← Chapters

hostကတော့ အထင်ကြီးစရာပဲ! သစ်သားနိယာမ အပိုင်းအစ!

Vol. 6 Ch. 85

hostကတော့ အထင်ကြီးစရာပဲ! သစ်သားနိယာမ အပိုင်းအစ!

Vol. 6 Ch. 85

"သခင် ဒီသစ်ပင်က တကယ်ပဲ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးပြီး ဝိညာဉ်ရှိနေပြီ!"

ရှောင်ပိုင်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စပျစ်နွယ်ပင် အပိုင်းအစများကို ကြည့်ကာ ပါးစပ်ကို ပြန်ဖုံးထားသည်။ ထို့နောက် ရုတ်တရတ် အတွေးတစ်ခုက သူမကို ထိမှန်သွားသလို သူမ၏ မျက်ခုံးမွှေးများက အံ့အားသင့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သိရမည်မှာ အပင်နှင့်သစ်သားတို့၏ ဝိညာဉ်များသည် ကြယ်သားရဲများနှင့် အလွန် ကွာခြားပါသည်။

ကြယ်သားရဲများသည် သလင်းကျောက်ကို စုစည်းပြီး ၎င်းတို့ကိုယ်ကို အားကောင်းစေရန် အသွေးအသား၏ စွမ်းအားကို စားသုံးခြင်းဖြင့် ကျင့်ကြံကြသည်။

အခြားတစ်ဖက်တွင်မူ ဤအပင်၏ ဝိညာဉ်များသည် ကောင်းကင်နှင့်မြေကြီး၌ အမြစ်တွယ်ကာ အရာခပ်သိမ်း၏ ချီအနှစ်သာရကို စုပ်ယူကြသည်။ အဖိုးတန်အပင်၏အနှစ်ကို ၎င်းတို့၏ အကိုင်းအခက်များမှ ထုတ်ယူကြသည်။

ဆေးဖက်ဝင်အပင်ရဲ့ အစက်တစ်စက်က အဖိုးမဖြတ်နိုင်ချေ။

နာတာရှည်ရောဂါများကို ကုသခြင်းကစလို့ ပြင်းထန်သော ဒဏ်ရာရရှိသူများကို အသက်ကယ်ဆယ်ခြင်းအထိ၊ အားလုံးကို လက်လှမ်းမီနိုင်သည့် ဆေးဖြစ်သည်။

ပိုအရေးကြီးတာက အပင်အနှစ်ကို စားသုံးပြီးလျှင် လက်ခံသူ၏ သက်တမ်းသည် သိသိသာသာ တိုးလာမည်ဖြစ်ပြီး ၎င်းတို့သည် အမတလမ်းဆီသို့ တစေ့တစောင်းပင် ရရှိလာမည်ဖြစ်သည်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အံ့ဖွယ်ကောင်းကင်ဆေးကျမ်းကို လေ့လာပြီးတဲ့ ချင်းယန်ကလည်း ယင်းကို သဘာဝကျကျ သိထားပါသည်။ သို့သော်ပြဿနာတစ်ခု ရှိနေ၏။

"စောလွန်းတယ်! ဒီမိစ္ဆာက မရင့်ကျက်သေးဘူး..."

ချင်းယန် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။

အနှစ်တစ်ထောင် သက်တမ်းရှိသော သစ်ပင်နတ်ဆိုးသည် အမှန်တကယ်တော့ သက်တမ်း နှစ်ငါးရာသာ ရှိသေးသည်။ နောက်ထပ် နှစ်ရာပေါင်းများစွာ ကွာခြားသေး၏။

ဒါဆို သူ့မှာပါတဲ့ ဆေးဖက်ဝင်အပင်ရဲ့ တန်ဖိုးက ဘယ်လောက်ထိ ရှိနေနိုင်မှာလဲ။

အသီးတချို့ဟာ မမှည့်ခင်မှာ ခါးပေမယ့် မှည့်ပြီးရင် ချိုသလို စားလို့ရပေမယ့် နည်းနည်းတော့ ကွာပါသည်။

"သနားစရာပဲ..."

