အခန်း (၄၅၃)
Vol. 20 Ch. 453
ချူမိသားစု သံတမာန်ဖြစ်သူ ချူဟွမ်သည် သူ၏စကားများကို ခက်ထန်ပြတ်သားစွာ ပြောဆိုခဲ့သည်။ အခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး ဖုန်မှုန့်လေးများပင် လေထဲတွင် ကခုန်နေသည်ကို မြင်နိုင်သည်။ သင်းဝမ်အမ်း၏မျက်နှာသည် ဝမ်းနည်းမှုကြောင့် ဖြူဖတ်နေပြီး၊ ကျန်ရှိနေသေးသော သွေးရောင်မှာလည်း ပျောက်ကွယ်သွားသည်။ သူမ၏လက်များကို တဆတ်ဆတ်တုန်နေအောင် ဆုပ်ထားမိသည်။
နှစ်ပေါင်းများစွာအတူရှိခဲ့သောကြောင့် ယဲ့ယွီသည် သူ၏ဆရာအား နားလည်ပြီးသားဖြစ်သည်။ သူမသည် ကျင့်ကြံမှုတွင် ပါရမီထူးချွန်သော်လည်း၊ သူမ၏စရိုက်မှာ အလွန်နူးညံ့သိမ်မွေ့ပြီး၊ မကြာခဏဆိုသလို ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ခိုင်မာစွာချမှတ်တတ်ခြင်း မရှိတတ်ပေ။ မကြာသေးမီက ဖြစ်ပွားခဲ့သော ကြေကွဲဖွယ်အဖြစ်ဆိုးကြောင့် သင်းမိသားစုတစ်ခုလုံး ပြိုလဲခဲ့ရပြီး၊ မိသားစုခေါင်းဆောင်နှင့် အဓိကအဖွဲ့ဝင်များလည်း သေဆုံးခဲ့ရသည်။ သူမသည် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး အထီးကျန်ကာ အားကိုးရာမဲ့ဖြစ်နေသည်။
ယခုလို ခံစားချက်ပြင်းထန်နေချိန်တွင် စေ့စပ်ပွဲပျက်ခြင်းသတင်းက သူမအား ထပ်မံရိုက်ပုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။ သင်းဝမ်အမ်းသည် ထိုလက်ထပ်ပွဲကို တကယ်စိတ်မဝင်စားသော်လည်း၊ ချူမိသားစု၏ အခွင့်အရေးယူတတ်သော အပြုအမူကြောင့် ပြင်းပြင်းထန်ထန် နာကျင်ရသည်။ တစ္ဆေကျင့်ကြံသူလောကတွင် သတင်းများက လျင်မြန်စွာပျံ့နှံ့လေ့ရှိပြီး၊ ဤစေ့စပ်ပွဲပျက်ခြင်းသတင်းသည်လည်း လူသိရှင်ကြားဖြစ်လာပြီး သင်းမိသားစုအား ပြက်ရယ်ပြုစရာ ဖြစ်လာစေလိမ့်မည်။
အပြင်ဘက်မှ ပျက်စီးနေသော အပျက်အစီးများကို ကြည့်ရင်း သင်းဝမ်အမ်းသည် နက်ရှိုင်းသော ဝမ်းနည်းမှုလှိုင်းလုံးထဲသို့ ကျရောက်သွားသည်။ သူမ၏ရင်ဘတ်သည် တင်းကျပ်လာပြီး၊ မျက်ရည်တစ်စက်က ပါးပြင်ပေါ်သို့ စီးကျလာသည်။ "အဖေ" ဟု သူမက စိတ်ပျက်အားငယ်စွာ တိုးတိုးလေးပြောလိုက်သည်။ "သမီး သင်းမိသားစုကို ဆက်ထိန်းထားဖို့ မတတ်နိုင်တော့ဘူး!"
