← Chapters

ပြေရာပြေကြောင်း

Vol. 20 Ch. 299

ပြေရာပြေကြောင်း

Vol. 20 Ch. 299

သားရဲများသည် ဟွမ်း၏ တရစပ်တိုက်ခိုက်မှုကြောင့် တောင်စဉ်ရေမရ ထွက်ပြေးနေကြ၏။ သို့သော် တစ်ကောင်တစ်လေမျှပင် မလွှတ်မြောက်ချေ။

အချိန်တို အတွင်း အထွတ်ထိပ်အလွှာ သားရဲငါးကောင်မှ လွဲ၍ အားလုံးသုတ်သင်ခံလိုက်ရသည်။

ကျန်းချီချီသည် ထိုအဖြစ်အပျက်ကို မယုံနိုင်သည့် အကြည့်များနှင့် ကြည့်နေရင်း ဟွမ်း၏ စကားများ ပြန်လည်ကြားယောင်လာ၏။

‘လျှပ်စီးမျိုးနွယ်က လင်းထျန်းဘုံကနေ ပျောက်ကွယ်သွားရလိမ့်မယ်..’

ထိုစကားကို သူမသည် ယုံကြည်လာသလိုဖြစ်လာသည်။ သူမသည် ဟွမ်း၏ စွမ်းအားကို တစ်ခါမျှပင် မတိုင်းတာနိုင်ခဲ့ပေ။ အရင်က အရှိန်စွမ်းအင်ကို အသုံးချက အမြန်နှုန်း တိုးစေသည်ဟု ထင်မှတ်ခဲ့သော်လည်း ထိုသို့ ဟုတ်ဟန်မရချေ။

ဟွမ်း၏ စွမ်းအားသည် သူမ တွေးထားနိုင်သည်ထက်ကျော်လွန်နေခဲ့သည်။

“ငါ့အတွက် သေလိုက်စမ်း..”

ဟွမ်းသည် ပြင်းထန်သည် လွှဲယမ်းသည့်ပုံစံနှင့် ရွှမ်းလုံပေတံကို အတက်မပြတ် လွှဲယမ်းလိုက်၏။

ကြောက်မက်ဖွယ် အနက်ရောင်အလင်းတန်းငါးခုသည် သားရဲငါးကောင်ထံသို့ တဟုန်ထိုး ဝင်ရောက်လာသည်။

“မဟုတ်ဘူး..”

သားရဲများသည် ထိတ်လန့်သွား၏။ သူတို့၏ လက်ကျန်စွမ်းအင်များနှင့် ထိုအလင်းတန်းများကို ခုခံလိုက်ကြသည်။

သို့သော် အနက်ရောင်အလင်းတန်းများကို မတားဆီးနိုင်ပေ။ ထိုအလင်းတန်းများသည် သူတို့၏ ခန္ဓာကိုယ်များကို ပိုင်းဖြတ်သွားတော့၏။

“ဝုန်း..”

သားရဲငါးကောင်သည် သူတို့၏ ရှိရှိသမျှစွမ်းအင် အားလုံးနှင့် ခုခံခဲ့သော်လည်း ဟွမ်း၏ စွမ်းအင်များကြောင့် သူတို့၏ ခန္ဓာကိုယ်များ ယိုယွင်းကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားတော့သည်။

“ဘုန်း..”

ထို့အပြင် မြေလွှာပေါ်တွင် သူတို့၏ အသက်မဲ့ ခန္ဓာကိုယ်များသာ ကျန်ရစ်တော့၏။

သို့မှသာ ဟွမ်း၏ သတ်ဖြတ်လိုစိတ်များ လျော့ကျသွားတော့သည်။ သူ၏ စိတ်တဖြည်းဖြည်း တည်ငြိမ်လာပြီးနောက် ပတ်ဝန်းကျင်၏ အခြေအနေများကို အကဲခတ်လိုက်မိ၏။

တောင်ကြားတစ်ခုလုံး ပျက်စီးလုနီးပါးဖြစ်နေပြီး သေဆုံးနေသည့် သားရဲများ နေရာအနှံ့ပြန့်ကျဲနေသည်။

‘နောက်ဆို ဒီစွမ်းအားကို ပေါ်ထွက်မလာအောင် ထိန်းရလိမ့်မယ်..’

