← Chapters

အပိုင်း (၁၆၅)

Vol. 12 Ch. 165

အပိုင်း (၁၆၅)

Vol. 12 Ch. 165

ရွှမ်ဝူက ပြောလိုက်၏။ “ချောင်ထျန်းဝေက ဒါဆိုရင် ဘယ်လိုဖြစ်မလဲ။ ချောင်ထျန်းဝေက ကျိန်းသေပေါက် ပြန်ပြီး လက်စားချေမှာပေါ့။ စစ်တပ်ကြီး တစ်ခုလုံးကို ခေါ်ဆောင်လာခဲ့ပြီး ငါတို့ကို တိုက်ခိုက်လိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ စစ်တပ်ကြီးက ကုန်းပေါ်က အတွင်းပိုင်းကို လာရဲမှာ မဟုတ်ဘူး။ သူတို့က ဝမ်ကျားကျွန်းနှင့် ကျင်းချန်ကျွန်းကိုပဲ တိုက်ခိုက်လိမ့်မယ်”

“ဟုတ်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “သူတို့က သူတို့ရဲ့ စစ်တပ်တွေ အကုန်လုံးကို ကျင်းချန်ကျွန်းကို စေလွှတ်လိမ့်မယ်။ အဲဒီအချိန်ကျရင် သူက ကျင်းချန်ကျွန်းနှင့် ဝမ်ကျားကျွန်းကို တိုက်ခိုက်လိမ့်မယ်။ ကျုပ်တို့ကလည်း အဲဒီအချိန်မှာ တပ်အားအင် ပိုတိုးအောင် ပြုလုပ်ထားရမယ်။ ဒါပေမဲ့ ရည်ရွယ်ချက်က ကျင်းချန်ကျွန်းကို ကာကွယ်ဖို့ သက်သက်မဟုတ်ဘူး။

ဝမ်ကျားကျွန်းရဲ့ မဟာဗျူဟာက ရွှေဒင်္ဂါးသန်းနဲ့ချီပြီး ကျုပ်တို့ကို ရှာဖွေပေးလိမ့်မယ်။ လောကကြီး တစ်ခုလုံးကလည်း တုန်လှုပ်စေလိမ့်မယ်။ ဝမ်ကျားကျွန်းက ကျုပ်တို့ရဲ့ အဓိက အခြေခံအဖြစ် ဖြစ်တယ်လို့ အားလုံးက ခံစားရမယ်။ ပြီးရင် ကျုပ်တို့ကဝမ်ကျားကျွန်းကို အရှုံးပေးရတာထက် ရှိရှိသမျှ ကျုပ်တို့ရဲ့ မြေပိုင်နက်အားလုံးကို အလျော့ပေးဖို့ အဆင်သင့် ဖြစ်နေတဲ့ ပုံစံမျိုး ဖြစ်ရမယ်။ ဒါမှ လူတွေ အကုန်လုံးက ကျုပ်တို့ ရှိရှိသမျှ အရာအားလုံးကို အသုံးပြုပြီး ဝမ်ကျားကျွန်းကို ကာကွယ်နေပါတယ် ဆိုတာကို သိရှိကြမှာလေ။

ချောင်ထျန်းဝေက ဝမ်ကျားကျွန်းကို လာပြီးတော့ ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့က ဒီကျွန်းကို ချက်ချင်းပဲ စွန့်ခွာရမယ်။ ကျုပ်တို့ကို ချောင်ထျန်းဝေ အင်ပြည့်အားပြည့် လာတိုက်ခိုက်ပြီဆိုရင် နုရှောင့်မြို့က ဗလာဟင်းလင်း ဖြစ်နေပြီ။ ဘယ်အစောင့်အရှောက်မှ မရှိတဲ့ လမ်းကြီးတစ်ခုကို ကျုပ်တို့က လွယ်လွယ်ကူကူ ရှေ့ဆက်သွားမယ်။

