အားလုံးကိုသတ်ဖြတ်ခြင်း
Vol. 20 Ch. 298
ခေါင်းသုံးလုံးခြင်္သေ့၏ ဘေးနှစ်ဖက်ရှိဦးခေါင်းများသည်လည်း မလှုပ်ရှားနိုင်တော့ပေ။ သို့သော် သေဆုံးဟန်တော့ မရသေးချေ။
ဟွမ်းသည် ထိုခြင်္သေ့သေသလား၊ ရှင်သလား ဂရုမစိုက်တော့ပေ။ သူသည် ရွှမ်းလုံပေတံနှင့် အနက်ရောင်မီးတောက်ကို သိမ်းကာ ကြီးမားသည့် ပန်းပွင့်ထံသို့ ဦးတည်သွား၏။
“ဒါကို ဒီအတိုင်း ယူလိုက်ရုံပဲလား..”
ဟွမ်းသည် အနှောက်အယှက်များ မရှိတော့သည်မို့ ဝိညာဉ်နိုးထခြင်းပန်းနှင့် သစ်စေ့ကို ရရယူရန် လေ့လာစစ်ဆေးနေသည်။
ဟွမ်း၏ လက်တွင် ဝိညာဉ်နိုးထခြင်းသစ်စေ့ ငါးစေ့ရောက်ရှိနေသည်။ သူသည် အနီးကပ် စစ်ဆေးကြည့်ရှု့လိုက်ချိန်တွင် သစ်စေ့များသည် ရေခဲကန်အတွင်းမှမှ ထုတ်ယူထားသည့်အလား အေးစက်နေ၏။
ထို့နောက် ဝိညာဉ်နိုးထခြင်းအပင်ကို ကြည့်ကာ အတွေးပေါက်သွားခဲ့သည်။ သူသည် အပင်၏ အောက်ခြေသို့ သက်ဆင်းသွား၏။
“ဝုန်း..”
ဟွမ်းသည် သစ်စေ့သာယူလျှင် နှမြောစရာကောင်းပေသည်ဟု ခံစားမိသည်။ ထို့ကြောင့် မြေလွှာကို ထိုးခွဲကာ အမြစ်မှ ဆွဲနုတ်ရန် ကြံရွယ်လိုက်၏။
သို့သော် ဝိညာဉ်နိုးထခြင်းသစ်ပင်သည် ထင်ထားသည်ထက် အရွယ်ကြီးမားနေသည်။
ဟွမ်းသည် ထူးဆန်းစွာနှင့် ဝိညာဉ်နိုးထခြင်းသစ်ပင်ထံမှ ထွက်ပေါ်နေသည့် အပူဓာတ်သည် အားလုံးထက်ပို၍ ပူလောင်လွန်းနေသည်ကို ခံစားမိ၏။
“ဒီသစ်ပင်က ယင်စွမ်းအင်တွေ စုပ်ယူပြီးကြီးပြင်းတာလား..”
ဟွမ်းသည် တီးတိုးရေရွတ်လိုက်ပြီးနောက် အားကုန်ဆွဲနှုတ်လိုက်သည်။ အပင်၏ ရိုးတံသည် ဟွမ်း၏ လက်ဖက်ထက်ကျော်လွန်ကာ ကြီးမားနေ၏။ သူသည် သာလွန်သည့် ခွန်အားနှင့် ဆွဲနုတ်လိုက်လေသည်။
ထိုအချိန်တွင် ကြီးမားသည် အပင်ရှည်၏ အသွင်သည် ကျုံ့ဝင်သွားတော့၏။
“ဒါက..”
ဟွမ်း အံ့ဩသွားသည်။ ကြီးမားသည့် အပင်သည် အမြစ်မှဆွဲနုတ်ခံရပြီးချိန်တွင် လက်တစ်ဖဝါးစာ အထိသေးငယ်သွားလေ၏။ ထို့အပြင် ဝိညာဉ်နိုးထခြင်းသစ်ပင်မှ ကြီးမားသည့် အပူဓာတ်ကို ထုတ်လွှတ်နေသည်။
“ဒီသစ်ပင်ရဲ့ သဘောသဘာဝက ယန်စွမ်းအင်ရှိတာလား..၊ ဒါပေမဲ့ ဆန့်ကျင်ဘက် ယင်စွမ်းအင်ကို စုပ်ယူတာထင်တယ်..”
