← Chapters

ကြီးမားသော အပြောင်းအလဲ

Vol. 151 Ch. 2149

ကြီးမားသော အပြောင်းအလဲ

Vol. 151 Ch. 2149

"အစ်ကိုသွမ့်။" ရီဖူရှင်းက သွမ့်ချုံးကို နှုတ်ဆက်လိုက်သည်။

သွမ့်ချုံးနှင့် အခြားလူများက ရောက်လာပြီး ကျင့်ကြံသည့် နေရာကို လှည့်ပတ်ကြည့်နေသည်။ သူတို့က ထူးခြားဆန်းကြယ်လှသော သဘာဝဖြစ်စဥ်များ ဖြစ်ပေါ်နေသော ကောင်းကင်နှင့် မှော်ဆန်လှသည့် သစ်ပင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "လေးမျက်နှာကျေးရွာက အခု အရမ်းကို ထူးဆန်းတဲ့ နေရာတစ်ခုပဲ။ ဒါက တကယ့်ကို ကျင့်ကြံခြင်းအတွက် သန့်စင်မြင့်မြတ်နယ်မြေတစ်ခုလို့ ဆုံးဖြတ်လို့ရတယ်။"

"အစ်ကိုသွမ့် ဆန္ဒရှိရင် ဒီမှာ ရက်နည်းနည်းလောက် နေပြီး ကျင့်ကြံလို့ ရပါတယ်။" ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။

"ကျုပ်လည်း အဲဒီလို လုပ်ချင်ပါတယ်။ ဒါပေမယ့် ကျုပ်က ဒီတစ်ခေါက် တခြားကိစ္စကြောင့် လာခဲ့တာ။" သွမ့်ချုံးက ပြန်ဖြေလိုက်၏။

ရီဖူရှင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘာများလဲ။"

သွမ့်ချုံးက ရွာမှာ ကျင့်ကြံရန်မဟုတ်ဘဲ အခြားကိစ္စအတွက် မဟာနတ်ဘုရားများမြို့မှ ကိုယ်တိုင်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းက သေရေးရှင်ရေးတမျှ အရေးပါသော ကိစ္စဖြစ်နိုင်ပေသည်။

"ကျုပ်တို့ ရှန်ချင်းနယ်မြေ အဆင့်မြင့်ကောင်းကင်ကိုးလွှာရဲ့ နယ်မြေသခင်အိမ်တော်ကနေ သတင်းရလာတယ်။ ပြောတာတော့ ကောင်းကင်ဒေသက မကြာခင် အပြောင်းအလဲတချို့ ဖြစ်တော့မယ်တဲ့။ ဖြစ်နိုင်တာက သူတို့တေီ ကောင်းကင်ဒေသရဲ့ နယ်မြေဆယ့်ရှစ်ခုရ အစွမ်းထက် တန်ခိုးရှင်တွေကို ဆင့်ခေါ်လိမ့်မယ်။ ဒါကြောင့် အခု နယ်မြေသခင်အိမ်တော်ကနေ အင်အားစုအသီးသီးရဲ့ ကိုယ်စားပြုသူတွေကို ဘယ်လို ရှေ့ဆက်ရမလဲဆိုတာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိမ့်မယ်။ လေးမျက်နှာကျေးရွာက သတင်းမရဘူးလား။" သွမ့်ချုံးက မေးလိုက်သည်။

"ဟင့်အင်း.. ကျုပ်တို့ မရဘူး။" ရီဖူရှင်းက ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။ "ကောင်းကင်ဒေသမှာ အပြောင်းအလဲတချို့ ဖြစ်တော့မှာလား။"

သွမ့်ချုံးသည် ရှန်ချင်းနယ်မြေလည်း မဟုတ် အခြားနယ်မြေများလည်း မဟုတ်ဘဲ ကောင်းကင်ဒေသဟု အထူးတလည် ရည်ညွှန်းခဲ့သည်။