ကျုပ်တို့ရဲ့ နောက်ဆုံးရည်ရွယ်ချက်ကတော့ နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်းစု တစ်ခုလုံးကို သိမ်းပိုက်ဖို့ပဲ။ ပင်လယ်ပြင်တစ်ခုလုံးမှာ ဘုရင်ဖြစ်ဖို့၊ ရွှဲ့ပြည်နယ်ရဲ့ အရှေ့ဘက်ပင်လယ် ရေပိုင်နက်ကြီးတစ်ခုလုံးကို ကျုပ်တို့ ပိုင်ဆိုင်ဖို့ပဲ။ ဘုရင်မင်းမြတ်က စစ်သည်ပေါင်းများစွာကို စေလွှတ်ပြီး နုရှောင့်မြို့ကို ကျုပ်တို့ လက်ထဲကနေ လုယူ တိုက်ခိုက်ဖို့ စီစဉ်နိုင်လား။ လုံးဝ ရမှာ မဟုတ်ဘူး။

ပြီးတော့ လေ့ကျိုးကျွန်းစုက ဝူပြည်နယ်နှင့် အရမ်းနီးကပ်တယ်လေ။ ကျုပ်တို့သာ လေ့ကျိုးကျွန်းစုကို အပိုင်သိမ်းနိုင်ပြီ ဆိုရင် မြောက်ဘက်ပိုင်းမှာ ရှိနေတဲ့ ဝူတိုင်းပြည်ကလည်း ကျုပ်တို့အပေါ် ကောင်းမွန်တဲ့ စိတ်ဆန္ဒတွေ ပြလိမ့်မယ်။ ပြီးတော့ ကျုပ်တို့ကို ခေါ်ယူဖို့အတွက် စဉ်းစားလိမ့်မယ်။ သူတို့က နယ်စားဘွဲ့ထူး ကိုတောင် ပေးဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်။ ရွှဲ့ပြည်နယ်က ဝူဝေမင်းကြီး ပျံ့ရှောင်းကို ဆင့်ခေါ်ခဲ့သလိုပေါ့။

ဒီအချိန်ကျရင် အဖေက ဘုရင်မင်းမြတ်ကို သွားပြီး သတင်းပို့ရုံပဲ။ ကျင်းမိသားစုက ဓားပြတွေ အကုန်လုံးကို သုတ်သင်ခဲ့ပြီးတော့ ရွှဲ့ပြည်နယ်ရဲ့ လေ့ကျိုးကျွန်းစုကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ရွှဲ့ပြည်နယ်အတွက် နယ်မြေသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီလို့ သတင်းပို့ရုံပဲ။ အဲဒီအချိန်ကျရင် ဘုရင်မင်းမြတ်က ဘာလုပ်မလဲ။”

ရွှမ်ဝူက ပြောလိုက်၏။ “သူက ငါ့ကို နယ်စားရာထူး ပေးပြီးတော့ ခေါ်ထားရတော့မှာပေါ့။ အစိုးရသစ် မူဝါဒကို လက်တွေ့လုပ်ကိုင်နေသူတွေ ခေါင်းမီးတောက်သွားလိမ့်မယ်။ ကျင်းမိသားစုရဲ့ ခေါင်းပေါ်မှာ ရှိနေတဲ့ ဓားကလည်း ပျောက်ဆုံးသွားလိမ့်မယ်။ ငါတို့ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်ပြီပေါ့”

“ဟုတ်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါ ကျုပ်ရဲ့ ပြည့်စုံလွန်းတဲ့ အကြံအစည်တစ်ခုပဲ။ ကျင်းချန်ကျွန်းနှင့် ဝမ်ကျားကျွန်းကို ကြည့်… ကျုပ်တို့ အားလုံးက သေသေချာချာ အလုပ်လုပ်မှ ဖြစ်မယ်။ ဒီကျွန်းနှစ်ခုကနေ ကျုပ်တို့ ပိုက်ဆံ ဘယ်လောက်ရှာနိုင်တယ် ဆိုတာ အရေးမကြီးဘူး။ ဘယ်လောက် ရှာနိုင်တယ် ဆိုတာကလည်း အသုံးမဝင်ဘူး။ အစိုးရရဲ့ မူဝါဒအသစ်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ကျုပ်တို့ ဖြေရှင်းနိုင်နေသမျှ ကျုပ်တို့ရဲ့ ချမ်းသာမှု၊ ကျုပ်တို့ရဲ့ နေထိုင်မှုက ငြိမ်းချမ်းလာလိမ့်မယ်”

