ဟုန်ယန်၏ တိုက်ခိုက်မှု
Vol. 20 Ch. 287
“ဒီကတ်က မင်းရဲ့ အထောက်အထားပဲ..၊ မင်းလုပ်ချင်တဲ့ အလုပ်ကို ဒီကတ်ပြပြီး ရွေးချယ်လိုက်..”
မြို့စောင့်သည် ဟွမ်း၏ အကြောင်းအရာအချို့ကို မေးမြန်းပြီးနောက် ပါးလွှာသည့် ကျောက်ပြားတစ်ချပ်ကို ပေးအပ်လိုက်၏။
“ကျုပ်ကို လျှပ်စီးမြို့တော် ဘယ်လိုသွားရမလဲသာပြော..”
ဟွမ်း၏ စိတ်ရှည်မှု အကန့်အသတ်ရောက်ရှိသွားကာ လေသံသည် တင်းမာလာ၏။
‘အလုပ်လုပ်ရမယ်တဲ့လား..’
“မင်း အခုမှ ကမ္ဘာငယ်ကတက်လာမလား..၊ မြို့ထဲ အရင်ဝင်ကြည့်ပြီး စည်ကမ်းတွေလေ့လာလိုက်ဦးကွ..”
မြို့စောင့်သည် ဒေါသထွက်လာဟန်ရပြီး အော်ငေါက်လေသည်။
“လာလာ ရောင်းရင်းဟွမ်း..”
မာယွမ်ထောင်သည် လေထုတင်းမာလာသောကြောင့် ဟွမ်းကို ဆွဲခေါ်ကာ မြို့အတွင်းသို့ ဝင်ရောက်သွား၏။
“ရောင်းရင်းဟွမ်း..၊ ချီဝူမြို့ကနေ ထွက်ဖို့ အဲ့ဒီလောက်မလွယ်ဘူး..”
“ဒီမြို့ကဘာလဲ..”
ဟွမ်းသည် စိတ်ရှုပ်ထွေးလာ၏။ လျှပ်စီးမြို့သို့ရောက်ရှိရန် အတားအဆီး များလှချေပြီ..။
“ချီဝူမြို့က ကမ္ဘာငယ်လေးတွေက ကျင့်ကြံသူတွေအတွက် မြို့တစ်ခုပဲ..၊ အလယ်လတ်အလွှာကို မချိုးဖြတ်နိုင်ရင် ဒီမြို့က ထွက်ခွာခွင့်မရှိဘူး..၊ ဒါ့ကြောင့် ကျင့်ကြံရေးအတွက် ကောင်းကင်သလင်းကျောက်တွေ လိုအပ်တယ်..၊ အလယ်လတ်အလွှာကို ရောက်ရင်တောင် ချီဝူမြို့သခင်ရဲ့ ခွင့်ပြုချက်မရှိရင် လွယ်လွယ်ကူကူ ထွက်သွားနိုင်စွမ်း မရှိဘူး..”
မာယွမ်ထောင်သည် သက်ပြင်းချကာ ပြောဆိုလိုက်၏။ ထို့အပြင် ဤမြို့တွင် ဖိနှိပ်မှုများစွာ ပြုလုပ်ထားသောကြောင့် ကျင့်ကြံသူများအတွက် အလယ်လတ်အလွှာရောက်ရှိရန် မလွယ်ကူချေ။
စဦးအလွှာမှ အလယ်လတ်အလွှာသို့ ရောက်ရှိရန် နှစ်ပေါင်းရာချီကျင့်ကြံရန်လိုအပ်သည်ဟု ဆက်လက်ပြောဆိုလိုက်သည်။
ထို့ကြောင့် ကောင်းကင်သလင်းကျောက်များသည် သူတို့၏ ရှင်သန်ရေးအတွက်သာ အသုံးပြုနေရသည်။
“ဒါဆို ဒီမြို့က ထွက်ခွာနိုင်တဲ့ နည်းလမ်းသိလား..”
ဟွမ်းသည် ရှင်းပြချက်များကို ဂရုမစိုက်တော့ချေ။ ဤအနေအထားသည် ကမ္ဘာငယ်မှ ကျင့်ကြံသူများအတွက် နယ်မြေကျွန်နှင့် မခြားနားပေ။
“မင်းတို့ အသစ်လေးတွေက စိတ်မရှည်တက်ကြတာပဲ..၊ ရှေ့လလောက်ကလဲ လူငယ်လေးတစ်ယောက် ဒီလိုပဲမေးသွားတယ်..”