သူမ၏တိတ်ဆိတ်မှုကို မြင်သောအခါ ချူဟွမ်က သူမသည် လက်ထပ်ထိန်းမြှားမှု ကတိကဝတ်ကို ဖျက်သိမ်းလိုက်သောကြောင့် ကြေကွဲဝမ်းနည်းနေသည်ဟု အထင်မှားသွားသည်။ သူ၏နှုတ်ခမ်းတွင် ကျေနပ်နေသော အပြုံးတစ်ချက် ပေါ်လာသည်။ "သင်းအမလေး၊ ဒီကိစ္စက ပြီးပြတ်သွားပြီ။ ဒီလက်ထပ်ပွဲကို အဖတ်ဆယ်ဖို့ အချိန်ဖြုန်းမနေပါနဲ့တော့" ဟု သူက တိုးတိုးလေးနှင့် မာနကြီးစွာ ပြောလိုက်သည်။ သူက လက်ကို လှုပ်ရှားလိုက်သည်။ "ကျွန်ုပ်၏ သခင်က ကျွန်ုပ်တို့ပေးပို့ခဲ့သော လက်ဖွဲ့ပစ္စည်းများကို ပြန်မလိုချင်တော့ဘူးလို့ ပြောပါတယ်။ ဒါကို ခက်ခဲတဲ့အချိန်မှာ သင်တို့ရဲ့ သင်းမိသားစုကို ကူညီပေးတယ်လို့ပဲ သဘောထားလိုက်ပါ" ဟု ပြောလိုက်သည်။ သူ၏ဆိုလိုရင်းမှာ ထိုပစ္စည်းများသည် ကရုဏာလက်ဆောင်မျှသာ ဖြစ်သည်။ ချူနှင့် သင်းမိသားစုတို့သည် ယခုအခါ သူစိမ်းများဖြစ်သွားပြီ။ "ကျွန်ုပ်ရဲ့ သခင်လေးက တကယ့်ကို ပါရမီရှင်တစ်ဦးပါ။ နောင်တစ်ချိန်မှာ တစ္ဆေကျင့်ကြံသူလောကတစ်ခုလုံးရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမှာပါ။ သူက ဝိညာဉ်ပြောင်းလဲခြင်းနယ်ပယ်(နတ်ခန္ဓာပြောင်းလဲခြင်းနယ်ပယ်နှင့်အဆင့်တူ)မှာသာ ရှိတဲ့ တစ္ဆေကျင့်ကြံသူတစ်ကောင်နဲ့ အဖော်ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး" ဟု သူက ထပ်ပြောလိုက်သည်။
စကားလုံးတိုင်းက အဆိပ်ပြင်းသော ဆူးများကဲ့သို့ဖြစ်ပြီး၊ သင်းဝမ်အမ်း၏မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်လာသည်။ သူမသည် ပြန်လည်ချေပလိုသော်လည်း၊ သူမ၏စိတ်သည် ဝမ်းနည်းမှုနှင့် အရှက်ရမှုများကြောင့် ရှုပ်ထွေးနေပြီး၊ ပြန်ပြောရန် စကားလုံးတစ်လုံးမျှ ရှာမရခဲ့ပေ။
ချူဟွမ်သည် သူ၏လုပ်ဆောင်မှုအပေါ် ကျေနပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"ခဏနေဦး!"
