← Chapters

ဗီလိန်က ဗီလိန်အရာတွေပဲလုပ်တယ်

Vol. 5 Ch. 75

ဗီလိန်က ဗီလိန်အရာတွေပဲလုပ်တယ်

Vol. 5 Ch. 75

ပိုင်ကျီဟန်သည် အကဲဖြတ်သည့်နေရာမှ လှည့်ထွက်သွားပြီး လူအုပ်၏ ညည်းညူသံများသည် နောက်ခံဆူညံသံအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းရွှမ်သည် အလယ်ဗဟိုတွင် မတ်မတ် ရပ်ရင်း သူ၏ ဇာတ်ဆောင်အကွေ့အကောက်များ စတင်နေပြီဖြစ်ကာ ပြင်ပ တပည့်များထံမှ သဘောကျနေသော အကြည့်များ၊ မအောင်မြင်သော လျှောက်ထားသူများ၏ မနာလိုမှု အရိပ်အယောင်များနဲ့ အကြီးအကဲအနည်းငယ်၏ ခေါင်းညိတ်မှုများကို ကြုံတွေ့နေရသည်

သူလုပ်နိုင်ခဲ့သည်

သူသည် အကြီးအကဲချင်းလန်၏ ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်နဲ့အတူ ရွှေအဆင့်တာအို ပဲ့တင်ထပ်သံဖြင့် ဂိုဏ်းထဲသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။

ပြီးပြည့်စုံ၏

ဝတ္ထုများတွင် ပိုင်ကျီဟန်ဖတ်ဖူးသော ဂိုဏ်းအကဲဖြတ်ပွဲတွင် ကျော်ကြားလာသည် ဇာတ်ကောင်နှင့် တူသည်။

ပိုင်ကျီဟန်သည် သူ့အိမ်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

တစ်စုံတစ်ခုသည် သူ့ရှေ့၌ ရပ်တန့်သွားသည်။

"အဲ့လောက်ကြီးကျ”

"ငါတို့ဂိုဏ်းက နောက်ထပ် ကောင်းကင်အဆင့် တာအိုပဲ့တင်သံကို ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

စကားသံများနဲ့အတူ

ရင်းနှီးသူတွေ။

သူ၏ အကြားအာရုံသည် ထက်မြက်သည်။အရည်အချင်းရှိလို့ မဟုတ်ဘဲ လိုအပ်မှုကြောင့်ပင်

နောက်ဆုံးတော့ သူသည် မကြာသေးမီက အထိ သူ့မျက်လုံးကို အားမကိုးနိုင်ဘဲ သူ့နားများကို သဘာဝအတိုင်း ကောင်းစွာ ချိန်ညှိလာခဲ့ရသည်။

သူသည် ကျောက်တုံးအဖြူကြီးတစ်ဝိုက်ကို အနည်းငယ်စောင်းကြည့်တော့ လမ်းဘေးတစ်ဖက်တစ်ချက်တွင် လမ်းလျှောက်နေသော အမျိုးသမီးနှစ်ဦးကို တွေ့လိုက်ရသည်။

ယွင်ချင်းမိန် နဲ့ ဖေးလင်းပင်

ပိုင်ရွှယ်ချင်း၏ စီနီယာအစ်မများဖြစ်ကာ ယခု သူ၏ စီနီယာ အစ်မများလည်း ဖြစ်သည်။

ပိုင်မျိုးတွယ်တွင်ရှိစဉ်ကပင် သူနှောင့်ယှက်ခဲ့သော နှစ်ဦးဖြစ်သည်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းများသည် နှေးကွေးပြီး ဆိုးသွမ်းသော အပြုံးတစ်ခုအဖြစ် ကွေးသွားသည် ။

ကောင်းပြီ!

ဒါဟာ လွမ်းဆွတ်ဖွယ်ရာ ပြန်လည်ဆုံဆည်းမှုတစ်ခု မဟုတ်ဘူးလား?