ဟွမ်းသည် ထိုသစ်ပင်၏ ထူးဆန်းမှုကို တွေးမိသွား၏။
သာမာန်ဆိုလျှင် သူတို့၏ ဓာတ်ခံစွမ်းအင်ကိုသာ စုပ်ယူနိုင်စွမ်းရှိသော်လည်း ဝိညာဉ်နိုးထခြင်း သစ်ပင်သည် ယန်စွမ်းအင်ရှိနေပြီး အစေ့သည် ယင်စွမ်းအင်ထုတ်လွှတ်နေသည်။ ထိုအရာသည် အံ့ဩဖွယ်ကောင်းလှ၏။
ထို့နောက် သူ၏ အတွေးများကို ရပ်တန့်ကာ ဂူ၏ အပြင်ဘက်သို့ ဦးတည်သွားသည်။ ကျန်းချီချီသည် သားရဲများစွာ နှင့် တိုက်ခိုက်နေရခြင်းပင်။ သူလိုအပ်သည့် အရာလည်း ရရှိပြီမို့ အလျှင်အမြန် ထွက်ခွာသွား၏။
“ဝုန်း..”
“ခေါင်းမာတဲ့ လူသား ဖယ်စမ်း..”
အထွတ်ထိပ်သားရဲ ငါးကောင်ခန့်သည် ကျန်းချီချီကို ဝိုင်ဝန်းတိုက်ခိုက်နေကြ၏။ ထို့အပြင် များစွာသည့် အလယ်လတ်အလွှာသားရဲများစွာလည်း ပါဝင်နေသည်။
အချို့ အလယ်လတ်သားရဲများသည် မြေပြင်တွင် လဲကျသေဆုံးနေကြ၏။ သို့သော်လည်း ကျန်ရှိနေသေးသည့် သားရဲများသည် အလွန်များပြားနေသေးသည်။
ကျန်းချီချီသည် နေ့ဝက်ခန့် တိုက်ခိုက်ပြီးနောက်တွင် သူမ၏ စွမ်းအင်များစွာကုန်ဆုံးနေပြီး ဒဏ်ရာအချို့လည်း ရရှိနေ၏။
“ဒီနေ့ နင်တို့ ဂူထဲကို ဝင်နိုင်မှာ မဟုတ်ဘူး..”
ကျန်းချီချီသည် သူမ၏ ဓားနှင့် အလင်းတန်းများစွာ ပစ်လွှတ်ကာ တိုက်ခိုက်နေ၏။ သို့သော် သူမ၏ တိုက်ခိုက်မှုများသည် အားအင်ယုတ်လျော့လာသည်။ သူမသည် ပင်ပန်းနေပြီဖြစ်၏။
“မင်းက ကောင်းကင်အလွှာကျင့်ကြံသူဆိုရင်တောင် ငါတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး..”
သားရဲတစ်ကောင်သည် ဟိန်းဟောက်ကာ ပြောဆိုလိုက်၏။ သူတို့သည် အထွတ်ထိပ်အလွှာသားရဲများဖြစ်သော်လည်း ကျန်းချီချီသည် စွမ်းအင်များစွာ ကုန်ဆုံးထားရပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ယုံကြည်ချက်သည် မြင့်မားနေ၏။
ထို့နောက် ဆက်တိုက်ဆိုသလို ကျန်းချီချီကို ဖိအားပေးကာ တိုက်ခိုက်နေကြသည်။ သူမသည် စွမ်းအင်များ ကုန်ခမ်းသလောက်ဖြစ်နေကာ လက်ပန်းကျနေပြီဖြစ်သည်။
အထွတ်ထိပ်သားရဲငါးကောင်သည် သူတို့၏ စွမ်းအင်များကို စုပေါင်းကာ ကျန်းချီချီထံပစ်လွှတ်လိုက်တော့၏။
ထိုအလင်းလှိုင်းကြောင့် ကျန်းချီချီကို တိုက်ခိုက်နေသည့် သားရဲများသည် ဆုတ်ခွာသွားကြသည်။
ကျန်းချီချီသည် ထိုအလင်းလှိုင်းကို ကြည့်ကာ သွေးဆုတ်သွားရ၏။ သူမသည် မခုခံနိုင်တော့ပေ။ ထိုအလင်းလှိုင်းထိမှန်ပါက ဒဏ်ရာအပြင်းရရှိမည်မှာ ကျိန်းသေပင်။
‘ငါ..ဒီတိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလား..၊ ငါ့စွမ်းအားတွေ သုံးရမလား..၊ မဖြစ်ဘူး..’
