လီကျစ်ရွှမ်းရဲ့ အကျပ်အတည်း
Vol. 6 Ch. 86
"တော်တော်လေး ကြွယ်ဝတဲ့ အသက်စွမ်းအားပဲ!"
ချင်းယန်သည် သစ်သားနိယာမ အပိုင်းအစကို ကစားရင်း ချက်ချင်းပင် စွဲလန်းသွားသည်။ အနှီအပိုင်းအစက စိမ်းလန်းစိုပြေနေတဲ့ သစ်သားအပိုင်း တစ်ခုလို မထင်ရှားမပေါ်လွင်ပါ။ သို့သော် ၎င်းအတွင်း၌ အလွန်အစွမ်းထက်သော အသက်စွမ်းအား၊ အဆုံးမရှိသော ထောက်ပံ့မှုတစ်ခု ထွက်ပေါ်လာသည်။
ဘယ်တော့မှ ခမ်းခြောက်မသွားတော့သလိုပါပဲ။
"မဆိုးပါဘူး..."
ချင်းယန် ဆုပ်ကိုင်လိုက်ပြီး ၎င်း၏ အစွမ်းထက်သော စွမ်းအားကို ချက်ချင်း ခံစားကြည့်ကာ ပတ်ဝန်းကျင်ရှိ အပင်များကို လှုံ့ဆော်ပေးလိုက်သည်။
ဝုန်း!
သူ့ခြေဖဝါးအောက်မှ စူးစူးရှရှ အသံတစ်သံ ထွက်လာသဖြင့် ချင်းယန် ငုံ့ကြည့်လိုက်သည်။
ချက်ချင်းပဲ သူ့ခြေဖဝါးအောက်က မြက်ပင်တွေ စိမ်းလန်းစိုပြေလာပြီး သူ့ဖိနပ်ရဲ့ မာကျောတဲ့ ခြေဖဝါးကိုတောင် အဆက်မပြတ် ထိုးထွက်နေကြသည်။ ရှေးဟောင်းသစ်ပင်ကြီး သေဆုံးသွားတဲ့အခါ ခြောက်သွေ့နေခဲ့သော သစ်ပင်တချို့၏ အကိုင်းအခက်များ တက်ကြွလာပြီး ဘဝသစ်များ အဖြစ် ပြန်ပေါက်ကြားလာသည်။
နွေဦးပေါက်တွင် သေနေသော သစ်ပင်တစ်ပင် အပွင့်ပွင့်ပြီး အသီး ပြန်သီးနေသလိုပင်။ ဤသည်မှာ သစ်သားနိယာမ၏ တန်ခိုးပဲ ဖြစ်ပေသည်။
"စာကြည့်တိုက်က အလုပ်ကထွက်ဖြစ်ရင် ပန်းဆိုင်ဖွင့်လိုက်တာ ကောင်းမယ်ထင်တယ်"
ချင်းယန် သူ့မေးစေ့ကို ပွတ်သပ်ကာ မြေပြင်မှ တောရိုင်းပန်းတစ်ပွင့်ကို ကောက်ယူလိုက်ရာ ကြီးမားသော မျှော်လင့်ချက်ကြီးကို ခံစားလိုက်ရသည်။ ဒါက အပိုင်းအစ တစ်ပိုင်းသာဖြစ်ပေမယ့် အတော်လေး အစွမ်းထက်နေပြီ။
သစ်သားနိယာမ ပြီးပြည့်စုံသွားရင် ဘယ်လောက် ကြောက်စရာကောင်းတဲ့ မြင်ကွင်းမျိုး ဖြစ်လာလိမ့်မလဲ။
"ဟဲ့... ဒီနားမှာ ရှိသင့်တာပါ~~"
