← Chapters

ဘယ်မှမသွားဘူး၊ ကျန်းဟိုင်မြို့မှာပဲ နေမယ်

Vol. 6 Ch. 80

ဘယ်မှမသွားဘူး၊ ကျန်းဟိုင်မြို့မှာပဲ နေမယ်

Vol. 6 Ch. 80

နေ့ခင်းဘက်တွင် ချင်းယန် ပုံမှန်အတိုင်း အလုပ်သို့ အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။ ချမ်းသာလာလျှင်တောင် အလုပ်ကတော့ သွားလုပ်ရသေးသည်။

အစီအရင် ဖွဲ့စည်းခြင်းနှင့် အဂ္ဂိရတ်ပညာသည် ငွေစားသော သားရဲများ၊ အောက်ခြေမရှိသော တွင်းများဖြစ်သည်။ ကြယ်လက်စွပ်ထဲတွင် ပစ္စည်းများစွာ ပါရှိသော်လည်း အမှန်တကယ် သုံးလိုက်ပါက လုံးလုံးမကုန်မီမှာ အချိန်ကြာမြင့်လိမ့်မည် မဟုတ်ပေ။

"ဘေးကင်းဖို့ ငါ အစာမရှောင်ဖို့ အလုပ်သွားရမယ်"

ချင်းယန် ထိုအချက်ကို တွေးရင်း ခေါင်းခါလိုက်သည်။ စာကြည့်တိုက်ထဲသို့ ဝင်ပြီးနောက် သူသည် အဆောက်အအုံတစ်ခုလုံးကို ဖုံးအုပ်ရန် သူ့ဝိညာဉ်စွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်ပြီး မည်သည့်လှုပ်ရှားမှုကိုမဆို ဂရုတစိုက်နားထောင်သည်။

လူတွေ စကားစမြည် ပြောနေကြ၏။

ဟူးယန်ကျန့်ရဲ့ ပျောက်ဆုံးမှုက တုန်လှုပ်ချောက်ချားဖွယ်ရာမျိုး မရှိခဲ့ပေ။ ကျန်းဟိုင်မြို့သားများသည် သူ့ဖြစ်တည်မှုကို မေ့လျော့သွားပုံရသည်။ သူ့ဆရာရဲ့ သေဆုံးခြင်းကတောင် အရှက်တကွဲ အကျိုးနည်းလှသည်လေ။

ယွီဝမ်ရွှမ်သည် ကိုယ်ပွားတစ်ခုတည်းကိုပင် အနိုင်မယူနိုင်မှန်း အင်တာနက်တစ်ခုလုံး သိသွားပြီ။ ဓားသူတော်စင်၏ တပည့်တစ်ဦးအနေဖြင့် ဟူးယန်ကျန့်ဟာ ဤတိုက်ပွဲအပြီးတွင် လုံးဝ အရှက်ရသွားခဲ့သည်။ ထို့ကြောင့် သူသည် နှုတ်မဆက်ဘဲ ထွက်သွားကာ အရှက်တကွဲ အကျိုးနည်းဖြင့် ထွက်ပြေးလိမ့်မည်ဟု အားလုံးက နားလည်နိုင်ခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင်တော့ ကျန်းဟိုင်မြို့သည် ငြိမ်သက်နေခဲ့သော အ​ခြေအနေကို ပြန်လည် ရောက်ရှိခဲ့သည်။ စာကြည့်တိုက်ကလည်း လူများဖြင့် စည်ကားနေပြီး ငွေချေးသူများ အဆက်မပြတ် စီးဆင်းနေပါသည်။

ချင်းယန်သည် ပထမထပ်ရှိ စာအုပ်စင်ဘေးတွင် ရပ်ကာ ဧည့်သည်အနည်းငယ်ကို ညွှန်ကြား​နေသည်။ ထို့နောက် စောင့်ကြည့်ကင်မရာများကို ရှောင်ရင်း ပုံမှန်နေရာသို့ ကျွမ်းကျင်စွာ လျှောက်လှမ်းခဲ့သည်။

