← Chapters

အပိုင်း (၁၅၉)

Vol. 12 Ch. 159

အပိုင်း (၁၅၉)

Vol. 12 Ch. 159

ရှမ့်လန်မှာတော့ ရလဒ်ကို စောင့်မျှော်ခြင်း မရှိချေ။ သူသည် အစောကြီးကတည်းက သိရှိနေပြီးသား ဖြစ်၏။ သူသည်လည်း စာအုပ်တစ်အုပ်ကို ဖတ်ရှုလို့နေ၏။ ၁၅ မိနစ် ကုန်လွန်သွား၏။ သူသည် စာမျက်နှာကို မလှန်ဘဲနှင့် ထိုစာမျက်နှာကိုသာ စူးစိုက်ကြည့်နေ၏။

တစ်နာရီ ကြာမြင့်သွား၏။ ထို စာမျက်နှာကို မလှန်သေးချေ။

တစ်နာရီခွဲ ကုန်လွန်ပြီး နောက်ထပ်တစ်နာရီသို့ ရောက်သည့်အချိန်၌လည်း သူ စာမျက်နှာကို မလှန်သေးပေ။

ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ ခြေသံကို ကြားရ၏။ ဝက်တစ်ကောင် အလုအယက်နှင့် ပြေးလာသည့် အသံကဲ့သို့ပင်။ ကျိန်းသေပေါက် သိရှိ၏။ ထိုလူသည် ကျင်းမူကုန်းမှ လွဲလျှင် တခြားလူ မဖြစ်နိုင်ချေ။

“ယောက်ဖ၊ ယောက်ဖ။ ကျုပ်နိုင်ပြီ၊ ကျုပ်နိုင်ပြီ။ ကျုပ် ထန်ယွင်ကို အနိုင်ရခဲ့ပြီ။ ဟား ဟား ဟား” ကျင်းမူကုန်းသည် ရူးရူးမူးမူးဖြင့် ပြေးဝင်လာခဲ့သည်။

ရှမ့်လန်က အသာအယာပင် ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး အလျင်စလို ဖြစ်နေရတာလဲ။ ဒါ နိုင်တာပဲလေ။ ဒီလောက်ကြီး စိတ်လှုပ်ရှားစရာ ရှိနေလို့လား”

ကျင်းမူကုန်းက ပြောလိုက်၏။ “ယောက်ဖ.. ကျုပ်ကို တော်တော် ဒုက္ခပေးခဲ့တာပဲ”

“ဒီနေ့ အတတ်ပညာပြိုင်ပွဲရဲ့ စာမေးပွဲက အရင်တုန်းက ပေးခဲ့တဲ့ အဖြေတွေပဲ။ မနေ့ညက ပေးခဲ့တဲ့ အဖြေတွေ တစ်ခုမှ မပါလာဘူး”

“ဘာ”

ရှမ့်လန်သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့မိ၏။ သူ၏လက်ထဲတွင် ရှိနေသည့် စာအုပ်သည် မြေပေါ်သို့ ပြုတ်ကျလုမတတ်ပင်။

ကျင်းမူကုန်းက ပြောလိုက်၏။ “ဘာဖြစ်လို့လဲ ယောက်ဖ”

ရှမ့်လန်က ပြောလိုက်သည်။ “မနေ့ညက မေးခွန်းတွေ မဟုတ်ဘူးလား”

ကျင်းမူကုန်းက ပြောလိုက်၏။ “အပြစ်ဒဏ်ပေးခြင်းနှင့် ဆုချီးမြှင့်ခြင်းသည် ဖြောင့်မတ်တည်ကြည်မှုအပေါ် အခြေခံခြင်းအကြောင်း နဲ့ ရွှမ်ဝူကဗျာပဲ”

ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် ထိတ်လန့်သွားခဲ့သည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ မနေ့ကတုန်းက သူ၏ X-Ray အမြင်နှင့် ကြည့်ရှုခဲ့သည်မှာ တခြားသော မေးခွန်းနှစ်ခုသာလျှင်ဖြစ်၏။ နောက်ဆုံးမိနစ်အတွင်းတွင် အဘယ်ကြောင့် ပြောင်းလဲသွားရသနည်း။

ရှမ့်လန်၏ ဦးခေါင်းတစ်ခုလုံးသည် ချာချာလည်သွားမိ၏။ ပြီးနောက် သူသည် ချက်ချင်းပဲ နားလည်လိုက်၏။ မနေ့ကတုန်းက သူသည် ပြစ်ချက်တစ်ခုကို ထုတ်ဖော်ပြသလိုက်၏။ တပ်ဖွဲ့စစ်ပြိုင်ပွဲတွင် မူလန်သည် သတိအပြည့်နှင့် တိုက်ခိုက်ခဲ့ပြီး သူမ၏ အသက်ကို ဂရုစိုက်ခဲ့၏။ ထိုအရာသည် ပုံမှန် မဟုတ်ချေ။