သတ်ဖြတ်လိုစိတ်သည် သူကိုယ်တိုင် မထိန်းချုပ်နိုင်ပဲ သူ့အား ထိန်းချုပ်သွားသည့်အလားပင်။

ဟွမ်းသည် အဘယ်ကြောင့် ဤသို့ စိတ်လွတ်သွားသည်အထိ ဖြစ်သွားမှန်း စဉ်းစားမရချေ။ သူ့အပေါ်ကောင်းမွန်စွာဆက်ဆံသည့် ကျန်းချီချီ သေဆုံးလုနီးနီးဖြစ်တော့မည်ကို သိရှိလိုက်သည်။

ထို့ကြောင့် သူ၏ သတ်ဖြတ်လိုစိတ်များ တားဆီးမရဖြစ်ခဲ့၏။

သူသည် ဆက်လက်မတွေးတော့ပဲ ကျန်းချီချီရှိရာ ဆင်းသက်လာသည်။

သို့သော် သူမသည် စွမ်းအင်ကုန်ဆုံးသည့်ဒဏ်ကြောင့် သတိလစ်နေပြီဖြစ်၏။

ဟွမ်းသည် ဤနေရာရှိ ယင်စွမ်းအင်များသည် ကျန်းချီချီအတွက် အဆင်ပြေမည်မဟုတ်ဟု ခံစားမိသောကြောင့် သူမကို ပွေ့ချီကာ သေမင်းတောင်ကြားမှ ထွက်ခွာသွားသည်။

သို့သော် နှင်းဓားဂိုဏ်းနှင့် အလှမ်းဝေးနေသောကြောင့် ရွာငယ်လေးတစ်ခုသို့ ဝင်ရောက်ကာ ကျန်းချီချီကို အနားယူစေ၏။ ထို့နောက်သူသည် ဝိညာဉ်နိုးထခြင်းသစ်စေ့များကို ထုတ်ယူလိုက်သည်။

တစ်ဖက်ရှိ သေမင်းတောင်ကြားတွင် ဟွမ်းထွက်ခွာပြီး နာရီအတော်ကြာကြာတွင် ပုံရိပ်သုံးခု ရောက်ရှိလာ၏။ ထိုသုံးဦးအနက်မှ ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါက အလွန်အမင်းသန်မာနေသည်။

“ဒါ...ဘာဖြစ်ကုန်တာလဲ..”

ကျင့်ကြံသူသုံးဦးသည် သေမင်းတောင်ကြား၏ အဖြစ်အပျက်များကို တွေ့မြင်ကာ ထိတ်လန့်သွားကြ၏။

“အထွတ်ထိပ် သားရဲ ငါးကောင်လုံးလဲ သေနေပြီ..”

အစွမ်းထက် ကျင့်ကြံသူသည် ဖြစ်ပျက်နေသည်များကို မယုံနိုင်ဖြစ်ကာ တုန်လှုပ်နေ၏။ ထို့အပြင် ရှင်သန်နေသည့် သားရဲတစ်ကောင်မျှ မရှိတော့ချေ။

“အမြန်သွားမယ်..”

သူတို့သည် နိုးထခြင်းသစ်ပင် ရှိသည့် ဂူအတွင်းသို့ အလျှင်အမြန် ပြေးဝင်သွားကြသည်။

နောက်လိုက်နှစ်ဦးသည် အထိတ်ထိတ်အပြာပြာနှင့် အော်ဟစ်မိသွား၏။

“ဝိညာဥ်နိုးထခြင်းသစ်ပင် မရှိတော့ဘူး..”

“ဝုန်း..”

အစွမ်းထက်ကျင့်ကြံသူသည် ဒေါသကြောင့် သူ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ကာ ဂူတစ်ခုလုံးပြိုပျက်သွားသည်။ သူ၏ ဒေါသများကို မထိန်းနိုင်တော့ချေ။

ဂူအတွင်း မူလခြေရာများပျက်စီးနေသည့်အပြင် ဝိညာဉ်နိုးထခြင်းသစ်ပင် မရှိတော့လေပြီ။ ထို့အပြင် ခေါင်းသုံးလုံးခြင်္သေ့၏ အရှိန်အဝါကိုလည်း မခံစားမိချေ။

“ခေါင်းသုံးလုံးခြင်္သေ့ကို ရှာစမ်း..”

