← Chapters

ဓားသူတော်စင် ရူးသွားပြီလား

Vol. 6 Ch. 74

ဓားသူတော်စင် ရူးသွားပြီလား

Vol. 6 Ch. 74

ဓားတောင်ကြား အပြင်ဘက်တွင် အော်ဟစ်သံများ ဆက်လက် ထွက်ပေါ်လာ​နေသည်။

ကျန်းဟိုင်မြို့မှ လူများသည် သစ်ရွက်ခြောက်များကိုဖြတ်၍ ဓားတောင်ကြား အလယ်ဗဟိုဆီသို့ ဦးတည်သွား​နေ​ကြကာ သူတို့၏ မျက်နှာများသည်လည်း စိတ်လှုပ်ရှားမှုအပြည့်နှင့်။ အားလုံးက ဓားသူတော်စင်ကို တွေ့လိုစိတ် ပြင်းပြ​နေကြသည်။

"ဟားဟား အဲဒီဓားသူတော်စင်က ရန်လိုလွန်းနေတာပါကွာ... ငါတို့ရဲ့ ကျန်းဟိုင်ဓားနတ်ဘုရားကိုတောင် စိန်ခေါ်လိုက်သေးတယ်... ဒါပေမယ့် ဒီလို အဆုံးသတ်မယ်လို့ သူလည်း မမျှော်လင့်ထားပုံပဲ"

"ဒီတိုက်ပွဲပြီးရင် ဓားသူတော်စင်လို့ ခေါ်တဲ့လူက လူရွှင်တော် ဖြစ်သွားလိမ့်မယ်"

"ခွီး! တော်တော်မိုက်တဲ့ ဓားသူတော်စင်! သူက ငါတို့ ကျန်းဟိုင်ကိုယ်ခံပညာ သန့်ရှင်းတဲ့မြေကိုတောင် ဖျက်ဆီးပစ်လိုက်တာနော်...ဒီလိုမျိုး သိက္ခာမဲ့တဲ့ အကျင့်တွေကို လုပ်နိုင်တယ် ဓားသူတော်စင် ဘွဲ့နဲ့တောင် မထိုက်တန်ဘူး!"

စကားပြောကြရင်း သူတို့သည် ဓားတောင်ကြား အလယ်ဗဟိုသို့ ရောက်ခါနီးနေပြီ။

စွမ်းအားကြီးမားသော ခံစားနိုင်စွမ်းရှိသူ ကြယ်စစ်သည် တချို့သည် ချင်းယန်၏ ရုပ်ထွက်အား ပွင့်လင်းမြင်သာစွာ ချက်ချင်း ခံစားလိုက်ပြီးနောက် ပါးလွှာသော လေထဲတွင် ကွယ်ပျောက်သွားသည်အား သဘောပေါက်လိုက်ကြသည်။

"ဟင်?"

လူအိုလီတောင် မထိန်းနိုင်ဘဲ အံ့အားသင့်စွာ အော်လိုက်ပြီး ဓားနတ်ဘုရားရဲ့ အရိပ်အယောင်နဲ့ လွဲမှားနေတဲ့ အရာတစ်ခုကို သတိထားမိလိုက်သည်။

လေထုထဲမှာ ပျောက်ကွယ်သွားတာလား?

…………………………

ဓားတောင်ကြားထဲမှာ အေးမြသော လေနုအေးများ မှုတ်ထုတ်​နေပြီး ဓားစွမ်းအင်က ထူထဲနေသည်။ သူတို့ သုံးယောက်သည် ချင်းယန် ရပ်နေခဲ့သည့် လွတ်နေသော အနေအထားကို စိုက်ကြည့်ကာ အခုနက တိုက်ပွဲက အိပ်မက်တစ်ခုလို ဖြစ်နေသည်။

"ဘာဖြစ်သွားတာလဲ?"

ဟူးယန်ကျန့်လည်း သူ့မျက်နှာတွင် အံ့အားသင့်နေသည့် အကြည့်ဖြင့် ချင်းယန် ရှိခဲ့ရာ နေရာသို့ လျှောက်သွားလိုက်သည်။

သက်ရှိလူသားတစ်ယောက်က ဒီလို ပျောက်ကွယ်သွားနိုင်လား?