သူတို့ ဖြတ်သွားခါနီးအထိ သူစောင့်နေသည်။ ထို့နောက် ကျောက်တုံးအနောက်ကနေ နောက်ကျောဘက် လက်ပစ်ကာ အံ့ဩသည့်အမူအရာနဲ့ ပေါ့ပေါ့ပါးပါး ထွက်သွားသည်။

"အင်း၊ အလှမယ်နှစ်ယောက်.. အံ့သြစရာကောင်းလိုက်တာ။ ငါတို့ပြန်ဆုံကြပြန်ပြီ”

ယွင်ချင်းမိန်သည် မုဆိုး၏ လေးညှိ့ဆွဲသံကို ကြားနေရသော သမင်တစ်ကောင်ကဲ့သို့ ခြေလှမ်းအလယ်တွင် အေးခဲသွားသည်။

ဖေးလင်းသည် တစ်စက္ကန့်အကြာတွင် တုံ့ပြန်ခဲ့ပြီး ကျဉ်းမြောင်းသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

"...နင်”

သူမ၏အသံသည် မီးကျောက်ခဲနှင့်တူ၏

"ဘာဖြစ်နေတာလဲ?ဘယ်လိုစကားပြောရမယ်ကိုမေ့တဲ့အထိ ငါ့ကိုတွေ့ရတာ ဝမ်းသာသွားတာလား"

ပိုင်ကျီဟန်က ပြောလေ၏

"ငါတို့ ဒီအဆင်မပြေမှုအားလုံးကို ကျော်ဖြတ်သွားပြီးပြီလို့ ထင်ထားတာ”

ယွင်ချင်းမိန်သည် မတုံ့ပြန်ဘဲ အေးခဲနေသော မျက်လုံးများနဲ့သာ စိုက်ကြည့်နေသည်။

ဖေးလင်းသည် ပြောလေ၏

"နင့်မျက်နှာမြင်တိုင်း စိတ်ညစ်ရတယ်။"

ထို့နောက် ဒေါသတကြီး တံတွေးထွေးလိုက်သည်။

"အို လာပါ”

ကျီဟန်သည် တခစ်ခစ်ရယ်ပြီး သူတို့ဆီသို့ လျှောက်သွားသည်။

"နင်တို့နှစ်ယောက်ကို ငါဘာမှလုပ်ခဲ့တယ် မထင်ဘူး။ တကယ်တော့ ငါက ကူညီဖို့ကြိုးစားနေတာပဲ"

သူသည် သူတို့ထံ ဖြည်းညှင်းစွာ ချဉ်းကပ်လာစဉ် ဆိုးသွမ်းစွာ ပြုံးလိုက်သည်။

ယွင်ချင်းမိန်နဲ့ ဖေးလင်းတို့သည် မြင့်မားသော ကျင့်ကြံမှုအဆင့်များရှိသော်လည်း အလိုလို နောက်ပြန်ဆုတ်သွားကာ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှု တဖျပ်ဖျပ် ခတ်နေသည်။

ခွန်အားနှင့်မဆိုင်ပေ။

ပိုင်ကျီဟန်သည် သူတို့လေးစားရသည့် ရှန်လျန့်ကို အရှက်ရစေခဲ့သည့်ပုံစံအရ သူ့ကို သာမန်လူမိုက်တစ်ယောက်လို မြင်နေခဲ့သည်။

အမှန်တရားကို သိကြ၏ သို့တိုင် ပိုင်ကျီဟန်သည် ရှန်လျန့်ထက် အားနည်းနေပေမယ့် ကောင်းစွာကစားနိုင်သည်။

ထို့ကြောင့် ကြောက်ရွံ့မှု အနည်းငယ်သည် သူတို့၏ ရွံရှာဖွယ်အဖြစ်သို့ တိုးဝင်လာခဲ့သည်။

