← Chapters

အတွေ့ကြုံသစ်များ

Vol. 20 Ch. 286

အတွေ့ကြုံသစ်များ

Vol. 20 Ch. 286

ဟုန်ယန်၏ ခန္ဓာကိုယ်တွင် သွေးများညစ်ပေနေ၏။ သူသည် ထိုအရာများကို သန့်ရှင်းရေးလုပ်ချင်လေသည်။

ထို့ကြောင့် ကျုးယန်ရှောင်ကို အလျင်စလို လေသံနှင့် မေးမြန်းလိုက်၏။

“အကြီးအကဲ..၊ ဌာနကို မသွားသေးဘူးလား..၊ ကျုပ် သန့်ရှင်းရေးလုပ်ချင်လို့..”

ကျုးယန်ရှောင် “...”

‘ငါ့ဌာန က မရှိတော့ဘူးကွ..’

ကျုးယန်ရှောင်‌သည် ပြောစရာစကားမဲ့သွား၏။ တရားခံဖြစ်သူ ဟွမ်း၏ အမူအယာသည်တော့ သူမဟုတ်သည့်အတိုင်း တည်ငြိမ်နေသည်။

သို့သော် ကျုးယန်ရှောင်သည် လေးနက်သည့် လေသံနှင့် ဆိုလိုက်၏။

“ဌာနရဲ့ အဆောက်အဦးတွေက တည်ဆောက်ထားတာ နှစ်ပေါင်းများစွာကြာပြီမို့ အသစ်ပြန်ဆောက်ဖို့ ဖြိုချထားတာ..”

ဟွမ်း “...”

ကျုးယန်ရှောင်၏ စကားကြောင့် ဟွမ်းသည် ပြောစရာစကားမဲ့သွားသည်။ ဤလူသည် စကားပြောဆိုရာတွင် ကျွမ်းကျင်လှသည်ဟု တွေးမိလိုက်၏။

“ဒါဆို ကျုပ်ခန္ဓာကိုယ်ကို ဘယ်သွားပြီး သန့်စင်ရမှာလဲ..”

ဟုန်ယန်သည် မှင်သက်သွားကာ မေးခွန်းထုတ်လိုက်၏။ သူသည် ကွင်းပြင်တွင် အပျက်အစီးပုံကြီးကိုတွေ့မြင်သော်လည်း ထိုနေရာသည် နယ်နိမိတ်ကူးပြောင်းရေးဌာန မဖြစ်နိုင်ဟု တွေးမိခဲ့သည်။

“ဟိုမှာ သန့်စင်လိုက်..”

ကျုးယန်ရှောင်သည် စမ်းချောင်းတစ်ခုကို ညွှန်ပြကာ ပြောဆိုလိုက်၏။ ထိုစမ်းရေများသည် ကြည်လင်အေးမြနေသည်။ မြင်လိုက်ယုံနှင့်ပင် စိတ်အပန်းပြေသွားနိုင်၏။

“မဖြစ်နိုင်ဘူး..”

ဟုန်ယန်သည် ထိတ်လန့်သွားသည့် လေသံနှင့် အော်ဟစ်လိုက်သည်။

ကျုးယန်ရှောင် “...”

‘စမ်းချောင်းမှာ ရေချိုးရတာ အဲ့လောက် အော်ဟစ်စရာလိုလို့လား..’

ကျုးယန်ရှောင်သည် ပြောစရာစကားမဲ့သွား၏။ ထိုကောင်လေးသည် အဖြစ်သည်းလွန်းသည်။ ထို့နောက် ဖြောင်းဖျပြောဆိုလိုက်၏။

“ဒီမှာ အမျိုးသမီးတွေ မရှိဘူး..၊ မင်းလွပ်လွပ်လပ်လပ် သန့်စင်လို့ရတယ်..”

“နေပါစေတော့..”

ဟုန်ယန်သည် ငြင်းပယ်လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ထိုင်ခုံတစ်ခုပေါ်သို့ထိုင်ချလိုက်၏။

‘အတော်ထူးဆန်းတဲ့ကောင်ပဲ..’