ပြီးတော့ ဒါက ထူးခြားတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းပညာရဲ့ လက္ခဏာတစ်ခုလို မထင်ရပါ။

ယင်းအစား နေကို တွေ့ကြုံလိုက်ရလို့ တိတ်တဆိတ် ပျော်ဝင်သွားသော သရဲတစ္ဆေနှင့်တောင် ပိုတူပါသည်။ သူ့ဘေးမှာ ရပ်နေတဲ့ လီကျစ်ရွှမ်းပင်လျှင် ထူးဆန်းသော အခြေအနေကြောင့် အံ့ဩသွားသည်။

မကြာသေးမီကတင် ဆရာက သူ့အနားမှာ ရှိနေခဲ့သည်။

သူဒီလိုပဲ ထားခဲ့တာလား။

သူ့လှုပ်ရှားမှုတွေက မြန်လွန်းတော့ လူတိုင်း သတိမထားမိလိုက်ချေ။

"ဆရာ... ကျန်းဟိုင်ဓားနတ်ဘုရား ဘယ်ရောက်သွားတာလဲ?"

ဟူးယန်ကျန့် မြက်ခင်းပြင်ဓားသူတော်စင်ကို ပြန်လှည့်ကြည့်ကာ မေးလိုက်သည်။ သို့သော် ယွီဝမ်ရွှမ်ကလည်း မတုံ့ပြန်ခဲ့ပေ။

သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်လျက် ရပ်​နေပြီး ချင်းယန် ပျောက်ကွယ်သွားတဲ့နေရာကို လျှောက်သွားရင်း သူ့ရဲ့အမူအရာက အကြိမ်ကြိမ် ပြောင်းသွားသည်။

စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ရှက်ကိုးရှက်ကန်း ဖြစ်ခြင်း စသဖြင့် ရှုပ်ထွေးသော စိတ်ခံစားမှုများက သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် သူ့အကြည့်များ မှိန်သွားသည်အထိ။

အထွတ်အထိပ် သခင်တစ်ဦးအနေဖြင့် သူ့ခံယူချက်သည် အလွန်အစွမ်းထက်သည်။ ကျန်းဟိုင်ဓားနတ်ဘုရားဟာ ခန္ဓာကိုယ် လှုပ်ရှားမှု ပညာကို အသုံးပြုခဲ့မယ်ဆိုရင် ခြေရာဖျောက်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် ဒီအချိန်မှာတော့ လှုပ်လှုပ်ရှားရှား အရိပ်အယောင်မျှပင် မရှိဘဲ ပတ်ဝန်းကျင်ကနေ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဒီတော့ အခုဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသော ရှင်းပြချက်က ထ်ုအရာက ကိုယ်ပွားတစ်ခုပင်။ ကျန်းဟိုင် ဓားနတ်ဘုရား ကိုယ်တိုင်တောင် ရောက်မလာသေးချေ။

ထိုသူသည် ဤမျှလောက်ကြာအောင် ကိုယ်ပွားကို ထိန်းကာ ဘယ်လိုလုပ် တိုက်ခိုက်နိုင်ခဲ့တာလဲ။

ပြီးတော့ သူရှုံးခဲ့ရသည်။ ဒီအတွေးကြောင့် ယွီဝမ်ရွှမ်ရဲ့ မျက်လုံးတွေ မူးဝေလာပြီး ဒေါသကြောင့် ရုတ်တရက် ပါးစပ်ထဲ သွေးတွေပါ ထွက်လာ၏။

"ဖူး!"

သွေးစွန်းနေသော မြူခိုးများ လွင့်ထွက်ကာ မြေပြင်ကျယ်ကြီးကို အနီရောင်များ စွန်းထင်းစေခဲ့သည်။

"ဆရာ!"

ဟူးယန်ကျန့်လည်း အံ့အားသင့်စွာ ခုန်ဆင်းလာကာ ယွီဝမ်ရွှမ်ကို ထောက်ကူ​ပေးရန် ရှေ့သို့ ပြေးထွက်သွားခဲ့သည်။

"ဆရာ... ဘာဖြစ်သွားတာလဲ"

"ဟားဟားဟား..."

