← Chapters

အပိုင်း (၁၅၈)

Vol. 12 Ch. 158

အပိုင်း (၁၅၈)

Vol. 12 Ch. 158

“တကယ်လို့ သူတို့ ကျင်းချန်ကျွန်းကိုသာ ရှုံးသွားမယ် ဆိုရင် ယင်ယွမ် အဖွဲ့အစည်းကလည်း အကြွေးတွေ ဆပ်ဖို့ အတွက် လာပြောမှာပဲ။ ရွှမ်ဝူကသာ မပေးနိုင်ဘူးဆိုရင် သူ ဝမ်ကျားကျွန်းကို ပေးရလိမ့်မယ်။ ဝမ်ကျားကျွန်းက ဆားနဲ့ သံလုပ်ငန်းက ထွက်လာတဲ့ ဝင်ငွေက ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ တကယ်လို့ ဝမ်ကျားကျွန်းသာ ပါသွားမယ်ဆိုရင် ရွှမ်ဝူအိမ်တော်အနေနဲ့ ဝင်ငွေရင်းမြစ်အားလုံး ဆုံးရှုံးသွားတာနဲ့ တူတူပဲ။ ဝင်ငွေရင်းမြစ် ဆုံးရှုံးသွားပြီ ဆိုတာနဲ့ သူတို့ရဲ့ စစ်တပ်က ရှိတော့မှာ မဟုတ်ဘူး။ စစ်တပ်သာ မရှိဘူးဆိုရင် ................”

လူပေါင်းများစွာတို့သည် တစ်ခုချင်းစီကို သေသေချာချာ တွေးတောလျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော်သည် များပြားလွန်းသည့် အကြွေးများကို ပေးအပ်ရန် ရှိနေသေး၏။ ဝမ်ကျားကျွန်းသည် ထိုအကြွေးများအတွက် ပေးရမည့် အရာဖြစ်လာခဲ့၏။ မိုးပြိုပါက မည်သူမှ တောင့်ခံမထားနိုင်ဟူသော ဆိုရိုးစကားရှိသည် မဟုတ်ပါလော။ ယခု ရွှမ်ဝူအိမ်တော်သည် မပြိုကျသေးချေ။ သို့ပေမည့် လူပေါင်းများစွာတို့သည် ထိုအရာကို နင်းတက်ကာ လျှောက်သွားရန် မစောင့်နိုင်တော့သလိုပင် ဖြစ်နေ၏။

“သူတို့ ရောက်လာပြီ”

“သူတို့ ရောက်လာကြပြီ” လူအုပ်ကြီးသည် ဘေးဘက်သို့ လျှင်မြန်စွာ ရွေ့လျားရင်း အသံများလည်း ဆူညံသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဦးရီးတော် နင်ချီ၊ ဝေဝူမင်းကြီးနှင့် အမတ်ကြီး စော့ရွှမ်းတို့ ထွက်လျှောက်လာသောကြောင့်ပင်။ ရလဒ်ကို ကြေညာတော့မှာ ဖြစ်၏။ လူအုပ်ကြီးသည် တိတ်ဆိတ်လျက် ရှိနေ၏။ သို့ပေမည့် စိတ်ထဲမှာတော့ အရာအားလုံးကို အားတက်သရောနှင့် စောင့်မျှော်လျက် ရှိနေသည်။

ဝတုတ်ကျင်းမူကုန်းသည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် မျက်လုံးကို စုံမှိတ်ထား၏။ သူ့၏ နာမည်အး ခေါ်ဆိုမည့် အသံကို သူ စိတ်ပါဝင်စားစွာဖြင့် သေသေချာချာ စောင့်မျှော်လျက် ရှိနေ၏။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ထူးမခြားနားသကဲ့သို့ပင် ဟန်ဆောင်၏။ သို့ပေမည့် သူ၏ နားကို ပြင်းပြင်းထန်ထန် စွင့်ထားလေသည်။

ရွှမ်ဝူမြို့စားကြီးမှာတော့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သို့ပေမည့် သူ၏ နှလုံးခုန်သံများ သည် မြန်ဆန်လျက် ရှိနေ၏။

ဦးရီးတော် နင်ချီသည် အပိုစာသားများ လုပ်မနေချေ။ တိုက်ရိုက်ဆိုသလိုပဲ ပြောဆိုလိုက်သည်။ “ကျင်းချန်ကျွန်း၊ တတိယမြောက်ပြိုင်ပွဲအတွက် အနိုင်ရရှိသူက ရွှမ်ဝူအိမ်တော် .... ကျင်းမူကုန်းပဲ”

ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ လူအုပ်ကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ မိုးရွာသည့် အသံခပ်ပြင်းပြင်းသာလျှင် ထွက်ပေါ်လျက် ရှိ၏။ လူပေါင်းများစွာတို့သည် မည်သို့မှ မနေနိုင်ဘဲ တစ်ယောက်ကို တစ်ယောက် လှည့်လည်ကာ ကြည့်ရှုလိုက်မိကြ၏။ သူတို့ နားကြားမှားလေသည်လား။ သူတို့သည် ကျင်းမူကုန်း အနိုင်ရရှိသည်ဟု ကြားခဲ့ရလေသည်လား။ သူတို့ တကယ်ပဲ မတုံ့ပြန်နိုင်ခဲ့ကြချေ။ ဤစကားသည် အားလုံးသော သူတို့ကို တုန်လှုပ်စေခဲ့ပြီး ရုတ်တရက်လည်း ဆန်လွန်းလှ၏။

ထိုအချိန်မှာပဲ ကျင်းမူကုန်း၏ ဆူညံစွာ အော်ဟစ် ကြုံးဝါးသံသည် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာခဲ့သည်။

“ဟား ဟား ဟား... ဟား ဟား ဟား... ငါနိုင်ပြီ။ ငါနိုင်ပြီကွ။ ထန်ယွင်.. ခင်ဗျား ဘယ်ရောက်သွားတာလဲ။ ဘယ်ရောက်သွားတာလဲ။ ခုဏကတုန်းက ပြောခဲ့တယ်လေ။ ကျုပ် ခင်ဗျားကို အနိုင်ယူနိုင်ခဲ့ပြီ။ ကျုပ် ခင်ဗျားကို အနိုင်ယူခဲ့ပြီ”

“ဟား ဟား ဟား... ထန်ယွင်၊ ခင်ဗျား ဘယ်မှာလဲ။ ထွက်ခဲ့စမ်း။ ကျုပ် ခင်ဗျား မျက်နှာကို ရိုက်မယ်။ ယောက်ဖ၊ အစ်မ၊ အမေ၊ ကျုပ်နိုင်ပြီ။ ဟား ဟား ဟား... ကျုပ် အရမ်းပျော်တယ်။ ကျုပ် အရမ်းပျော်တယ်”

ကျင်းမူကုန်းသည် လက်ရှိအခြေအနေမှာတော့ အားလုံးသော သူတို့ကို အထိတ်တလန့်ဖြစ်စေခဲ့၏။ အားလုံးသော သူတို့ကလည်း တကယ်ပင် တုန်လှုပ်လျက် ရှိနေ၏။ အိပ်မက်မက်နေသည်လားဟုပင် ခံစားနေမိကြ၏။ သို့ပေမည့် မဟုတ်ချေ။ အနိုင်ရရှိသူသည် တကယ်ပဲ ကျင်းမူကုန်း ဖြစ်လို့နေ၏။ မည်သို့.. မည်သို့ ဖြစ်နိုင်မည်နည်း။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဦးရီးတော် နင်ချီ.. မှားပြီးတော့များ ကြေညာမိတာလား”

စိတ်တက်တကျ ဖြစ်လျက်ရှိနေသည့် အချိန်အတွင်းမှာပဲ သူသည် မှားယွင်းနေသည် ဟူသည့် စကားလုံးကိုပဲ အသုံးပြုခဲ့၏။ ဤစကားစုက ရှင်းလင်းလွန်းလှ၏။ ဦးရီးတော် နင်ချီသည် အမြင်အာရုံ နိမ့်ပါးနေသည် ဖြစ်သောကြောင့် နာမည်ကို မှားယွင်းစွာ ကြေညာခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူက ထင်မှတ်ခဲ့သောကြောင့်ပင်။ ထို့ကြောင့် ထပ်မံကာ ရေရွတ်ပေးရန် တောင်းဆိုခြင်းပင်။

ဦးရီးတော် နင်ချီသည် အချိန်အတော်ကြာ မတုန့်ပြန်နိုင်သေးချေ။ သို့ပေမည့် ဒေါသမထွက်ချေ။ စာရွက်ကို အသာဖွင့်ကြည့်ပြီးသည့်နောက် ပြန်လည်ကာ ရွတ်ဖတ်လိုက်၏။ “ဒါဆိုရင် ကျုပ် ထပ်ပြီး ကြေညာပေးမယ်။ အတတ်ပညာပြိုင်ပွဲ၊ တတိယမြောက်တိုက်ပွဲရဲ့ အနိုင်ရရှိသူက ကျင်းမူကုန်း .... ထန်ယွင် ရှုံးတယ်။ အားလုံး သေသေချာချာ ကြားကြပြီလား”

ဤတစ်ကြိမ်မှာတော့ အားလုံးသော သူတို့သည် ရူးသွပ်သွားခဲ့ကြသည်။

မည်သို့ ဖြစ်နိုင်မည်နည်း။ အိပ်မက်မက်နေကြလေသည်လား။ ပုံရိပ်ယောင်များကို မြင်ယောင်နေကြသည်လား။ အနောက်ဘက်မှ နေထွက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