ချင်းယန် ရာစုနှစ်သာ ရှိတဲ့ သစ်ပင်ကို ကြည့်ကာ အမြန်လွှတ်လိုက်သည်။

စနစ်သတိပေးချက်ကို အစပျိုးထားသောကြောင့် သစ်ပင်အိုသည် အနှစ်ငါးရာထက်ကျော်လွန်၍ အသက်ရှင်နေထိုင်နိုင်သော ကြောက်မက်ဖွယ် သတ္တဝါဖြစ်သည်ဟု ဆိုလို​ပေသည်။

သူ့ကိုသာ သတ်နိုင်ခဲ့ရင် ဆုလာဘ်အသစ်လည်း ရနိုင်မှာ။ ဘယ်လိုပဲကြည့်ကြည့်၊ ဒါက နိုင်ပွဲပင်။ ဒီလိုတွေးနေစဥ် ချင်းယန် သူ့မျက်လုံးထဲတွင် လူသတ်ချင်နေသော အရိပ်အယောင် ရှိသည့် သစ်ပင်အိုကြီးကို စိုက်ကြည့်နေသည်။

ဒီဆုကို ငါ သေချာပေါက် သိမ်းမယ်!

ရွှီး!

ထို့နောက်တွင်ပင် အပင်အိုက နွယ်ပင်များဖြင့် စတင် တိုက်ခိုက်လာပါ​တော့သည်။

ချက်ချင်းပင် ၎င်း၏လမ်းတစ်လျှောက်ရှိ မြေပြင်ကြီး တုန်ခါကာ အက်ကွဲသွားသည်။ မြေကြီးမှ မရေမတွက်နိုင်သော နွယ်ပင်များ ကောင်းကင်မှ မြေပြင်အထိ ထူထပ်လာကာ ဆူးပင်များ ပုံပျက်ပန်းပျက် ကြီးထွားလာပြီး ကျယ်ပြန့်သော နွယ်ပင်လယ်ကြီး ဖြစ်ပေါ်လာသည်။

"သခင်! လှုပ်ရှားလိုက်တော့လေ"

ရှောင်ပိုင်သည် ချင်းယန်၏ အဝတ်အစားထောင့်ကို ဆွဲတင်လိုက်ပြီး တိုးတိုးပြောကာ သူမအမြီးမှာ စိတ်လှုပ်ရှားစွာဖြင့် တွန့်လိမ်နေ၏။ ချင်းယန်ရဲ့ လှုပ်ရှားမှုကို အခုပဲမြင်တွေ့ပြီးတဲ့ နောက်မှာတော့ ဒီသစ်ပင်မိစ္ဆာကြီးဟာ လုံးဝကြောက်စရာ မဟုတ်​တော့ကြောင်း သူမ သိလိုက်သည်။

ယခု ရှောင်ပိုင်သည် ၎င်းအကိုင်းအခက်များရှိ ဆေးဖက်ဝင်အပင်များ၏ အနှစ်သာရများကို စစ်ဆေးရန် အာရုံစိုက်နေခဲ့ပြီ။

ဟင်းဟင်း... ဒါကိုလည်း ဒီနတ်သမီးက လိုချင်တယ်။

"မလောပါနဲ့ ရှောင်ပိုင်....ဒီသစ်ပင်က သေဖို့လမ်းတောင် ဖောက်ပြီးနေပြီ..."

ချင်းယန် တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူ့လက်ချောင်းထိပ်မှာ စုနေတဲ့ ဓားစွမ်းအင်ကို ကိုင်ထားလိုက်သည်။

ရွှိ!

မရေမတွက်နိုင်သော ဓားသမားများသည် ချင်းယန်၏ ထိန်းချုပ်မှုအောက်၌ စောင့်ကြပ်နေသကဲ့သို့ မရေမတွက်နိုင်သော ဓားသွားများက တစ်ပြိုင်နက်တည်း လေထဲ ပျံ့လွင့်သွားကာ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များအဖြစ် ထုတ်လွှတ်လိုက်သည်။

ဓားစွမ်းအင်တွေက ကြီးမားသော စစ်တပ်အဖြစ် အသွင်ပြောင်းကာ အနီးနားရှိ နွယ်ပင်များဆီသို့ တွန်းပို့လိုက်သည်။ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီးသည်နှင့် သစ်ပင်အိုမှာ အဆင့်ဆင့် ဖြိုခွဲခံလိုက်ရကာ နွယ်တွေကို ကွဲကြေသွားစေသည်။

ခရက်!

ဓားလေတိုက်သွားတဲ့အခါ သစ်ပင်အိုရဲ့ အခေါက်က ချက်ချင်း အက်ကွဲသွားသည်။

အန္တရာယ်များတယ်!

