အစမ်းတိုက်ခိုက်ရေး - ဒုတိယအဆင့်
Vol. 5 Ch. 69
ထိုနာရီအတွင်း သွေးထွက်သံယိုနဲ့ ကယောင်ကတမ်းပြောနေသော နောက်ဆုံးတဦးကို ဆွဲထုတ်သွားချိန်၌ ကောင်းကင်ဘုံဓားဂိုဏ်း စမ်းသပ်ပွဲ ပထမအဆင့် တရားဝင်အဆုံးသတ်သွားခဲ့ချေပြီ။
ဝင်လာသည့် သောင်းချီလူတွေထဲမှာ စွမ်းဆောင်နိုင်ခဲ့သူတွေက တော်တော်နည်းသွားခဲ့ကြသည်။
ထိုအနည်းငယ်ထဲတွင် မထင်မှတ်ထားသည့် လင်းရွှမ်က အသန်မာဆုံးဖြစ်သည်။
ဘယ်သူမှမဟုတ်ဘဲ အလုပ်သမားပင်
ကောင်းကင်အင်ပါယာ၏ နံပါတ်တစ်ဂိုဏ်း ပြင်ပ တပည့်တစ်ယောက်ဖြစ်ဖို့ တဆင့်သာ လိုခဲ့ပြီ။
အောင်မြင်သူတွေ တစ်ဦးချင်းစီကို ပါရမီရှင်ဟု ခေါ်နိုင်ပြီး နာမည်က သွားလေရာမှာ တောမီးလို ပျံ့သွားမည်ပင်။
ဒါပေမယ့် စွမ်းအားရှင်ပေါရာ ကောင်းကင်ဓားဂိုဏ်းထဲမှာတော့ ထိုပါရမီရှင်များက ပေါများလွန်း၏
“ပထမအဆင့်ကို အောင်မြင်သူအားလုံး၊ တိုက်ခိုက်မှု စမ်းသပ်ပွဲအတွက် ဗဟိုစင်မြင့်ကို တက်လာကြ”
အသံကျယ်ကျယ်ကြီးသည် မိုးတိမ်အထိ ပဲ့တင်ထပ်နေသည်။
ထိုအသံသည် ကောင်းကင်ဘုံဓားဂိုဏ်း၏ အမှတ်တံဆိပ် ဝတ်ရုံတတ်ထားသည့် ကျောက်စိမ်းမျှော်စင်တွင် ရပ်နေသော အကြီးအကဲထံမှ ထွက်ကြားလာခဲ့တာပင်
လင်းရွှမ်ကတော့ မျက်စိတဖြည်းဖြည်း ဖွင့်လိုက်သည်။
အနီးအနားမှ မျက်လုံးအစုံသည် သူ့ဆီသို့ ကြည့်နေသည်ဟု ခံစားမိသည်
တီးတိုးသံက မီးလောင်သလို ပြန့်သွား၏
“ပထမအဆင့်ကို တိကျချောမွေ့စွာ ဖြတ်သန်းလိုက်ပြီ… ဒုတိယအဆင့်ကိုရော အောင်မြင်နိုင်မလား?”
“မျှော်လင့်မနေနဲ့ ။ ပထမအဆင့်က သူ့အတွက် ကံကောင်းလို့ ဖြတ်နိုင်တာ ။ ဒုတိယအဆင့်က တကယ့် တိုက်ပွဲ”
“ကြားဖူးတယ်၊ ဒီတစ်ကြိမ်စမ်းသပ်ပွဲမှာ သားရဲတွေပါမယ်တဲ့။ အတော်ကြမ်းမယ်ထင်တယ်”
“အဲဒါကို ဂရုစိုက်မနေနဲ့။ ငါက ဘယ်သူ ပထမဆုံး စားခံမလဲဆိုတာပဲ ကြည့်ချင်တယ်။”
လင်းရွှမ်ကတော့ ထိုအရာအားလုံးကို လျစ်လျူရှုထားသည်။
သူက တခြားအောင်မြင်သူတွေနဲ့အတူ ဗဟို ကွင်းဆီသို့ တက်သွားသည်။
ဒုတိယ စမ်းသပ်ပွဲကိုတော့ ဂူလိုပုံစံရှိပြီး တံတားမိုးကျောက်နံရံအမြင့်ကြီးနဲ့ ဝိုင်းထားသည့် အင်မတန်ကြီးမားသော တိုက်ထဲမှာ ဆောင်ရွက်ခဲ့သည်။
နံရံတစ်ခုလုံးကို အပြင်ဘက်ထိခိုက်မှုမဖြစ်အောင် မှော်စာများ ၊အကာအကွယ်များနဲ့ စွမ်းအင် အပြည့်ဖုံးထားသည်။
အလယ်မှာတော့ ပိတ်ထားသည့် တံခါးကြီးတွေ တည်ရှိနေသည်။
“ဝေါင်း”
တံခါးအနောက်မှာတော့ သားရဲများ၏ အော်သံတွေ ထွက်လာသည်။ ကျောက်နံရံကို လက်ချောင်းကြီးနဲ့ တိုက်နေသလို အသံတွေ ထွက်ခဲ့သည်။
နှလုံး အားနည်းသော ကျင့်ကြံသူတွေ ကြောက်လန့်သွားစေမည့် အသံမျိုးပင်
“ဘုန်း”
ကျယ်လောင်သောအသံ။
ဘုန်း ဘုန်း
နောက်တစ်ခါ
