ထိပ်တိုက်ရင်ဆိုင်ခြင်း
Vol. 151 Ch. 2151
မုယွင်ရှုက အစပြု တိုက်ခိုက်လာသည့်အတွက် နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များသည်လည်း တိုက်ပွဲအတွင်း ဝင်ရောက်လာလေသည်။ သူတို့က ရန်သူများကို ခြိမ်းခြောက်ရန် ခန္ဓာကိုယ်မှ စွမ်းအားများစွာ ထုတ်လွှတ်လိုက်သည်။
သိမ်းငှက်လေးသည် မုယွင်ရှုက ချက်ချင်း တိုက်ခိုက်လာသည့်အတွက် အံ့သြသွားခဲ့သည်။ သူသည် မုယွင်ရှု၏ မောက်မာမှုနှင့် ရိုင်းစိုင်းမှုတို့ကို အလွန် ရွံရှာမုန်းတီးပေသည်။ ယခု သူက ထိုလူငယ်လေးကို သင်ခန်းစာပေးရန် အခွင့်အရေးရလာတာကြောင့် သူက လက်သည်းများကို ထုတ်ရင်း အော်ဟစ်ပြောဆိုလိုက်သည်။ "လူယုတ်မာလေး မင်းတော့ ပြီးသွားပြီပဲ။"
ရွှေတောင်ပံခွန်ပန်ငှက်၏ တိုက်ခိုက်မှုက လေထဲမှ ထက်ရှသော အနက်ရောင်လက်သည်းများကို ရိုက်ခတ်မိသွားပြီး မိုးခြိမ်းသံကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာသည်။ လွှမ်းမိုးနိုင်သော ရွှေတောင်ပံခွန်ပန်ငှက်၏ ခမ်းနားထည်ဝါသော ပုံရိပ်က မုယွင်ရှု၏ နောက်ကျော၌ ထွက်ပေါ်လာခဲ့သည်။ သူက သိမ်းငှက်လေးထံ ချက်ချင်း တိုးဝင်သွားလေသည်။
သိမ်းငှက်နက်လေးက ထိုလူငယ်လေးအား မကြောက်ရွံ့ပေ။ သူက ချက်ချင်းပင် တောင်ပံများကို ဖြန့်ကျက်လာပြီး နေမင်းကို ဖုံးကွယ်လွှမ်းမိုးသွားကာ လေပွေတစ်ခု ဖြစ်တည်လာစေသည်။
ရွှေတောင်ပံခွန်ပန်ငှက်နှင့် သိမ်းငှက်နက်လေးက ကောင်းကင်တွင် ထိပ်တိုက်တွေ့ဆုံမိကြသည်။ သိမ်းငှက်နက်လေး၏ ထက်ရှသော လက်သည်းများက လေဟာနယ်ကို စုတ်ဖြဲလိုက်ပြီး ရွှေတောင်ပံခွန်ပန်ငှက်ကြီး၏ အရိပ်ကို ဖျက်ဆီးလိုက်သည်။ သူက မုယွင်ရှု၏ ခေါင်းသို့ တည့်မတ်စွာ ချိန်ရွယ်လိုက်၏။
မုယွင်ရှုက မဟာလမ်းစဥ် ပင်ကိုစွမ်းရည်နှင့် လေးမျက်နှာကျေးရွာအတွင်း မွေးဖွားလာခဲ့ပြီး ရွာမှ ဆရာသခင်၏ နှစ်ပေါင်းများစွာ သင်ကြားပြသပေးမှုကို ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူ့တွင် ထူးခြားပြောင်မြောက်သော ကျင့်ကြံခြင်း ရှိပြီး သူနှင့် သက်တူရွယ်တူများထက် ပိုထူးချွန်ပေသည်။ မည်သို့ပင်ဖြစ်စေ သူက သိမ်းငှက်နက်လေး၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ရန် အလွန် ငယ်ရွယ်နေဆဲ ဖြစ်၏။
"မင်းဘယ်လိုလုပ်ရဲရတာလဲ။" မုယွင်ရှုက သိမ်းငှက်လေး၏ စုတ်ဖြဲခြင်းကို ခံရတော့မည့် အချိန်တွင် ပြင်းထန်လှသည့် စွမ်းအားများ ပေါက်ကွဲထွက်လာပေသည်။ ကြီးမားသော လက်ကြီးတစ်ဖက်က ဖျက်ဆီးခြင်းလှိုင်းလုံးတစ်ခုကဲ့သို့ သူတို့ထံ ရိုက်ခတ်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် များပြားလှသော အရိပ်များအဖြစ် ပြောင်းလဲသွားလေသည်။
ဘန်း...