​ပြီးလျှင် ထောင့်နားက ခွေးခြေလေးကို ဖယ်လိုက်သည်။ နောက်အခိုက် ချင်းယန်လက်ထဲတွင် အနက်ရောင် ကြယ်ကျောက်တုံးကြီးတစ်ခု ပေါ်လာပြီး တက်ကြွသော ကြယ်စွမ်းအားများနှင့် အနည်းငယ်နွေးထွေးသော အထိအတွေ့တို့ ဖြာထွက်လာသည်။

"အရံသုံးထပ်နဲ့ နှစ်ဆယ့်ရှစ်အိမ်ကို ဒီလို ထွင်းထုထားတာ ဖြစ်မယ်"

သူ့လက်ချောင်းထိပ်များသည် ကွေးကောက်ကာ ကြယ်မြေပုံ၏ ပုံစံကို ပြန်စဥ်းစားရင်း ကြယ်ကျောက်တုံးပေါ်တွင် ဖွဲ့စည်းတည်ဆောက်ပုံ ပုံစံတစ်ခုကို ထွင်းထုရန် စိတ်စွမ်းအင်ကို သုံး​နေခဲ့သည်။ အစီအရင် ဖွဲ့စည်းမှုအခြေခံ သဘောတရားအရ အစီအရင်ပညာရှင် ဖြစ်ဖို့ လိုအပ်ချက်တွေက တောင်းဆိုနေ​သေး၏။

ကြယ်ကျောက်ကိုသုံး၍ အစီအရင် ဖွဲ့စည်းတည်ဆောက်ရာတွင် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ စိတ်စွမ်းအင် လိုအပ်သည်။ ဘယ်လောက် လိုအပ်သလဲ။

အကယ်၍ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ စိတ်စွမ်းအင် ပံ့ပိုးမှုမရှိဘဲ သာမန် နောက်ဖွားနယ်ပယ် စစ်သည်တစ်ဦးသာ ဖြစ်ခဲ့ပါက ၎င်းတို့သည် အစက်နှစ်စက်မျှသာ ရေးထွင်းပြီးနောက် တစ်နေကုန် သတိလစ်သွားနိုင်ဖွယ် ရှိသည်။

အစီအရင် ဖွဲ့စည်းမှုပုံစံကို သူတို့ဆန္ဒနဲ့ လိုက်လုပ်နိုင်တယ်လို့ မဆိုလိုပါ။

"ခက်တယ် ခက်တယ် ခက်တယ်..."

ချင်းယန် ငြိမ်သက်သွားပြီးနောက် အစီအရင် ဖွဲ့စည်းတည်ဆောက်မှု ပုံစံကို အာရုံစိုက်လိုက်သည်။ သဲသဲမဲမဲ အသံတစ်သံနဲ့ ကျောက်တုံးများ လွင့်ပျံလာသည်။

သူ့လက်ချောင်းထိပ်များသည် ကြယ်ကျောက်တုံးများ၏ မျက်နှာပြင်ကို ဖြတ်သွားကာ ပါးလွှာသော မျဉ်းကြောင်းများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ သူ့လမ်းညွှန်မှုအတိုင်း ချိတ်ဆက်ပြီး ပြီးပြည့်စုံသော ကွေ့ပတ်မှုတစ်ခု ဖြစ်တည်လာ၏။

ခဏအကြာ၌။

ချင်းယန်စိတ်ထဲ အနည်းငယ် ပင်ပန်းနွမ်းနယ်မှု အာရုံကြောများက လွှမ်းခြုံလာတာကြောင့် သူ့လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား ရပ်တန့်လိုက်သည်။

ပြင်းထန်သော စိတ်စွမ်းအင် သုံးစွဲမှုက မောပန်းနွမ်းနယ်တာကို အလွယ်တကူ ခံစားလာရစေ၏။ နေ့ချင်းညချင်း အဆင့်မတက်နိုင်တာမို့ ဖြည်းဖြည်းချင်း သင်ယူရမည်။

"သခင် အဲဒါက ဘာလဲ... မြည်းစမ်းလို့ရလားဟင်?"

