ကောင်းကင်ဓားဂိုဏ်း၏ အကဲဖြတ်ပွဲ
Vol. 5 Ch. 68
ပိုင်ရှင်းယွဲ့နဲ့တွေ့ပြီးနောက် တစ်လလောက် ကျင့်ကြံခဲ့ရသည်။
ရင်ထဲမှာ ဘယ်လောက်လေးနက်နေကြောင်း ကိုယ်တိုင်သာသိပြီး အနားယူချင်နေတောင် အနားယူဖို့ကို ရွေးချယ်စရာအဖြစ် မတွေးပေ
ရှန်လျန့်ကိုတော့ ဂရုမစိုက်နိုင်ပေ။ သူ့မျက်လုံးထဲမှာတော့ ရှန်လျန့်သည် အချိန်မရွေး နင်းချေလို့ရသည့် ပုရွက်ဆိတ် တစ်ကောင်လို ခံစားရသည်။
သူ့နဲ့ အချိန်ဖြုန်းမည့်အစား အရာအားလုံးကို ပိုသန်မာလာအောင် လုပ်ခဲ့သည်။
သို့တိုင် တိုးတက်မှုက မျှော်လင့်ထားသလောက် မမြန်ခဲ့ပေ။
တစ်လလုံးမှာ တစ်ကြိမ်ပဲ ဖြတ်ကျော်နိုင်ခဲ့ပြီး ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကျင့်ကြံနေပါစေ ဖြတ်ကျော်မှုက မိုးကုပ်စက်ဝိုင်း ဘယ်နေရာမှာမှ ရှိပုံမပေါ်ပေ
"စနစ်”
[ပိုင်ရှင်အချက်အလက်]
ပိုင်ရှင်- ပိုင်ကျီဟန်
အသက်: ၁၆
ကျင့်ကြံမှုနယ်ပယ်- အဓိကပေါင်းစည်းခြင်းနယ်ပယ် (အလယ်အလတ်အဆင့်)
ဖွဲ့စည်းပုံ- မရှိပါ။
ကိုယ်ခံပညာ- အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား (အသေးစားကျွမ်းကျင်မှု)
ထိုတိုးတက်မှုသည် ယခင်အရှိန်အဟုန်ထက် အဆပေါင်းများစွာ ပိုကောင်းသည်ဟု ဆိုနိုင်သော်လည်း အလိုရှိသည့်အရာနှင့် နှိုင်းယှဉ်ပါက နှေးကွေးနေသေးသည်။
ပိုင်ရှင်းယွဲ့ကဲ့သို့သော ပြိုင်ဘက်နှင့်ဆို ဤတိုးတက်မှုသည် အလွန်နှေးကွေးသွားသည်ဟု ခံစားရသည်။
"ငါ့ကိုကူညီဖို့ ၁၀ဆ ကျင့်ကြံနှုန်း အမြန်ကတ် လိုမျိုးတစ်ခုခုလိုတယ်”
၁၀ဆ ကျင့်ကြံနှုန်း အမြန်ကတ်ဖြင့် ကျင့်ကြံင်ခြင်းသည် လေပြေလေညှင်းလို ဖြစ်နိုင်သော်လည်း ထိုကတ်များသည် စနစ်တွင် အလွန်စျေးကြီးသည်။
အရေးပေါ်အခြေအနေများအတွက် စနစ်အမှတ်များကို သိမ်းဆည်းထားလိုသေးသည်။
(ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေကို ရိုက်လိုက်ရမလား။)
ထိုနည်းဖြင့် စနစ် အမှတ်အများအပြားကို ရရှိနိုင်ပြီး ၎င်းကိုဝယ်စရာမလိုသည့်အပြင် ၁၀ဆ ကျင့်ကြံနှုန်း အမြန်ကတ်ကဲ့သို့သော ကောင်းသောဆုလာဘ်များပင် ရကောင်းရနိုင်သည်။
သို့သော် တပည့်သစ်တစ်ဦးဖြစ်ပြီး ကျင့်ကြံမှု အားနည်းတာကြောင့် ဒါက အန္တရာယ်များလွန်းသည်။