"အစမ်း တိုက်ခိုက်ရေး”
အကြီးအကဲ လှမ်းအော်ပြောလိုက်သည်။
"မင်းတို့အားလုံး အဆင့်(၄)ဝိညာဉ်သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဲဒါကို အနိုင်ယူပြီးရင် အောင်ပြီ။"
ဝိညာဉ်သားရဲ၏စနစ်သည် ပိုမိုရိုးရှင်း၏ အဆင့်-၁၊ အဆင့်-၂ စသည်ဖြင့် လူသားကျင့်ကြံသူများနှင့် ဆင်တူသည်။
အဆင့်(၁)သည် ချီသန့်စင်ခြင်းအဆင့် ၊ အဆင့်(၂)သည် ဖွဲ့စည်းပုံတည်ထောင်ခြင်းအဆင့်၊ အဆင့်(၃) သည် အဓိက ဖွဲ့စည်းပုံအဆင့် ၊ အဆင့် (၄)သည် အဓိက ပေါင်းစည်းခြင်းအဆင့် စသည်တို့နှင့် ကိုက်ညီသည်။
သီအိုရီအရ အဆင့်(၁)သည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှင့် တူညီသော ခွန်အားရှိသည် ။
လက်တွေ့မှာလား?
ဝိညာဉ်သားရဲများသည် လူသားများနဲ့ တူညီသော ကျင့်ကြံမှုအဆင့်တွင်ပင် ပိုမိုအားကောင်းကြသည်။
သားရဲသည် ပိုထူသော အသား၊ ချွန်ထက်သော ခြေသည်းများနှင့် သတ်ဖြတ်ချင်သော ဗီဇပါရှိသည်။
သူတို့၏ ဘဝတစ်ခုလုံးသည် သွေးနှင့် ရှင်သန်ခြင်းတို့ဖြင့်သာ ဖြတ်သန်းခဲ့ရသည်။
လူသားများ အထူးသဖြင့် မျိုးနွယ်စုများနှင့် ဂိုဏ်းခွဲများကတော့ နုနယ်သည်။
ခြွင်းချက်အနေဖြင့်သာ တူညီသောအဆင့်တွင် ဝိညာဉ်သားရဲကို အနိုင်ယူရန် အခွင့်အရေးရှိသည်။
"မင်း မအောင်မြင်ရင် သေမယ်။ ကံကောင်းရင်တော့ ဒဏ်ရာပဲ ရလိမ့်မယ်။"
အကြီးအကဲသည် ရယ်စရာတစ်ခုလို ပေါ့ပေါ့တန်တန် လှောင်ပြောင်သယောင် ပြုံးပြသည်။
ဘယ်သူမှ မရယ်ရဲပေ
စိတ်တွေ လေးလံနေ၏
ဝိညာဉ်သားရဲများကိုသာ အသုံးပြုသည့် တိုက်ခိုက်ရေးစမ်းသပ်မှုသည် အန္တရာယ်အရှိဆုံးဖြစ်သည်။ ထိုတိရစ္ဆာန်များ ဘာလုပ်နိုင်သည်ကို မသိသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းတွေက ၎င်းတို့ကို သုံးခဲ့တာပင်။ သတ္တိနည်းသူများ သို့မဟုတ် အားနည်းသူများကို တပည့်အဖြစ် မလိုလားကြပေ။
အကြီးအကဲသည် "ဒီဝိဉာဉ်သားရဲတွေကို ဒီစမ်းသပ်မှုအတွက် ဖမ်းထားတာ။ တချို့က ရက်စက်တယ်။ တချို့က ပါးနပ်တယ်။ စွမ်းအားကြီးရုံတင်မကဘူး နည်းစနစ်ပိုင်းနဲ့ ရှင်သန်မှုဆိုင်ရာ ဗီဇတွေကြောင့် သတ်ဖြတ်ကြလိမ့်မယ်။"
သူ့လက်ကို မြှောက်လိုက်သည်။
"နံပါတ်တစ်၊ ရှေ့တစ်လှမ်းတိုး”
ပထမဆုံးသူသည် ရှေ့တက်လာပြီး လက်သီးတွေ နည်းနည်းတုန်ခါနေသည်။
တံခါးသည် တဒုန်းဒုန်း မြည်လာပြီး အမွေးရှိ သံမဏိ ဝံပုလွေတစ်ကောင်သည် သူ့ကို တည့်တည့် ကြည့်ရင်း သွေးနီမျက်လုံးများနဲ့ အော်ဟစ်နေခဲ့သည်။
ပထမစက္ကန့်မှ စ၍ ပရမ်းပတာဖြစ်ခဲ့သည်။
သွေး..အော်သံတွေ၊ ဖုန်တွေနဲ့ လွင့်ပျံနေသည်။
စုတ်ပြတ်နေသော ၀တ်ရုံများ၊ ရင်ဘတ်
တစ်လျှောက် ခြေသည်း ခြစ်ရာများနဲ့ ကောင်လေးသည် အသက်ရှင်ရုံသာ ကျန်ရစ်ခဲ့သည်။