“ဒါ့ကြောင့် ကျင်းချန်ကျွန်းကို ကျုပ်တို့က အဆိပ်ထောင်ချောက် တည်နေရာအဖြစ် ဖန်တီးရတော့မယ်။ ပြီးတော့ ပင်လယ်ပြင်ကို အုပ်စိုးမယ့် ကျုပ်တို့ရဲ့ မဟာဗျူဟာသာ အောင်မြင်သွားခဲ့မယ်ဆိုရင် ကျင်းချန်ကျွန်းနှင့် ဝမ်ကျားကျွန်းတို့ကိုလည်း ကျုပ်တို့ ပိုင်ဆိုင်နေအုံးမှာပဲ”

ရွှမ်ဝူနှင့် မူလန်တို့သည် ချက်ချင်းပဲ ကြောင်အသွားခဲ့၏။ ရှမ့်လန်သည် တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ မိသားစု၏ အကြပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပြီးသည့်နောက် သူ စီစဉ်ထားသည့် အရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာဖြစ်၏။ ရှေ့ဆီသို့ တစ်လှမ်း၊ နှစ်လှမ်းတင် မကဘဲ သုံးလှမ်း၊ လေးလှမ်းအထိပင် ကြိုတင်ကာ လှမ်းခဲ့ပြီးသား ဖြစ်၏။

(စစ်တုရင်ကစားခြင်းတွင် ပြိုင်ဘက်၏ တန်ပြန်ရွေ့ကွက်ကို စဉ်းစားနိုင်သူအား စဦးကစားသမားအဖြစ် သတ်မှတ်ကြသည်။ ရုတ်တရက် ပြောင်းလဲ၍ ရွေ့သွားနိုင်သည့်လမ်းကို မြင်သူအား အလတ်အလတ်အဆင့် ကစားသမားဟု သတ်မှတ်သည်။ ပြိုင်ဘက်၏ ရှေ့ သုံးလေးကွက်ကို ကြိုတင်မြင်နိုင်ပြီး လမ်းကြောင်းပေး ဆော့ကစားနိုင်သူတွေကိုတော့ ကျွမ်ကျင်သူဟု ခေါ်ဆိုပြီး ထိုသို့ဆော့ကစားခြင်းကို ဗျူဟာမြောက် ဆော့ကစားခြင်းအဖြစ် သတ်မှတ်သည်။ ကမ္ဘာနံပတ်တစ် စစ်တုရင်ကစားသမား Magnus carlsen ကို တိကျတဲ့ စစ်ဆေးချက် မဟုတ်သော်လည်း IQ 145+ ဟု သတ်မှတ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ patrern recogniton , calculation and logical thinking , short time working memory တို့ကြောင့်ပင်။ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ရှမ့်လန်၏ IQ အား နောက်အပိုင်းများတွင် ပိုမိုထင်ရှားစွာ မြင်နိုင်ပါလိမ့်မည်။ - ဘာသာပြန်သူ)

ဝမ်ကျားကျွန်းသည် ကျင်းမိသားစု၏ အဓိက ပိုင်ဆိုင်သည့် အရာဖြစ်၏။ ကျင်းချန်ကျွန်းကတော့ ပိုမိုကာဖြင့် အရေးကြီးမား၏။ သို့ပေမည့် လက်ရှိအချိန်တွင်တော့ ရှမ့်လန်သည် ထိုအရာများ အားလုံးကို ငါးစာအဖြစ် အသုံးပြုရ်န စီစဉ်လျက် ရှိနေ၏။ ချောင်ထျန်းဝေ တစ်ယောက် လောဘတကြီးနှင့် ရောက်ရှိလာစေရန် သူက မြှားခေါ်နေခဲ့၏။ ဤအရာနှစ်ခုကို အသုံးပြုပြီးနောက် လေ့ကျိုးကျွန်းစု တစ်ခုလုံးကို သူက သိမ်းဆည်းရန် ကြံစည်လျက် ရှိ၏။

