသားကို ပြောင်းလဲနိုင်မည် မဟုတ်ချေ
ထိုကြောင့် ပိုင်ရှင်းယွဲ့သတ်မည့် ကံကြမ္ဘာကို ရှောင်လွှဲဖို့က နည်းလမ်းတစ်ခုသာ ရှိခဲ့သည်။ အဲ့တာက သူ့ကိုယ်သူ ပိုသန်မာလာအောင်လုပ်ဖို့ပင်
ပိုင်ကျီဟန်သည် မိမိအိမ်သို့ ပြန်လည်လှည့်လာပြီး ခြေလှမ်းတိုင်း ငြိမ်သက်နေ၏
သူ့ အခန်းအတွင်း ငြိမ်သက်စွာထိုင်ရင်း အနီးအနားမှ ချီစွမ်းအားသည် အလိုလို လှုပ်ရှားလာသည်။
မျက်စိကို ပိတ်လိုက်သည်။
ကမ္ဘာလုံးလုံး ပျောက်ကွယ်သွားသည်။
ကျန်ရစ်သည့်အရာမှာ သူ့အသက်ရှူသံနဲ့ သူ့၏မြဲမြံသော အသက်ရှုခြင်းနည်းစနစ်ဖြစ်သည့် အနန္တနည်းစနစ်သာ
ထိုအချိန်တွင် ဂိုဏ်းအတွင်း ပိုင်ကျီဟန်အကြောင်း သတင်းများ ပိုမိုပြင်းထန်လာသည်။
“ကြားလိုက်လား? ပိုင်ကျီဟန်ကို အကိုဖန်ကရိုက်ခဲ့တယ်”
“သူ့ကိုလား? သူ့ကို တစ်ယောက်ပြီး တစ်ယောက် သင်ခန်းစာပေးနေပြီနော်။”
“သူတော့ ငိုပြီး ထွက်ပြေးသွားတယ်ဆိုပဲ။”
“ပြီးတော့ လက်အောက်သားတစ်ဦးကို ဖမ်းပြီး အပြစ်ပေးနေတယ်လည်း ကြားမိတယ်။”
“စိတ်ညစ်စရာ ၊ ပိုင်မိသားစုမှာလို လုပ်ချင်တိုင်း လုပ်နိုင်တယ် ထင်နေတာပေါ့။”
သတင်းအလုံးစုံ၏ မူလအရင်းအမြစ်ကတော့ မီးကို ပိုတောက်အောင်မွှေးသည့် ရှန်လျန့်ပင်
လင်းရွှမ်ကို အပြစ်ပေးလား မပေးလား ကိစ္စမရှိပေ။
ပိုင်ကျီဟန် ထိုသို့လုပ်မည်ဟု ရှန်လျန့်က နစ်ထစ်ချယုံကြည်သည် ။
သူလုပ်နေသည့် လုပ်ရပ်အပေါ် အပြစ်ရှိသလို မခံစားရသည့်အပြင် နောင်တလည်း မရှိပေ။
သူ့အတွက် ၎င်းဟာ တရားမျှတမှုဖြစ်သည်။ ပိုင်မိသားစုအတွင်း မတရားစွပ်စွဲခံခဲ့ရသည့် နေ့ရက်များကို ပြန်မျှတအောင် လုပ်တာပင်
ထိုကြောင့် ကြွက်မြန်မြန်ပြေးသလိုပင် ကောင်းကင်ဘုံဓားဂိုဏ်းအတွင်း နေရာတိုင်းသို့ ပိုင်ကျီဟန် မကောင်းသတင်းများကို အဆက်မပြတ် ပြန့်ပွါးလာစေခဲ့သည်။
သူ့လက်ပါးစေတွေ၏အကူအညီနဲ့ ပိုင်ကျီဟန်၏ "ရက်စက်ယုတ်မာမှုတွေ" ကို ဂိုဏ်းထဲကလူတိုင်းကြားသိခဲ့ရပုံပေါ်သည်။
လင်းရွှမ်ကိုယ်တိုင် ထွက်ဆိုခဲ့သော်လည်း ထိုသတင်းကို မည်သူမျှ အပြည့်အဝ ယုံကြည်မသေးချေ။
“အဲဒါ အမှန် မဟုတ်ဘူးလို့ ကျွန်တော်ပြောတယ်လေ”
ပိုင်ကျီဟန်၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရတာနဲ့ ပတ်သက်ပြီး တခြားတပည့်တွေ နားလည်မှုလွဲသမျှကို ဖြေရှင်းဖို့ လင်းရွှမ် ကြိုးစားခဲ့သည်။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”