ရွှေဗဟိုနယ်ပယ်အဆင့်ကိုရောက်မှ တွေးကြည့်ရမည်။
ဆက်လက် မကျင့်ကြံမီ စစ်ဆေးကြည့်လိုသည်မှာ ကောင်းကင်ဓားဂိုဏ်း၏ အကဲဖြတ်ခြင်း စမ်းသပ်မှုတစ်ခု ဖြစ်သည်။
လင်းရွှမ်သည် ပြင်ပတပည့်ဖြစ်လာဖို့ အကဲဖြတ်မည့်နေ့အကြောင်း ပြောပြထားသည်။
သူ့အနေနဲ့ ၎င်းကို စိတ်ဝင်စားခဲ့သည်။ အမှန်တော့ ဒါက ဇာတ်ဆောင်တစ်ယောက် ထွန်းလင်းတောက်ပနေသည့် အဖြစ်အပျက်မျိုးပင်။
လင်းရွှမ်ရှိနှင့်ပြီးသားဖြစ်သော်လည်း ကောင်းကင်ဓားဂိုဏ်းတွင် ကောင်းကင်ဘုံ၏ရွေးချယ်မှုကဲ့သို့ အခြားသူများလည်း ရှိကောင်းရှိနိုင်သည်။
အကဲဖြတ်စမ်းသပ်မှုအတွင်း အခြားသော ကောင်းကင်ဘုံ ရွေးချယ်သူ ပေါ်လာနိုင်သည်ကို မည်သူသိနိုင်မည်နည်း။
ပိုင်ကျီဟန်သည် ကောင်းကင်ဓားဂိုဏ်း၏ အကဲဖြတ်ရာနေရာဖြစ်သည့် အောက်ဘက်မှ ကျယ်ပြောလှသော ချိုင့်ဝှမ်းကို အပေါ်စီးမှ မြင်ရသော မြင့်မားသည့် ချောက်ကမ်းပါးအစွန်းတွင် ရပ်နေသည်။
တပည့်များ၊ အကြီးအကဲများနှင့် ကြည့်ရှုသူများည် ကျောက်တုံးလမ်းများတွင် ပြည့်
နှက်နေပြီး မျှော်လင့်ချက်ဖြင့် လေထုသည် တောက်လောင်နေသည်။
ဤသည်မှာ ကောင်းကင်ဓားဂိုဏ်း၏ အတွင်းပိုင်း စမ်းသပ်မှု အနည်းငယ်မျှသာ မဟုတ်ဘဲ ၎င်းသည် ကြီးမာသော အခမ်းအနားဖြစ်ကာ လက်တွေ့အားဖြင့် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ တစ်ခွင်မှ ထောင်ပေါင်းများစွာသော လူများ ပါဝင်သည့် ပွဲတော်တစ်ခု ဖြစ်သည်။
အနက်ရောင်ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားကာ အောက်ကိုငုံ့ကြည့်လိုက်သည်။
သူ့အနေနဲ့ မည်သူကိုမှ အားပေးဖို့ ဒီကိုလာတာမဟုတ်ပေ။
သူသည် ကောင်းကင်ဘုံ ရွေးချယ်သူ ဖြစ်နိုင်ချေကို ရှာဖွေရန် လာခဲ့တာပင်။
သို့သော် ထိုကဲ့သို့ နီးကပ်စွာ ရှိနေသော်လည်း ကောင်းကင်ဘုံ ရွေးချယ်သူကို တွေ့ရှိကြောင်း စနစ်မှ အကြောင်းကြားချက် မရှိပေ။
(ဒါက လင်းရွှမ်ရဲ့ ကြီးမားတဲ့ အခိုက်အတန့်ပဲ ဖြစ်ရမယ်။)
အကယ်၍ အခြားသော ကောင်းကင်ဘုံ ရွေးချယ်သူပေါ်လာခြင်း မရှိခဲ့ပါက ဤဖြစ်ရပ်တစ်ခုလုံးသည် သူ့စွမ်းရည်နှင့် လူတိုင်း၏စိတ်ကို လင်းလက်တောက်ပစေရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း အတည်ပြုလို့ရသည်။
