← Chapters

နှင်းဓားဂိုဏ်းသို့

Vol. 20 Ch. 290

နှင်းဓားဂိုဏ်းသို့

Vol. 20 Ch. 290

“မင်းအစွမ်းအစက ငါ့ကို အနိုင်ယူနိုင်ပေမဲ့..၊ နှင်းဓားဂိုဏ်းမှာ ငါကအပြင်စည်းတပည့်တွေက် အနည်းငယ်သာလွန်ရုံပဲရှိတာ..”

မြို့သခင်သည် ဆက်လက်ရှင်းပြနေ၏။

ချီဝူမြို့မှ လေဟာနယ်တံခါးသည် နှင်းဓားဂိုဏ်းနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ ဟွမ်းတို့သည် ချီဝူမြို့မှ ထွက်ခွာနိုင်လျှင်တောင် နှင်းဓားဂိုဏ်းရောက်သည်နှင့် ဖမ်းချုပ်ခံကြရမည်ဖြစ်၏။

“ရောင်းရင်းဟွမ်း..၊ ဒီအတိုင်းဆို နှင်းဓားဂိုဏ်းရောက်တာနဲ့ ချက်ချင်း အဖမ်းခံရနိုင်တယ်..”

မာယွမ်ထောင်သည် တုန်လှုပ်နေသည့် လေသံနှင့် ဆိုလိုက်၏။ မြို့သခင်၏ စကားသည် လိမ်လည်ခြင်း မဟုတ်ကြောင်း ယုံကြည်သည်။

“ဘာနည်းလမ်းရှိလဲ..”

ဟွမ်းသည် မြို့သခင်ကို အေးစက်သည့် လေသံနှင့်သာ မေးလိုက်၏။ သူသည် ကြောက်ရွံ့ခြင်းကြောင့် မဟုတ်သော်လည်း ဂိုဏ်းတစ်ခုခုနှင့် တိုက်ခိုက်ရခြင်းသည် အလွန် အလုပ်များပေသည်။

“ကျုပ်ကို လွှတ်ပေးမှ ပြောပြမယ်..”

မြို့သခင်သည် တောင်းဆိုလိုက်၏။ သူ၏ ဝိညာဉ်စွမ်းအင်များ ပိတ်ဆို့ခံထားရသောကြောင့် ခန္ဓာကိုယ်မှ တဆစ်ဆစ်နှင့် နာကျင်ကိုက်ခဲနေသည်။

ဟွမ်းသည် နားလည်သည့်အသွင်နှင့် မာယွမ်ထောင်ကို ကြိုးဖြေခိုင်းလိုက်၏။ မာယွမ်ထောင်သည် တွန့်ဆုတ်စွာ ပြောလေသည်။

“မြို့သခင်က ငါတို့ကို ထပ်တိုက်ရင် ဘယ်လိုလုပ်မလဲ..”

“သူမလုပ်ဝံ့ပါဘူး..၊ တကယ်လို့ ထပ်တိုက်ရဲရင်တော့ သူ့ခန္ဓာကိုယ်ကနေ ခေါင်းကို ဆွဲဖြုတ်ပေးလိုက်မယ်..”

ဟွမ်းသည် သာမာန်လေသံနှင့်သာ ဆိုလိုက်၏။

သို့သော် ထိုစကားများသည် မြို့သခင်၏နားတွင်း မိုးကြိုးပစ်သည့်အလား ကျယ်လောင်လှသည့် အသံအဖြစ် ကြားလိုက်ရ၏။

“ငါ..၊ မင်းတို့ကို တိုက်ခိုက်မှာမဟုတ်ဘူး..”

မြို့သခင်သည် လေးနက်သည့် လေသံနှင့်ဆိုလိုက်သည်။ ထိုလူငယ်သည် အနည်းငယ်မျှ သက်ညှာမှုမရှိ ရိုက်နှက်ခဲ့သူဖြစ်၏။ သူပြောလျှင် ပြောသည့်အတိုင်း လုပ်မည်မှာ ကျိန်းသေဖြစ်နိုင်သည်။ ထို့ကြောင့် မြို့သခင်သည် ဆန့်ကျင်ရန်ကြိုးစားတော့မည်မဟုတ်ပေ။

ချိန်းကြိုးများ ဖြေလျှော့ပေးပြီးနောက်တွင် မြို့သခင်သည် သူ၏ ဝိညာဉ်စွမ်းအင်များကို လည်ပတ်စေလိုက်၏။ ထို့နောက် ဆေးလုံးတစ်လုံးထုတ်ယူကာ သောက်သုံးလိုက်သည်။ သို့မှသာ သူ၏ စွမ်းအင်များ ကောင်းမွန်စွာ လည်ပတ်နိုင်လေ၏။

“အဲ့ဒါဘာဆေးလုံးလဲ..”

