← Chapters

ဝိညာဉ်နိုးထခြင်းသစ်စေ့

Vol. 20 Ch. 297

ဝိညာဉ်နိုးထခြင်းသစ်စေ့

Vol. 20 Ch. 297

အနီးအနားရှိ သားရဲများသည် အသံလာရာသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။ ထိုသားရဲများသည် များပြားလွန်းသည်။

“ရှင် ဝင်ပြီးတော့ သစ်စေ့ကို ရှာခဲ့တော့..၊ ကျွန်မ ထိန်းထားလိုက်မယ်..”

ကျန်းချီချီသည် အလျင်စလိုပြောဆိုလေ၏။ ထို့နောက် ဟွမ်း၏ မေးခွန်းထုတ်လိုသည့် အကြည့်ကြောင့် ထပ်လောင်း ပြောဆိုလိုက်သည်။

“သားရဲတွေပါ ဂူထဲလိုက်ပါလာရင် ဂူက ပျက်စီးသွားလိမ့်မယ်..”

ဟွမ်းသည် အံ့ဩသွား၏။ ထိုမိန်းကလေးသည် ဤမျှ တွေးတောတက်ကာ အကူအညီပေးမည်ဟု မထင်ထားခဲ့ချေ။ သူသည် အနည်းငယ်တုန့်ဆိုင်းနေ၏။

သေမင်းတောင်ကြားသည် ဤသို့ ဆိုးသွမ်းသည့် သားရဲများကြောင့် တော်ရုံကျင့်ကြံသူများ မဝင်ရောက်ကြခြင်းဖြစ်သည်။ ထို့အပြင် အရေအတွက်သည် များပြားလွန်း၏။ အထွတ်ထိပ်အဆင့် ကျင့်ကြံသူများပင် ဝင်ရောက်ရန် မစဉ်းစားကြပေ။

“ရှင်မြန်မြန်သွားသင့်တယ်..၊ ကျွန်မရဲ့ လက်ရှိစွမ်းအားနဲ့ အချိန်ကြာကြာ ထိန်းထားနိုင်မှာမဟုတ်ဘူး..”

ကျန်းချီချီသည် သတိပေးလိုက်၏။ များပြားလှသည့် သားရဲများကြောင့် အချိန်ကြာကြာ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

“ပြီးတော့ ကျွန်မစွမ်းအားက ရှင့်ထက် မြင့်တယ်..၊ အချိန်တစ်ခုအထိတော့ ထိန်းထားနိုင်သေးတယ်..”

ကျန်းချီချီ၏ တွေးတောမှုကြောင့် ဟွမ်း အားနာသွားသည်။ သူ၏ လုပ်ရပ်ကြောင့် ဤသို့ဖြစ်ပေါ်ရခြင်းပင်။ သူ၏ စိတ်တွင် ကျန်းချီချီ၏ အကူအညီကို အသိမှတ်ပြုလိုက်၏။

ထို့အပြင် သူ၏ အကြောင်းကို တိတိကျကျ မသိရှိသော်လည်း သူမသည် အကူညီပေးရန် တုန့်ဆိုင်းမနေချေ။

ထို့နောက် သူသည် အချိန်မဆွဲတော့ပဲ ဂူ၏ အတွင်းပိုင်း သို့ အလျှင် အမြန်ဝင်ရောက်သွားတော့သည်။

ကျန်းချီချီသည် အလျင်အမြန်ရောက်ရှိလာသည့် သားရဲများကို ကြည့်ရှုလိုက်၏။ အလယ်လတ်အလွှာသားရဲများစွာသည် အရင်ဆုံးရောက်ရှိလာခဲ့ခြင်းပင်။

သူမသည် ဓားတစ်လက်ကို ထုတ်ဖော်လိုက်ပြီး ထိုသားရဲများကို ဓားစွမ်းအင်လှိုင်းများနှင့် ပစ်လွှတ်လိုက်၏။

သားရဲများသည် ကျန်းချီချီကို ခုန်အုပ်ကာ တိုက်ခိုက်လိုက်ကြသည်။

“ဝေါင်း..”