သစ်ပင်အိုကြီးရှေ့တွင် ရှောင်ပိုင်သည် အပင်၏အနှစ်သာရကို ရှာဖွေရင်း သူမ၏ခန္ဓာကိုယ် အပေါ်ပိုင်းကို သစ်ပင်အခေါင်းပေါက်ထဲသို့ ထိုးထည့်လိုက်သောအခါ အမွေးအမြီးသုံးချောင်းသည် စိတ်လှုပ်ရှားစွာ လှုပ်ယမ်းသွားသည်။
လှိုဏ်ဂူက မည်းမှောင်နေပြီး နက်ရှိုင်းသော နေရာက ပုပ်စော်နံနေသည့် အနံ့အသက်များဖြင့်သာ ပြည့်နေသည်။ မျက်လုံးများကို မှိတ်ထားပြီး နှာခေါင်းကို လှုပ်ယမ်းကာ လေထဲကို ရှူရှိုက်ရင်း အပင်၏ တည်နေရာကို ဂရုတစိုက် ခွဲခြားသတ်မှတ်လိုက်သည်။
အပင်၏အနှစ်တွင် ထူးခြားသော၊ လတ်ဆတ်ပြီး မြက်ခင်းမွှေးရနံ့မျိုး ရှိသည်။ အနီးပတ်ဝန်းကျင်ရှိ ပုပ်ပွနေသော အလောင်းများ၏ အနံ့နှင့် ကွဲပြားသောကြောင့် ခွဲခြားရလွယ်ကူစေသည်။
ရနံ့ပြီးနောက် ရှောင်ပိုင် လှည့်ပတ်ကြည့်သည်။
သူမရဲ့ မြေခွေးခြေသည်းတွေက အပေါ်က ခြစ်ရာအခေါက်တွေကို ဂရုတစိုက် ကုတ်ခြစ်ပစ်လိုက်တဲ့အခါ နောက်အခိုက်၌ အခေါက်ထဲမှ အစိမ်းရောင် အရည်စီးကြောင်းနဲ့ လန်းဆန်းသော ရနံ့တစ်ခု ထွက်ပေါ်လာသည်။
"ဘယ်လို မွှေးရနံ့လဲ!"
ဒါကိုမြင်တော့ ရှောင်ပိုင် လန့်သွားပြီး အပင်ရဲ့အနှစ်ကို ဖမ်းဖို့ အမြန်လက်ဆန့်ကာ သူ့လက်ဖဝါးထဲမှာ ဂရုတစိုက် ဆုပ်ထားလိုက်သည်။ သူမသည် ထိုအရာကို ရတနာတစ်ခုသဖွယ် တန်ဖိုးထားနေ၏။
အပင်၏ အနှစ်သာရတစ်စက်က အမှန်ပင် အဖိုးမဖြတ်နိုင်ပေ။ သူမနယ်ပယ်အတွက် ဆောင်ကြဉ်းပေးနိုင်သော အပိုဆုကြေးကြီးပဲ ဖြစ်သည်။
"ဒီအပင်ရဲ့အနှစ်ကို ငါမျိုချလိုက်တာနဲ့ ငါလည်း ပိုသန်မာလာလိမ့်မယ်!"
တွေးရင်းနဲ့ ရှောင်ပိုင် ပြုံးပြီး သွားရည်တွေပါ ကျချင်လာသည်။ သူမသည် ချင်းယန်အား ပြသရန် ကြံရွယ်ကာ အပင်အနှစ်ကို ကိုင်ကာ သစ်ပင်တွင်းမှ ထုတ်ယူလိုက်သည်။ ဒါပေမယ့် သူမ ခြေလှမ်းအနည်းငယ် မလှမ်းမီ ရုတ်တရက် အစွမ်းထက်သော အသက်စွမ်းအင် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး တက်ကြွမှုအပြည့်ဖြင့် သူမလက်ထဲက အပင်အနှစ်သာရကို လွှမ်းခြုံသွားသည်။
"ဒီလောက် ကြွယ်ဝတဲ့ အသက်စွမ်းအားက...!"
