← Chapters

တာအို ပဲ့တင်မှန်

Vol. 5 Ch. 71

တာအို ပဲ့တင်မှန်

Vol. 5 Ch. 71

ပိုင်ကျီဟန်က ၎င်းကို ကြည့်နေခဲ့သည်။

သူထင်သည့်အတိုင်း ဤအဖြစ်အပျက်သည် လင်းရွှမ်၏ လေးနက်သောခွန်အားသစ်ကို ပြသရန်သာ ဖြစ်သည်။

သူသည် လင်းရွှမ် ခွန်အားကို မြင်လိုက်ရသော်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် ကောင်းကင်ဘုံ ရွေးချယ်ခံရသူ ဖြစ်သည်မှာ အံ့သြစရာမဟုတ်ပေ။

အကယ်၍ သူ့တွင် လုံလောက်သော အရင်းအမြစ်များနဲ့ ကိုယ်ခံပညာဆိုင်ရာ နည်းစနစ်များရှိပါက သူ၏ သင်ယူနိုင်စွမ်းဖြင့် တိုးတက်မှုသည် အကန့်အသတ်မရှိပေ။

ပိုင်ကျီဟန်သည် ယခု လင်းရွှမ်ထက် သန်မာနေမှန်း သိသော်လည်း အချိန်မည်မျှကြာသည်အထိ သန်မာမည်ကို မသိပေ

လင်းရွှမ် တိုးတက်လာနှုန်းသည် ပိုင်ကျီဟန်အတွက် တကယ်ကို အံ့အားသင့်စရာဖြစ်ပြီး သူလုပ်ပေးသမျှသည် သူ့အတွက် ကောင်းမွန်သော ကျင့်ကြံနည်းစနစ်နဲ့ ဆေးအချို့ကိုသာ ပေးခဲ့တာပင်။

လင်းရွှမ်နှင့် နှိုင်းယှဉ်ပါက ပိုင်ကျီဟန်တွင် ပိုမိုကောင်းမွန်သော ကျင့်ကြံနည်းစနစ်၊ ပိုမိုကောင်းမွန်သော ဆေးပြားများနှင့် စနစ်တစ်ခုပင် ရှိသည်—သို့သော် သူ၏တိုးတက်မှုသည် လင်းရွှမ်ထက် နှေးကွေးသည်ဟု ခံစားရသည်။

"ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ကံကြမ္မာအဆင့် ကြယ်သုံးပွင့်က ဒီလောက် အားကောင်းရင် ပိုင်ရှင်းယွဲ့ကရော ဘယ်လိုလဲ။"

သူမ၏ တိုးတက်နှုန်းသည် လင်းရွှမ်ထက် ကျော်လွန်နေတာများလား

ဒီလိုသာဆို သူဘာပဲလုပ်လုပ် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးဟု ဆိုလိုတာမလား။

သူမတွင် ထိုသို့စွမ်းရည်ရှိခဲ့လျှင်ပင် သူ့တွင်ရှိသလို အရင်းအမြစ်တွေ လုံလုံလောက်လောက် မရှိဘူးဆိုတာ ပိုင်ကျီဟန် သိသည်။

လင်းရွှမ်လည်း အတူတူပင်။ သူ့ကြောင့်မဟုတ်ရင် သူ ဒီလောက်တိုးတက်မှာ မဟုတ်ချေ။

ဤဇာတ်ဆောင်များတွင် ချွတ်ယွင်းနေသော အစွမ်းအစများ ရှိသည်။ ၎င်းတို့၏တိုးတက်မှုကို ဟန့်တားသည့် တစ်ခုတည်းသော အရာမှာ အရင်းအမြစ်များဖြစ်သည်။

ပိုင်ကျီဟန်သည် ဗီလိန်အခြေအနေနဲ့ လိုအပ်သည့် အရင်းအမြစ်တွေ အားလုံးကို ပိုင်ဆိုင်ထားသည့်တိုင် သူ၏စွမ်းဆောင်နိုင်မှုသည် ထို ဇာတ်ဆောင်တွေလောက် မတိုးတက်ပေ။