ဟွမ်းသည် ဂူ၏ နက်ရှိုင်းသည် နေရာအထိရောက်ရှိလာသည်။ သို့သော် ယင်စွမ်းအင်များပို၍ သိပ်သည်းလာကို ခံစားမိ၏။ သို့သော် ဝိညာဉ်နိုးထခြင်းသစ်စေ့ကိုတော့ ရှာမတွေ့သေးချေ။

“ဒီနေရာမှာ ယင်စွမ်းအင်တွေ အတော်ကြွယ်ဝတာပဲ..”

ဟွမ်းသည် ကျယ်ဝန်းသည့် တွင်းနက်တစ်ခုကို တွေ့ရှိသွား၏။ သူသည် အချိန်မဆွဲတော့ချေ။ ကျန်းချီချီသည် သားရဲများကို ခုခံနေရသည်။ ထို့ကြောက် ချက်ချင်းဆိုသလို တွင်းနက်ထဲသို့ ခုန်းဆင်းလိုက်၏။

“ဒီဟာဖြစ်မယ်ထင်တယ်..”

ဟွမ်းသည် ထူးခြားသည့် အလင်းတန်းများနှင့် ကြီးမားသည့် ပွင့်ဖက်များနှင့်နှင့် ပန်းကို တွေ့ရှိလိုက်၏။ ထိုပန်းသည် သာမန်နှင့် မတူပဲ ကြီးမားလွန်းနေသည်။

ထိုပန်းတစ်ပွင့်တည်းသာရှိပြီး ရိုးတံရှည်တစ်ခုနှင့် ဖူးဖွင့်နေ၏။ သူ၏ အခက်အလက်များသည် ရှည်လျားခြင်းမရှိပေ။ ထိုပန်းသည် နေကြာပန်းနှင့် ဆင်တူသော်လည်း ပို၍ ကြီးမားနေသည်။

ဟွမ်းသည် အသေအချာ ကြည့်ရှု့လိုက်ချိန်တွင် ထိုပန်းအတွင်း သစ်စေ့ငါးခုရှိနေသည်ကို တွေ့လိုက်ရ၏။

ဟွမ်းသည် အချိန်မဆွဲတော့ပဲ ထိုသစ်စေ့ငါးစေ့ကို ယူဆောင်ရန် ကြံစည်လိုက်သည်။

သို့သော် ကြမ်းတမ်းလွန်းသည့် စွမ်းအင်လှိုင်းတစ်ခုသည် သူထံကျရောက်လာသည်ကို သတိထားမိလိုက်၏။

“ဝုန်း...”

ဟွမ်းသည် အလျှင်အမြန် ရှောင်တိမ်းလိုက်သောကြောင့် ထိုအလင်းတန်းမှ ကပ်သီးလေး လွတ်မြောက်သွားသည်။

“လူသား သေစမ်း..”

ကျယ်လောင်သည့် အသံနက်ကြီးအနှင့်အတူ ကြီးမားသည့် သားရဲကြီးတစ်ကောင်သည် ထွက်ပေါ်လာ၏။

ထိုသားရဲသည် ခြင်္သေ့တစ်ကောင်၏ အသွင်ရှိသော်လည်း ဦးခေါင်းသုံးလုံးပါရှိနေသည်။

ခေါင်းသုံးလုံးခြင်္သေ့သည် ရုတ်ချည်းဆိုသလို ဟွမ်း၏ အနီးသို့ ရောက်ရှိလာပြီး သူ၏ ကြီးမားသည့် လက်နှက့် ရိုက်ချလိုက်၏။

ဟွမ်းသည် မရှောင်တိမ်းပေ။ သူသည် လင်းထျန်းဘုံတွင် မည်သည့် အဆင့်မျိုး ရောက်ရှိနေသည်ကို သိချင်မိ၏။

ခေါင်းသုံးလုံးခြင်္သေ့သည် ချီဝူမြို့သခင်ထက်ပင် အားကောင်းသည်ဟု ခံစားမိသည်။ ထို့ကြောင့် တိုက်ခိုက်ရန် ကြံရွယ်လိုက်ခြင်းဖြစ်၏။

သူ၏ ရိုးရှင်းသည့် လက်သီးနှင့်သာ ခေါင်းသုံးလုံးခြင်္သေ့၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

“ဝုန်း..”

တိုက်ခိုက်မှု နှစ်ခုဆုံတွေ့သွားသည်နှင့် ဂူ၏ နံရံများပင် လှုပ်ခါသွားစေသည့် လှိုင်းများထွက်ပေါ်လာ၏။

“လူသား..၊ မင်းမှာ အစွမ်းအစတော့ရှိသား..”

