ရှောင်ပိုင်ရဲ့ နောက်ပြောင်မှု
Vol. 6 Ch. 87
ညလေညင်းက တောင်လေနဲ့အတူ ရောယှက်ကာ အေးစိမ့်စိမ့် ခံစားရစေပြီး သွေးနံ့တွေလည်း သင်းပျံ့နေသည်။
အဝေးက တောင်ကျားတစ်ကောင်သည် လီကျစ်ရွှမ်းကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း ၎င်း၏မျက်လုံးများ မီတောက်လောင်ကာ လှောင်ပြောင်သရော်မှုများ ပိုမို ပြင်းထန်လာသည်။
မိနစ်အနည်းငယ်အတွင်း ဤသားကောင်သည် သွေးအလွန်အကျွံ ထွက်ခြင်းကြောင့် ပြိုကျသွားလိမ့်မည်။ အခုက အချိန်ကို ရိုးရိုးရှင်းရှင်း စောင့်နေရုံပါပဲ။
"အင့်...."
လီကျစ်ရွှမ်းသည် ကြယ်သားရဲ၏ လှုပ်ရှားမှုကို ကြည့်ရင်း ညင်ညင်သာသာ အော်ဟစ်လိုက်သည်။ သူမဝမ်းဗိုက်မှ သွေးများ စီးကျနေပြီး နောက်ထပ် နှောင့်နှေးလိုက်ရင် အခြေအနေကို ပိုဆိုးသွားစေမှာပဲ ဖြစ်သည်။
လူအိုလီသည် သူမကို တတ်နိုင်ရင် ထွက်ပြေးရန် ယခင်က အကြံပေးခဲ့ဖူးသောကြောင့် သူမသည် သဘာဝအတိုင်း ဤဘုရင်အဆင့် ကြယ်သားရဲကို ဆက်လက်တိုက်ခိုက်မည် မဟုတ်ပေ။
စိတ်ထဲမှာ ဒီအတွေးနဲ့ အသက်ပြင်းပြင်းရှူရင်း ခြေချောင်းများကို အသင့်ပြင်ကာ ချက်ချင်းပင် ခန္ဓာကိုယ်နည်းပညာကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် အဝေးသို့ လှည့်ထွက် ပြေးသွား၏။
တောထဲမှာ သစ်ရွက်တွေ တုန်ခါသွားသည်။
ဒါကိုမြင်တော့ တောင်ကျားကြီးရဲ့ မျက်လုံးတွေကလည်း ရင်ခုန်စိတ်လှုပ်ရှားစွာ တောက်ပလာခဲ့သည်။ ၎င်းက တယ်လီပို့လိုက်သကဲ့သို့ လီကျစ်ရွှမ်းနောက်သို့ အနီးကပ်လိုက်လာသည်။
ဝေါင်း!
ရွှတ်!
လီကျစ်ရွှမ်း ထင်းရှူးတောကို ဖြတ်၍ အလင်းရောင်ဖျော့ဖျော့ဖြင့် တောအုပ်အတွင်း ပြေးလွှားနေကာ လေသံတွေက သူမနားထဲတွင် ပဲ့တင်ထပ်နေသည်။ တောင်ကျားသည် မျှော့တစ်ကောင်လို ပတ်ပတ်လည်ကို ရစ်ပတ်လျက် အနီးကပ် လိုက်လာသည်။
လူနှင့်သားရဲတို့သည် ထင်းရှူးတောအတွင်း အရှေ့အနောက် ပြေးလွှားနေကြပြီး ၎င်းတို့၏ လူသတ်ချင်နေသော ရည်ရွယ်ချက်မှာလည်း အရပ်ရပ်မှ ဖြာထွက်နေသည်။ ဘုရင်အဆင့် ကြယ်သားရဲဟာ တန်ခိုးကြီးပြီး ကြီးစိုးပြီး ရက်စက် ကြမ်းကြုတ်ကြသည့်နည်းတူ လမ်းတစ်လျှောက်လုံး လီကျစ်ရွှမ်းကို နှိပ်စက်လာခဲ့သည်။
ဖြတ်သွားရာတိုင်း သစ်ပင်တွေပြိုကျပြီး ကြယ်တွေရဲ့ စွမ်းအားတွေ ပေါက်ထွက်လာသည်။
ဝုန်း ဝုန်း!
