← Chapters

အခန်း (၄၅၄)

Vol. 20 Ch. 454

အခန်း (၄၅၄)

Vol. 20 Ch. 454

ပြီးခဲ့သည့် နှစ်ရက်အတွင်း ယဲ့ယွီသည် ယခင်ကလို စိတ်အားထက်သန်မှု မရှိတော့ပါ။ သူသည် စာလုံးများပြည့်နေသော စက္ကူတစ်ရွက်ပေါ်တွင် လေးနက်သော မျက်နှာဖြင့် နောက်ထပ်မျဉ်းတစ်ကြောင်းကို ထပ်ဆွဲကာ အကြံတခုမအောင်မြင်ပြန်ကြောင်းအတည်ပြုလိုက်သည်။

သူသည် သင်းဝမ်အမ်း၏ လက်ဝတ်ရတနာများဖြစ်သည့် သိုလှောင်လက်စွပ်နှင့် ကျောက်စိမ်းလက်ကောက်ကို အသေးစိတ် စစ်ဆေးခဲ့သည်။

အတွင်းထဲတွင် ဖုံးကွယ်ထားသော ရတနာများ သို့မဟုတ် ဘိုးဘေးသခင်အိုတစ်ဦး၏ ဝိညာဉ်ကို မျှော်လင့်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။

"ကောင်းပြီ၊ ဒီလမ်းက ပိတ်နေပြီ။ ကိစ္စမရှိပါဘူး၊ တခြားတစ်ခုကို စမ်းကြည့်ရအောင်" ဟု သူတွေးလိုက်သည်။

ထို့နောက် သူသည် သင်းမိသားစု၏ အိမ်တစ်ခုလုံးကို လျှို့ဝှက်လက်စွဲစာအုပ်များ သို့မဟုတ် ရှားပါးရတနာများ ရှာဖွေခဲ့သည်။ လမ်းပေါ်တွင် ပစ်ထားလျှင်ပင် မည်သူမျှ မလိုချင်လောက်အောင် သာမန်ဖြစ်သော အရာများကို သူရှာဖွေခဲ့သည်။ သို့သော်လည်း သူ၏ရှာဖွေမှုသည် အပျက်အစီးများမှလွဲ၍ မည်သည့်အရာမှ မတွေ့ခဲ့ရပေ။

"ကောင်းပြီ၊ ကိစ္စမရှိဘူး။ နောက်တစ်ကြိမ် ထပ်စမ်းကြည့်ရအောင်!"

ရှန်းရှဝတ္ထုများတွင် ဖတ်ဖူးသည့် အခြားနည်းလမ်းများကို သူစမ်းသပ်ခဲ့သည်- ဆင်ခြေဖုံးတွင် တိုက်ခိုက်ရေးပညာရပ်များ လေ့ကျင့်ခြင်း၊ ချောက်ကမ်းပါးပေါ်မှ ခုန်ချခြင်း၊ ညသန်းခေါင်တွင် လက်စားချေစိတ်များပြင်းထန်ကာထကြွလာကာ စိတ်ဆိုးပြီး စနစ်တစ်ခုကို အသက်သွင်းရန် ကြိုးစားခြင်း၊ အိပ်နေစဉ် အိပ်မက်ထဲတွင် လေ့ကျင့်ခြင်းတို့ ဖြစ်သည်။ အားလုံး မအောင်မြင်ခဲ့ပေ။

သူသည် သင်းဝမ်အမ်းကို လျှင်မြန်စွာ အဆင့်ချိုးဖောက်ခြင်းမျိုးရရှိရန် ကူညီပေးရန်အတွက် သူ့ကိုယ်သူ အချိန်ပေးခဲ့သည်။ သူသည် ဝတ္ထုများမှ ဇာတ်လိုက်တစ်ဦး ပိုမိုအားကောင်းလာနိုင်သည့် နည်းလမ်းရာပေါင်းများစွာကို စဉ်းစားခဲ့ပြီး သူမအား တစ်ခုပြီးတစ်ခု စမ်းသပ်စေခဲ့သည်။ သူမ မအောင်မြင်တိုင်း သူသည် စက္ကူပေါ်မှ မျဉ်းတစ်ကြောင်းကို ဖျက်ပစ်လိုက်သည်။