မိသားစု၏ ကံကြမ္မာနှင့် ပတ်သက်နေသည့် အကြောင်းအရာ ဖြစ်သောကြောင့် ကျင်းမူလန်သည် ကျိန်းသေပေါက် သူမ၏ အသက်ကို ဆုံးရှုံးခံပြီး တိုက်ခိုက်ရမှာ ဖြစ်၏။ သို့ပေမည့် သူမ မလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤအတတ်ပညာပြိုင်ပွဲတွင် ဝှက်ဖဲများရှိနေသောကြောင့် မဟုတ်ပါလား။

ထိုပြစ်ချက်လေးတစ်ခုကို ကျန်းချုံးက အလစ်အငိုက် ဖမ်းမိခဲ့၏။ ထို့ကြောင့်ပင်လျှင် ဦးရီးတော်နင်ချီဆီသို့ သွားရောက်ပြီး မေးခွန်းပြောင်းလဲသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ နန်းတွင်းစာမေးပွဲ သို့မဟုတ် အတတ်ပညာ စာမေးပွဲ၊ မည်ကဲ့သို့သော စာမေးပွဲဖြစ်ဖြစ် အရံမေးခွန်းများ တည်ရှိ၏။

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သွားခဲ့သည်။ “ကျန်းချုံး.. ခင်ဗျားက လူသားလား၊ သရဲတစ္ဆေလား၊ ဘာလို့ အဲလောက်တောင် အံ့အားသင့်စရာ ကောင်းနေတာလဲ”

ဒုတိယတိုက်ပွဲတွင် ရွှမ်ဝူသည် သံသယရှိစရာ မလိုဘဲ အနိုင်ရရှိမည်ဖြစ်၏။ ကျန်းချုံးသည် တစ်စုံတစ်ခု မှားယွင်း နေသည်ဖြစ်ကြောင်းကို အာရုံခံမိ၏။ ထို့ကြောင့်ပင်လျှင် ကျင်းဟိုင်မြို့စားကြီးအား တခြားသော တော်ဝင်မျိုးနွယ်ဆီမှ ကျွမ်းကျင်သူများကို ငှားရမ်းရန် အကြံပြုခဲ့၏။ ထို့ကြောင့် တိုက်ပွဲသည် သရေအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

တတိယ အတတ်ပညာပြိုင်ပွဲတွင်တော့ ကျန်းချုံးသည် နင်ချီအား မေးခွန်းပြောင်းလဲရန် ပြုလုပ်ခဲ့၏။ အနည်းငယ်လောက်သာ ကံကြမ္မာအလှည့်အပြောင်း တည်ရှိသည်ဆိုပါက ကျန်းချုံးသည် တကယ်ပဲ အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မှာ သေချာ၏။ ရွှမ်ဝူအိမ်တော်သည် ရှုံးနိမ့်ရန် နီးကပ်လုနီးပါး ဖြစ်ခဲ့သည်။

ရှမ့်လန်တစ်ယောက် ဤနောက်ဆုံးတိုက်ပွဲကို အနိုင်ရရှိခြင်းသည် သူ၏အားအင်အစစ် သုံးဆယ်ရာခိုင်နှုန်းကို ထုတ်သုံးခဲ့ခြင်းဖြစ်ပြီး ကံတရားမှာတော့ ခုနှစ်ဆယ်ရာခိုင်နှုန်း ပါဝင်နေ၏။ နတ်ဘုရားများသည် သူ့ကို ကူညီခဲ့ခြင်း ဖြစ်၏။ ဟုတ်ပေ၏။ ရှမ့်လန်အနေနှင့် ဤမေးခွန်းနှင့်ပတ်သက်၍ အလောင်းအစား ပြုလုပ်ခဲ့၏။ ထိုသို့ဆိုလျှင်တောင် သေသေချာချာတော့ ပြင်ဆင်ထားခဲ့၏။

ကျင်းမူကုန်းသည် ရှမ့်လန်တစ်ယောက် တွေဝေငေးငိုင်နေသည်ကို မြင်ရသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။ “ယောက်ဖ.. ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး”

ရှမ့်လန်က ရယ်မောကာ ပြောလိုက်၏။ “ဟုတ်တယ်။ ငါ မင်းကို စခဲ့တာလေ။ ဟား ဟား ဟား”

