← Chapters

အခန်း (၄၉၈)

Vol. 36 Ch. 498

အခန်း (၄၉၈)

Vol. 36 Ch. 498

လီထန်းမြို့။

တင်းအိမ်တော်ဝယ် ဧည့်သည်များနှင့် စည်ကားနေသည်။

ဘယ်ဘက်မျက်လုံးတွင် အနက်ရောင်အဖုံးအကာ တပ်ဆင်ထားပြီး အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် အကြောင်းပြချက်တစ်ခုဖြင့် လူအုပ်ကြားမှ အသာခွာထွက်လိုက်သည်။ ထို့နောက် တဲအပြင်ဘက်သို့ လှမ်းထွက်လိုက်ပြီး သူ၏မျက်နှာတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။

ယခင် လီထန်းမြို့၏ သခင်၊ ယခုမူ ဟာသလူပြက်တစ်ဦးနှင့် မခြား။

ဤကြီးမားသော ကွာခြားမှုသည် တင်းကျန်းကို အလွန်စိတ်မသက်မသာ ဖြစ်စေခဲ့လေသည်။

“ဝေါင်း…”

ရုတ်တရက် သူ့နောက်မှ နှင်းကျားသစ်၏ တိုးလျသော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ တင်းကျန်း စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် အနောက်သို့လှည့်ကာ ဆူပူသည်။ “နှင်းကျားသစ်၊ ပါးစပ်ပိတ်ထား”

သူ စကားဆုံးသည်နှင့်။

သူ၏ မျက်စိသူငယ်အိမ်များ ရုတ်ချည်းကျုံ့ဝင်သွားကာ အန္တရာယ်ခံစားချက်တစ်ခုသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။

ဝှစ်!

နှင်းကျားသစ်သည် လျှပ်စီးလက်သကဲ့သို့ သူ့အပေါ် ခုန်ဝင်လာသည်။ ထို့နောက် လက်သည်းတစ်ခုကို မြှောက်ပြီး တင်းကျန်း၏မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

တင်းကျန်းသည် သတိမမူမိလိုက်ဘဲ နောက်သို့လန်ကျသွားရသည်။ အဆောက်အဦးများစွာကို ဖြတ်တိုက်သွားကာ လမ်းတစ်လျှောက်လုံး ဖုန်မှုန့်များ ပျံဝဲပြီး ကျောက်တုံးများ ပြန့်ကျဲသွားသည်။ မ‌ရေမတွက်နိုင်သော အလန့်တကြားအော်ဟစ်သံများလည်း စီစီညံလျက်။

အပျက်အစီးများထဲတွင် တင်းကျန်းသည် ပြင်းထန်စွာ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။ သူ၏မျက်နှာတစ်ဝက်တွင် သွေးစွန်းနေသော ကျားသစ်လက်ဝါးပုံစံတစ်ခုက ထင်ရှားနေလျက်။ သူ့ခေါင်းထဲ အတွေးများစွာရှုပ်ထွေးနေကော မယုံနိုင်စွာ မော့ကြည့်လိုက်မိသည်။

“နှင်းကျားသစ်၊ မင်း ပြောင်းလဲသွားပြီ”

သူ၏ သစ္စာရှိတွဲဖက်ဖြစ်သော နှင်းကျားသစ်သည် သူ့ကို ဤမျှရက်စက်စွာ ရိုက်ချလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။

အရိုက်ခံလိုက်ရတဲ့ မျက်နှာထက် ခံစားချက်က ပိုပြီးနာကျင်ရတယ်ဆိုတာ မင်းသိရဲ့လား?

ဖြစ်ပျက်သွားသမျှကို ပြန်စဥ်းစားကြည့်ပြီးနောက် တင်းကျန်း ဒေါသတကြီးဖြင့် ထရပ်လိုက်သည်။ “နှင်းကျားသစ်၊ မင်းက ကိုယ့်သခင်ကိုယ်တောင် ပြန်တိုက်ခိုက်ဝံ့တယ်ပေါ့”

နှင်းကျားသစ်သည် စစ်မှန်သော မသေမျိုး ကျင့်ကြံဆင့်တွင်သာရှိသည်။ သူ၏ လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် ထိုရိုက်ချက်လောက်ကိုတော့ လုံးဝ ပိတ်ဆို့နိုင်သည်။ သို့သော် ပြဿနာမှာ တင်းကျန်းသည် သူ၏အယုံကြည်ဆုံး တိုက်ခိုက်ရေးတွဲဖက်က သူ့ကို တစ်နေ့နေ့တွင် မျက်နှာချင်းဆိုင် တိုက်ခိုက်လာလိမ့်မည်ဟု တစ်ခါမျှ ကြိုတင်မတွေးထားခဲ့ခြင်းပင်။