"ဟုတ်တယ်.. ကျုပ်တို့ ကြားတာတော့ အဲဒါက မူလဘုံနဲ့ တစ်ခုခု သက်ဆိုင်နေတယ်တဲ့။ ကောင်းကင်ဒေသနဲ့ တခြားအင်အားစုတွေကြားမှာ ပဋိပက္ခတချို့ ရှိတယ်။ ကြည့်ရတာ နောက်ထပ် စစ်ပွဲတစ်ခု ဖြစ်လာတော့မယ့်ပုံပဲ။" သွမ့်ချုံးက ဆက်ပြောလိုက်သည်။ "ခင်ဗျားက မူလဘုံကနေ လာခဲ့တာဆိုတော့ တစ်ခုခု သိထားတာများ မရှိဘူးလား။"

ရီဖူရှင်း၏ မျက်နှာထက်၌ အံ့အားသင့်သော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။ သေချာပေါက် သူက တစ်ခုခု သိရှိထားပေသည်။ ညီမျှစွာ အစွမ်းထက်သော အင်အားစုများသာလျှင် ကောင်းကင်ဒေသကို ဆန့်ကျင်နိုင်စွမ်း ရှိပေသည်။ ရီဖူရှင်း မူလဘုံ၌ ရှိစဥ်အခါကပင် အချို့သော ပဋိပက္ခများ ရှိနေသည်ကို သိရှိထားပေသည်။

မှော်နက်စစ်တပ်၊ နတ္ထိနတ်ဘုရားဘုံ အစရှိသည့် လောကအတွင်းရှိ အချို့သော အစွမ်းထက် အင်အားစုအချို့က မူလဘုံအတွင်း အရှုပ်အထွေးများ လုပ်ဆောင်ခဲ့သည်။ သို့ဆိုလျှင်ပင် ရီဖူရှင်းသည် ကောင်းကင်ဒေသက အခြေအနေကို ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု တွေးထင်ထားခြင်း ဖြစ်ပေသည်။ ယခု စစ်မှုရေးရာ အ​ခြေအနေ တင်းမာမှုက ပိုဆိုးလာခြင်း ဖြစ်သလား။

"ကျုပ် နည်းနည်းတော့ သိတယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ။" သွမ့်ချုံးက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။ "ခင်ဗျား ထင်ထားသလိုပဲ အဲဒီလောက် ကြီးမားတဲ့ စစ်ပွဲသာ ဖြစ်ပွားခဲ့ရင် အကျိုးဆက်က အရမ်းဆိုးဝါးလိမ့်မယ်။ မဟာအင်ပါယာ ကောင်းကင်ဒေသကို စုစည်းပြီးကတည်းက နှစ်ပေါင်းလေးရာ ကြာတဲ့အထိ ငြိမ်းချမ်းနေခဲ့တာ။ ကျုပ်တို့က ဒီအချိန်အတွင်း ကျုပ်တို့ရဲ့ န​ယ်မြေကို တဖြေးဖြေး တည်ထောင်ခဲ့ရတာ။ ဒါပေမယ့် စစ်ပွဲဖြစ်လာရင် ကောင်းကင်​ဒေသအတွင်း နယ်မြေဆယ့်ရှစ်ခုက တန်ခိုးရှင်တွေ အားလုံး အန္တရာယ်ကျရောက်လာမှာစိုးမိတယ်။"

အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို စုစည်းခဲ့ပြီး သိုင်းပညာများအား ပြန့်ပွားစေခဲ့သည်။ သူသည် အရေးမပါသော ကိစ္စအားလုံး၏ အပြင်ဘက်၌ ထွက်နေခဲ့ပြီး လူများကို လွတ်လပ်စွာ တိုးတက်ခွင့်ပြုထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ စစ်ပွဲအချိန်အတွင်း ကောင်းကင်ဒေသတစ်ခွင်လုံးကို ဒွန်ဟောင်အင်ပါယာနန်းတော်က တင်းကျပ်စွာ အုပ်ချုပ်လိမ့်မည် ဖြစ်သည်။ စစ်ပွဲအတွင်း တိုက်ခိုက်ရသည့် ကံကြမ္မာမှ မည်သူမှ ထွက်ပြေးလွတ်မြောက်နိုက်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဤအဆင့်စစ်ပွဲက မည်သို့ အဆုံးသတ်လိမ့်မည်ကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။ ကုန်းမြေများစွာက ဖျက်ဆီးခံရကာ ပျက်သုဥ်းသွားပေလိမ့်မည်။