အငြိုးထားဆဲဆိုတာ သေချာသည်။

သို့သော် အကြီးကျယ်ဆုံးသော ထိုးနှက်ချက်ကို ရယူခဲ့သည့် ရှန်လျန့်ကဲ့သို့ မဟုတ်ပေ။

သူတို့သည် ပိုင်ကျီဟန်ကို လုံး၀ ရှောင်ချင်ကြ၏

သူသာ ကြင်နာတတ်သည် ပိုင်မျိုးနွယ်၏ကောင်လေးတစ်ယောက် ဖြစ်ခဲ့လျှင် သူတို့အဆင်ပြေမှာပင်

သို့သော် ယခုတော့ သူသည် အန္တရာယ်များ ပေါင်းစပ်ထားသည့် အကြံအစည်နှင့် လျဉ်းကပ်လာကြောင်း သူတို့ သိလာကြသည်။

ပျင်းရိမောက်မာသော သခင်လေးသည် ဂိုဏ်းစမ်းသပ်မှုကဲ့သို့သော အရာတစ်ခုခုကို စိတ်ဝင်စားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

သူတို့သိလျှင် သူတို့ဂျူနီယာအသစ်တွေကို စစ်ဆေးဖို့ လာမှာမဟုတ်ပေ။

ယွင်ချင်းမိန်သည် နောက်ဆုံးတွင် စကားပြောခဲ့ပြီး သူမ၏ အသံသည် တိုးနေ၏

"ဘာလို့ ဒီကိုရောက်နေတာလဲ သခင်လေးပိုင်”

သူ ခေါင်းကို အနည်းငယ် ငုံ့ထားသည်။

"ငါလား? ဒီမှာ ပျင်းလို့။ ကံကြမ္မာက မိတ်ဟောင်းဆွေဟောင်းတွေကို ဘယ်လိုမျိုး တွေ့ဖို့ ပြန်ခေါ်လာသလဲနော်။ ငါတို့ကို တစ်ခုခုကို ပြောပြဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။"

မိန်းမနှစ်ယောက်စလုံး ကြည်နူးနေပုံမရချေ။

ဖေးလင်းသည် သူ့ကို ပါးရိုက်ချင်ပုံရသည်။ ယွင်ချင်းမိန်သည် သူ့ကိုသတ်ချင်နေပုံရ၏

သို့တိုင် ပိုင်ကျီဟန်သည် ပိုးဖြူဝတ်ထားသော မာရ်နတ်လို ပြုံးပြုံးရွှင်ရွှင်ပဲ ရပ်နေသည်။

သူတို့ ဘယ်လောက် ကံမကောင်းခဲ့လဲ ဆိုတာကို တွေးကြည့်မိသည် ။ အကယ်၍ ၎င်းတို့သည် လွန်ခဲ့သော မိနစ်အနည်းငယ်ကသာ ထွက်ခွာသွားခဲ့ပါက ဤနတ်ဆိုးနှင့် တွေ့ဆုံရန် မလိုအပ်ပေ

ပိုင်ကျီဟန်၏ အပြုံးသည် နက်ရှိုင်းလာကာ သူ့ခေါင်းကို ဘယ်ညာ လှည့်ရင်း မျက်လုံးများ တောက်ပလာသည်။

"ဟမ် ထူးဆန်းတယ်..."

သူသည် လေးနက်သော အကြောင်းအရာအချို့ကို စဉ်းစားနေသည့် ပညာရှင်တစ်ယောက်ကဲ့သို့ သူ့မေးစေ့ကို ပွတ်သပ်နေသည်။

"ငါ့ကို မဟုတ်မမှန်စွပ်စွဲတဲ့ စီနီယာအကိုရှန်က ဘယ်မှာလဲ၊ ဒီနေ့ မင်းတို့နှစ်ယောက်နဲ့ အတူ တွဲမလာဘူးလား"

