← Chapters

အဂ္ဂိရတ်ပညာအတွက် ပြင်ဆင်မှုများ- သားရဲမီးတောက်

Vol. 6 Ch. 82

အဂ္ဂိရတ်ပညာအတွက် ပြင်ဆင်မှုများ- သားရဲမီးတောက်

Vol. 6 Ch. 82

ကျန်းဟိုင်စာကြည့်တိုက်တွင် ရှဟဲသည် ချင်းယန်၏ ဂရုမစိုက်သော အမူအရာကို ကြည့်ကာ တကယ်ကို ထိတ်လန့်သွားခဲ့သည်။

ရဲအုပ်ကြီးလို အညစ်အကြေးတွေတောင် လိုချင်နေရမှာလား။

ဒါပေမဲ့ အဲဒါကို နားမလည်ဘူး ဆိုရင်တောင် ညီအစ်ကိုကောင်းအတွက် ကောင်းချီးတွေတော့ ပေးရဦးမှာပင်။

"မင်းရဲအုပ်ဖြစ်လာတာနဲ့ တည်ငြိမ်တဲ့ အလုပ်တစ်ခု ရလာလိမ့်မယ်.. အလုပ်ကြိုးစားထား... ရဲမှူးဖြစ်လာရင် အရမ်းမိုက်သွားပြီ! မင်း အောင်မြင်လာတဲ့အခါ မင်းရဲ့ ညီအစ်ကိုတွေကို ခေါ်ခဲ့ဖို့ မမေ့နဲ့... မင်း ချမ်းသာလာတဲ့အခါ ငါတို့ကိုလည်း မမေ့နဲ့!"

ရှဟဲ ချော့မော့ပြီး ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြကာ ကတိပေးသည်။

"ဒါပေါ့ ချင်းအိုကြီး... စိတ်မပူပါနဲ့ ငါရာထူးတိုးလာရင် မင်းကို သေချာပေါက် ကူညီပေးမှာပါ"

သူက ချင်းယန်ရဲ့ ပုခုံးကိုလည်း ခပ်ဖွဖွ လှမ်းပုတ်လိုက်သေးသည်။

"ဒါဆို ရဲစစ်ဆေးရေးမှာလည်း ငါတို့ ဆက်ပြီး ရုန်းထွက်နိုင်ရမယ်... အံ့သြစရာ မကောင်းဘူးလား!"

"အင်း... အဆင်ပြေပါတယ်"

ချင်းယန် ခေါင်းညိတ်ကာ အပြင်ပန်းအားဖြင့် သဘောတူလိုက်သည်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ ခေါင်းကို အသည်းအသန် ခါယမ်းနေ၏။

မင်းငါ့ကို ရဲဌာနကို သွားစေချင်​နေတာလား။

လုံးဝ မသွားဘူး!

စာကြည့်တိုက်မှာ နေရတာ အရမ်းအဆင်ပြေတယ်။ ခဏခဏ လှဲလျောင်းနေတာလေးက အရမ်းကောင်းတယ်...

ရှေ့တန်းစစ်မျက်နှာမှာ တိုက်ခိုက်နေတဲ့ ရဲအုပ် ဖြစ်ရတာထက် ပိုအဆင်ပြေတယ် မဟုတ်ဘူးလား။

…………

ခဏအကြာ။

ရှဟဲသည် အပြောင်းအရွှေ့ကို အမိန့်ပေးလာသည့် ရဲစစ်ဆေးရေးမှူးထံမှ ဖုန်းလက်ခံရရှိပြီး ထွက်ခွာတော့မည် ဖြစ်သည်။ ချင်းယန် သူ့ကို စာကြည့်တိုက် ဝင်ပေါက်ဆီအထိ လမ်းလျှောက်ကာ လိုက်ပို့ပေးခဲ့သည်။

"ရပြီ လောင်ချင်း ဒီလောက်ပဲ..."