"အဲဒီလောက်ပြင်းထန်နေပြီလား။" ရီဖူရှင်းက မေးလိုက်သည်။

"ကျုပ်တို့က အဲဒီကမဟုတ်တော့ သေချာမသိဘူး။ ဒါပေမယ့် ကြားရသလောက်ဆို အတော်လေး ပြင်းထန်တယ်တဲ့။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် အနာဂတ်မှာ စစ်ပွဲက ကျိန်းသေဆက်ဖြစ်လိမ့်မယ်။ ကျုပ် ထင်တာတော့ သူတို့က အရမ်း နောက်မကျခင် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားချင်တဲ့ပုံပဲ။" သွမ့်ချုံးက ပြောလိုက်သည်။ "လေးမျက်နှာကျေးရွာက ဒီတစ်ကြိမ် သိုင်းလောကကို ဝင်ရောက်လာတာ။ ခင်ဗျားတို့ကို ချန်ထားခဲ့မယ်တော့ မထင်ဘူး။ ဖြစ်နိုင်တာက နယ်မြေသခင်အိမ်တော်ရဲ့ သတင်းပို့သူက မကြာခင် ရောက်လာလိမ့်မယ်။ ကျုပ်က သတင်းရရချင်းပဲ အာကာသခရီးသွားဝင်္ကပါကို သုံးပြီး ဒီကို လာဖို့ ဆုံးဖြတ်လိုက်တာ။ အစ်ကိုရီ ခင်ဗျားဆန္ဒရှိရင် ကျုပ်တို့ ကောင်းကင်ကိုးလွှာကို အတူတူ သွားကြမယ်။ ဒါက ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မယ်။"

"နယ်မြေသခင်အိမ်တော်က တစ်ချိန်တည်းမှာ အင်အားစုအားလုံးကို သတင်းပို့တာဆိုတော့ ကျင့်ကြံသူဆရာသခင်နဲ့ ထိပ်သီးရန်ဟောင်တွေလည်း အဲဒီကို လာကြလိမ့်မယ်။" သွမ့်ချုံးက ထပ်ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူသည် ထိုပဋိပက္ခက ထိုမျှ ကြီးမားလာသည်ကို ကြားသောအခါ အနည်းငယ် အံ့အားသင့်မိပေသည်။

သူသည် မူလဘုံ၌ မည်သို့သော အခြေအနေရှိမည်ကို မသိပေ။ သူက ကောင်းကင်ဒေသ၌ ရောက်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်ရာ ပြန်သွားခွင့်ရရန် အမှန်တကယ် မျှော်လင့်မိပေသည်။

ထိုအချိန်၌ သူတို့သည် အဝေးမှ ဆူညံသံအချို့ကို ကြားလိုက်ရသည်။ ရီဖူရှင်းက ထိုနေရာသို့ ကြည့်လိုက်လျှင် ဖန်းကိုင့်နှင့် အခြားလူများက တစ်စုံတစ်ယောက်ကို စကားပြောနေသည်အား မြင်လိုက်ရသည်။

"ဘာကူညီပေးရမလဲ။" ဖန်းကိုင့်က မေးလိုက်သည်။ ရီဖူရှင်းက ထိုသူမှာ ရှန်ချင်းနယ်မြေသခင်အိမ်တော်မှ သတင်းပို့သူဖြစ်ကြောင်း ချက်ချင်း သိလိုက်ပေသည်။  နယ်မြေသခင်အိမ်တော်သည် တစ်ချိန်တည်းတွင် မတူညီသော နေရာများမှ အမျိုးမျိုးသော အင်အားစုများကို သတင်းပို့သူများ စေလွှတ်ကာ သတင်းပေးခြင်း ဖြစ်နိုင်ပေသည်။