မာယွမ်ထောင်သည် မြို့သခင်အား မေးမြန်းလိုက်၏။ ထိုဆေးလုံးကြောင့် မြို့သခင်သည် ရုတ်ချည်းဆိုသလို စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည်။ သူသည် စိတ်ဝင်စားသွား၏။

“ဒါ..၊ ယွမ်ချိ ဆေးလုံးပဲ..”

မြို့သခင်သည် ရှင်းပြလိုက်၏။ ယွမ်ချိသည် မူလစွမ်းအင်ကို ပြန်လည်ရရှိနိုင်သည့် ဆေးလုံးဖြစ်သည်။ ထို‌ဆေးလုံးသည် အခြေခံစွမ်းအင်များကို ကုသမှုအတွက် အရေးပါသည့် ဆေးလုံးမျိုးဖြစ်၏။ (ယွမ် = မူလ)

“ယွမ်ချိဆေးလုံးက ဒီကောင်လေးကို နှိုးနိုင်လား..”

မာယွမ်ထောင်သည် ဆက်လက်မေးမြန်းလိုက်သည်။

မြို့သခင်၏ မျက်ဝန်းများ မသိမသာကျဉ်းမြှောင်းသွား၏။ ထိုကောင်၏ ရည်ရွယ်ချက်ကို ရိပ်စားမိဟန်ရသည်။

“ဒါက အဆင့်နိမ့် ယွမ်ချိဆေးလုံးပဲ..၊ ဒီကောင်က သွေးစွမ်းအင်တွေ ကုန်ဆုံးထားတာဆိုတော့ အကျိုးသက်ရောက်မှုနည်းလိမ့်မယ်..”

မြို့သခင်သည် မတက်သာသည့် လေသံနှင့် ပြောလိုက်၏။ သွေးစွမ်းအင်အတွက် ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသေးသည်။

“သူ့ကို တစ်လုံး တိုက်လိုက်..”

ဟွမ်းသည် တင်းမာသည့် လေသံနှင့် စေခိုင်းလိုက်၏။ မာယွမ်ထောင်နှင့် အပြန်အလှန် ပြောနေလျှင် ပြီးဆုံးတော့မည် မဟုတ်ချေ။

ထိုစကားကြောင့် မြို့သခင်၏ လက်များတုန်ယင်သွားသည်။ သူသည် ငြင်းဆန်လိုသော်လည်း ဟွမ်း၏ အကြည့်များသည် စူးရှနေ၏။ ငြင်းဆန်မိပါက ထပ်မံရိုက်နှက်ခံရပေဦးမည်ဟု တွေးမိသွားသည်။

လူသားများ၏ သဘောသဘာဝသည် အားနည်းသူအပေါ်တွင် နိုင်စားတက်သော်လည်း ခွန်အားကြီးသူများ၏ လက်အောက်တွင် တွန်းလှန်နိုင်ရန် ခက်ခဲကြ၏။

မြို့သခင်သည် ယွမ်ချိဆေးလုံးကို ထုတ်ပေးလိုက်ရသည်။ ထိုအရာသည် သူ့၏ နှလုံးသွေးများကို ယိုစီးစေ၏။ အကြောင်းမှာ ထိုဆေးလုံးသည် ဓားနက်ဂိုဏ်းမှ ထုတ်ပေးသည့် ဆေးလုံးဖြစ်ပြီး အနှစ်တစ်ထောင်နေမှ တစ်လုံးသာ ရရှိသောကြောင့်ပင်။

မာယွမ်ထောင်သည် ဆေးလုံးတွင် ထွက်ပေါ်နေသည့် စွမ်းအင်များကို မှင်သက်နေ၏။ စွမ်းအင်များသည် ကြွယ်ဝလွန်းနေသည်။ ထို့ကြောင့် မြို့သခင်သည် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာသည်မှာ မထူးဆန်းတော့ပေ။

ထို့နောက် ဟုန်ယန်ကို သူ၏ စွမ်းအင်များသုံးကာ ဆေးလုံးတိုက်ကျွေးလေ၏။

ခဏအကြာတွင် ဟုန်ယန်၏ ခန္ဓာကိုယ်တွင်းရှိစွမ်းအင်များသည် တဖြည်းဖြည်း မြင့်တက်လာသည်။

သူ၏ သွေးကြောများကိုလည်း ယွမ်ချိဆေးလုံးသည် ပြန်လည် ပြုပြင်ပေးနေ၏။

“ခင်ဗျား..”