"အဲ့ဒီစနစ် အမှတ်တွေရဖို့အတွက် နည်းလမ်းတစ်ခုစဉ်းစားဖို့ လိုတယ်။ မဟုတ်ရင် ပိုင်ရှင်းယွဲ့ကို ကျော်တက်သွားဖို့က အိပ်မက်တစ်ခုပဲဖြစ်မှာ”

ပိုင်ကျီဟန်သည် ကောင်းကင်ဓားဂိုဏ်း၏ အသစ်ဖြစ်တာကြောင့် သတိကြီးစွာ နင်းရန် လိုအပ်သည်ဟု ထင်ခဲ့သည်။ သို့သော် ကံကြမ္မာတွင် အခြားအစီအစဉ်များ ရှိနေသည်မှာ ထင်ရှားသည်။

အကယ်၍ သူသည် အေးဆေးနေပြီးလုံခြုံစွာကစားပါက သူ့ကံကြမ္မာကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်မည်ကို စိုးရိမ်သည်။

ဒါကြောင့် ပိုင်ကျီဟန်အနေနဲ့ စွန့်စားရမည်ဟုသူ့အရိုးထဲမှာ ခံစားလိုက်ရသည်။

ထိုအချိန်တွင် လင်းရွှမ်သည် စောင့်ဆိုင်းနေရာသို့ ပြန်သွားကာ ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။

တခြားတပည့်တွေသည် သူ့ကို နေရာဖယ်ပေးပြီး စိုက်ကြည့်နေ၏။ သို့ပေမဲ့ ၎င်းက လေစားမှုအပြည့်နဲ့ပင်

အချို့သည် စောစောက ရှက်ရွံ့စွာ မှတ်ချက်ချပြီးနောက် ကြောက်လန့်သွားကြသည်။

စောစောက သူ့ကို လှောင်ပြောင်ခဲ့ဖူးသော ပါရမီရှင် တယောက်သည် အဆင်မပြေသော အပြုံးနဲ့ ပြုံးပြလိုက်သည်။

"ဟေး ဟေး... အစ်ကိုလင်း? ဒီဓားနည်းစနစ်က အံ့ဩစရာပဲ၊ မြွေကို ဘယ်သူက ဆရာဆိုတာ သေချာပြလိုက်တာ။"

သူသည် ဒုတိယစမ်းသပ်မှုကိုလည်း အောင်မြင်ခဲ့သည်—သို့သော် လင်းရွှမ်ကဲ့သို့ ပုံစံဖြင့် မအောင်မြင်ခဲ့ပေ

လင်းရွှမ်သည် တတိယအစမ်းစာမေးပွဲကို ဖြေဆိုအောင်မြင်ရန် အခွင့်အလမ်းများစွာရှိကာ ၎င်း၏စွမ်းဆောင်ရည်အရ သူထက်ပို၍ အကြီးအကဲများ၏ အထင်ကြီးလေးစားခံရဖွယ်ရှိသည်။

ထိုကြောင့် အဖြစ်အပျက်တွေ မဖြစ်ခင်ကတည်းက သူနဲ့ မိတ်ဖွဲ့ချင်ခဲ့သည်။

ဂိုဏ်း၏အကြီးအကဲများက မကြည့်ရှုသည့်တိုင် လင်းရွှမ်သည် ပိုင်ကျီဟန်ကို ၎င်း၏ကျောထောက်နောက်ခံအဖြစ် ဆက်လက်ထားရှိဆဲဖြစ်သည်။

လင်းရွှမ်သည် သူ့ကိုကြည့်ကာ ဘာမှမပြောပေ

သူက ဆက်လျှောက်နေ၏

အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ အတုအယောင် ချီးမွမ်းခြင်းကို မလိုတာကြောင့်ပင်

ပါရမီရှင်သည် လျစ်လျူရှုပုံရသော်လည်း သူသည် ဒေါသထွက်တာ သို့မဟုတ် တစ်စုံတစ်ရာလုပ်ဆောင်တာမျိုး မရှိခဲ့ပေ။

နောက်ဆုံးတော့ သူသည် သူ့နေရာကို နားလည်ပြီး ပိုင်ကျီဟန်အထောက်အပံ့အဖြစ် သူ၏ မကောင်းသောဘက်ကို မရောက်ချင်ပေ

