← Chapters

ကောလဟာလများပျောက်ပြီး ဂုဏ်သတင်းပြန်ကောင်းလာသည်

Vol. 5 Ch. 76

ကောလဟာလများပျောက်ပြီး ဂုဏ်သတင်းပြန်ကောင်းလာသည်

Vol. 5 Ch. 76

ပိုင်ကျီဟန်သည် ယွင်ချင်းမိန်နဲ့ ဖေးလင်းအား လှည့်စားတာကို ရပ်လိုက်၏

သူရပ်ချင်တာကြောင့် မဟုတ်ဘဲ အကြီးအကဲချင်းလန်နဲ့ လင်းရွှမ်သည် သူလမ်းကြောင်းဆီသို့ လျှောက်လာနေတာကို သတိထားမိတာကြောင့်ပင်။

ကောင်မလေးနှစ်ယောက်သည် ဘာကြောင့် ချက်ချင်းရပ်သွားမှန်း မသိပေမယ့် မမေးရဲ့ပေ။

သူတို့ ထောင့်တစ်ဝိုက်တွင် ပျောက်ကွယ်သွားချိန်မှာပဲ လင်းရွှမ်သည် ပိုင်ကျီဟန်ကို

မြင်ကာ မျက်လုံးတွေ လင်းလက်သွားသည်။

"သခင်လေး အဲ့ဒီမှာလား။"

သူ့အသံသည် စိတ်လှုပ်ရှားအမှု အပြည့် ရှိနေသည်။

"ဂုဏ်ယူပါတယ်။ ငါအကုန်ကြည့်ခဲ့တယ်။ အားလုံးကိုမြင်ခဲ့ရတယ်.. မင်းရဲ့တန်ဖိုးကိုလူတိုင်းကိုပြသနိုင်ခဲ့လို့ ငါတကယ်ဝမ်းသာတယ်။"

သူ့စကားတွေသည် ရိုးသားပြီး ဟန်ဆောင်မှုကင်း၏

"သခင်လေးရဲ့အကူအညီကြောင့် ကျေးဇူးပါ” လင်းရွှမ်သည် သူ့ခေါင်းကို အနည်းငယ်ငုံ့ကာ ပြောလိုက်သည်။

"သခင်လေးမရှိရင် ကျွန်တော် ဘယ်တော့မှ

ဒီလောက်ရောက်မှာ မဟုတ်ဘူး"

အကြီးအကဲ ချင်းလန်သည် သူတို့နှစ်ဦး အပြန်အလှန် တုံ့ပြန်မှုကို ကြည့်ခဲ့သည်။

သူမ အမြင်အရ ကောလာဟလတွေသည် လုံးဝကို လုပ်ကြံဖန်တီးထားတာ ထင်ရှားသည်။

"မင်းတို့ နှစ်ယောက် နောက်မှပြောကြ။ အခုသွားကြစို့" ဟု အကြီးအကဲကပြော၏ ။

"အကြီးအကဲ၊ ကျွန်တော် တောင်းဆိုလို့ရမလား"

လင်းရွှမ်က မဝံ့မရဲ မေးသည်။

သူသည် သူမကို အကြွေးတင်ထားပြီးဖြစ်၏ အသေးအမွှားတစ်ခု ထပ်တောင်းလျှင်ပင် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။

"ဟုတ်ပြီ။ အဲဒါက ဘာလဲ?"

အကြီးအကဲချင်းလန်သည်ပင် တွန့်ဆုတ်မနေပါ။

သူမအများကြီးမစဉ်းစားခဲ့ပေ။ လင်းရွှမ်ကဲ့သို့ တစ်စုံတစ်ယောက်သည် သူမ၏ အထွတ်အထိပ်သို့ တက်လှမ်းလာပြီး မကောင်းမှု တစ်စုံတစ်ရာ မဟုတ်ပါက သူမသည် မည်သည့်ဆန္ဒကိုမဆို ဖြည့်ဆည်းပေးမည်ပင်

"သခင်လေး အနီးမှာ နေလို့ရမလား"

လင်းရှန်ကမေူလေ၏ ။

"ကျွန်တော်က ပိုနီးရင် သူ့ကို အလုပ်အကျွေးပြုရတာပိုလွယ်လိမ့်မယ်။"