ထန်ယွင်၏ စာပေပညာ ကျွမ်းကျင်မှုနှင့် ကျင်းမူကုန်း၏ အဆင့်တို့သည် မိုးနှင့် မြေကဲ့သို့ပင် ကွာခြားလွန်း၏။ သို့ပေမည့် ကျင်းမူကုန်း အနိုင်ရရှိသည်ဟု ပြောလျက် ရှိနေ၏။ ဤအရာသည် တရုတ်ပြည် ဘောလုံးအသင်း ကမ္ဘာ့ဖလားရသွားသည်ဟု ပြောဆိုသည်ထက်ပင် ပိုမိုကာ ဆိုးရွားနေသေး၏။

ဦးရီးတော် နင်ချီသည် တကယ်ပင် ဒေါသထွက်လာလာ၏။

သို့ပေမည့် အမတ်ကြီး စော့ရွှမ်းနှင့် ဝူဝေတို့သည် ထိုအရာကို ထကာ မငြင်းခဲ့ချေ။ ဝူဝေမင်းကြီး၏ အော်ရာများသည် အလွန် အားကောင်း၏။ မည်သူမှ မမေးရဲကြချေ။

သို့ပေမည့် တစ်စုံတစ်ယောက်သည် အရဲစွန့်ကာဖြင့် လှမ်းကာ မေးလိုက်၏။ “အမတ်ကြီး စော့ရွှမ်း.. ဒီ ဒီကိစ္စက အမှန်လား”

စော့ရွှမ်းက ပြောလိုက်၏။ “အင်း၊ ဒါ အမှန်ပဲ။ ခင်ဗျားတို့ ကျုပ်တို့ကို မျက်လုံးကန်းနေတယ်များ ထင်နေလို့လား”

ကျင်းဟိုင်မြို့စားကြီး ဦးခေါင်းတစ်ခုလုံးသည် မူးနောက်သွားခဲ့၏။ သူသည် ရုတ်တရက် ပြိုလဲလုမတတ်ပင် ဖြစ်နေ၏။ သို့ပေမည့် မကြာခင်မှာပဲ သူ့၏ ဦးခေါင်းထိပ်ဖျားဆီသို့ ဒေါသတရားများ ရောက်ရှိလာခဲ့၏။ သူ့၏ စိတ်ထဲတွင် သူသည် တကယ်ပင် ရှုံးနိမ့်ခဲ့၏။ သို့ပေမည့် ဤအချိန်၌ သူ့အတွက် အကြောင်းပြချက်များ မလိုတော့ချေ။ သေရေးရှင်ရေး အခြေအနေနှင့် ပတ်သက်လျက် ရှိနေပြီး လက်ရှိအခြေအနေသည် ကျင်းဟိုင်မြို့စား အိမ်တော်၏ ကံကြမ္မာနှင့်လည်း ပတ်သက်ဆက်နွယ်လျက် ရှိနေသောကြောင့်ပင်။

ထန်မိသားစုသည် ကျင်းချန်ကျွန်းတွင် ရှိနေသည့် သံမဏိမိုင်းတွင်းများကြောင့် လက်ရှိအချိန်ထိ အသက်ရှင် နေထိုင်ခဲ့ခြင်း ဖြစ်၏။ ကျင်းချန်ကျွန်းကိုသာ ရှုံးနိမ့်သွားမည်ဆိုပါက သူတို့၏ ကိုယ်ပိုင်စစ်တပ်ဆီမှ စစ်သည်ပေါင်း ၃၀၀၀ ကျော်ကို မည်ကဲ့သို့ ထောက်ပံ့မည်နည်း။ ကျင်းချန်ကျွန်းကို ဆုံးရှုံးသွားခြင်းသည် အရာအားလုံးကို ဆုံးရှုံးသွားခြင်းပင် ဖြစ်၏။

“မမျှတဘူး။ ဒီနေရာမှာ ကျိန်းသေပေါက် မှားယွင်းမှုတစ်ခု ဖြစ်နေမှာပဲ။ ဒီနေရာမှာ ကျိန်းသေပေါက် လှည့်စားထားတာ ရှိလိမ့်မယ်” ကျင်းဟိုင်မြို့စားကြီးသည် ရှေ့ကို လှမ်းတက်ကာဖြင့် အော်ဟစ်လိုက်သည်။

“ဦးရီးတော် နင်ချီ... ကျုပ်သား ထန်ယွင်ရဲ့ စာပေပညာ ကျွမ်းကျင်မှုကို အားလုံးတို့ သိကြပါတယ်။ သူက ရွှဲ့ပြည်နယ် နန်းတွင်းစာမေးပွဲမှာတောင် တတိယနေရာရခဲ့တဲ့ လူတစ်ယောက်လေ။ ကျင်းမူကုန်းလို အမှိုက်တစ်ကောင်ကို ရှုံးနိမ့်ခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ အားလုံးသိကြပါတယ်။ ကျုပ်သားပဲ နိုင်မှာလေ။ ဒီကိစ္စက လောကမှာ အကြီးမားဆုံးသော ဟာသတစ်ခုပဲ”

