← Chapters

လင်းရွှမ်သည် လျှို့ဝှက်လမင်းတောင်ထိပ်ကို ဝင်သည်

Vol. 5 Ch. 74

လင်းရွှမ်သည် လျှို့ဝှက်လမင်းတောင်ထိပ်ကို ဝင်သည်

Vol. 5 Ch. 74

အကဲဖြတ်မှုတစ်ခုလုံး အစဉ်အမြဲ အေးစက်ခဲ့သော အကြီးအကဲချင်းလန်သည် ယခုအခါတော့ အလွန်တောက်ပနေသကဲ့သို့ ပေါ်ထွက်လာခဲ့သည်။

သူမသည် လင်းရွှမ်ထံ ခေါင်းငြိမ့်ပြပြီး ရှည်လျားသည့် ဆံပင်သည်လည်း လှပစွာလှုပ်ခါသွားသည်။

“ယခုကစပြီး” သူမကကြေညာလေ၏ “လင်းရွှမ်က လျှို့ဝှက်လမင်းတောင်ထိပ်တပည့် ဖြစ်ပြီ။ သူ့ကို အနှောင့်အယှက်ပေးလိုသူက ငါ့ကို တိုက်ခိုက်လိုသူပဲ”

အသံငြိမ်သက်သော်လည်း တောင်တစ်လုံးတင်ထားသကဲ့သို့ လွှမ်းမိုးသွားသည့် စကားဖြစ်သည်။

လူအုပ်စုအားလုံး တံတွေးမျိုချကုန်သည်။

အခြားအကြီးအကဲများမှာလည်းတိတ်ဆိတ်နေရုံသာ။ ရှင်းလင်းသော စကားသံနဲ့အတူ မည်သူမျှ သူမကိုစိန်မခေါ်ဝံ့ပေ

အကြီးအကဲရှန်သည် မျက်မှောင်ကျုံ့လိုက်သော်လည်း စကားတစ်လုံးမှမထွက်ပေ။

အပြုံးက မရှိတော့ပေ။ လင်းရှန်သည် ပိုင်ကျီဟန်နှင့် ပဋိပက္ခဖြစ်ပြီး ကလဲ့စားချေလိုမည်ဟု သေချာစွာ တွေးခဲ့သော်ငြားလည်း ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပယ်ချခံခဲ့ရသည်။

ထို့ပြင် လျှို့ဝှက်လမင်းတောင်ထိပ်ကိုရွေးခြင်းသည် ဆန့်ကျင်ဘက်အဖွဲ့အတွက် သတိပေးခေါင်းလောင်း ဖြစ်သည်။

အကြီးအကဲ ချင်းလန်သည် ကြားနေဖြစ်သော်ငြား သူမတောင်ထိပ်သည် စွမ်းအားအထက်ဆုံး အန္တရာယ်အရှိဆုံးအဖြစ် သတ်မှတ်ခံထားပြီးသားဖြစ်သည်။

လင်းရွှမ်ကို တပည့်အဖြစ် လက်ခံသွားခြင်းသည်

သူတို့အတွက် သတင်းဆိုးကြီးတစ်ခုဖြစ်လာသည်။

ဂိုဏ်းခေါင်းဆောင်သည်လည်း အသက်ရှုထုတ်ပြီး တိတ်တိတ်လေး ပြုံးလေ၏

“ ဒါဆို အဆင်ပြေပြီပေါ့”

သူက အသံကိုမြှင့်ကာ ပြောလေ၏

“အဲဒီလိုဆို စမ်းသပ်မှုက အပြီးသတ်ပြီ။ အဖြေတွေကိုစစ်ပြီး အောင်သူတွေကို စာရင်းသွင်းမယ်။

သူသည် ကွင်းကိုပတ်ကြည့်ပြီး မျက်လုံးက လူအများကိုဖြတ်ကျော်သွားလေ၏

“မအောင်တဲ့သူတွေကလည်း နောက်နှစ် ထပ်ကြိုးစားနိုင်တယ်။ ပိုကြိုးစား ကျင့်ကြံမယ်လို့ မျှော်လင့်ပါတယ်”

ထိုနောက် အကြီးအကဲများ တဖြည်းဖြည်း ထွက်သွားကြပြီး လူစုသည်လည်း ပျံ့နှံ့သွားကြသည်။ စမ်းသပ်ပွဲက ပြီးသွားချေပြီ

သို့သော် စကားသံများက မပြတ်သေးပေ။

“သူ လျှို့ဝှက်လမင်းတောင်ထိပ်ကို တကယ့် ရွေးသွားပြီ…”