နောက်အခိုက်အတန့်တွင် လီကျစ်ရွှမ်း နောက်ကွယ်မှ ကြယ်စွမ်းအင် တိုက်ခိုက်မှုများစွာ ကျရောက်ခဲ့ပြီး သူမရှေ့ရှိ ရှေးဟောင်းထင်းရှူးပင် တစ်ပင်ကို တိတိပပ ကျိုးကြေသွားစေခဲ့သည်။
ပင်စည်တစ်ခုလုံးကို ဖောက်ပြီး အခေါက်ကြီးထဲမှာ အပေါက်ကြီးတစ်ခု ပေါ်လာရာ သစ်ပင်ဟာလည်သ အလေးချိန်အောက်မှာ ပြိုကျသွားတော့၏။ ၎င်းက လီကျစ်ရွှမ်းရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
"မကောင်းတော့ဘူး..."
ဒါကိုမြင်လိုက်တဲ့ လီကျစ်ရွှမ်း သူမရဲ့ ရှေ့ခြေကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ထင်းရှူးပင်ကို အသာနင်းလိုက်ပါ၏။ သူမ တင်ပါးကို လိမ်ပြီး လှည့်ကာ ပြုတ်ကျနေသော သစ်လုံးများကို ရှောင်ရှားရန် ကြိုးစားသည်။
ဒါပေမဲ့ သူမ လှည့်လိုက်တဲ့အခိုက်!
ဝုန်း!
တောင်ကျားသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ပထမဦးစွာ ထိုးနှက်သွားသည်။ သူမ၏ ဝမ်းဗိုက်ဆီသို့ ချက်ချင်း လက်သည်းများဖြင့် ရိုက်ချဖို့ အနားသို့ ရောက်ရှိလာသည်။
အသားပဲ့သွားသည့်အသံက ပဲ့တင်ထပ်ကာ နာကျင်ကိုက်ခဲမှုကြောင့် လီကျစ်ရွှမ်း တုန်လှုပ်သွားပြီး နှုတ်ခမ်းများ ဖြူဖျော့သွားခဲ့သည်။
အရမ်းနောက်ကျသွားပြီ။
အင်အားကွာဟမှုက အရမ်းကြီးလွန်း၏။
သူမသည် ကြယ်သားရဲများစွာကို ဂရုတစိုက်ရှောင်ရှားပြီးပြီ ဖြစ်သည်။ ဒါပေမဲ့ အခုတော့ အရမ်း အန္တရာယ်ကြီးနေပြီ။
ကြယ်သားရဲ လက်သည်းကြောင့် သူမအရေပြားမှာ အလွယ်တကူ စုတ်ပြဲသွားပါပြီ။ ၎င်းက ဝမ်းဗိုက်ကို လက်သည်းများဖြင့် ထိုးဖောက်ဝင်ရောက်ကာ သူမ၏ အတွင်းအင်္ဂါများကို တွယ်ကပ်သွားသဖြင့် ပြင်းထန်သော ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေသည်။
ရက်စက်ကြမ်းကြုတ်သော ကျားလက်သည်းသည် သူမဝမ်းဗိုက်ကို ထိုးဖောက်ကာ လေထဲသို့ မြင့်တင်လိုက်လေသည်။
သူ့ရဲ့ဆုဖလားကို ကောင်းကင်ကို မြှောက်ပြနေသလိုပါပဲ။
"မလုပ်နဲ့..."