သူသည် ပြောပြောပြီးချင်းမှာပင် များပြားသည့် တော်ဝင်မျိုးနွယ်များကလည်း ၎င်းတို့၏ ထောက်ခံမှုများကို ထုတ်ဖော်ကာ ပြသကြ၏။

ရွှမ်ဝူအိမ်တော် ပျက်စီးခံရမှုကို စောင့်မျှော်နေသည့် လူပေါင်းများစွာက ကြည့်ရှုနေကြ၏။ သူတို့သည် ကျင်းမိသားစု၏ ခန္ဓာကိုယ်များကို အစိတ်စိတ်အပိုင်းပိုင်း ခွဲကာဖြင့် အလုအယက်နှင့် ဝေစုခွဲကာဖြင့် စားသောက်ရန်ပင် ပြင်ဆင်နေကြ၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ကျင်းမိသားစုက မသေဆုံးတော့ချေ။ ဘာမှ မဖြစ်တော့ဘူးဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်ပါလား။

“ဒီနေရာမှာ အမှားအယွင်းရှိရမယ်။ ကျိန်းသေပေါက် မှားယွင်းမှုရှိရမယ်”

“ကောင်းကင်ကြီးက မမျှတဘူး။ ကောင်းကင်ကြီးက မမျှတဘူး”

တချို့သော တော်ဝင်မျိုးနွယ်များသည် လူအုပ်ကြားထဲတွင် ပုန်းအောင်းပြီးသည့်နောက် ကျယ်လောင်စွာ အော်ဟစ်လျက် ရှိနေလေ၏။ သူတို့ လုပ်နိုင်သည့် အရာများကို ပြုလုပ်နေခြင်းသာ ဖြစ်လေ၏။ အားလုံးသော သူတို့သည် ရွှမ်ဝူအိမ်တော် ပျက်စီးခြင်းကို စောင့်မျှော်လျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော် မပျက်စီး၍ မဖြစ်ချေ။

“မင်းတို့ သေချင်နေတာလား”

ဝေဝူမင်းကြီး ပျံ့ရှောင်သည် ဒေါသတကြီးဖြင့် ထကာ ဆဲဆိုလိုက်၏။ သူ၏ အသံက မကျယ်လှချေ။ သို့ပေမည့် မိုးချိန်းသံကဲ့သို့ပင် အားလုံးသော သူတို့ကို တုန်ယင်သွားစေခဲ့၏။ ဤအသံတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများဖြင့် ပြည့်နှက်လျက် ရှိ၏။ ပေါင်ခွကြားနှ သေးများ ထွက်ကျသည်အထိ ကြောက်လန့်သွားစေ၏။ မည်သူမှ အသံ မထွက်ရဲတော့ချေ။

ဦးရီးတော်နင်ချီက ပြောလိုက်၏။ “အစေခံတို့.. ကျင်းမူကုန်းနဲ့ ထန်ယွင်တို့ရဲ့ စကားပြေတွေကို အားလုံး မြင်အောင် ကပ်ပေးထားလိုက်”

အားလုံးသော သူတို့သည် ရှေ့ကို လှမ်းထွက်ပြီးသည့်နောက် ကျင်းမူကုန်းနှင့် ထန်ယွင်တို့၏ စကားပြေများကို ကြည့်ရှုလိုက်သည်။

ကျင်းဟိုင်မြို့စားကြီးက ထကာ အော်ဟစ်လိုက်၏။ “ဒီနေရာမှာ တစ်ခုခု မှားယွင်းနေတာပဲ ရှိမယ်။ ဒီကိစ္စကို လုံးဝ လက်သင့်မခံနိုင်ဘူး”

နင်ချီသည် အေးစက်စက်နှင့် ပြောလိုက်သည်။ “ဟုတ်လား။ တကယ်ကို လက်မခံဘူးဆိုတာ သေချာလား”

သူသည် ရုတ်တရက် အင်္ကျီလက်ကို ထကာ လိပ်လိုက်၏။ သူ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့ပြီး သူ့၏ မုတ်ဆိတ်မွှေးများပင်လျှင် ချဲ့ကားလာခဲ့၏။

