အပိုင်း (၁၆၁)
Vol. 12 Ch. 161
မူလန်သည် သူမ၏ မျက်နှာနှင့် ရှမ့်လန်၏ ပါးကို အသာပွတ်လျက် ရှိနေလေ၏။
“ယောက်ျား.. ထန်လွမ်က လွယ်လွယ်ကူကူနဲ့ ကျင်းချန်ကျွန်းကို လက်လွှဲပေးလိမ့်မယ်လို့ ထင်လား” မူလန်က မေးမြန်းလိုက်သည်။
“သူ ပေးမှာ မဟုတ်ဘူး” ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။
မူလန်သည် စဉ်းစား၍မရသောကြောင့် ပြန်လည်ကာ မေးခွန်းထုတ်လိုက်မိသည်။ “ဒါဆိုရင် ကျွန်မတို့ ဘာလုပ်ကြမှာလဲ”
ရှမ့်လန်သည် သူမမိန်းမ၏ လည်ပင်းကို အသာနမ်းလိုက်၏။ မူလန်သည် နောက်ဘက်သို့ အသာဆုတ်ကာ ရှောင်လိုက်၏။ “စကားကောင်းပြောဆို”
ရှမ့်လန်က ပြောလိုက်သည်။ “ဘာလုပ်နိုင်မှာလဲ ပြန်ပြီး တိုက်ခိုက်ရမှာပေါ့”
မူလန်က ပြောလိုက်၏။ “နားချိန်တောင် မရှိတော့ဘူးလား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း နားချိန်ရှိတာပေါ့။ မဟာဗျူဟာရဲ့ စတုတ္ထမြောက် ခြေလှမ်း ပြီးမြောက်သွားပြီရင် ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒက နောက်ကို ဆုတ်ခွာသွားလိမ့်မယ်။ ဒါဆိုရင် ငါတို့ မိသားစုက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားလိမ့်မယ်”
မူလန်နှင့် ရှမ့်လန်တို့၏ လည်ပင်းချင်း ပူးကပ်သွားခဲ့၏။ မူလန်သည် ရှမ့်လန်၏ ပါးကို အသာနမ်းရှိုက်လိုက်၏။
နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက် ကျင်းဟွေ့သည် ရွှမ်ဝူအိမ်တော်ဆီသို့ သုတ်ခြေတင်လျက် ရှိသည်။
မြို့စားအိမ်တော် တစ်ခုလုံးသည် မည်သူမှ မအိပ်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းချန်ကျွန်း တိုက်ပွဲသည် ပြီးဆုံးခါနီးပြီ ဖြစ်၏။ ထိုအရာသည် မိသားစု၏ ကံကြမ္မာ တစ်ခုလုံးနှင့် ပတ်သက်နေသည့် အကြောင်းအရာပင်။
မိုးကြီးသည် သည်းသည်းမည်းမည်း ရွာသွန်းလျက် ရှိနေသောကြောင့် မြို့စားကတော် စုဖေ့ဖေ့သည် စိုးရိမ်ပူပန်လျက် ရှိနေ၏။ ထို့အပြင် ဤတလောအတွင်း ရာသီဥတုသည် စိုစိစိနှင့် ဖြစ်ခဲ့၏။ ထို့ကြောင့် ဆည်ထဲတွင် ရှိနေသည့် ရေများသည် မြင့်မားတိုးတက်နေမည် ဖြစ်ကြောင်းကို သူမ သိရှိသည်။ ထိုဆည်ကြီးသာ ကျိုးသွားသည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခရောက်မှာ ဖြစ်၏။