ဘာကြောင့်မှန်း မသိချေ။ ကျင်းမူကုန်းသည် သူ့၏ ယောက်ဖ၏ ရယ်သံမှာ အနည်းငယ် ကြောင်တောင်တောင် နိုင်သည်ဟု ခံစားမိသည်။

ရှမ့်လန်၏ မျက်နှာက ပြုံးနေ၏။ သို့ပေမည့် သူ၏ နှလုံးသားထဲတွင် ရှိနေသည့် နှလုံးခုန်သံများကတော့ မြန်ဆန်နေခဲ့၏။ ထိုအရာကို သူ ပေါ့သေးသေး သတ်မှတ်ထား၍ မဖြစ်ချေ။ ကျင်းချန်ကျွန်း၏ တိုက်ပွဲသည် အစလေးသာ ရှိသေး၏။ နောက်တွင် တကယ့်ကို အဆုံးမဲ့မည့် ကိစ္စရပ်များက ပေါ်ပေါက်လာပေမည်။

“ဝတုတ် .... ထန်ယွင်ရဲ့ မျက်နှာကို မင်း မရိုက်ချင်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ ချက်ချင်း ပြန်လာခဲ့ရတာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။

ကျင်းမူကုန်းက ပြောလိုက်သည် “သတင်းကောင်းကို ချက်ချင်း လာပြီး ပေးချင်လို့လေ”

ရှမ့်လန်က ထပ်ပြောလိုက်၏။ “အခု ပြောပြီးသွားပြီ မဟုတ်လား။ ထန်ယွင်ရဲ့ မျက်နှာကို သွားရိုက်လိုက်တော့။ ပြင်းပြင်းထန်ထန် ရိုက်တော့။ သွား”

ကျင်းမူကုန်းသည် အားပြတ်သလို ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်.. ကျုပ် မလုပ်ရဲဘူးလေ။ ကျုပ် သူ့ကို နိုင်မှာ မဟုတ်ဘူး”

“လူကြောက်”

.............

ကျန်းချုံးသည် တောင်၏ထိပ် ရဲတိုက်ကြီးရှေ့ ခြံဝန်းထဲတွင် ဒူးထောက်လျက် ရှိနေတုန်းပင်။ အပြင်ဘက်တွင် သည်းကြီးမည်းကြီး မိုးရွာနေသည်မှာ နာရီအနည်းငယ်ပင် ကြာမြင့်နေပြီ ဖြစ်၏။ သူ့၏ အရိုးပေါ် အရေတင် ခန္ဓာကိုယ် တစ်ခုလုံးသည် ခပ်မတ်မတ်ဖြင့် ဒူးထောက်လျက် ရှိနေသလို လှုပ်ရှားမှု တစ်ခုလေးမှ မရှိချေ။ ကြမ်းတမ်းလွန်းလှသည့် မိုးစက်များသည် သူ့၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလျက် ရှိနေ၏။

ကျန်းကျင်းနှင့် ကျန်းချွင်းဟွာတို့သည် သူတို့၏ အဖေကို ထရန် တောင်းပန်လျက် ရှိနေ၏။ သို့ပေမည့် သူတို့၏ အဖေက မထခဲ့ချေ။ ထို့ကြောင့် သူတို့သည်လည်း ဘေးတစ်ဖက်တွင် ထိုင်ကာ ဒူးထောက်လိုက်ကြသည်။

ကျန်းချုံးက ပြောလိုက်၏။ “ကျန်းကျင်းက ဒူးထောက်လို့ရတယ်။ ချွင်းဟွာ.. မင်း ပြန်တော့”

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “မဖြစ်ဘူး။ ကျွန်မလည်း အဖေနဲ့အတူ ဒူးထောက်မယ်။ ကျွန်မလည်း ကျန်းမိသားစုရဲ့ အဖွဲ့ဝင် တစ်ယောက်လေ။ အဖေ ဒီလို ဒုက္ခခံနေရတာ။ ဘယ်လိုဖြစ်ပြီးတော့ တစ်ယောက်တည်း သွားနေရမှာလဲ”

ကျန်းချုံးက ပြောလိုက်၏။ “မင်းက မိန်းကလေးတစ်ယောက်လေ။ ပြီးတော့ အဝတ်အစား ထူထူလည်း ဝတ်လာတာ မဟုတ်ဘူး။ မိုးရေထဲမှာ ရေတွေစိုကုန်ရင် ဘာဖြစ်မလဲဆိုတာ မင်း မသိဘူးလား”

