ဂိုဏ်းဆရာအထက်! ဓားနတ်ဘုရားတောင်ကြား
Vol. 6 Ch. 75
လူအိုလီသည် မယုံကြည်နိုင်စွာ တုန်လှုပ်ချောက်ချားနေသဖြင့် နေရာတွင်ပင် အေးခဲသွားသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!
ဓားသူတော်စင်ကို အနိုင်ယူခဲ့သူက သူ့ရဲ့ကိုယ်ပွားထဲက တစ်ယောက်ပဲတဲ့လား။
"ရွှမ်းရွှမ်း ငါ့ကို မခြောက်စမ်းနဲ့!"
လူအိုလီသည် လီကျစ်ရွှမ်းကို ထိတ်လန့်စွာ ကြည့်ကာ အနီးနားရှိ ကျိုးနေသော ချောက်ကမ်းပါးများကို ညွှန်ပြသည်။ သူက တုန်လှုပ်ခြောက်ခြားစွာ ထပ်မေးသည်။
"မင်းပြောတာက ဒီဓားနတ်ဘုရားက ကိုယ်ပွား ဟုတ်လား"
"ဟုတ်ကဲ့"
လီကျစ်ရွှမ်း ခေါင်းညိတ်လိုက်သည်။
"မိန်းကလေးလီ မင်းမှာ သက်သေရှိလား"
သူ့ဘေးက ခေါင်းဆောင်ကြီးကလည်း မျက်မှောင်ကြုတ်နေပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေ၏။
ဓားနတ်ဘုရားရဲ့ ကြီးမားလှသော တန်ခိုးကို သူ အခိုင်အမာ ယုံကြည်သော်လည်း လီကျစ်ရွှမ်းရဲ့ စကားတွေကတော့ အလွန်ထိတ်လန့် တုန်လှုပ်သွားစေပြီး သူ၏ လောကအမြင်ကိုပါ လုံးဝ ကွဲကြေသွားစေခဲ့သည်။
ကိုယ်ပွားတစ်ခုတည်းက အမြင့်ဆုံး မြက်ခင်းပြင် ဓားသူတော်စင်ကို အနိုင်ယူနိုင်ပါတယ် ဆိုရင် ကျန်းဟိုင် ဓားနတ်ဘုရားကိုယ်တိုင်ဆို ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။
ထိုသူသည် ဂိုဏ်းဆရာနယ်ပယ်ကို ကျော်ပြီး မြင့်မားသောနယ်ပယ်သို့ ရောက်ရှိသွားလေပြီလား? !
ဒါကိုတွေးနေစဥ် ပတ်ဝန်းကျင်က လူတွေအားလုံးက သူတို့ရဲ့မေးခွန်းတွေကို ဖြေဖို့ သူမကို စောင့်နေကြတာကြောင့် လီကျစ်ရွှမ်း လှည့်လိုက်သည်။ သူမ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ရှင်းပြ၏။
"ဓားသူတော်စင်... သူကိုယ်တိုင် ပြောသွားတာ... ကျွန်မပြောတာ မမှားပါဘူး သူပြောပြီးတော့ ချက်ချင်းပဲ သွေးတွေ ပါးစပ်ထဲက ထွက်လာတယ်"
သူမက မြေပြင်ပေါ်ရှိ သွေးစွန်းကွက်ကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီမှာ"
သူမ စကားပြောပြီးတာနဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ ကျန်းဟိုင်မြို့က လူတွေအားလုံးကလည်း တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်နေကြပြီး တုန်လှုပ်သွားကြသည်။
ကိုယ်ပွားလို အရာမျိုးလည်း ရှိသေးတယ်လား?
မွေးရာပါနယ်ပယ်က သူတို့အတွက် ဤအရာသည် ဒဏ္ဍာရီများနှင့် ပါးစပ်ရာဇဝင်များတွင်သာ တွေ့ရှိရသော အရာဖြစ်သည်။ ယခုမူ မြက်ခင်းပြင် ဓားသူတော်စင်ကတောင် ဒီလို ပြောခဲ့သောကြောင့် ဤကိစ္စက အမှန်တရားဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။
"ဒီတိုက်ပွဲပြီးရင်... ယွီဝမ်ရွှမ်ရဲ့နယ်မြေက ကျုံ့သွားနိုင်တယ်..."