အဲဒါက အကြီးအကဲချင်းလန်နဲ့ ပိုင်ကျီဟန် နှစ်ယောက်စလုံးကို အံ့အားသင့်စေခဲ့သည်။

လင်းရွှမ်သည် ကျေးဇူးသိတတ်ကြောင်း အကြီးအကဲ ချင်းလန် သိထားသော်လည်း ဤမျှ နက်ရှိုင်းစွာ ရှိမည်ဟု သူမ မမျှော်လင့်ထားပေ။

ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံး၏ ရတနာဖြစ်သည့်အပြင် ကောင်းကင်ဘုံစွမ်းအား ရှိသူအဖြစ်ထင်ရှားလာပြီးနောက်တွင်ပင် လင်းရွှမ်သည် ပိုင်ကျီဟန်ကို ခစားချင်နေသေးသလား

ပိုသ်ကျီဟန် သူ့ကို ပေးခဲ့သော အရင်းအမြစ်ထက် ပိုများသော အဆ (၁၀)ဆအား ဂိုဏ်းကို အကူအညီတောင်းပြီး ကျေးဇူးပြန်ဆပ်နိုင်သည်။

အစေခံတစ်ယောက်လို ပြုမူနေဖို့ မလိုအပ်ပေ။

ဂိုဏ်းသည် ၎င်းတို့၏အနာဂတ်ဂိုဏ်းခေါင်းဆောင် သို့မဟုတ် အနည်းဆုံးအဆင့်မြင့်အကြီးအကဲတစ်ဦးဖြစ်လာနိုင်သူကို ပိုင်ကျီဟန်ကဲ့သို့သော အောက်ခြေက သူတစ်ဦးအတွက် မိမိကိုယ်ကိုနှိမ့်ချမည်ကို ဂိုဏ်းက လိုလားမည်မဟုတ်ပေ။

ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးနဲ့ လူဆိတ်ညံရာ ကောင်းကင်ဘုံ အင်ပါယာတစ်ခုလုံးတွင်ပင် မည်သူမျှ သူ့ထက်သာလွန်သော နာမည်မရရှိပေ

အခြား အကြီးအကဲများဆိုလျှင် လင်းရွှမ်အား ဤကဲ့သို့ မပြုလုပ်ရန် လှမ်းပြောကြပေမည်။

သို့သော် အကြီးအကဲချင်းလန်သည် အကြီးအကဲအများစုနှင့် မတူပေ။ သူမသည် အသွင်အပြင် သို့မဟုတ် မျက်နှာအတုကို ဂရုမစိုက်ဘဲ တန်ဖိုးကိုသာ အလေးပေးသည် ။

အနီးကပ်နေပြီး ပိုင်ကျီဟန်ကို ဆက်လက်အစေခံရင်း ကြင်နာမှုကို ပြန်လည်ပေးဆပ်လိုပါက သူမ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်တော့ပေ။

"ရတယ်! ပိုင်ကျီဟန်ရဲ့ အနီးအနားမှာ အိမ်ရာအနည်းငယ်ရှိတယ်။ မင်းနဲ့ အသင့်တော်ဆုံးကို ရွေးချယ်နိုင်ပါတယ်။"

လင်းရွှမ်က ခေါင်းယမ်းလိုက်သည်။

"အနီးဆုံးမှာ နေပါ့မယ်။"

သူသည် အလုပ်သမား၏ တဲအိမ်တွင် နေသောကြောင့် ဇိမ်ခံပစ္စည်းကို ဂရုမစိုက်ပေ ။ သူသည် ပိုင်ကျီဟန် အနီးတွင်သာရှိချင်ခဲ့သည်။

အကြီးအကဲ ချင်းလန်နဲ့ လင်းရွှမ်တို့ စကားပြောနေချိန်တွင် ပိုင်ကျီဟန်က ပြုံးလျက် နားထောင်နေခဲ့သည်။

လင်းရွှမ်၏တောက်ပသော အခိုက်အတန့်ပြီးသည့်နောက်တွင်ပင် သူသည် သစ္စာရှိနေဆဲဖြစ်သည်။ ဒါဟာ သတင်းကောင်းပင်

အနည်းဆုံး လင်းရွှမ်သည် အခြေအနေ မည်သို့ပင်ရှိစေကာမူ ကြင်နာမှုဖြင့်ပြန်လည်ပေးဆပ်ခဲ့သူဖြစ်သည်။

