← Chapters

လင်းရွှမ် ခွန်အား

Vol. 5 Ch. 70

လင်းရွှမ် ခွန်အား

Vol. 5 Ch. 70

အားကစားခန်းမ ဧရိယာနဲ့ချိတ်ဆက်ထားသည့် တံခါးကြီးသည် ပွင့်လာသည်

တွန့်လိမ်ကောက်ပြီး လျှာကြီးတစ်လစ် တစ်လစ်နဲ့ အနက်ရောင် မြွေနဂါးတစ်ကောင် ပေါ်ထွက်လာသည်။

သူ့မျက်လုံးများသည် လင်းရွှမ်ကို စိုက်ကြည့်နေသည်။

အဆိပ်ပြင်း မြွေနဂါး

မြန်ဆန်၏ သေစေနိုင်၏

ရွှေဗဟိုနယ်ပယ်အဆင့်အောက် ကျင့်ကြံသူများအဖို့ အိမ်မက်ဆိုးပင်

တစ်ချက်ကိုက်ခံရတာသည် ထိုအဆင့်အောက်အဖို့ သေဖို့အခွင့်အရေးများ၏

လင်းရွှမ်အဖို့ ရန်သူသည် အသန်မာဆုံး သားရဲဖြစ်နေကာ ကံမကောင်းခဲ့ပေ

သူ့မျက်နှာ အမူအရာအရ တစုံတရာ စိုးရိမ်မှုမရှိပေ

တစ်ခုတည်းသော ရည်မှန်းချက်သာရှိ၏ ဒါကလည်း နိုင်ဖို့ပင်

မြွေကြီးသည် လျှာထွက်ပြီး အစွယ်မှာ သားရေတများများနဲ့ ကိုက်ဖြတ်ရန် အသင့်ဖြစ်နေချေပြီ

ပြီးတော့

ရွှီး

ငွေရောင်လင်းလက်နေ၏

လင်းရွှမ်လက်ထဲတွင် လျှပ်စီးလို ဓားတစ်လက် ပေါ်လာပြီး အစွန်းသည် အေးစက် ချွန်ထက်နေ၏ လေထဲတောင် တုန်ခါသွားသည်။

အထူးအဆင့်ဓား

ယန်ရှို့ သုံးသည့်ဓားနဲ့ အဆင့်အတူတူပင်

ပရိသတ်ထဲတွင် အံ့အားသင့်သံများ ထွက်လာကြသည်

“ အထူး_ အထူးအဆင့်လက်နက်”

“လက်လုပ်လက်စားက ဒီလိုအဆင့် ပစ္စည်း သုံးတာ”

“လျှို့ဝှက်ထားတဲ့ နောက်ခံ တစ်ခုရှိနေတာလား?”

လင်းရွှမ်ကို အထင်သေးသည့်သူများပင် တစ်ပြိုင်နက် အံ့ဩမိကြသည်။

အထက်တန်းအဆင့် မိသားစုတွေမှာတောင်အထူးအဆင့် လက်နက် မရှိပေ

လင်းရွှမ်မှာရှိနေ၏။ဘာကြောင့်လဲ?

ထိုမေးခွန်းသည် လူအားလုံး၏ စဉ်းစားစရာဖြစ်နေသည်။

ပြိုင်ပွဲကွင်းအလယ်တွင် အဆိပ်မြွေကြီးသည် တစ်ချက်ထပ်တလဲလဲ တွန်နေပြီး မီးတောင်ပေါက်သလို လင်းရွှမ်ဆီ တိုးဝင်လာသည်။

သို့တိုင် လင်းရွှမ်ကတော့ အေးအေးဆေးဆေး ရပ်နေဆဲပင်

နောက်ဆုံးအခိုက်အတန့်မှာတော့

သူ လှုပ်ရှားလေ၏

ရွှမ်!

အရိပ်တစ်ခု တုန်လှုပ်သွားသည်။

တစ်ခုတည်း မဟုတ်ပေ။ အရိပ် အများကြီးပင်

လင်းရွှမ်၏ ခန္ဓာကိုယ်မှ တံလျှပ်လို ဓားသွား တစ်ခုချင်းစီပေါ်လာပြီး နောက်တွင် ပုံရိပ်တွေကျန်ခဲ့၏

မျဉ်းစောင်းတစ်ခုကနေ ဆယ်ခုဖြစ်လာသည်။

ထို့နောက် တစ်ရာ ဖြစ်လာသည်။

"အရိပ်တစ်ထောင်ဓား”

ဓားသွားမုန်တိုင်းတစ်ခုက အလယ်အလတ်အဆင့် မြွေကို လွှမ်းခြုံလိုက်ပုံသည် မြန်ဆန်လွန်းသဖြင့် ပရိသတ်များက မည်သည့် ဓားချက် အစစ်အမှန်ဖြစ်ကြောင်း ခြေရာခံ၍မရပေ။

ဖူး

အား!