မာယွမ်ထောင်သည် ခေါင်းခါယမ်းကာဆိုလိုက်၏။
ဟွမ်းသည် ဟုန်ယန်ကို တွေးမိသွား၏။ သူသည်လည်း ဤမြို့တွင် နေထိုင်လိုဟန်မရချေ။
ထို့နောက် မာယွမ်ထောင်ကိုဖြေပေးရန် ပြောကြားလိုက်၏။
“ချီဝူမြို့က လင်းထျန်းဘုံရဲ့ အစွန်အဖျားကျတဲ့နေရာတစ်ခု..၊ ဒါ့ကြောင့် လေဟာနယ် ကူးပြောင်းတဲ့တံခါးကနေပဲသွားလို့ရတယ်..”
“ပြီးတော့အဲ့ဒါက..၊ မြို့သခင်ဆီမှာ..”
မာယွမ်ထောင်သည် ရှင်းပြလိုက်သည်။
“လမ်းပြ..”
ဟွမ်းသည် ထိုနေရာသို့ လမ်းပြပေးရန်ပြောဆိုလိုက်၏။
“ရောင်းရင်း မဖြစ်နိုင်ဘူး ထင်တယ်..၊ မြို့သခင်က အလယ်လတ်အလွှာမှာ ဒီမြို့တစ်မြို့လုံးမှာရှိတဲ့ ကျင့်ကြံသူတွေ ပေါင်းလိုက်ရင်တောင် ဆန့်ကျင်နိုင်တဲ့ အနေအထားမဟုတ်ဘူး..”
မာယွမ်ထောင်သည် ဟွမ်း၏ ရည်ရွယ်ချက်ကို ရိပ်စားမိသောကြောင့် အလောတကြီးရှင်းပြလိုက်သည်။
သို့သော် ဟွမ်းသည် တည်နေရာ ညွှန်ပြရန်သာပြောဆိုလိုက်၏။ မာယွမ်ထောင်သည် ကြောက်လန့်နေဟန်ရှိသည်။ သူသည် အချိန်အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချရလေပြီ..။
“ဒီလမ်း..”
မာယွမ်ထောင်သည် မတက်သာသည့် အသွင်ပေါ်ထွက်နေသော်လည်း ကိုယ်တိုင်ကိုယ်ကျ လမ်းပြပေးလိုက်၏။
ဟွမ်းနှင့် မာယွမ်ထောင် ချီဝူမြို့သခင်အိမ်တော်အနီးသို့ ရောက်ရှိလာချိန်တွင် ရှုပ်ထွေးလွန်းသည့် စွမ်းအင်အငွေ့အသက်များကို ခံစားမိသွားကြသည်။
“ဝုန်း..”
“ပိုးဖလံအဆင့်က ငါ့ကို တိုက်ခိုက်ချင်တာလား..”
မြို့သခင်အိမ်တော်တွင် ကြမ်းတမ်းလှသည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေ၏။ ထိုသူသည် ချီဝူမြို့သခင်ဖြစ်ပြီး ဒေါသတကြီး တိုက်ခိုက်နေသည်။
“ဒီနေ့မှာ ခင်ဗျားကို သေအောင် သတ်မယ်..”