စာကြည့်တိုက်ပိုင်ရှင်က ခေါင်းယမ်းပြီး သက်ပြင်းချလေသည်။
"ဒီတိုက်ပွဲအတွက် အချိန်အတော်ကြာအောင် ပြင်ဆင်ထားတဲ့ အဲဒီလူဆိုးကြီး အခုတော့ သူ့ကာကွယ်ရေးတွေ ကျိုးပဲ့သွားပြီ!"
တခြားသူတွေက ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံကြသည်။ အသီးသီးသည် သူတို့ပတ်ဝန်းကျင်က ဆွေးမြေ့နေတဲ့ မြင်ကွင်းကို ကြည့်နေကြ၏။ ဓားတစ်ချောင်းက ဥပဒေအားလုံးကို ဖြိုဖျက်ကာ တောင်များကို ဖြိုဖျက်ခဲ့သလို မြစ်များကို ဖြတ်တောက်ပစ်သည်။
ဒါတောင် ကိုယ်ပွားတစ်ခုပဲ ရှိသေးသည်။ ဘယ်ပြိုင်ဘက်က ဒေါသမထွက်ဘဲ နေပါ့မလဲ။
...
စာကြည့်တိုက်၊ ပထမထပ်က ထောင့်တစ်နေရာတွင် ချင်းယန် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ့ခုံတန်းလေးမှ ထလိုက်သည်။ လက်ကို သက်တောင့်သက်သာ ဆန့်ထုတ်ရင်း လည်ပင်းကို လိမ်လိုက်သည်။ အချိန်အကြာကြီး ထိုင်တာက အူလမ်းကြောင်း အကြောပြတ်ခြင်းကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။
အားလျော့နေချိန်မှာတောင် ကျန်းမာရေးကောင်းအောင် လေ့ကျင့်ဖို့တော့ လိုသေးသည်။
နောက်အခိုက်အတန့်တွင် နှင်းဆီရောင် အလင်းတန်းတစ်ခုသည် လိုက်ကာများ၏ ကန့်လန့်ကာများကို ဖြတ်၍ သူ့လက်ဖဝါးထဲသို့ တိတိကျကျ ကျလာကာ အိတ်ဆောင်အရွယ်အား အရုပ်ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။
"ကျစ်ဝေး... ပြန်လာပြီ"
ချင်းယန် ကျစ်ဝေးနတ်ဓားကို ဖယ်လိုက်ပြီး ရုတ်တရက် မှိုင်းခနဲ ခံစားလိုက်ရသည်။ သူ့ရင်ထဲတွင် ခံစားချက်တစ်ခု တိုးဝင်လာ၏။
"ဓားသူတော်စင်က ဒီလောက်ပဲလား?"
ဤတိုက်ပွဲသည် အစမှအဆုံးအထိ သူ့ထိန်းချုပ်မှုအောက်တွင်သာ ရှိခဲ့သည်။ တုန်လှုပ်ချောက်ချားမှု သို့မဟုတ် စိတ်လှုပ်ရှားမှု တစ်ခုခုတောင် မခံစားလိုက်ရချေ။ မြက်ခင်းပြင်ဓားသူတော်စင်လို့ ခေါ်တဲ့ လူကလည်း ကြီးကြီးမားမား ပြိုင်ဘက်တော့ မဟုတ်နေခဲ့။
တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်လောက်သည်။ သူသာ မိမိကို စာကြည့်တိုက်ကနေ တွန်းထုတ်နိုင်ရင် မိမိရှုံးပြီလို့ တွက်ရမည်။
ချင်းယန် ခေါင်းယမ်းလိုက်ပြီး ရှောင်ပိုင်ရဲ့ ပျော့ပျောင်းတဲ့ လည်ပင်းကို သူ့နောက်ပြန်လက်နဲ့ ဆုပ်ကိုင်ရင်း မြေကြီးပေါ် လှဲချလိုက်သည်။ ထို့နောက် သူသည် သူ၏နောက်ထပ် ပေါ့လျော့မှုအတွက် ပူနွေးလာသည်။
ခေါင်းကို လှည့်၊ ရင်ဘတ်ကို ကော့ကာ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ထို့နောက် ခြေကျင်းဝတ်များကို လှည့်၏။ နှစ်ပတ်လောက် လှည့်ပြီးနောက်တွင် ရှဟဲတစ်ယောက် သူ့ဆီသို့ ပြေးလာနေတာ မြင်လိုက်ရပြီး သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားနေသည့် အကြည့်တစ်ချက်ကိုလည်း တွေ့လိုက်ရသည်။
"အရမ်းမိုက်တာပဲ... လောင်ချင်းရေ ကျေနပ်စရာကြီး! ငါအရမ်းပျော်နေပြီ!"