ရှဟဲသည် ချင်းယန်ကိုကြည့်ပြီးနောက် စာကြည့်တိုက်၏ အတွင်းပိုင်းကို စူးစမ်းလေ့လာကာ သူ့မျက်နှာပေါ်ရှိ လွမ်းဆွတ်သော အကြည့်တစ်ခု ပေါ်လာသည်။

"ငါသွားရင် မင်းတစ်ယောက်တည်း ဒီစာကြည့်တိုက်မှာ ကျန်နေခဲ့မှာပဲ... မင်းကိုယ်မင်း ဂရုစိုက်နော်.. မင်းကို ဘယ်သူက အနိုင်ကျင့်ကျင့် ငါ့ဆီကိုသာ ဖုန်းဆက်လိုက်..."

ချင်းယန်: "လာစမ်းပါ... ငါတို့ မတွေ့ရတော့တာလည်း မဟုတ်ဘူး... ကျန်းဟိုင်မှာ ရှိနေမှာပဲကို"

ချင်းယန် ရှဟဲကို တံခါးဆီ တွန်းထုတ်ပစ်လိုက်သည်။

"ငါတို့ လမ်းခွဲသွားသလိုမျိုး လာလုပ်မနေနဲ့.. အလုပ်ဆင်းပြီးရင် အသားကင်စားကြရအောင်... ငါ ဒကာခံမယ်!"

ရှဟဲ: "..."

ချင်းယန်၏ ဖြတ်တောက်မှုကြောင့် ရှဟဲလည်း ထိုအငွေ့အသက်ကို ဖြိုခွဲလိုက်ပြီး ကျန်းဟိုင် စာကြည့်တိုက်မှ အမြန်ထွက်ခွာသွားကာ လမ်းမှာ ကျိန်ဆဲသွားခဲ့သည်။

ဒါပေမယ့် သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ တာဝန်ခံက ချင်းယန်ကို လမ်းတစ်ဝက်မှာ ဝင်တားလာ၏။

"ချင်းယန်... ရှဟဲ အလုပ်ထွက်သွားပြီ.... ဧရိယာနှစ်က သူ့နေရာကို မင်းခဏ ဖြည့်ပေးနိုင်မလား"

တာဝန်ခံသည် ဝန်ထမ်း အပြောင်းအရွှေ့ဖောင်ကို ကိုင်ကာ ခေါင်းငုံ့ရင်း ရှဟဲအမည်ကို ဖြတ်နေသည်။

"ရက်အနည်းငယ်စောင့်ပြီး သင့်တော်တဲ့သူကို ရှာတွေ့နိုင်မလား မသိဘူး... ပြီးရင် ရာထူးဖြည့်ဖို့ တစ်ယောက်ကို ခေါ်ယူလိုက်မယ်"

"ဒါ...တာဝန်ခံ..."

ချင်ယန် တုံ့ဆိုင်းသွားသည်။

"အလုပ်နှစ်ခု တစ်ယောက်တည်းလုပ်ရင် အဆင်ပြေမလား..."

"စိတ်မပူပါနဲ့.. မင်းကို စွမ်းဆောင်ရည်ကောင်းရင် ဘောနပ်စ် နှစ်ဆ ပေးမှာပါ... မင်းနဲ့ ရှဟဲက အခင်ဆုံး... မကြာခဏ အတူတူ တွဲသွားတွဲလာနေတာ...အဲဒါကြောင့် ဒီအလုပ်က အဆင်ပြေပါတယ် မင်းက အသင့်တော်ဆုံးပဲ။"

"ဒါပေမယ့်... တာဝန်ခံ ရှဟဲက ကျနော့်သူငယ်ချင်းကောင်း... ချစ်ရတဲ့သူငယ်ချင်း၊ အစ်ကိုတစ်ယောက် ဆိုပေမယ့် သူ့နေရာနဲ့သူ လည်ပတ်ဖို့ ခက်တာက... ကျနော့်နေရာဟောင်းကို ပြန်ကြည့်ဖို့ ခက်သွားနိုင်တယ်..."

"ဒါဆို မင်းမလုပ်ချင်ဘူးလား"

တာဝန်ခံက သူ့ဘောပင်နဲ့ စာရွက်ကို ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ :"အခြေအနေတွေကို ပြောပြလိုက်ရုံပဲ..."