မြို့သခင်နှင့် ဆန့်ကျင်ဘက်ရှိ လူငယ်လေးသည် မျက်လုံးများ နီရဲလာသည်အထိပင် ဒေါသထွက်နေ၏။ သူသည် ဟန်ယန်ဖြစ်လေသည်။
ယန့်ကမ္ဘာငယ်တွင်ရှိစဉ်က လင်းထျန်းဘုံသို့ တက်ရောက်နိုင်ရန် ဆန္ဒပြင်းပြင်းပြပြ ရှိခဲ့သည်။
သူ၏ အတွေးတွင် လင်းထျန်းဘုံ၏ ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ကာ ကျင့်ကြံခြင်းကို အာရုံစိုက်ချင်ခဲ့သည်။ သို့မှသာ သူ၏ စွမ်းအားနှင့် မည်သည့် အဆင့်အတန်းမျိုး အထိရောက်နိုင်မည်ဟု သိချင်ခဲ့၏။
လင်းထျန်းဘုံသည် သူ၏ အထင်နှင့်အမြင် လုံးဝကွာခြားနေခဲ့၏။
ချီဝူမြို့သို့ ရောက်ရှိစတွင် မြို့၏ စည်းကမ်းများကို လိုက်နာခဲ့ကာ ကောင်းကင်သလင်းကျောက်အတွက် အလုပ်လုပ်ကိုင်ခဲ့သည်။ သို့သော်လည်း မြို့သခင်ဆိုသူသည် တစ်ပတ်တစ်ခါ အခွန်ပေးဆောင်ရမည်ဟုဆိုကာ အတင်းအကြပ် ကောက်ခံခဲ့၏။
ထို့အပြင် တစ်ပတ်ထက် တစ်ပတ် ပေးရသည့်နှုန်းသည် များပြားလာခဲ့သည်။ ထိုအရာကို သူသည် မည်သို့မျှ သည်းမခံနိုင်တော့ပဲ ပေါက်ကွဲထွက်လာခဲ့၏။
မြို့သခင်၏ ဖိနှိပ်မှုသည် ပြင်းထန်လွန်းပြီး ကျင့်ကြံသူများအတွက် အသက်ရှင်နိုင်ရုံမျှသာ တက်နိုင်ကြသည်။
ထို့အပြင် ဤမြို့လေးရှိ ကျင့်ကြံသူများသည် ကမ္ဘာငယ်များ၏ အထွတ်ထိပ်ကျင့်ကြံသူများ ဖြစ်ခဲ့ကြ၏။ သို့သော် ဤနေရာတွင်တော့ ရှင်သန်နိုင်ရေးအတွက်သာ ကြိုးစားနေကြရလေသည်။
သူသည် ထိုအကြောင်းအရာများကို သိရှိသွားပြီးနောက် ချီဝူမြို့သို့ စတင်ရောက်ရှိချိန်ကတည်းက မြို့သခင်ကို တိုက်ခိုက်ရန် စဉ်းစားထားပြီးဖြစ်သည်။
သို့သော် မြို့သခင်၏ ကျင့်ကြံမှုအဆင့်သည် မြင့်မားနေ၏။ ထို့ကြောင့် အံ့ကြိတ်ကာ သည်းခံခဲ့ရသည်။
ယခုတွင် သည်းခံနိုင်သည့် အတိုင်းအတာ ကျော်လွန်သွားခဲ့လေပြီ..။
ဟုန်ယန်သည် သူ၏ ဓားမော့တွင် စွမ်းအင်များ ထွက်ပေါ်လာပြီး မြို့သခင်ကို ခုတ်ဖြတ်လိုက်သည်။
“ဟမ်..၊ နိမ့်ကျတဲ့စွမ်းအား..”
သို့သော် မြို့သခင်သည် နှာမှုတ်လိုက်ပြီး ရှောင်တိမ်းမှုပင် မပြုချေ။
သူ၏ လက်သီးတွင် စွမ်းအင်များ စုစည်းလိုက်ကာ ပြန်လည်ထိုးနှက်လိုက်၏။
“ဝုန်း..”
မြို့သခင်၏ တိုက်ခိုက်မှုသည် ညင်သာဟန် ရှိသော်လည်း ဟန်ယန်၏ ဓားမော့နှင့် ထိခက်သွားချိန်တွင် ပြင်းထန်သည့် စွမ်းအင်များ ထွက်ပေါ်လာ၏။
ထိုစွမ်းအင်၏ ရိုက်ခက်မှုကြောင့် ဟန်ယန်သည် အဝေးသို့ လွင့်စင်သွားရသည်။
“အဟွတ်..”
ဟုန်ယန် ချက်ချင်းဆိုသလို သွေးအန်လိုက်ရ၏။
“ဒီ..စွမ်းအားလောက်နဲ့ ငါ့ကို သတ်ချင်တာလား..”
မြို့သခင်သည် လှောင်ပြုံးပြုံးလိုက်၏။ သို့သော် ဟုန်ယန်ကို အခွင့်အရေး မပေးချေ။ အဆုံးသတ်ရန် အလျင်အမြန် တိုးဝင်သွား၏။
“သေလိုက်တော့..”
“ဒီနေ့ ခင်ဗျားသေကို သေရမယ်..”
ဟုန်ယန်သည် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီးနောက် သူ၏ ဓားမော့နှင့် အရှိန်ဟုန်ပြင်းပြင်း ထိုးသွင်းလိုက်သည်။
“ကြယ်နတ်ဘုရား၏ သုတ်သင်မှု..”
“ဝုန်း..”