“ဒီနေရာမှာ စကားပြေနဲ့ ပတ်သက်ပြီး ဖြေဆိုထားတဲ့ အဖြေတွေ အကုန်လုံးကို ကပ်ပေးထားမယ်။ ဒီထက် ရှင်းလင်းတာ မရှိတော့ဘူး။ ရွှမ်ဝူအိမ်တော်ရဲ့ စကားပြေက ကျင်းဟိုင်မြို့စားအိမ်တော်ရဲ့ ထန်ယွင် ဖြေဆိုထားတဲ့ အဖြေထက် ပိုပြီးကောင်းတယ်။ အတွေးအမြင်၊ အဆင့်အတန်း၊ စကားလုံး အသုံးအနှုန်း၊ အရာအားလုံး ကောင်းတယ်။ ဒီဟာကို မင်းတို့ လာကြည့်လို့ရတယ်”

“တကယ်လို့ ကျုပ်တို့ရဲ့ သုံးသပ်မှုကိုသာ သဘောမကျဘူးဆိုရင် မြို့တော်ကိုသွားပြီး ဘုရင်မင်းမြတ်ဆီ တိုင်တန်းကြ။ ဒါပေမဲ့ အခု တစ်စုံတစ်ယောက်က လာပြီး ပြဿနာ ရှာနေမယ်ဆိုရင် ကျုပ်ကို ကြမ်းတမ်းတယ် ဆိုပြီး အပြစ်မတင်နဲ့။ ကျုပ် နင်ချီက ကျုပ်ဘဝတစ်ခုလုံး အားအားယားယား နေခဲ့တာ မဟုတ်ဘူး။ လူတစ်ယောက်ကို ဘယ်လို သတ်ရမယ်ဆိုတာ မသိတဲ့ လူတစ်ယောက် မဟုတ်ဘူး။ လာခဲ့ကြစမ်း။ ပြဿနာရှာချင်တဲ့ကောင် ဘယ်ကောင်လာမလဲ”

............

မောက်မာလွန်းသည့် ထန်ယွင်သည် အတတ်ပညာ ပြိုင်ပွဲကို ယှဉ်ပြိုင်ပြီးသည့်နောက် သူ၏ အခန်းဆီသို့ ပြန်လာခဲ့၏။ သူသည် စာအုပ်တစ်အုပ်ကို ကောက်ယူပြီးသည့်နောက် စိတ်ဝင်တစားဖြင့် စတင်ကာ ဖတ်ရှုလိုက် ၏။ ၁၅ မိနစ် ကြာမြင့်ပြီးသည့်နောက် သူသည် ဤစာရွက်ကိုပင် ဖတ်ရှုလျက် ရှိနေတုန်းပင်။ တစ်နာရီအထိ ကြာမြင့်ပြီးသည့်နောက် သူသည် ထိုစာရွက်ကိုပင် ဆက်လက်ကာ ဖတ်ရှုလျက် ရှိနေသေး၏။ တစ်နာရီခွဲ ကြာမြင့်ပြီးသည့်နောက်တွင် သူသည် ထိုစာရွက်ကိုသာ ဖတ်ရှုလျက် ရှိနေသေးသည်။

သူ ဘာလုပ်နေသနည်း။ သူသည် အတွေးများလျက် ရှိနေခြင်းပင်။ သူ့ အနေနှင့် သူရေးသားခဲ့သော စကားပြေနှင့် ကဗျာအကြောင်းကို ပြန်လည်ကာ စဉ်းစားနေခဲ့ခြင်းပင် ဖြစ်၏။ ပြီးနောက် ဦးရီးတော်နင်ချီနှင့် အမတ်ကြီး စော့ရွှမ်း တို့သည် သူ၏ စကားပြေနှင့် ကဗျာကို ဖတ်ရှုနေသည်ဟု သူက စိတ်ကူးယဉ်နေမိ၏။ ဤအရာသည် တစ်နာရီနီးပါးခန့်ပင် ကြာမြင့်၏။

နောက်ဆုံးမှာတော့ စာမေးပွဲ ရလဒ်တို့ကို ကြေညာရန် အချိန်ကျရောက်လာခဲ့ကြ၏။ အားလုံးသော သူတို့သည် သူ့ကို မြှောက်ပင့်ကာ ပြောဆိုနေပေလိမ့်မည်။ အားလုံးသောသူတို့သည် သူ၏ ကဗျာနှင့် စကားပြေကို ဖတ်ရှုပြီးသည့်နောက် အံ့ချီးနပမ်း ဖြစ်လို့နေပေလိမ့်မည်။

နောက်ထပ် တစ်နာရီ ကုန်လွန်သွားခဲ့၏။ သူသည် စောင့်မျှော်ရင်း အတွေးများလျက် ရှိနေ၏။ ကောင်းမွန်သည့် သတင်း ရောက်ရှိလာမည်ကို စောင့်မျှော်နေခြင်းပင် ဖြစ်၏။ သူသည် ကျင်းမူကုန်းကဲ့သို့သော ဝတုတ်ကောင်ကို အနိုင်ယူနိုင်ရန် အတွက် စိတ်ပါဝင်စားမှုမရှိသော်လည်း အောင်ပွဲများရရှိသည်ဆိုပါက အကောင်းဆုံး ဖြစ်မည် မဟုတ်ပါလား။