ယွင်ချင်းမိန်နဲ့ ဖေးလင်းနှစ်ယောက်လုံး တောင့်တင်းသွားသည်။

သူတို့သည် အကြည့်ချင်းဖလှယ်ပြီးနောက် မျက်နှာသေနဲ့ သတိရှိသလိုပုံစံပင်

ရဲတင်းမှု။ အရှက်မဲ့မှု။

ပိုင်ကျီဟန်သည် အမှားကို သိ၏ သူတို့သည်လည်း သိပေသည်။ သူတို့အချင်းချင်း သိသည့်တိုင် ဤနေရာတွင် သူသည် အပြစ်ကင်းသော သားကောင်အဖြစ် ကစားနေသည်။

တကယ်က ကြောင်သူတော်လိုပင်

ပိုင်ကျီဟန်သည် ပြုံးလိုက်၏

"အင်း" ဟု တိုးတိုးလေးပြောသည်။ "ဒါဆို ဒီအချိန်မှာ ဘယ်သူမှ မတိုက်မိတော့ဘူးပေါ့”

သူသည် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ နှေးနှေးနဲ့ ပေါ့ပေါ့ပါးပါးပင်။ မခြိမ်းခြောက်သည့်တိုင် လည်ချောင်းကို ဓါးနဲ့ထိုးတာထက် ပိုအသက်ရှုကြပ်သွားစေသည်။

ဖေးလင်း၏ ခြေထောက်သည် အလိုလို နောက်သို့ ဆုတ်သွားသည်။

ယွင်ချင်းမိန်သည် မလှုပ်ရှားသော်လည်း သူမ၏လက်ချောင်းများသည် တုံ့ပြန်မှုအား၊ ခုခံမှုအားနဲ့အတူ သူမ၏အင်္ကျီလက်အနီးတွင် လှုပ်ယမ်းနေသည်။

"ဘာလိုချင်လို့လဲပိုင်ကျီဟန်"

ယွင်ချင်းမိန်သည် အေးစက်စွာမေးလိုက်သည်။

ပိုင်ကျီဟန်သည် သူ့လက်ကို ဖြန့်ကာ လှောင်ပြောင် စော်ကားပြန်သည်။

"လိုချင်တာလား? ပလိပ်ရောဂါလို မဆက်ဆံဘဲ အသိအကျွမ်းဟောင်းနှစ်ယောက်ကို နှုတ်ဆက်လို့ မရဘူးလား?"

"တော်တော့” ဖေးလင်းက ပြောလိုက်သည် ။

"နင့်မှာ အကြံအစည်မရှိသလို မလုပ်နဲ့၊ ဒါဆို အဲ့ဒီအချိန်တုန်း ဘာလဲ၊ ရှန်လျန့်နဲ့ ငါတို့ကို အရှက်ရအောင် ကြိုးစားနေတာလား"

ပိုင်ကျီဟန်က ရယ်မောလိုက်သည်။

"အို ကျေးဇူးပြုပြီး" ဟု ပိုးသားကဲ့သို့ ချောမောစွာပြောသည်။ "မင်းတို့နှစ်ယောက်ကိုလား။ ငါမင်းတို့ကိုဘယ်တော့မှ အရှက်ခွဲလို့မရဘူး"

သူ ခဏရပ်လိုက်၏။

“ ရှန်လျန့်နဲ့ တစ်ဖက်တည်းဆိုကတည်းက နင်တို့က အရှက်ကွဲပြီးသား။"

ဒါက ပါးရိုက်သလိုပင်

ဖေးလင်း၏ ပါးပြင်များသည် ဒေါသများဖြင့် နီမြန်းလာသည်။ ယွင်ချင်းမိန် မျက်လုံးများ မှေးမှိန်သွားသည်။

"နင်က မြင့်မြတ်တဲ့ သားကောင်လို လုပ်မနေပါနဲ့" ယွင်ချင်းမိန်က ဒေါသနဲ့ ပြောလေသည်။

"နင်က မျိုးနွယ်ထဲမှာ လူယုတ်မာဖြစ်ခဲ့တယ်၊ အခုရော အတူတူပဲ။"

"ဟမ်..." ပိုင်ကျီဟန်က အော်လိုက်သည်။ "မှန်တယ်”