တယောက်က ယဉ်ကျေးချင်ယောင်ဆောင်ကာ ပြော၏
"မင်း သူ့ကို မကူညီဘူးဆိုတာ ပိုင်ကျီဟန် ကို မသိစေရပါဘူး။ ဒါပေမယ့် စိတ်မပူနဲ့ ငါတို့ အမှန်တရားကို သိတယ်။"
"စိတ်မပူပါနဲ့ လင်းရွှမ် ၊ ဒီကောင်ဆိုးရဲ့ ခြေသည်းတွေကနေ သိပ်မကြာခင်မှာပဲ မင်းကိုကယ်တင်မှာပါ”
လင်းရွှမ် မည်မျှပင် ကြိုးစားရှင်းပြနေပါစေ အဓိပ္ပါယ်မရှိပေ။ တပည့်တွေသည် အမှန်တရားကို စိတ်မဝင်စားကြချေ။
အမှန်တရားသည် သူတို့ရှေ့တွင်ရှိနေသည့်တိုင် သူ့ကို မယုံကြပေ
သူသည် ပိုင်ကျီဟန်၏ခြိမ်းခြောက်မှုအောက်တွင်ရှိပြီး သူ့ကိုထောက်ခံဟန်ဆောင်ရုံသာဖြစ်ကြောင်း သူတို့ယုံကြည်ပြီးသား ဖြစ်သည်။
သူတို့သည် လိမ္မာပါးနပ်သည်ဟု ထင်ကြပြီး သူ၏လုပ်ရပ်ကို "မြင်နိုင်သည်" ဟု ထင်ကြသည်။
လက်တွေ့မှာလား?
အမှားတွေကို မမြင်နိုင်ကြပေ။
လူရွှင်တော် တစ်စုကပင် မိမိကိုယ်ကို ဖြောင့်မတ်သောပါရမီရှင်များဟု ယုံကြည်ခဲ့ကြသည်။
တောမီးလို ကောလာဟလတွေ ပြန့်နှံ့နေသော လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ပိုင်ကျီဟန်သည် ထိုအကြောင်းကို အများကြီး မပြောခဲ့ချေ။
သတင်းမှာ ကိုပင် မငြင်းခဲ့ပေ။
သူ့ကိုယ်သူ ထိန်းထားပြီး ဘာမှ အရေးမကြီးသလို လေ့ကျင့်နေ၏
လင်းရွှမ်သည် ပိုင်ကျီဟန်ဆီသို့ ထိုအကြောင်း ပြောရန် သွားခဲ့သော်လည်း ပိုင်ကျီဟန်သည် စိတ်မဝင်စားဘဲ လျစ်လျူရှုရန် ပြောခဲ့သည်။
ဒါပေမယ့် သူဘယ်လိုလုပ်နိုင်မည်နည်း
သူ့ဘဝကို ပြောင်းလဲပေးခဲ့သူသည် မမှန်မကန်စွပ်စွဲခံရပြီး သူ့နာမည်ကိုသုံးကာ ရွှံ့ထဲဆွဲချခံရပေါင်း မနည်းပေ
ဒါပေမယ့် ခဏလောက်ကြိုးစားပြီးနောက်
လင်းရွှမ်အနေနဲ့ ၎င်းက အသုံးမဝင်ဘူးဆိုတာ သိလိုက်ရသည်။
ထိုလူတွေသည် သူတို့ကြားချင်တာကိုသာ နားထောင်ရတာ သဘောကျကြ၏
ထို့ကြောင့် လင်းရွှမ်သည် ပိုင်ကျီဟန်အတွက် သူ့ဘာသာသူ ထုတ်ဖော်ပြောဆိုရန် အလိုရှိလဋသည်—ကောလဟာလများကို ပိတ်ကာ လေကိုရှင်းထုတ်ပြီး လူတိုင်းကို အမှန်တရားကို ချပြစေချင်သည်။
ပိုင်ကျီဟန်၏ ခွင့်ပြုချက်နဲ့ သူ့ကိုယ်ပိုင် သိသိသာသာ တိုးတက်မှုနဲ့အတူ ထိုကောလာဟလတွေ မှားနေသည်ကို သက်သေပြလိုက်တာက အလွယ်လေးဟု သူယုံကြည်ခဲ့သည်။