ပိုမို၍ အရေးကြီးမားသည်မှာ သူသည် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပြီးနောက် မိသားစု၏ ကံကြမ္မာကို ကယ်တင်ပေးနိုင်ခဲ့ပြီ ဖြစ်၏။ ထန်ယင်သည် မိသားစု၏ အနာဂတ်ကို ဆုံးရှုံးလုနီးပါး ပြုလုပ်ခဲ့၏။ ထို့ကြောင့် သူသည် ပြောင်းပြန်လှန်ပေးနိုင်ခဲ့ခြင်း ဖြစ်၏။ စောင့်မျှော်လျက် ရှိနေတုန်းမှာပဲ သူသည် မည်သို့မှ မနေနိုင်ဘဲ စိုးရိမ်ပူပန်နေမိ၏။ အဘယ်ကြောင့် သတင်းကောင်း ရောက်ရှိမလာသေးသနည်း။ သံသယရှိစရာ မလိုဘဲ သူ အနိုင်ယူရရှိမည် ဖြစ်သော်လည်း ရလဒ်ကို သူ ဂရုစိုက်လျက်တော့ ရှိနေသေး၏။ အဘယ်ကြောင့် သူ့ကို ချက်ချင်း လာရောက်ကာ သတင်းမပေးကြရသနည်း။

ထိုအချိန်မှာပင် အစေခံတစ်ယောက်က လျှောက်ဝင်လာခဲ့၏။ “ဆက်ခံသူ ... ဆက်ခံသူ”

ထန်ယွင်သည် လက်ထဲတွင် ရှိနေသည့် စာအုပ်ကို အသာကောက်ယူပြီး စာရွက်တစ်ရွက်ကို လှန်လိုက်၏။ ဘာတွေ ဖြစ်နေသနည်း။ ဤအရာသည် ပုံမှန် အနိုင်ရမည့် ကိစ္စ ဖြစ်၏။ အဘယ်ကြောင့် အလောတကြီးနှင့် ရေးကြီးသုတ်ပြာ သတင်းပို့နေရသနည်း။ အေးအေးသက်သာနှင့် လာရောက် ပြောလျှင်လည်း အဆင်ပြေနေသည် မဟုတ်ပါလား။

အစေခံသည် ရှေ့ဆီသို့ ပြေးဝင်လာခဲ့ပြီးသည့်နောက် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “ဆက်ခံသူ.. ဆက်ခံသူ ရှုံးနိမ့်ခဲ့ပါတယ်”

ထန်ယွင်သည် ကြောင်အသွားခဲ့မိ၏။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ရူးနေသည်လား။ သူ့ကို လာရောက်ကာ ဟာသလုပ်နေသည်လား။

အစေခံက ပြောလိုက်၏။ “ဆက်ခံသူ... ဒါ အမှန်ပါပဲ။ ဆက်ခံသူ ရှုံးခဲ့ပါတယ်”

ထန်ယွင်က ပြောလိုက်သည်။ “ကျုပ် ကျင်းမူကုန်းကို ရှုံးခဲ့တယ် ဟုတ်လား။ ရယ်စရာပဲ။ လောကကြီးမှာ ဒီလောက် ရယ်စရာကောင်းတဲ့ အရာ ရှိသေးလို့လား”

အစေခံက ပြောလိုက်၏။ “ဒါ အမှန်ပါပဲ ဆက်ခံသူ။ အခု အပြင်မှာ အခြေအနေတစ်ခုလုံးက ရှုပ်ထွေးနေတယ်။ သွားပြီး ကြည့်မှ ဖြစ်လိမ့်မယ်”

ထန်ယွင်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် အပြင်ဘက်သို့ လျှောက်ထွက်သွား၏။ ဤအချိန် မှာတော့ အပြင်ဘက်၌ မိုးများသည် သည်းကြီးမဲကြီးနှင့် ရွာလျက် ရှိနေတုန်းပင်။ ထန်ယွင်တစ်ယောက် နုကျန့် အမဲလိုက်မြေဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်လို့နေ၏။ မည်သူမှ မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် ဦးရီးတော် နင်ချီသည် စောဏတုန်းက အားလုံးသောသူတို့ကို ခြိမ်းခြောက်ခဲ့၏။ ဝူဝေမင်းကြီးကလည်း မျက်မှောင်ကုတ်ကာ ကြည့်လို့နေခဲ့၏။ ထို့ကြောင့် အားလုံးသောသူတို့သည် သေးထွက် မတတ်ပင် ကြောက်လန့်ခဲ့၏။ ထိုသူအားလုံးတို့သည် ကြက်ပျောက် ငှက်ပျောက် ဆိုသလိုပင် ပျောက်ကွယ် သွားခဲ့ကြသည်။