ထိုစကားတစ်ခွန်းတည်းကပင် တင်းမာသော တိတ်ဆိတ်မှုကို ဖြတ်ကျော်သွားသည်။ ချူဟွမ်နှင့် သူ၏အဖော် ချူရှီးတို့သည် လှည့်ကြည့်လိုက်ကြသည်။
"ဘာဖြစ်တာလဲ?" ဟု ချူဟွမ်က အေးစက်စက်နှင့် စိတ်မရှည်စွာ မေးလိုက်သည်။ "ခင်ဗျားတို့ သင်းမိသားစုက ကျွန်တော်တို့ကို တခြားတစ်ခုခု ပြောစရာ ရှိသေးလို့လား? ကျွန်တော်တို့မှာ တခြားကိစ္စတွေ ရှိသေးတယ်"
ယဲ့ယွီသည် ရှေ့သို့ တက်လှမ်းလိုက်ပြီး၊ သူ၏မျက်နှာတွင် ပြတ်သားသော မျက်နှာထားကိုအရှင်းသားမြင်နိုင်သည်။ သူသည် စားပွဲပေါ်မှ ကွာရှင်းစာကို ကောက်ယူလိုက်ပြီး၊ သူ၏လက်ချောင်းများဖြင့် စက္ကူကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "ဒီလက်ထပ်ပွဲက လွန်ခဲ့တဲ့အချိန်ကတည်းက ပျက်သွားသင့်တာ" ဟု သူက တည်ငြိမ်ရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။ "ပြန်သွားပြီး ခင်ဗျားတို့သခင်ကို ပြောလိုက်ပါ။ သုံးနှစ်အတွင်းမှာ ကျွန်ုပ်ရဲ့ဆရာ သင်းဝမ်အမ်းနဲ့ ကျွန်တော်တို့ကိုယ်တိုင် ချူမိသားစုရဲ့ လက်ဖွဲ့ပစ္စည်းတွေကို ပြန်လာပေးမယ်"
ချူဟွမ်နှင့် ချူရှီးတို့သည် အံ့သြသွားကြသည်။ သူတို့သည် သင်းမိသားစုက တောင်းပန်ငိုယိုကာ ငြင်းဆန်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော်လည်း၊ သူတို့ မသိသော ဤလူငယ် တစ္ဆေကျင့်ကြံသူက ထိုသို့ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ လက်ဖွဲ့ပစ္စည်းများကို ပြန်ပေးမည်တဲ့လား? ထိုပစ္စည်းများသည် အဖိုးမဖြတ်နိုင်သော ဥစ္စာများဖြစ်သည်။
"ခင်ဗျားက သင်းမိသားစုက ဘယ်အဆင့်ရှိတဲ့သူလဲ?" ဟု ချူဟွမ်က မာနကြီးမှုမှ သံသယသို့ ပြောင်းလဲသွားသော မျက်နှာဖြင့် မေးလိုက်သည်။ "ခင်ဗျားစကားက အရေးပါလို့လား?"
"ကျွန်ုပ်ရဲ့နာမည်က ယဲ့ယွီပါ" ဟု သူက မဆုတ်မနစ်သော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။ "သင်းမိသားစုရဲ့ခေါင်းဆောင် သင်းဝမ်အမ်းက ကျွန်ုပ်ရဲ့ဆရာပါ။ ကျွန်ုပ်ရဲ့စကားဟာ သူမရဲ့ ဆန္ဒပါပဲ"
ယဲ့ယွီ၏ ရဲတင်းသောကြေညာချက်ကြောင့် သင်းဝမ်အမ်းသည် ရှုပ်ထွေးသွားသော်လည်း၊ သူမသည် ငယ်စဉ်ကလေးဘဝကတည်းက သူ့ကိုကြည့်ရှုစောင့်ရှောက်ခဲ့ပြီး ယုံကြည်သည်။ သူ၏မျက်လုံးများမှ ယုံကြည်မှုအလင်းကိုမြင်သောအခါ သူမ၏ဆုံးဖြတ်ချက်သည် ပြန်လည်အားကောင်းလာသည်။ "ဟုတ်တယ်" ဟု သူမက အားအနည်းငယ်ပါသော အသံဖြင့် အတည်ပြုလိုက်သည်။ "သူပြောတာဟာ ကျွန်မပြောတာပါပဲ!"
ချူရှီးသည် လက်ချောင်းသုံးချောင်းကို ထောင်ပြလိုက်သည်။ "သုံးနှစ်? လက်ဖွဲ့ပစ္စည်းတွေကို အပြည့်အဝ ပြန်ပေးလိမ့်မယ်ပေါ့?"
ယဲ့ယွီက ခေါင်းညိတ်လိုက်သည်။ "သုံးနှစ်! ကျွန်ုပ်ရဲ့ဆရာနဲ့ ကျွန်တော်တို့ကိုယ်တိုင် ချူမိသားစုကို သွားပြီး ရှင်းပြချက်ပေးမယ်!"