ပိုင်ကျီဟန်သည် လင်းရှန်ကို စိုက်ကြည့်နေ၏
လင်းရွှမ်သည် ထောင်ပေါင်းများစွာသော လူအုပ်ထဲတွင် တစ်ယောက်တည်း ရပ်နေ၏။
တစ်ကိုယ်တည်း ဖြစ်နေသော်လည်း စိတ်အနှောက်အယှက် ဖြစ်ပုံမပေါ်ချေ။ ယင်းအစား သူစိတ်ပိုင်းဖြတ်ထားပုံရသည်။
(ဇာတ်ကောင်ဆိုတဲ့အတိုင်းပဲ)
အကြိမ်များစွာ ကျရှုံးပြီးနောက် ဘယ်လောက် ကြိုးစားနေပါစေ ။ ယုံကြည်မှုရှိဖို့ဆိုတာ လွယ်မှာမဟုတ်ပေ။
သို့တိုင် သူ့အရင်က ကျရှုံးမှုတွေသည် သူ့ကို လုံးဝအနှောက်အယှက်ဖြစ်စေပုံ မပေါ်ချေ။
ထို့အပြင် ကိုယ်စားလှယ်လောင်း ဒါဇင်ပေါင်းများစွာသည် အအေးမိခြင်း၊ ချောင်းဆိုးသွေးပါခြင်း သို့မဟုတ် ထမ်းစင်အဖွဲ့များက စင်မြင်ပေါ်မှ ဆွဲထုတ်ခြင်းကို ခံခဲ့ရသည်။
လုံလောက်သော အရည်အချင်းမရှိသူ တော်တော်များများအတွက် စာမေးပွဲက ရက်စက်ပေ၏
တည်ငြိမ်နေစေရန် ချီကို စုပ်ယူနေစဉ် ပြင်းထန်သော ဝိညာဉ်ရေးရာဖိအားကို လှုံ့ဆော်သည့် အထူးဖွဲ့စည်းပုံ တစ်ခုအတွင်းတွင် ထိုင်ရမည်ဖြစ်သည်။
အမှားတစ်ခုလား? ခြေလှမ်းအလွဲလား? ဘာမဆို တမ်းကျရှုံးနိုင်သည်။
ရာနှင့်ချီ ကြိုးစားသည့်အထဲမှာ စိတ်ပျက်လက်ပျက် ရုန်းထွက်သူ သို့မဟုတ် အထုတ်ခံရသူများရှိ၏
အကြီးအကဲများသည် သိသိသာသာ စိတ်ဓာတ်ကျလာသည်။
"ဒီနှစ် လူသစ်စုဆောင်းမှုကလည်း ဆိုးရွားနေပုံပါပဲ။ ဘယ်သူမှ မကျော်နိုင်သေးဘူး။"
"ဒီနှစ် ခွဲတမ်းကို ပြည့်မီဖို့ ခက်နေပုံရတယ်။"
ရာနှင့်ချီရှိသည့်အထဲမှ အောင်မြင်သူ တစ်ယောက်မှ မရှိဘဲ ကျရှုံးနေတာကြောင့် စိတ်ဓာတ်ပါ လျင်မြန်စွာ ကျနေသည်။
သူတို့သည် ကောင်းကင်ဓားဂိုဏ်းတွင် ပါဝင်ရန် အရည်အချင်းရှိသော တပည့်များကို အလိုရှိကြသည်။ သို့သော်လည်း သူတို့တွင် စံနှုန်းများရှိသေး၏။
သူတို့အနေနဲ့ မည်သူမဆို လက်ခံလို့မရပေ
သူတို့ လိုအပ်ချက်တွေ များသလို အကြောင်းပြချက်တွေလည်း ပေါနေ၏
"ပါဝင်သူ အမှတ် ၂၃၄ ..ကျေးဇူးပြုပြီး ရှေ့သို့လာပါ။"
"ဒီမှာ”
အချိန်အတော်ကြာပြီး နောက်ဆုံးတွင် လင်းရွှမ်၏အလှည့် ရောက်လာသည်။
လင်းရွှမ်သည် စက်ဝိုင်းထဲသို့ ဝင်သွားသောအခါ အသက်ပြင်းပြင်းရှူပြီး တင်ပျဉ်ခွေကာ စမ်းသပ်မှုစတင်ရန် ပြင်ဆင်နေလေသည်။
ထို့နောက်
ဘုန်း!
