← Chapters

လက်လုပ်လက်စားမှ နာမည်အကြီးဆုံးသူအဖြစ်

Vol. 5 Ch. 73

လက်လုပ်လက်စားမှ နာမည်အကြီးဆုံးသူအဖြစ်

Vol. 5 Ch. 73

လေလံစစ်ပွဲသည် မြင့်တက်လာသည်နှင့်အမျှ ၎င်းသည် ဂိုဏ်းခွဲအတွက် မြှင့်တင်ရေးတစ်ခုကဲ့သို့မဟုတ်ဘဲ လေလံပွဲကဲ့သို့ ပို၍ခံစားရလာသည်။

"တစ်လကို ဝိညာဉ်ငွေ့ရည်ဆေး သုံးခု”

"ငါးခု.. မြေကမ္ဘာအဆင့်နည်းစနစ်”

"အထူးအဆင့်ဓားနှင့် အဆင့်-၃ ဝိညာဉ်

ရေးရာသားရဲ”

လင်းရွှမ်သည် ကမ်းလှမ်းချက်များကို နားထောင်ရင်း မူးဝေလာသည်။ သူသည် တောင်ထိပ်သခင်၏မျက်လုံးများမှ စိတ်ပျက်အားငယ်မှုကို လက်တွေ့ကျကျ မြင်နိုင်သည်။

လူအုပ်ထဲမှ တပည့်တချို့သည့် ပွစိပွစိပြောနေ၏

"ဟင်း ၊ ဘာလို့ ငါက ကောင်းကင်အဆင့် တာအိုပဲ့တင်သံ နဲ့ မမွေးလာရတာလဲ”

"ဒီကောင်က မနေ့က အိမ်သာ သန့်ရှင်းရေး လုပ်နေတာ။"

"အစ်ကို ပြီးခဲ့တဲ့လက ငါတို့ သူ့ကို အနိုင်ကျင့်ခဲ့တယ်၊ သူမှတ်မိလောက်လား"

အကဲဖြတ်ခြင်း စာမေးပွဲကို အပျော်သဘောဖြင့် ကြည့်ရှုရန် ရောက်လာသော ပြင်ပတပည့် အများအပြားသည့် ဖြစ်ပျက်နေသည့်အရာကြောင့် အံ့အားသင့်သွားကြသည်။

သူတို့ နှိမ့်ချခဲ့ပြီး သူ့ရုပ်ရည်ကြောင့် မနာလိုစိတ်နဲ့တောင် အနိုင်ကျင့်ခဲ့သော လင်းရွှမ်သည် သူတို့ စိတ်ကူးယဉ်တာထက်တောင် မြင့်တက်ခဲ့သည်။

ထို့နောက် အတွင်းတပည့် ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ စိတ်ကျေနပ်အောင် ပြင်းပြင်းထန်ထန် သူတို့ကြိုးစားပြရသော တောင်ထိပ်သခင်များသည် သူတို့ လှောင်ပြောင်လေ့ရှိသော လက်လုပ်လက်စားအတွက် တိုက်ပွဲဝင်နေကြချေပြီ။

လင်းရွှမ်သည် တောင်ထိပ်သခင် အသီးသီးထံမှ ကမ်းလှမ်းမှုများကြောင့် လွှမ်းမိုးခံနေရပြီး တစ်ခုစီသည် နောက်ဆုံးတစ်ခုထက် ပိုသာလွန်ကောင်းမွန်စော အရာကို ပေးနေချိန်တွင် နှေးကွေးပြီး တမင်တကာတီးသော လက်ခုပ်တီးသံများသည် ကွင်းအနှံ့ ပဲ့တင်ထပ်နေသည်။

ဖြောင်း ဖြောင်း ဖြောင်း

အသံက မကျယ်ပေမယ့် တုန်နေ၏

အကြီးအကဲအုပ်စု၏ နောက်ကွယ်တွင် အသွင်သစ်တစ်ခု ရောက်လာသဖြင့် ရန်ပွဲသည် အနည်းငယ် တိတ်ဆိတ်သွားသည်။