ခေါင်းသုံးလုံးခြင်္သေ့သည် သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည်ကို တွေ့လိုက်ရ၏။

ဟွမ်းသည် ရုတ်ချည်း သူ၏ နေရာမှ ပျောက်ကွယ်သွားပြီး ခေါင်းသုံးလုံးခြင်္သေ့၏ ဘယ်ဘက်အခြမ်းတွင် ပေါ်ထွက်လာကာ တိုက်ခိုက်လိုက်သည်။

သို့သော် ခေါင်းသုံးလုံးခြင်္သေ့သည် တားဆီးနိုင်လိုက်၏။ သူ၏ ဘယ်ဘက်ရှိ ဦးခေါင်းမှ မီးတောက်များ ပေါ်ထွက်လာကာ ဟွမ်းထံ ပစ်လွှတ်လေသည်။

ထိုမီးတောက်များသည် ကြမ်းတမ်းလွန်းပြီး ဂူတစ်ခုလုကိုပင် ဖျတ်ဆီးပစ်မည့်အလား လောင်ကျွမ်းနေ၏။

“ဝုန်း..”

ထိုမီးတောက်များတိုးဝင်လာမှုကြောင့် ဟွမ်း၏ ခန္ဓာကွယ်တွင် အနက်ရောင်မီးတောက် ထွက်ပေါ်လာပြီး ကာကွယ်လိုက်၏။ ခေါင်းသုံးလုံးခြင်္သေ့ထံမှ မီးတောက်များသည် ရုတ်ချည်းဆိုသလို အနက်ရောင်မီးတောက်၏ ဝါးမြိုခြင်းကို ခံရလေသည်။

“ဘယ်လို..”

ခေါင်းသုံးလုံးခြင်္သေ့သည် သူ၏ မီးတောက်များ ဝါးမြိုခံရမှုကြောင့် အံ့ဩသွားရ၏။ သို့သော် သူ့ထံသို့ ရှည်လျားသည့် ပေတံတစ်ချောင်းသည် ရုတ်ချည်းဝင်ရောက်လာသည်။

“ငါ့ရဲ့စွမ်းအားကို အကန့်အသတ်ထိ စမ်းသပ်ချင်ပေမဲ့..၊ အလျင်လိုနေတယ်..”

ဟွမ်းသည် ထိုသို့ပြောကာ ခေါင်းသုံးလုံးခြင်္သေ့ကို ခုတ်ပိုင်းချလိုက်၏။

လှိုင်ဂူ၏ အပြင်ဘက်တွင် ကျန်းချီချီသည် များစွာသည့် သားရဲများနှင့် တိုက်ခိုက်နေရသည်။ ထို့ကြောင့် သူသည် ခေါင်းသုံးလုံးခြင်္သေ့နှင့် အချိန်မဖြုန်းတော့ပေ။

“ဝုန်း..”

ခေါင်းသုံးလုံးခြင်္သေ့သည် တားဆီးလိုက်သော်လည်း ပေတံမှ ထွက်ပေါ်နေသည့် စွမ်းအင်များကြောင့် သူ၏ အမူအယာပျက်ယွင်းသွားရသည်။

ခေါင်းသုံးလုံးခြင်္သေ့သည် လေးနက်သွား၏။ ထိုပေတံသည် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ သူတားဆီးလိုက်သည့် လက်တွင် ဒဏ်ရာရှိသွားခဲ့၏။

“ငါ့ကို တိုက်ခိုက်ဖို့ အဲ့ဒီလောက် လွယ်မယ်ထင်နေလား..”

ခေါင်းသုံးလုံးခြင်္သေ့သည် သူ၏ ခေါင်းသုံးလုံးမှ မီးစွမ်းအင်များကို တပြိုင်နက်ထုတ်ဖော်လိုက်၏။

ထို့နောက် သူ၏ ရှေ့တွင် မီးပင်လယ်ကြီးသဖွယ် ဖြစ်ပေါ်လာပြီး လှိုင်ဂူတစ်ခုလုံး အပူရှိန်သည် မြင့်မားလာသည်။

ထိုမီးတောက်များမှ ပေါ်ထွက်လာသည့် စွမ်းအင် အရှိန်အဟုန်ကို ချီဝူမြို့သခင်ဆိုလျှင် စွမ်းအင်များစွာသုံးကာ တားဆီးထားရမည်ဖြစ်သည်။

ထိမှန်သွားပါက သူ၏ ခန္ဓာကိုယ်သည် အစရှာရတော့မည်မဟုတ်ပေ။

“မီးမုန်တိုင်းပင်လယ်..”