သူ့ပတ်ဝန်းကျင်ရှိ ချီများသည် ရေကာတာတစ်ခုမှ ဖောက်ထွက်ရေလျှံလာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
အပေါ်စီးမှကြည့်နေသော အကြီးအကဲများပင်လျှင် အနည်းငယ် မတ်သွားကာ သူတို့၏ အမူအရာမှာ လေးနက်လာသည်။
မနှစ်တုန်းကတော့ ထိုစမ်းသပ်မှုသည် သူ့ကို သေလုနီးပါးဖြစ်စေခဲ့သည်။
သူသည် ချီ စုပ်ယူရန် ရုန်းကန်ခဲ့ရပြီး စက္ကန့်ပိုင်းအတွင်း အအေးမိသွားကာ ချောင်းဆိုးသွေးပါရင်း ပြင်းထန်သော အတွင်းဒဏ်ရာများ ရသွားခဲ့သည်။
ထိုအချိန်က ဖွဲ့စည်းပုံမှ ဖိအားသည် သူ့အဆုတ်နှင့် စွမ်းအင်စုရပ်ကို ကြေမွစေသော တောင်ကြီးတစ်ခုလို ခံစားခဲ့ရသည်။
ယခုမူကား?
နာကျင်မှု မရှိခဲ့ပေ။
အားစိုက်စရာ မလိုပေ
ယင်းအစား သူ့ခန္ဓာကိုယ်သည် ပေါ့ပါးသွားပြီး ခွန်အား တိုးလာ၏ သူ၏ ကျင့်ကြံမှုသည် စက္ကန့်ပိုင်းအတွင်း မြင့်တက်လာသည်နှင့်အမျှ သူ၏ စွမ်းအင်သွေးကြောများသည် ဝင်လာသည့် ချီကို လောဘကြီးစွာ ဝါးမြိုသွားကာ လွယ်ကူစွာ ဖြန့်ကျက်လိုက်ကြသည်။
တစ်မိနစ်ပြည့်သွားသည်။
သို့သော်လည်း အားစိုက်ထုတ်ခြင်း လက္ခဏာ မတွေ့ရပေ။ တုန်လှုပ်ခြင်းမရှိဘဲ သူ၏အသက်ရှူမှုတွင် အနည်းငယ်မျှပင် ပုံမမှန်မဟုတ်တာမျိုး မဖြစ်ပေ
ထို့နောက်
ထောင့်မှ ပထမအဆင့်ကို ကြီးကြပ်ရန် တာဝန်ရှိသော ပြင်ပဂိုဏ်းဝင် အကြီးအကဲတစ်ဦး မတ်တပ်ထရပ်ပြီး ကျောက်စိမ်းအမှတ်အသားကို လေထဲသို့ ဖြည်းညှင်းစွာ လွှင့်တင်လိုက်သည်။
"အောင်ပြီ”
သူ့အသံက စင်မြင့်တစ်ခုလုံးကို လွှမ်းသွားပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့
တစ်နေ့တာရဲ့ ပထမဆုံးဖြတ်သန်းမှု
ဖြတ်သွားရုံမျှမက
အကြီးအကဲ၏ ငြိမ်သက်နေသော "အောင်ပြီ" ဟူသော စကားသည် ပလက်ဖောင်းတစ်ခုလုံး မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
ခေတ္တမျှ တိတ်ဆိတ်သွား၏ ထို့နောက် တောမီးကဲ့သို့ လူအုပ်ကြားတွင် အော်ဟစ်ညည်းညူသံများ ပျံ့နှံ့သွားသည်။
"အကြီးအကဲက အောင်တယ်လို့ ပြောသွားတာလား"
"တစ်ယောက်ယောက်က တကယ်အောင်သွားတာလား?"