သူသည် ဒေါသတကြီး အမိန့်ပေးလိုက်၏။ သူ၏ အရှိန်အဝါကြောင့် ဂူ၏ အမိုးအကာရန်များ အစိတ်စိတ်အမွှာမွှာ ကြေမွသွားရသည်။

နောက်လိုက်နှစ်ဦးသည် ချက်ချင်းဆိုသလို ပျက်စီးသွားသည့်ဂူကို ရှင်းလင်းကာ ခေါင်းသုံးလုံးခြင်္သေ့ကို ရှာဖွေလိုက်ကြသည်။

“အရှင်..သူ့ကို တွေ့ပြီ..”

နောက်လိုက်တစ်ဦးသည် မြေလွှာတွင်နစ်မြုတ်နေသည့် ခေါင်းသုံးလုံးခြင်္သေ့ကို တွေ့ရှိသွား၏။ ချက်ချင်းဆိုသလို မြေလွှာအတွင်းမှ ဆွဲထုတ်ကြသည်။

“အရှင်..၊ ခေါင်းသုံးလုံးခြင်္သေ့ရဲ့ ပင်မဦးခေါင်းပျက်စီးနေတယ်..သေတော့မသေသေးဘူး..”

ထိုခြင်္သေ့ သတိလစ်နေသည်ကို တွေ့လိုက်ရ၏။

“ဒီကောင့်ကို ရအောင်ကယ်..၊ ဘယ်သူလုပ်သွားလဲဆိုတာကို ရအောင်မေး..”

အစွမ်းထက် ကျင့်ကြံသူသည် ဒေါသမိုးမွှန်နေ၏။

“ပြီးတော့..ဒီနယ်မြေက နယ်မြေသခင်ရှိတဲ့ဂိုဏ်းတွေကို စုံစမ်း..၊ ဒါက နယ်မြေသခင်အဆင့်ကလွဲရင် လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး..၊ ပြီးတော့ ကောင်းကင်အလွှာကျင့်ကြံသူတွေ ရှိတဲ့ ဂိုဏ်းတွေရော စုံစမ်း..”

သူသည် စဉ်းစားဆင်ခြင်ပြီးနောက်တွင် နောက်လိုက်တစ်ဦးကို အမိန့်ပေးလိုက်၏။ သေမင်းတောင်ကြားတွင် အထွတ်ထိပ်အလွှာသားရဲ ခြောက်ကောင်နှင့် မရေမတွက်နိုင်သည့် အလယ်လတ်အလွာနှင့် စဦးအလွှာများစွာရှိနေခဲ့သည်။

သို့သော် တစ်ကောင်တစ်လေမျှ မရှင်သန်နိုင်ခဲ့ပဲ သတ်ဖြတ်သူဘက်မှလည်း သေဆုံးသည့် လူသားကျင့်ကြံသူများမရှိချေ။

ထို့ကြောင့် သန်မာသည့် ကျင့်ကြံသူတစ်ဦး သို့မဟုတ် သန်မာသည့် ကျင့်ကြံသူ အဖွဲ့သာ ဖြစ်နိုင်သည်ဟု ခန့်မှန်းမိသည်။

“ဟုတ်ကဲ့ပါ..အရှင်..”

ကျင့်ကြံသူတစ်ဦးသည် နာခံလိုက်၏။

“ဒီကောင့်ကို ကောင်းကင်ကျားမျိုးနွယ်ဆီခေါ်သွား..၊ ပြီးတော့ ဒီကိစ္စအတွက် သူတို့ဆီက ဖြေရှင်းချက်တောင်းရလိမ့်မယ်..”

အစွမ်းထက်ကျင့်ကြံသူသည် နောက်တစ်ဦးကို အမိန့်ပေးလိုက်၏။ သူသည် ဤနေရာတွင် ယင်စွမ်းအင်ပေါများသောကြောင့် ကောင်းကင်ကျားမျိုးနွယ်နှင့် အပေးအယူလုပ်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

သို့သော် သူ၏ သားရဲများကို သတ်ဖြတ်ကာ ဝိညာဉ်နိုးထခြင်းသစ်ပင်ကို သိမ်းဆည်းခံရချေပြီ။

ထိုအရာသည် ကောင်းကင်ကျားမျိုးနွယ်၏ ပေါ့ဆမှုကြောင့်ပင်။ အစွမ်းထက်ကျင့်ကြံသူသည် ငယ်ရွယ်သည့် အသွင်နှင့် ကြည့်ကောင်းသည် ရုပ်ရည်ကို ပိုင်ဆိုင်ထားသော်လည်း ဒေါသကြောင့် သူ၏ မျက်နှာ ရုပ်ဆိုး အကျည်းတန်နေ၏။

“ရှာတွေ့လို့ကတော့..၊ အရှင်လက်လက် ငရဲကျစေရမယ်..”