သူသည် သူရဲကောင်းစိတ်ဓာတ်ဖြင့် စတင်ခဲ့ပြီး အမြဲတမ်းလမ်းတစ်ခုရှိနေသည်ဟု ယုံကြည်ခဲ့သည်။ သူမ အောင်မြင်ခြင်းလမ်းသို့လျှောက်နိုင်ရန် အချိန်သာလိုအပ်သည်ဟု သူတွေးခဲ့သည်။ ပထမဆုံး နည်းလမ်း ဆယ်ခု၊ သို့မဟုတ် နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်တို့ မအောင်မြင်ခဲ့လျှင်လည်း သူ ဂရုမစိုက်ခဲ့ပေ။ သူမ ပိုမိုလျင်မြန်စွာ အားကောင်းလာပြီး မယုံကြည်နိုင်လောက်သော ဒဏ္ဍာရီဆန်သောဘဝကို ပိုင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခုတော့ ရှိလိမ့်မည်ဟု သူယုံကြည်သည်။ သို့သော်လည်း သူ၏သူရဲကောင်းစိတ်ဓာတ်သည် တဖြည်းဖြည်း ပျက်စီးလာသည်။ သင်းဝမ်အမ်းသည် တန်ခိုးအာဏာရရှိရန် လမ်းကို ရှာမတွေ့သေးဘဲ၊ ယင်းက သူ့ကို ခေါင်းကိုက်စေခဲ့သည်။

"တစ္ဆေကျင့်ကြံသူလောကမှာ စေ့စပ်ပွဲဖျက်တာ ခွင့်မပြုတာလား?" ဟု သူက ကောင်းကင်ကို ကြည့်ရင်း တွေးလိုက်သည်။ "ဒါက ကောင်းကင်ရဲ့ဥပဒေနဲ့ ဆန့်ကျင်နေတာလား?"

ယဲ့ယွီ၏ ဖခင် ယယ်ချွမ်သည် သူ၏သား၏ စိတ်ဆင်းရဲမှုကို မြင်သောအခါ ဝမ်းနည်းမှု ခံစားရသည်။ သင်းဝမ်အမ်း၏ စေ့စပ်ပွဲပျက်ခြင်းသတင်းသည် လူပြောများလှသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပြီး၊ ချိုယန်မြို့ရှိ တစ္ဆေကျင့်ကြံသူများအားလုံးနီးပါးက သင်းမိသားစုကို လှောင်ပြောင်နေကြသည်။ တစ်ချိန်က သူတို့နှင့် ရင်းနှီးသော မြို့စားပင်လျှင် ချက်ချင်းပင် သူတို့နှင့် ရှောင်ဖယ်ကာနေရန် ရွေးချယ်ခဲ့သည်။

"ဒါက လက်တွေ့ဘဝပါပဲ၊ ယွီအာ" ဟု ယယ်ချွမ်က သက်ပြင်းချလိုက်သည်။ "မင်းရော ငါရော ဒါကို ရှောင်လွှဲလို့ မရဘူး"

သူ၏သားကို ပိုမိုကောင်းမွန်လာစေရန် မျှော်လင့်ချက်ဖြင့် သူက သူ့ကို မြို့အပြင်ဘက်ရှိ ချောက်ကမ်းပါးတစ်ခုသို့ ခေါ်ဆောင်သွားသည်။ သူက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်- "ယွီအာ၊ ဘဝက ခက်ခဲတယ်။ ဒါကြောင့် မင်းမှာရှိတဲ့ အချိန်တိုင်းကို တန်ဖိုးထားပါ။ ဖြစ်ပျက်သမျှအားလုံးဟာ ငါတို့ ခံနိုင်ရမယ့် ကံကြမ္မာပဲ။ ယောကျ်ားတစ္ဆေကျင့်ကြံသူတစ်ကောင်အနေနဲ့ မင်းမှာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိရမယ်။ မင်း ဘယ်လောက်ပဲ ခက်ခဲမှုတွေနဲ့ အတားအဆီးတွေ ကြုံရပါစေ၊ ဘယ်တော့မှ နောက်မဆုတ်နဲ့။ ဒီနေရာက ရှုခင်းကို ကြည့်ပြီး စိတ်ကို အပန်းဖြေဖို့ ကောင်းတဲ့နေရာပဲ။ ဒါပေမယ့် မင်းပြန်ရောက်တဲ့အခါ မင်း စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ရမယ်!"

ယဲ့ယွီ၏မျက်နှာတွင် ရုတ်တရက် အနက်ရောင်မျဉ်းများ ပြည့်သွားသည်။ "ဟူး၊ ဒီစိတ်ဝိညာဉ်ကို လှုပ်ရှားစေတဲ့ ကြက်သားဟင်းရည်(chicken soup for the soul သူ့အဖေရဲ့အားပေးစကားများက ရင်ကိုနွေးထွေးကာ အားအင်ပြည့်ဝစေသည်ဟု ရွဲ့ကာပြောခြင်း)က တကယ်ကို ပြည့်စုံတယ်။" ဟု သူတွေးလိုက်သည်။ "အထူးသဖြင့် အဲဒီ အဖေ့ရဲ့ နက်ရှိုင်းတဲ့အသံနဲ့ တိုက်ပွဲစိတ်ဓာတ်အပြည့်နဲ့ မျက်လုံးတွေကလေ။ အခု ငါက စူပါဟီးရိုးတယောက်လိုခံစားနေရပြီး ငါမနက်ဖြန် ကမ္ဘာကို မကယ်ရင် အချိန်ဖြုန်းနေသလို ခံစားရတယ်"