ရှောင်ပိုင် ထိုလမ်းကြောင်းပေါ်၌ ရပ်တန့်သွားခဲ့သည်။ ရောင်ဝါနောက်က ချင်းယန်၏ အနေအထားဆီသို့ လှမ်းကြည့်လိုက်ပြီး ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။
ချင်းယန်ဟာ ပန်းပင်လယ်ကြီးကြားတွင် ရပ်နေသည်။ သူ့ခြေရင်းအောက်ရှိ လွင်ပြင်သည် စိမ်းလန်းစိုပြေသော မြက်ပင်များနှင့် စပျစ်နွယ်ပင်များဖြင့် ဖုံးလွှမ်းထားသောကြောင့် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ဆူကဲ့သို့ ဖြစ်နေသည်။
"???"
ရှောင်ပိုင် အံ့သြသွားသည်။
ဘာတွေဖြစ်နေတာလဲ?
မူလမြေရိုင်းက ဘယ်မှာလဲ။
သစ်ပင်တစ်ပင်ကို တွင်းတူးစိုက်ရဖို့ အချိန်ယူရတာတောင် နင်က မြေကြီးပေါ်မှာ မြက်စိုက်ပြီးပြီလား။
ဒေါသထွက်စရာပဲ!
ဒါကိုတွေးရင်း ချင်းယန်ကို ကြည့်လိုက်တော့ သူ့လက်ထဲက အပိုင်းအစကို ရုတ်တရက် သတိထားမိလိုက်သည်။ အဲဒါက ဒီထူးဆန်းတဲ့ ဖြစ်စဉ်ရဲ့ မူလဇစ်မြစ်လို့ ထင်ရပါ၏။
"သခင့်ဆီမှာ အရင်က မရှိဘူးလားလို့ပါ.. ဘယ်က ကောက်ရလာတာလဲ"
ရှောင်ပိုင် မျက်လုံးတွေ ပြူးကျယ်သွားပြီး ဆေးဖက်ဝင်အပင်ရဲ့ အနှစ်ကို တစ်ဖန် ငုံ့ကြည့်လိုက်သည်။
ရနံ့က ချက်ချင်းမှိန်သွား၏။ ခြားနားတဲ့ ကမ္ဘာတစ်ခုမှာ ရှိနေသလိုမျိုး နှိုင်းဆလို့တောင် မရနိုင်တော့ပေ။
"အဲဒါကို တစ်ချက်လောက် စုပ်ယူလိုက်ရင် ဆေးဖက်ဝင်အပင် ဆယ်စက်လို ဖြစ်သွားလိမ့်မယ်!"
သူမသည် ချင်းယန်အနားသို့ အမြန်ပြေးလာရင်း နားရွက်များကို တုန်ခါပြလိုက်သည်။
"သခင် အဲဒါက ဘာလဲ... အနံ့အရမ်းကောင်း... မဟုတ်ပါဘူး... အရမ်း အံ့သြစရာ ကောင်းတာပဲ!"
ချင်းယန် လှမ်းကြည့်ရင်း စိတ်အားထက်သန်သော အကြည့်ကို လျစ်လျူရှုလိုက်သည်။ သူသည် သစ်သားနိယာမ အပိုင်းအစကို ကြယ်လက်စွပ်ထဲသို့ တိတ်တဆိတ် ပြန်ထည့်ထားလိုက်သည် ။
"မေးခွန်းတွေ အများကြီးမမေးပါနဲ့ ကလေးရယ်"
"ငါ..."
ရောင်ဝါ ပျောက်ကွယ်သွားသည်ကို မြင်တော့ ရှောင်ပိုင် စိုးရိမ်တကြီးဖြင့် ရင်ဘတ်ကို ဖွဖွပုတ်ရင်း။
"ငါလည်း မငယ်ပါဘူး!"
သူမ ရှေ့သို့ ကိုင်းညွတ်ပြီး ချင်းယန်ကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်လိုက်သည်။
"သခင်... နည်းနည်းလောက် အရသာပေးခံပါ့လား? ဒါမှမဟုတ် အနံ့ခံကြည့်လည်း ရပါတယ်..."