ပိုင်ကျီဟန်ကို ဖန်ကျင်းယန် ရိုက်သည့်ကိစ္စနဲ့ ပတ်သက်ပြီးတော့... အမှန်လား အမှားလားဆိုတာ လင်းရွှမ်အဖို့ မသေချာပေ။
ဒါပေမယ့် ပိုင်ကျီဟန်သည် "အကူအညီတောင်းပြီး ထွက်ပြေးသည်” ဟူသော အပိုင်းတစ်ခုလုံးကို နားထောင်ရသလောက်တော့
အဲဒါက လုံးဝကို ဇာတ်လမ်းဆင်တာပင် ။ သေချာတာကတော့ သူ့ကို မုန်းတဲ့သူတစ်ယောက်ယောက်က လိမ်ညာမှုမျိုးပင်
ဒါတောင် ပိုင်ကျီဟန်သည် ဂရုမစိုက်ပေ။ မတုန်လှုပ်ခဲ့ပေ။ လင်းရွှမ်ကိုပင် ကျင့်ကြံမှုကို အာရုံစိုက်ပြီး ဆူညံသံတွေကို လျစ်လျူရှုဖို့ပဲ ပြောခဲ့သည်။
ဆရာကြီးမှာ အစီအစဥ် ရှိကောင်းရှိနိုင်သည်။
ပိုင်ကျီဟန် ငြိမ်သက်ပြီး ဂရုမစိုက်သည်ကို မြင်သောအခါ လင်းရွှမ် တွေးလိုက်မိသည်။
သူ့မှာ အဖြေရှိပြီးသားနေမှာပင်
သခင်လေးပြောတာကို နားထောင်ပြီး ကျင့်ကြံဖို့ အာရုံစိုက်သင့်သည်။ ကောင်းကင်ဓားဂိုဏ်း၏ တပည့် အကဲဖြတ်မှု စမ်းသပ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။
၎င်းသည် ကျင့်ကြံမှုကမ္ဘာတစ်ခုလုံးတွင် အဆိုးရွားဆုံး စမ်းသပ်မှုများထဲမှတစ်ခုဖြစ်ကာ နှစ်စဉ် လူထောင်ပေါင်းများစွာ၏ ရည်မှန်းချက်များကို ဖြိုခွဲပစ်သည့် အရာဖြစ်သည်။
ခက်ခဲတာကြောင့်မဟုတ်ဘဲ ဒီဇိုင်းထုတ်ထားတာကြောင့်ပင်။
အိပ်မက်တွေကို ဖျက်စီးပစ်သည့် အသားကြိတ်စက်လိုပင်၊ အသက်မသေခင် ထွက်လာနိုင်မည့်သူသည် တကယ့်အဆင့်မြင့်ဆုံးတွေသာ ဖြစ်ပြီး ပြောင်းလဲသွားရမည်ပင်
စမ်းသပ်ရန် အဆင့်သုံးဆင့်ရှိပြီး တစ်ခုစီသည် နောက်ဆုံးအကြိမ်ထက် ပိုမိုရက်စက်ကြမ်းကြုတ်သည်။
ပထမအဆင့်တွင် ကျင့်ကြံမှုအခြေခံများကို နားလည်နိုင်မှုဖြစ်သည့် ချီပျံ့နှံ့နိုင်စွမ်း၊ စွမ်းအင်သွေးကြော ချိန်ညှိနိုင်စွမ်းနှင့် ပတ်ဝန်းကျင်မှ ချီကို စုပ်ယူနိုင်စွမ်းကို စမ်းသပ်ခဲ့သည်။
အရည်အချင်းကိုစမ်းသပ်ရုံတင်မကချေ။ ကျင့်ကြံနည်းစနစ်အပေါ်လည်း အများကြီးမူတည်သည်။
ထိုနေရာတွင် လူတော်တော်များများ ကျရှုံးသည်။ လင်းရွှမ် ကိုယ်တိုင်လည်း အပါအဝင်ပင်။
သူ့တွင် အရည်အချင်းမရှိလို့ မဟုတ်ဘဲ သူ့အရင် ကျင့်ကြံနည်းသည် အမှိုက်သာသာမလို့ပင်
သူ၏ စွမ်းအင် သွေးကြောများသည် အားနည်းနေပြီး သူ၏ဆေးပြားများသည် အရည်အသွေးနိမ့်ပါးကာ အညစ်အကြေးများနှင့် ပြည့်နေသည်။
ထိုစမ်းသပ်မှုသည် သူ့အတွက် နံရံလို အမြဲရှိတားဆီးနေခဲ့သည်။
ယခုမူကား?