မှန်ပေ၏။ ခန္ဓာကိုယ်တွင် အဝတ်အစားများ ကပ်နေသည် ဆိုပါက သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများသည် ထင်ထင်ရှားရှား ပေါ်လာမှာ ဖြစ်၏။ ထို့အပြင် ပိုးထည်များသည် တစ်ဖက်ကို ထွင်းဖောက်ကာ မြင်နိုင်သည့် အရာမျိုး ဖြစ်လာပေမည်။

ကျန်းချွင်းဟွာ ထွက်ခွာသွားခဲ့၏။ ခဏလောက် ကြာပြီးသည့်နောက် သူမသည် ပြန်ရောက်လာခဲ့၏။ ထိုအချိန်မှာတော့ မြက်မိုးကာကိုပင် ဝတ်ဆင်ထားခဲ့၏။ သူမသည် သူမအဖေ၏ ညဘက်ခြမ်းတွင် ဝင်ကာ ဒူးထောက်လိုက်၏။ ကျန်းမိသားစု၏ လူသုံးယောက်တို့သည် ဒူးထောက်ပြီး ဦးရီးတော်နင်ချီ၏ ခွင့်လွှတ်မှုကို တောင်းပန်လျက် ရှိနေ၏။

ကျန်းချုံးသည် တကယ့်ကို သဘောကျလျက် ရှိ၏။ သူ၏ သားနှင့် သမီးတို့သည် အပြစ်များ မပြုလုပ်ခဲ့သည် ဆိုလျှင်တောင်မှ နောက်ဆုံးတွင် တစ်စိတ်တစ်ဝမ်းတည်းအဖြစ် သူနှင့်အတူ တည်ရှိနေခဲ့၏။ လက်ရှိအချိန် မိသားစုအတွက် အရေးကြီးဆုံး ကိစ္စသည် စုစည်းညီညွတ်ခြင်းပင် ဖြစ်သည်။

မှောင်ပြီး မကြာခင်မှာပဲ ဦးရီးတော် နင်ချီ၊ ပျံ့ရှောင်နှင့် အမတ်ကြီးစော့ရွှမ်းတို့ ပြန်ရောက်လာကြ၏။ ကျန်းမိသားစုတို့ သုံးယောက် ညီညီစီစီနှင့် ခြံဝင်းထဲတွင် ဒူးထောက်ထိုင်နေသည်ကို မြင်ရသည့် အချိန်မှာတော့ ဦးရီးတော် နင်ချီ၏ မျက်ခမ်းများက အနည်းငယ် တုန်ယင်သွားခဲ့၏။

အထူးသဖြင့် ကျန်းချွင်းဟွာပင်။ သူမသည် မိန်းကလေးတစ်ယောက် ဖြစ်သည် ဆိုသော်လည်း ဒူးထောက်လျက် ရှိနေသည်။

နွေဦးရာသီ အဆုံးသတ်သို့ ရောက်ရှိလာခဲ့၏။ ရွာချနေသည့် မိုးကလည်း အလွန်အေးစက်၏။ ထို့အပြင် သည်းကြီးမည်းကြီး ရွာချနေခြင်း ဖြစ်၏။ နာရီအနည်းငယ်လောက် ဒူးထောက်ခြင်းကပင်လျှင် မသက်မသာ ခံစားရမှာ သေချာ၏။

ဦးရီးတော် နင်ချီသည် ရှေ့ဆီသို့ လှမ်းတက်ကာ ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး ကျန်း၊ ထတော့။ ပြန်တော့။ ကျုပ် စိတ်မဆိုးတော့ဘူး”

ကျန်းချုံးက ပြောလိုက်၏။ “ဒါပေမဲ့ ဦးရီးတော် ဒေါသတရားကို ပြေလည်စေဖို့ ကျုပ် ဒူးထောက်နေတာ မဟုတ်ပါဘူး။ ဒီနေရာမှာ ဒူးထောက်ထိုင်နေတာ ကျုပ်ရဲ့ အမှားအယွင်းအတွက် အပြစ်ပေးခံသင့်တယ်လို့ ထင်လို့ပါ”

ဦးရီးတော် နင်ချီက ပြောလိုက်သည်။ “ကျန်းချုံး၊ မင်း ခန့်မှန်းတာ အမှန်ပဲ။ ရှမ့်လန်က တကယ်ပဲ စာမေးပွဲ မေးခွန်းတွေကို ကြိုပြီးသိနေတာ ဖြစ်လိမ့်မယ်။ မင်း ဘာမှ လုပ်လို့ မရနိုင်ခဲ့ဘူး”