သူ သတိလွတ်သွားခဲ့ခြင်းသာ။

တင်းကျန်း၏ ဒေါသတကြီး ဆဲဆိုမှုကို ရင်ဆိုင်နေရသော နှင်းကျားသစ်၏ မျက်လုံးများမှာလည်း ပုံမှန်မဟုတ်စွာ မှိုင်းညို့နေကာ ကြိုးဆွဲရုပ်တစ်ရုပ်ကဲ့သို့ သူ့အား မလှုပ်မယှက် စိုက်ကြည့်နေခဲ့၏။

ထို့နောက် အနောက်မှ အရပ်ရှည်ရှည်ဖြင့် ဝံပုလွေခေါင်း၊ လူကိုယ်ခန္ဓာရှိသော ထူးထူးဆန်းဆန်း သတ္တဝါတစ်ဦးသည် ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။ ၎င်း၏ထူထဲသောအမွှေးများသည် ဆီးနှင်းဖြူရောင်ရှိကာ မျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ အေးစက်စက်တောက်ပလျက်သား။ ၎င်း၏ နှုတ်ခမ်းထောင့်တွင် ပျော်ရွှင်နေဟန် မဲ့ပြုံးတစ်ခု စွန်းထင်းနေသည်။

ထိုသတ္တဝါ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်မှ ကျဆင်းလာသော ဆီးနှင်းများ ရုတ်ချည်းရပ်တန့်သွားသည်။ မြင်ကွင်းတစ်ခုလုံး သဘာဝမဆန်စွာ ရပ်တန့်နေလျက်။

“မင်း၊ မင်းက…” တင်းကျန်း၏ ဦးရေပြားမှာ ကြောက်စိတ်ဖြင့် ကျဉ်တက်သွားသည်။ သူ တအံ့တသြဖြင့် မေးခွန်းကိုပင် ပြီးအောင်မမေးနိုင်ခဲ့။

နှင်းဝံပုလွေဘုရင်က လှောင်ရယ်လိုက်သည်။ “ဒီကြားထဲ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေရှိခဲ့ပေမယ့် အကျိုးအမြတ်တော့ရှိခဲ့သားပဲ။ ဒီဘုရင်က မင်းရဲ့ ရေခဲဝိညာဉ် အမတပုလဲကို အခုလိုချင်တယ်”

တင်းကျန်း၏ နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။ သူသည် သူ၏ရင်ခွင်ထဲမှ ရေခဲဝိညာဉ် အမတပုလဲကို ထုတ်ယူလိုက်ပြီး၊၏ ၎င်းကို နှင်းဝံပုလွေဘုရင်ဘက်သို့ ဦးတည်လိုက်ကာ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်သည်။ “တင်းအိမ်တော်ကနေ ချက်ချင်းထွက်သွား၊ မဟုတ်လို့ ငါသာ ဒီရတနာကို အခုသုံးလိုက်ရင် မင်း နောက်မှနောင်တရလည်း နောက်ကျသွားမယ်"

နှင်းဝံပုလွေဘုရင်က ပြုံးလိုက်သည်။ “မိုက်မဲလိုက်တဲ့ လူသားမျိုးနွယ်၊ မင်း ဘယ်သူ့ကို ခြောက်လှန့်နေတာလဲ။ မင်းအခြေအနေက ရေခဲဝိညာဉ် အမတပုလဲကို မသုံးနိုင်တော့ဘူးဆိုတာ ဒီဘုရင် သိနှင့်ပြီးသား”

“ဟင်”

တင်းကျန်း၏ မျက်နှာအမူအရာသည် အနည်းငယ် ထိတ်လန့်သွားဟန်ရှိသည်။ “မင်း၊ မင်း ဘယ်လိုသိတာလဲ”

“မင်းကို ဒီအချိန်မှတော့ ပြောပြရလည်း ကိစ္စမရှိပါဘူး။ ဒီဘုရင်က မင်းရဲ့ အိမ်မွေးနှင်းကျားသစ်ကနေတစ်ဆင့် မင်းရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့တာ။ ရေခဲဝိညာဉ် အမတပုလဲဆိုတဲ့ မွေးရာပါ အမြင့်မြတ်ဆုံးရတနာဟာ မင်းလိုလူမျိုး တပ်မက်လို့ရတဲ့အရာ မဟုတ်ဘူး”