အဲဒါက သူတို့ကို လွင့်သွားစေသည်။

“ငါက လူယုတ်မာပါ” ဟု ပခုံးတွန့်ကာ ပြောလိုက်သည်။

"ဒေါသထွက်တယ်၊ မာနကြီးတယ်၊ ငါ့ကို ဘေးတိုက်ကြည့်တဲ့သူကို ကြိမ်းမောင်းတယ်။ ဒါပေမယ့် နင်သိလား"

သူ ရှေ့ကို တိုးလာပြန်သည်.. အသံက တိုးသွားပြန်သည် ။

"အဲဒီကတည်းက ငါ တစ်ခုခုကို သင်ယူခဲ့တယ်။"

လေထုသည် မိုးကုတ်စက်ဝိုင်းတွင် မုန်တိုင်းကဲ့သို့ ထူထပ်လာသည်။

ဖေးလင်းက တံတွေးမျိုချလိုက်သည်။

"ဘာလဲ?"

"လူယုတ်မာဖြစ်တာ ငါမှားတယ်လို့ မဆိုလိုပါဘူး။"

ပိုင်ကျီဟန်၏ အပြုံးသည် သူ့ပုခုံးကို ပုတ်လိုက်စဉ် ဘလိတ်ဓားလို ထက်ထက်မြက်မြက် ဖြစ်သွားသည်။

"ဘာပဲဖြစ်ဖြစ်၊ ဒီလူယုတ်မာ ရှန်လျန့်က ငါကောင်းကင်ဓားဂိုဏ်းကို ရောက်ကတည်းက လာရှုပ်နေတာ။"

ပိုင်ကျီဟန်သည် အနည်းငယ် စိတ်တိုနေသော အသံဖြင့်

"အလိမ်အညာတွေ ဖြန့်နေတာ၊ ပိုင်အိမ်တော်မှာ ရောက်တုန်းကလိုပဲ၊ မင်းတို့ နှစ်ယောက်က သူ့ကို ထပ်ပြီး ကူညီပေးနေတာ ဖြစ်မယ်ထင်တယ်။"

ယွင်ချင်းမိန်နဲ့ဖေးလင်းသည် တင်းမာလာကာ ပြန်သည်။

သူပြောနေတာတွေကို သူတို့သိကြပြီး ရှန်လျန့် ကောလာဟလတွေ ဖြန့်သည့်ကို မကူညီခဲ့ပေမဲ့ ဒါဟာ မှားယွင်းသည်လည်း သူတို့မထင်ခဲ့ကြပေ။

နောက်ဆုံးတော့ သူတို့စကားပြောနေသူသည် ပိုင်ကျီဟန်ဖြစ်ပြီး ထိုကောလဟာလတွေက သူလုပ်မည့်ကိစ္စနဲ့ လုံးဝကိုက်ညီနေသည်။

ထိုနှစ်ယောက်သည် ကောလာဟလတွေ ဖြန့်ရာမှာ အမှန်တကယ် မပတ်သက်ဘူးဆိုတာကိုပိုင်ကျီဟန်လည်း သိသည်။

ဖန်ကျင်းယန်သည် သူ့ကို အချက်အလက်တွေ ပေးတာကြောင့် ဘယ်သူတွေ ပါဝင်သည်ကို သူ အတိအကျ သိပြီးသားပင်။

ဒါပေမယ့် အဲဒါက အရေးမကြီးပေ။

သူသည် အချက်အလက်များကို မလိုအပ်ပေ။ သူ့တွင် မရှိခဲ့ချေ။ သူတို့နဲ့ ပေါင်းဖို့ အကြောင်းပြချက်တစ်ခုပဲ လိုသည်။

"ကျွန်မတို့ ဘာမှမသိပါဘူး သခင်လေးပိုင်။စီနီယာအကိုရှန်နဲ့ ပြဿနာရှိရင် သူနဲ့ရှင်းလိုက်။"