“ပိုင်ကျီဟန်ရှိတဲ့ တောင်ထိပ်ကို ရှောင်မယ်

ထင်တာ”

“သတင်းတွေ အမှန်မဟုတ်တာ အခုတော့ သေချာသွားပြီပေါ့”

အကဲဖြတ်စမ်းသပ်မှုတွင် လင်းရွှမ်လိုချင်သည့်အရာကို အောင်မြင်သွားပုံရသည်။

ပိုင်ကျီဟန်နဲ့ပတ်သက်သည့် ကောလာဟလတွေ မမှန်ဘူးဟု ထင်နေသူတွေရှိပေမယ့် သံသယဝင်သူတွေလည်း ရှိနေသည်။

ထို့အပြင် လျှို့ဝှက်လမင်းတောင်ထိပ်တွင် ပါဝင်ပြီး ပိုင်ကျီဟန်နှင့် နီးကပ်စွာနေခြင်းဖြင့် အခြားသူများ အမှန်တရားကို သိရှိနားလည်ရန် အချိန်အကြာကြီး ကြာမြင့်မည်မဟုတ်ပေ။ ပိုင်ကျီဟန်သည် သူ့ကို မနှိပ်စက်ခဲ့ပေ။ ဒါဟာ လုံးဝဆန့်ကျင်ဘက်ပင်။

တစ်ချိန်တည်းမှာပဲ ပိုင်ကျီဟန်သည် အရာအားလုံးကို ကြည့်ရင်း သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

ယခုမူ လင်းရွှမ်သည် ဂိုဏ်း၏ခွင့်ပြုချက်ဖြင့် အကြီးအကဲချင်းလန်

အနားတွင်ရပ်နေပြီး ပိုင်ကျီီဟန်၏လက်ချောင်းများက သူ့အင်္ကျီစကို ဆုပ်ထားလိုက်သည်။

ဒါကလည်း ဇာတ်ဆောင်တစ်ယောက် အရှိန်ရပြီးတာနဲ့ ဘယ်လောက်မြန်မြန်ထနိုင်မလဲဆိုတာပင်

သူ့သည် ကူညီဖို့ လက်သာ ကမ်းခဲပေမယ့် သူ့အကူအညီမပါဘဲ မအောင်မြင်နိုင်ဘူးဟု မထင်ခဲ့ပေ

လင်းရွှမ်သည် ထိုနေရာတွင် ရတနာ သို့မဟုတ် အမွေအနှစ်အချို့ကို ရှာဖွေတွေ့ရှိနိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူထမြောက်ရန် ရည်မှန်းထားသည်မှာ ထင်ရှားသည်။

ထိုမျှဖြင့် သူသည် အနည်းဆုံး လင်းရွှမ်ကို အကြွေးတင်အောင် လုပ်နိုင်ခဲ့ပြီး အနာဂတ်တွင် ထိုကျေးဇူးများကို အသုံးချနိုင်ခဲ့သည်။

လူအုပ်ကြီး တဖြည်းဖြည်း လူစုခွဲလာသည်နှင့်အမျှ လင်းရွှမ် ဆုံးဖြတ်ချက်၏ တီးတိုးသံများသည် ကွင်းအတွင်း ပဲ့တင်ထပ်နေသေးသည်။

အများစုကတော့ သိပ်ပြီးမစဉ်းစားခဲ့ကြပေ။

လျှို့ဝှက်လမင်းတောင်ထိပ်သည် အများစုပါဝင်လိုသော အထွတ်အထိပ်ဖြစ်သည်။

ပိုင်ကျီဟန်နဲ့ တောင်ထိပ်တစ်ခုတည်းကို ဘာကြောင့် တမင်တကာ ရွေးချယ်ခဲ့သနည်းဟု လူအများ အံ့ဩနေကြသော်လည်း အဖြေသည် သူတို့ယုံကြည်သည့်အရာအပေါ် မူတည်သည်—အချို့က လက်စားချေရန်ဟု ထင်ကြပြီး အချို့က ၎င်းကို ကျေးဇူးသိတတ်သည့် လုပ်ရပ်အဖြစ် မြင်ကြသည်။

မည်သို့ပင်ဖြစ်စေ အကြီးအကဲ ချင်းလန် ၏မျက်နှာသာပေးမှုဖြင့် လင်းရွှမ်အဆင့်အတန်းသည် ယခင်ကထက် လုံးဝကွဲပြားမည်ဟု သူတို့ထင်ခဲ့ကြသည်။

အကြီးအကဲချင်းလန်သည် သူမ၏ နံဘေးတွင် ရပ်နေသော လူငယ်ကို တစ်ချက် တစ်ချက် လှည့်ကြည့်လိုက်သည်။