သူ့လက်မောင်းနှင့် ထိတွေ့လိုက်သော နူးညံ့သော အထိအတွေ့က ချင်းယန်၏ နှလုံးသားကို ထိတ်လန့်သွားစေသလို လတ်ဆတ်သော ရနံ့က သူ့နှာခေါင်းထဲသို့ ပြည့်သွားသည်။ ချက်ချင်းပင် သူ့စိတ်ဓာတ်များ တက်ကြွလာသည်။
"သစ်သားအနှစ်သာရ?"
ချင်းယန် သူမလက်ထဲက အရည်တွေကို တစ်ချက်ကြည့်လိုက်ပြီး။
"အဲဒါကို ငါမလိုချင်လို့ မင်းကို ပေးထားပြီးသား ကျေးဇူးကန်းမနေနဲ့ ... လွှတ်တော့"
ရှောင်ပိုင်သည် စကားပြောရန် ချီတုံချတုံဖြင့် နားရွက်များကို ကုပ်ထားသော်လည်း နောက်ဆုံးတွင်တော့ ချင်းယန်၏ လက်မောင်းကို နာခံစွာ လွှတ်လိုက်သည်။
"ကောင်းပါပြီ..."
ရက်အတော်ကြာ အတူတူ နေထိုင်ပြီးနောက် ချင်းယန်ရဲ့စရိုက်ကို သူမ နားလည်လာခဲ့ပါသည်။ သစ်သားအနှစ်ကို ရတာက သူမအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုတော့ မဟုတ်ပါ။
ဒါပေမယ့် ချင်းယန်က သူမထက် ပိုကြီးတဲ့ စျေးကို ဘယ်လိုဆွဲယူရမလဲ ဆိုတာကို သိနေတာကြောင့် သူမဟာ အနည်းငယ်မျှမျှတတ မရှိသလို ခံစားလာခဲ့ရသည်။
နေ့တိုင်း လှဲလျောင်းနေတာကို ဒီလောက်ကောင်းတဲ့အရာကို ဘယ်လိုလုပ် ရနိုင်တာလဲ။
"မတရားဘူး!"
ဒါကိုတွေးပြီးနောက် ရှောင်ပိုင် အနည်းငယ် မကျေမနပ် ဖြစ်ကာ သူမ ပါးပြင်တွေကို ပွတ်သပ်ပြီး ချင်းယန်ကို ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။
……..
ထို့နောက် သူတို့နှစ်ဦးသည် တခဏမျှ ခေတ္တရပ်ကာ တောင်ကြီးထဲသို့ ဆက်လက်မဆင်းမီ သစ်ပင်ဟောင်းတစ်ဝိုက် နေရာကို လုယူကာ မီးကြယ်သားရဲကို ရှာဖွေခဲ့ကြသည်။
ခဏလောက် လမ်းလျှောက်ပြီးနောက် ချင်းယန် ရုတ်တရက် ရပ်သွားသည်။ မျက်လုံးများက တောထူထပ်သော အနောက်မြောက်ဘက်သို့ စူးစိုက်ကြည့်လိုက်သည်။
"ဟင်?"
ချင်းယန် သူ့ဝိညာဉ်စွမ်းအား စက်ကွင်းထဲမှ ရင်းနှီးသော ရောင်ဝါကို ရုတ်တရက် တွေ့ရှိလိုက်သည်။
လီကျစ်ရွှမ်း?
သူမဘာလို့ ဒီမှာရှိနေတာလဲ။
ဒါကို သိသိချင်း သူ့မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ တိုက်ပွဲတစ်ခုတွင် ပါဝင်နေသကဲ့သို့ ဤမိန်းကလေး၏ ရောင်ဝါမှာ အပြောင်းအလဲ မြန်နေသည်။
သူမ ဒုက္ခရောက်နေပုံပဲ။
……………….