ဖေးလင်းသည် ခပ်မြန်မြန်ပြောလိုက်သည်။

သူမ၏ လေသံသည် ဤအရာနှင့် မပတ်သက်လိုကြောင်း ရှင်းရှင်းလင်းလင်းသိသည်။

ရှန်လျန့်ကို သူမ ထောက်ခံခဲ့သလို ပြိုင်ဘက်သည် တခြားသူဆိုရင်တော့ သူ့ကို ကူညီပေးနိုင်သည်။

ဒါပေမယ့် ဒါက ပိုင်ကျီဟန်ပင်။

ပြီးတော့ သူ့မကောင်းတဲ့ဘက်ခြမ်းမှာနေလျှင် ဘာတွေဖြစ်မည်တာကို သူမသိဖူးပြီးသားပင်

ယွင်ချင်းမိန်သည် သဘောတူကြောင်း ခေါင်းညိတ်ပြရင်း သတိထားနေပုံရသည်။

"ခီးခီး..."

ပိုင်ကျီဟန် ရယ်မောလိုက်သည်။

"အဲဒါတော့ မသိဘူး၊ မင်းတို့ ငါ့ကို လိမ်နေတာ ဖြစ်နိုင်တယ်။ မဟုတ်ဘူးဆိုတာ ဘယ်သူသိမလဲ"

ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ဆိုးသွမ်းသော အရိပ်အယောင်သည် သူ့မျက်လုံးများဆီသို့ ပြန်ရောက်လာသည်။

"ငါခြံကိုသွားပြီး ရှင်းရှင်းလင်းလင်းပြောရင် ဘယ်လိုလဲ"

ဖေးလင်း၏ မျက်လုံးများ မှေးမှိန်သွားသည် ။ သူမအသံက အေးခဲသွားသည် ။

"ဆက်ပြီး တွန်းအားပေးနေရင် ငါတို့ ဒါကို အကြီးအကဲတွေဆီ သတင်းပို့မယ်။"

ယွင်ချင်းမိန်သည် သူမ၏ လက်နှစ်ဖက်ကို ပိုက်ကာ သူမ၏ ပုံမှန်ပုံစံအတိုင်း အေးဆေးစွာ ငြိမ်သက်နေသည်။

"ဟုတ်တယ်။ ငါတို့က လျှို့ဝှက်လမင်းတောင်ထိပ်ရဲ့ တပည့်တွေပဲလေ။ အကျိုးဆက်မရှိဘဲ ငါတို့ကို နှောင့်ယှက်နိုင်

မယ်လို့ ထင်လား။"

ပိုင်ကျီဟန်သည် မျက်တောင်ခတ်လိုက်သည်။

"ဟားဟား..."

ပြီးတော့ ရယ်လိုက်၏

"ငါ့ကို သတင်းပို့ဖို့လား။"

သူသည် နိုင်ငံခြားဘာသာစကားဖြင့် တစ်ခုခုပြောသွားသလိုမျိုး ခေါင်းငုံ့ကာ ထပ်ခါတလဲလဲပြောသည်။

"အကြီးအကဲတွေကို ဘာပြန်ပြောမှာလဲ ။ ငါ မင်းတို့ကို စိတ်ပါလက်ပါ နှုတ်ဆက်တယ်လို့လား”

သူ၏ အပြုံးသည် တစ်ဖန် ကျယ်လာပြီး နှုတ်ခမ်းများသည် ဆိုးသွမ်းသော အရာတစ်ခုအဖြစ်သို့ တွန့်ကွေးသွားသည်။

"ချောမောလှပတဲ့ စီနီယာညီအစ်မနှစ်ယောက်ကို အိမ်ဝင်းကို လာလည်ခိုင်းတဲ့ သက်သေက ဘယ်မှာလဲ"

ဖေးလင်းသည် သွားတွေ အံကြိတ်လိုက်သည်။

"နင်က ရွံစရာကောင်းတယ်”

ယွင်ချင်းမိန်သည် အသက်ရှူသွင်းလိုက်ပြီးရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

"ဒါကို ဆက်လုပိနေရင် ငါတို့ ဂျူနီယာညီမ ချူကျီယန်ကိုပြောပစ်မယ်။"