ထိုသို့ ဆိုလျှင်တောင်မှ စုဖေ့ဖေ့သည် ရေကာတာကြီးကို ဖောက်ခွဲသည့် လူများ ရှိနေလိမ့်မည်ဟု ထင်မှတ်နေမိသည် မဟုတ်ချေ။ သူမသည် ဤကဲ့သို့ ဆိုးယုတ်လွန်းသည့် လူများကို မမြင်ဖူးသောကြောင့်ပင်။
“ကျင်းဟွေ့”
ကျင်းဟွေ့ အလုအယက်ဖြင့် ပြေးဝင်လာခဲ့သည်ကို မြင်ရသည့် အချိန်မှာတော့ မြို့စားကတော် စုဖေ့ဖေ့သည် ရုတ်တရက် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ကျင်းဟွေ့... ကျင်းချန်ကျွန်း ပြိုင်ပွဲသုံးခုက အခြေအနေ ဘယ်လိုလဲ။ ငါတို့ နိုင်ခဲ့လား”
ကျင်းဟွေ့က ပြောလိုက်သည်။ “နိုင်ခဲ့ပါတယ်”
မြို့စားကတော် စုဖေ့ဖေ့သည် ပျော်ရွှင်သွားခဲ့၏။ “ဘိုးဘေးက ငါတို့ကို ကောင်းချီးပေးတာပဲ။ ဘိုးဘေးက ကောင်းချီးပေးတာပဲ။ ငါ့ရဲ့ လန်အာလေးက တကယ့်ကို အားအားသင့်စရာပဲ။ သူ အိမ်ပြန်ရောက်လာရင် ကျိန်းသေပေါက် ဆုချရမယ်”
ကျင်းဟွေ့သည် ဆည်ကို ဖျက်ဆီးမည့် အစီအစဉ်နှင့် ပတ်သက်၍ မြို့စားကတော်ကို မပြောခဲ့ချေ။ ထိုအစား သူသည် ကျင်းကျန့်နန် ဆီသို့သာ တိုက်ရိုက်ဆိုသလို သွားလိုက်၏။ ကျင်းဝေ၊ ကျင်းကျုံး၊ ကျင်းရှိယန်၊ ကျင်းချန် တို့သည် ဤနေရာတွင် မရှိကြချေ။ ကျင်းကျန့်နန် တစ်ယောက်တည်းသည်သာ သီးသန့်စစ်တပ်၏ ခေါင်းဆောင် တစ်ယောက် ဖြစ်နေသည်။
ထိုအချိန်မှာတော့ ကျင်းကျန့်နန်သည် စစ်တပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူမ၏ ပုံစံကို ကြည့်ရှုရသည်မှာ အမှန်ပင် ဖြတ်လတ်သွက်လက်လျက် ရှိနေ၏။ သူမအနေနှင့် ရှမ့်လန်၏ အရှေ့၌ မရှိသည့်အချိန်တိုင်း ဤကဲ့သို့ပင် သူမ၏ မျက်နှာတစ်ခုလုံးက အေးစက်လျက် ရှိနေတတ်၏။
ညအချိန်သို့ ရောက်သည့် အချိန်မှာတော့ ကျင်းကျန့်နန်၏ အရှေ့တံခါးဆီမှ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
“ဓားသမားနန်... လူသုံးယောက်ကို ဦးဆောင်ပြီးတော့ မြောက်ဘက်ပိုင်းမှာ ရှိနေတဲ့ ဆည်ဆီကို သွားစောင့်ကြည့်ထား” ကျင်းဟွေ့က ပြောလိုက်၏။
ကျင်းကျန့်နန်သည် မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။ “အစ်ကိုကြီး.. တစ်စုံတစ်ယောက်က ဆည်ကို ဖျက်ဆီးပြီး ကျွန်မတို့ကို ရေနှစ်သတ်ချင်တာလား”
ကျင်းဟွေ့က ခေါင်းညိတ်ပြလိုက်၏။