ချင်းယန် ပြုံးပြီး ရိုးသားစွာ ပြော​လိုက်သည်။

"မင်း လစာပိုပေးရမယ်!"

"..."

……………………။

စာကြည့်တိုက်ဧရိယာ ၂။

ချင်းယန် စာအုပ်တွေတင်ဖို့ သူ့လှည်းကို တစ်ယောက်တည်း တွန်းချလာသည်။ အနီးနားက လူသူကင်းမဲ့နေတဲ့ မြင်ကွင်းကို ကြည့်လိုက်တော့ သူ ရုတ်တရက် အထီးကျန်သလိုတောင် ခံစားမိလာ၏။

သိပ်အဆင်မပြေသလိုပင်။

"ဒီကောင်ထွက်သွားတော့ ဒီမှာ ပိုတိတ်ဆိတ်သွားတယ်"

ရှဟဲသည် အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်ပြီး စကားပြောကောင်းနေနိုင်သော်လည်း သူသည် တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်နေဆဲပင်။ သူထွက်သွားပြီးကတည်းက စာကြည့်တိုက်ထဲမှာ ပျင်းရိနေရတာတောင် စိတ်ဝင်စားစရာ မကောင်းတော့ချေ။

ချင်းယန် ခေါင်းယမ်းကာ စာအုပ်ကိုဖယ်ကာ သူ့ရဲ့ စိတ်စွမ်းအင် နယ်မြေထဲ ဆက်လက်နှစ်မြှုပ်နေခဲ့သည်။

သူသည် အစီအရင် ဖွဲ့စည်းမှုများ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ​ကောက်နုတ်ယူခြင်း သို့မဟုတ် အဂ္ဂိရတ်ချက်ပြုတ်နည်းဆိုင်ရာ စာအုပ်ရာပေါင်းများစွာကို ရှာဖွေခဲ့ပြီး ၎င်းအား သူ့အားလပ်ချိန်များတွင် အချိန်ကုန်စေမည့် နည်းလမ်းအဖြစ် အသုံးပြုခဲ့သည်။

"အံ့ဖွယ်ကောင်းကင်ဆေးကျမ်း" တွင် ကျင့်​ကြံရန်အတွက် အထူးထုတ်လုပ်ထားသည့် အဂ္ဂိရတ်ဆေးများသာမက သမားရိုးကျမဟုတ်သော ချက်ပြုတ်နည်း အမျိုးမျိုးအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ဂန္တဝင်အဂ္ဂိရတ် သန့်စင်နည်းများလည်း ပါရှိသည်။

သေခြင်းတရားကို အတုယူပြီး ပြန်လည်မွေးဖွားခြင်း၊ ညတွင်းချင်း စိတ်ဓာတ်ကို အေးချမ်းစေခြင်း၊ ယင်အား အာဟာရဖြည့်တင်းပေးခြင်း... စသဖြင့် ​ဆေးကျမ်းထဲမှာ ထူးထူးဆန်းဆန်း အဂ္ဂိရတ်ဆေး သန့်စင်နည်းများစွာ ပါရှိပါ၏။

ကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ နောက်ဆုံးတွင်တော့ ၎င်းတို့အားလုံးက မီးဖိုနှင့် မီးကို အားကိုးကြသည်။

"အလုပ်ကဆင်းရင် ပိုကောင်းတဲ့ မီးဖိုတစ်ခု ဝယ်ဖို့လို​တော့မယ် ထင်တယ်"

အလုပ်ဆင်းသည်နှင့် တက္ကစီစီးကာ ကျန်းဟိုင်ရှေးဟောင်းဈေးသို့ ဦးတည်သွားခဲ့သည်။

....