ဤမျှရဲတင်းပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အကြံအစည်ဖြင့် မဟာဗျူဟာများကို ရေးဆွဲနိုင်ခြင်း ဆိုသည်မှာ အံ့ချီးလောက်စရာပင် ဖြစ်၏။ ပင်လယ်ရေပိုင်နက် တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည် ဆိုပါက သူတို့သည် မည်ကဲ့သို့သော သူများကိုမဆို ခေါင်းငုံ့ကာ ကြည့်ရှုနိုင်မည့် အခြေအနေမျိုးပင် ဖြစ်၏။ ဤ မဟာဗျူဟာသည်သာ အောင်မြင်သွားသည် ဆိုပါက ရွှမ်ဝူအိမ်တော်၏ ဘိုးဘေး ကျင်းကျူးထက်ပင် ပိုမိုကာ ဂုဏ်သိက္ခာ ကြီးမားသည့်လူ ဖြစ်လာပေလိမ့်မည်။

“ပင်လယ်ပြင် တစ်ခုလုံးကို အုပ်ချုပ်နိုင်ခွင့်က မိသားစုရဲ့ ဘေးအန္တရာယ်တစ်ခုလုံးကို ဖြေရှင်းနိုင်ရုံသာ မကဘူး။ ရန်သူအားလုံးကို မြှုပ်နှံဖို့ နည်းလမ်းလည်းဖြစ်တယ်” ရှမ့်လန်က ပြောလိုက်၏။

“ကျုပ်တို့ရဲ့ စစ်တပ်အားအင်က ချောင်ထျန်းဝေထက် သာရမယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ မသာနိုင်သေးဘူး။ အရင်ဆုံး ချောင်ထျန်းဝေကို ထောင်ချောက်တစ်ခုစီကို ရဲရဲကြီး နင်းလာအောင် စီစဉ်ရမယ်”

ကျင်းမူလန်က ပြောလိုက်သည်။ “ယောက်ျား… နုရှောင့်မြို့ကို အပိုင်သိမ်းဖို့ ဆိုတာ လွယ်ပါ့မလား။ ဒါ့ကြောင့်လည်း ရှစ်ချင်းချင်းကို ချောင်ယောင်းအာဆီကို ပို့လိုက်တာလား”

ရှမ့်လန်က ပြောလိုက်၏။ “ရှစ်ချင်းချင်းက အသုံးဝင်ဖို့တော့ မျှော်လင့်မိတယ်။ သူမက အရေးကြီးတဲ့ စစ်တုရင် အရုပ်တစ်ခုပဲ။ ဒါပေမဲ့ သူ့ကို အစီအစဉ်ထဲမှာ ထည့်မတွက်ထားဘူး”

သူသည် ပန်းများကို ရည်ရွယ်ချက် ရှိရှိနှင့် စိုက်ပျိုးထားခြင်း မဟုတ်ချေ။ ထိုပန်း ပွင့်ခြင်း၊ မပွင့်ခြင်းက အရေးမကြီးလှချေ။ ရှမ့်လန်အနေနှင့် ထိုပန်းသည် အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဆိုသလို သတ်မှတ်ခဲ့ခြင်း သာလျှင် ဖြစ်၏။ ကျင်းချန်ကျွန်းတိုက်ပွဲကိုသာ အနိုင်ရရှိသည် ဆိုပါက အရင် သဘောတူညီချက်အတိုင်း ရှစ်ချင်းချင်းသည် ရှမ့်လန်၏ စကားကို နားထောင်ကာဖြင့် နုရှောင့်မြို့ဆီသို့ သွားရောက်ကာ မင်းသမီးလေး ချောင်ယောင်းအာကို ဆွဲဆောင်ရန် ကြိုးစားမှာ ဖြစ်သည်။

သူမ၏ စကားတည်ရန်အတွက် သူ မျှော်လင့်နေမိ၏။ သူမ စကားမတည်ပါကလည်း ရှမ့်လန် ဘာလုပ်ရ မည်နည်း။ ကိစ္စမရှိချေ။ သူ့၌ အရံအစီအစဉ်များ ရှိနေသေး၏။

‘ရှစ်ချင်းချင်း… ငါ့ရဲ့ မိန်းမဟောင်း… မင်း ငါ့ကို စိတ်မပျက်စေနဲ့’

……………….