အဖြူရောင်လေးများက သူ့ခြေရင်းတွင် ဝပ်ကာ ဘောင်းဘီခြေထောက်ကို ချစ်ခင်စွာ ပွတ်သပ်ပြနေသည်။ ပြီးနောက် ပန်းနုရောင် လျှာကို သပ်ပြနေပုံက လောဘကြီးကာ ငိုတော့မည့်နှယ်။

ချင်းယန်ရဲ့လက်ထဲက ကြယ်ကျောက်တုံးဟာ ကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်ကို ထုတ်ပေးခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူမ မြင်ခဲ့ရတဲ့ အလားတူ ရတနာတစ်ခုကို အမှတ်ရစေခဲ့၏။

ထိုအချိန်တွင် သူမသည် အတွင်းစိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန်အတွက် ကြယ်ကျောက်များကို သူမ၏အသိုက်သို့ ပြန်ယူဆောင်ကာ တောရိုင်းတောများကို လှည့်လည်ခဲ့ဖူးသည်။

"မင်းကို ပေးရမယ်?"

ချင်းယန် ထိုအရာကို မျက်လုံးမှေးကာ အကဲခတ်လိုက်ပြီး သူမ၏ အတွေးများကို ချက်ချင်းမြင်လိုက်သည်။

"တစ်ကိုက်တည်းပါ.. တစ်ကိုက်တည်းပါပဲ သခင်!"

မြေခွေးလေးက နေရာတွင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။

"တစ်​ကိုက်လောက်​​တောင်​ မရဘူးလား!"

ကြယ်ကျောက်တစ်လုံးရဲ့ အရသာကို သူမ မြည်းစမ်းကြည့်တာ ကြာပါပြီ။

"သခင်ခိုင်းတာမှန်သမျှ လုပ်ပေးပါ့မယ်!"

ရှောင်ပိုင် ချင်းယန်ရဲ့ ဘောင်းဘီ ခြေထောက်ကို ပွတ်သပ်ပြီး။

"အဆင်ပြေပါတယ် သခင်..သခင်သာ လိုချင်ရင်...."

စူးရှသောအသံသည် ချစ်စရာကောင်းပြီး ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် ပဲ့တင်ထပ်သွားသည်။ ချင်းယန် ထိုစကားကြားပြီးနောက် ချက်ချင်းပင် တုန်လှုပ်သွား၏။ ရှောင်ပိုင် သူမရဲ့ စွမ်းရည်ကို ထပ်မံအသုံးပြုနေခြင်းပင်။

"ကျစ် ရတယ်လေ...အလဲအလှယ် လုပ်ရအောင် မင်းရဲ့ မြေခွေး သားမွေးကုတ်အင်္ကျီလေး ပေးပါလား"

ဒါကိုကြားတော့ ရှောင်ပိုင်ရဲ့ မျှော်လင့်ချက် စကားတစ်ခုလုံး ပြိုကျသွားတော့၏။ သူမက ခြေလှမ်းနှစ်လှမ်းကို အမြန် ပြန်ဆုတ်လိုက်ပြီး။

"ငါ့ကို မပေးချင်ဘူးဆိုရင်လည်း မပေးနဲ့လေ ဘာလို့ အမြဲတမ်း ခြောက်နေတာလဲ!"

"ဟမ့် တွန့်တိုတဲ့ သခင်ကြီး!"

….

ထိုအချိန်တွင် ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီက ထန်ဖေး အဆောက်အဦး ရုံးခန်းတွင်။

နံရံပေါ်တွင် ချိတ်ဆွဲထားသော နာမည်ကျော် ပန်းချီကားတစ်ချပ်သည် နေထွက်ခြင်း၊ တောင်တန်းများနှင့် တိမ်ပင်လယ်များ၏ ခမ်းနားသော မြင်ကွင်းကို ပုံဖော်ထားသည်။

ပန်းချီကားအောက်တွင် လူအိုလီသည် သူ့ရုံးခန်း ကုလားထိုင်တွင် ထိုင်ကာ ဘွဲ့ရသူတိုင်း၏ဖိုင်ကို စေ့စေ့စပ်စပ် သုံးသပ်နေသည်။ ထူးချွန် ကျောင်းသားများအကြောင်း ရံဖန်ရံခါ မှတ်စုများ ချရေးနေသေး၏။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသည် ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၌ပင် သူ့ဘဝတစ်ဝက်ကို အတန်းတစ်ခုပြီးတစ်ခု ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။ ကျန်းဟိုင်မှ ဘွဲ့ရသွားသော ဤကျောင်းသား အများစုသည် ကြီးစွာသော အောင်မြင်မှုများ ရရှိပေလိမ့်မည်။