ယွီဝမ်ရွှမ် စိတ်မကောင်းစွာ ရယ်မောလိုက်သည်။ သူ့လည်ချောင်းမှ အငန်အရသာကို ခံစားလိုက်ရချိန် ပါးစပ်ထောင့်မှ သွေးများ စီးကျနေ​ပြန်သည်။

"ကိုယ်ပွား...အဲဒါက ကိုယ်ပွားတစ်ခုပဲ..."

"ကျန်းဟိုင်ဓားနတ်ဘုရား... ဒါကြောင့်ကိုး... မင်းရဲ့မျက်လုံးထဲမှာ ငါက ဒီလောက်ပဲ..."

စိတ်ပျက်အားငယ်မှုက တခဏအတွင်း ပေါ်လာကာ တစ်ဆက်တည်း သူ သဘောပေါက်သွားသည်။ သူနဲ့ ကျန်းဟိုင်ဓားနတ်ဘုရားကြား ကွာဟချက်က ဘယ်လောက် ကြီးမားကြောင်း ထွက်ပေါ်လာပါပြီ။

ပင်လယ်နှင့် တောင်တန်းကြီးများကဲ့သို့ပင် ဤတစ်သက်လုံး လက်လှမ်းမမီနိုင်​လောက်ပေ။ ယခု တိုက်ပွဲတွင် သူသည် အားလုံးကို ထုတ်သုံးခဲ့သော်လည်း ပြိုင်ဘက်၏ ကိုယ်ပွားကိုပင် အနိုင်မယူနိုင်ခဲ့ပေ။

ကောင်းကင်ကြီး ပိုတောက်ပလာပြီး နေမင်းကြီးက ပိုမြင့်လာသည်။ ယွီဝမ်ရွှမ်သည် ကျယ်ပြောလှသော ကောင်းကင်ကြီးကို မော့ကြည့်ကာ မြေကြီးပေါ် လက်နှစ်ဖက်ကို ထောက်၍ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာလေသည်။

သူသည် လက်ကိုဆန့်၍ အထက်တိမ်ပင်လယ်၌ တစ်စုံတစ်ခုကို ဆုပ်ကိုင်ဖို့ ကြိုးစားနေသလိုပင်။ သို့ပေမယ့် ကောင်းကင်ကြီးက လက်လှမ်းမမီပေ။ ထာဝရ လက်လှမ်းမမီနိုင်သည့်အလား။

လီကျစ်ရွှမ်းနှင့် ဟူးယန်ကျန့်တို့ကို ကြည့်နေစဉ်တွင် သူသည် အချည်းနှီး ဆုပ်ကိုင်မိနေသော လက်များကို လွှတ်ချကာ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို မှိတ်ထားကာ မူးလဲသွားခဲ့သည်။

"ဆရာ!"

ဟူးယန်ကျန့် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပြေးသွားသည်။ သူသည် သူ့ဆရာရဲ့ ဒီလိုအခြေအနေမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ့ဓားဝိညာဉ်က လုံးဝငြိမ်းသွားပြီ။ ဒါ့အပြင် သူ့မျက်နှာသည် ပျက်စီးခြင်း၏ ထင်ရှားသော လက္ခဏာကို ပြသနေ၏။

ဟူးယန်ကျန့် တုံ့ဆိုင်းမနေဘဲ ယွီဝမ်ရွှမ်ကို ဓားတောင်ကြားမှ ထွက်သွားနိုင်အောင် ချက်ချင်း ကူညီပေးခဲ့သည်။ မကြာခင်မှာပဲ ဓားတောင်ကြားထဲမှာ လီကျစ်ရွှမ်း တစ်ယောက်တည်း ကျန်ခဲ့တော့သည်။

သူမသည် ထိုလူတွေ တိတ်တဆိတ် ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်ထဲတွင် သက်သာရာရသွားသည်။

"ဒါဆို အဲဒါက ဆရာ့ရဲ့ ကိုယ်ပွားပေါ့"