သို့တိုင်… သူအောင်မြင်သွားသည် ။
ဒါပေမယ့် လူတိုင်းမလုပ်နိုင်ချေ
ကိုယ်စားလှယ်လောင်းတစ်ဦးစီသည် တွင်းထဲသို့ ပစ်ချခံကြရသည်။
အချို့က ကုတ်ခြစ်ခံရသည်။
တချို့က မသေခင် အတင်းဆွဲထုတ်ခံရသည်။
ပြီးတော့ ထူးထူးခြားခြား ကိစ္စတစ်ခု ပေါ်လာသည်။
"နံပါတ်ခြောက်ဆယ့်တစ် ယန်ရှို့”
လူအုပ်ကြီးထံမှ အတည်ပြုချက် ထွက်ပေါ်လာသည်။
"ဟင် အဲ့တာ သူပဲ၊ ယန်မျိုးနွယ်ထဲက ဓားမင်းသား”
"မနှစ်က တောထဲမှာ အဆင့်(၃)သားရဲတစ်ကောင်ကို သတ်ခဲ့တယ်လို့ ငါကြားခဲ့တယ်”
"သူ့ဓားကျွမ်းကျင်မှုက ဒီအသုတ်ထဲမှာ ပြိုင်ဘက်ကင်းပဲ”
"နောက်ဆုံးတော့ စာမေးပွဲအောင်မဲ့သူရှိပြီ”
လင်းရွှမ်သည် ထိုကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။
အရပ်ရှည်၏ အဖြူရောင် ၀တ်စုံကို ဝတ်ဆင်ထားကာ သူ့မျက်လုံးထဲတွင် အေးစက်သောအကြည့်နှင့် သူ့နောက်ကျောတွင် လေးနက်သော ဓားတစ်ချောင်းရှိနေသည်
ယန်ရှို့သည် မဆိုင်းမတွ ရှေ့သို့ လျှောက်သွားပြီး အကြီးအကဲများဆီသို့ အနည်းငယ် ခေါင်းညိတ်ပြသည်။ သူ့လှုပ်ရှားမှုတွေက ပြတ်သား၏
တံခါးက ကျယ်လောင်စွာပွင့်သွားလေသည်။
ခေါင်းနှစ်လုံးပါ မီးလျှံဝက်ဝံကြီး ထွက်လာပြီး ဦးခေါင်းတစ်ခုစီသည် တညီတညွတ်တည်းဟိန်းကာ
မီးမုန်တိုင်းကဲ့သို့ နောက်ကနေ မီးတောက်များ လိုက်လာသည်။
ကွင်းသည် ဖရိုဖရဲဖြစ်ကုန်၏
ယန်ရှို့သည် သူ့ဓားကို ဆွဲထုတ်ပြီး ခုတ်ချလိုက်သည်။
သူ၏ဓားအလင်းသည် လေထဲသို့ တိုးဝင်ကာ လှတောင်လှသေးသည်။
ဒါပေမယ့် သားရဲက မရှောင်ပေ။
ဝင်တိုက်ပြီး ဟိန်းဟောက်လေသည် ။ ပြီးတော့ သူ့ကို ဥက္ကာပျံလို ရိုက်ချပစ်လိုက်သည်။
ဘုန်း
မီးတောက်နှင့် ဖုန်မှုန့်များ အကြီးအကျယ် ပေါက်ကွဲသည်။
ရှင်းသွားသောအခါ…
ယန်ရှို့သည် နံရံတွင် လဲကျနေပြီး သူ့ပါးစပ်မှ သွေးများ စီးကျနေကာ ဓားက နှစ်ပိုင်း ပြတ်သွားသည်။
သူသည် ကျိုးပဲ့နေသော ရုပ်သေးရုပ်ကဲ့သို့ လျှောကျကာ သတိလစ်သွားသည်။
လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အကြီးအကဲပင်လျှင် အနည်းငယ် ထိတ်လန့်ကာ စိတ်ပျက်နေပုံရသည်။
ယန်ရှို့ ပိုသတိထားလျှင် ဦးခေါင်းနှစ်ခုရှိသော ဝက်ဝံကို သတ်နိုင်သည် ။ သို့သော် သူသည် ယုံကြည်မှုလွန်ကဲပြီး လက်တွေ့ကမ္ဘာမှ အတွေ့အကြုံမရှိခဲ့ပေ
"သူ့ကို ဆွဲထုတ်လိုက်ပါ။"
နောက်ဆုံးတော့ အကြီးအကဲက ပြောလေ၏
အားလုံးတိတ်ဆိတ်စွာ ကြည့်နေကြသည် ။
ယန်ရှို့ပင် မအောင်မြင်ခဲ့ချေ
တောင်ပိုင်းနယ်များတွင် လူသိများသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
ရန်သူများကို ပေါင်းပင်ကဲ့သို့ ပိုင်းဖြတ်ပြီး မာနဖြင့် လမ်းလျှောက်သောသူပင်
သူတောင် မကျော်နိုင်ခဲ့ရင်...