ကျန်းချုံးသည် ထိတ်ခနဲဖြစ်သွား၏။

ဦးရီးတော် နင်ချီက ပြောလိုက်သည်။ “ဒါပေမဲ့ ငါတို့ လူသားတွေရဲ့ အကြံအစည်က နတ်ဘုရားတွေရဲ့ အကြံအစည်နဲ့ ယှဉ်လို့ရမှာ မဟုတ်ဘူး။ အရံ စီစဉ်ထားတဲ့ မေးခွန်းဆိုရင်တောင် သူက ကြိုတင်ပြီး ခန့်မှန်း နိုင်ခဲ့သေးတယ်။ ကျင်းမူကုန်း အနိုင်ရရှိသွားတယ်။ ရွှမ်ဝူအိမ်တော်က သုံးပွဲမှာ နှစ်ပွဲ နိုင်သွားခဲ့တယ်”

ကျန်းချုံးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်မိ၏။ သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိ၏။ ပါးစပ်ကို ဟကာဖြင့် တစ်စုံတစ်ခု ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမည့် မည်သည့် စကားမှ ထွက်ပေါ်မလာခဲ့ချေ။ အမြင်အာရုံ တစ်ခုလုံးက မဲမှောင်သွားခဲ့ပြီး မြေပေါ်သို့ ရုတ်တရက် လဲကျသွားခဲ့၏။

“အဖေ၊ အဖေ”

ကျန်းကျင်းနှင့် ကျန်းချွင်းဟွာတို့သည် ရှေ့သို့ လှမ်းတက်လာခဲ့ပြီး သူတို့၏ အဖေကို ဆွဲထူလိုက်သည်။

ဦးရီးတော်နင်ချီသည် သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် ပြောလိုက်၏။ “မြန်မြန်.. မင်းတို့ အဖေကို ရဲတိုက်ထဲကို ခေါ်လိုက်။ ပြီးတော့ ဂျင်းစွပ်ပြုတ်လေး တိုက်လိုက်ကြအုံး။ မြန်မြန်.. မြန်မြန်”

သို့ပေမည့် ကျန်းချုံးသည် ရုတ်တရက် သတိဝင်လာခဲ့၏။ သူ၏ နှုတ်ခမ်းများသည် ပြာနှမ်းနေပြီ ဖြစ်၏။ ကျန်းကျင်းနှင့် ကျန်းချွင်းဟွာတို့ကို အဝေးဆီသို့ တွန်းထုတ်ပြီးသည့်နောက် သူသည် ဦးရီးတော် နင်ချီဆီသို့ ဦးညွတ်ကာဖြင့် ပြောလိုက်သည်။ “ပြောပြပေးတဲ့အတွက် ကျေးဇူးပါပဲ ဦးရီးတော် နင်ချီ။ ကျုပ် နားလည်ပါပြီ” ထိုအတွင်းမှာပဲ သူသည် သူ၏ ဟန်ပန်မူရာကို ပြန်လည် ထိန်းချုပ်လိုက်၏။ ထို့နောက် လှုပ်ရှားမှု တစ်ချက်မရှိဘဲ ဆက်လက်ကာ ဒူးထောက်လျက် ရှိနေ၏။

ဦးရီးတော်နင်ချီနှင့် ဝူဝေမင်းကြီး ပျံ့ရှောင်တို့၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ တကယ်ပင် ဤကဲ့သို့ စိတ်ဓာတ်မာကျောခိုင်မာသည့် လူတစ်ယောက်သည် လောကတွင် တည်ရှိနေသေးသည်လား။ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားရပြီးနောက် ချက်ချင်း ပြန်လည် ကောင်းမွန်ကာ တိုက်ခိုက်လိုစိတ် အပြည့်နှင့် ရှိနေသည်။

ဦးရီးတော်နင်ချီသည် ကျယ်လောင်စွာ ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူး ကျန်းချုံး.. ကျုပ် တောင်းပန်ပါတယ်။ ဒူးမထောက်နဲ့တော့။ အခု အပြစ်ရှိတဲ့ လူက ခင်ဗျား မဟုတ်ဘူး။ ကျုပ်ပဲ။ အစေခံတို့... ကျန်းချုံးကို ပြန်သယ်သွားလိုက်ကြ။ သူ့ကို အကောင်းဆုံး သမားတော် ခေါ်ပြီး ကုသပေးလိုက်”

“ကောင်းပါပြီ”

စစ်သည်တော် အများအပြားတို့သည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် ကျန်းချုံးကို အတင်းချုပ်ကာဖြင့် သူ၏ အခန်းဆီသို့ ပြန်လည်ကာ ပေးပို့လိုက်သည်။