လင်းရွှမ်သည် ပထမစမ်းသပ်မှုမှာကဲ့သို့ပင် တရားထိုင်ပြီး တတိယနှင့် နောက်ဆုံးစမ်းသပ်မှုကို စတင်ရန် စောင့်ဆိုင်းခဲ့သည်။

ယခုတစ်ကြိမ်တွင် လင်းရွှမ်သည် ပထမစမ်းသပ်မှုထက်ပင် ပိုမိုအာရုံစိုက်လာခဲ့သည်။

တရားထိုင်နေစဉ်တွင် မည်သူမျှ သူ့ကို မနှောင့်ယှက်ဝံ့ကြပေ။

ဤအတောအတွင်း ဒုတိယစမ်းသပ်မှုကို ဆက်လက်ပြုလုပ်ခဲ့ပြီး များစွာသောကြိုးစားမှုများက ကျရှုံးကုန်ကြ၏

တောက်လောင်နေသော မွန်းတည့်နေရောင်ခြည်သည် ကွင်းကို ရွှေရောင်အလင်းဖြင့် လွှမ်းခြုံကာ ဒုတိယအစမ်းစစ်ဆေးမှုသည် နောက်ဆုံးတွင် ပြီးဆုံးခဲ့သည်။

ဝင်ရောက်လာသူ ထောင်ပေါင်းများစွာထဲမှ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာ ရှိတော့သည်။

ယခုအခါ အောင်မြင်သော ကိုယ်စားလှယ်လောင်းများသည် မှော်စာများနှင့် တောက်ပသော အလင်းရောင်များဖြင့် မြှုပ်ထားသည့် မြင့်မားသော ရှေးဟောင်းကျောက်တုံးကြီးဖြစ်သည့် တာအိုပဲ့တင်မှန်ရှေ့တွင် ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။

ခွန်အား သို့မဟုတ် ခံနိုင်ရည်ကို စမ်းသပ်သည့် အစောပိုင်းအဆင့်များနှင့် မတူတာက ဤစမ်းသပ်မှုသည် ကျင့်ကြံသူများအတွက် အလွန်အရေးကြီးသော အရာများကို ဆုံးဖြတ်ပေးသည်

ကံကြမ္မာ..ပါရမီ..အလားအလာ!

အားလုံးကို အကဲဖြတ်ပြီး ရလဒ်ကိုကိုယ်စားပြုရန် အရောင်ဖြင့် ပြသမည်ဖြစ်သည်။

အဖြူ - ပဲ့တင်ထပ်ခြင်းမရှိပေ။ကျရှုံးမှု။ အမှိုက်အဆင့်။

မီးခိုးရောင် - ပဲ့တင်ထပ်မှု အားနည်းခြင်း။ သင်တန်းပေးဖို့ အဆင်မပြေပေ

အပြာ - ပဲ့တင်ထပ်မှု နည်းပါးခြင်း။ လက်ခံနိုင်ပေမဲ့ ကောင်းကင်ဓားဂိုဏ်းထဲကို ဝင်ဖို့ အနည်းဆုံးအဆင့်။

အစိမ်းရောင် - အလယ်အလတ် ပဲ့တင်ထပ်သံ။ ကောင်းကင်ဓားဂိုဏ်းဝင်ရန် အာမခံသည်။

အဝါရောင် - အဆင့်မြင့်ပဲ့တင်ထပ်ခြင်း။ အလားအလာရှိသည်ဟု ယူဆသည်။

အနီရောင် - အမြင့်ဆုံးအဆင့် ပဲ့တင်ထပ်သံ။ ပါရမီရှင်အစစ်ပါ။

ရွှေရောင် - ကောင်းကင်အဆင့် ပဲ့တင်ထပ်သံ။ အမြင့်ဆုံးစွမ်းရည်၊ ကျင့်ကြံ မှု၏အထွတ်အထိပ်သို့ ရောက်ရှိရန်အာမခံပါသည်။

အစိမ်းရောင် သို့မဟုတ် အထက်ရောက်သူများသာ ဖြတ်သန်းခွင့်ရှိသည်။

အဝါရောင်နဲ့ အထက်ဆိုရင်ဖြင့်? တောင်ထိပ်သခင်များပင်လျှင် အလုအယက် ဝင်ပါရမည့် အရည်အချင်းမျိုးများပင်။