ကျုးယန်ရှောင်သည် ဆက်လက်မဖြောင်းဖျတော့ပေ။ သူ့အနေနှင့် အတင်းကြပ်ပြောဆိုရန်မလိုချေ။ ထိုကောင်လေး၏ သဘောအတိုင်းသာဖြစ်၏။

ဟွမ်းသည် ဆက်လက်အာရုံစိုက်ရန်စိတ်မဝင်စားတော့ချေ။ တိတ်တဆိတ်သာ ထိုင်နေတော့၏။ သူသည် ထျန်းဟုန်တို့နှင့် ပတ်သတ်သည့် ကိစ္စများကို တွေးတောနေသည်။

နောက်ရက်တွင်တော့ ကျုးယန်ရှောင်သည် ဟွမ်းနှင့် ဟုန်ယန်ကို ချီဝူမြို့သို့ ခေါ်ဆောင်သွားသည်။

“ကောင်လေးတို့..၊ ဒီမုခ်ဝကို ဖြတ်ကျော်လိုက်ရင်..ချီဝူမြို့ကိုရောက်လိမ့်မယ်..၊ ငါပို့ပေးနိုင်တာ ဒီနေရာအထိပဲ..”

ကျုးယန်ရှောင်သည် လေဟာနယ်မုခ်ဝတစ်ခုကို ညွန်ပြကာဆိုလိုက်၏။ သူ့အနေနှင့် ကမ္ဘာငယ်မှ တက်ရောက်လာသူများကို တကူးတက လိုက်လံပို့ဆောင်ရန် မလိုချေ။

သို့သော် ဟွမ်း၏ ထူးဆန်းမှုကြောင့် မျက်နှာသာပေးကာ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးခြင်းဖြစ်သည်။ သူအနေနှင့် နယ်နိမိတ်ကူးပြောင်းရေးဌာန၏ ပျက်စီးမှုကို ဂရုမစိုက်တော့ချေ။

ဟွမ်းသည် အသိမှတ်ပြုဟန်နှင့်သာ ခေါင်းညိတ်လိုက်သော်လည်း ဟုန်ယန်သည် တလေးတစားနှုတ်ဆက်လိုက်၏။

“ကျေးဇူးတင်ပါတယ်..”

သူသည် ပေကပ်ကပ်နှင့် ခေါင်းမာသောကြောင့် အဝတ်အစားများသည် သွေးများ စွန်းထင်းနေဆဲဖြစ်သည်။ သို့သော် သူ၏ နက်ပြာရောင် အဝတ်အစားကြောင့် သိသာထင်ရှားခြင်းတော့မရှိချေ။

“ဒါ ငါ့တာဝန်ပဲ..”

ကျုးယန်ရှောင်သည် မလိုအပ်ကြောင်းပြောကာ ထွက်ခွာသွားတော့၏။ သူ၏ တာဝန် ပြီးဆုံးပြီဖြစ်သည်။

“ရောင်းရင်း..ကြွပါ..”

ဟုန်ယန်သည် ဦးစွာရောက်ရှိသူဖြစ်သည့် ဟွမ်းကို ဦးစားပေးလိုက်၏။ ဟွမ်းသည် အချိန်ဆွဲမနေတော့ပဲ မုခ်ဝအတွင်း ဝင်ရောက်သွားလေသည်။

ဟွမ်းသည် မုခ်ဝ၏ အခြားတစ်ဖက်သို့ ရောက်ရှိချိန်တွင် သူ၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားလေ၏။

“ဒါက..”

သူ၏ ခန္ဓာကိုယ်သည် ထူးဆန်းသည့် အဖြစ်အပျက်များ ဖြစ်ပါ်လာလေသည်။

မမြင်နိုင်သည့် စွမ်းအင် စီးကြောင်းများသည် ရှု့ထောင့်ပေါင်းစုံမှ ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာ၏။

“ဒါက လင်းထျန်းဘုံရဲ့ စွမ်းအင်တွေလား..”

ဟွမ်းသည် မှင်သက်မိသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ဝင်ရောက်လာသည့် စွမ်းအင်များကို ပြန်လည်စုပ်ယူနေပြီး ဝင်ရောက်သည့်စွမ်းအင်များထက် အဆမတန်အောင် စုပ်ယူနေတော့၏။

အစပိုင်းတွင် စွမ်းအင်များသည် တိုးဝင်လာဟန်ရှိသော်လည်း ယခုတွင် အတင်းအကြပ် စုပ်ယူခံနေရသည်။

“ဘာမှ ပြောင်းလဲ သွားတာလဲ မရှိဘူး..”