တစ်စုံတစ်ဦးကို အရင်းအနှီးအနည်းငယ်ပေးပြီး အသက်အကြွေးကို ပြန်ဆပ်သွားသည့်ပုံစံနဲ့ ၎င်းတို့ကို ကူညီခဲ့သူများကို လုံးဝမေ့သွားကာ ကောင်းကင်ပေါ်သို့ တက်သွားခဲ့သည့် ဇာတ်ကောင်အချို့နှင့် မတူပေ။

ရာနှင့်ချီသောအခန်းများအထိ အဓိကဇာတ်ကောင်အဖြစ် အလုပ်ရှုပ်နေချိန်တွင် အကူအညီပေးသူသည် အဆင့်နိမ့်ဗီလိန်တစ်ဦးအဖြစ် သေဆုံးသွားသည်ကို တွေ့ရှိရတတ်သည်။

အကဲဖြတ်စမ်းသပ်မှုသတင်းသည် တောမီးကဲ့သို့ ကောင်းကင်ဓားဂိုဏ်းမှတဆင့် ပျံ့နှံ့သွားသည်။

အစပိုင်းမှာတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိမ်သာတွေကို ပွတ်တိုက်ရပြီး လှေကားတံမြက်စည်းလှည်းရသည့် လင်းရွှမ်သည် ကောင်းကင်အဆင့် အရည်အချင်းကို နှိုးဆနိုင်ခဲ့သည်။

လူတွေက ရယ်ကြသည်။ ဟာသတစ်ခုလို့ထင်ခဲ့သည်။

သို့သော် အကြီးအကဲများထံမှအတည်ပြုချက်ဝင်လာသည့် နောက်ထပ်အသေးစိတ်အချက်အလက်များနဲ့ ကိုယ်တွေ့ မြင်တွေ့ခဲ့သည့် တပည့်အမျိုးမျိုးထံမှ စကားများသည် ၎င်းတို့ကို လေလွင့်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားစေသည်။

အလုပ်သမားသည် မျှော်လင့်ချက်များ ပြန့်ကျဲသွားခဲ့သည်။

သို့သော် လင်းရွှမ်၏ ကောင်းကင်အဆင့် ရလဒ်ထက် ပို၍ အံ့သြစရာကောင်းသည်မှာ သူတစ်ယောက်တည်း အမြင့်ရောက်ခဲ့ခြင်း မဟုတ်တာပင်။

တက်ရောက်လာကြသော တပည့်အချို့၏အဆိုအရ လင်းရွှမ်သည် တိုက်ခိုက်ရေးစမ်းသပ်ရာတွင် ပိုင်မျိုးနွယ်၏ အထူးအဆင့်ဓားနည်းစနစ်ကို သုံးခဲ့သည်။

ဒါကပင် အားလုံး ခေါင်းကို လှည့်စေဖို့လုံလောက်နေပြီ။

သို့တိုင် လူတွေသည် စျေးကြီးသော ဆေးများ၊ ခွန်အားများ ရုတ်တရက်တိုးလာမှု၊ တည်ငြိမ်သောအမူအရာနဲ့ အမြဲတမ်း ပိုင်ကျီ အနားတွင် သစ္စာစောင့်သိသည့်ခွေးတစ်ကောင်လို ပျံဝဲနေပုံကို ချိတ်ဆက်မိလာသည်။

ဂိုဏ်းမှတဆင့် နောက်ဆက်တွဲဖြစ်လာသော အရာများသည် တုန်လှုပ်ချောက်ချားစရာများ ဖြစ်ပေါ်စေခဲ့သည်။

"နေပါဦး... ပိုင်ကျီဟန်က သူ့ကို မြေကမ္ဘာအဆင့် ကျင့်ကြံနည်းကို ပေးတယ်လို့ ပြောနေတာလား။ ငါ့ကို နောက်နေတာလား။"

“လင်းရွှမ်က သူ့ကိုယ်ရေးကိုယ်တာ အစေခံဖြစ်လာရင် သူ့ကို ပေးမယ်လို့ ကတိပေးခဲ့တယ် ။ လင်းရွှမ်ရဲ့ တိုးတက်မှုကို ကြည့်ရတာ မှန်ပုံရပါတယ်။”