ညပိုင်းဖြစ်တာကြောင့် ရှေးဟောင်းဈေးက လှုပ်ရှားမှုများဖြင့် စည်ကားလျက်ရှိသည်။ လမ်းမများပေါ်တွင် တန်းစီထားသော ကြွေထည်နှင့် သံထည်ပစ္စည်းများ၊ အစစ်အမှန်နှင့် အတုများ ရောနှောကာ ပြိုးပြိုးပြက်ပြက် ခင်းကျင်းပြသထားသည်။

ဆိုင်ကြီးများကလည်း တောက်ပစွာ ထွန်းထားသောကြောင့် အထင်ကြီးလောက်စရာပင်။

"ပိုကောင်းတဲ့ မီးဖိုတစ်ခုလိုတယ်"

ချင်းယန် လမ်းဘေးတွင် အေးအေးလူလူ လမ်းလျှောက်ရင်း သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်ကာ မီးဖိုများကို စူးစမ်း​ကြည့်​နေသည်။ အံ့ဖွယ်ကောင်းကင်ဆေးကျမ်း အရ၊ မီးဖို၏အရည်အသွေး၊ မီးအရင်းအမြစ်နှင့် ကုန်ကြမ်းများက အဂ္ဂိရတ်သန့်စင်ခြင်း၏ အောင်မြင်မှုကို ဆုံးဖြတ်ရာတွင် အရေးကြီးသောအချက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခု သူသည် ဓားသူတော်စင်တို့ ဆရာတပည့်ဆီကနေ ဆုလာဘ်များ ရရှိထားသဖြင့် ငွေပြတ်လပ်မှု မရှိပေ။ ဒီတော့ အကောင်းဆုံး စီစဉ်ထားရမည်။ သို့နှင့် ချင်းယန် ရှေးဟောင်းလမ်းကို ဂရုတစိုက် ရှာဖွေ​နေခဲ့သည်။

အံ့ဖွယ်ကောင်းကင်ဆေးကျမ်းမှ မီးဖိုများနှင့် မီးများအကြောင်း အသိပညာကို အားကိုး၍ ဂျင်းထည့် စုတ်ပြဲခံရမည်ကို စိတ်ပူစရာမလိုပါ။ မကြာမီ သူသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အဖိုးအိုတစ်ဦး၏ ဆိုင်ရှေ့တွင် ရပ်တန့်သွားသည်။

သူ့မျက်လုံးတွေက လက်ကိုင်နှစ်ချောင်းသုံးချောင်းပါတဲ့ မီးဖိုကို စိုက်ကြည့်နေ၏။

အစိမ်းရောင် ကြေးနီသံချေးများဖြင့် ဖုံးအုပ်ထားသော အိုး၏မျက်နှာပြင်ကို သားရဲပုံစံများဖြင့် ထွင်းထားရာ ရှေးကျသော ကျက်သရေရှိစေသည်။ ချင်းယန် ကောက်ယူလိုက်သောအခါတွင် ဖုန်မှုန့်များ လျှောကျသွား၏။ ကြည့်ရတာတော့ တွင်းထဲမှ တူးထားပုံရသည်။

"ဒီမီးဖိုက ဘယ်လောက်လဲ"

ချင်းယန် ထိုင်ချလိုက်ပြီး သူ့ဝိညာဉ်စွမ်းအားဖြင့် ထုတ်ဖော်ကြည့်လိုက်သည်။ ဖျတ်ခနဲ ဝိညာဉ်စွမ်းအင် ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး မီးဖိုပတ်လည်တွင် ရှေးကျသော ရောင်ဝါတစ်ခု ရှိလာ၏။

ဒါဟာ ရှေးဟောင်းပစ္စည်း အစစ်အမှန်ဆိုတာ သံသယဖြစ်စရာပါပဲ။

"အင်း... ခင်ဗျားက တကယ် အမြင်ရှိတာပဲ... ဝင်လာတာနဲ့ ဒါကို မင်းချက်ချင်းတွေ့လိုက်ပြီ... ဒါက ရှန်းကျိုးကနေ ရောက်လာတဲ့ ပစ္စည်းကောင်းပဲ..."