နုကျန့်ခရိုင် အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် သူ၏ခရိုင်မြို့သို့ ချက်ချင်းမပြန်သေးဘဲ နုကျန့်မြစ်အနီးရှိ ခြံဝင်း တစ်ခုတွင် နေရာယူ စတည်းချလိုက်သည်။ ထို့နောက် သူသည် ပြတင်းပေါက်တွင်ရပ်ကာ တဟုန်ထိုး စီးဆင်းနေသော မြစ်ရေကို မလှုပ်မယှက် စိုက်ကြည့်နေခဲ့၏။

သူသည် အစိုးရအဖွဲ့ထဲတွင် နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ရ၏။ အကြောင်းမှာ သူသည် နောက်ခံအထောက်အပံ့ မရှိသည့်အပြင် ခေါင်းမာလွန်းသူတစ်ယောက်ဖြစ်သည်။ ထို့အပြင် မျက်နှာချိုသွေးကာ မြှောက်ပင့်ပြောဆိုခြင်း၌ ညံ့ဖျင်းလွန်း၏။ ထို့ကြောင့် အစိုးရအဖွဲ့ထဲတွင် သူ၏ ပထမဆယ်နှစ်ကျော်ကာလမှာ အောက်ခြေတွင်သာ လုံးပန်းခဲ့ရသည်။

အတိတ်ကာလတုန်းက သူသည် အဆင့်မြင့်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သူဖြစ်ပြီး အောင်မြင်မှုနှင့်အတူ မာန်တက်ခဲ့သူဟု ဆိုနိုင်၏။ သို့ပေမည့် အစိုးရအဖွဲ့တွင် နှစ်အနည်းငယ်ကြာ အလုပ်ကြမ်းလုပ်ခဲ့ရပြီး အတွင်းဝန်ရုံးတွင်လည်း နှစ်အနည်းငယ်ကြာ တောက်တိုမယ်ရ အလုပ်များ လုပ်ခဲ့ရ၏။

ထိုဌာနများသည် အစိုးရအဖွဲ့၊ အတွင်းဝန်ရုံးဆိုသည့် နာမည်အားဖြင့် အလွန်ခန့်ညားသယောင်ရှိသော်လည်း အသုံးမဝင်သော အာဏာအနည်းငယ်မှလွဲ၍ ဘာမှမရှိပေ။ နေ့စဉ်နေ့တိုင်း ရေးလိုက်၊ ကူးလိုက်ဖြင့် လူတိုင်း၏ အော်ဟစ်ခိုင်းစေခြင်းကိုသာ နာခံနေရသည်။

သူဌေးသူကြွယ်သားသမီးများအတွက် ထိုနေရာများသည် ရာထူးတက်မည့် နေရာများဖြစ်သော်လည်း သာမန်လူတစ်ယောက်အတွက်မူ မာနများ၊ ထက်မြက်မှုများကို အကုန်တိုက်စားခံလိုက်ရသည့် နေရာမျိုးသာ ဖြစ်၏။

အတွင်းဝန်ရုံးဆိုသည်မှာ ဝန်ကြီးချုပ်၏ လက်အောက်ဌာနဖြစ်သည်။ နောက်ဆုံး ကျန်းချုံး အလုပ် လုပ်ကိုင်ခဲ့သည့် တတိယနှစ်သို့ရောက်ချိန်မှာတော့ အတွင်းဝန်ရုံးနှင့် ပြည်နယ်ဆိုင်ရာ စာပေးစာယူဌာနတို့ကို လုံးဝဖျက်သိမ်းလိုက်ပြီး ပြည်နယ်သုံးခုကို ပေါင်းစည်းကာ ဝန်ကြီးဌာနအဖွဲ့အဖြစ် ဖွဲ့စည်းလိုက်သည်။

အရေးမပါသည့် အောက်ခြေအရာရှိအများအပြားကို ရှင်းလင်းဖယ်ရှားခဲ့ရာတွင် ကျန်းချုံးသည် မြို့တော်မှ ထွက်ခွာခဲ့ရပြီး ဝေးလံခေါင်ဖျားသော မြို့ငယ်လေးတစ်မြို့တွင် မြို့တော်ဝန်အဖြစ် စတင်တာဝန်ထမ်းဆောင် ခဲ့ရ၏။ မြို့တော်ဝန် ရာထူးဖြင့်ပင် ဆယ်နှစ်ကျော်ကြာခဲ့၏။