လီကျစ်ရွှမ်းသည် သူမမျက်လုံးထဲက သေမင်းတမန် မီးခိုးရောင်အမှုန်အမွှားရှိသော လရောင်ကို ငေးကြည့်ရင်း မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူမသည် သူမ၏ ဓားရှည်ကို မြှောက်လိုက်ပြီး နောက်သို့ ပြန်ထိုးချလိုက်သည်။
ချွန်ထက်သော ဓားသည် ကျားသားမွေးနှင့် ထိတွေ့ပြီးနောက် သတ္တုကျောက်ခဲနှင့် ထိတွေ့သကဲ့သို့ အသံမျိုးသာ ထွက်လာသည်။ ဓားဖျားက ကွဲကြေသွားပြီးနောက် သူမလက်ထဲက ဓားရှည်ကလည်း ချက်ချင်း အက်ကွဲသွား၏။
လီကျစ်ရွှမ်း ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး ဗလာကျင်းသော အမူအရာက သူမ၏ မျက်လုံးများထဲ ဖြတ်ကျော်သွားသည်။ စိတ်ပျက်အားငယ်မှု လှိုင်းလုံးများကလည်း သူမရင်ထဲမှာ ပျံ့သွားခဲ့သည်။
ဤဘုရင်အဆင့်ရှိ ကြယ်သားရဲများသည် တောရိုင်းထဲမှာလည်း အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် မာကျောသည့်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်ပေမည်။
လူသားများသည် ၎င်းတို့၏ စစ်မှန်သော အနှစ်သာရကို ရေးဆွဲကာ ဓားနည်းပညာများကို အသုံးပြုခြင်းဖြင့်သာ ၎င်းတို့၏ ခုခံကာကွယ်မှုများကို ထိုးဖောက်ဝင်ရောက်နိုင်သည်။
ယခုမူကား သူမသည် သွေးများစွာ ဆုံးရှုံးခဲ့ရသောကြောင့် သူမဓားကို တစ်ချက်ထိုးရုံဖြင့် ကောင်းကင်တံခါးကို ဖွင့်ရန်နေနေသာသာ ဓားကို လှုပ်ရန်ပင် ခက်ခဲလှနေပြီ။
ဝမ်းဗိုက်စုတ်ပြဲတဲ့ ဝေဒနာနဲ့အတူ လီကျစ်ရွှမ်း၏ အသိစိတ်များ မှုန်ဝါးလာသည်။ ပင်ပန်းနွမ်းနယ်နေသည့် ခံစားချက်က သူမအပေါ် စိမ့်ဝင်လာပြီး သူမစိတ်ထဲမှာ မှတ်ဥာဏ်အပိုင်းအစများ ပေါ်လာသည်။
ဝမ်းနည်းခြင်း ၊ ဝမ်းနည်းခြင်း ၊ ဝန်တိုခြင်း ၊ ...
"တောင်းပန်ပါတယ် ဆရာ..."
လီကျစ်ရွှမ်း မျက်လုံးများကို မှိတ်ထားရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
ကျား၏ မေးရိုးများ ဖွင့်ဟကာ သူမ၏ ခေါင်းကို တစ်ချက်ချင်း ကိုက်စားလိုက်မည့် အတွေးက သူမအား ကြောက်ရွံ့မှု အပြည့်နှင့် တုန်ယင်လာစေသည်။
ကျား၏ သွေးစွန်းနေသော အစာအိမ်သည် ကျယ်လာပြီး လီကျစ်ရွှမ်း သိမ်မွေ့သော လည်ပင်းကို ဖိကာ ၎င်း၏အစွယ်များ တိုးဝင်လာသည်။ ဖြည်းညှင်းစွာ စူးစူးဝါးဝါး၊ စူးစူးရှရှ သွေးရနံ့များ သင်းပျံ့နေ၏။
ရုတ်တရက် ခရမ်းရောင် အလင်းတန်းများက ကောင်းကင်ပေါ်မှ ဖြာကျကာ ညကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ သူမဆီသို့ တိုးဝင်လာခဲ့ပေသည်။
ဗုန်း!