ဒီလူသားက အရမ်း အန္တရာယ်များတယ်!

အန္တရာယ်ကို အာရုံခံပြီး ရန်သူကို တွန်းလှန်ချင်လာသော အနှစ်တစ်ထောင် သက်တမ်းရှိ သစ်ပင်မိစ္ဆာသည် ၎င်း၏နွယ်များကို အလိုလို ထိန်းချုပ်ခဲ့သည်။ မြေကြီးတွေ ချက်ချင်းပင် အက်ကွဲသွားကာ မရေမတွက်နိုင်သော အကိုင်းအခက်များအဖြစ်သို့ ကိုင်းဆက်သော စပျစ်နွယ်ပင်များ ပိုမိုပေါက်ထွက်လာသည်။

သို့သော် ဝင်လာသော ဓားစွမ်းအင်များသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားကာ ဓားစွမ်းအင် သောင်းနှင့်ချီ ပေါက်ဖွားကာ အရာခပ်သိမ်းကို ရက်စက်စွာ ဖြတ်တောက်ပစ်သည်။

ဤသည်မှာ မြက်ခင်းပြင် ဓားသူတော်စင်၏ "ဓားတစ်သောင်းမူလပြန်ခြင်း" ဓားချက်ပဲ ဖြစ်သည်။ ရက်အတော်ကြာ တွေးတောဆင်ခြင်ပြီးနောက် ချင်းယန်သည် ဤဓားနည်းပညာ၏ မရှိမဖြစ် လိုအပ်ချက်များကို လုံးလုံးလျားလျား ကျွမ်းကျင်ပြီး လွယ်ကူစွာ အဆင့်မြှင့်ခဲ့သည်။

သူသည် ဓားသူ​တော်စင်ထက် သာလွန်သော တန်ခိုးကို ထုတ်လွှတ်ကာ ထိုလူကိုပင် ကျော်လွန်သွားခဲ့ပါပြီ။

ဗုန်း ဗုန်း !

ဓားစွမ်းအင်များ တဟုန်ထိုး တိုးဝင်လာကာ ချဉ်းကပ်လာသမျှသော နွယ်ပင်များကို ချက်ချင်း သတ်ပစ်လိုက်သည်။ ကွဲအက်နေသော နွယ်ပင်များ လေထဲ လွင့်ပျံသွားကာ ရွှံ့များနှင့် ကျောက်တုံးများကို ရိုက်ခတ်သွားသည်။

တခဏအတွင်းမှာပင် ရာစုနှစ်တစ်ခုရှိ သစ်ပင်မိစ္ဆာကို ဆန်ခါအဖြစ် လျှော့ချပစ်လိုက်သည်။ တောင်အတွင်း၌ တောင်လေညင်းများ မှုတ်ထုတ်လာသော ညည်းတွားသံကလွဲလို့ နွယ်ပင်များ ပေါက်မလာတော့ပေ။

တိတ်ဆိတ်မှုက တောအုပ်အပေါ် ဖုံးလွှမ်းသွား၏။ မြေပြင်ကလည်း ဓားဖြင့် ထွန်ယက်ခံထားရပြီး နွယ်ပင်များ တအိအိနဲ့ ထိုးကျသွားသည်။

"သခင်က တော်လိုက်တာ!"

ရှောင်ပိုင် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးပြီး ရှေးဟောင်းသစ်ပင်၏ အကြွင်းအကျန်များကို ငေးကြည့်ရင်း မျက်လုံးများ တောက်ပြောင်လာကာ သစ်သား၏ အနှစ်သာရကို ပြေးယူရန် စိတ်အားထက်သန်နေလေသည်။

"နေဦး!"

ချင်းယန် မျက်မှောင်ကြုတ်ပြီး ရုတ်တရက် သူမအမြီးကို ဖမ်းကိုင်လိုက်သဖြင့် ရှောင်ပိုင် ပျာပျာသလဲ နောက်ပြန်ဆုတ်လာရသည်။

"အား! နာတယ်!"