ရာထူးကြီးသော နိုင်ငံရေးသမားများ သို့မဟုတ် စစ်ဗိုလ်ချုပ်များ၊ နယ်ပယ်တစ်ခုခုတွင် တပ်စွဲထားသည်ဖြစ်စေ သူ့ကျောင်းသားများသည် တစ်ကမ္ဘာလုံးတွင် အမှန်တကယ် ကျော်ကြားပြီး သူ့ကို နာမည်ကောင်းရစေခဲ့သည်။

ထိုစဥ် ရုံးခန်းတံခါးကို လူတစ်ယောက် လာခေါက်၏။

"ဆရာ... တပည့်ပါ"

လီကျစ်ရွှမ်း အပြင်ကနေ တလေးတစား ပြောလိုက်သည်။

"ဝင်လာခဲ့ ရွှမ်းရွှမ်း.."

မကြာမီ လီကျစ်ရွှမ်းသည် တံခါးကို တွန်းဖွင့်ပြီး ဇိမ်ခံအားကစားဝတ်စုံ၊ တင်းနစ်ဦးထုပ်၊ ကျစ်ဆံမြီးမြင့်မြင့်နှင့် ဓားအိတ်ကို ပုခုံးပေါ်တင်ကာ ဝင်လာခဲ့သည်။

"မင်း တာအိုခန်းမကို သွားမလို့ လုပ်နေတာလား"

လူအိုလီသည် သူမ၏ ၀တ်စားဆင်ယင်မှုကို စောင်းကြည့်ကာ ကြင်နာစွာ မေးသည်။

"ဟုတ်တယ်... တပည့် နောက်ထပ် လေ့ကျင့်တော့မယ်... မကြာသေးခင်ကမှ အသိဥာဏ်တွေ ရလာခဲ့လို့ပါ ဆရာ တပည့်ကို ဒီကို ရုတ်တရက် ခေါ်လိုက်တာ တစ်ခုခုရှိလို့လား"

"ထိုးထွင်းသိမြင်မှု တချို့ရှိတာ ကောင်းပါတယ်... အဆင်ပြေပါတယ် မင်းရဲ့အချိန်ကို ငါအများကြီး မယူပါဘူး... မင်းရဲ့ ဆရာတူ အစ်ကိုလင် မနေ့ညက ဖုန်းဆက်တယ်... အင်ပါယာမြို့ နတ်သိုင်းပညာအကယ်ဒမီရဲ့ ကျောင်းအုပ်က မင်းရဲ့ဓားတိုက်ပွဲ ဗီဒီယိုကိုကြည့်ပြီး အဲဒီနေ့က မင်းရဲ့ စွမ်းဆောင်မှုကို အရမ်းကျေနပ်တယ်လို့ ပြောခဲ့တယ်"

"ဆရာ့ရဲ့ ​ကောင်းမှု​တွေ​ကြောင့်​ပါ ​ကျေးဇူးတင်ပါတယ်..."

လီကျစ်ရွှမ်း မျက်လုံးကို ငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဟားဟား... ရွှမ်းရွှမ်း မင်းက ကျိုးနွံလွန်းနေပြီနော်... နတ်သိုင်းပညာအကယ်ဒမီရဲ့ ကျောင်းအုပ် မင်းအတွက် ချီးကျူးထားတာမှ စာရွက်နဲ့ အပြည့်ပဲ.."

လီကျစ်ရွှမ်း ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ့လက်ထဲမှ ဖိုင်ကို ထုတ်လိုက်သည်။

"သူတို့က ငါ့ကို ဆက်သွယ်ထားပြီးသား... မင်း နတ်သိုင်းပညာအကယ်ဒမီကို ဝင်ချင်ရင် အချိန်မရွေး လာလို့ရပါတယ်တဲ့..."