ယခု ဦးရီးတော်နင်ချီသည် ရွှမ်ဝူမြို့စားအိမ်တော် အနိုင်ရရှိကြောင်း သေသေချာချာ ကြေညာခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် ရလဒ်ကို ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။

သို့ပေမည့် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်လို့ ရမလား ဆိုသည်ကို အုပ်ချုပ်ရေးမှူး ကျန်းချုံးက လာရောက်ကာ ကြည့်ရှုနေ၏။

ထန်ယွင်သည် နံရံနားတွင် ငြိမ်ငြိမ်သက်သက်ဖြင့် မတ်တပ်ရပ်လျက် ရှိနေ၏။ ညသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း နံရံတွင် မီးအိမ်များက ချိတ်ဆွဲထား၏။ အပြင်ဘက်တွင် မိုးသည်းကြီးမည်းကြီး ရွာလျက် ရှိနေသော်လည်း ကျောင်း၏ တစက်မိတ်သည် အလွန်ကြီးမားလွန်းသောကြောင့် နံရံများသည် ရေစိုခြင်း မရှိကြချေ။ ထိုသို့ဆိုလျှင်တောင်မှ အပြင်ဘက်တွင် ကပ်ထားခဲ့သည့် စကားပြေသည် အနည်းငယ်တော့ ရေစိုစွတ်လျက် ရှိနေသေး၏။ သို့ပေမည့် သေသေချာချာ မြင်နိုင်စွမ်းတော့ ရှိနေသည်။

ထန်ယွင်သည် ချက်ချင်းဆိုသလိုပင် သူ့၏ အဖြေလွှာရှိရာသို့ ပြေးသွား၏။ သေသေချာချာ ရေးသားထားခဲ့သည့် ဤအရာသည် သံသယရှိစရာ မလိုဘဲ ကောင်းမွန်သည့် အရာမျိုးပင် ဖြစ်၏။ သူသည် ဖြေဆိုခဲ့သည့် အဖြေလွှာကို သေသေချာချာ ပြန်လည်ကာ စစ်ဆေးလိုက်၏။ စကားလုံး တစ်ခုတစ်လေမှ ကျန်ရှိခဲ့ခြင်း မရှိချေ။

ပြီးနောက် ချက်ချင်းပင် ကျင်းမူကုန်း၏ စကားပြေနှင့် ကဗျာဆီရာဆီသို့ သွားရောက်ကာ ကြည့်ရှုလိုက်၏။ ပထမဦးဆုံး သူ့၏ နှလုံးခုန်သံများက မြန်ဆန်သွားခဲ့ကြ၏။ သူသည် နန်းတွင်းစာမေးပွဲတွင် တတိယ ရရှိခဲ့ပြီး ဗဟုသုတနှင့် ပြည့်စုံသည့် လူတစ်ယောက် ဖြစ်၏။ သူ၏ အမြင်၊ သူ၏ မာနတရားများကို ဘေးဖယ်ကာ ကြည့်ရှုမည်ဆိုပါက ကျင်းမူကုန်း၏ စကားပြေသည် အံ့အားသင့်စရာ ဖြစ်ကြောင်း သူ သေချာသိရှိ၏။

ထို့အပြင် အလွန် လေးနက်သည့် အဓိပ္ပာယ်များလည်း ပါဝင်လျက် ရှိနေ၏။ သူ၏ စကားပြေနှင့် မတူလှချေ။ ထိုအရာသည် တကယ်ကို ထက်ရှသည့် ဓားတစ်စင်းကဲ့သို့ပင် အားလုံးသောသူတို့ကို ထိတ်လန့်တကြား ဖြစ်စေခဲ့၏။ တစ်ချို့သော အစိတ်အပိုင်းများကို ရေးသားထားသည်မှာ သပ်ရပ်ကောင်းမွန်လွန်းလှချေသည်။

လက်တစ်ဖက်တွင် ပန်းကိုကိုင်ဆောင်ပြီး အခြားသောလက်တစ်ဖက်ဖြင့် ဓားကို အသုံးပြုကာ လူများကို ဆွဲဆောင်နေသကဲ့သို့ပင်။ ပြောရမည်ဆိုလျှင် စကားပြေနှစ်ခုသည် မတူညီသည့် အခြေအနေတစ်ခုလို ကွာခြားလျက် ရှိနေလေ၏။ ထန်ယွင်၏ စကားပြေသည် ကောင်းမွန်သည် ဆိုလျှင်တောင်မှ ကျင်းမူကုန်း၏ စကားပြေကို အနည်းငယ် ဖတ်ရှုလိုက်ပြီးသည့်နောက် မည်သည့် အရသာမှ မရှိသည့် ဟင်းပွဲတစ်ခွက်ကဲ့သို့ ပြောင်းလဲသွားခဲ့၏။ တကယ့်ကို ရှုံးနိမ့်ခြင်းပင် ဖြစ်၏။