ကျယ်လောင်သော အသံနှင့်အတူ သိမ်းငှက်နက်လေးက နောက်သို့ ဆုတ်ခွာသွားရပြီး သူ့ကိုယ်သူ ထိန်းနိုင်ရုံမျှ ရှိတော့သည်။ မုယွင်ရှုသည်လည်း စွမ်းအားရိုက်ခတ်မှုကြောင့် နောက်သို့ ဆုတ်ခွာသွားရကာ ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ မည်သို့ပင်ဖြစ်စေ သူက ဒဏ်ရာအား ဂရုစိုက်မနေပေ။ သူသည် သိမ်းငှက်နက်လေးအား ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
မုယွင်ရှုက အရူးမဟုတ်ပေ။ သူသည် သိမ်းငှက်လေးက နတ်ဆိုးအင်ပါယာတစ်ဦးဖြစ်ပြီး သူ့အဆင့်ထက် ကျော်လွန်နေကြောင်း သတိပြုမိပေသည်။ သူသည် အကူအညီမပါဘဲနှင့် ရီဖူရှင်းအား သတ်နိုင်သော စွမ်းရည်မရှိပေ။ ရီဖူရှင်း၏ ဂုဏ်သတင်းသည် အဆင့်မြင့်ကောင်းကင်ကိုးလွှာတစ်ခွင်ကို ပျံ့နှံ့နေသည်ကို သိရှိထားပြီး မုယွင်ရှုသည် ရီဖူရှင်းအား သတ်ဖြတ်ရန် နန်ဟိုင်မိသားစု၏ လက်ကို ငှားရမ်းရပေလိမ့်မည်။
သူ့အသက်အရွယ်နှင့် မုယွင်ရှုသည် စဥ်းလဲပြီး တွက်ချက်တတ်သူတစ်ယောက် ဖြစ်ပေသည်။
"အဲဒီ ယုတ်ညံ့တဲ့ သားရဲကို သတ်။" မုယွင်ရှုက အေးစက်သော အသံနှင့် အမိန့်ပေးလိုက်သည်။ ယခု ဝင်ရောက်လာသော အဆင့်ခြောက်ရန်ဟောင်သည် သိမ်းငှက်နက်လေးကို ဇဝေဇဝါနှင့် ကြည့်လိုက်သော်လည်း မုယွင်ရှုက သိမ်းငှက်နက်ကြောင့် ဒဏ်ရာရသွားသည်ဖြစ်ရာ လက်ကို မြှောက်၍ တိုက်ခိုက်ရတော့သည်။
ရုတ်ချည်းပင် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းတစ်ခုက ဓားသွားများကဲ့သို့ ထိုးထွက်လာပေသည်။ အဆင့်ခြောက်ရန်ဟောင်သည် အထက်မှ သူ့ပေါ်သို့ ကျရောက်လာသည့် မိုးကြိုးနတ်ဘုရား၏ ကြီးမားသော လက်ဝါးကြီးကို မြင်လိုက်ရသောအခါ လက်မောင်းကို မြှောက်ကာ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သည်။ ကြီးမားသော လက်ဝါးကြီးတွင် မိုးကြိုးနတ်ဘုရား၏ သင်္ကေတများ ရေးထွင်းထားပြီး တောက်ပသော မဟာလမ်းစဥ် မိုးကြိုးအလင်းများက ထိုနေရာတစ်ခုတွင် မျောလွင့်နေခဲ့သည်။
ဘုန်း...