သူမသည် လင်းရွှမ်ကိုသိသည်။ သေချာသည်မှာ သူမသည် သူ့ကို ကယ်တင်ပြီး ကောင်းကင်ဓားဂိုဏ်းသို့ ခေါ်ဆောင်ခဲ့သူဖြစ်သည်။

သူမ သူ့ကို ကယ်တင်ခဲ့ရုံနဲ့ သူ့ကို မှတ်မိသည်ဟု မဆိုလိုပေ။မဟုတ်လျှင် နှစ်တွေအတွင်း သူကူညီခဲ့သည် ထောင်ပေါင်းများစွာကို သတိရနေမည်ပင်

ခြေရာခံဖို့ သိပ်များ၏

လင်းရွှမ်၏ရွာကို တိုက်ခိုက်ခဲ့သူသည် နာမည်မရှိသော နတ်ဆိုးကျင့်ကြံသူ ဖြစ်သော်လည်း အလွန်တန်ခိုးကြီးသူ ဖြစ်သောကြောင့်ပင်။

အဲဒါကို ရှင်သန်နေသည့်အပေါ် သူအမြဲတမ်း ကံကောင်းသည့် ကလေးတစ်ယောက်လို့ထင်ခဲ့ပေမဲ့ ကောင်းကင်အဆင့် တာအိုပဲ့တင်ထပ်သံကို ပိုင်ဆိုင်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

သူမသည် အစကတော့ စကားမပြောချေ။ သူ့ကို လေ့လာနေ၏

တည်ငြိမ်သော ကိုယ်ဟန်အနေအထား။

မတုန်လှုပ်သော မျက်လုံးများ..တုံ့ဆိုင်းမှုလည်း မရှိပေ

သူသည် ကမ္ဘာကြီးကို ကြောက်ရွံ့နေသော ခိုကိုးရာမဲ့ လူငယ်လေးမှ အချိန်တိုလေးအတွင်း ရင့်ကျက်သူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ငါးနှစ်မှ ခုနစ်နှစ်။ သို့သော် သူမလို ကျင့်ကြံသူများအတွက်တော့ ထိုနှစ်များသည် အသေးအမွှားထက် မပိုပေ။

နောက်ဆုံးတွင် သူမသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ ငါစကားမပြောခင် မင်း ဆုံးဖြတ်ချက်ချခဲ့တာ” သူမအသံသည် အေးစက်နေသော်လည်း စူးစမ်းလိုစိတ်အပြည့်နဲ့ပင်

"ငါစပ်စုနေတာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတာ သိချင်ရုံပဲ”

သူ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ပြန်ဆပ်ဖို့ပဲလား။ ဒါမှမဟုတ် သူမနာမည်ကောင်းကြောင့်လား။

ဘာဆိုတာ အရေးမကြီးပေ။

ဒါပေမယ့် သူမ သိချင်နေခဲ့သည်။

လင်းရွှမ်သည် လေးလေးစားစား လှည့်ကြည့်လိုက်သည်။

အကြီးအကဲ ချင်းလန်သည် ဂိုဏ်းအတွင်း အားကောင်းမောင်းသန် ပုဂ္ဂိုလ်တစ်ဦးမျှသာ မဟုတ်ပေ။ သေမင်းတံခါးဝ၌ရှိစဉ် သူ့အသက်ကို ကယ်တင်ခဲ့သူလည်းဖြစ်သည်။

သူဘယ်လောက်ပဲ ကြီးပြင်းလာပါစေ။ သူမ ဘယ်လောက်အထိ မြင့်တက်နေပါစေ၊ ထိုအချက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပေ။

"အကြီးအကဲချင်းလန် မှတ်မိသေးလားမသိဘူး"လင်းရွှမ်က ဆက်ပြော၏ "ဒါပေမယ့်... အဲဒီတုန်းက ကျွန်တော်ကို ကယ်ခဲ့တာ အကြီးအကဲပဲ”

သူသည် ဇာတ်လမ်းဆင်ဖို့ မကြိုးစားပေ။အမှန်အတိုင်းပြောရုံသာ

"ကျွန်တော် တွယ်ကပ်နေခဲ့ရတယ် ။ ရွာကလူတိုင်း သေကုန်တယ် ။ နောက်တော့ အကြီးအကဲ ပေါ်လာတယ်။ ဘာမှ မမေးဘဲ ကျွန်တော်ကို ကယ်လိုက်တာ။"