ရှဟဲ ရွှင်မြူးစွာဖြင့် ကခုန်နေသည်။
"မင်း ဒါကို မယုံလောက်ဘူး! ဘာဖြစ်တာလဲ ငါပြောပြမယ်..."
သူဆက်မပြောခင် ချင်းယန်က အရင်ပြောလိုက်သည်။
"ဓားနတ်ဘုရား နိုင်သွားပြီလား?"
"ဟင်?"
ရှဟဲ ခဏလောက် ထိတ်လန့်သွားသည်။ ချင်းယန်၏ လျင်မြန်သော တုံ့ပြန်မှုအား သတိမထားမိဘဲ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ် ဓားနတ်ဘုရားက အနိုင်ယူသွားပြီ!"
"အိုး..."
ချင်းယန် ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်သည်။ တတိယအကြိမ် သွေးပူလေ့ကျင့်ခန်း ပြီးသောအခါတွင် အိပ်ပျော်နေသော ရှောင်ပိုင်ကို ကောက်ကိုင်လိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။ ထို့နောက် ခုံတန်းလျားပေါ်တွင် ထိုင်ကာ သူ့ဖုန်းပေါ်ရှိ ဗီဒီယိုအတိုအထွာများကို ဆက်လက် ကြည့်ရှုနေလိုက်သည်။
ဘာမှမဖြစ်ခဲ့သလိုပင်။
"???"
ရှဟဲ မျက်လုံးများ ပြူးကျယ်သွားသည်။
"အို... ခဏလောက် မပျော်သင့်ဘူးလား"
ဒါကိုကြားတော့ ချင်းယန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး။
"ကောင်းပြီ ငါပျော်ပါတယ်... ငါ အားလပ်ချိန်လေးကို လာမနှောင့်ယှက်နဲ့"
"..."
ရှဟဲ အံကြိတ်ကာ စကားမပြောနိုင်တော့ပေ။
ခဏအကြာတွင်တော့ သူ့ဘာသာ လျှာရှည်မိတာကို လက်ခံကာ စိတ်ပျက်လက်ပျက်နဲ့ အွန်လိုင်းပေါ်ကနေ သတင်းကိုသာ ဖွင့်ကြည့်လိုက်တော့သည်။
ဒီအချိန်မှာ ဝဘ်ဆိုဒ်စာမျက်နှာများတွင် ဆက်စပ် သတင်းများအတွက် ခေတ်စားနေသော ရှာဖွေမှုများနှင့် ပြည့်နေပါပြီ။
[ကိုယ်ပွား]၊ [ဓားတစ်ချောင်း]၊ [ကျန်းဟိုင် ဓားနတ်ဘုရား]။
ဓားနတ်ဘုရား၏ သတ်မှတ်ပြီးသား လူကြိုက်များမှုနှင့်အတူ ဤဇာတ်လမ်းသည် အွန်လိုင်းတွင် လျင်မြန်စွာ ပျံ့လာနှံ့ခဲ့ပြီး ခေတ်စားနေသော ရှာဖွေမှုစာရင်းထဲတွင် တစ်ဖန် ထိပ်ဆုံးမှရပ်တည်ခဲ့ပြန်သည်။
"ဝိုး! ကျန်းဟိုင်ဓားနတ်ဘုရား အရမ်းရက်စက်လွန်းတယ်! သူက လူကိုယ်တိုင်တောင် မလာဘဲ ကိုယ်ပွား လွှတ်ပြီး နှလုံးသားမရှိတဲ့ လူတွေကို သတ်လိုက်တာလား"
"ကျန်းဟိုင်ပြည်သူတွေမှာ ဒီလောက်ကြီးကျယ်တဲ့ သခင်ရှိနေတာ အရမ်းကံကောင်းတာပဲ!"