"နတ်သိုင်းပညာအကယ်ဒမီကို သွားရမှာလား"

လီကျစ်ရွှမ်း အနည်းငယ် ခေတ္တရပ်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများတွင် အံ့သြမှုအရိပ်အမြွက်များ ပြသနေသည်။ အင်ပါယာမြို့မှာ တည်ရှိတဲ့ နတ်သိုင်းပညာအကယ်ဒမီက တစ်ချိန်က သူမရဲ့အိပ်မက်ပါ။

မဟုတ်ဘူး၊ ဒါကျန်းဟိုင်က ကိုယ်ခံပညာ ကျောင်းသားတိုင်းရဲ့ အိပ်မက်ပါပဲ။ အင်ပါယာမြို့ နတ်သိုင်းပညာအကယ်ဒမီသို့ ဝင်ရောက်သူတိုင်း ဂိုဏ်းဆရာနယ်ပယ်ကို ခြေတစ်လှမ်း ဝင်ထားနိုင်ကြပြီး ၎င်းတို့၏ အနာဂတ်အလားအလာများမှာ အကန့်အသတ် မရှိဘူးဟုပင် ကောလဟာလများ ရှိသည်။

"ဟုတ်တယ် ရွှမ်းရွှမ်း မင်းရဲ့ဆန္ဒကရော?"

လူအိုလီက ဖိုင်အိတ်ကို ကောက်ကိုင်လိုက်ပြီး ပြုံးလိုက်သည်

"မင်းသေချာရင် ငါမင်းရဲ့ဖိုင်ကို အခုပဲ လွှဲပေးလို့ရပြီ... မင်း သွားရင် ရနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်​တွေနဲ့အတူ ကျောင်းအုပ်က ပုဂ္ဂိုလ်ရေးအရ လမ်းညွှန်ပေးမယ်လို့ ကတိပြုထားပြီးသား... ဂိုဏ်းဆရာ တစ်ယောက်ဖြစ်လာဖို့က ထောင့်စွန်းလေးပဲ"

"ဂိုဏ်းဆရာနယ်ပယ်..."

လီကျစ်ရွှမ်း စကားများကို နားထောင်ရင်း တခဏတာ ကြောင်တက်တက် ခံစားလိုက်ရသည်။ တစ်ချိန်က မအောင်မြင်နိုင်သော ပန်းတိုင်သည် ယခုလက်လှမ်းမီ​နေပုံပေါ်သည်။

ခဏတာ စိတ်ကူးနဲ့တင် အောင်မြင်နိုင်တော့မည်။ ဒါပေမယ့် ဆရာအရှင်က ဒီမှာ ရှိနေသေးသည်။ သူမ ကျန်းဟိုင်က ထွက်သွားတာနဲ့ ဆရာ့ကို နှုတ်ဆက်လိုက်သလိုပါပဲ။

မသွားချင်ဘူး!

ဒါကိုတွေးရင်း လီကျစ်ရွှမ်းရဲ့ စိတ်ရှုပ်ထွေးမှုတွေ ပျောက်ကွယ်သွားပြီး သူမ မဆိုင်းမတွ ခေါင်းခါလိုက်ပါ၏။

"ဘယ်မှမသွားဘူး... ကျန်းဟိုင်မှာပဲနေမယ်"

ဒါကို လူအိုလီကတော့ မျှော်လင့်ထားပုံပါပဲ။ သူက ဖိုင်ကို သူ့လက်ထဲ ဖြည်းညှင်းစွာ ချလိုက်ပြီး ခေါင်းညိတ်ပြသည်။

"ကောင်းပြီ ရွှမ်းရွှမ်း ငါတို့ မင်းရဲ့ ဆန္ဒကို လေးစားပါတယ်"

ယခု လီကျစ်ရွှမ်း အလွန်စိတ်ပိုင်းဖြတ်ထားသောကြောင့် လူအိုလီ၏ သံသယများကို အတည်ပြုသလို ဖြစ်သွားပြီ။

အကြီးအကဲ ဓားနတ်ဘုရားရဲ့ လမ်းညွှန်ချက်ကြောင့် ဖြစ်ရမည်။ ကျန်းဟိုင်မှာ ဆက်နေတာက လီကျစ်ရွှမ်း အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သည်။

All Chapters