ချက်ချင်းပင် ကျယ်ပြောလှသည့် နေရာတစ်ခွင်လုံးသည် တောက်ပသော မိုးကြိုးအလင်းများနှင့် လွှမ်းမိုးခံထားရပြီး လေဟာနယ်က ပျက်စီးပြိုကွဲလုနီးပါးပင် ဖြစ်သည်။ လက်နှစ်ဖက် အတူတကွ တွေ့ဆုံသွားသည့်အခါ အဆင့်ခြောက်ရန်ဟောင်သည် ထိုတိုက်ခိုက်မှုကြောင့် နောက်သို့ဆုတ်ခွာမသွားနိုင်လိုက်ခင် မိုးကြိုးနှင့် တိုက်ရိုက် ထိမှန်ခံလိုက်ရသည်။ သူ၏ မီးကျွမ်းသွားသော ခန္ဓာကိုယ်သည် တုန်ရီနေကာ ကောင်းကင်မှ ပြုတ်ကျလာခဲ့ပြီး သူ့ဆံပင်များအားလုံးက ထောင်နေခဲ့သည်။ ၎င်းက အလွန် ကြောက်မက်ဖွယ် မြင်ကွင်းပင် ဖြစ်သည်။
ပေ့ကုံးအော့သည် ရီဖူရှင်းနှင့် အခြားလူများနောက်မှ မူလနေရာသို့ ပြန်ဆုတ်ခွာသွားခဲ့သည်။ သူက တိုက်ခိုက်ရာ၌ အနည်းငယ် ညှာတာမှု ပြသခဲ့ပြီး အဆင့်ခြောက်ရန်ဟောင်၏ အသက်ကို ချက်ချင်း မနှုတ်ယူခဲ့ပေ။ သူသည် ရီဖူရှင်းက မည်သို့ ရည်ရွယ်ထားသည်ကို မသိရှိချေ။ သို့သော် သူတို့ တိုက်ခိုက်ခံရသည့်အခါ သူတို့၏ ခွန်အားကို ပြသရန် အင်အားအပြည့်နှင့် ပြန်လည်တိုက်ခိုက်မည် ဖြစ်သည်။
"မင်းတို့က ဘယ်လိုလုပ် နန်ဟိုင်မိသားစုက တန်ခိုးရှင်တွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲရတာလဲ။ ရဲတင်းလွန်းတယ်။" မုယွင်ရှုက ဒေါသတကြီးအော်ဟစ်လိုက်သည်။ သို့သော် သူက ထိုရန်ဟောင်၏ ဒဏ်ရာကို အနည်းငယ်မျှပင် စောင်းငဲ့မကြည့်ခဲ့ပေ။ သူက ထိုရန်ဟောင်၏ ထိခိုက်မှုကို စိုးရိမ်ခြင်းမရှိရုံမျှမက နေရာ၌ သေသွားရန်ပင် မျှော်လင့်နေပေသည်။ သို့မှသာ နန်ဟိုင်မိသားစုက ရီဖူရှင်းအား ချက်ချင်း စစ်ကြေငြာပေလိမ့်မည်။
ရီဖူရှင်း၏ မျက်ခုံးများက အနည်းငယ် စုကြုံ့သွားသည်။ မုယွင်ရှုက ရွာ၌ နေထိုင်စဥ်ကပင် မောက်မာကာ အနိုင်ကျင့်တတ်သူ ဖြစ်လေသည်။ သူက ထျယ်ထိုကို သတ်ရန်ကြိုးစားခဲ့သည်။ ရီဖူရှင်းသည် ယခုထိတိုင် ထိုကဲ့သို့ ရှိနေသေးသော မုယွင်ရှုအား မြင်ရသည်မှာ အတော်ပင် စိတ်တိုလာမိသည်။ သူသည် ရီဖူရှင်းနှင့် နန်ဟိုင်မိသားစုကြားတွင် ရန်လိုမှုများ ဖြစ်ပေါ်လာစေရန် တမင်သက်သက် ရည်ရွယ်နေသည်။
"လူယုတ်မာလေး မင်း မိဘတွေက မင်းကို ယဥ်ကျေးဖို့ သင်မပေးထားဘူးလား။" ချန်ယိသည်လည်း မုယွင်ရှုအပေါ် အမြင်မကြည်လှပေ။ သူသည် ထိုမျှ အဆိပ်ပြင်း၍ ရိုင်းစိုင်းသော လူငယ်လေးမျိုးကို မည်သည့်အခါကမှ မြင်တွေ့ဖူးခဲ့ခြင်း မရှိပေ။