ချူဟွမ်နှင့် ချူရှီးတို့၏မျက်နှာတွင် ဖြည်းဖြည်းချင်း ပြုံးလိုက်ကြသည်။ သူတို့၏တာဝန်သည် ပြီးမြောက်ခဲ့ပြီး၊ ယခုအခါ အပိုဆုတစ်ခု ရရှိခဲ့သည်။ ၎င်းသည် သုံးနှစ်အခမဲ့ကတိတစ်ခုဖြစ်သည်။ သူတို့သည် သင်းမိသားစုနယ်မြေမှ လျင်မြန်စွာ ထွက်ခွာသွားကြပြီး၊ ပြန်ရောက်သည့်အခါ ရရှိမည့် ဆုလာဘ်များကို စိတ်ကူးယဉ်နေကြသည်။
သင်းမိသားစု၏ ပျက်စီးနေသော အခန်းမကြီးအတွင်းတွင် သင်းဝမ်အမ်းသည် ယဲ့ယွီအား ရှုပ်ထွေးစွာကြည့်လိုက်သည်။ "ယွီအာ၊ မင်းဘာလို့ ဒီလိုပြောလိုက်တာလဲ?" ဟု သူမက မေးလိုက်သည်။ "ချူမိသားစုရဲ့ လက်ဖွဲ့ပစ္စည်းတွေ ဘာတွေလဲဆိုတာတောင် ငါမသိဘူး။ ငါတို့ရဲ့ဘိုးဘွားက အကုန်သိမ်းဆည်းထားတာ။ ငါတို့ ဘယ်လိုပြန်ပေးမှာလဲ?"
ယဲ့ယွီ၏နှုတ်ခမ်းများသည် ဆိုးသွမ်းသော အပြုံးတစ်ခုဖြင့် ကွေးသွားသည်။ သူသည် ကွာရှင်းစာကို တစ်ဝက်စီ၊ ထို့နောက် လေးပုံတစ်ပုံစီ စုတ်ဖြဲလိုက်ပြီး စက္ကူအပိုင်းအစအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် သူက သူမအား ကြည့်လိုက်ပြီး၊ သူ၏မျက်လုံးများတွင် ရင်းနှီးသော စိတ်အားထက်သန်စွာလင်းလက်နေမှုုကို တွေ့ရသည်။
"ဆရာ၊ ဆရာက ချူမိသားစုရဲ့ လက်ဖွဲ့ပစ္စည်းတွေ ဘာတွေလဲဆိုတာ မသိဘူးဆိုရင်၊ ကျွန်တော်တို့က သူတို့ကို ကွာရှင်းစာပဲ ပေးလိုက်ကြမယ်!" ဟု သူက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။ "သုံးနှစ်အတွင်းမှာ တစ္ဆေကျင့်ကြံသူလောကတစ်ခုလုံးက ချူမိသားစုနဲ့ စေ့စပ်ပွဲကို သင်းဝမ်အမ်းက ဖျက်လိုက်တာလို့ သိလာလိမ့်မယ်!"
သူမ၏မျက်နှာတွင် ရှုပ်ထွေးနေသောပုံကိုမြင်သောအခါ ယဲ့ယွီကက လက်ခုပ်တီးလိုက်ပြီး၊ သူ၏စိတ်လှုပ်ရှားမှုနှင့်ပျော်ရွှင်မှုများပြည့်နေသောလေသံဖြင့် "ဆရာ၊ ထရပ်လိုက်စမ်းပါ! သူတို့က 'အရှေ့ဘက်မှာ နှစ်သုံးဆယ်၊ အနောက်ဘက်မှာ နှစ်သုံးဆယ်၊ ဆင်းရဲတဲ့တစ္ဆေကျင့်ကြံသူမလေးကို မနှိမ်မိစေနဲ့'(တရုတ်ရိုးရာစကားပုံကို ပြောင်ပြီးပြောလိုက်တာပါ) လို့ မပြောကြဘူးလား?" ဟု သူက ရယ်မောလိုက်ပြီး၊ ထိုရယ်သံသည် အခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ "တစ္ဆေကျင့်ကြံသူလောကမှာ စေ့စပ်ပွဲဖျက်ခြင်းခေတ် ရောက်တော့မယ်!"