စမ်းသပ်ပွဲ စချေပြီ။

အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်း ရာနှင့်

ချီသည် တစ်ယောက်ပြီးတစ်ယောက် ကြေးမုံဆီသို့ တက်လာကြသည်။

ပေါင်မျိုးနွယ်မှ ကောင်မလေးတစ်ယောက် ရှေ့သို့ တိုးလာသည်။ ကြေးမုံသည် တဖျပ်ဖျပ်တောက်ပြီးနောက် အပြာရောင် ပြောင်းသွားသည်။

"အလယ်အလတ်တန်းစား တာအို ပဲ့တင်ထပ်

ခြင်း”

သူမ အသက်ကို ရှူထုတ်လိုက်ပြီး မြန်မြန်ဆန်ဆန် ဆင်းသွားသည် ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည် ။

နောက်တစ်ယောက်က လိုက်သွားသည်။ တောက်လောင်သော မျက်လုံးများနှင့် ဓားရှည်နှစ်ချောင်းရှိသော ကောင်လေး။ မှန်သည် စိမ်းစိုနေသည်။

"အဆင့်မြင့် ကောင်းတယ်”

အကြီးအကဲက ပြောသည်။

"တစ်စုံတစ်ယောက်က သူ့ကို မှတ်ထား”

အထူးသဖြင့် အကြီးအကဲများသည်း အစိမ်းရောင်နှင့် အပြာရောင်များ ထွက်ပေါ်လာခြင်းကြောင့် စိတ်လှုပ်ရှားနေသည်။

ပထမစမ်းသပ်မှုနှစ်ခုသည် သူတို့ကို စိတ်ပျက်စေခဲ့သည့်တိုင် နောက်ဆုံးစမ်းသပ်မှုကတော့ အများအပြား အောင်မြင်ခဲ့သည်။

ဒါပေမယ့် ပထမဆုံး မီးခိုးရောင် ထွက်ပေါ်လာသည်။

မီးခိုးရောင်ရှိသူတိုင်းကို ထည့်သွင်းစဉ်းစားခြင်းမရှိသည့်အပြင် ၎င်းတို့အတွက် ရှုံးနိမ့်မှုသာ ဖြစ်သည်။

"ခဏလေး၊ ဘာလဲ”

တပည့်က ထိတ်လန့်သွားသည်။

"ကျွန်တော်-အခြားစမ်းသပ်မှုနှစ်ခုကို အောင်မြင်ခဲ့တယ်”

သူမယုံကြည်ခဲ့ချေ။ အစောပိုင်း စမ်းသပ်မှု နှစ်ခုတွင် သွားကျိုးပြီး လက်သည်းများ ပြုတ်ထွက်ခဲ့သော်လည်း ယခုအခါ အရူးပစ္စည်းက ၎င်းနှင့် မထိုက်တန်ဟု ဆိုကာ ငြင်းဆိုခံခဲ့ရသည်။

အသက်အန္တရာယ်ကို စွန့်စားသူတစ်ယောက်က ၎င်းကို မည်သို့ယုံကြည်နိုင်မည်နည်း

သို့သော် တာအိုပဲ့တင်မှန်သည် ၎င်း၏ရလဒ်ကိုပြသပြီးနောက်တွင် ကောင်းကင်ဘုံဓားဂိုဏ်းသို့ဝင်ရောက်ရန်နည်းလမ်းမရှိပေ။

"တာအိုပဲ့တင်မှန်က မင်းကို အရည်အချင်းမရှိဘူး ပြောနေတယ်" အကြီးအကဲက ပြတ်ပြတ်သားသားပြောသည်။

"မင်းရဲ့ ကျင့်ကြံမှုလမ်းကြောင်းက မှောင်မဲလွန်းတယ်။"

"မဟုတ်ဘူး! ကျွန်တော်ထပ်ကြိုးစားပါရစေ”

“နောက်တစ်ခါ ထပ်မရဘူး” ဟု အေးစက်စက် တုံ့ပြန်လာသည်။

"ဒီမှန်က လေပေါ်မှာ လည်ပတ်နေတယ်လို့ မင်းထင်လား? အသုံးပြုမှုတိုင်းက ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ ကုန်ကျတယ်။"