လွန်ခဲ့သော နှစ်အနည်းငယ် တုန်းကျန်းမြို့စားကို ရှင်းလင်းဖျက်ဆီးခဲ့သည့် စစ်ဆင်ရေး၌ သူသည် ဘုရင်မင်းမြတ်နှင့် အုပ်ချုပ်ရေးမှူးချုပ် ကျူးကျွင်းတို့၏ မျက်လုံးထဲသို့ ရောက်ရှိသွားစေ၏။ ထိုမှစ၍ သူ၏ဘဝသည် ချက်ချင်း ထိုးတက်သွားခဲ့ပြီး မြို့တော်တွင် အချိန်တိုအတွင်း ရာထူးတက်ရန် လမ်းကြောင်း ဖန်တီးနိုင်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ချက်ချင်းရာထူးတိုးမြှင့်ခံခဲ့ရသည်။

အထက်တွင် ပြည်နယ်အလိုက် အကြီးအကဲကြီးများ ရှိနေသေးသောကြောင့် ရာထူးမှာ မတည်မြဲလှပေ။ ယခုတစ်ကြိမ်၌ ရွှမ်ဝူမြို့စားအိမ်တော်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပါက သူသည် ယန်ကျိုး ပြည်နယ်အုပ်ချုပ်ရေးမှုး ဖြစ်ရန် သေချာသလောက်ရှိပြီး ဤသည်မှာ သူ၏ဘဝအတွက် နဂါးတံခါးကို ကျော်ဖြတ်ရသကဲ့သို့ အခွင့်အရေးကြီးတစ်ခုပင် ဖြစ်၏။

ယန်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှုးရာထူးသည် မူဝါဒသစ်ကို အကောင်အထည်ဖော်ရန် သို့မဟုတ် ရက်စက်သော အစိုးရ အရာရှိတစ်ဦးဖြစ်ရန် မဟုတ်ပေ။ ကျန်းချုံး၏ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးရာများတွင် ဘက်စုံထူးချွန်သည့် စွမ်းရည်ကို စမ်းသပ်ခြင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယန်ကျိုးသည် မူလက ဝူတိုင်းပြည်၏ ပိုင်နက်ဖြစ်ပြီး စစ်သူကြီး ပျံ့ရှောင်၏ ကြိုးစားမှုကြောင့် ရွှဲ့ပြည်နယ်၏ ပိုင်နက်ဖြစ်လာခြင်းပင်။

နှစ်ပေါင်းနှစ်ဆယ်ကြာသော်လည်း ဤဒေသရှိ လူထု၏စိတ်ဓာတ်မှာ လုံးလုံးလျားလျား လက်အောက်မခံသေးပေ။ ဝူတိုင်းပြည်၊ ချူတိုင်းပြည်၊ မဟာယန်အင်ပါယာမှ ကုန်သည်များ၊ သူလျှိုများနှင့် ပွဲစားများက ဤနေရာတွင် လှုပ်ရှားသွားလာနေကြပြီး ကောင်းသူဆိုးသူ ရောနှောနေထိုင်ကြ၏။

ဤနေရာတွင် နယ်စားအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် လုပ်ရည်ကိုင်ရည်အတွက် ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့ပါက နောက်တစ်ဆင့်အနေဖြင့် မြို့တော်၏ အာဏာ ဗဟိုချက်သို့ တိုက်ရိုက် ဝင်ရောက်ကာ ဒုတိယဝန်ကြီးခြောက်ဦးထဲမှ တစ်ဦး၊ ထို့နောက် ဝန်ကြီးခြောက်ဦးထဲမှ တစ်ဦး၊ နောက်ဆုံးတွင် ဝန်ကြီးဌာနအဖွဲ့၏ ဝန်ကြီးချုပ်အနည်းငယ်ထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်၏။ ထိုအချိန်သည် ဘဝ၏ အထွတ်အထိပ်ပင်။

ဘုရင်မင်းမြတ်သည် သူ ကျန်းချုံးကို ရက်စက်သော အရာရှိတစ်ဦး၊ ဓားတစ်လက်အဖြစ် သတ်မှတ်ထားသည်။ သို့ပေမည့် သူ့ကို ထိုရက်စက်သော အရာရှိအဖြစ်သာ အသုံးချလိုခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ အမှန်တကယ် အားကိုးရသော ကျောက်တိုင်တစ်တိုင်ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးလိုသည်။