နှင်းဝံပုလွေဘုရင်က လှောင်သံဖြင့် ပြောလာသည်။

“ဒါဆို ငါ့ နှင်းကျားသစ်ကို မင်း ထိန်းချုပ်ထားခဲ့တာပေါ့…” တင်းကျန်း၏ မျက်နှာမှာ မှောင်မိုက်သွားပြီး မိမိ၏ သေအတူရှင်မကွာ တွဲဖက်ဖြစ်ခဲ့သော နှင်းကျားသစ်သည် ထိုသို့သော ပုံမှန်မဟုတ်သည့် လုပ်ဆောင်ချက်ကို ဆန္ဒအလျောက် လုံးဝလုပ်လိမ့်မည်မဟုတ်ကြောင်း နားလည်လိုက်သည်။

“အဲ့ဒါ ငါ့ကိုပေး”

နှင်းဝံပုလွေဘုရင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ရေခဲဝိညာဉ် အမတပုလဲကို သိမ်းပိုက်လိုက်သည်။ ရေခဲပြာရောင် လက်သီးအရွယ် ပုလဲကို ကိုင်ထားရင်း ၎င်း၏မျက်နှာသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ ရင်ခုန်သံများလည်း မြန်ဆန်လာသည်။

အဘယ်ကြောင့်ဆိုသော် ထိုရတနာသည် မိုက်ထောင်ပေါင်းများစွာအထိ အေးခဲစေသော အစွမ်းသတ္တိရှိပြီး ရေခဲခေတ်ကို ဖန်တီးနိုင်လောက်သည့် ဧရာမ ရေခဲဒြပ်စင် စွမ်းအင်အား ထည့်သွင်းထားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသောကြောင့်ပင်။

ပြန်လည်နိုးထလာသူ စွမ်းအားရှင်တစ်ဦးအနေဖြင့် နှင်းဝံပုလွေဘုရင်သည် လက်ဦးမှုယူနိုင်မှ မိမိဘက်ကသာလွန်မည်ဖြစ်ကြောင်း ကောင်းကောင်းသိနားလည်၏။ အခြား နိုးထလာသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန်၊ မိမိ၏တက်လမ်းအတွက် အထောက်အကူပြုနိုင်ရန် လုံလောက်သော အာမခံချက်များ လိုအပ်သည်။

ယခု ရေခဲဝိညာဉ် အမတပုလဲ၏ အကူအညီဖြင့် ၎င်းသည် အလွန်အမင်း ထိတ်လန့်အံ့သြဖွယ်ကောင်းသော ခွန်အားအစွမ်းကို ရရှိရုံသာမက အနာဂတ် ကျင့်ကြံမှု အရှိန်နှုန်းသည်လည်း မယုံနိုင်လောက်အောင် မြန်ဆန်လာမည်ဖြစ်သည်။ မသေမျိုးဧကရာဇ်တစ်ပါးအဖြစ်သို့ပင် တက်ရောက်နိုင်ချေရှိ၏။

“ငါ နှင်းဝံပုလွေဘုရင်ရဲ့ ခေတ်အခါကို တစ်ဖန်ပြန်ရောက်လာပြီ”

“ဝူးးးးးး"

အလွန်အမင်း စိတ်လှုပ်ရှားနေသော နှင်းဝံပုလွေဘုရင်သည် ဦးကိုမော့ကာ ကျယ်လောင်သော ဝံပုလွေအူသံကို ထုတ်လိုက်သည်။ ထိုအူသံက တင်းအိမ်တော်ကို တုန်ခါစေပြီး လီထန်းမြို့တစ်ခွင် ပဲ့တင်ထပ်သွားကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ ကြောက်လန့်တကြား တုန်လှုပ်သွားရသည်။ မြို့တော်တစ်ခုလုံးဝယ် ကြောက်စိတ်များ ရေကြီးသကဲ့သို့ ဖုံးလွှမ်းသွားခြင်းပင်။

ရုတ်တရက်။

အဝေးရှိ တဲတစ်လုံးမှ ယဲ့ကျွင်းလင်၏ စိတ်မရှည်လက်မရှည် အသံ ထွက်ပေါ်လာသည်။

“ဘယ်ခွေး ထအူနေတာလဲဟေ့”

All Chapters