ကျင်းကျန့်နန်က ပြောလိုက်သည်။ “ဒါပေမယ့် စစ်မြင်းတွေက လုံလုံလောက်လောက် မရှိဘူး။ ကျွန်မတို့က လုံလောက်အောင် မြန်ဆန်မှာ မဟုတ်ဘူး။ တစ်စုံတစ်ခုသာ ဖြစ်သွားမယ်ဆိုရင် တစ်ယောက်နှင့်တစ်ယောက် အချိတ်အဆက်မိမှာ မဟုတ်တော့ဘူး”
ကျင်းဟွေ့က ပြောလိုက်၏။ “ရန်သူနဲ့ တွေ့ပြီဆိုရင် သေသေချာချာ စောင့်ကြည့်ထား။ မလိုအပ်ဘဲနဲ့ သူတို့နဲ့ မတိုက်ခိုက်နဲ့။ ငါတို့ရဲ့ လက်ရွေးစင် စစ်သည်တွေက နုကျန့်အမဲလိုက်မြေမှာ ရှိနေတယ်။ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် မင်းတို့ ရှုံးနိမ့်လိမ့်မယ်”
ကျင်းကျန့်နန်က ပြောလိုက်သည်။ “ဒါဆိုရင် သူတို့ကို ဆည်တွေ ဖျက်ဆီးတာကို ခွင့်ပြုပေးရမှာလား။ သူတို့ ကျွန်မတို့ အိမ်ကို ဖျက်ဆီးပစ်မှာကို ခွင့်လွှတ်ပေးရမှာလား”
ကျင်းဟွေ့နှင့် ကျင်းကျန့်နန်တို့သည် မိဘမဲ့ကလေးများသာ ဖြစ်၏။ သူတို့သည် ရွှမ်ဝူအိမ်တော်၏ မွေးစားခြင်းကို ခံရပြီးနောက် ရွှမ်ဝူအိမ်တော်တွင် အခြေကျနေထိုင်ခဲ့သည့် လူများ ဖြစ်၏။ ထို့ကြောင့် ရွှမ်ဝူအိမ်တော်ကို သူတို့၏ အိမ်အဖြစ်သို့ သတ်မှတ်ထားခဲ့၏။
ကျင်းဟွေ့က ပြောလိုက်သည်။ “စိတ်မပူနဲ့။ သမက်တော်က အကုန်လုံး ပြင်ဆင်ပြီးနေပြီ”
သမက်တော်ဟူသည့် စကားကို ကြားရသည့် အချိန်မှာတော့ ကျင်းကျန့်နန်၏ မျက်နှာတစ်ခုလုံးက နီရဲသွားခဲ့၏။
ကျင်းဟွေ့သည် ဆွံ့အသွားမိ၏။ အဆုံးသတ်မှာတော့ သူသည် မည်သို့မှ မနေနိုင်ဘဲ ပြောလိုက်၏။ “ကျင်းကျန့်နန်... သမက်တော်က အရမ်းကို ထူးချွန်လွန်းတယ်။ ဒါပေမဲ့”
ထိုအချိန်မှာပဲ ကျင်းဟွေ့သည် သမက်တော် အကြောင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ ဖော်ညွှန်းပြောဆိုရမည် ဆိုသည်ကို မသိရှိချေ။ ထိုအရာသည် ပြောဖို့ ခက်လှ၏။ သို့ပေမည့် သူ မပြောရဲချေ။ သမက်တော်သည် ကောင်းမွန်သည်ဟု ပြောဆိုရမည်ဆိုလျှင် သူ၏ စိတ်က လက်သင့်မခံနိုင်ချေ။ သမက်တော်တစ်ယောက် မည်မျှ ယုတ်မာ ပွေလီသည် ဖြစ်ကြောင်းကို သူ … ကျင်းဟွေ့မှလွဲလျှင် မည်သူမှ မသိရှိချေ။ ကိစ္စတော်တော်များများ သည် သူ၏ အရှေ့တွင် ဖြစ်ပျက်ခဲ့သောကြောင့်ပင်။
“အစ်ကိုကြီး မဟုတ်တာတွေ ပြောမနေနဲ့တော့။ သမက်တော်အကြောင်း မဟုတ်တာတွေ ပြောမယ်ဆိုရင် ရှင့်ကို ကျွန်မ သုံးရက်တိတိ စကားပြောမှာ မဟုတ်ဘူး”
ကျင်းကျန့်နန်၏ လည်ပင်းတစ်ခုလုံးက နီမြန်းလာခဲ့၏။ သူမသည် တစ်စုံတစ်ခု ပြုလုပ်ရန် ထွက်ခွာသွားခဲ့လေ၏။