မီးတောက်များသည် ထိုသားရဲ၏ ရှေ့တွေ ကာဆီးထားပြီး ကြမ်းတမ်းလှသည့် မုန်တိုင်းများသဖွယ် ဟွမ်းထံသို့ တိုးဝင်သွား၏။

ဟွမ်းသည် ထိုမီးတောက်၏ အရှိန်ကြောင့် သူ၏ ခန္ဓာကိုယ်တွင် အနက်ရောင်မီးတောက်များကို အပြည့်အဝလည်ပတ်စေလိုက်သည်။

ထို့နောက် ရွှမ်းလုံပေတံနှင့် ထိုမီးမုန်တိုင်းများကို တားဆီးလေသည်။

“ဝုန်း..”

သူ့ထံလာနေသည့် မီးမုန်တိုင်းများသည် ပေတံနှင့် အဆက်မပြတ် တိုကခိုက်မှုကြောင့် ပြိုကွဲကုန်၏။

ခေါင်းသုံးလုံးခြင်္သေ့ ထိုအချင်းအရာကြောင့် အံ့အားသင့်သွားသည်။ ထို့နောက် သူ၏ မီးပင်လယ်ကို စွမ်းအင်များ ဆက်လက် တိုးမြင့်ကာ တိုက်ခိုက်ပြန်၏။

သို့သော် ရှည်လျားသည့် ပေတံသည် သူ၏ မီးပင်လယ်အား နှစ်ပိုင်း ပိုင်းဖြတ်သွားသည်။

သူ၏ မီးပင်လယ်သည် စက္ကူတစ်ရွက်စုတ်ဖြဲခံလိုက်ရသည့် အသွင် ဖြစ်ပေါ်သွား၏။ သို့သော် ဟွမ်းသည် မရပ်တန့်ပဲ သူ၏ ပေတံနှင့် ခေါင်းသုံးလုံးခြင်္သေ့ကို ပိုင်းဖြတ်လိုက်သည်။

“သေစမ်း..”

ဟွမ်းသည် ပြင်းထန်သည့် စွမ်းအင်များနှင့် အားကုန်လွဲကာ ရိုက်ချလိုက်၏။

ခေါင်းသုံးလုံးခြင်္သေ့သည် ကြောက်မက်ဖွယ် စွမ်းအင်များ ဝင်ရောက်လာမှုကို ခံစားမိသွားသည်။

“မင်း ရပ်စမ်း.. ငါ့သခင်က..”

“ဘုန်း..”

ခေါင်းသုံးလုံးခြင်္သေ့သည် စကားပင်ဆုံးအောင် မပြောဆိုနိုင်ခဲ့ပေ။

ရွှမ်းလုံပေတံသည် ခေါင်းသုံးလုံးခြင်္သေ့၏ အလယ်တွင်ရှိသည့် ဦးခေါင်းကို ရိုက်မိသွားသည်။

“ဝုန်း..”

ထိုအရှိန်နှင့်တင် ‌ခေါင်းသုံးလုံးခြင်္သေ့သည် ဂူ၏ မြေလွှာများပင် ပြိုပျက်သွားပြီး မြေလွှာအတွင်းသို့ ပေနှစ်ဆယ်ခန့်နစ်ဝင်သွားတော့သည်။

မြေလွှာတွင် နစ်ဝင်နေသည့် ခေါင်းသုံးလုံးခြင်္သေ့၏ ပင်မဦးခေါင်းရိုးများသည် ကြေမွသွားပြီး လှုပ်ရှားမှုများ ရပ်တန့်နေသည်။

ရွှမ်းလုံပေတံ၏ တိုးပွားလာသည့် စွမ်းအင်များကို အထွတ်ထိပ်အလွှာတွင်ရှိနေခဲ့သည့် ခေါင်းသုံးလုံးခြင်္သေ့သည် မတွန်းလှန်နိုင်ခဲ့ပေ။

All Chapters