အဲဒါက ပိုင်ကျီဟန်ကို ခဏရပ်သွားစေသည်

တစ်စက္ကန့်မျှသာ။

ထို့နောက်

ခေါင်းကို ပြန်ငုံ့ကာ ရယ်သည်။

“အိုး မဟုတ်ဘူး” ဟု ချဲ့ကားကာ ထိတ်လန့်ဟန်ဖြင့် ပြောသည်။

"ငါ့စေ့စပ်ထားသူ မဟုတ်ဘူး”

သူက သူတို့ကို ပြုံးပြသည်။

"ကျေးဇူးပြုပြီး တခြားကောင်မလေးတွေနဲ့ စကားပြောနေတယ်ဆိုတာကို မပြောပါနဲ့၊ သူ ငိုနေလိမ့်မယ်”

ယွင်ချင်းမိန်၏မာကျောမှုများ လျော့ကျသွားသည်။

ဖေးလင်းက " ငါတို့အတည်ပြောတာ ပိုင်ကျီဟန်။ ဂျူနီယာညီမ ချူကျီယန်က ဒီအပြုအမူကို ဆက်လုပ်နေရင် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်ပစ်မှာပါ"

ထိုအချိန်တွင် သူ့အမူအရာသည် သူတို့ထင်ထားသလို မဟုတ်သော်လည်း ပြောင်းလဲသွားသည်။

"တကယ်လား?"

သူက စိတ်လှုပ်ရှားစွာပြောသည်။

ပိုင်ကျီဟန်သည် တခြားသူတွေထင်သလို ချူကျီယန်ကိုလက်ထပ်ချင်သည်ဟု သူတို့နားလည်မှုလွဲနေတာ သိသာသည်။

"ဒါက အလုပ်ဖြစ်နိုင်ပါ့မလားလို့ သံသယရှိပေမယ့် ချူကျီယန်က ငါလိုချင်ရင် မောင်းမတွေကို ထပ်ယူလို့ရတယ်လို့ ပြောထားပြီးသား။"

တိတ်ဆိတ်နေ၏!

ယွင်ချင်းမိန်၏ နှုတ်ခမ်းများ အနည်းငယ် ဟသွားသည်။

ဖေးလင်းသည် မျက်တောင်ခတ်လိုက်သည်။

"ဘာလဲ...?"

"ဘာလို့လဲ၊ မင်းစိတ်ဝင်စားလို့လား။ စောစောကတည်းက ကြိုးစားနေတာလား။"

ဖေးလင်းသည် အမှန်တကယ်ပင် နောက်ပြန်ဆုတ်ကာ မျက်လုံးများ ပြူးကျယ်သွားသည် ။

ယွင်ချင်းမိန်၏ မျက်နှာသည် တင်းကျပ်နေပြီး သူမ၏ မျက်လုံးနောက်တွင် မုန်တိုင်းတစ်ခု ကျရောက်နေသည်။

သူတို့နှစ်ယောက်လုံး မတုံ့ပြန်ခင်မှာ ပိုင်ကျီဟန်သည် ရုတ်တရက် ရပ်သွားလေ၏

သူ့အပြုံးက မှိန်ဖျော့သွားပြီး သူ့အသံ တိတ်သွားသည်။

တိုး၏

ငြိမ်၏

အေးစက်၏

"အေးအေးဆေးဆေးနေပါ။ ငါက ဒီအတိုင်း စိတ်ရှုပ်အောင်လုပ်တာပါ”

သူသည် သူတို့ဘက်သို့ လှည့်ကာ နောက်တွင် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည်။

"ဒါပေမယ့် နင်တို့နှစ်ယောက်က ရှန်လျန့် ကို မကူညီပေးရင်…"

သူ့ပခုံးထက်ကနေ ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့သွား၏။

" ငါ စိတ်ရှုပ်အောင် လုပ်နေမှာ မဟုတ်ဘူး။"

All Chapters