ကျင်းဟွေ့သည် မည်သို့မှ မနေနိုင်ဘဲ တွေးလိုက်မိသည်။ “ငါကပဲ ကြားထဲက ပြဿနာကောင် ဖြစ်နေပြီ”
ကျင်းဟွေ့သည် ရှမ့်ဆယ့်သုံးကို သွားရောက်ကာ ရှာဖွေ၏။ ရှမ့်ဆယ့်သုံးသည် အမှောင်ထဲတွင် ငြိမ်သက်စွာ ထိုင်လျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိသည်မှာ လအနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သူသည် တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။ သမက်တော်၏ ခေါ်ယူခြင်းကို ခံရပြီးသည့်နောက် သူသည် အရေးပါသည့် နေရာတစ်ခုဆီသို့ ရောက်ရှိမည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမည့် သူသည် ဘာတစ်ခုမှ မလုပ်ရသေးချေ။ အလုံးစုံ လျစ်လျူရှုခြင်းကို ခံရ၏။
လွန်ခဲ့သည့် လအနည်းငယ်ထဲက စတင်ပြီး ရှမ့်ဆယ့်သုံးသည် စားဝတ်နေရေးနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ စိုးရိမ်ပူပန်စရာ မလိုချေ။ သူ၏ မိဘများသည်လည်း ကောင်းကောင်းမွန်မွန် နေထိုင်နေရ၏။
အထူးသဖြင့် သူ၏ အမေပင်။ သူမသည် ရှမ့်လန်၏ အမေနှင့်ပင် သူငယ်ချင်းကောင်းများ ဖြစ်လို့နေခဲ့၏။ စုန့်မိသားစုမှ အရူးကြီး၏ မိထွေးနှင့်လည်း ခင်မင်ရင်းနှီးလျက် ရှိနေ၏။ နေ့စဉ်နေ့တိုင်းဆိုသလို သူမတို့သည် အတူတူ ပန်းထိုးခြင်းများကိုပင် ပြုလုပ်လျက် ရှိနေကြသည်။
ဤအမျိုးသမီး သုံးယောက်တို့သည် မည်ကဲ့သို့ ပြောဆို ဆက်ဆံနေကြသည် ဖြစ်ကြောင်းကို သူ သေသေချာချာ မသိရှိချေ။ သို့ပေမည့် သူကတော့ ဤရဲတိုက်ကြီး၏ ထောင့်တစ်ခုတွင် အမေ့ခံလူသားတစ်ယောက် အဖြစ် ရပ်တည်ခဲ့ရ၏။ ဤရက်ပိုင်းအတွင်းတွင် ဘာတစ်ခုမှ မလုပ်ရချေ။ နေ့နေ့ညည အားအားယားယားဖြင့် လျှောက်သွားနေရ၏။
အဆိုးဆုံးအရာမှာ သူ၏ အမေသည် သူ့အတွက် မိန်းမတစ်ယောက်ကို ရှာဖွေနေခြင်းပင် ဖြစ်၏။ စုန့်မိသားစုဆီမှ အရူးကြီး၏ မိထွေးသည် တည်နေရာအနှံ့ဆီသို့ လိုက်လံစုံစမ်းပြီးသည့်နောက် အောင်သွယ်တော် ပြုလုပ်လျက်ရှိ၏။ မကြာခင် လအနည်းငယ်အတွင်း ရှမ့်ဆယ့်သုံးသည် တစ်ခါမှ မမြင်ဖူးသည့် မိန်းကလေး တစ်ယောက်နှင့် သွားရောက်တွေ့ဆုံရန်ပင် စီစဉ်ထားခဲ့သည်။
“ချီးထဲမှ.. ငါ့ကို ဒုက္ခပေးနေတာလား ငါ့ရဲ့ ကျိုးနေတဲ့ ခြေထောက်က အခု ပြန်ကောင်းသွားခဲ့ပြီ။ နေ့စဉ်နေ့တိုင်း ငါ ဓားသိုင်းကို လေ့ကျင့်နေတယ်။ ဒီတစ်ခုကလွဲရင် ဘာတစ်ခုမှ မလုပ်ရဘူး”