လီကျစ်ရွှမ်း တခစ်ခစ်ရယ်ရင်း ချင်းယန် ထွက်ခွာသွားသည့် နေရာကို စိုက်ကြည့်ရင်း သူမရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့အတူ တောက်ပလာတော့သည်။ ဓားသူတော်စင် ဘယ်လောက် အစွမ်းထက်သလဲ မြင်ယောင်ကြည့်လို့ရသည်။

သူ့ဓားတစ်ချောင်းက ကျန်းဟိုင် မြို့တစ်ခုလုံးကို ပုန်းအောင်းသွားစေနိုင်၏။ ထိုမျှလောက် ကြောက်စရာကောင်းသော အသွင်အပြင်ဖြင့်ပင် ဆရာကြီးက သူ့ကို ဓားထုတ်ရုံဖြင့် အနိုင်ယူနိုင်ခဲ့သည်။

လူအစစ်​​တောင်​ မဟုတ်သေးချေ။

ဒါဆို ဆရာကြီးရဲ့ စစ်မှန်တဲ့ ခွန်အားက ဘယ်လောက် တန်ခိုးကြီးလိုက်မလဲ !

လီကျစ်ရွှမ်း ဒါကို စဉ်းစားနေစဥ် ရုတ်တရက် လေတိုက်သံ အော်ဟစ်သံပေါင်းများစွာ ပဲ့တင်ထပ်လာကာ ကျန်းဟိုင်မြို့ လူအုပ်ကြီးသည် အခင်းဖြစ်ရာသို့ နောက်ဆုံးတွင်တော့ ရောက်လာခဲ့​ကြသည်။

သူတို့ ဆင်းသက်ပြီးတာနဲ့ သူတို့ပတ်ဝန်းကျင်မှာ ဆိုးရွားတဲ့ မြင်ကွင်းကြောင့် အံ့ဩသွားကြကုန်၏။ ချောက်ကြီးသည် အရွယ်အစားအမျိုးမျိုးရှိ နက်နဲသောတွင်းများနှင့် ပြည့်နေပြီး ရှေးခေတ်စစ်မြေပြင်၏ အပျက်အစီးများနှင့်တူသော ဓားစွမ်းအင်များလည်း လျှံထွက်နေသည်။

ကျောက်တုံးတွေ ပြိုကျပြီး လက်တွေ့ကျကျ လွင်ပြင်တစ်ခုကို ချေမှုန်းပစ်လိုက်သည်။ ဒါကိုကြည့်ရင် တိုက်ပွဲ၏ ပြင်းထန်မှုအကြောင်း အကျယ်တဝင့် ပြော​ပြနိုင်ပါသည်။

"ရွှမ်းရွှမ်း မင်း အဆင်ပြေလား?!"

လူအိုလီသည် ရှေ့သို့ တိုးလာပြီး လီကျစ်ရွှမ်း ရှေ့မှာ ရပ်လိုက်သည်။ တပည့်ဖြစ်သူက ဓားတောင်ကြားထဲ ပြေးဝင်သွားကြောင်း ကြေငြာချက်ကို ကြားလိုက်ရသောအခါတွင် သူ့နှလုံးသား နစ်မြုပ်သွားခဲ့သည်။

နောက်ဖွားနယ်ပယ်က ဂိုဏ်းဆရာနယ်ပယ်တွေရဲ့ တိုက်ပွဲကြား အတင်းအကျပ် ဝင်တိုးတာဟာ အလွန်အန္တရာယ်များသော အခြေအနေဖြစ်သည်။ တိုက်ပွဲ၏ နောက်ဆက်တွဲ ရလဒ်သည် ၎င်းတို့အား တုန်လှုပ်စေနိုင်သည်။

ဓားနတ်ဘုရားနှင့် ဓားသူတော်စင်တို့ကြား ထိပ်တိုက်တွေ့ဆုံမှု၏ ကြည်လင်ပြတ်သားသော မြင်ကွင်းကို ထည့်သွင်းလိုက်ရင် လီကျစ်ရွှမ်း အသက်ရှင်ကျန်နိုင်ခြေ မရှိပေ။ လူအိုလီပင် အဆိုးဆုံးအတွက် စိတ်ပြင်ဆင်နေပြီ ဖြစ်သည်။