ဟုန်ယန်သည် မျက်ဝန်းများပွင့်ဟ ချိန် မြို့သခင်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားသည်။ သို့သော် သူ၏ ဒဏ်ရာများသည် အပြည့်အဝ ကောင်းမွန်ခြင်း မရှိသေးသောကြောင့် လှုပ်ရှားရခက်နေ၏။

“စိတ်အေးအေးထား..”

မာယွမ်ထောင်သည် အစောတလျင် ဝင်ရောက်ပြောဆိုလေသည်။

“ဘယ်လိုဖြစ်တာလဲ..”

ဟုန်ယန်သည် မှင်သက်မိနေ၏။ ကြမ်းတမ်းလှသည့် မြို့သခင်သည် ရိုကျိုးဟန်ရှိနေသည်။ ထို့အပြင်သူ၏ မျက်နှာသည် အနည်းငယ် ထူးခြားနေသည်ကို တွေ့လိုက်ရ၏။

ထို့ကြောင့် မာယွမ်ထောင်သည် တီးတိုးရှင်းပြလေသည်။ အကြောင်းစုံကို သိရှိပြီးနောက် သူ၏ မျက်ဝန်းများ ပြူးကျယ်စွာနှင့် ဟွမ်းကို ကြည့်လိုက်မိ၏။

ထိုသူကို စတွေ့ချိန်ကတည်းက တစ်ခုခု ထူးခြားသည်ဟု ခံစားမိသည်။ အတိအကျ မသိရချေ။ သို့သော် မြို့သခင်ကိုပင် ရိုက်နှက်နိုင်သည်အထိ ထူးခြားနေမည်ဟု မထင်ထားခဲ့ချေ။

“နှင်းဓားဂိုဏ်းထဲကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းကို ပြောတော့..”

ဟွမ်းသည် ထပ်မံပြောဆိုလေပြီ..။

“ဒါက မခက်ပါဘူး..”

မြို့သခင်၏ စကားကို ဟုန်ယန်နှင့် မာယွမ်ထောင်တို့လည်း စိတ်ဝင်တစားနားထောင်နေကြ၏။

“ငါမင်းတို့ကို အသိမှတ်ပြု တံဆိပ်ထုတ်ပေးရင် နှင်းဓားဂိုဏ်းရဲ့ ပြင်ပတပည့်ဖြစ်လာလိမ့်မယ်..”

မြို့သခင်သည် ရှင်းပြပြောဆိုလိုက်သည်။ မြို့သခင်၏ တာဝန်သည် ကမ္ဘာငယ်လေးမှ ကျင့်ကြံသူများ ဝင်ရောက်လာချိန်တွင် ချီဝူမြို့တွင် ထိန်းချုပ်ထားရမည်ဖြစ်၏။ ထို့အထဲမှ ပါရမီကောင်းသူများအား စီစစ်ရင်း တွေ့ရှိပါက နှင်းဓားဂိုဏ်းကို ပို့ဆောင်ပေးရန်ဖြစ်သည်။

သို့သော် ယနေ့ထက်ထိ နှင်းဓားဂိုဏ်းသို့ ပို့ဆောင်ရမည့် ကျင့်ကြံသူများကို မရရှိခဲ့ချေ။ ချီဝူမြို့တွင်းရှိ ကျင့်ကြံသူများသည် နှင်းဓားဂိုဏ်းသို့ ရောက်လျှင်လည်း ရပ်တည်ရန် ခက်ခဲကြပေမည်။ ထို့ကြောင့် ချီဝူမြို့တွင်သာ ဖိနှိပ်ထားခြင်းဖြစ်သည်။

နှင်းဓားဂိုဏ်းတွင် ခွန်အားကြီးသူများပြားပြီး ချီဝူမြို့ထက်ပင် ပို၍ ဆိုးဝါးသည့် အနိုင်ကျင့်သူများ ပေါများသည်။ စွမ်းအားအရာ နိမ့်ကျပါက မည်သည့် အချိန်တွင် သေဆုံးရမှန်း မသိ သေဆုံးသွားမည်ဖြစ်၏။

“မင်းတို့ သုံးယောက်လုံး သွားချင်တာ သေချာလား..”