"နာရီဝက်နီးပါးရှိပြီ၊ ဒါက ပထမဆုံး ဖြတ်ကျော်တဲ့သူပဲ”
"သူက ဘယ်သူလဲ?"
ထို့နောက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် တောက်ပနေသော စက်ဝိုင်းဆီသို့ စွေ့ကြည့်လိုက်သည်။
"ခဏလေး ... အဲဒါ လင်းရွှမ် မဟုတ်ဘူးလား။"
"လက်လုပ်လက်စား”
"ဟုတ်တယ် ငါ သူ့ကို မှတ်မိတယ်။ သူ နှစ်ကြိမ် ကျရှုံးပြီးပြီ၊ ဒီအချိန် ဘယ်လို ကျော်
ဖြတ်ခဲ့တာလဲ”
“ ပိုင်ကျီဟန်က သူ့ကို ဖမ်းသွားတာ မဟုတ်ဘူးလား ? နှိပ်စက်ညှဉ်းပန်းတာ ဒါမှ မဟုတ် ပိတ်ဆို့တာမျိုး လုပ်ခံရတယ် ကြားတယ်”
"သူက လက်စားချေဖို့ စိတ်အားထက်သန်စွာနဲ့ ကျင့်ကြံနေတာ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် သူ အောင်သွားတာဖြစ်နိုင်တယ်"
ကောလဟာလများနှင့်အတင်းအဖျင်းစကားများသည် ပျံ့နှံ့သွားသော်လည်း ၎င်းတို့မျက်မြင်တွေ့ခဲ့ရသည်များကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။
မည်သူမှ မမျှော်လင့်ထားသည့် လင်းရွှမ်သည် ထိုအကဲဖြတ်မှု တစ်ခုလုံးကို ပထမဆုံး အောင်မြင်ခဲ့သည်။
လင်းရွှမ်သည် တည်ငြိမ်စွာ မတ်တတ်ထရပ်ကာ အကြီးအကဲများအား ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီးနောက် အဆင့်နှစ် ယှဉ်ပြိုင်ရန် သတ်မှတ်ထားသော စောင့်ဆိုင်းနေရာသို့ ထွက်ခွာသွားခဲ့သည်။
ထိုအတောအတွင်း ကျန်စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဒါဇင်နဲ့ချီပြီး ဝင်လာသည်။ ဒါဇင်နဲ့ချီပြီး မအောင်မြင်ကြပေ။
အချိန်တွေကုန်သွားပြီး မကြာခင်မှာ ရာနဲ့ချီသော မျှော်လင့်ချက်အသစ်တွေသည် စက်ဝိုင်းထဲကို ခြေလှမ်းကျဲကျဲနဲ့ ရောက်လာကြကာ ချောင်းဆိုးတာ၊ အော့အန်တာ ဒါမှမဟုတ် ချက်ချင်းထွက်တာမျိုး လုပ်ကြသည်။
ယခုအချိန်တွင် လင်းရွှမ်သည် ဒုတိယစမ်းသပ်မှုစတင်ရန် စောင့်ဆိုင်းနေချိန်၌ တရားထိုင်နေသည်။
သူသည် စက်ဝိုင်းပုံအဝိုင်းဘေးရှိ ကျောက်စင်ပေါ်တွင် ငြိမ်သက်စွာထိုင်ကာ မျက်လုံးများကိုမှိတ်ထားသည်။
သူ့အသက်ရှူသံက တည်ငြိမ်နေ၏ ။ ပထမအဆင့်တွင် သူရယူခဲ့သော ချီအရှိန်ကြောင့် သူ၏ သွေးကြောသည် နွေးထွေးဆဲဖြစ်သည်။
ဒါပေမယ့် အတွင်းထဲမှာတော့လား?