"လေးမျက်နှာကျေးရွာရဲ့ ကာကွယ်မှုမရှိတာတောင် မင်းက အရမ်း မောက်မာနေတုန်းပဲ။ မင်းကို ရင်ဆိုင်လို့ပြီးတဲ့အထိစောင့်။ အဲဒီသားရဲကောင်ကို ညစာလုပ်စားပြီး တခြားလူတွေကို တဖြေးဖြေး သတ်ပစ်မယ်။" မုယွင်ရှုက သူတို့ကို ကြည့်ကာ ပြောလိုက်၏။ "အဲဒီအမျိုးသမီးက ကြည့်ရ သိပ်မဆိုးဘူး။ သူမကို နည်းနည်းကြာကြာ အသက်ရှင်ခွင့်ပေးပြီး ပျော်စရာလေး ရှာရမယ်။"
ရှားရှင်းယွန်သည် မုယွင်ရှု၏ ညစ်ပတ်ရိုင်းစိုင်းသော စကားများကို ကြားသည့်အခါ အမူအရာ ပြောင်းလဲသွားသည်။ သူမ၏ အမူအရာက အေးစက်လာပြီး ရက်စက်သော အငွေ့အသက်များ လွှမ်းခြုံလာ၏။
မုယွင်ရှုသည် သူတို့ကို တစ်ယောက်ချင်း စော်ကားပြောဆိုနေခဲ့သည်။
"သန္ဓေယုတ်လေး။" ပေ့ကုံးအော့က ရီဖူရှင်းကို ကြည့်ကာ ရှေ့သို့ တဖန်ခြေလှမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်တစ်ခွင်လုံးက မိုးကြိုးအလင်းတို့က ဖုံးလွှမ်းထားသည်။ သို့သော် မုယွင်ရှုအနောက်မှ အခြားသော အစွမ်းထက် ရန်ဟောင်တစ်ပါးက ရှေ့တက်လာခဲ့သည်။ သူက မုယွင်ရှုအား မိုးကြိုးအလင်းမှ ကာကွယ်ရန် ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
အေးစက်သော လေများက ရီဖူရှင်းကို ဝန်းရံလာပြီး သူက အေးစက်ကာ စူးရှသော အကြည့်များနှင့် မုယွင်ရှုကို စိုက်ကြည့်လိုက်သည်။ ချက်ချင်းပင် မုယွင်ရှုသည် သူ့ကိုယ်သူ ကယ်တင်နိုင်ရန် စွမ်းအားမရှိတော့ဘဲ ရေခဲရေထဲသို့ ဆွဲချခံရသလို ခံစားမိပေသည်။ သူက ထိတ်လန့်ဖွယ် ဝေဒနာကြောင့် ညည်းညူလိုက်မိသည်။
"ရဲတင်းလိုက်တာ။" နန်ဟိုင်မိသားစုမှ အစွမ်းထက် တန်ခိုးရှင်တစ်ယောက်က မုယွင်ရှုထံ လျှောက်လာပြီး ရီဖူရှင်း၏ အကြည့်များမှ ပိတ်ဆို့ထားဆီးလိုက်သည်။ သူက လက်များကို မြှောက်လိုက်လျှင် သန်းချီသော နတ်ဓားများက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပေသည်။ ထို့နောက် သူက လက်များကို အောက်ဆိုက်သည့် သဏ္ဌာန်ဖော်လိုက်သည့်အခါ နတ်ဓားများက အောက်သို့ ထိုးဆင်းလာလေသည်။ ၎င်းတို့က ကြောက်မက်ဖွယ် ဓားမြစ်များအသွင် ပြောင်းလဲသွားကာ ထိုနေရာကို မျောလွင့်လာပေသည်။
မျက်မမြင်ထျယ်က လေးလံကာ အင်အားပြည့်ဝသော ခြေလှမ်းများနှင့် ရှေ့သို့ တက်လာခဲ့သည်။ မိုးချုန်းသံနှင့်အတူ သူက လက်ကိုမြှောက်ကာ ဓားမြစ်၏ လမ်းကြောင်းကို တားဆီးလိုက်သည်။ ဓားများက ထက်ရှသော အော်မြည်သံများ ပြုလုပ်နေပြီး ကောင်းကင်မှ ဆင်းလာရာ လမ်းတစ်ဝက်၌ ဟန့်တားခံလိုက်ရပေသည်။