သူက တစ်ခုခု ပြောချင်သော်လည်း ကိုယ့်ကိုယ်ကို ရပ်တန့်လိုက်သည်။ "ကိစ္စမရှိပါဘူး၊ ဒါက ကောင်းတဲ့ရည်ရွယ်ချက်ပဲ" ဟု သူတွေးပြီး ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် နောင်မှာ စိတ်ဓာတ်တက်ကြွလာပါ့မယ်၊ ဒါပေမယ့် အခုတော့ ကျွန်တော် တစ်ယောက်တည်းပဲ နေချင်တယ်"

ယယ်ချွမ်က ငြင်းပယ်ခြင်းမရှိဘဲ သူ၏သား၏ပခုံးကို လေးနက်စွာ ပုတ်ပေးလိုက်သည်။

"ကြိုးစား!"

"ဂမ်၊ ကျွန်တော် တကယ်မခံနိုင်တော့ဘူး!"

ယဲ့ယွီသည် သူ၏မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်လိုက်သည်။

ယယ်ချွမ် ထွက်သွားပြီးနောက် ယဲ့ယွီသည် တစ်ယောက်တည်း လှပသောရှုခင်းကို ကြည့်နေခဲ့သည်။ သို့သော်လည်း သူ၏စိတ်ထဲတွင် သင်းဝမ်အမ်းကို မည်သို့ကူညီရမည်ကို စဉ်းစားနေဆဲဖြစ်သည်။ အချိန်သည် မသိမသာ ကုန်လွန်သွားပြီး၊ ကောင်းကင်မှ သွေးလခြမ်းကို မှောင်မိုက်သောတိမ်များက ဖုံးလွှမ်းသွားသည်။ သူသည် မည်သည့်ဖြေရှင်းချက်ကိုမျှ စဉ်းစား၍မရတော့သဖြင့် အိမ်ပြန်ရန် ထရပ်လိုက်သည်။

သို့သော် သူထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ချောက်ကမ်းပါးအောက်ရှိ ရေကန်၏အောက်ခြေတွင် တောက်ပနေသော အစက်အပြောက်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ စူးစမ်းလိုစိတ်ဖြင့် ယဲ့ယွီသည် ချောက်ကမ်းပါးပေါ်မှ ခုန်ချလိုက်သည်။ သူ၏ဝိညာဉ်ခန္ဓာသည် အလွန်ပေါ့ပါးသောကြောင့် အခြေတည်ဆောက်ခြင်းအဆင့်မရှိသော်လည်း ရိုးရှင်းစွာ ပျံသန်းနိုင်သေးသည်။ သူသည် လျင်မြန်စွာ ရေကန်သို့ ရောက်ရှိသွားပြီး တောက်ပနေသောနေရာကို လက်ဖြင့် ထိလိုက်သည်။

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှုခင်းသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ယဲ့ယွီသည် လျှို့ဝှက်နေရာတစ်ခုသို့ ရုတ်တရက်ဆွဲသွင်းခံရသလိုမျိုး ဝင်ရောက်သွားသည်။ ဂရုတစိုက်စူးစမ်းပြီးနောက် သူသည် နန်းတော်တစ်ခုအတွင်း ရောက်နေသည်ကို တွေ့ရှိခဲ့သည်။ ပတ်ဝန်းကျင်မှ ဗလာနတ္တိကို ကြည့်ရင်း ယဲ့ယွီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ရှေ့တွင် အရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ သူသည် ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူရှိသော လူအိုတစ်ဦးဖြစ်သည်။ သူသည် တစ်ချိန်က အစွမ်းထက်သော တစ္ဆေဘုရင် တစ်ဦးဖြစ်ခဲ့သည်ဟု ကြွေးကြော်ခဲ့သည်။

(ဘာသာပြန်သူမှတ်ချက် ၊ ကျင့်ကြံအဆင့်တွေထပ်ရေးပေးလိုက်ပါတယ်။

ကျင့်ကြံမှု အဆင့်များ တစ္ဆေအင်မော်တယ် ၊ ဆန်းကျယ်တစ္ဆေ ၊ မြေအဆင့်တစ္ဆေ ၊ ကောင်းကင်အဆင့်တစ္ဆေ ၊ နယ်သာအဆင့်တစ္ဆေ ၊ တစ္ဆေသခင် ၊ တစ္ဆေဘုရင် ၊ တစ္ဆေဧကရာဇ် )