ဟွမ်းသည် စွမ်းအင်အသစ်များ ဝင်ရောက်လာသော်လည်း ထူးခြားစွာ ပြောင်းလဲခြင်း မရှိသည်ကို ခံစားမိ၏။

သို့သော် ခန္ဓာကိုယ်သည် စွမ်းအင်များကို စုပ်ယူနေဆဲဖြစ်သည်။

ထို့နောက် ဟွမ်းသည် သူ၏ စိတ်ဝိညာဉ်ကို လင်းရှန်နယ်မြေတွင်း ပို့လွှတ်လိုက်၏။

လင်းထျန်းဘုံမှ စွမ်းအင်များသည် သူ၏ နယ်မြေပါ သက်ရောက်သွားဟန်ရှိသည်။

တပည့်များသည် ဝင်ရောက်လာသည့် စွမ်းအင်များကို စုပ်ယူနေကြ၏။

ထို့အပြင် မော့ရွှယ်အာနှင့် ဝမ်မုန့်ယွင်သည် အစစ်အမှန် နတ်ဘုရားအဆင့်သို့ တက်ရောက်တော့ မည့်လက္ခဏာများ ဖြစ်ပေါ်နေသည်။

ပြန်လည်မွေးဖွားလာသည့် လင်းရှို့သည် အိပ်မောကျနေဆဲဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်သည် အသက်ရှစ်နှစ်အရွယ် ကလေးမလေး တစ်ဦးကဲ့သို့ ပြောင်းလဲလာခဲ့၏။

ထို့အပြင် သူမသည် နိုးထလာတော့မည် အသွင်ဖြစ်ပေါ်နေသည်။

“ရွှေရောင်သစ်ပင်ငယ်က ထင်ထားတာထက် ဆန်းကြယ်လွန်းတာပဲ..”

သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ စွမ်းအင်များသည်လည်း ပို၍ သိပ်သည်းလာသည်။ ရွှမ်းလုံနှင့် ဟေးယန်သည် ဈာန်ဝင်သွားသည့် အခြေအနေဖြစ်ပေါ်နေ၏။

‘ဒီကောင်တွေတောင် သက်ရောက်မှုရှိတာလား..’

သူတို့နှစ်ဦးသည် ထိုသို့ လုပ်ဆောင်နိုင်မည်ဟု မထင်ထားခဲ့ချေ။

‘ဒီကောင်တွေ ပိုပြီး တိုးတက်လာမယ်ထင်တယ်..’

နောက်မှဝင်ရောက်လာသည့် ဟန်ယန်လည်း လင်းထျန်းဘုံ၏ စွမ်းအင်များကို စုပ်ယူနေသည်။ သူ၏ လုပ်ဆောင်မှုသည် ဟွမ်း၏ ခန္ဓာကိုယ်ကဲ့သို့ အရူးအမူး စုပ်ယူနေခြင်း မဟုတ်ပဲ တဖြည်းဖြည်းနှင့် ညင်သာစွာ စီးဆင်းနေခြင်းပင်။

နာရီအနည်းငယ်ကြာပြီးနောက် ဟုန်ယန်သည် စွမ်းအင်စီးဆင်းမှု ရပ်တန့်သွားချိန်တွင် ဟွမ်းကို နှုတ်ဆက်ကာ ထွက်ခွာသွားရန်ပြင်၏။

“ရောင်းရင်း..”

သို့သော် ဟွမ်းသည် စွမ်းအင်များ စုပ်ယူခြင်းကို မရပ်တန့်သေးချေ။

“အတော်ထူးဆန်းတဲ့သူပဲ..”

ဟုန်ယန်သည် ထိုသို့ ရေရွတ်ရင်း ချီဝူမြို့ကို ဦးတည်၍ ထွက်ခွာသွားတော့သည်။ သူသည် ဟွမ်းကို စောင့်မနေတော့ချေ။

တစ်လခန့်ကြာပြီးနောက်တွင် ဟွမ်း၏ ခန္ဓာကိုမှ စွမ်းအင်များစုပ်ယူခြင်းသည်နှေးကွေးသွားသည်။

ထို့နောက် ဤနေရာတွင် သူတစ်ဦးတည်းသာ ရှိတော့၏။ ထို့နောက် ချီဝူမြို့ကို ဦးတည်ကာ ထွက်ခွာလာခဲ့သည်။ ထူးဆန်းစွာပင် သူ၏ခန္ဓာကိုယ်သည် ယခုအထိ စွမ်းအင်စုပ်ယူနေခြင်း မရပ်တန့်ပေ။

ချီဝူမြို့သည် ခမ်းနားကြီးကျယ်သည့် မြို့တစ်ခုမဟုတ်ပေ။ မြို့သည်ကြီးမားသယောင်ရှိသော်လည်း ဤနေရာတွင် မြို့တစ်ခုနှင့် တူညီသည့် အင်္ဂါရပ်များ မရှိပေ။

ထို့အပြင် ဤနေရာတွင် နိမ့်ကျသည့် စွမ်းအင်များနှင့် ကျင့်ကြံသူများ ရှိသည်ကို ခံစားမိသွား၏။

“ဒီက လူငယ်လေး ဘယ်ကမ္ဘာငယ်က တက်ရောက်လာတာလဲ..”