ဒါဆို သူတို့ ဘယ်လိုလုပ်ကြမလဲ ။
အဲဒါတွေသည် အားနည်းသော ကိုယ်စားလှယ်လောင်းတွေ၏ အတွေးတွေချည်းပင်။ အားကောင်းသူများသည် ယန်ရှို့ ရှုံးနိမ့်မှုကြောင့် မတုန်လှုပ်ခဲ့ပေ။
သူတို့ကိုယ်သူတို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူထက် သာလွန်သည်ဟု မြင်ကြသည်။
"နံပါတ် ခုနစ်ဆယ် လင်းရွှမ်”
လူအုပ်ကြီးသည် ချက်ချင်းပြန်အသက်ဝင်လာသည်။
"နောက်ဆုံးတော့ သူ့အလှည့်ပဲ၊ ငါစောင့်နေခဲ့တာ။"
"သူက တကယ့်လက်တွေ့မှာ အောင်နိုင်မလား ဒါမှမဟုတ် အရှင်လတ်လတ်စားခံရမလားဆိုတာ ကြည့်ဖို့အချိန်တန်ပြီ"
"ဟင်း ယန်ရှို့ကတောင် မအောင်မြင်ဘူး။ လက်လုပ်လက်စားတစ်ယောက်က ဘယ်လိုအခွင့်အရေးရှိမလဲ၊ သူ မထွက်ခင် သူ့ကိုယ်သူ ဒေါသထွက်နေမယ်လို့ ထင်တယ်။"
လင်းရွှမ် ကျရှုံးလိမ့်မည်ဟု လူအများစုက ထင်နေကြသည်။
ရိုးရိုးသားသားပြောရလျှင် ဒါဟာ ယုတ္တိတန်တဲ့ ယူဆချက်ပင်။
ပထမစမ်းသပ်မှုအောင်မြင်ခြင်းသည် ကိစ္စတစ်ခုဖြစ်သည်။ သို့သော် ဒုတိယအဆင့်သည် စစ်မှန်သောတိုက်ပွဲ ဖြစ်ပြီး ခန္ဓာကိုယ်ကို သန့်စင်ရန်လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါက အရင်းအမြစ်တွေ လိုသည်။
ပြီးတော့ လင်းရွှမ်အဖို့ ? နောက်ခံမရှိ၊ မျိုးနွယ်စုမရှိ။ အရင်းအမြစ်တွေကို ဘယ်မှာရနိုင်မည်နည်း။
ဒုတိယက ကိုယ်ခံပညာ။
တန်ခိုးကြီးသော မျိုးနွယ်စုများနှင့် ဂိုဏ်းဂဏများသာ ကောင်းမွန်သောအရာများကို ရရှိနိုင်ခဲ့သည်။
အလုပ်သမားတစ်ဦးအနေဖြင့် လင်းရွှမ်သည် ကောင်းကင်ဓားဂိုဏ်းတွင် အဝါရောင်အဆင့်နည်းစနစ်များကိုသာ ဝင်ရောက်ကြည့်ရှုနိုင်သည်။ အဆင့်-၄ ဝိညာဉ်သားရဲနှင့် လုံးဝမယှဉ်နိုင်ပေ။
သူတို့စိတ်ထဲမှာ သံသယမရှိပေ။
လင်းရွှမ် ရှုံးမည်သာ
သို့သော် လင်းရွှမ် ကိုယ်တိုင်က တည်ငြိမ်နေပုံရပြီး သူ့မျက်လုံးများသည် ယုံကြည်မှုအပြည်ြနှင့်ပင်
မကြောက်မရွံ့..မတုံ့မဆိုင်းပင်
သူက ထလာပြီး ကွင်းဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။