ယခင်က အစိုးရအဖွဲ့ထဲတွင် အချိန်ဖြုန်းခဲ့ရပြီး ကြီးမားသောရည်မှန်းချက်များ အကောင်အထည်မဖော်နိုင်ခဲ့သည့် အချိန်များတွင် ကျန်းချုံးသည် နုကျန့်မြစ်အနီးတွင် မကြာခဏ လာရောက်နေထိုင်ကာ တဟုန်ထိုးစီးဆင်း နေသော မြစ်ရေကို ကြည့်ရှုလေ့ရှိသည်။ ထိုအခါ သူ၏နှလုံးသားသည် တဖန်ပြန်လည် တောက်လောင်လာခဲ့ပြီး စိတ်ဓာတ်များ မြင့်မားလာခဲ့၏။ နိုင်ငံရေးဒီရေသည် မည်မျှပင် ပြင်းထန်စေကာမူ၊ မျက်စိရှေ့မှ ဤတဟုန်ထိုး စီးဆင်းနေသော မြစ်ရေနှင့် နှိုင်းယှဉ်နိုင်ပါမည်လား။

“ကျုပ် ကျန်းချုံးက ဒီနုကျန့်မြစ်ရဲ့ ဒီရေဖြစ်ပြီး ရွှမ်ဝူမြို့စားအိမ်တော်က မြစ်ထဲမှ ကျောက်တုံးအစအနတစ်ခုပဲ”

မည်မျှပင် မာကျောသော ကျောက်တုံးဖြစ်စေကာမူ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သော ဒီရေကို တားဆီး နိုင်မည်မဟုတ်ချေ။ တစ်နေ့တွင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး ကျောက်စရစ်ခဲများအဖြစ် ပြောင်းလဲကာ လွင့်ပါသွားရမည်သာ ဖြစ်သည်။

ကျန်းချွင်းဟွာသည် ဆေးရည်တစ်ခွက်ကို ယူလာပြီး နူးညံ့သောအသံဖြင့် ပြောလိုက်၏။ “အဖေ… မြစ်ကမ်းနားမှာ လေပြင်းတယ်။ အဖေ့ရဲ့ကျန်းမာရေးက မကောင်းသေးဘူးနော်”

ကျန်းချုံးသည် ဆေးခွက်ကို တစ်ချက်မော့သောက်ကာ ပြောလိုက်သည်။ “ချွင်းဟွာ၊ အဖေ မင်းအပေါ်မှာ တာဝန် မကျေခဲ့ဘူး။ မင်းရဲ့ခံစားချက်တွေကို အရှင်လတ်လတ် လည်မြိုညှစ်ထားရသလို ဖြစ်စေခဲ့တယ်”

ကျန်းချွင်းဟွာက ခေါင်းခါလျက် ပြောလိုက်သည်။ “ချစ်ခင်စုံမက်ကြတယ်ဆိုတာက အားလပ်ချိန်မှာ အပန်းဖြေစရာ တစ်ခုသက်သက်ပါပဲ။ မိသားစုရဲ့ ကံကြမ္မာနဲ့ယှဉ်ရင် ဘာများအရေးပါလို့လဲ။ ခံစားချက်ဆိုတာလည်း ဘာမှမဟုတ်ပါဘူး၊ မျိုးပွားလိုစိတ်တစ်ခုပါပဲ။ နောက်ဆုံးတော့လည်း ခဏတာ စိတ်ခံစားချက်ကောင်းမှုတစ်ခုအတွက်ပဲ မဟုတ်လား”

စကားဆက်ပြောရန် ခက်ခဲသွားချေပြီ။

ကျန်းချွင်းဟွာက ဆက်ပြောလိုက်၏။ “အဖေ… ရှမ့်လန် ကျင်းချန်ကျွန်းပြိုင်ပွဲကို နိုင်သွားတာက ကျွန်မတို့အတွက် အရမ်းဆိုးဝါးသွားသလား”