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀,၀၀၀ ကျော်က သူ၏ အရင်းနှီးဆုံး လက်အောက်ငယ်သားက ချုံခိုတိုက်ခိုက်ခြင်းခံရပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ၏ဝိညာဉ်မပျောက်ပျက်မီ ကံကြမ္မာပါသူကို စောင့်ဆိုင်းရန်အတွက် ဝိညာဉ်တစ်စကို ချန်ထားခဲ့သည်။ ဤလျှို့ဝှက်နယ်မြေတွင် နန်းတော်အောက်တွင် ဖုံးကွယ်ထားသော ကောင်းကင်ဘုံအဆင့်တစ္ဆေနည်းစနစ်, နယ်သာလောကအနီရောင်မီးတောင်, နှင့် နယ်သာလောကကိုးပါးဝိဉာဉ်အဆင့်တက်ဆေးပြား တို့ ရှိသည်။ ကံကြမ္မာပါသူတစ်ဦးသည် ဤရတနာများကို ရရှိပြီး သူ့အတွက် လက်စားချေပေးမည်ဟု သူမျှော်လင့်သည်။

သူ၏ရန်သူကို...

ထိုလူအိုသည် သူ၏စကားများကို မဆုံးခင် သူ၏ဝိညာဉ်စွမ်းအင်ကုန်ခမ်းမှုကြောင့် ဝိညာဉ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ယဲ့ယွီသည် လုံးဝ အံ့သြသွားခဲ့သည်။ ဘာတွေဖြစ်နေတာလဲ? မင်းစကားကိုတောင် မပြီးဘဲ ပျောက်ကွယ်သွားတာလား?

သို့သော်လည်း စဉ်းစားကြည့်သောအခါ ၎င်းသည် ဝိညာဉ်တစ်စမျှသာဖြစ်ပြီး နှစ်ပေါင်း ရာနှင့်ချီ၍ တည်ရှိနိုင်ခြင်းသည် အတော်လေး အထင်ကြီးစရာကောင်းသည်။ ထို့အပြင်၊ အရေးကြီးဆုံးအရာကို သူပြောပြီးသွားပြီ။ ကျန်သည့်အရာများက အရေးမပါတော့ပုံရသည်။

ထို့နောက် ယဲ့ယွီသည် အခန်းမကြီးရှိ နန်းတော်အောက်တွင် လျှို့ဝှက်စာအုပ်နှင့် ဆေးလုံးများကို တွေ့ရှိခဲ့သည်။ သူသည် လူအိုပေါ်လာခဲ့သောနေရာကို ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် အလွန်ဝမ်းနည်းသော အမူအရာရှိသည်။

"ဟေး၊ လောင်ဒိန်၊ ကျွန်တော်က မင်းစဉ်းစားနေတဲ့သူလို့ ထင်တယ်"

"ပစ္စည်းကို လက်ခံရရှိပါပြီ"

"ဒါပေမယ့် ကျွန်တော် တကယ်လက်စားချေပေးလို့ မရဘူး၊ ဘာလို့လဲဆိုတော့ မင်းရဲ့ရန်သူက ဘယ်သူလဲဆိုတာတောင် မပြောခဲ့ပဲပျောက်ကွယ်သွားလို့ပဲ""ကျဉကျဉ"

"မင်းက ကျွန်တော့်ကို မရိုးသားဘူးလို့ ပြောလို့ မရဘူး စိတ်တောင်မကောင်းဘူး "

ယဲ့ယွီသည် သူ၏ခေါင်းကို အနည်းငယ်ခါလိုက်ပြီး စိတ်ခံစားမှု ရောထွေးစွာဖြင့် လျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် သူသည် လူအိုအတွက် စိတ်မကောင်းဖြစ်ခဲ့သည်။ သို့သော်လည်း သူ၏မျက်နှာပေါ်မှ အပြုံးကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ "ဟီးဟီး"

"ကျွန်တော်က အကျိုးအမြတ်တွေကို ရရှိခဲ့တယ်၊ ဒါပေမယ့် မည်သည့်ကံမကောင်းမှုမှ မခံစားရဘူး"

"ဒါထက် ပိုပျော်စရာကောင်းတာ ဘာရှိနိုင်မလဲ?"

သို့သော်လည်း ယဲ့ယွီသည် ဤဝိညာဉ်ပညာရပ်လျှို့ဝှက်စာအုပ်နှင့် ဆေးလုံးကို အသုံးပြုရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ယင်းအစား သူသည် ၎င်းကို သင်းဝမ်အမ်းကို ပေးရန် စီစဉ်ခဲ့သည်။

"ဆရာ၊ ဆရာမှာ အခွင့်အရေးမရှိရင် ကိစ္စမရှိဘူး၊ ဆရာရဲ့တပည့်မှာ ရှိတယ်!"

"ကျွန်တော် ဆရာရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကြည့်နေလိုက်ပါ!"

၄၅၅ ဆက်ရန်

All Chapters