ကျင်းဟွေ့ သူ၏ရှေ့သို့ ပေါ်ပေါက်လာသည့် အချိန်မှာတော့ ရှမ့်ဆယ့်သုံးသည် အပြင်ဘက်တွင် ရှိနေသည့် သည်းသည်းမည်းမည်း ရွာသွန်းလျက် ရှိနေသော မိုးကို စူးစိုက်ကာ ကြည့်ရှုနေ၏။ နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်သည် သူ့ကို လာရောက်ကာ ရှာဖွေပြီ ဖြစ်၏။ အဖွဲ့အစည်းသည် သူ့ကို မေ့လျော့လျက် ရှိနေသည်ဟူ၍ပင် သူက ထင်မှတ်ခဲ့၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ အိမ်သာသုံးစက္ကူ ဖြစ်သည်ဆိုလျှင်တောင်မှ အနည်းဆုံးတော့ ချီးကုန်း၍တော့ ရသေးသည် မဟုတ်ပါလား။
ကျင်းဟွေ့က ပြောလိုက်၏။ “သွားကြရအောင်.. တာဝန်ရှိတယ်”
ရှမ့်ဆယ့်သုံးသည် စိတ်လှုပ်ရှားသွားမိ၏။ ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် ဓားကို ကိုင်စွဲကာ အပြင်ဘက်သို့ ထွက်လျှောက်လိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အားအင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ မည်သည့် တာဝန်ဖြစ်သလဲ ဆိုသည်ကို သူ မမေးမြန်းချေ။ ဘာပဲလုပ်ရလုပ်ရ သူ့အတွက် အလုပ်တစ်ခု လုပ်ရပြီဆိုလျှင် အကောင်းဆုံး ဖြစ်မည်။ ဤအတိုင်းသာ အလကား ဆက်လက်ကာ ထိုင်နေရသည်ဆိုပါက သူ ကျိန်းသေပေါက် ရူးသွပ်သွားနိုင်သည်။
သူတို့သည် ရှမ့်လန်နှင့် မူလန်တို့ နေထိုင်ရာ ခြံဝင်းကလေးဆီသို့ ရောက်ရှိလာ၏။ ကျင်းဟွေ့သည် အပြင်ဘက်ဆီမှ အော်ဟစ်လိုက်၏။ “မိန်းကလေး ရှောင်ပင်း… သမက်တော်ရဲ့ အမိန့်နဲ့ မင်းကို ငါ လာရှာတာ”
ခဏလောက် ကြာပြီးသည့်နောက် ခြံဝန်းထဲတွင် ရှိနေသည့် ပြတင်းပေါက်များသည် မီးများ လင်းလာခဲ့၏။ ပြီးနောက် မီးတော်တော်များများသည် ပြန်လည်ကာ မှိတ်သွားခဲ့၏။ ပြတင်းပေါက် တစ်ခုတည်းသာလျှင် မီးလင်းကာ ကျန်ရှိခဲ့လေ၏။ ၁၅ မိနစ်ခန့် ကြာပြီးပြီးနောက် ရှောင်ပင်းသည် အိပ်ချင်မူးတူးနှင့် ထွက်လာခဲ့သည်။
“ဘာကိစ္စလဲ” ရှောင်ပင်းက မေးမြန်းလိုက်၏။
ကျင်းဟွေ့က ပြောလိုက်သည်။ “သမက်တော်က ငါ့ကို ပြောလိုက်တယ်။ နံပါတ်သုံး မြေအောက်ခန်းရဲ့ သော့က မင်းဆီမှာ ရှိတယ်တဲ့။ တောင်းလိုက်တဲ့”
ရှောင်ပင်းသည် သူမ၏ ခေါင်းကို ပုတ်လိုက်၏။ “တတိယ လျှို့ဝှက်ခန်း၊ တတိယ လျှို့ဝှက်ခန်း”