ဒါပေမယ့် ကံကောင်းထောက်မစွာပဲ အခုအချိန်မှာတော့ အရာအားလုံးက ကောင်းနေခဲ့သလို လီကျစ်ရွှမ်းကလည်း အဆင်ပြေသလိုပါပဲ။

"အဆင်ပြေပါတယ် ဆရာ"

လီကျစ်ရွှမ်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး လက်ကိုပါ ဝှေ့ယမ်းလိုက်သည်။ ဒါကိုကြားတော့မှ လူအိုလီလည်း နောက်ဆုံး စိတ်သက်သာရာ ရသွားတော့သည်။ လီကျစ်ရွှမ်းရဲ့ မိသားစုက သူမကို သူ့လက်ထဲ အပ်နှင်းခဲ့တာမို့ သူမတကယ်ဒဏ်ရာရခဲ့ရင် မိသားစုကို ရှင်းပြဖို့ ခက်သွားလိမ့်မည်။

ထိုအချိန်တွင် ပြင်းထန်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"အားလုံး... အရေးပေါ်အဖွဲ့တွေခွဲပြီး အခင်းဖြစ်ပွားတဲ့နေရာကို စစ်ဆေးကြ!"

ကြယ်ပွင့်လက်နက်ကိုင် ရဲတပ်ဖွဲ့ခေါင်းဆောင်ကြီးသည် သူ့အနီးနားက လူတွေကို အခြေအနေကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်သည်။ လိုအပ်သော အစီအစဉ်များ အားလုံးကို ပြုလုပ်ပြီးနောက် သူလည်း လီကျစ်ရွှမ်းထံသို့ ချဉ်းကပ်လာခဲ့သည်။

"မိန်းကလေးလီ... ဒီဓားတောင်ကြားမှာ တွေ့ခဲ့သမျှကို ပြောပြပေးနိုင်မလား... မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်..."

"ဟုတ်ကဲ့... မေးပါ"

"ကောင်းပြီ စိတ်မပူပါနဲ့ ငါတို့က နည်းနည်းပါးပါး ရှင်းဖို့ပဲလိုတာ"

​ခေါင်း​ဆောင်ကြီး၏ မျက်နှာက တင်းမာနေ၏။ သူသည် သူ့အိတ်ကပ်ထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ဓားတောင်ကြားတိုက်ပွဲအသေးစိတ်အကြောင်း နည်းစနစ်ကျကျ မေးခွန်းထုတ်လာသည်။

ယွီဝမ်ရွှမ် ဓားတောင်ကြားကို ဖျက်ဆီးလိုက်တာက တရားမ၀င်ပေ။ စနစ်တကျ ရေးထားသော လုပ်ငန်းစဉ်များကို လိုက်နာရန် လိုအပ်နေသေးသည်။

ခဏအကြာတွင်တော့ ခေါင်းဆောင်ကြီးကို သူ့ဘောပင်ကိုချကာ မှတ်စုစာအုပ်ကို လူအိုလီထံ ပေးလိုက်သည်။

လူအိုလီ တစ်ချက်ကြည့်လိုက်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ခွဲခြမ်းစိတ်ဖြာ​နေသည်။ ထို့နောက် သူက လီကျစ်ရွှမ်းကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးမေးခွန်းတစ်ခု မေးလာသည်။

"ရွှမ်းရွှမ်း... ဓားနတ်ဘုရား ဘယ်မှာလဲ သူ့ကို ဘာလို့ မတွေ့တာလဲ"

"သြော်.. ဆ.... သူ ဒီမှာ မရှိဘူး အခုနတုန်းက လူက သူ့ကိုယ်ပွားတဲ့...."

"ဘ?"

ဒါကိုကြားတော့ လူအိုလီရဲ့ မျက်လုံးတွေ ပြူးကျယ်သွား၏။

"ဓားသူတော်စင်ကို အနိုင်ယူခဲ့တဲ့သူက သူ့ကိုယ်ပွားထဲက တစ်ယောက်လား"

All Chapters