သူသည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

တစ်ဖက်တွင် ဟွမ်းသည် ထိုကိစ္စများကို မသိရှိတော့ချေ။ သူသည် လင်းရှု့ကို နှိုးရန် စိတ်လောနေသည်။ ရွာငယ်လေးမှ ကျင့်ကြံသူများသည် သဘောကောင်းဟန်ရသည်။

သူသည် ကျန်းချီချီကို ထွေးပွေ့ကာ ခေါ်လာပြီးသည်ကို ရွှာငယ်မှ ကျင့်ကြံသူများ တွေ့သွားသည်နှင့်တပြိုင်နက် အိမ်တစ်လုံးငှားပေးခဲ့ကြ၏။

ထို့ကြောင့် ဟွမ်းသည် တိတ်ဆိတ်စွာနှင့် သူ၏ ကိစ္စများဆောင်ရွက်ရန် အဆင်ပြေသွားသည်။

လင်းရှု့ကို ဝိညာဉ်ပင်လယ်အတွင်းမှ အပြင်သို့ ထုတ်ဖော်ထား၏။ အကြောင်းမှာ ဝိညာဉ်နိုးထခြင်းကဲ့သို့ အရာဝထ္ထုများကို ဝိညာဉ်ပင်လယ်အတွင်း ထည့်သွင်း၍ မရသောကြောင့်ပင်။

“သခင်..ဒီသစ်စေ့က မာမဲ့ပုံပဲ..၊ အိပ်ပျော်နေတဲ့ လင်းရှု့က ဝါးနိုင်ပါ့မလား..”

ရွှမ်းလုံသည် ဝင်ရောက်ပြောဆိုလိုက်၏။

“မင်း ဉာဏ်တုံးလှချေလား..၊ သူမက သာမန်လူမဟုတ်ဘူးလေ..သစ်စေ့က သူမခန္ဓာကိုယ်ထဲရောက်သွားရင် အလိုလိုချေဖြတ်သွားမှကွ..”

ဟေးယန်သည် ရွှမ်းလုံကို အထင်သေးသည့် အကြည့်နှင့်ကြည့်ကာ ဆိုလိုက်၏။

“မင်း..သောက်မီးခိုးကောင်..မင်းကိုယ်မင်း ဉာဏ်ကောင်းတယ်ထင်နေလား..”

ရွှမ်းလုံသည် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ငါက အတွေးအခေါ်ရှိသေးတယ်၊ မင်းကိုက ဉာဏ်တုံးနေတာ..သောက်တိရိစ္ဆာကောင်..”

ဟေးယန်သည် ပြန်ပက်လိုက်၏။

“မင်း..”

ရွှမ်းလုံသည် ဒေါသမထိန်းနိုင်တော့ချေ။ ဟေးယန်ကို ထိုးနှက်လိုက်၏။

“မင်းအရင်လက်ပါတာနော်..”

ဟေးယန်သည်လည်း အကြောမခံချေ။ ပြန်လည် ရိုက်နှက်ကာ လုံးထွေးသတ်ပုတ်နေကြသည်။ သူတို့သည် သေခြင်းရှင်ခြင်း ရန်သူများအလား ဒေါသတကြီး ထိုးနှက်နေကြ၏။

ဟွမ်းသည် ထိုနှစ်ကောင်ကို ကြည့်ကာ သက်ပြင်းချမိသွားသည်။ ထိုနှစ်ကောင်၏ အကူအညီပေးနိုင်စွမ်းသည် အနုတ်လက္ခဏာဆောင်နေသည်။

“ဘုန်း..”

“ဘုန်း..”

ဟွမ်းသည် ပြေရာပြေကြောင်း ဖျန်ဖြေပြီးသည့် နောက်တွင် ထိုနှစ်ဦး၏ တိုက်ခိုက်မှုသည် ရပ်တန့်သွားတော့သည်။

သူတို့နှစ်ဦးသည် အခန်း၏ ဒေါင့်စွန်တစ်ဖက်တစ်ချက်စီတွင် သူတို့၏ ဦးခေါင်းများကို ပွတ်သပ်နေရ၏။ အသေအချာကြည့်လိုက်လျှင် သူတို့၏ မျက်ဝန်းများ စိုစွတ်နေသည်ကို တွေ့ရပေလိမ့်မည်။

All Chapters