မြို့သခင်သည် အသေအချာရှင်းပြပြီးနောက် အတည်ပြုမေးမြန်းလိုက်၏။

ဟွမ်းသည် ချက်ချင်းဆိုသလို ခေါင်းညိတ်ပြလိုက်သည်။ ထို့အပြင် ဟုန်ယန်သည်လည်း တုန့်ဆိုင်းခြင်း မရှိပြောလေ၏။ သူ၏ ရည်ရွယ်ချက်သည် အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်လိုခြင်းပင်။

“ကျုပ်..”

မာယွမ်ထောင်သည် တွေဝေသွား၏။ သူသည် ဟုန်ယန်ကဲ့သို့ သတ္တိမရှိသလို ဟွမ်းကဲ့သို့ ခွန်အား မကြီးပေ။ ကြမ်းတမ်းလှသည့် နှင်းဓားဂိုဏ်းတွင် ရှင်သန်နိုင်ရန်ခက်ခဲ့၏။

မြို့သခင်၏ ရည်ရွယ်ချက်ကို ကြားသိရပြီးနောက်တွင် ချီဝူမြို့တွင် နေထိုင်ရသည်က မဆိုးလှဟု တွေးမိသည်။

“ကျုပ်ရော သွားမယ်..”

မာယွမ်ထောင်သည် ဆုံးဖြတ်ချက်ချပြီးဟန်နှင့် ပြောဆိုလိုက်သည်။ ကျယ်ပြောလှသည့် လင်းထျန်းဘုံကို ခံစားရပေမည်။ မဟုတ်လျှင် ကမ္ဘာငယ်လေးမှ တက်ရောက်လာခြင်းအတွက် အဓိပ္ပါယ်မရှိ ဖြစ်သွားနိုင်၏။

“ကောင်းပြီလေ..”

မြို့သခင်သည် သုံးဦးလုံးကို မတားမြစ်ပေ။ မာယွမ်ထောင်အတွက် အတိအကျမခန့်မှန်းနိုင်သော်လည်း ကျန်နှစ်ဦးသည် ခွန်အားအရာတွင် သန်မာကြ၏။

ထို့နောက်သူသည် ကျောက်စိမ်းပြားသုံးခုကို ထုတ်ယူကာ ဟွမ်းတို့ကို ပေးအပ်လိုက်သည်။ ထို့နောက် မှာကြားလိုက်၏။

“ဒါက ငါ့ရဲ့ အသိအမှတ်ပြု တံဆိပ်ပြားပဲ..၊ ဒီဟာနဲ့ဆိုရင် နှင်းဓားဂိုဏ်းကို ဝင်ရောက်နိုင်တယ်..၊ ဒါပေမဲ့ သူတို့က ထပ်ပြီး စစ်ဆေးလိမ့်မယ်..”

ဟွမ်းသည် ထိုကျောက်စိမ်းပြားကို ကြည့်ရင်း စိတ်ရှုပ်ထွေးသွားသည်။ ထိုမျှအထိ အလုပ်ရှုပ်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် နှင်းဓားဂိုဏ်းသို့ ရောက်လျှင်လည်း မည်သည့်အရာများ တွေ့ရှိရဦးမည် မသိပေ။

ထို့နောက်တွင် မြို့သခင်သည် ဟွမ်းတို့ သုံးဦးကို လေဟာနယ်တံခါးဆီသို့ ခေါ်ဆောင်သွားလေသည်။ သူသည် တံခါး၏ ဘေးနားရှိ စက်ဝန်းသဏ္ဌာန် ပုံဆောင်ခဲပေါ်တွင် စွမ်းအင်များစီးဆင်းစေ၏။

“ဒီတံဆိပ်ပြားနဲ့ဆို တံခါးက တားဆီးမှာ မဟုတ်ဘူး လွပ်လွပ်လပ်လပ် သွားလာနိုင်ပြီ..”

လေဟာနယ်တံခါးသည် အသက်ဝင်လာပြီဖြစ်သောကြောင့် သွားရောက်နိုင်ပြီဟု ပြောဆိုလိုက်သည်။

All Chapters