မျက်မမြင်ထျယ်၏ လက်က ရုတ်တရက် ရှေ့သို့ ရိုက်ချလိုက်ပြီး ဓားမြစ်အား ချက်ချင်းဖြိုခွဲ ဖျက်ဆီးလိုက်သည်။ သူက မုယွင်ရှု နှင့် အခြားလူများအား လှည့်ကြည့်လိုက်သည်။ သူက မျက်လုံးမမြင်ဖြစ်နေသော်လည်း ထိုသူတို့အပေါ် စက်ဆုပ်ရွံရှာမှုတို့အား ဖော်ပြခြင်းမှ မရပ်တန့်နိုင်ပေ။
"မုယွင်ရှု မင်းက လေးမျက်နှာကျေးရွာကို ကျက်သရေယုတ်စေတဲ့ သူပဲ။" မျက်မမြင်ထျယ်၏ ခံစားချက်မရှိသော အက်ရှရှအသံက နေရာတစ်ခွင်ကို ပဲ့တင်ထပ်လာသည်။
ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ တန်ခိုးရှင်များသည် ဘေးဘက်မှ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူတို့သည် မုယွင်မိသားစုနှင့် လေးမျက်နှာကျေးရွာမှ လူများကြားတွင် ရန်ငြိုးရန်စများ ရှိသည်ကို သိရှိပေသည်။ ကြည့်ရသည်မှာ နန်ဟိုင်မိသားစုသည်လည်း ပါဝင်ပတ်သတ်နေပုံရလေသည်။
မုယွင်ရှုက ဤနေရာတွင် တိုက်ပွဲဖြစ်ရန် စိတ်အားထက်သန်နေသော်လည်း နန်ဟိုင်မိသားစု၏ အဓိကလူက ဤနေရာ၌ မရှိသည့်အတွက် ယခုတွင် သူတို့အတွက် အားသာချက် ရှိမနေပေ။
ထိုအခိုက်အတန့်တွင် ပြင်းထန်သော စွမ်းအားပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းက ထိုနေရာသို့ မော့ကြည့်လိုက်လျှင် မောက်မာသော အသံကို ကြားလိုက်ရသည်။ "မျက်မမြင်တစ်ယောက်က မုယွင်မိသားစုဝင်ကို ဘယ်တုန်းက ဒီလို ကျိန်ဆဲလို့ရသွားတာလဲ။"
"အစ်ကို သူတို့က ကျွန်တော့်ကို သတ်ချင်နေတယ်။" မုယွင်ရှုသည် အသံကို သတိထားမိသွားသောအခါ နောက်သို့ ဆုတ်လိုက်သည်။ ရောက်လာသူက မုယွင်မိသားစု၏ အထူးချွန်ဆုံးလူဖြစ်ပြီး နန်ဟိုင်မိသားစု၏ လက်ရှိ သားမက် ဖြစ်သူ မုယွင်လန်ပင် ဖြစ်လေသည်။
သူ့ဘေးတွင် လှပသော အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမတွင် လှပသော မျက်နှာ၊ သန့်စင်သော အသားအရေရှိကာ ပြစ်မျိုးမှဲ့မထင်လှပမှုနှင့် ကျက်သရေတင့်တယ်ပြီး အဝေးမှသာ မျှော်ငေးနိုင်မည့် နတ်မိမယ်တစ်ပါးသဖွယ် ဖြစ်ပေသည်။ သူမက နန်ဟိုင်မိသားစု၏ အဖိုးတန် သမီးဖြစ်ပြီး မုယွင်လန်၏ ဇနီးဖြစ်သူ နန်ဟိုင်ချန်းရွှယ် ဖြစ်လေသည်။