"ဒါပေမယ့် ပိုင်ကျီဟန်က ဘာလို့ အပြင်လူကို ဒီလိုမျိုး ပေးရတာလဲ"

“မှန်တယ် ..အဲဒါပဲ ပြောချင်တာ။ သူ မလုပ်သင့်ဘူး! ဒါက မျိုးဆက်လျှို့ဝှက်ချက် ကိစ္စကြီး တစ်ခုပဲ။ ပိုင်မျိုးဆက်က သိသွားမယ်ဆိုရင် သူဆူခံရရုံတင်မကဘူး ။ အပြစ်ပေးခံရမှာ၊ အနည်းဆုံးတော့ မျိုးဆက်ကနေ ချက်ချင်း ထုတ်ပစ်ခံရပြီး သူ့နာမည်ကလွဲရင် ဘာမှကျန်မှာ မဟုတ်ဘူး”

"အဲ့ကောင် ဘာဖြစ်နေတာလဲ..."

ကောင်းကင်ဓားဂိုဏ်းသည် သွေးရူးသွေးတန်း ဖြစ်နေသည်။

ပိုင်ကျီဟန်ကို အကျင့်စာရိတ္တ ပျက်ပြားပြီး ပျင်းရိကာ မာနကြီးသည့် သခင်လေးအဖြစ် ထင်ခဲ့ကြသည်။

သူ့အကြောင်း အမျိုးမျိုးသော ကောလဟာလများအရ သူက ပိုရူးသွပ်နေသည်။ သူသည် အမှန်တကယ် အခွင့်ထူးခံ ကလေးတစ်ဦး၏ စံနမူနာဖြစ်သည်။

နောက်တော့ သူသည် ကောလဟာလတွေထက် ပိုမိုက်တယ် ဆိုတာ သူတို့ သိသွားပေသည်။

သူ့မျိုးနွယ်၏ သီးသန့်နည်းစနစ်ကို ပြင်ပလူတစ်ဦးအား သင်ပေးနိုင်သည့်အထိ ပိုင်ကျီဟန်သည် မျိုးနွယ် စည်းမျဉ်းများကိုပင် မကြောက်ရွံ့ခဲ့ပုံရသည်။

မြေကမ္ဘာအဆင့်မပြောနဲ့။ ပြင်ပလူတစ်ဦးအား အစေခံတစ်ဦးဖြစ်စေရန် အထူးအဆင့်နည်းစနစ်ကို သင်ပေးသည်ကို တွေးခေါ်၍မရပေ။

ထိုကဲ့သို့သောလူရှိလျှင် ဝိညာဉ်အခြေတည်ကာစ ကျင့်ကြံသူပင်

အစေခံတစ်ဦးဖြစ်လာရန် ဆန္ဒရှိပေမည်။

"ခဏ ၊ ဒါဆို ပိုင်ကျီဟန်က လင်းရွှမ်ကို ညှဉ်းဆဲတဲ့ ကောလာဟလတွေက မမှန်ဘူးလား?"

"ဟုတ်တယ်၊ လင်းရွှမ်က အခု ကောင်းကင်အဆင့် အရည်အချင်းရှိသူပဲ ။ ဂိုဏ်းက လင်းရွှမ်ရှိနေဖို့ လိုလားပြီး လင်းရွှမ်တောင်းဆိုရင်တောင် ပိုင်ကျီဟန်ကို နှင်ထုတ်မှာ”

"ဒါပေမယ့် အဲဒီအစား သူက သူ့အိမ်ကို ပိုင်ကျီဟန်နဲ့ ပိုနီးအောင်ပြောင်းခိုင်းဖို့ အကြီးအကဲချင်းလန်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့တယ်။"

တပည့်တစ်စုသည် အံ့အားသင့်စွာ ငြိမ်သက်သွားကြသည်။

"ဒါဆို ပိုင်ကျီဟန်က သူ့ကို ညှဉ်းပန်းနှိပ်စက်တယ်၊ ရိုက်နှက်ပြီး အဆိပ်ဆေးတွေ တိုက်ကျွေးတယ်ဆိုတဲ့ ကောလာဟလတွေ အားလုံးက အလိမ်အညာပေါ့ ။ ပိုင်ကျီဟန်က အဲ့ဒီအရာတွေကို လုပ်မယ်လို့ တကယ်ပဲ ထင်ခဲ့တာ။"