ဟုန်ယန်၏ ဓားမော့မှ ပေငါးဆယ်ခန့်ရှည်လျားသည့် ဓားမော့လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုဓားမော့လှိုင်းသည် ကမ္ဘာငယ်များကိုပင် အမှုန့်ချေနိုင်သည်အထိ ကြမ်းတမ်းလေ၏။
၎င်းသည် တိုးဝင်လာသည့် မြို့သခင်ကို ကြမ်းကြမ်းတမ်းတမ်းထိမှန်သွားသည်။ သို့သော် မြို့သခင်၏ မျက်နှာတွင် စိုးရိမ်သည့်အသွင် တစ်စိုးတစ်စိမျှမရှိ..။
“ဝုန်း..”
ကောင်းကင်ထက်တွင် စွမ်းအင် ပေါက်ကွဲမှုကြောင့် ရှုပ်ထွေးသွားပြီး မြို့သခင်၏ ပတ်ပတ်လည်တွင် အကြွင်းအကျန်စွမ်းအင်များ ပျံ့ကြဲသွားသည်။
“ဒါက မင်းရဲ့ လုပ်နိုင်စွမ်းအကုန်လား..”
မြို့သခင်၏ အသံထွက်ပေါ်လာ၏။ အကြွင်းအကျန်စွမ်းအင်များ ပျောက်ကွယ်သွားချိန်တွင် အထိအခိုက်မရှိသည့် မြို့သခင်ကို တွေ့လိုက်ရသည်။ သူ၏ အဝတ်စားများပင် မထိခိုက်ခဲ့ချေ။
ဟုန်ယန်သည် စိတ်ပျက်သွား၏။ သူ၏ တဒင်္ဂဒေါသကြောင့် စိတ်လိုက်မာန်ပါ ပြုမှုလိုက်မိခြင်းပင်။ သူ၏ စွမ်းအားနှင့် မြို့သခင်ကို ခြစ်ရာလေးထင်အောင် မလုပ်နိုင်ခဲ့ချေ။
သို့သော် သူသည် နောင်တရသည့်အမူအယာမရှိပေ။ သူ၏ အားနည်းမှုကိုသာ စိတ်ပျက်ခြင်းပင်။
သူ၏ မျက်ဝန်းများနှင့် မြို့သခင်ကို အလေးနက်ကြည့်ရှုလိုက်၏။ ချက်ချင်းဆို သလို ပြတ်သားဟန် အမူအယာထွက်ပေါ်လာပြီး သူ၏ ဓားမော့ကို တင်းကြပ်သည်အထိ ဆုပ်ကိုင်လိုက်လေသည်။
“မင်းတို့က ဖိနှိပ်ခံရတာကို မတရားဘူးထင်တယ်မလား..”
မြို့သခင်သည် အကြောက်အလန့်မရှိသည့် ဟုန်ယန်၏ အသွင်ကို ကြည့်ကာဆိုလိုက်၏။ ထို့နောက် သူ၏ စကားကို ရပ်တန့်ခြင်း မရှိ၊ အနီးနားရှိ ကျင့်ကြံသူများကိုပါ ရည်ညွှန်းလေသည်။
“မင်းတို့ ကမ္ဘာငယ်တွေမှာ မင်းတို့ ကထိပ်သီး ကျင့်ကြံသူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်..၊ ဒါပေမဲ့ လင်းထျန်းဘုံမှာ အချိန်မရွေးသတ်လို့ရတဲ့ ပုရွက်စိတ်တွေထက်မပိုဘူး..”
ချီဝူမြို့သခင်သည် ပြောပြောဆိုဆိုနှင့် သူ၏ စွမ်းအင်များကို စုစည်းနေသည်။
“ငါ့ရဲ့ တိုက်ခိုက်မှုကို ခံယူကြည့်..၊ အသက်ရှင်နိုင်ရင်..ချီဝူမြို့ကနေ ထွက်ခွာခွင့်ပေးမယ်..”
မြို့သခင်သည် ဟုန်ယန်ကို ဥပမာပြု၍ မြို့တွင်းရှိ ကျင့်ကြံသူများကိုလည်း သင်ခန်းစာပေးလိုခြင်း ဖြစ်သည်။
မြို့သခင်၏ ပတ်ပတ်လည်တွင် ဓားမြှောင်အသွင်နှင့် လေဓားများစွာ ထွက်ပေါ်လာ၏။
“သေလိုက်စမ်း...”