သူသည် ကြက်သွေးရောင်ဖျော့ဖျော့ ချည်သားဖြင့် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ ဒီဇိုင်းရိုးရှင်းသော်လည်း ၎င်းမှဖြာထွက်သော အခွင့်အာဏာသည် လေကို ပိုအေးစက်စေသည်။

အကြီးအကဲရှန်

ပြစ်ဒဏ်စီရင်ရေးခန်းမ အကြီးအကဲ

ပြီးတော့ ဆန့်ကျင်ရေးဂိုဏ်းခေါင်းဆောင်အဖွဲ့ခွဲ၏အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

သူ့မျက်လုံးများသည် တစ်ဝက်မှိတ်ထားကာ အမူအရာ ငြိမ်သက်နေသော်လည်း စင်မြင့်ပေါ်ကို ဖြည်းညှင်းစွာ ငုံ့ကြည့်ရင်း နှုတ်ခမ်းထောင့်များက အပြုံးမပျက်ပေ

"အံ့ဩစရာပဲ" အကြီးအကဲရှန်အသံသည် တိုးသော်လည်း ပိုးသားကို ဓားနဲ့ခုတ်သလိုပင်။

"ကောင်းကင်အဆင့် တာအိုပဲ့တင်ထပ်သံ။ အမှန်တော့ ဂိုဏ်းက ကောင်းချီးပေးခံရတာပဲ။"

သူ၏အကြည့်များသည် ဂိုဏ်းခေါင်းဆောင် ချန်းယုဟမ်ဆီသို့ တစ်စက္ကန့်မျှ လှည့်ကြည့်လိုက်သည်။

ထို့နောက် လင်းရွှမ်ထံသို့ ပြန်လှည့်သွားသည်

"လင်းရွှမ်၊ ငါက ပြစ်ဒဏ်စီရင်ရေးခန်းမရဲ့ အကြီးအကဲပါ” ပြောပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။

"ငါက အရင်းအမြစ်တွေ မပေးပါဘူး။ လုံခြုံရေးနဲ့ စွမ်းအားကို ပေးတယ်။"

တခြားအကြီအကဲတွေသည် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူ့လေသံ ပြတ်တောက်သွားသည်။ အကြံပေးသလိုပင်

ဒါပေမယ့် အကြီးအကဲယန်သည် ဆက်သွားခဲ့သည်။

"ပြစ်ဒဏ်စီရင်ရေးခန်းမမှာ မင်းက အထွတ်အထိပ်နဲ့ မတူတဲ့ လွတ်လပ်မှု ရှိလိမ့်မယ်။ အသေးအဖွဲ့အတွက် ငြင်းခုံစရာ မလိုပါဘူး။ တပည့်တွေကို လိုက်လျောပေးစရာ မလိုဘူး၊ ဂိုဏ်းဂဏအတွင်းရေးအတွက် စိတ်ပူစရာ မလိုဘူး။"

သူ့ လိမ်နေတာ သိရက်နဲ့ ပြော၏

ပြစ်ဒဏ်စီရင်ရေးခန်းမသည် ကြားနေဖြစ်ပြီး ဂိုဏ်းဂဏ အတွင်းရေးတွင် မပါဝင်သင့်ပေ။ ဒါပေမယ့် အကြီးအကဲရှန်ကတော့

သူသည် ဆန့်ကျင်ဘက် ဂိုဏ်းခွဲများနှင့် တစ်ဖက်တည်းနေပြီး အတွင်းရေးများတွင် နက်ရှိုင်းစွာ ရပ်တည်နေခဲ့သည်။

ထို့နောက် သူသည် အနည်းငယ် နီးကပ်လာကာ လင်းရွှမ်သာ ကြားနိုင်သည့် တိတ်တိတ်ဆိတ်ဆိတ် အသံဖြင့် ထပ်ပြောသည်။