မြွေသည် နောက်ပြန်ဆုတ်သွားကာ အော်ဟစ်ရင်း ခေါင်းမှ အမြီးအထိ ပြတ်သွားလေသည်။

မတုံ့ပြန်နိုင်ခင်မှာပဲ ပျောက်ကွယ်သွားခဲ့သည့် ထင်ယောင်ထင်မှားတွေကြောင့် တွန့်လိမ်ကာ အပိုင်းပိုင်း ပြတ်သွား၏

တစ်စုံတစ်ယောက် မတ်တပ်ရပ်ကာ နည်းစနစ်ကိုမြင်တော့ မျက်လုံးများ ပြူးကျယ်သွားသည်။

"ခဏနေဦး... ဒီဓားနည်းစနစ်”-"

"အဲ့ဒါ... အရိပ်တစ်ထောင်ဓားနည်းစနစ်မလား?"

"မဖြစ်နိုင်ဘူး..အဲဒါ ပိုင်မျိုးနွယ်ရဲ့ လျှို့ဝှက်နည်းစနစ်လေ”

"ပိုင်မျိုးနွယ်ရဲ့ အထူးအဆင့်ဓားနည်းစနစ်တစ်ခု၊ သူဘယ်လိုသိတာလဲ”

နာမည်တစ်ခုတည်းက လူတွေကို ရူးသွပ်သွားစေသည်။

အရိပ်တစ်ထောင် ဓားနည်းစနစ် — ပိုင်မျိုးနွယ် ဘိုးဘေးမှ ဖန်တီးထားသော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဓားနည်းစနစ်ပုံစံတစ်ခုဖြစ်၏

၎င်းသည် မှန်းဆမရနိုင်သည့်အပြင် မြန်ဆန်သည့် အရှိန်နှင့် စိတ်ပိုင်းဆိုင်ရာဖိအားများကို အဓိကထား တိုက်ခဲ့သည်။

ကြုံဖူးသူ အများစုသည် သေသွားမှန်းပင် မသိကြပေ။

သို့တိုင် လူတိုင်းကို ထိတ်လန့်စေသည့်အရာမှာ နည်းစနစ်တစ်ခုတည်းတင် မဟုတ်ပေ။

အဲဒါက ဘာကို ဆိုလိုတာလဲ။

လင်းရွှမ်သည် ပိုင်မျိုးနွယ်၏နည်းစနစ်ကိုအသုံးပြုပြီး အထူးအဆင့်ဓားကို ကိုင်ဆောင်ထားသည်။

တိုက်ရိုက်အဖွဲ့ဝင်တစ်ဦးတည်း သို့မဟုတ် ပိုင်မျိုးနွယ်ကို ယုံကြည်ရသူတစ်ဦးသာ ဝင်ရောက်ကြည့်ရှုနိုင်သည့် ကိုယ်ခံပညာနည်းစနစ်။

"ဘယ်လို... ကောင်းကင်ဓားဂိုဏ်းက လက်လုပ်လက်စားတစ်ယောက်ကပိုင်မျိုးနွယ် ရဲ့ဓားနည်းစနစ်ကို ဘယ်လိုသိတာလဲ"

"ပိုင်ကျီဟန်က သူ့ကို သူ့အစေခံလုပ်ပေးဖို့ ပြောတယ်လို့ ကြားတယ်၊ ဒါပေမယ့် ပိုင်ကျီဟန်က သူ့ကို အရူးလို ဆက်ဆံတယ်လို့ ပြောတာမဟုတ်ဘူးလား"

" ပိုင်ကျီဟန်က သူ့ကို သင်ပေးတာလို့တော့ မပြောနဲ့?"