သမက်တော်သည် တကယ်ပင် စိတ်တိုစရာ ကောင်းလွန်းလှ၏။ လျှို့ဝှက်ခန်း ဒါဇင်ပေါင်းများစွာ ရှိ၏။ ထွက်ခွာသွားသည့် အချိန်တိုင်း လုံခြုံစေရန် ထိုသော့များအား သူမဆီ ပေးအပ်ခဲ့၏။ တတိယ လျှို့ဝှက်ခန်း၏ သော့ကို သူမ သတိရသွားခဲ့သည်။
ရှောင်ပင်းသည် သော့ကို ထုတ်ပြီးသည့်နောက် သမက်တော်၏ အခန်းကို ဖွင့်လိုက်၏။ အထဲတွင် ရှိနေသည့် သော့အသစ်တစ်ခုကို ကောက်ယူပြီးသည့်နောက် သမက်တော်၏ လျှို့ဝှက်ခန်းကို ဖွင့်လိုက်၏။ ထို လျှို့ဝှက်ခန်း ထဲတွင် ရှိနေသည့် ဘီဒိုတစ်ခုကို တစ်ခါ ထပ်မံဖွင့်လိုက်မိ၏။ ထိုဘီဒိုထဲတွင် ရှိနေသည့် သော့တစ်ချောင်းကို တစ်ခါ ထပ်မံကာ ထုတ်ယူလိုက်၏။
ဤမျှ ရင်းနှီးနှီးနှင့် အကုန်လုံးကို သိရှိနေလေလေသည်လား။ အဘယ်သို့ မရင်းနှီးဘဲ နေမည်နည်း။ ရှောင်ပင်းသည် ညအချိန်တွင် ဤနေရာဆီသို့ အခေါက်ပေါင်းများစွာ ရောက်ရှိလာခဲ့ဖူးသည်။
ကျင်းဟွေ့သည် ရှမ့်လန်၏ လက်ရေးစာကို အသာကမ်းပေးလိုက်၏။ သေသေချာချာ ဖတ်ရှုပြီးသည့်နောက် ရှောင်ပင်းသည် သော့ကို ပေးလိုက်၏။
“အမလေး”
ပြီးသည့်နောက် သူမသည် အသာပင် အော်ဟစ်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ပိုးထည် ညအိပ် ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ထို့ကြောင့် လက်ကို မြှောက်လိုက်သည့် အချိန်တွင် ခန္ဓာကိုယ်အသား အနည်းငယ်က ပေါ်သွားခဲ့သောကြောင့်ပင်။ သူမသည် အင်္ကျီလက်ကို အသာပြန်လည်ကာ ဆွဲဆန့်ပြီး ပြောလိုက်သည်။ “မျက်လုံး ပိတ်ထား။ ကျွန်မရဲ့ လက်တွေကို မကြည့်နဲ့။ ကျွန်မက သမက်တော်ရဲ့ မိန်းမနော်”
ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည် ဆွံ့အသွားမိကြ၏။
သူမသည် သော့ကို ပေးခဲ့ပြီးသည့်နောက် မည်သည့်စကားမှ မဆိုဘဲ ထွက်ခွာသွားခဲ့သည်။
“ပြဿနာပဲ”
ကျင်းဟွေ့သည် မည်သို့မှ မနေနိုင်ဘဲ မေးလိုက်၏။ “ရှမ့်ဆယ့်သုံး... မိန်းမယူဖို့ မင်းဆီမှာ အစီအစဉ် ရှိလား”
ရှမ့်ဆယ့်သုံးသည် ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “အင်း”
“တကယ်လို့ မိန်းမယူမယ်ဆိုရင် မင်း အပြင်ဘက်မှာ ရှာ။ သမက်တော် အနားမှာ ရှိနေတယ်ဆိုလို့ကတော့ မင်း တသက်လုံး မိန်းမရမှာ မဟုတ်ဘူး”