"ပိုင်ကျီဟန်က မင်းကို အနိုင်ကျင့်တယ်လို့ ငါကြားတယ်။ မင်းကို ငါကူညီနိုင်တယ်၊ မင်းရဲ့လက်စားချေမှုအတွက် ငါ ကူညီပေးနိုင်တယ်။ ဒီဂိုဏ်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေကို ငါ ကြီးကြပ်တယ်။ စုံစမ်းဖို့၊ ပြစ်ဒဏ်ပေးဖို့ အခွင့်အာဏာရှိတယ်။ မင်းမှာ ငါ့ရဲ့ကျောထောက်နောက်ခံ ရှိနေမှာ”

ကမ်းလှမ်းချက်သည် လေထဲတွင် လေးလံစွာ ရပ်တည်နေ၏

လင်းရွှမ်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းသွားသည် ။

ပိုင်ကျီဟန်ကို လက်စားချေဖို့ စိတ်ကူးရှိရဖို့လား။

ဒါက လွန်လွန်းသည်

ကောလဟာလတွေ မှန်သလို ဖြစ်လိမ့်

မည်။

ဒါပေမယ့် ဒါက အကြီးအကဲရှန် တွေးတာနဲ့ ဆန့်ကျင်ဘက်ပင်။

လင်းရွှမ်သည် ပိုင်ကျီဟန် ညှဉ်းပန်းနှိပ်စက်တာခံရသည် ဟူသော ကောလာဟလတွေကို ပိုင်ကျီဟန် နာမည်ဂုဏ်သတင်းကို ရွှံ့ထဲနှစ်ဖို့ သူ့တူရှန်လျန့်က မျှော်လင့်ချက်နဲ့ ဖန်တီးထားသည်ကို အကြီးအကဲရှန်မသိပေ

သို့သော် ၎င်းတို့ကို အကြီးအကဲရှန်အနေနဲ့ မှန်ကန်သည်ဟု ယုံကြည်ခဲ့ပြီး လင်းရွှမ် ကလဲ့စားချေလိုသည်ဟု ထင်ကာ လှည့်စားရန် ၎င်းတို့ကို အသုံးပြုခဲ့သည်။

"ကျွန်တော် အကြီးအကဲရှန်ရဲ့ ကမ်းလှမ်းမှုကို လေးစားပါတယ်"

လင်းရွှမ်သည် စိတ်အားထက်သန်သော မျက်လုံးများဖြင့် ယဉ်ကျေးစွာ ပြောဆိုနေသော်လည်း သူတကယ် မကျေနပ်ကြောင်း ပြောနိုင်သည်။

"ဒါပေမယ့် နားလည်မှုလွဲနေပုံရတယ်။"

ကွင်းက တိတ်ဆိတ်သွားပြန်၏

အကြီးအကဲရှန် ဘာပြောသည်ကို သူတို့မသိပေမယ့် လင်းရွှမ်လေသံက ရှင်းရှင်းလင်းလင်း ပင်။ သူ စိတ်မဝင်စားသလို အနည်းငယ် ဒေါသလည်း ထွက်နေသည်။

"အဲဒီအရာတွေကို ကျွန်တော် မလိုအပ်ဘူး၊ ကျွန်တော် ပြစ်ဒဏ်စီရင်ရေးခန်းမထဲ ၀င်မှာမဟုတ်ဘူး။"

အကြီးအကဲရှန်၏အမူအရာမှာ များစွာပြောင်းလဲခြင်းမရှိဘဲ သူ၏ပါးစပ်ထောင့်ရှိအပြုံးသည် လုံလောက်သည်ဟုဆိုသည့်တိုင် သည် လွယ်လွယ်နှင့်အလျှော့မပေးပေ။