သင်းဝမ်အမ်း၏မျက်နှာသည် အံ့သြမှုနှင့် ရောထွေးနေသည်။ သူပြောခဲ့သော ပထမပိုင်းကို သူမ နားလည်သည်။ သူမသည် လက်ထပ်ပွဲကို အဆုံးသတ်သူ ဖြစ်လိမ့်မည်။ ထိုအတွေးက သူမ၏နှလုံးသားကို ပျော်ရွှင်စေသည်။ ၎င်း၏ မာန်မာနသည် သူမအား ရင်ခုန်စေသည်။ ၎င်းသည် သင်းမိသားစု၏ ဂုဏ်သိက္ခာကို အမြင့်ဆုံးအထိ ပြန်လည်ရရှိစေလိမ့်မည်။ သို့သော်လည်း သူ၏စကားလုံးများမှာ သူမနားမလည်သော ထူးဆန်းသောစကားများဖြစ်သည်။
သူမသည် သက်ပြင်းချလိုက်ပြီး၊ သူမ၏နှလုံးသားမှ ဟူတ်ယောင်ယောင်မျှော်လင့်ချက်သည် မှေးမှိန်သွားသည်။ "ယွီအာ၊ ငါ့ရဲ့အရည်သွေးမရှိတဲ့ပုံစံက မင်းကို စိတ်ပျက်စေနိုင်တယ်" ဟု သူမက ဝမ်းနည်းသောလေသံဖြင့် တိုးတိုးလေးပြောလိုက်သည်။ "မင်းအပြင်ဘက်က ကောလဟာလတွေကို ကြားဖူးမှာပါ။ ငါ့ရဲ့အနှစ်သာရက ပျက်စီးသွားပြီ။ ကျန်ရှိတဲ့ဘဝမှာ ဝိညာဉ်ပြောင်းလဲခြင်းနယ်ပယ်မှာပဲ ကန့်သတ်ခံရပြီး၊ ဘယ်တော့မှ တိုးတက်နိုင်တော့မှာ မဟုတ်ဘူး"
ယဲ့ယွီသည် ပိုနီးကပ်လာပြီး သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ရုံသာမကဘဲ၊ သူမ၏ဝိညာဉ်၏အနှစ်သာရကို ခံစားရပုံရသည်။ သူ၏မျက်နှာတွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာပြီး၊ ထိုအပြုံးသည် သူ၏မျက်လုံးများသို့ ရောက်ရှိသွားကာ ကြည်လင်တောက်ပလာစေသည်။ သူ၏ပတ်ဝန်းကျင်မှ လေထုသည် ပြောင်းလဲသွားပြီး၊ တက်ကြွသောစွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။ သူက သူမအား ကြည့်လိုက်ပြီး၊ ယုံကြည်မှုများ ပျံ့လွင့်နေသော အမူအရာဖြင့် "ဆရာ၊ ဆရာက ကျွန်တော့်ကို စိတ်ပျက်စေမှာမဟုတ်ဘူးဆိုတာ ကျွန်တော် ယုံတယ်" ဟု ပြောလိုက်သည်။ "သူတို့က 'ပိုပြီး ပြင်းပြင်းထန်ထန်လဲလေ၊ ပိုပြီးမြင့်မြင့်ခုန်နိုင်လေပဲ' လို့ ပြောကြတယ်။ ဒီလိုဆရာနဲ့တပည့်ရဲ့ပူးပေါင်းမှုတွေနဲ့ဆိုရင် ဆရာပြန်ပီး အမြင်ဆုံးနယ်ပယ်တွေအထိ မခုန်နိုင်ဘူးလို့ ကျွန်တော် မယုံဘူး" ဟု သူ၏လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "မဟုတ်ဘူး၊ ပန်းတိုင်က နည်းနည်းပိုကြီးတယ်။ ကျွန်တော်တို့ လောကဘုံခြောက်ပါးလုံးကို တိုက်ရိုက်ထိုးဖောက်ပီး စိုးမိုးလိုက်ရအောင်လား? ဆရာဘယ်လိုထင်လဲ?"
၄၅၄ ဆက်ရန်