ထိုစုံတွဲက ခြေလှမ်းကျဲကျဲနှင့် ထိုနေရာသို့ ရောက်လာကြသည်။ လူတိုင်းသည် သူတို့ အနီးရောက်မလာခင်မှာပင် လူတိုင်းသည် သူတို့၏ ခြိမ်းခြောက်နိုင်သော တည်ရှိမှုကို ခံစားမိနိုင်ပေသည်။ မုယွင်လန်သည် ယုံကြည်ချက်အပြည့်နှင့် အန္တရာယ်များပုံပေါ်လေသည်။ သူ့မျက်လုံးများက ရွှေရောင်လင်းလက်နေကာ ရီဖူရှင်းနှင့် အခြားလူများကို စူးရှသော အကြည့်တို့နှင့် ကြည့်နေခဲ့သည်။
နန်ဟိုင်မိသားစုမှ ပို၍ အစွမ်းထက်သော တန်ခိုးရှင်များက မုယွင်လန်နှင့် နန်ဟိုင်ချန်းရွှယ်၏ နောက်မှ လိုက်ပါလာသည်။ ၎င်းက အထင်ကြီးလောက်ဖွယ် စုဝေးမှုပင် ဖြစ်လေသည်။
နယ်မြေသခင်အိမ်တော်သည် ရှန်ချင်းကုန်းမြေသို့ သွားရန် နန်ဟိုင်မိသားစုကိုလည်း ဆင့်ခေါ်ခဲ့သည်။ သူတို့က လူတိုင်းကဲ့သို့ပင် ချန်းယွမ်ကုန်းမြေကို ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။
အချိန်တိုအတွင်းမှာပင် မုယွင်လန်က လူအုပ်ကြီးအထက် ကောင်းကင်တွင် ရပ်တန့်လိုက်ပြီး ရီဖူရှင်းနှင့် အခြားလူများအား ကြည့်လိုက်သည်။
ရီဖူရှင်းက သူ့ကို ပြန်စိုက်ကြည့်နေခဲ့သည်။ ပြောစရာမလိုအောင်ပင် မုယွင်ရှုက မှားယွင်းသော စွပ်စွဲချက်များနှင့် ပြဿနာမကြီးကြီးအောင် လုပ်ချင်နေပေသည်။ မုယွင်ရှုသည် လူငယ်လေးတစ်ယောက် ဖြစ်သော်လည်း အတွေ့အကြုံများပြားသော မြေခွေးအိုကြီးများထက်ပင် ကောက်ကျစ်လေသည်။ သူသည် ရီဖူရှင်းနှင့် နန်ဟိုင်မိသားစုကြား တမင်သက်သက် သွေးထိုးလှုံ့ဆော်ကာ သူ့အစ်ကို မုယွင်လန်နှင့် နန်ဟိုင်မိသားစုက ရီဖူရှင်းအား သတ်ဖြတ်ရန် ကြံစည်နေခြင်းဖြစ်သည်။
အခြားအဖွဲ့မှ လူအများကြီးကလည်း ဤအဖြစ်အပျက်အား စောင့်ကြည့်ရန် အဝေးမှ ရောက်လာကြပေသည်။
လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်များနှင့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုသည် ယခု ကျော်ကြားလာသော ရီဖူရှင်းနောက်တွင် ရပ်နေကာ မုယွင်လန်နှင့် အဆင့်မြင့်ကောင်းကင်သုံးလွှာမှ အစွမ်းထက် နန်ဟိုင်မိသားစုက အခြားတစ်ဖက်၌ ရပ်နေခဲ့သည်။
"မျက်မမြင်ထျယ် ကျုပ်တို့နှစ်ယောက်လုံးက လေးမျက်နှာကျေးရွာက ရွာသားတွေ ဖြစ်တာကြောင့် ကိစ္စတွေကို ခက်ခဲအောင် မလုပ်ချင်ဘူး။ မုယွင်ရှုကို တောင်းပန်ပြီး ထွက်သွား။ ခင်ဗျားရဲ့ တိုက်ခိုက်မှုကို ခွင့်လွှတ်ပေးလိုက်မယ်။" မုယွင်လန်က လူအုပ်ကြီးကို ကြည့်ကာ လွှမ်းမိုးနိုင်သော အသံနှင့် ကြေညာလိုက်သည်။