" ကျွန်တော်အသက်ကြွေး တင်နေတာပါ " လင်းရွှမ်သည် အသံကို တည်ငြိမ်စွာ ဆက်ပြောသည်။

"ဒါကို ပြန်ဆပ်ဖို့ ကျွန်တော်မှ လုံလောက်အောင် ပေးနိုင်တာ ဘာမှမရှိဘူး၊ အဲ့တာကြောင့် လျှို့ဝှက်လမင်းတောင်ထိပ်မှာ အကြီးအကဲကို အကူအညီပေးရင်း ကျွန်တော် အသက်ကို မြှုပ်နှံထားချင်တယ်။ ကျွန်တော်လုပ်နိုင်တာရှိရင် ဘာမဆို လုပ်မယ်။"

တာဝန်ဝတ္တရားအရ ကြေငြာခြင်းမဟုတ်ပေ။ ဒါဟာ အပြစ်ရှိစိတ် မဟုတ်ပေ။ ဒါဟာ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တစ်ခုပင်

အကြီးအကဲချင်းလန်သည် သူ့ကို အချိန်အကြာကြီးကြည့်နေ၏။ သူမသည် မပြုံးပေ။ ချီးမွမ်းတာလည်း မလုပ်ပေ ။ ဒါ သူမ လမ်းစဉ် မဟုတ်ပေ။

ယင်းအစား သူမသည် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

"ပြီးတော့ရော?"

သူမက မေးလေ၏။

"ဒါက တစ်ခုတည်းသော အကြောင်းပြချက်လား?"

လင်းရွှမ်သည် ခေတ္တရပ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“နောက်တစ်ခုရှိသေးတယ်” ဟု ဝန်ခံခဲ့သည်။

"ဘာလို့လဲဆိုတော့ သခင်လေး ပိုင်ကျီဟန်က အဲ့ဒီမှာမလို့”

အကြီးအကဲချင်းလန်၏ မျက်လုံးများသည် သံသယဖြင့်မဟုတ်ဘဲ အတွေးထဲတွင် အနည်းငယ် ကျဉ်းသွားခဲ့သည်။ ထိုအဖြေကို သူမ မမျှော်လင့်ထားဘူးဆိုတာ သိသာသည်။

သူမအမူအရာသည့် အများကြီးမပြောင်းလဲသည့်တိုင် တစ်စုံတစ်ခုက ပေါ်လာသလိုပဲ ခေတ္တရပ်သွားခဲ့သည်။

"ပိုင်ကျီဟန်ကြောင့်?"

သူမ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက သူနဲ့အတူတူ တောင်ထိပ်မှာ နေချင်တယ်လို့ ပြောနေတာလား။"

"ဟုတ်ကဲ့အကြီးအကဲ”

သူမ၏မျက်ခုံး ကျုံ့လာပြီး ပထမဆုံးအကြိမ်အဖြစ် သူမသည် အမှန်တကယ်ပင် စိတ်မတည်မငြိမ်ဖြစ်နေပုံရသည်။

ထိုကောလဟာလများကို သူမ ကြားမိသည်။

ပိုင်ကျီဟန်သည် လင်းရွှမ်ကို နှုတ်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်သည့်အကြောင်းကိုပင် ။ ခိုကိုးရာမဲ့ လက်လုပ်လက်စားကို အနိုင်ကျင့်ရန် သူ၏ စွမ်းအားနှင့် အဆင့်အတန်းကို အသုံးပြုခဲ့သည်။

သို့သော် ကောလဟာလများသည် အမြဲပျံ့နေပြီး တစ်စုံတစ်ဦးအား လုပ်ရပ်တွင် ဖမ်းမိခြင်း သို့မဟုတ် ခိုင်လုံသော အထောက်အထား တွေ့ခြင်း မရှိပါက သူမသည် အလွယ်တကူယုံတတ်သည့် မျိုးအစား မဟုတ်ပေ။

နောက်ဆုံးတွင် သူမသည် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ကောလာဟလများကို လှည့်ဖြားရန် မည်ကဲ့သို့အသုံးပြုရမည်ကို ကောင်းစွာသိခဲ့သည်။ သူမကိုယ်တိုင်ပင် တပည့်ဖြစ်သည့်အချိန်က ထိုသို့သောအစီအစဥ်များ၏ ပစ်မှတ်ဖြစ်ခဲ့သည်။

ယခုမူ လင်းရွှမ်သည် ပိုင်ကျီဟန်၏ နာမည်ကို ပြောလာသည်...