"မဖြစ်နိုင်ပါဘူး၊ ပိုင်ကျီဟန်လို လူက ရတနာတွေ ပေးဖို့မပြောနဲ့။ အဲ့လိုတောင် ငုံ့မကြည့်ဘူး”

"ဒါဆို...သူခိုးထားတာလား"

"ပိုတောင် ရယ်စရာကောင်းတယ်”

ထိတ်လန့်မှုက အချိန်ကြာသည်အထိ မရှိန်မသေပေ

ဒါပေမယ့် အမှန်တရားက ရိုးရှင်းပေသည်။

နည်းစနစ်ကို အဓိကပေါင်းစည်းခြင်း အဆင့် ကိုရောက်သည့် လက်ဆောင်အနေဖြင့်ဆေးပြား၊ ဓားတို့နဲ့အတူ ပိုင်ကျီဟန်က ပေးအပ်ခဲ့သည်။

ပိုင်ကျီဟန်ကိုယ်တိုင်က အရိပ်တစ်ထောင် ဓားနည်းစနစ်ကို လေ့လာဖို့ စိတ်မ၀င်စားပေ။ သူသည် ပိုမိုအားကောင်းသော နည်းစနစ်များကို ရယူနိုင်ခဲ့သည်။

ဒါကို သူသိပေသည်။

ထို့ကြောင့် သူသည် လင်ရွှမ်အား အများကြီး မစဉ်းစားဘဲ ပေးလိုက်သည်။

လင်းရွှမ်သည် သူ၏ ရူးသွပ်သော သင်ယူမှုစွမ်းရည်ဖြင့် ၎င်းကိုချက်ချင်း ကျွမ်းကျင်သွားသည်။

ပိုင်ကျန့်သာ ဒါကို မြင်ရင် နေရာမှာတင် ချောင်းဆိုးနေမည်ပင်။

သုံးလအကြာတွင် ကျွမ်းကျင်ခဲ့ပြီး ၎င်းကိုဂုဏ်ယူဖူးသည်။

လင်းရွှမ်အဖို့ ထိုသို့လုပ်ဖို့ တစ်ရက်ပဲ အချိန်ယူခဲ့ရသည်။

စည်းကမ်းဖောက်ဖျက်တာလည်း မရှိပေ

ပိုင်ကျီဟန်၏ ကိုယ်ရေးကိုယ်တာအစေခံအဖြစ် လင်းရွှမ်သည် ပိုင်မျိုးနွယ်နှင့် သက်ဆိုင်သောကြောင့် ၎င်းတို့၏ နည်းစနစ်များကို သင်ယူခွင့်ရှိမည်ဖြစ်သည်။

တင်းကြပ်စွာ သီးသန့်ကန့်သတ်ထားသော အရိပ်ကိုးပါး စီးဆင့်နေသည့်ဓားနှင့် မတူပေ

လင်းရွှမ်၏ အလားအလာကို မြင်ပြီးနောက် ပိုင်ကျီဟန်၏ ဆန့်ကျင်ဘက် အကြီးအကဲများပင် မညည်းညူဝံ့ပေ။

ကွင်းကို အာရုံပြန်ရောက်ကုန်၏

မြွေသည် ၎င်း၏နောက်ဆုံး အချိန်တွင် ရှိနေသည်။

ထပ်ပြီး အော်ဟစ်ကာ ဒဏ်ရာနဲ့အတူ နောက်ဆုံး ပြင်းထန်သော တိုက်ခိုက်ချက်ကို လုပ်လိုက်သည်။

အစွယ်တွေကနေ အဆိပ်တွေ ထွက်လာ၏ သူ့မျက်လုံးတွေက ရိုင်းစိုင်းပြီး သွေးနီရဲနေသည်။

သို့တိုင် လင်းရွှမ် အမူအရာက ပြောင်းလဲမသွားပေ

သူ၏ခြေရာလက်ရာများသည် ပေါ့ပါးပြီး ထိတွေ့၍မရပေ။

နောက်ထပ် ပုံရိပ်တွေ ။

ပြီးနောက်-

"အရိပ်တစ်ထောင်ဓား—နောက်ဆုံးတစ်ချက်”

ကမ္ဘာကြီးက မှုန်ဝါးသွားလေသည်။

တစ်ချက် အသက်ရှူလိုက်ရုံဖြင့် လင်းရွှမ်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပုံရပြီး ငွေရောင်လေပွေတစ်ခုသာ လေထဲတွင် လှည့်ပတ်နေသည်။