"ငါ ကျန်းဟိုင်ကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပါပြီ... ဘယ်သူမှ ငါ့ကို ဆွဲထားနိုင်မှာ မဟုတ်ဘူး!"
"ကျန်းဟိုင် ပြည်သူတွေ အတွက် ကောင်းချီးတစ်ခုပဲပေါ့ ဓားတောင်ကြားကို ဆုံးရှုံးလိုက်ရပေမယ့် ဓားစွမ်းအင်တွေ အားကောင်းတဲ့ နယ်မြေကို ရသွားတယ်... ငါတော့ မနာလိုဖြစ်လာပြီ!"
"..."
"ဟီးဟီး..."
လမ်းမှာ ရှဟဲတစ်ယောက် သူ့ဖုန်းကို လှမ်းကိုင်လိုက်ပြီး မှတ်ချက်တွေ ပေးရင်း မျက်နှာမှာ ရယ်မောကာ ပြုံးရွှင်နေတော့သည်။
တခြားသူတွေက သူ့ကို ကျန်းဟိုင်ကလာတာ မြင်တော့ ချက်ချင်းပဲ သူ့ကို "ချောမောတဲ့ကောင်လေး" လို့ အဆက်မပြတ် ခေါ်တာကြောင့် သူ့အိဒ္နြေကို တဖြည်းဖြည်း ဆုံးရှုံးသွားလေ၏။
………………
အဲဒီအချိန်မှာ ဓားတောင်ကြားထဲမှာ။
ဓားနတ်ဘုရားနှင့် ဓားသူတော်စင် အကြားတိုက်ပွဲအပြီးတွင် အဖိုးတန်မြင့်မြတ်သော နေရာတစ်ခု ကျန်းဟိုင်ထဲ ပေါ်ထွက်လာခဲ့ပြန်သည်။
ထိုအချိန်တွင် ချောက်ကမ်းပါး၏ မျက်နှာပြင်သည် ဓားအမှတ်အသားများ ဖြတ်သွားထားကာ ဓားစွမ်းအင်သည် ယခင်ကထက် ပိုမို၍ ကြီးမားလာခဲ့သည်။ နှစ်ဘက်စလုံးရှိ ချောက်ကြားအကွာအဝေးသည် မီတာရာနှင့်ချီ ကျယ်ပြန့်လာ၏။
ယခုဝင်ရောက်လာသူတိုင်းသည် ဤမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားကြသည်။
"ဓားနတ်ဘုရားကို ကျေးဇူးတင်မိတယ်!"