"နယ်မြေသခင်က ကိစ္စတချို့ ဆွေးနွေးဖို့ လေးမျက်နှာကျေးရွာရဲ့ ခေါင်းဆောင်ကို နယ်မြေသခင်အိမ်တော်ဆီ ဖိတ်ခေါ်ချင်နေပါတယ်။ တခြားအင်အားစုနဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပြီးပါပြီ။ အခု လေးမျက်နှာကျေးရွာက လောကနဲ့ သီးခြားနေထိုင်တာကို ရုတ်သိမ်းလိုက်တာကြောင့် ကျုပ်တို့ လာရောက်ဖိတ်ကြားတာပါ။ မဟုတ်ရင် နယ်မြေသခင်က ကျုပ်တို့ကို လွှတ်ပြီး ခင်ဗျားကို နှောက်ယှက်မှာ မဟုတ်ဘူး။" သံတမန်က ပြောလိုက်သည်။

ဖန်းကိုင့်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "ကျုပ် နားလည်ပြီ။ လေးမျက်နှာကျေးရွာရဲ့ ကိုယ်စားပြုသူလည်း အဲဒီကို လာမှာပါ။"

"ကျေးဇူးတင်ပါတယ်။" သံတမန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျုပ်က သတင်းလာပို့ရုံပဲ။ အခု သွားပါတော့မယ်။"

"ကောင်းပါပြီ။" ဖန်းကိုင့်က ပြန်ဖြေလိုက်သည်။ သူတို့က သတင်းပို့သူကို ဤနေရာ၌ ဆက်နေစေရန်အကြောင်း မရှိတော့ပေ။

ရွာသားများက စုဝေးနေကြပြီး မေးလိုက်သည်။ "ဘာကိစ္စလဲ။"

"နယ်​မြေသခင်အိမ်တော်ကနေ ဖိတ်ကြားချက်ကို သတင်းလာပို့တဲ့ သံတမန်ပဲ။ တစ်ခုခု အရေးကြီးကိစ္စရှိတာ ဖြစ်ရမယ်။" ဖန်းကိုင့်က ပြောလိုက်သည်။ "အိမ်ရှေ့စံလည်း အစောက ရောက်လာပြီး ရီဖူရှင်းနဲ့ စကားပြောနေတာ အဲဒီအကြောင်းဖြစ်မယ်။ သူတို့မှာ သတင်းအချက်အလက် ပိုရှိနိုင်တယ်။"

ဖန်းကိုင့် စကားများက လူအုပ်ကြီး၏ အာရုံကို ရီဖူရှင်းဘက်သို့ ရောက်သွားစေသည်။ သွမ့်ချုံးသည် ယခု ရီဖူရှင်းနှင့် ပြောနေသည့်အကြောင်း ပြန်ပြောပြလိုက်သည်။ ရွာသားများက အံ့အားသင့်ထိတ်လန့်သွားကြ၏။ ကိစ္စများက ထိုမျှထိ ပြင်းထန်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။

"ကျုပ်တို့ လေးမျက်နှာကျေးရွာ ကျင့်ကြံခြင်းလောကကို ဝင်လာတဲ့အချိန်က ဘယ်လိုအကျပ်အတည်းဖြစ်နေတဲ့ အချိန်ကြီးလဲ။" ဖန်းကိုင့်က ခေါင်းကို ယမ်းကာ စိတ်ညစ်သော အပြုံး ပြုံးလိုက်သည်။ ဤသို့သော ပဋိပက္ခများ၏ အကျိုးဆက်ကို ကြိုပြောရန်မှာ မဖြစ်နိုင်ပေ။ ကောင်းကင်ဒေသအတွင်းရှိ နယ်မြေဆယ့်ရှစ်ခုတွင် နေထိုင်သော တန်ခိုးရှင်များသည် ထိုသို့သော စစ်ပွဲသာ ဖြစ်ပွားလျှင် ဒွန်ဟောင်အင်ပါယာနန်းတော်မှ ဆွဲခေါ်ခြင်းကို ခံရပေလိမ့်မည်။

အဘိုးမာက လျှောက်လာကာ ပြောလိုက်သည်။ "ဆရာသခင်က ကျိန်းသေမသွားနိုင်ဘူး။ ဒီတစ်ကြိမ် နယ်​မြေသခင်အိမ်တော်ကို ကျုပ် သွားရလိမ့်မယ်။"

ထို့နောက် သူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ "ဖူရှင်း မင်း ဆန္ဒရှိရင် ကျုပ်နဲ့ လိုက်လို့ရတယ်။ တခြား ဘယ်သူသွားချင်သေးလဲ။"