ထပ်ပြောဖို့ ပါးစပ်ကိုဖွင့်လိုက်တော့ တင်းမာသည့်အသံက ဖြတ်တောက်လိုက်သည်။

"ဒါဆို လုံလောက်ပြီ အကြီးအကဲရှန်၊ မင်းကို စကားတွေ အများကြီး ပြောခွင့်ပေးပြီးပြီး။ ငါတို့က မင်းကို လုံလောက်တဲ့ မျက်နှာသာပေးထားပြီးပြီ။"

ရှည်လျားသော မုတ်ဆိတ်မွှေးနှင့် စူးရှသော မျက်လုံးများရှိသည့် အကြီးအကဲသည် ရှေ့သို့ တိုးလာသည်။ ၎င်းမှာ သံမဏိနှလုံးသား တောင်ထိပ်မှ အကြီးအကဲဝူဖြစ်သည်။

"ကမ်းလှမ်းမှုကို မင်းလုပ်ခဲ့ပြီးပြီ။ လင်းရွှမ်က အဲဒါကို ပယ်ချလိုက်တယ်။ မင်းတစ်ယောက်ထဲ မဟုတ်ဘူး၊ ဒါကြောင့် မင်းထပ်မလုပ်မနေနဲ့။ နောက်ပြန်ဆုတ်လိုက်ပါ၊ အခု ငါတို့ရဲ့ အလှည့်ပဲ။"

အကြီးအကဲအချို့သည် ခေါင်းညိတ် သဘောတူကြပြီး စိတ်ဆိုးသွားကြသည်။

အကြီးအကဲရှန်သည် သူတို့ထဲက တချို့ပါးစပ်ဖွင့်ဖို့ အခွင့်အရေးတောင် မရခင်မှာ သူ့ပုံမှန်လုပ်နေကျ သမာသမတ်မရှိသည့် လုပ်ရပ်ကို လုပ်လေသည်။

အကြီးအကဲရှန်သည် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကျုံ့လိုက်သော်လည်း ဘာမှ မပြောပေ။

သူသည် လင်းရွှမ်ကို နောက်ဆုံးအကြည့်ဖြင့် ကြည့်လိုက်သည်။ ဒေါသထွက်နေသည်လား သို့မဟုတ် အကြံအစည်လား မပြောရခက်သည်—ထို့နောက် သူ၏ဖနောင့်ကိုဆောင့်ပြီး ထွက်သွားစဉ် သူ့အဝတ်အစားများက သူ့နောက်သို့ လိုက်နေသည်။

တင်းမာမှုတွေ ထူထဲသည့်တိုင် တခြား တောင်ထိပ်သခင်တွေ စစ်ပွဲပြန်မစခင် လင်းရွှမ်သည် အသက်ရှုထုတ်ပြီး ရှေ့ကို လှမ်းတက်လိုက်သည်။

“မလိုတောပါဘူး” ဟု တည်ငြိမ်အေးဆေးစွာ ပြောသော်လည်း အားလုံးကြားရလောက်အောင် အသံကျယ်သည်။ "ကျွန်တော်မှာ ရွေးထားတဲ့ တောင်ထိပ်တစ်ခုရှိနေပြီ"

တိတ်ဆိတ်မှုသည် ကွင်းပြင်ပေါ်သို့ ကျဆင်းသွားပြန်သည်။

ဂိုဏ်းခေါင်းဆောင်ပင်လျှင် အံ့အားသင့်သွားပုံရသည်။ သူက မျက်ခုံးပင့်ကာ အနည်းငယ် ခေါင်းညိတ်ပြသည်။

"ကောင်းတယ်၊ လင်းရွှမ်က ဆုံးဖြတ်ပြီးပြီမို့ နောက်ထပ် ကမ်းလှမ်းမှုတွေနဲ့ အချိန်ဖြုန်းနေဖို့ မလိုပါဘူး။"

ယင်းကြောင့် အကြီးအကဲများကြားတွင် မကျေနပ်မှုလှိုင်းလုံးများ လှုပ်ခတ်လာခဲ့သည်။

"ဘာလဲ? ငါ စကားတောင် မပြောရသေးဘူး”