ထို့ကြောင့် အသနားခံခြင်း၊ အော်ဟစ်ခြင်းနဲ့ ငိုကြွေးခြင်းများ လုပ်နေသည့် ရှုံးနိမ့်သူများသည် တစ်ယောက်ပြီး တစ် ယောက်ဆွဲထုတ်ခံရသည်။

သို့တိုင် အကြီးအကဲတွေက မတုန်လှုပ်ပေ

သူတို့ မလိုပေ။

ကံကြမ္မာသည် ကောင်းချီးပေးတာ ဒါမှမဟုတ် ငြင်းပယ်တာသာ ရှိသည်။

ထို့အပြင် အသနားခံလျှင်ပင် ထပ်မံကြိုးစားခွင့်မရှိပေ။

တာအိုပဲ့တင်မှန်သည် လည်ပတ်ရန်အတွက် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာကို သုံးရသည်။

ဒါကလည်း အားနည်းသော ကိုယ်စားလှယ်လောင်းများကို စီစစ်ပြီးမှသာ နောက်ဆုံးလုပ်ရသည့် အကြောင်းရင်းဖြစ်သည်။

သူတို့ တတ်နိုင်လျှင် ဒီစမ်းသပ်မှုတခါလုပ်ပြီး နောက်တစ်ရက်ထပ်လုပ်ချင်ပေသည်။

နောက်ထပ်ကံကြမ္မာကို မည်သူကမှ သိမည်မဟုတ်ပေ ၊ ဒါကြောင့် ကျရှုံးမှုအနည်းငယ်ကို ထပ်ပြီးကြိုးစားကြည့်နိုင်သည်။

မကြာမီ မှန်၏အလင်းရောင်သည် အလွန်အကျွံသုံးခြင်းကြောင့် အနည်းငယ်မှိန်စပြုလာသည်။

တပည့်လက်တစ်ဆုပ်စာပဲ ကျန်တော့သည်။

ပြီးတော့ သူတို့အထဲတွင် အာရုံစိုက်မှုအခံရဆုံးသူက လှုပ်တောင်မလှုပ်ပေ

သူကတော့ လင်းရွှမ်ပင်

အနောက်ဘက်တွင် တိတ်တဆိတ် ရပ်ကာ လက်နှစ်ဖက်ကို ပိုက်ရင်း

သူ့အလှည့်ကို စောင့်နေသည်။

ကိုးဆယ့်ရှစ်။ ပြီးတော့ ကိုးဆယ့်ကိုး ဖြစ်သွားပြီ။

အစိမ်းရောင်။

"အောင်တယ်”

ထို့နောက် ခေါင်းများအားလုံးသည် နောက်ဆုံးဆီသို့ လှည့်သွားကြသည်။

“နောက်ထပ်လာခဲ့”အကြီးအကဲက ပြောသည်။

၎င်းသည် နောက်ဆုံးကိုယ်စားလှယ်ဖြစ်ပြီး လင်းရွှမ်သာ ဖြစ်သည်။

"နောက်ဆုံးတော့ လင်းရွှမ် အလှည့်ရောက်ပြီ၊ သူဘယ်လိုအရောင်ရမှာလဲ"

"သူက အနည်းဆုံး အဝါရောင် ရနိုင်လောက်မယ်၊ သူ့ရဲ့ အရည်အချင်းအရ အနီလည်း ဖြစ်နိုင်တယ်။"

"ရွှေဆိုတာ မဖြစ်နိုင်ဘူး။ ရာစုနှစ်တစ်ခုမှာ ကောင်းကင်ဓားဂိုဏ်းမှာ အဲဒီလူတစ်ယောက်ပဲ ရှိတာ။ အဲဒီလူက မကြာသေးခင်ကပဲ ပါ၀င်ခဲ့တယ်၊ သူမနာမည်က ဘယ်လိုခေါ်ပါလိမ့်”