ပိုင်ကျီဟန်သည် သူ့ကို မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်နဲ့ အရည်အသွေးမြင့် ဆေးတွေပေးတာကြောင့်
လင်းရွှမ်ခန္ဓာကိုယ်ဟာ လုံးဝကို ကွဲပြားသွားသည်။
ယခု ချီစုပ်ယူနိုင်မှုနှုန်းသည် ယခင်ကထက် အနည်းဆုံး ဆယ်ဆ ပိုမြင့်လာသည်။
ဒီတစ်ကြိမ်မှာတော့ ပထမအကြိမ် စာမေးပွဲကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
ဒုတိယအဆင့်က ပိုဆိုးပေသည်။
အစမ်း တိုက်ခိုက်ရေး
ဂိုဏ်း၏ စမ်းသပ်ကွင်းအတွင်း နက်နဲစွာ ဝှက်ထားသော ဧရာမ ကွင်းကြီးတစ်ခုရှိ၏
ပြီးလျှင် ဖွဲ့စည်းပုံ အခင်းအကျင်းတစ်ခုထဲကို ပစ်ချလိုက်ပြီး ဝိညာဉ်သားရဲများ၊ နတ်ဆိုးများ… ဒါမှမဟုတ် တခြားလျှောက်ထားသူတွေနဲ့ တိုက်ခိုက်ခိုင်းမည်ပင်။
တခါတရံမှာ သုံးခုလုံး တခါတည်း ပါသွားသည် ။စည်းမျဉ်းမရှိ.. သနားညှာတာမှုမရှိပင်
ပရမ်းပတာ သက်သက်ပင် ။ ပါဝင်သူအရေအတွက်ကို ကိုးဆယ်ရာခိုင်နှုန်း လျှော့ချနိုင်သည့် စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်
ကံမကောင်းခဲ့လျှင်?
တစ်စုံတစ်ယောက်နဲ့ရင်ဆိုင်ရမည့်လမ်းမှာ အဆုံးသတ်သွားနိုင်သည် ။ ထိုအခါ ပွဲပြီးသွားချေပြီ!
စမ်းသပ်မှု၏ ဤအပိုင်းသည် အရည်အသွေးမြင့် ဆေးပြားများနှင့် အရင်းအမြစ်များဖြင့် ဖြည့်ဆည်းပေးနိုင်သည့်တိုင် တိုက်ခိုက်ရေးအတွေ့အကြုံမရှိသည့် မျိုးနွယ်စုများမှ ပါရမီရှင်များအဖို့ပင်
၎င်းသည် ကျင့်ကြံမှုစွမ်းရည်ကဲ့သို့ပင် အရေးကြီးသည့် တကယ့်တိုက်ပွဲနည်းစနစ်များတွင် သင်၏ကျွမ်းကျင်မှုကို တိုင်းတာဖို့ပင်
နောက်ဆုံးအဆင့်ကလား? တာအို ပဲ့တင်ခြင်း ကြေးမုံ
မခက်ခဲပေမယ့် အောင်မြင်မှုနည်း အတော်နည်းသည်။
သေနေသော နတ်ဘုရား၏အရိုးများမှ ထုလုပ်ထားပြီး ကောင်းကင်အလိုတော် မှန်တစ်ချပ်၊
၎င်းသည် သင့်ပုံရိပ်ကို ထင်ဟပ်စေရုံသာမက သင်၏တန်ဖိုးကို ထင်ဟပ်စေသည်။ အလားအလာ…ကံကြမ္မာ။
ကြေးမုံက ငြင်းပယ်ခဲ့ရင်
ထိုအတိုင်းသာ
ပထမအဆင့်နှစ်ဆင့်တွင် ဘယ်လောက်ပဲ တော်နေပါစေ တာအို အသံမမြည်ဘူးဆိုလျှငိ ပြီးသွားပြီပင်
ထို့ကြောင့် ဝင်ခွင့်နှုန်းက ၀.၀၁% ထက်နည်းပေသည်။
နှစ်စဉ်ကြိုးစားသူ သိန်းနှင့်ချီရှိသည့်အထဲမှ လက်တစ်ဆုပ်စာမျှသာ ပြင်ပတပည့်များအဖြစ် ရွေးချယ်ခံရသည်။
ဒါကြောင့်လည်း ကောင်းကင်ဓားဂိုဏ်းသည် လူဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ၏ ထိပ်တွင်ရပ်တည်နေတာပင်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပကတိအကောင်းတကာ့ အကောင်းဆုံးကိုသာ လက်ခံသောကြောင့်ဖြစ်သည်။
လင်းရွှမ်သည် ယခင်ကနှစ်ခါ ကြိုးစားခဲ့ဖူးသည်။
ကျရှုံးလေ၏။
ယခုမူကား?