ချီဝူမြို့အတွင်းသို့ ဝင်ရောက်ခါနီးတွင် သက်လတ်ပိုင်း လူငယ်တစ်ဦးသည် ဟွမ်းအနားသို့ ချည်းကပ်လာ၏။ သူသည် မာယွမ်ထောင် ဖြစ်ပြီး ဟွမ်းကို နှုတ်ကစကားဆိုလိုက်သည်။

“လျှပ်စီးမြို့တော်ကို ဘယ်လိုသွားရမလဲ..”

ဟွမ်းသည် အခါအခွင့်သင့်သောကြောင့် မေးမြန်းလိုက်သည်။

“မင်းက အခုမှ ချီဝူမြို့ကို ရောက်တာမလား..”

မာယွမ်ထောင်သည် ပြန်လည်မေးခွန်းထုတ်လေ၏။ သူသည် ဤမြို့တွင် ဟွမ်းကို ယခုမှ တွေ့မြင်ဖူးသောကြောင့်ဖြစ်သည်။

“ဟုတ်တယ်..”

“အဲ့ဒါဆို ချီဝူမြို့ကနေ ထွက်ခွာခွင့် မရှိသေးဘူး..”

မာယွမ်ထောင်သည် ရှင်းပြလိုက်၏။

“ဘာလို့လဲ...”

“ကမ္ဘာငယ်က တက်ရောက်လာရတဲ့ ကျင့်ကြံသူတိုင်းက ချီဝူမြို့မှာ ပဲနေထိုင်ခွင့်ရှိပြီး..၊ အလုပ်သမား အဖြစ်နေရတယ်..”

မာယွမ်ထောင်၏ ရှင်းပြပြောဆိုချက်ကြောင့် ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။ ကျုးယန်ရှောင်သည် ဤအကြောင်းအရာများကို မပြောဆိုခဲ့ချေ။ သို့သော် သူသည် မာယွမ်ထောင်၏ ရှင်းပြမှုများကို ဆက်လက်နားထောင်နေ၏။

“ပြီးတော့ မြို့ထဲအဝင်မှာ မင်းရဲ့ သက်သေခံကတ်ပြားလုပ်ရလိမ့်မယ်..၊ မဟုတ်ရင် ချီဝူမြို့ထဲ ဝင်ခွင့်မရှိဘူး..”

မာယွမ်ထောင်သည် ရင်းနှီးဖော်ရွေသည့် အမူအယာနှင့် ဟွမ်းကို ဆွဲခေါ်သွားကာ ချီဝူမြို့အတွင်း ဝင်ရောက်သွားသည်။

“ဦးလေးကျန်း..”

မာယွမ်ထောင်သည် မြို့ဝင်တွင် ရှိနေသည့် ကျင့်ကြံသူကို နှုတ်ဆက်လိုက်၏။

“ကောင်လေးမာ ဒီနေ့ ပြန်လာတာစောလှေချေလား..”

မြို့စောင့်သည် ပြန်လည်ခွန်းတုန့်ပြန်လိုက်သည်။

“ကမ္ဘာငယ်က တက်လာတဲ့ ကျင့်ကြံသူတစ်ဦးပါလာတယ်..၊ သက်သေခံကတ်ပြားလုပ်ပေးဦး..”

မာယွမ်ထောင်သည် အလောတကြီးပြောဆိုလိုက်၏။

သို့မှသာ မြို့စောင့်သည် မာယွမ်ထောင်၏ နောက်တွင်ရှိသည့် ဟွမ်းကို သတိထားမိသွားသည်။

‘ဒီကောင်လေးထူးဆန်းလိုက်တာ.. သူရဲ့ စွမ်းအင် အငွေ့အသက်ကို သတိထားမိဖို့ ခက်ခဲတယ်..’

ထို့နောက် မြို့စောင့်သည် ကျောက်ပြားတစ်ချပ်ကို ထုတ်ယူကာ စတင်မေးမြန်းလိုက်၏။

“နာမည်..”

“ဟွမ်း..”

All Chapters