အဘိုးအိုသည် ချင်းယန်ကို မော့ကြည့်ကာ မျက်လုံးများက သေချာ စိုက်ကြည့်နေသည်။ "တိုက်ခန်းစျေး - နှစ်ထောင်" ဟု တိုးတိုးလေး ပြောလာသည်။

"ရှန်းကျိုးလား? ဒါမှမဟုတ် ပြီးခဲ့တဲ့အပတ်(အသံထွက်တူ) ကမှ တူးလာတာများလား"

ချင်းယန် ကြေးနီမီးဖိုကို ညွှန်ပြပြီး ပြုံးလိုက်သည်။

"နှစ်ဆယ်ပဲ.... ညှိနှိုင်းစရာ မလိုဘူး"

"???"

အဘိုးကြီး အံ့ဩသွားသည်။

ကောင်းလိုက်တဲ့ကောင်!

မင်းက ဒီလိုလှည့်စားနေတယ်ပေါ့?!

"..."

နောက်ဆုံးတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အဖိုးအိုနှင့် ညှိနှိုင်းပြီးနောက် ဈေးနှစ်ထောင်ကနေ ထိုးကျသွားတော့သည်။ ဒီကြေးရောင် ဆေးအိုးလေးကို ရရှိဖို့အတွက် ယွမ်နှစ်ရာလောက် အကုန်အကျခံပြီး သုံးစွဲခဲ့ရသည်။

"မဆိုးပါဘူး..."

ချင်းယန် ကြေးနီအိုးကို စိုက်ကြည့်ရင်း ကျေနပ်သွားသည်။

သူ့ဘေးနားရှိ အဖိုးအိုကတော့ မျက်နှာမကောင်းပါ။ ပစ္စည်းကို ဟောင်းနွမ်းသွားစေရန် ဖုန်မှုန့်များကို တမင်တကာသုံးခဲ့သည်။ သို့မှသာ ပစ္စည်းကို လွဲမှားစွာ မြင်ကာ စျေးအဆနှစ်ရာရမည်ဟု ထင်မြင်နေခဲ့သည်။

သို့သော် လက်တွေ့တွင် အံ့ဖွယ်ကောင်းကင်ဆေးကျမ်းက ၎င်းသည် စစ်မှန်သော၊ စစ်မှန်သော ပစ္စည်းဖြစ်ကြောင်း ညွှန်ပြထားပြီးသားဖြစ်သည်။

"အခု ငါ့မှာ ဆေးအိုးနဲ့ ကုန်ကြမ်းတွေ ရနေပြီ... ထပ်လိုအပ်တာက အဂ္ဂိရတ်မီးပဲ..."

လမ်းခုလတ်မှာတင် ဆေးအိုးကို သူ၏ကြယ်လက်စွပ်ထဲသို့ ပြန်ထည့်ပြီးနောက်တွင် အဂ္ဂိရတ်ပညာကို ပြန်စဥ်းစားနေခဲ့သည်။ အဂ္ဂိရတ်မီးကို မြေကြီးမီးနှင့် သားရဲမီးဟူ၍ နှစ်မျိုးခွဲနိုင်သည်။

ကမ္ဘာမြေမီးသည် ဝိညာဉ်စွမ်းအင်များ စုစည်းရာ နေရာများမှ ထုတ်ယူသည်။ ပုံမှန်အားဖြင့် ၎င်းသည် သတ်မှတ်ထားသော နေရာများတွင်သာ တွေ့ရပြီး မကြာခဏ အစောင့်အကြပ်လည်း ပေါသည်။

ဒါပေမယ့် သားရဲမီးက မတူချေ။ ၎င်းသည် ကြယ်သားရဲများနှင့် အတူ တောရိုင်းသားရဲများ၏ ဝိညာဥ်မီးမျိုး ဖြစ်ကာ ဘဝ၏ အနှစ်သာရ၊ မှန်းဆ၍မရသော၊ အပြောင်းအလဲများ ရှိသည်။

"ကြည့်ရတာ အဆင့်မြင့်တဲ့ ကြယ်သားရဲတချို့ကို လိုက်ရှာရတော့မှာပဲ... သူတို့ရဲ့မီးကိုယူဖို့ဆို ကျေးလက်တောရွာကို သွားဖို့ အချိန်တစ်ခုရှာရတော့မယ် ထင်တယ်!"

All Chapters