ထိုအချိန်တွင် တစ်ဖက်၌ တောကြီးထဲတွင် အရိပ်နှစ်ခု ရောယှက်လျက် သတ္တုသံများ အဆက်မပြတ် တိုက်ခတ်နေ၏။ လီကျစ်ရွှမ်းဟာ ဓားရှည်ကို ဆုပ်ကိုင်ထားပြီး ဆံပင်များ ပွနေပြီ။ သူမ၏ ခါးမှ အဝတ်အစားများ ဆုတ်ဖြဲခံထားရတာကြောင့် သူမ၏ သွယ်လျသော ခါးကို ပေါ်လွင်လာစေသည်။
သူမရှေ့တွင် ပြင်းထန်သော တောင်ကျားတစ်ကောင်သည် ခြေလှမ်းတစ်လှမ်းချင်း ချီတက်လာ၏။ ၎င်းတွင် မီးလိုတောက်နေသော ရောင်စုံအမွေးများ ရှိကာ ၎င်းမှထွက်လာသော အစွမ်းထက်သော ကြယ်စွမ်းအား ရောင်ဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။
ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တိုင်း ကျောက်ဆောင်မြေပြင်ပေါ်တွင် နက်နဲသော ခြေရာတစ်ခု ကျန်ရစ်ခဲ့သည်။
"အလယ်အလတ် ဘုရင်အဆင့် ကြယ်သားရဲ..."
ဒါကိုမြင်လိုက်ရတော့ လီကျစ်ရွှမ်း အသက်ရှုကြပ်ပြီး မျက်လုံးတွေက အာရုံမစိုက်နိုင် ဖြစ်သွားတယ်။ သွေးဆုံးရှုံးထားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကလည်း သက်ရောက်မှု ရှိနေပုံပါပဲ။
သူမ၏ဘေးမှ ဖြတ်သွားသော တောင်ကျားသည် သူမကို လှည့်ပတ်နေ၏။ ဉာဏ်ရည်ဉာဏ်သွေး နိုးကြားလာတဲ့ ၎င်း၏ မျက်လုံးများက ကစားချင်နေတဲ့ အရိပ်အမြွက်ကိုလည်း ဖော်ပြနေသည်။
ပိတ်မိနေသော သားရဲ၏ တိုက်ပွဲကို လျှော့တွက်ထားလို့ မရချေ။ သူမ ခွန်အားကို ကုန်ဆုံးနေသမျှ ကာလပတ်လုံး သူမသည် အဆင်သင့်သားကောင်သာ ဖြစ်လာလိမ့်မည်။
"ငါတို့ တိုက်ရမယ်..."
လီကျစ်ရွှမ်း ဒါကို နားလည်သည်။ သူမသည် သူမဓားကို ဆုပ်ကိုင်ကာ စိတ်ကို အာရုံစူးစိုက်ကာ တောင်ကျား၏ အနေအထားကို စူးစမ်းရင်း သူမ၏ ခြေချောင်းများကို ဖိနင်း၍ အရိပ်အဖြစ် ပြောင်းလဲကာ ၎င်းဆီသို့ ဦးတည်သွားခဲ့သည်။
ဓားအလင်းတစ်ချက်!
တောင်ကျားကို ထိလုဆဲဆဲ အချိန်မှာပင် တောင်ကျားပုံစံက ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် မီတာများစွာအကွာမှာ ပြန်ပေါ်လာပြီး လီကျစ်ရွှမ်းကို ပြန်ကြည့်နေသည်။
"ဖြစ်ပြန်ပြီ!"
လီကျစ်ရွှမ်း လန့်သွားသည်။
ကောင်းကင်တံခါးများကို ဖွင့်မည့် ဓားတန်ခိုးသည် ကြီးမားသော်လည်း ပုံသဏ္ဌာန်ပြောင်းလဲခြင်း၏ အရှင်ဖြစ်သော ဤကြယ်သားရဲကိုတော့ မဖမ်းမိချေ။ ၎င်းက သူမ ပင်ပန်းနွမ်းနယ်ပြီး သွေးထွက်လွန်တဲ့အထိ စောင့်မျှော်နေနိုင်သည်။
သူမရဲ့ တိုက်ခိုက်မှုက အချည်းနှီးပင်။