"ပိုင်ရှင်းယွဲ့ ဟုတ်တယ်မလား၊ အကြီးအကဲတွေထဲက တစ်ယောက်က သူမကို ခေါ်လာပြီး သူမက တာအိုပဲ့တင်မှန်မှာ ရွှေဖြစ်ကြောင်း ပြသခဲ့တယ်ထင်တယ်"

"လင်းရွှမ်က အစိမ်း ဒါမှမဟုတ် နိမ့်နေတယ်ဆိုရင် ဒါက ကြီးမားတဲ့ ထိုးနှက်ချက်

ဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

အများအပြားက စောင့်ကြည့်နေခဲ့ကြပြီး အချို့က သူသည် ၎င်းတို့တွင် အပြင်းထန်ဆုံးဖြစ်သောကြောင့် အောင်နိုင်မည်ဟု ထင်ကြေးပေးကြပြီး အချို့ကမူ ကျရှုံးမည်ဟု မျှော်လင့်ကြသည်။

လင်းရွှမ်သည် နောက်ဆုံးတော့ လှုပ်သွားသည်။

သူ့ခြေလှမ်းတွေက အလျင်စလိုမရှိပေမယ့် တုံ့ဆိုင်းမနေခဲ့ချေ။

သူသည် တာအိုပဲ့တင်မှန် ဆီသို့ လျှောက်သွားကာ မတ်မတ်ရပ်ပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် လက်ဖဝါးတစ်ချက် တင်လိုက်သည်။

ကြေးမုံက တုန်လှုပ်သွားသည်။

တဒင်္ဂ တိတ်ဆိတ်မှု။

ထို့နောက်—

ဘုန်း

အလင်းရောင်တစ်ခုသည် ၎င်း၏မျက်နှာပြင်မှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။

အပြာမဟုတ်။ အစိမ်းမဟုတ်ချေ။ အနီရောင်တောင် မဟုတ်ပေ။

ရွှေဖြစ်ခဲ့သည်။

ကောင်းကင်အဆင့်

အပြင်ဘက်တွင် ရွှေရောင်ခြည်များ ပေါက်ကွဲထွက်နေသဖြင့် ပလက်ဖောင်းတစ်ခုလုံး တုန်ခါကာ အရာအားလုံးကို တောက်ပစွာ လင်းထိန်သွားစေသည် ။

မိုးပေါ်မှ တိမ်များပင် လှုပ်ခါပြီး ဝိညာဉ်ရေးရာ ဖိအားများဖြင့် လေများ တုန်ခါနေသည်။

သေခြင်းထက် ပိုနက်နဲသော တိတ်ဆိတ်မှုသည် လူတွေကို လွှမ်းခြုံသွားသည်။

"ရွှေ..ရွှေ”

"မဖြစ်နိုင်ဘူး၊ အဲဒါက ပိုင်ရှင်းယွဲ့နဲ့ တန်းတူပဲ။"

"ခဏလေး ၊ သူက လွန်ခဲ့တဲ့ လအနည်းငယ်က လက်လုပ်လက်စား မလား?"

"ကံကောင်းလိုက်တာ၊ ငါတို့ဂိုဏ်းထဲမှာ ရွှေအဆင့်ရှိတဲ့ အရည်အချင်းပိုင်ရှင် နှစ်ယောက်ကို တစ်ချိန်တည်းမှာ ရထားတယ်။ ဒါက ကောင်းကင်ဘုံရဲ့ နိမိတ်လက္ခဏာပဲ ဖြစ်ရမယ်”

မြင့်သောစင်မြင့်ပေါ်ရှိ အကြီးအကဲများ— အများအားဖြင့် ထုတ်ဖော်မပြတတ်သူများပင် ချက်ခြင်းထရပ်ကြသည်။

မကြာသေးမီဆယ်စုနှစ်များအတွင်း လူတစ်ဦးတည်းသာ ဤအဆင့်သို့ရောက်ရှိခဲ့သည်။ သူမကတော့ ပိုင်ရှင်းယွဲ့ပင် ၊ လွန်ခဲ့သည့်လအနည်းငယ်က ၎င်းတို့ခေါ်ယူခဲ့သော ပါရမီရှင်ဖြစ်သည်။

ယခု လင်းရွှမ်သည် တူညီသော အဆင့်တွင် ရပ်တည်နေသည်။

All Chapters