ကြောက်မက်ဖွယ်ကောင်းသော ဓားရည်ရွယ်ချက် တစ်ခုသည် တလီတောင်များကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး တောင်ကျား အနီးတစ်ဝိုက်က လူသတ်ချင်တဲ့ အငွေ့အသက် အဆတစ်ရာကို တိုက်ရိုက် ပိတ်ပစ်လိုက်သည်။
ကျစ်ဝေးနတ်ဓားသည် ညကောင်းကင်မှာ မီးချောင်းတစ်ချောင်းလို တောက်လောင်နေခဲ့သည်။ ချက်ချင်းဆိုသလိုပင် လျှပ်စီးကြောင်းများက တောင်ကျားရဲ့ နဖူးကို ထိုးဖောက်ကာ ဦးခေါင်းနောက်ဘက်မှ ပျံထွက်လာခဲ့သည်။
တောင်ကျား၏ အကြည့်များ အေးခဲသွားပြီး သူပင် မတုံ့ပြန်နိုင်မီတွင် သူ့ဘေးဒဏ်ကို သူတွေ့လိုက်ရသည်။ သူ့လက်သည်းများသည် လီကျစ်ရွှမ်း၏ ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
နောက်အခိုက်၌။
ဧရာမ ထင်းရှူးပင်ရဲ့ အပေါ်ကလေဟာ တစ်ချက် တုန်ခါသွားပြီး ချင်းယန်ရဲ့ ပုံသဏ္ဌာန်ဟာ သူ့ရဲ့ အနက်ရောင် ၀တ်ရုံကြီးနဲ့အတူ လရောင်အောက်မှာ ပေါ်လာလေ၏။ အားနည်းနေသော လီကျစ်ရွှမ်းကို လက်တစ်ဖက်တည်းဖြင့် ထူလိုက်သည်။
"ဆရာအရှင်..."
လီကျစ်ရွှမ်း၏ လှပသော မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူမ၏ ဖြူဖျော့ဖျော့မျက်နှာပေါ်တွင် အံ့အားသင့်နေသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ ပါးစပ်ကို ဖွင့်ဟပြောချင်သော်လည်း အားနည်းမှုက သူမအပေါ် လွှမ်းမိုးသွားပြီး ချင်းယန်၏ ရင်ခွင်ထဲ လဲကျသွားစေသည်။
ကျစ်ဝေးသည် စိတ်လှုပ်ရှားနေသော ကလေးတစ်ယောက်လို ရွှင်မြူးစွာ ကခုန်ကာ သူတို့ပတ်လည်မှာ လှည့်ပတ်နေသည်။
"ကျစ် ဒီကလေးမက ဘယ်လိုလုပ် လာရှုပ်နေတာလဲ"
ချင်းယန် လီကျစ်ရွှမ်းကို ပွေ့ချီလိုက်သည်။ အသက်ရှုသံများက တသိမ့်သိမ့်ထွက်ကာ နှုတ်ခမ်းများ အက်ကွဲနေပြီး အသက်အန္တရာယ် ကျရောက်နေပြီ ဖြစ်သည်။
သူမရဲ့အဝတ်အစားတွေက စုတ်ပြဲနေပြီး သူမရဲ့ သွယ်လျတဲ့အသွင်ကို ပေါ်လွင်လာစေ၏။ သူမ၏ခါးပေါ်ရှိ သွေးထွက်သံယို အပေါက်သည် ထိတ်လန့်တုန်လှုပ်စရာ ကောင်းကာ အတွင်းမှ အူများ တွန့်လိမ်နေခြင်းကို မသိမသာ မြင်နေရပါသည်။
"ဒီဒဏ်ရာက အရမ်းပြင်းထန်တယ်"
ချင်းယန် ခေါင်းယမ်းလိုက်ပြီး သစ်သားနိယာမ အပိုင်းအစတစ်ခုကို ထုတ်ပြီး သူမနဖူးပေါ် တင်ပေးလိုက်သည်။ နောက်အခိုက်အတန့်၌ ပြင်းထန်သော အသက်စွမ်းအားတစ်ခု သူမခန္ဓာကိုယ်ထဲ တိုးဝင်သွား၏။
သူမဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာသည် လျင်မြန်စွာ ပျောက်ကင်းသွားကာ အသားနှင့် အသွေးများ ပြန်လည် ကြီးထွားလာသည်။ ခဏအကြာတွင် ဒဏ်ရာက လုံးဝ ပျောက်ကင်းသွားသည်။
"ဒါဆို လုံလောက်ပြီ..."