ခုတော့ အရာတွေ မတူတော့ပေ။
"ငါ အဓိက ပေါင်းစည်းခြင်းအဆင့် ရောက်တာ တစ်လပဲရှိသေးတယ်..."
ပိုင်ကျီဟန်၏နေအိမ်အပြင်ဘက်ရှိ ကျောက်ပြားပေါ်တွင် တင်ပျဉ်ခွေထိုင်နေစဉ် လင်းရွှမ်က ရေရွတ်လိုက်သည်။
နံနက်စောစော အလင်းရောင်သည် သူ့အရေပြားပေါ်တွင် လင်းလက်တောက်ပနေပြီးသူ၏ သွေးကြောတစ်လျှောက် လှည့်ပတ်နေသည့်ချီသည် အလင်းရောင်နှင့်အတူ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
သူ့အတွင်းမှ စွမ်းအားများ ဆူပွက်လာသည်ကို ခံစားနိုင်သည်။
သူ၏ခန္ဓာကိုယ်အတွင်း အသွင်ကူးပြောင်းမှုနဲ့ သူ့စိတ်ထဲတွင် ကြည်လင်ပြတ်သားမှုသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက နေ့နဲ့ညကဲ့သို့ပင်။
ပိုင်ကျီဟန် ကျေးဇူးကြောင့်ပင်
ပိုင်ကျီဟန်ကတော့ ဘာမှမတောင်းခံပေ
သူ့ကို ရှားရှားပါးပါး မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်ကို ပေးပြီး သူ့ဘဝထက် ပိုတန်ဖိုးရှိသည့် ဆေးပြားတွေကို ပေးကာ ကောင်းကောင်းသုံးဖို့ ပြောသေးသည်။
လင်းရွှမ်က ဒါကို အတိအကျ လုပ်ခဲ့သည်။
"ဒါက ပြင်ပတပည့်ဖြစ်ဖို့ လွယ်မှာပါ”
သူက ပြုံးလိုက်ပြီး သူလက်ဆစ်တွေကို ကွေးလိုက်သည်
ကောလဟာလတွေကို သူ ဂရုမစိုက်ပေ။ ထိုအရူးတွေ ပြောပါစေ။
ရှင်းပြချက်တွေ လုပ်ပြီးပြီပင်
အခု အရေးကြီးတာက စွမ်းအားပင်
အကဲဖြတ် စာမေးပွဲကို အောင်မြင်ခြင်းသည် ပထမအဆင့်ဖြစ်သည်။
သူသည် ပိုင်ကျီဟန်၏ နေအိမ်ဆီသို့ လှမ်းကြည့်ကာ မျက်လုံးများ တောက်ပနေသည်။
တစ်နေ့ သူသည် နောက်လိုက်တစ်ယောက်အနေဖြင့်မဟုတ်ဘဲ တန်းတူညီမျှအဖြစ် ထိုလူအနားတွင် ရပ်တည်နေပေမည်။
“ခဏစောင့်” ဟု ရေရွတ်ရင်း သူ့ရင်ဘတ်တွင် မီးတောက်လောင်နေသည်။
"ဒီတစ်ခါတော့ ငါရအောင် လုပ်ရမယ်။"
ထိုအခါ သူသည် ပိုင်ကျီဟန်ကို ပိုမိုကူညီနိုင်မည်ဖြစ်ပြီး လင်းရွှမ်သည် ပိုင်ကျီဟန် နောက်လိုက်အဖြစ် မှန်ကန်သောရွေးချယ်မှုပြုလုပ်ခဲ့ကြောင်း ဂိုဏ်းတစ်ခုလုံးကို သိစေမည်ပင်
သူ နှိပ်စက်ခံရတာ မဟုတ်ပေ။
ကောလဟာလတွေက ဘာမှမဟုတ်ဘဲ အလိမ်အညာသာ
ဉာဏ်နည်းသူတွေ နားမထောင်ဘဲ ရှေ့ကို ဆက်ပြောနေပါစေ ဘယ်လောက်မိုက်မဲနေလဲဆိုတာ ကိုယ်တိုင်ကြည့်ရမည်ပင်