"ကြည့်ရတာ တစ်စုံတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ဖျက်စီးဖို့ လူတွေ ကောလဟာလလွင့်တာ က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။"

မကြာမီတွင် ကောင်းကင်ဓားဂိုဏ်းမှ ပိုင်ကျီဟန်သည် အခြားသူတစ်ဦး၏ သားကောင်ဖြစ်သည်ဟု ထင်မြင်လာပြီး သူ၏ဂုဏ်သတင်းသည် ပိုမိုကောင်းမွန်လာတော့သည်။

စင်စစ်တော့ ထိုအရာများသည် ကောင်းကင်အဆင့် အခြားဂိုဏ်းဝင်များလို အရေးမကြီးပေ။

လူတစ်ယောက်အတွက်ဖြစ်သော်လည်း ဤအရာသည် ကြီးမားသော ပြဿနာဖြစ်သည်။

တောင်ထိပ်တစ်ခုပေါ်ရှိ ဆိတ်ငြိမ်သော ဝင်းအတွင်း၌ ရှန်လျန့်သည် အခန်းတစ်ခုထဲတွင် တစ်ယောက်တည်းထိုင်နေကာ သူ၏လက်ဖက်ရည်ခွက်ကို မထိမိသေးဘဲ မျက်ခုံးများသည် ကျောက်တုံးအဖြစ်ထွင်းထားနိုင်လောက်အောင် နက်နဲလွန်းလှသည်။

"ချီးပဲ”

ဂျွတ်!

သူ့လက်ထဲမှ ခွက်သည် အက်ကွဲကုန်ကာ ကြွေပြားများ စားပွဲအနှံ့ ပြန့်ကျဲနေသည်။

အရာအားလုံး ပြီးပြည့်စုံသွားခဲ့ချေပြီဟု သူ တွေးမိသည်။

လက်လုပ်လက်စား လင်းရွှမ်သည် ပိုင်ကျီဟန်၏ဂုဏ်သတင်းကို ဖျက်စီးရန်အတွက် ၎င်း၏ ပစ်မှတ်များထဲမှ တစ်ခုသာ ဖြစ်သင့်သည်။

ကောလဟာလတွေ အမှန်လားဆိုတာ သူ ဂရုမစိုက်ပေ။ မမှန်ကြောင်း သက်သေပြခဲ့သော် လည်း များစွာ သက်ရောက်မှု ရှိမည်မဟုတ်ပေ။ တခြားဆိုးကျိုးတွေ အများကြီးရှိသည်

ယခုမူကား?

လင်းရွှမ်ရုတ်တရတ် မြင့်တက်လာပြီး သူ့၏ ကောင်းကင်အဆင့်ပဲ့တင်သံနဲ့ ပတ်သက်သော သတင်းတွေသည် နေရာအနှံ့ ပြန့်နှံ့နေတာကြောင့် ပိုင်ကျီဟန်သည် သူ့အားအနိုင်ကျင့်သည့် ကောလာဟလတွေကိုပဲ အာရုံစိုက်ခဲ့ကြသည်။

အခုတော့ အဲဒါတွေ ပြိုကျသွားချေပြီ

လူယုတ်မာသည် လျှို့ဝှက်လမင်းတောင်ထိပ်သို့ ပါဝင်ရန် လူရှေ့သူရှေ့တွင် ရွေးချယ်ခဲ့ပြီး ပိုင်ကျီဟန်ကို ၎င်း၏ကျေးဇူးရှင်ဟုပင် ခေါ်ခဲ့သည်။

ယခု လူအများသည် အခြားကောလာဟလများ မှားယွင်းနေသည်ထင်ကာ ပြောင်းပြန်စွပ်စွဲမိသည့်အတွက် အပြစ်ရှိသည်ဟု ထင်ခဲ့ကြသည်။

"ချီး”

ရှန်လျန့်သည် မျက်မှောင်ကြုတ်ပြီး သူ့သွားတွေကို စိထားသည်။

ပိုဆိုးတာက တီးတိုးသံတွေက ပြောင်းလဲနေတာပင်

လွန်ခဲ့သော တစ်နာရီတွင် ရှန်လျန့်သည် သူကြားရမည်ဟု မထင်မှတ်ထားသည့်အရာများကို ကြားခဲ့ရသည်။