ရှမ့်ဆယ့်သုံးသည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ သဘောတူညီမိ၏။
ကျင်းဟွေ့သည် မြေအောက်ခန်း နံပါတ်သုံးဆီသို့သွားပြီး ကြီးမားသည့် သေတ္တာကြီး နှစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာများအား ဆီစိမ်စက္ကူဖြင့် သေသေချာချာ ရစ်ပတ်ထား၏။ သေတ္တာကို မဖွင့်ရဟု သမက်တော်က ပြောထားခဲ့၏။ အထဲတွင် ဘာရှိလဲဆိုသည်ကို သူ မမေးခဲ့ချေ။
ကြီးမားသည့် သေတ္တာကြီးတစ်ခုကို ရှမ့်ဆယ့်သုံးဆီသို့ ပေးကာ ပြောလိုက်၏။ “ဒီသေတ္တာကို ရေမစိုစေနဲ့။ ပြီးတော့ ဖွင့်လည်း မဖွင့်နဲ့။ မင်း ဆားငံကုန်းမြေရဲ့ ဘေး ရေငံဆည် နံရံအနားမှာ တွင်းတစ်ခုကို တူး။ ပြီးတော့ ဒီသေတ္တာကြီးကို ထည့်လိုက်။ ပြီးတော့ မီးရှို့ပြီးတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြေးခဲ့တော့။ ဒါဆိုရင် မင်းရဲ့ တာဝန်က ပြီးဆုံးပြီ”
ရှမ့်ဆယ့်သုံးသည် သေတ္တာကြီးကို ယူကာ ပြောလိုက်သည်။ “ကောင်းပြီ”
ကျင်းဟွေ့က ပြောလိုက်၏။ “တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို တားဆီးတယ်ဆိုရင်”
ရှမ့်ဆယ့်သုံးသည် ဖြတ်ကာ ပြောလိုက်သည်။ “အညှာအတာ မရှိ သတ်ပစ်ရမယ်”
ကျင်းဟွေ့က ပြောလိုက်၏။ “အင်း... မင်း သူတို့ကို အနိုင်မယူနိုင်ဘူးဆိုရင် အသက်အတွက်တော့ ထွက်ပြေးလို့ ရတယ်။ တကယ်လို့ ထွက်ပြေးလို့ မရဘူးဆိုရင် ဒီအရာကို မီးရှို့ပြီး တစ်ခါတည်း သေလိုက်တော့။ မင်းလက်ထဲမှာ ရှိနေတဲ့ သေတ္တာ တခြားသူတွေရဲ့ လက်ထဲကို ပါသွားလို့ မရဘူး။ နားလည်လား”
“ကောင်းပါပြီ” ရှမ့်ဆယ့်သုံးက ပြန်လည်ကာ ပြောဆိုလိုက်သည်။
ပြီးနောက် သူတို့ နှစ်ယောက်သည် အလွန်မြန်ဆန်လှသည့် မြင်းများကို ရွေးချယ်ကာဖြင့် လမ်းခွဲကာ ထွက်ခွာသွားခဲ့၏။ တစ်ယောက်သည် မြောက်ဘက်ပိုင်းတွင် ရှိနေသည့် လန်ရှန်မြို့စားလေး အိမ်တော်၏ အထက်ဘက်ရှိ ဆည်ကို ဖျက်ဆီးရန် ဖြစ်၏။ တခြားသော တစ်ယောက်မှာတော့ အရှေ့ဘက်ခြမ်းရှိ ဆားငံကုန်းမြေ၏ ရေငန်ဆည်ကြီးကို သွားရောက်ကာ ဖြိုခွင်းရန် ဖြစ်၏။
………
ဤအချိန်မှာတော့ မြို့စားလေး ကျူးလန်ထင်သည် နုကျန့်အမဲလိုက်မြေ တည်နေရာဆီမှ လက်ရွေးစင် စစ်သည် ၁၅၀ တို့ကို ဦးဆောင်ပြီး ရွှမ်ဝူမြို့ဆီသို့ အလျင်အမြန် လာလျက် ရှိနေ၏။ အချိန်ကွာခြားမှုက တကယ်ပင် ကျပ်တည်းလို့နေလေသည်။
.....