ကျန်းချီချီ အတွေးများနေစဉ် အလင်းလှိုင်းသည် မြန်ဆန်စွာ သူမအနားသို့ရောက်ရှိလာ၏။
‘ငါတော့ သွားပြီ..’
သူမ၏ နောက်ဆုံးအတွေးဖြစ်သည်။ သူမသည် ပြန်လည်တွန်းကန်နိုင်ရန် စွမ်းအင်မရှိတော့ချေ။ ထို့အပြင် သူမ၏ စွမ်းအင်များကို ထုတ်သုံးရန် ခက်ခဲနေဟန်ရှိသည်။
ထို့ကြောင့် သူမသည် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ချေ။
သားရဲများ၏ အလင်းလှိုင်းသည် သူမ၏ ခန္ဓာထက်သို့ ကျရောက်လာ၏။
“ဝုန်း...”
ကြီးမားသည့် ပေါက်ကွဲသံနှင့်အတူ ကျောက်ဆိုင်ကျောက်သားများနှင့် မြေလွှာများစွာ ပြိုကွဲပျက်စီးကုန်သည်။
သူတို့၏ တိုက်ခိုက်မှုသည် တောင်ကြားတစ်ခုလုံးပင် တုန်လှုပ်သွားစေ၏။
သို့သော် သားရဲငါးကောင်သည် စွံအသွား၏။ အကြောင်းမှာ ထိုပေါက်ကွဲမှုတွင် ကျန်းချီချီကို မတွေ့ရတော့သောကြောင့်ပင်။
သူတို့၏ စွမ်းအားသည် ကောင်းကင်အလွှာကျင့်ကြံသူကိုပင် အစအန မကျန်အောင် တိုက်ခိုက်နိုင်သည်ဟု ထင်မှတ်သွား၏။
“မဟုတ်သေးဘူး..”
သားရဲတစ်ကောင်သည် ကောင်းကင်ထက်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် ကျန်းချီချီကို ပွေ့ချီထားသည်ကို တွေ့လိုက်ရသည်။
“ရှင်..၊ သစ်စေ့ကို ရခဲ့ပြီလား..”
ကျန်းချီချီ၏ အသံသည် အနည်းငယ်တိုးလျနေ၏။ သူမ၏ စွမ်းအင်များ ကုန်ခမ်းနေပြီဖြစ်သည်။
ဟွမ်းသည် ခေါင်းညိတ်လိုက်၏။ သူမသည် ဘာအတွက်နှင့် ဤမျှအထိကူညီပေးနေသည်ကို တွေးမတက်အောင် ဖြစ်နေသည်။
သူမ၏ စွမ်းအင်နှင့် လွတ်မြောက်နိုင်သော်လည်း ခေါင်းမာစွာနှင့် ကာကွယ်ပေးခဲ့လေသည်။ ဟွမ်းသည် သူမ၏ အပေါ်တွင် အကြွေးတင်နေပြီဟု ခံစားလိုက်ရ၏။
“ရှင် အမြန်ထွက်သွားသင့်တယ်..၊ ဒီသားရဲတွေက များပြားလွန်းတယ်..”
ကျန်းချီချီသည် စိုးရိမ်စွာပြောဆိုလိုက်၏။ သူမ၏ စွမ်းအင်နှင့်ပင် မဖြေရှင်းနိုင်ခဲ့ရာ ဟွမ်းသည် ပို၍ အခြေအနေဆိုးနိုင်သည်။
“အနားယူလိုက်ဦး..”