သူမသည် လင်းရွှမ်ကို အနည်းငယ်ပို၍ အနီးကပ်ကြည့်လိုက်သည်။

(အဲ့ဒီကောလဟာလတွေက အမှန်လား? လင်းရွှမ်က ပိုင်ကျီဟန်ကို လက်စားချေချင်တာလား။)

အကြီးအကဲချင်းလန် တွေးလိုက်သည်။

ထိုအကြောင်းပြချက်ကြောင့်ဆိုလျှင်….ကောလဟာလများ အမှန်ဖြစ်နေလျှင် သူမသည် စိတ်ပျက်သွားမည်ပင်။

အခြားတစ်ယောက်အား လက်စားချေလိုစိတ်ဖြင့် သူမ၏ တောင်ထိပ်ကိုအသုံးပြုသည့် တပည့်တစ်ဦးအား လက်မခံချင်ပေ။ အခြားသူတစ်ဦးမှာ ပိုင်ကျီဟန်ဖြစ်နေလျှင်ပင်

"ဘာလို့လဲဆိုတာ မေးလို့ ရမလား။"

သူမက မေးလေ၏

"ကျွန်တော်က လက်စားချေဖို့ ဒါမှမဟုတ် ပြဿနာရှာဖို့ ဒီမှာနေတာ မဟုတ်ပါဘူး။"

လင်းရွှမ်သည် ချက်ချင်းပင် သူမ၏ တွေးခေါ်မှုကို သိနေသလို ပြောလိုက်လေသည်။

"ကျွန်တော်က သူ့ကို အကြွေးတင်နေတာ။ သူက ကျွန်တော့်မှာ ဘာမှမရှိကတည်းက ပထမဆုံး လက်ကမ်းပေးတဲ့သူပါ။ အသနားခံတာ ကြောင့်လည်း မဟုတ်ပါဘူး၊ ဒါပေမယ့် သူက ကျွန်တော့်ရင်ထဲက တစ်ခုခုကို မြင်တာကြောင့်"

သူ့လက်ကို ငုံ့ကြည့်ကာ တစ်ကြိမ်ဆုပ်ကိုင်လိုက်ပြီး စိတ်လျှော့လိုက်သည်။

"သူနဲ့ မတွေ့ရင် ကြမ်းပြင်တွေ ပွတ်တိုက်ပြီး တပည့်တွေ ရိုက်နှက်တာတွေ ခံရနိုင်တယ်။ သူက ကျွန်တော့်ကို ကျင့်ကြံနည်းတွေ၊ ဆေးပြားတွေ၊ ဓားတွေ၊ အကြံဉာဏ်တွေပေးတယ်။ အဲဒါကို ပြန်ဆပ်ချင်တယ်။"

အကြီးအကဲချင်းလန်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီး သူမ၏ မျက်လုံးများသည် ကွင်းတစ်လျှောက် ပိုင်ကျီဟန်၏ ဦးတည်ရာသို့ ဖျတ်ခနဲ ကြည့်ပြီးနောက် လင်းရွှမ်ဆီသို့ ပြန်လှည့်သွားခဲ့သည်။

"ဒါဆို မင်းက ပိုင်ကျီဟန်ကြောင့် လျှို့ဝှက်လမင်းတောင်ထိပ်ကို တကယ်ဝင်ချင်တာလား”

"ဟုတ်ကဲ့” လင်းရွှမ်က ပြောသည်။

"ကျွန်တော်က သူနဲ့ အတူတူ တောင်ထိပ်မှာဆို သူ့ကို ပြုစုပေးရတာ ပိုလွယ်လိမ့်မယ်။ ပြီးတော့... သူ့ဆီကနေ ဆက်ပြီး သင်ယူချင်တယ်"

သူတို့ကြားက တိတ်ဆိတ်မှုသည် တစ်စက္ကန့်လောက်ကြာ၏ ထို့နောက် အကြီးအကဲချင်းလန်သည် ခေါင်းငြိမ့်လိုက်သည်

ထိုသို့သော အကြောင်းကြောင့် ဖြစ်ပါက သူမအနေနဲ့ စိုးရိမ်စရာ မလိုဘဲ သူမ၏ တပည့် အချင်းချင်း တည့်ရှုနေတာက ကောင်းပေသည်။

“ကောင်းပြီ” ဟု ရိုးရိုးရှင်းရှင်းပြောလိုက်သည်။

“မင်းရဲ့စိတ်က ရှင်းနေသရွေ့ မင်းရဲ့ ဆုံးဖြတ်ချက်ကို မင်းပဲ လုပ်ရမှာ။"

လှည့်ကြည့်လိုက်တော့ သူ့အ၀တ်တွေသည် ငြိမ်သက်နေသောရေထဲမှ လရောင်လို စီးဆင်းနေသည်။

"လာပါ၊ မင်းနေရမယ့်နေရာကို ငါပြမယ်။"

All Chapters