တစ်စက္ကန့်အကြာတွင် သူသည် မြွေ၏ အနောက်မှ ပြန်ပေါ်လာသည်။

သူ့ဓားသည် ဓားအိမ်ထဲ ရောက်နေချေပြီ

မြွေသည် အေးခဲသွားသည်။

ထို့နောက်

ဘုန်း

၎င်း၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းကွဲသွားသည်။

သေပြီ။

တိတ်ဆိတ်နေ၏။

လူတိုင်းက ငေးကြည့်ရုံသာ ။ ကျရှုံးမည့် အလုပ်သမားကို စိုက်ကြည့်နေသည်။

ပထမအကြိမ်ကတည်းက လှောင်ပြောင်ခံခဲ့ရသော ကောင်လေး။

သူ ဖြည်းညှင်းစွာ လှည့်ကာ ကွင်းပြင်သို့ လျှောက်သွားသည်။

ပြုံးနေတာမျိုး မရှိ။ မောက်မာခြင်းမရှိ။

အေးစက်ပြီး ကြောက်စရာကောင်းသော ငြိမ်သက်ခြင်းသာ။

ကျောက်စိမ်းစင်ပေါ်မှ အကြီးအကဲတစ်ဦးသည် နောက်ဆုံးတွင် "...အောင်တယ်" ဟု ရေရွတ်လေသည်။

လင်းရွှမ်၏ သရုပ်ပြမှုကြောင့် အကြီးအကဲများပင် ထိတ်လန့်သွားကြသည်။

စောစောက အောင်သွားခဲ့သော တပည့်များသည် ရှောင်တိမ်းတာ၊ လွတ်မြောက်တာ သို့မဟုတ် ဝိညာဉ်သားရဲဆီမှ အန္တရာယ်ကင်းအောင် လုပ်ပေးရုံမျှဖြင့်သာ အောင်မြင်သွားကြသည်။

ရက်စက်ကြမ်းကြုတ်သော စွမ်းဆောင်မှုဖြင့် ဝိညာဉ်သားရဲကို တစ်မိနစ်အတွင်း ပြီးဆုံးစေခဲ့သူ မည်သူမျှ မရှိခဲ့ပေ

အားပေးမှု မရှိခဲ့ပေ။

လူတိုင်းသည် သူတို့မြင်တာကို တွေးနေတုန်းပင်

ဤသည်မှာ လက်ရှိဘဝတွင် တွယ်ကပ်နေသော လက်လုပ်လက်စားမဟုတ်ပေ။

ဒါက ဓားသမားပင်

တကယ့်အစစ်အမှန်

အထူးအဆင့်ဓားကို ကိုင်ဆောင်ထားသူဖြစ်သည်။

အင်ပါယာရှိ ထိပ်တန်းမျိုးနွယ်စုထဲမှ အထူး အဆင့်ဓားစနစ်ကို ကိုင်ဆောင်ထားသူဖြစ်သည်။

အန္တရာယ်ရှိ၏

"ဒီကောင်က ဘယ်သူလဲ၊ လက်လုပ်လက်စားမှာ အဲဒီအရာတွေ ရှိမှာ မဟုတ်ဘူး။"

"အဲ့ဒါတွေကို ပိုင်ကျီဟန် ပေးခဲ့တာလား။"

"သူလုပ်ခဲ့ရင်တောင် ဘာဖြစ်လို့လဲ"

"ပိုင်ကျီဟန်က သူ့အစေခံကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်ဆိုတဲ့ ကောလဟာလတွေက မှားနေတာလား။ အထူးအဆင့် ပစ္စည်းနဲ့ ကိုယ်ခံပညာက မကောင်းဘူးဆိုရင် ငါလည်း အဲဒီ့လို ဆက်ဆံခံချင်သေးတယ်"

"ပိုင်ကျီဟန်က တခြားအစေခံကို ရှာနေသေးလား။ ငါ သူ့အစေခံဖြစ်ဖို့ လုံးဝကို ဆန္ဒရှိတယ်။"

လူအုပ်ထဲက တော်တော်များများ—အထူးသဖြင့် ပိုင်ကျီဟန်သည် လင်းရွှမ်ကိုနှိက်စက်သည်ဟု ကောလာဟလတွေကို ကြားသိရသူတိုင်း သတိထားမိလာကြသည်

ကောင်းကင်ဓားဂိုဏ်းတစ်ဝိုက်တွင် လွင့်မျောနေသော အတင်းအဖျင်းစကားများသည် လုံးဝသတင်းအမှားပင်။

ဘာကြောင့်လဲဆိုတော့ ပိုင်ကျီဟန် လုပ်သမျှ

အရာအားလုံးကို ဘယ်လိုရှင်းပြမည်နည်း

အရူးတစ်ယောက်ပင်လျှင် သူ၏ တိုးတက်လာမှု၊ သူ၏နည်းစနစ်၊ အထူးအဆင့်ဓား- ဆက်စပ်မှုကို မြင်နိုင်သည်။ အားလုံးသည့် သူ့အား ကိုယ်ရေးကိုယ်တာအစေခံအဖြစ် ခေါ်ဆောင်သွားသော ပိုင်ကျီဟန်ကို ညွှန်ပြနေသည်။

All Chapters