ဟွမ်းသည် ကောင်းကင်ထက်မှ အသာယာ ဆင်းလာခဲ့ကာ သူမ အနားယူစေရန် နေရာချပေးလိုက်၏။
ကျန်းချီချီသည် တစ်စုံတစ်ခုကို ပြောဆိုချင်နေသော်လည်း သူမထံမှ အသံထွက်ပေါ်မလာချေ။
ဟွမ်းသည် ထိုသားရဲများကို ကြည့်ရင်း အလွန်ပင် ဒေါသထွက်လာခဲ့သည်။ သူသည် ကျန်းချီချီ အပေါ်တွင် ထူးဆန်းသည့် ခံစားချက်များ မရှိသော်လည်း သူမ၏ လုပ်ရပ်များသည် နားမလည်နိုင်အောင် ကောင်းလွန်းနေ၏။
ထို့ကြောင့် ဤနေရာရှိသားရဲများကို အကုန်ဖျတ်ဆီးပစ်မည်ဟု ရင်းတွင်းကြွေးကြော်လိုက်သည်။
သူသည် သားရဲများထံသို့ တလှမ်းခြင်း လျှောက်လှမ်းလာပြီး သူ၏ အနက်ရောင် ဆံနွယ်များသည် စတင်နီဆွေးလာ၏။
ထို့အပြင် ပတ်ဝန်ကျင်းတစ်ခုလုံး ထူးခြားသည့် အေးစက်မှုများ ပေါ်ထွက်လာသည်။
ယင်စွမ်းအင်များ၏ အေးစက်မှုသည် စိတ်မသက်မသာ ဖြစ်ရုံမျှသာ ရှိသော်လည်း ဟွမ်းထံမှ ပေါ်ထွက်လာသည် အေးစက်မှုသည် သားရဲများ၏ ကိုယ်တွင်းအင်္ဂါများ အထင်ပင် သက်ရောက်စေ၏။
သူ၏ အကြည့်နှင့်တင် သားရဲများသည် တုန်ယီသွားကြသည်။
‘ဘယ်လောက်တောင်များပြားတဲ့ သတ်ဖြတ်ချင်စိတ်တွေလဲ..’
ကျန်းချီချီလည်း ဟွမ်း၏ သတ်ဖြတ်လိုစိတ်များကို ခံစားမိသွားသည်။ ဟွမ်းသည် သူမကို ဦးတည်ထားခြင်း မဟုတ်သောကြောင့် သားရဲများကဲ့သို့ မခံစားနိုင်ပေ။
သို့သော် သူမ ခံစားမိသည့် တစ်စွန်းတစ်စ စွမ်းအင်နှင့် သားရဲများ ဖြစ်ပျက်နေသည်ကို ကြည့်ကာ ခန့်မှန်းနိုင်သွား၏။
ဟွမ်း၏ လက်တွင် ရွှမ်းလုံပေတံ ပေါ်ထွက်လာပြီးနောက် သားရဲငါးကောင်ထံ ပြေးဝင်သွားတော့သည်။
သူသည် ဤသို့ သတ်ဖြတ်ချင်စိတ်သည် အကြိမ်အနည်းငယ်သာ ပေါ်ပေါက်ခဲ့ဖူး၏။ သို့သော် ထိုအကြိမ်များတွင် တစ်ခါမျှ အသုံးမပြုခဲ့ပေ။
ယခုတွင်တော့ ထိုသတ်ဖြတ်ချင်စိတ်များကို အသုံးချကာ သားရဲများကို စတင်သတ်ဖြတ်နေ၏။
အလယ်လတ်အလွှာသားရဲများသည် တဟုန်ထိုး ဝင်ရောက်လာကာ ဟွမ်း၏ တိုက်ခိုက်မှုများကို တားဆီးလိုက်သသည်။
သို့သော် သတ်ဖြတ်ချင်စိတ် အပြည့်ဖြစ်နေသည့် ဟွမ်းသည် ရွှမ်းလုံပေတံနှင့် ထိခက်သွားသည့် သားရဲမှန်သမျှသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခန္ဓာကိုယ်များ ပျက်စီးကုန်ကာ သေဆုံးသွားရ၏။
ဟွမ်းသည် မရပ်တန့်ပေ။ ဆက်တိုက်ဆိုသလို သားရဲများအား သတ်ဖြတ်နေတော့သည်။ သားရဲငါးကောင်သည် အလွန်ပင် တုန်လှုပ်ထိတ်လန့်ကုန်၏။
သူတို့သည် ထွက်ပြေး ချင်ကြ၏။ သို့သော် လေဟာနယ်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသောကြောင့် သူတို့၏ လှုပ်ရှားမှုများသည့် ကန့်သတ်ခံထားရသည်။
“ဘယ်လို ကြောက်စရာကောင်းတဲ့ လူသားကျင့်ကြံသူလဲ..”