သူသည် အရူးတစ်ယောက်လို ပြုံးနေသည်။
(တကယ်လုပ်နိုင်ခဲ့တာ… ပထမအဆင့်ကို အောင်သွားပြီ။)
လင်းရွှမ်သည် သူ၏ရင်ဘတ်အတွင်း၌ ပွက်ပွက်ထနေသော ခံစားချက်ကို ခံစားလိုက်ရသည်။
ဘယ်လောက်ပဲ အေးအေးဆေးဆေး ကြိုးစားနေပါစေ သူမလုပ်နိုင်ပေ ။ သူသည် နှစ်ခါကျရှုံးခဲ့ပြီး သုံးကြိမ်မှာ ထောင့်စွန်းတွင်ရှိနေသော်လည်း ကျော်ဖြတ်နိုင်ခဲ့သည်။
သူ့၏ တတိယမြောက် မအောင်မြင်မှုကို တားဆီးနိုင်ခဲ့သည့် အဖိုးတန် ကျင့်ကြံနည်းစနစ်ကို ပေးခဲ့သော ပိုင်ကျီဟန် ကျေးဇူးကြောင့်ဆိုတာ သူသိသည်။
(သခင်လေးကျီဟန်… သခင်လေးကို အရာအားလုံးကို တကယ်ပေးဆပ်မှာပါ)
သူသည် ပိုင်ကျီဟန်ကို တိတ်တဆိတ် ကျေးဇူးတင်စကား ပြောရင်း မျက်လုံးမှိတ်ထားဆဲဖြစ်ကာ သူ့ချီကို လှည့်ပတ်ရင်း ဖွဲ့စည်းပုံမှ အစောပိုင်းအောင်မြင်မှုများကို တည်ငြိမ်စေခဲ့သည်။
သူအောင်မြင်ခဲ့တာကို အရမ်းပျော်နေသည့်တိုင် ဒါဟာ စာမေးပွဲ သုံးခုတွင် ပထမအကြိမ်ပဲဖြစ်ပြီး နောက်ထပ် နှစ်ခု ထပ်လုပ်ဖို့ရှိသေးသည်
(ဒါက ပထမပိုင်းပဲ…)
အစမ်းတိုက်ခိုက်ရေးသည် နောက်တစ်ကြိမ်ဖြစ်ပြီး နောက်ဆုံးတွင် တာအို ပဲ့တင်မှန်။
အဆင့်တစ်ဆင့်မှာ မအောင်မြင်လျှင် ထိုကြိုးစားမှု တစ်ခုလုံး အလဟဿ ဖြစ်သွားလိမ့်မည်။
ပိုဆိုးသည်မှာ- သူသည် ပိုင်ကျီဟန် ၏ ယုံကြည်မှု၊ အချိန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖြုန်းတီးနေပေလိမ့်မည်။
ပိုင်ကျီဟန် သူကိုပေးခဲ့တာတွေက အများကြီးမဟုတ်မှန်း သိသည့်တိုင် သူ့အတွက်ကတော့ အရာအားလုံးပင်။
မိမိကိုယ်မိမိ စိတ်ကျေနပ်စေရန်အတွက်ပင်လျှင် ထိုရင်းနှီးမြှုပ်နှံမှုများကို အလဟဿမဖြစ်အောင် လုပ်ဖို့ သူဆုံးဖြတ်ခဲ့သည်။
(အဲဒါကို ခွင့်မပြုနိုင်ဘူး။)
သူ့လက်သီးတွေကို ဆုပ်ထားလေ၏
(အဲလိုဖြစ်မလာစေရဘူး။)
လင်းရွှမ်၏ အမူအရာသည် တစ်ဖန် လေးနက်လာကာ အစောပိုင်း ပျော်ရွှင်မှုမှ ပြင်းထန်သော ဆုံးဖြတ်မှုအောက်တွင် နစ်မြုပ်သွားခဲ့ပြန်သည်။
သူ့ကိုယ်သူ သက်သေပြရမည်။
ဂိုဏ်းအတွက်တင် မဟုတ်ပေ။
သူ့နောက်ကွယ်တွင် ကောလဟာလတွေ ပြောနေသည့် လူမိုက်တွေအတွက်တင် မဟုတ်ပေ
မည်သူမျှ အလိုမရှိသည့် သူ့ကို ယုံကြည်သူ ပိုင်ကျီဟန်အတွက်ပါ အပါပင်
( ငါအောင်ရမယ်)