သူက မျက်မမြင်ထျယ်အား တောင်းပန်၍ နောက်ပြန်ဆုတ်နေရန် အမိန့်ပေးခဲ့သည်။ သိသာစွာပင် သူက ရီဖူရှင်းအား ဆန့်ကျင်လှုပ်ရှားရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
"မုယွင်လန် မင်းက အချိန်အကြာကြီး ပြင်ပဘုံမှာ ကျင့်ကြံနေခဲ့တာကြောင့် မင်းက ဘယ်သူလဲဆိုတာနဲ့ မင်းရဲ့ ဇာတ်မြစ်က ဘယ်နေရာလဲဆိုတာ မေ့နေခဲ့တာကြောင့် ရွာကို ခဏခဏ ညွှန်းနေဖို့ မလိုအပ်ဘူး။ မုယွင်ရှုက အခု ကြီးလာပြီ။ အရင်တုန်းကတော့ သူ ငယ်ရွယ်တာကြောင့် လွှတ်ပေးထားခဲ့တာ။ ဒါပေမယ့် သူက ပိုပြီး မောက်မာရိုင်းစိုင်းလာတယ်။ ဒါပေမယ့် မင်းက သူ့ကို မဆူပူတဲ့အပြင် ကျုပ်တို့ကိုတောင်မှ သူ့ကို တောင်းပန်ပေးစေချင်နေတယ်။ ဒါကြောင့် ကျုပ်က ရွေးချယ်စရာ မရှိဘဲ သူ့ကို ကိုယ်တိုင် သင်ကြားပြသပေးရတော့မှာပဲ။ သူ့ကို ညှာတာမှုမပြတဲ့အတွက် ကျုပ်ကို အပြစ်မတင်နဲ့။" မျက်မမြင်ထျယ်က မုယွင်လန်အား ပြန်လှန်ပြောဆိုလိုက်သည်။ သူက မားမားမတ်မတ် ရပ်ကာ မတုန်မလှုပ် ရှိနေခဲ့သည်။
မုယွင်လန်က ကျော်ကြားသော တန်ခိုးရှင်တစ်ယောက် ဖြစ်သလို မျက်မမြင်ထျယ်သည်လည်း အတူတူပင် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ပြီးပြည့်စုံသော အဆင့်မှ ရန်ဟောင်များ ဖြစ်ကြသည်။ ဆရာသခင်အဆင့် တန်ခိုးရှင်များမှအပ အခြားလူများက သူတို့ကို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
"အစ်ကို ဒီအကန်းက အဖေ့ကို လေးစားမှုမရှိဘဲ ကျွန်တော်တို့မိသားစုကို လေးမျက်နှာကျေးရွာကနေ နှင်ထုတ်တာမှာ ပူးပေါင်းပါဝင်ခဲ့တယ်။ သူက ဒီကို သူ့ဘာသာ လာခဲ့တာဆိုတော့ သူ့ကို အခု သတ်သင့်တယ်။" မုယွင်ရှုက ပြောလိုက်သည်။ သူက သွေးအေးလှစွာနှင့် လူတိုင်းကို သတ်ပစ်ရန် စိတ်အားထက်သန်နေသည်။
မုယွင်ရှု၏ စကားများကို ကြားပြီးနောက် မုယွင်လန်၏ မျက်နှာက တင်းမာသွားလေသည်။ ရွှေရောင်နတ်အလင်းများက ကောင်းကင်တွင် တောက်ပလာပြီး သူက အောက်သို့ ထိုးဆင်းလာသည်။ ချက်ချင်းပင် ထိုနေရာတစ်ခုလုံးက အလင်းဖြင့် လွှမ်းခြုံခံထားရပေသည်။ မျက်မမြင်ထျယ်က ကြောက်ရွံ့ခြင်းမရှိပေ။ သူက ရှေ့သို့ ခြေလှမ်းလိုက်လျှင် လေဟာနယ်က တုန်ခါသွားကာ ဖိနှိပ်နိုင်သော စွမ်းအားများက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ သူသည် မျက်လုံးမမြင်နိုင်သော်လည်း လူတိုင်း၏ မျက်လုံးထဲ၌ သူက စစ်နတ်ဘုရား တစ်ပါးသဖွယ် ထင်မှတ်မိစေသည်။
***