ရှောင်ပိုင်မှာ သူ့အမြီးကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများ ချက်ချင်း နီရဲလာသည်။

“ဘာလို့ ပြန်ဆွဲတာလဲ”

သူမ စိတ်တိုတိုနှင့် ပြောလိုက်သည်။

"တစ်ခုခုတော့ မှားနေပြီ"

ရှောင်ပိုင်အမြီးကို လွှတ်လိုက်ပြီး။

"ဒီသစ်ပင်မိစ္ဆာက လုံးဝ သေသွားပုံ မပေါ်​သေးဘူး"

"မသေဘူးလား သခင် သေချာရဲ့လား"

ရှောင်ပိုင် တုံ့ဆိုင်းသွားပြီး လေကို ရှူရှိုက်ရင်း နှာခေါင်းများ လှုပ်ယမ်းသွားသည်။ ပတ်ဝန်းကျင်မှာ သွေးနံ့​များ တဖျပ်ဖျပ် စွဲနေသည်။ သို့သော် ထိုအရာမှလွဲ၍ အသက်ငွေ့ အရိပ်အယောင်များ မရှိပေ။

ပြီးတော့ သစ်ပင်က အရမ်းပုပ်နေသလိုပါပဲ။

ဘယ်လိုလုပ် မသေဘဲ နေမှာလဲ?

"ခဏနေဦး"

ချင်းယန် တိုးတိုးလေးပြောပြီး သစ်ပင်ဟောင်းရဲ့ အကြွင်းအကျန်တွေကို ကြည့်လိုက်သည်။ ပင်စည်က အပိုင်းပိုင်း ကွဲသွားသော်လည်း စနစ်သတိပေးချက် အသံမထွက်လာ​သေးပါ။ ဒါကြောင့် တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ခြင်းပင်။

ချင်းယန် ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ စူးစမ်းဖို့ သူ့ရဲ့ စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်ရာ မကြာခင်မှာပဲ သစ်ပင်အိုကြီးရဲ့ ပတ်ဝန်းကျင် မြေပြင်က သူ့စိတ်ထဲမှာ ပေါ်လာလေ၏။

ရှေး​ဟောင်းသစ်ပင်၏ မျက်နှာပြင်ကိုယ်ထည်သည် ကွဲအက်သွားသော်လည်း ၎င်း၏အမြစ်များသည် မြေအောက်အနက်တွင် နစ်မြုပ်နေပြီး မြေကြီးအောက် မီတာထောင်ပေါင်းများစွာအထိ မြှုပ်နှံထားသည်။

မျက်နှာပြင်ငုတ်ကို ထိရုံဖြင့် ထိခိုက်မှု မရှိသည်မှာ သေချာသည်။

"ကျစ် တကယ် အားရစရာကောင်းတဲ့ သစ်ပင်ပဲ... ဒီအနှစ်ငါးရာက အလကားတော့ မဖြစ်ခဲ့ဘူးပဲ"

ချင်းယန် အခြေအနေကို နားလည်ပြီးနောက် ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။ ရာစုနှစ်တစ်ခုကြာအောင် ကျင့်​ကြံထားတဲ့ ဝိညာဉ်သစ်ပင်သည် အမှန်တကယ်ပင် စိတ်အားထက်သန်လာခဲ့သည်။

ဤသစ်ပင်အိုသည် ရန်သူများနှင့် ဆက်ဆံရာတွင် ၎င်း၏ကိုယ်ပိုင်ဗျူဟာများကို တီထွင်နိုင်ခဲ့သည်။ ထို့ကြောင့် ကြာမြင့်စွာကတည်းကပင် အသက်ရှင်သန်ရန် သေဟန်ဆောင်ခြင်း အနုပညာကိုပင် ကျွမ်းကျင်လာခဲ့ပုံပင်​။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု အမျိုးမျိုးကို လုပ်ဆောင်ရာတွင်လည်း ကျွမ်းကျင်သော သခင်အစစ် ဖြစ်သည်။

"...မင်းက မြေအောက်ပုန်းရတာ ကြိုက်တာလား"

ဒါကိုတွေးတောရင်း ချင်းယန်ရဲ့လက်ဖဝါးက တောက်ပတဲ့ အလင်းရောင်နဲ့အတူ ကျစ်ဝေးနတ်ဓားကို ဆင့်ခေါ်ကာ သူ့ဓားကို မြေကြီးထဲကို တိုက်ရိုက် ထိုးချလိုက်တော့သည်။

"ဒါဆို ငါက လူကောင်းတစ်ယောက် လုပ်ပြီး မင်းအတွက် မြေကြီးတွေ ဖွပေးမယ်..."

"လေနည်းနည်း ရှူခိုင်းချင်လို့ပါ!"