ကျင်းမူကုန်းရေးခဲ့သည့် ကဗျာကို သူသည် စိတ်ထဲတွင် သေသေချာချာ ရွတ်ဆိုလျက် ရှိနေ၏။ သူ၏ နားထဲတွင် မည်သည့်အသံမှ မကြားရတော့သကဲ့သို့ပင် ဖြစ်လို့နေလေ၏။ ချက်ချင်း ရှုံးနိမ့်ခြင်း ... သူ ရှုံးနိမ့်၏။ သူ တကယ့်ကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။ ဤအရာသည် အိမ်မက် မဟုတ်ခဲ့ချေ။ အတတ်ပညာပြိုင်ပွဲတွင် သူ တကယ် ရှုံးနိမ့်ခဲ့၏။ သူတင်သာ ရှုံးနိမ့်ခြင်း မဟုတ်ချေ။ ကျင်းချန်ကျွန်းတိုက်ပွဲအတွက် ထန်မိသားစုတစ်ခုလုံး ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။

သူ့အနေနှင့် လက်ရှိ အချိန်တွင် ကျင်းချန်ကျွန်း တိုက်ပွဲရှုံးနိမ့်ခြင်းနှင့် ပတ်သက်၍ ဘာတစ်ခုမှ စိတ်ဝင်စားနိုင်ခြင်း မရှိချေ။ လက်ရှိ အခြေအနေ၌ သူ ဂရုစိုက်နေသည်မှာ တစ်ခုတည်းသာလျှင် ရှိ၏။ သူသည် အမှိုက်ကောင် ကျင်းမူကုန်းကို ရှုံးနိမ့်ခဲ့ခြင်းပင် ဖြစ်၏။ ဤသတင်းသည်သာ ရွှဲ့ပြည်နယ် တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားမည် ဆိုပါက သူသည် အားလုံးသော သူတို့၏ ရယ်ပွဲဖွဲ့စရာ ဖြစ်လာမည် ဟုတ်ပါလား။

အတိတ်တုန်းကဆိုလျှင် သူသည် နန်းတွင်းစာမေးပွဲ၏ တတိယနေရာ၌ တည်ရှိခဲ့သော စာတတ်ပေတတ်၊ ပညာတတ် တစ်ယောက် ဖြစ်၏။ သူ့၏ အနာဂတ်သည် ကြီးကျယ်မြင့်မြတ်လွန်းလှချေ၏။ လက်ရှိ အခြေအနေမှာတော့ သူသည် အားလုံးသော သူတို့၏ လှောင်ပြောင်စရာ ဖြစ်လာခဲ့ပြီ။

“ကျင်းမူကုန်း... ဝတုတ်ကောင်၊ အမှိုက်ကောင်... ငါလို နန်းတွင်း စာမေးပွဲ တတိယနေရာမှာ တည်ရှိခဲ့တဲ့ လူက ရှုံးနိမ့်ခဲ့တာလား။ ဘယ်လောက် ရင်မောစရာ ကောင်းတဲ့ ကိစ္စ ဖြစ်လာမလဲ”

ထန်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးက အေးစက်သွားခဲ့၏။ သူ၏ လက်ထဲတွင် ရှိနေသည့် ထီးသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူ၏ မျက်နှာပြင်ဆီသို့ အေးစက်သော မိုးရေများက လာရောက်ကာ ရိုက်ခတ်၏။ မဟုတ်သေးပေ။ ဤအရာသည် ကျင်းမူကုန်း ရေးသားသည့်အရာ မဖြစ်နိုင်ချေ။ ကျင်းမူကုန်းသည် ထိုအရာကို မည်သို့မှ ရေးသားနိုင်သည့် စွမ်းရည်ရှိသည့် လူတစ်ယောက် မဟုတ်ချေ။ ကျိန်းသေပေါက် ရှမ့်လန် ရေးသားချင်သာ ဖြစ်ပေလိမ့်မည်။

“အား၊ အား ရှမ့်လန်... မင်းနဲ့ ငါ တကယ်ကို ဖြေရှင်းလို့ မရတဲ့ ရန်ငြှိုးတွေ ဖြစ်တည်ခဲ့ပြီ။ ငါ မင်းကို အစိတ်စိတ် အပိုင်းပိုင်း ပိုင်းပစ်မယ်” ထန်ယွင်သည် ရူးရူးမူးမူးဖြင့် အော်ဟစ်လျက် ရှိနေလေ၏။ သူ၏ အော်သံထဲတွင် မနစ်မြို့ခြင်း၊ မမျှော်လင့်ထားခြင်း၊ နာကျင်ခြင်း ... ထိုကဲ့သို့သော အရာများ ပါဝင်လျက် ရှိနေ၏။

All Chapters