အပြင်ဘက်တွင် သည်းကြီးမည်းကြီး မိုးများ ရွာသွန်းလျက် ရှိနေသည် ဆိုလျှင်တောင်မှ ရွှမ်ဝူအိမ်တော် တစ်ခုလုံးကတော့ ပျော်ရွှင်မှု ပင်လယ်ထဲသို့ ရောက်ရှိလျက် ရှိနေ၏။ တာဝန် ထမ်းဆောင်ရခြင်း မရှိသည့် စစ်သည်တော်များသည် ဝိုင်များစွာကို ယူကာဖြင့် စိတ်လိုလက်ရ သောက်သုံးလျက် ရှိနေ၏။

ဤကဲ့သို့ ပြည့်စုံသည့် နိုင်ပွဲတစ်ခုကို ရရှိနိုင်မည်ဟု မည်သူက ထင်မှတ်ခဲ့မည်နည်း။

ယခုက စပြီး ကျင်းချန်ကျွန်းသည် ရွှမ်ဝူအိမ်တော် ပိုင်ဆိုင်သည့် အရာ ဖြစ်လာခဲ့၏။ အားလုံးသော သူတို့သည် ရှုံးနိမ့်တော့မည်ဟု တွေးထင်ထားခဲ့သော်လည်း မထင်မှတ်ထားလောက်အောင်ပင် အနိုင်ရရှိခဲ့သည်။ ဆက်ခံသူ ကျင်းမူကုန်းက အရာအားလုံးကို ပြောင်းလဲနိုင်ခဲ့၏။ ဤလောကကြီးသည် တကယ်ကို စိတ်ဝင်စားစရာ ဖြစ်လာခဲ့၏။

ရွှမ်ဝူအိမ်တော် နားနေရာတည်နေရာ၏ စာကြည့်ခန်းတွင်းမှာတော့ လျှို့ဝှက်အစည်းအဝေး တစ်ခု ကျင်းပနေ၏။ ထိုနေရာတွင် လူ လေးယောက်သာလျှင် ပါဝင်၏။ ရွှမ်ဝူ၊ ကျင်းမူလန်၊ ရှမ့်လန်နှင့် ကျင်းမူကုန်း တို့ပင် ဖြစ်၏။

ကျင်းမူကုန်းအား အဘယ်ကြောင့် ဤနေရာ၌ ပါဝင်ခွင့် ပေးသနည်း။ ဘာပဲဖြစ်ဖြစ် ကျင်းမူကုန်းသည် ဆက်ခံသူ တစ်ယောက်ပင် ဖြစ်သည်။

ထို့အပြင် သူသည် ပါးစပ်ကို တင်းတင်းပိတ်ထားပြီး မပြောသင့်သည့် အကြောင်းအရာများကို ဘာတစ်ခုမှ မပြောဘဲနှင့် တည်တည်ငြိမ်ငြိမ်နှင့် နားထောင်လျက် ရှိနေ၏။ ထို့ကြောင့် သူတို့အနေနှင့် ဤအစည်းအဝေး ထဲတွင် ဆွေးနွေးခဲ့သည့် လျှို့ဝှက်ချက်များအားလုံး အပြင်ဘက်သို့ ပေါက်ကြားသွားမည်ကို စိုးရိမ်စရာမလိုချေ။ သို့ပေမည့် ဝတုတ်သည် ဤကဲ့သို့ အရေးကြီးသည့် အစည်းအဝေးပွဲတွင် ပါဝင်နေရခြင်းအတွက် စိတ်ပါ ဝင်စားမှု၊ စိတ်လှုပ်ရှားမှု ..... ထိုအရာများ မရှိချေ။ အိပ်ချင်သည့် ပုံစံမျိုးနှင့် ရှိလို့နေခဲ့၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဝတုတ်၊ မင်း ဘာလုပ်နေတာလဲ”

ဝတုတ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ယောက်ဖ.. ကျုပ် တကယ် ပျင်းတယ်။ စာအုပ်တွေပဲ သွားကူးနေလို့ ရလား”

ချီးတဲ့မှ... တကယ့်ကို ကယ်တင်၍ မရတော့ပေ။ ထန်ယွင်ကို အနိုင်ယူနိုင်ခဲ့သည့် လူတစ်ယောက် အနေနှင့် အဘယ်ကြောင့် စာကူးရန်ပဲ စဉ်းစားနေရသနည်း။ ပိုမို မြင့်မားသည့် ရည်မှန်းချက်ဟူ၍ မရှိနိုင်တော့ဘူးလား။

“သွား သွား”

ရှမ့်လန်သည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “လုပ်ချင်တာ သွားလုပ်တော့”

“ကောင်းပါပြီ” ဝတုတ်သည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့သည်။

ရွှမ်ဝူသည် စိတ်ထဲတွင် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိ၏။ ပြီးနောက် မူလန်ကလည်း မနေနိုင်ဘဲ သက်ပြင်းချမိ၏။

............ ............