နောက်အခိုက်အတန့်၌ ဗုန်းကနဲ အသံနက်ကြီးနဲ့အတူ ဓားတစ်သောင်း ​မြေ​အောက်​ထဲသို့ ​ပေါက်​ထွက်​သွားသည်​။

ဓားစွမ်းအင်က ကမ္ဘာမြေကြီးကို တုန်လှုပ်သွယးစေကာ မျက်နှာပြင်အောက် နက်နဲစွာ ဖြတ်ကျော်သွားသည်။ မြေပြင်ကလည်း သမုဒ္ဒရာလှိုင်းလုံးများလို လှိမ့်ကာ လှိုင်းခတ်ရင်း အမြစ်များကို ချက်ချင်း ကြေမွသွားစေသည်။

မြေပြင်မှ ကျယ်လောင်သော အော်သံတစ်သံလည်း ထွက်ပေါ်လာသည်။

"သခင်..."

ရှောင်ပိုင် ချင်းယန်ရဲ့ အင်္ကျီစကို ဆုပ်ကိုင်လိုက်ပြီး ထိတ်လန့်နေရာမှ စိတ်သက်သာရာ ရသွားသည်။ အခုနတုန်းက ရှေ့ကို ခြေတစ်လှမ်း မတိုးခဲ့မိတာ ကံကောင်းသွား၏။ မဟုတ်ရင်တော့ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ သစ်ပင်မိစ္ဆာရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။

"ကောင်းပြီ... သိပ်မကွာတော့ဘူး"

ချင်းယန်သည် မြေပြင်ပေါ်တွင် တစ်ဝက်တစ်ပျက် ဝပ်နေပြီး သစ်ပင်မိစ္ဆာကို မြေပြင်မှ ဖြည်းဖြည်းချင်း ဆွဲထုတ်ကာ ဖုန်များကို လှုပ်ခါလိုက်သည်။

"သွားလို့ရပြီ"

"ကျေးဇူးတင်ပါတယ် သခင်!"

ဒါကိုကြားတော့ ရှောင်ပိုင် ရုတ်တရက် ခြေဖျားထောက်ကာ ရပ်လိုက်ပြီး ချင်းယန်ရဲ့ ပါးပြင်ကို နမ်းလိုက်သည်။ ထိုအခိုက် သူမ၏ လှပသော မျက်နှာသည်လည်း နီမြန်းလာပြီး စိတ်လှုပ်ရှားစွာဖြင့် လှည့်ထွက်သွားသည်။

"???"

ချင်းယန် ခဏလောက် ထိတ်လန့်သွားပြီး မတုံ့ပြန်နိုင်ခင်မှာပင် သူ့ပါးပြင်မှ နွေးထွေးနူးညံ့တဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရ၏။

ငါ့ကို နမ်းတယ်?

မင်းအသက်ကို ငါကယ်ခဲ့လို့ မင်းကငါ့ကို အခွင့်ကောင်း ယူနေတာလား?

ဘယ်လောက်တောင် အရှက်မဲ့သလဲ!

ဒီမြေခွေးလေးက ပိုပိုပြီး ဒေါသတွေ တိုးလာအောင် လုပ်နေတာပဲ!

ထိုစဥ် စနစ်၏ ထိတ်လန့်တုန်လှုပ်သော အသံက ပဲ့တင်ထပ်သွားသည်။

"အနှစ်တစ်ထောင်ရှိတဲ့ သစ်ပင်မိစ္ဆာကို တစ်ချက်လှုပ်ရုံနဲ့ သတ်လိုက်တဲ့ hostကတော့ တကယ်ကို အထင်ကြီးစရာပဲ!"

"ဆုလာဘ်- အဆနှစ်ဆယ် ချဲ့ထွင်မှု... သစ်သားနိယာမ အပိုင်းတစ်ပိုင်းကို ရယူပါ.."

ဒီလိုကြားရတာနဲ့ ချင်းယန် သူ့ဆုလာဘ်ကို စစ်ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင် မြက်ခင်းစိမ်းစိမ်း တံဆိပ်ပြားတစ်ချပ် သူ့လက်ဖဝါးထဲတွင် ပေါ်လာပြီး အလွန်ကြွယ်ဝသော အသက်စွမ်းအင် အနှစ်သာရကို ထုတ်လွှတ်လာခဲ့သည်။

All Chapters