"ကျုပ် ခင်ဗျားနဲ့အတူ သွားမယ်။" ဖန်းကိုင့်က ပြောလိုက်သည်။ ရီဖူရှင်းသည် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုထံမှ သူ့ကို ကယ်ဆယ်ခဲ့သည်။ ဤတစ်ကြိမ်၌ ရီဖူရှင်း၏ လုံခြုံရေးကို စိတ်ချရစေရန်မှာသာ သူတတ်နိုင်ပေသည်။

"ဦးလေးမာ သွားမယ်ဆိုရင် ရွာက အရေးကိစ္စတွေကို ဖြေရှင်းဖို့အတွက် ခင်ဗျား နေခဲ့သင့်တယ်။ ကျုပ် လိုက်သွားမယ်။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ လူတိုင်းက သူ့ကို တအံ့တသြ ကြည့်လိုက်ကြသည်။ သူတို့သည် ယခင်က မျက်မမြင်ထျယ်၏ ရန်သူများနှင့် တွေ့သည့်အခါ မည်သို့လုပ်မည်လဲ သိချင်မိပေသည်။

သူက အပြင်လောကသို့ ထွက်ကာ လျှောက်သွားချင်ခြင်း ဖြစ်ပေလိမ့်မည်။

"ကျွန်တော်လည်း အတူသွားမယ်။" ဖန်းဟွမ်က ပြောလိုက်သည်။ သူသည် တိုးတက်မှုရှိလာပြီး အဆင့်တက်ရန် အတားအဆီးသို့ ရောက်နေပြီဟု ခံစားမိပေသည်။ သူက အဆင့်တက်ရန် အခွင့်အရေး လိုအပ်ပေသည်။

"ကောင်းပြီ။" အဘိုးမာက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မင်းက သွမ့်ချုံးရယ် တခြားလူတွေရယ်နဲ့အတူ သွားနိုင်တယ်။ ကျုပ်က ကိုယ့်ဘာသာ သွားပြီး မင်းတို့ကို အဲဒီမှာ စောင့်နေမယ်။"

ရီဖူရှင်းနှင့် အခြားလူများက ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစုနှင့်အတူ ခရီးသွားသည့်အခါ ပို၍ လုံခြုံပေလိမ့်မည်။ အနည်းဆုံး ရှန်ချင်းနယ်မြေအတွင်း ထိပ်သီးအင်အားစုများက သူတို့ကို လူမြင်ကွင်း၌ တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

"ကောင်းတယ်။" လူတိုင်းက ညီညွတ်စွာ ခေါင်းညိတ်လိုက်ကြသည်။

"ဒီလိုဆိုရင် အခုပဲ စထွက်ကြတာပေါ့။" သွမ့်ချုံးက ပြောလိုက်သည်။ မည်သူက သဘောမတူသည့်သူမရှိဘဲ သူတို့က လေးမျက်နှာကျေးရွာမှ ထွက်ခွာသွားကြပေသည်။

မျက်မမြင်ထျယ်နှင့် ဖန်းဟွမ်အပြင် ရီဖူရှင်းသည်လည်း ရွာတွင် အချိန်ကြာမြင့်စွာ ကျင့်ကြံနေခဲ့သော ချန်ယိနှင့် ကျီဖုန့်တို့ကလည်း ခရီးစဥ်တွင် စိတ်အားထက်သန်စွာ လိုက်ပါလာကြပေသည်။

သူတို့သည် လေးမျက်နှာကျေးရွာမှ မဟာနတ်ဘုရားများမြို့သို့ အာကာသခရီးသွားဝင်္ကပါ၏ အကူအညီနှင့် သွားခဲ့ကြပြီးနောက် ကောင်းကင်ကိုးလွှာသို့ ဦးတည်ခဲ့လေသည်။

သူတို့၏ ပန်းတိုင်က ရှန်ချင်းနယ်မြေ- ရှန်ချင်းကုန်းမြေ၏ အဆင့်မြင့်ကောင်းကင်ကိုးလွှာမှ ထိပ်တန်းအဓိကုန်းမြေသို့ ဖြစ်ပေသည်။

***

All Chapters