ကျင်းမူကုန်း ထွက်ခွာသွားခဲ့ပြီးသည့်နောက် အခန်းထဲတွင် ရှိနေသည့် အခြေအနေတစ်ခုလုံးသည် ပိုမိုကာ လေးနက်သွားခဲ့၏။ လူသုံးယောက်တည်း ဆုံးဖြတ်ရသည့် ကိစ္စသည် မဆိုးလှဟု သတ်မှတ်ရမှာ ဖြစ်သည်။

ကျင်းမူကုန်း ထွက်သွားပြီးနောက် အခန်းတွင်းရှိ လေထုသည် ချက်ချင်း တင်းမာသွားသည်။ ရှမ့်လန်၏ မျက်နှာသည် တင်းမာနေပြီး လေးနက်စွာဖြင့် ပြောလိုက်၏။ “အဖေ၊ မိန်းမ ပြိုင်ပွဲ သုံးပွဲ ပြီးဆုံးသွားပြီ။ ကျုပ်တို့ အပြတ်အသတ် အနိုင်ရခဲ့တယ်။ ဒါပေမဲ့ တကယ့်ပွဲက အခုမှ စတာ။ ပြီးတော့ တကယ့်အမြင့်ဆုံးအဆင့် သေခြင်းရှင်ခြင်း တိုက်ပွဲပဲ။ ကျုပ်တို့ ပထမဆုံး အောင်မြင်မှု ရခဲ့ပြီ။ အားနည်းတဲ့ အခြေအနေကို အားသာတဲ့ အခြေအနေအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ခံစစ်ကနေ တိုက်စစ်ကို ပြောင်းနိုင်ခဲ့ပြီ”

“ဒုတိယအဆင့် ဝမ်ကျားကျွန်း မဟာဗျူဟာကို တရားဝင် ဖွင့်လှစ်ရတော့မယ်။ ကျင်းချန်ကျွန်းကို ကျုပ်တို့ ရယူ နိုင်ခဲ့ပြီ။ လူတော်တော်များများက ကျုပ်တို့ ဒီကျွန်းပေါ်မှာ မဟာဗျူဟာမြောက် သယံဇာတတွေ ဆက်တိုက် ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်နေကြလိမ့်မယ်။ ဒါပေမဲ့ လုံးဝ မလုပ်ဘူး။

ပိုင်ဆိုင်ခွင့်ကို ပြန်ရပြီးနောက် ကျုပ်တို့ တစ် - မြှုပ်နှံမှု မလုပ်ဘူး၊ နှစ် - တပ်မစွဲဘူး။ ကျင်းချန်ကျွန်းကို အသားကြိတ်စက်တစ်ခုအဖြစ် ပြောင်းလဲရမယ်။ ရန်သူရဲ့သွေးကို ညှစ်ထုတ်ဖို့ မျှော်လင့်တယ်။

ဒါပေမဲ့ အရေးတကြီးလုပ်ရမှာက လက်စားချေခြင်းပဲ။ အရင်က ခုန်ပေါက်နေတဲ့ လူရွှင်တော်တွေကို ဒီတစ်ခါတော့ ရိုက်နှက်ရတော့မယ်။ အထူးသဖြင့် ကျူးလန်ထင်၊ ကျူးဝမ်ဟွာ သားအဖပဲ။ အရင်တစ်ခါ စားသောက်ပွဲမှာ ကျုပ်ကို ဒုက္ခပေးရဲတယ်။ ကျုပ် ကျင်းချန်ကျွန်းပြိုင်ပွဲရှိနေတာကြောင့် သည်းခံပြီး သူတို့ကို ရက်အနည်းငယ် ခုန်ပေါက်ခွင့်ပေးခဲ့တယ်။ ဒီတစ်ခါတော့ သူတို့မိသားစု ပျက်စီးပြီး လူပါသေဆုံးအောင် လုပ်ရမယ်”

ရှမ့်လန်သည် ပြတင်းပေါက်အပြင်ဘက်သို့ ရောက်သွားပြီး အပြင်ဘက်မှ သဲသဲမဲမဲ ရွာသွန်းနေသော မိုးကို ကြည့်လိုက်သည်။ နေ့လယ်တည်းက ယခုအချိန်ထိ မိုးမစဲသေးပေ။ မိုးသည်းထန်ခြင်းသည် နွေရာသီတွင် ဖြစ်သင့်သော်လည်း ဆောင်းဦးရာသီ၏ အဆုံးပိုင်းတွင် ဤသို့သော မိုးသည်းထန်စွာ ရွာသွန်းခြင်းသည် အလွန်ဆိုးရွားလှသည်။ နုကျန့်မြစ်၏ ရေမျက်နှာပြင်သည် ရုတ်တရက် မြင့်တက်လာမည်မှာ သေချာပြီး ရေလှောင်ကန် (ရေကာတာ) သည်လည်း အလျင်အမြန် ပြည့်လျှံလာမည်မှာ သေချာ၏။