"အခွင့်အရေးတစ်ခုပဲပေးလေ။ ငါတို့ပြောစရာရှိတာကို သူကြားအောင်ပါ”

"ဟင်းး ဘယ်သူက အရင်ရောက်နေတာလဲ"

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော အကြီးအကဲချင်းလန်ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သူမ၏ လက်နှစ်ဖက်ကို ပိုက်သွားကာ သူမ၏အမူအရာသည် မှန်း၍မရသော်လည်း သူမ၏မျက်လုံးများတွင် စိတ်ပျက်စရာအရိပ်အယောင်များ ရှိနေသည်။

ပိုင်ရှင်းယွဲ့ကို မြစိမ်းရောင်တောင်ထိပ်သို့ လက်လွှတ်လိုက်ရသည်မှာ ဆိုးရွားနေပြီဖြစ်သည်- ယခု သူမသည် အခြား ကောင်းကင်ဘုံမှ ထူးချွန်သော ပါရမီရှင်၏ လက်ချောင်းများကြား ချော်ကျမည်အဖြစ်ကို ကြည့်ရှုခဲ့ရပြန်ပြီပင်။

သို့သော်

"ကျွန်တော် လျှို့ဝှက်လမင်းတောင်ထိပ်ကို ဝင်ချင်ပါတယ်"

စကားလုံးများသည် ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။

အကြီးအကဲချင်းလန်သည် မျက်တောင်ခတ်လိုက်သည်။

"...ဟင့်?"

သူမသည် သဘောပေါက်မလာမီ စက္ကန့်ဝက်လောက် စိုက်ကြည့်နေသည်။

ရှားရှားပါးပါး ခံစားချက်တွေသည် အေးစက်နေသည့် မျက်နှာကို ဖြတ်သွားသည်။ သူမသည် သိသိသာသာ စိတ်လှုပ်ရှားကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"မင်း ရွေးချယ်မှု မှန်ကန်ခဲ့တယ်”

သူမ၏ မျက်လုံးများသည် မာနကြီးသည့်အရာများဖြင့် တောက်ပနေသည်။

"လျှို့ဝှက်လမင်းတောင်ထိပ်က မင်းကို လက်နှစ်ဖက်နဲ့ ကြိုဆိုမှာပါ လင်းရွှမ်၊ မင်းအတတ်နိုင်ဆုံး ရွေးချယ်မှုတစ်ခုကို လုပ်လိုက်ပြီ”

အခြားအကြီးအကဲများသည် စိတ်ပျက်စွာဖြင့် သွားများကိုသာ ကြိတ်နိုင်ခဲ့သည်။

လျှို့ဝှက်လမင်းတောင်ထိပ်တွင် ကောင်းကင်အဆင့် ပါရမီရှင်မရှိသော်လည်း ၎င်းသည် အရည်အချင်း ပြည့်မီဆဲဖြစ်သည်။

ပိုင်ရှင်းယွဲ့သည် လျှို့ဝှက်လမင်းတောင်ထိပ်ကို မရွေးချယ်သောအခါတွင် ၎င်းတို့ စိတ်သက်သာရာရသွားသည်—။ ဟုတ်ပါက ၎င်းသည် လျှို့ဝှက်လမင်းတောင်ထိပ်အား အလွန်အားကောင်းစေမည်ဖြစ်သည်။

သို့ပေမဲ့ အခု ကောင်းကင်အဆင့် ပါရမီရှင် လင်းရွှမ်က ထိုနေရာကို သွားမည်လား။

လုံးဝ မတရားပေ။

အကြီးအကဲ ချင်းလန်သည် လင်းရွှမ်ကို သူ့အနားသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာသည်ကို အခြားအကြီးအကဲများအနေနဲ့ နှုတ်ဆိတ်ရင်းသာ ကျိန်ဆဲနိုင်ခဲ့သည်။

All Chapters