နောက်တစ်နေ့ မနက်ခင်း
မိုးများသည် သည်းကြီးမည်းကြီး ရွာသွန်းလျက် ရှိနေတုန်းပင်။ ရာသီဥတု တစ်ခုလုံးကလည်း တကယ့်ကို ထူးဆန်းနေ၏။ ယနေ့ ကျင်းချန်ကျွန်း တိုက်ပွဲအတွက် အဖြေကို ကြေညာရမည့်နေ့ပင် ဖြစ်၏။ ကျင်းချန်ကျွန်း ပိုင်ရှင် မည်သူဖြစ်သနည်းကို တိတိကျကျ သိရပေတော့မည်။
မူလန်သည် တကယ့်ကို ကြည့်ကောင်းလွန်းသည့် ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ သူမသည် နောက်ဆုံးတော့ ထိုအရာကို ဝတ်ဆင်ရန်အတွက် အခွင့်အရေး ရခဲ့ပြီ ဖြစ်၏။ ရှမ့်လန်၏ ဘေးတစ်ဖက်တွင် အလွန်ကြည့်ကောင်း လှစွာဖြင့် မတ်မတ်ရပ်လျက် ရှိနေပြီး လူအုပ်ကြီး တစ်ခုလုံးကို သူမ၏ အလှအပဖြင့် လွှမ်းမိုးထားခဲ့၏။
ဤနေရာတွင် လူပေါင်းများစွာ တည်ရှိလို့နေခဲ့ပြီး မိန်းကလေးပေါင်းကလည်း ၁၀၀ ကျော်ခန့် ရှိ၏။ အားလုံးသော သူတို့သည် တော်ဝင်မျိုးနွယ်၏ သမီးများဖြစ်ပြီး ရေတွက်၍မရအောင် များပြားသည့် အလှအပများအဖြစ် သတ်မှတ်၍ ရ၏။ သို့ပေမည့် မူလန် လှပလွန်းလှစွာ ဝတ်ဆင်လာသည့် အချိန်မှာတော့ အားလုံးသောသူတို့အား လွှမ်းမိုးနိုင်သည့် မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့သည်။
ရှမ့်လန်သည် လူအုပ်ထဲသို့ အသာလှမ်းကာ ကြည့်ရှုလိုက်၏။ လန်ရှန်မြို့စားလေး ကျူးလန်ထင် မရှိသည်ကို မြင်လိုက်ရ၏။ ထို့အပြင် နုရှောင်မြို့ဆီမှ ချောင်ရှောင်းလည်း မရှိချေ။ ရန်သူများသည် တကယ့်ကို အောက်ခြေစည်းမျဉ်း ဟူ၍ မရှိချေ။ သူ ထင်မှတ်ထားသည့် အတိုင်းပင် ဖြစ်၏။ ဤကဲ့သို့ အရှက်မဲ့သည့် လူများနှင့် ရင်ဆိုင်သည့် နေရာတွင် သွားတစ်ချောင်းအတွက် သွား၊ သွေးတစ်စက် အတွက် သွေး ပြန်လည်ကာ တောင်းခံရမှာ ဖြစ်၏။
ကျူးလန်ထင်သည် သူ၏ မြေပိုင်နက်အားလုံး ရေလွှမ်းမိုးသွားခဲ့ပါက မည်ကဲ့သို့ ဖြစ်မည်နည်း ဆိုသည်ကို သူ သေသေချာချာ သိချင်နေမိသည်။
“တိတ်ကြတော့”
အော်သံတစ်ခုနှင့်အတူ လူပေါင်းများစွာတို့က တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ လူပေါင်း ၁၀၀ ကျော်တို့သည် စီစီရီရီဖြင့် ထိုင်လျက် ရှိနေ၏။
နင်ချီသည် ကြည်လင်ရှင်းလင်းသည့် အသံဖြင့် ပြောဆိုလိုက်သည်။ “ကျင်းချန်ကျွန်းအတွက် တိုက်ပွဲ သုံးခုက ပြီးဆုံးသွားခဲ့ပြီ။ ကျုပ် ကြေညာတယ်။ ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရတဲ့ လုပ်ငန်းစဉ်တွေ အကုန်လုံးက မျှတတယ်။ တိုက်ပွဲအတွက်ရတဲ့ ရလဒ်ကလည်း မျှတတယ်။ ကျင်းချန်ကျွန်း တိုက်ပွဲအတွက် နောက်ဆုံးအနိုင်ရတဲ့ လူက ရွှမ်ဝူအိမ်တော် ... ကျင်းမိသားစုပဲ။ ဒီနေ့ကစပြီး ကျင်းချန်ကျွန်းကို ကျင်းမိသားစုက ထာဝရ ပိုင်ဆိုင်လိမ့်မယ်”