ကျန်းချုံးက ဖြေလိုက်၏။ “ပြင်းထန် ဆိုးဝါးသွားတာပေါ့။ ငါက ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ ကံကြမ္မာကို အတော်အတန် နူးညံ့တဲ့နည်းလမ်းနဲ့ အဆုံးသတ်နိုင်ဖို့ နေရာတကာကနေ ပုန်းကွယ်ကစားနိုင်ခဲ့တယ်။ အရမ်းပြင်းထန်တဲ့ နည်းလမ်းတွေ သုံးစရာမလိုဘူး၊ သွေးထွက်သံယို တိုက်ခိုက်စရာမလိုဘူး။ ဒါဟာ အောင်မြင်တဲ့ နိုင်ငံရေးသမား တစ်ယောက်ရဲ့ လုပ်ရပ်ပဲ။ တကယ်လို့ ခေါင်းတွေ တလိမ့်လိမ့်ကျအောင် သတ်ဖြတ်ပြီး ကျင်းကျိုးမြို့စားကို မိသားစုနဲ့တကွ ပြိုကွဲပျက်စီးစေခဲ့မယ်ဆိုရင် ငါ့ရဲ့စွမ်းရည်က အောက်တန်းကျသွားသလို ဖြစ်သွားလိမ့်မယ်”

“ရွေးချယ်စရာသာရှိရင် ချောင်ထျန်းဝေလို တိရစ္ဆာန်မျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။ ဒါက ငါ့ရဲ့ အနာဂတ် နိုင်ငံရေးဘဝအတွက် အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အခု ကျင်းမိသားစုက ကျင်းချန်ကျွန်း ပြိုင်ပွဲကို နိုင်သွားတော့ အခြေအနေက နိုင်ငံရေးတိုက်ပွဲကနေ စစ်ရေးတိုက်ပွဲအဖြစ် ချက်ချင်းပြောင်းလဲသွားပြီ။ ဒီလိုဆိုရင် သွေးချောင်းစီးရတော့မှာပဲ။ ပြီးတော့ ငါ ကျန်းချုံးရဲ့ ဂုဏ်သတင်းကလည်း ပိုဆိုးသွားရတော့မယ်”

ကျန်းချွင်းဟွာက မေးလိုက်သည်။ “ကျင်းချန်ကျွန်းပြိုင်ပွဲကို နိုင်သွားပေမယ့် ရွှမ်ဝူမြို့စားအိမ်တော် ရင်ဆိုင်နေရတဲ့ အခက်အခဲက ပြောင်းလဲမသွားဘူး မဟုတ်လား။ အန္တရာယ်က ပိုတောင် ပြင်းထန်လာသေးတယ် မဟုတ်လား”

ကျန်းချုံးက ပြောလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ မူဝါဒသစ်အပေါ် ဆုံးဖြတ်ချက်က မပြောင်းလဲသရွေ့ ကျင်းမိသားစုရဲ့ အကျပ်အတည်းက ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး။”

ဤစကားသည် အမှန်တရားကို အပြည့်အဝ ဖော်ပြနေသည်။ ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံက နိုင်ငံငယ်လေးတစ်ခုကို နယ်မြေအငြင်းပွားမှုဖြင့် ဆုံးမရန် ကြိုးစားသည်နှင့် တူသည်။ အင်အားကြီးနိုင်ငံက နိုင်သွားလျှင် အားလုံးပျော်ရွှင်ကြမည်။ အကယ်၍ ရှုံးသွားပါက မျက်နှာသာရစေရန်နှင့် နိုင်ငံတကာတွင် မိမိ၏ ရပ်တည်မှုကို ခိုင်မာစေရန် အရှက်ပြေဒေါသထွက်ကာ နိုင်ငံတစ်ခုလုံးကို ဖျက်ဆီးပစ်မည့် စစ်ပွဲအဆင့်သို့ တိုးမြှင့်လိုက်လိမ့်မည်။

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဒါဆိုရင် ရွှမ်ဝူမြို့စားအိမ်တော် လုံးဝပျက်စီးသွားမယ့် အချိန်ကို စောင့်ပြီးမှ ကျွန်မ ရှမ့်လန်ကို ပြန်သိမ်းပိုက်ရင်လည်း နောက်မကျသေးပါဘူး”

ကျန်းချုံးသည် နားကိုပင် ပိတ်ထားချင်စိတ်ပေါက်သွားသော်လည်း သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။ “ဒီလို ဖြစ်နိုင်ချေ မရှိဘူး။ အောင်နိုင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အရင်ကဆို အသက်ရှင်နိုင်သေးတယ်။ ဒါပေမဲ့ အခု အလောင်းတွေ ထပ်နေရုံပဲ ရှိတော့မှာပဲ”

All Chapters