"ပိုင်ကျီဟန်က ငါကြားခဲ့တာနဲ့ လုံးဝဆန့်ကျင်ဘက်လို့ ငါမထင်ခဲ့ဘူး"

"ဟုတ်တယ်၊ သူက အလုပ်သမားတစ်ယောက်ဖြစ်တဲ့ လင်းရွှမ်ကို ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာကို ကြည့်လိုက်။ အဖိုးတန်

အရင်းအမြစ်တွေ အများကြီးနဲ့ မြေကမ္ဘာအဆင့် ကျင့်ကြံနည်း စနစ်တွေတောင် ပေးခဲ့တယ်”

"လူတွေက အခု ပိုင်ကျီဟန်ရဲ့ အစေခံ လုပ်ပေးချင်နေတယ်။ အတွင်းတပည့်တချို့က သူ့အစေခံအဖြစ် ခန့်အပ်ခံရရင် သူခိုင်းသမျှ လုပ်မယ်လို့တောင် ပြောနေတာ ကြားတယ်။"

(စေတနာရှိတာလား၊ ကြင်နာတတ်လား၊

ကျင်ကြံရေးသစ္စာရှိမှုလား)

"အရူးတွေ”

ရှန်လျန့်က အော်ဟစ်လိုက်သည်။

ပိုင်ကျီဟန်အကြံအစည်ကို ခံစားမိပြီး တစ်စုံတစ်ယောက်က သူ့ကို ချီးကျူးတိုင်း ပါးရိုက်ခံရသလို ခံစားရသည်။

ပိုင်ကျီဟန် အရမ်းရက်ရောသည်ဆိုလျှင် သူ က လိမ်လည်ခံရတာလား။ သူသည် အခြားသူများကို ကြောက်ရွံ့စေရန် သို့မဟုတ် နာခံမှုရှိစေရန် လုပ်တတ်ခြင်းသည် ကြင်နာမှုရှိတာလား

သူသည် ကောလဟာလအချို့ကို ဖန်တီးခဲ့သည်။ ဒါပေမယ့် ထိုအရာများက မမှားပေ

သူသည် မှားယွင်းသော အဖြစ်အပျက်ကိုသာ လုပ်ကြံဖန်တီးခဲ့သည်။

သူလုပ်ခဲ့သည့် အလားတူလှည့်ကွက်ကလည်း လူတွေကို ကာကွယ်ပေးနေတာပင်

ဒါတွေအားလုံးသည် ကြောက်စရာကောင်းသော အရာတွေကို ကျူးလွန်ရင်း သူ့ဘာသာ ဖန်တီးခဲ့သည့် တရားမျှတမှုပဲ မဟုတ်ပါလော

ယခုမူ ထိုကြိုးစားအားထုတ်မှုအားလုံးသည် ပျက်စီး ကုန်တော့မည်။

ရှန်လျန့်သည် ဒါကို ဆက်ပြီး ဖြစ်ခွင့်မပေးပေ

သူ့ အင်္ကျီလက်ကို လှမ်းကိုင်လိုက်ပြီး ဆက်သွယ်ရေး သင်္ကေတကို ဆွဲထုတ်လိုက်သည်။

"ဖန်ကျင်းယန်" ဟု အေးစက်စွာပြောသည်။

ခဏကြာတော့ ရင်းနှီးဆသာအသံသည် ချောချောမွေ့မွေ့နဲ့ ပြန်ဖြေသည်။

"စီနီယာအကိုရှန် အကို့အမိန့်ကို စောင့်နေပါတယ်။"

ရှန်လျန့်၏ မျက်လုံးများ မှေးမှိန်သွားသည်။

"အချိန်တန်ပြီ။ ငါတို့ ကောင်းကောင်းကစားပြီးပြီ။"

ခေတ္တရပ်လိုက်၏ ထို့နောက် ဖန်ကျင်းယန်၏ အသံသည် စိတ်ဝင်စားဖွယ် အရိပ်အမြွက် ထွက်ပေါ်လာသည်။

"ဒါဆို အစီအစဉ်အတိုင်း ရှေ့ဆက်ရမလား”

"ဟုတ်တယ်”

ရှန်လျန့်က လှမ်းပြောသည်။

"ဒီတစ်ခါ ငါ ပိုင်ကျီဟန်ရဲ့ နာမည်ကို လုံးဝ ဖျက်စီးပစ်မယ်”

All Chapters