လူအိုလီသည် ဓားတောင်ကြား အလယ်ဗဟိုသို့ ရောက်ရှိလာတဲ့အခိုက် ဓားစွမ်းအင်က သူ့ပတ်ပတ်လည်တွင် တဟုန်ထိုး ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။
လှုပ်ရှားမှုတစ်ခု၊ ငြိမ်သက်ခြင်းတစ်ခု၊ မြက်ခင်းပြင် ဓားသူတော်စင်၏ ဓားတစ်သောင်းမူလပြန်ခြင်း နှင့် ကျန်းဟိုင်ဓားနတ်ဘုရား၏ ကောင်းကင်ဖြတ်ဓားပညာ ကိုယ်စားပြုသည့် တောင်ကြား ဖြစ်လာ၏။
ကျန်ရှိသော ဓားစွမ်းအင်နှစ်ခုသည် အချင်းချင်း ဟန်ချက်ညီညီ ရုန်းကန်ရင်း တိုက်ပွဲဝင်နေကြသော်လည်း တစ်ချိန်တည်းတွင် အချင်းချင်း အားဖြည့်နေသည်။ တစ်ခါတစ်ရံ အပြန်အလှန် တန်ပြန်တိုက်ခိုက်ကာ ယင်ယန်၏ အခြေခံမူများကို လုံးလုံးလျားလျား သရုပ်ဖော်ထားပေသည်။
အနာဂတ်တွင် တစ်စုံတစ်ဦးသာ လုံလောက်သော အရည်အချင်းများ ပိုင်ဆိုင်ပါက ယင်းမှ အသိဥာဏ်သစ်များ ရရှိမည်မှာ သေချာပါသည်။
“ကမ္ဘာကြီးအတွက် ထာဝရငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးတာက တကယ် ကြီးမြတ်တဲ့ ကုသိုလ်ကောင်းမှုတစ်ခုပဲ...."
လူအိုလီမှာ ခံစားချက်များနှင့် ပြည့်နေသည်။
"လောင်လီ မှောင်ခါနီးနေပြီ... ဘာလို့ မပြန်သေးသေးတာလဲ"
ခေါင်းဆောင်ကြီးက လောင်လီကိုတွေ့သဖြင့် နှုတ်ဆက်ဖို့ ရှေ့ကို လှမ်းတက်လာသည်။ သူသည် ရဲဌာက ဦးစီးချုပ် အနေဖြင့် အပြီးသတ်လုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။
ရဲအင်အား အများအပြားကို ဓားတောင်ကြားသို့ စေလွှတ်ထားသည်။ တောင်ကြားကို ပြင်ပကမ္ဘာသို့ ပြန်မဖွင့်မီ ကျန်ရှိနေသော အန္တရာယ်အားလုံးကို ဖယ်ရှားပစ်ရန် တစ်ညလုံး စစ်ဆင်ရေးတစ်ခု ပြုလုပ်ရပေမည်။
"ခေါင်းဆောင်.."
လူအိုလီသည် တောင်ကြားအစွန်းမှာ ရပ်လျက် နေရောင်ကို ငေးကြည့်ရင်း အနည်းငယ် ခေါင်းညိတ်ပြသည်။
"ဓားနတ်ဘုရားရဲ့ လက်ရာကို ပြန်ကြည့်ချင်လို့ပါ... အဲဒါကနေ အသိအမြင်သစ်တွေ ရနိုင်လောက်တယ်လေ.."
လူနှစ်ယောက်သည် နေဝင်ချိန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ တိမ်တွေက တရွေ့ရွေ့နဲ့ လွင့်နေတော့ နေရောင်ခြည်က ရွှေသွန်းနေသလို တောက်ပလာ၏။ တောင်ကြားသည် ခမ်းနားထည်ဝါသော ရင်ခွင်ထဲတွင် ဖုံးအုပ်ထားသလို သို့မဟုတ် အရာအားလုံး၏ အဆုံးကို ညွှန်ပြနေသလိုပင်။
အဲဒီနောက်မှာတော့ ကျန်းဟိုင် မြို့သားတွေက ဒီနေရာကို ဓားနတ်ဘုရားတောင်ကြားလို့ နာမည်ပြောင်းပြီး ကျန်းဟိုင်ရဲ့ ကိုယ်ခံပညာဆိုင်ရာ သန့်ရှင်းတဲ့နယ်မြေ ဖြစ်လာခဲ့သည်။ ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ နာမည်ကို ထာဝရ ဂုဏ်ပြုတဲ့အနေနဲ့ ထပ်ပြီး နာမည်ပြောင်းလိုက်တာပဲ ဖြစ်သည်။
ဒဏ္ဍာရီအသစ်ကို ပေါင်းပြီးနောက် တောင်ကြားထဲတွင် ဓားသမား အဆက်မပြတ် ဝင်ထွက် ရှာဖွေနေကြတော့သည်။