ချင်းယန် သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သွေးခုန်နှုန်းကို စစ်ဆေးကြည့်သည်။ ထိုအချိန်တွင် ရှောင်ပိုင်လည်း ချင်းယန်အနားတွင် ပေါ်လာပြီး လီကျစ်ရွှမ်းကို စူးစမ်းလေ့လာနေ၏။
"ရှောင်ပိုင် သူ့ကို စောင့်ကြည့်ထား.. သူမ ခဏအတွင်းတော့ မနိုးလာနိုင်သေးဘူး"
"ကိစ္စမရှိပါဘူး သခင်"
ရှောင်ပိုင် ခေါင်းညိတ်ပြပြီး လီကျစ်ရွှမ်းကို မြေပြင်ပေါ်သို့ လှဲချပေးလိုက်သည်။ ထို့နောက် ချင်းယန်သည် ကျစ်ဝေးနတ်ဓားကို သယ်ဆောင်ကာ တလီတောင်များထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်သွားကာ သားရဲမီးကို ဆက်လက်ရှာဖွေခဲ့သည်။
"သခင်.... သွားပြီထင်တယ်.."
ရှောင်ပိုင်သည် ချင်းယန်၏ ထွက်သွားသော ပုံရိပ်ကိုကြည့်ကာ တစ်ဖန် မြေကြီးပေါ်က လီကျစ်ရွှမ်းအား စူးစမ်းလေ့လာရန် ခေါင်းငုံ့လိုက်သည်။ သူမလက်ကို လှမ်းကိုင်လိုက်ပြီး သူမမျက်နှာကိုလည်း ထိကြည့်နေ၏။
သူမ၏ ဘဲဥပုံမျက်နှာသည် ခရင်မ်ကဲ့သို့ ချောမွေ့နေကာ ထိမိတာနဲ့ သိသိသာသာ နူးညံ့နေတာကို ခံစားကြည့်နိုင်သည်။
"အရမ်းလှတဲ့ လူသားပဲ!"
ရှောင်ပိုင်မှာ လီကျစ်ရွှမ်း မျက်နှာကို ဖိကြည့်နေရာမှ သူမစိတ်ထဲ အတော်လေး အံ့သြသွားမိသည်။
သခင်က ဒီလိုလှတဲ့ တပည့်ကို ဘယ်လိုလုပ် ရလာတာလဲ။
ပြီးတော့ သူ့မျက်နှာအမှန်ကို ဘာကြောင့် ဖုံးထားတာလဲ?
သူ့မှာ တခြားလျှို့ဝှက်ချက် ရှိနေသေးတာလား။
ချင်းယန် သူမကို နေ့တိုင်း အနိုင်ကျင့်နေခဲ့တာကို ပြန်တွေးမိသွားတဲ့အခိုက် ရှောင််ပိုင်ရဲ့ သွားတွေ တင်းတင်းစေ့သွားကာ လူယုတ်မာ အပြုံးတစ်ခု ပေါ်လာလေ၏။
သူမသည် လီကျစ်ရွှမ်း အနားတွင် ငုတ်တုတ်ထိုင်ကာ မြေပြင်မှ ကျောက်ပြားတစ်ချပ်ကို ပေါ့ပေါ့ဆဆ ကောက်ယူလိုက်သည်။ ၎င်းပေါ်၌ "ကျန်းဟိုင်စာကြည့်တိုက်" ဟူသော စကားလုံးကို သူမ၏ လက်ချောင်းထိပ်များဖြင့် အသာအယာ ထွင်းထုလိုက်သည်။
ခဏစဉ်းစားပြီးနောက် သူမသည် "ချင်း" ဟူသော စာလုံးလေးကိုလည်း ပုံဖော်ခဲ့သည်။ အားလုံးပြီးမှ လီကျစ်ရွှမ်း လက်ထဲသို့ ထည့်ပေးခဲ့လိုက်သည်..။