ရှမ့်လန်က ပြောလိုက်သည်။ “အဖေ… ကျုပ်သာ ကျင်းမိသားစုရဲ့ ရန်သူဖြစ်မယ်ဆိုရင် ယုတ်မာတဲ့ အကြံ တစ်ခုကို ရှာဖွေလိမ့်မယ်။ ကျုပ်တို့ရဲ့ စံအိမ်အထက်ပိုင်းက ဆည်ကို တူးဖောက်ပြီး ရေကာတာကို ချိုးဖျက်မယ်။ ပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရေလွှမ်းမိုးမှုကိုဖြစ်စေပြီး ကျုပ်တို့ရဲ့ မိသားစုစံအိမ်တွေကို ပင်လယ်ပြင်အဖြစ် ပြောင်းလဲစေမယ်။ မရေမတွက်နိုင်တဲ့ အိမ်တွေ၊ လူတွေ ရေလွှမ်းမိုးခံရပြီး ကျုပ်တို့ကို အကြီးအကျယ် ဒုက္ခရောက်စေလိမ့်မယ်”

ဤစကားကို ကြားချိန်မှာတော့ ရွှမ်ဝူမြို့စားကြီး၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသတကြီး ထရပ်လိုက်သည်။ ရှမ့်လန်၏ စိုးရိမ်ပူပန်မှုသာ အမှန်တကယ် ဖြစ်လာပါက ထိုအကျိုးဆက်သည် လုံးဝ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအချိန်တွင် လူဘယ်လောက်များများ သေဆုံးမည်နည်း။

ရွှမ်ဝူမြို့စားကြီး အိမ်တော်၏ သယံဇာတအားလုံးသည် ဘေးအန္တရာယ်ကယ်ဆယ်ရေးတွင် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်သည်။ များပြားလွန်းသည့် ပမာဏရှိသော ငွေ၊ လူအင်အား၊ ရုပ်ဝတ္ထုပစ္စည်းများကို သုံးစွဲရမည်ဖြစ်ပြီး အရှိန်အဟုန်တစ်ခုလုံးလည်း ပျက်ပြားသွားမည်ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်တို့ ထွက်လာတော့ စစ်သား ၈၀၀ ကို ခေါ်လာခဲ့တယ်။ အိမ်စောင့်ကျန်ခဲ့တာ နှစ်ထောင်ပဲ ရှိတယ်။ ဒါက အရေးအကြီးဆုံး မဟုတ်ဘူး၊ အဓိကက ကျင်းဟွေ့ ၊ ကျင်းကျုံး၊ ကျင်းရှိယန်၊ ကျင်းချန်၊ မူလန်နဲ့ တခြားခေါင်းဆောင်တွေ ပါလာတယ်။ အိမ်မှာ ကျန်ခဲ့တာ အမေရယ်၊ ဆရာကြီးလင်း၊ ကျင်းကျန့်နန်တို့ပဲ ရှိပြီး စစ်တပ်မှာ ခေါင်းဆောင်မရှိဘူး”

ရွှမ်ဝူမြို့စားကြီးက ပြောလိုက်သည်။ “ချက်ချင်း မူလန်၊ ကျင်းဟွေ့ နဲ့ ကျင်းရှိယန်တို့ကို ပြန်သွားခိုင်းရမယ်”

ရှမ့်လန် ခဏ စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။ “မနက်ဖြန် ကျင်းချန်ကျွန်း ပိုင်ဆိုင်ခွင့်ပြိုင်ပွဲရဲ့ ရလဒ်ကို ကြေညာမယ်။ ပြီးတော့ နှစ်ဦးနှစ်ဖက် တရားဝင် စာချုပ်ချုပ်ပြီး ကျင်းချန်ကျွန်း ပိုင်ဆိုင်ခွင့်ကို ကျုပ်တို့ ကျင်းမိသားစုကို လွှဲပြောင်းပေးမယ်၊ မူလန် ပြန်သွားလို့မဖြစ်ဘူး”

ထို့အပြင် အရေးအကြီးဆုံးမှာ ခံစစ်မပြုလုပ်ဘဲ မိမိဘက်မှ တိုက်ခိုက်ရမည်ဖြစ်သည်။

All Chapters