← Chapters

အသက်ရှင်သန်ချင်စိတ် ပျောက်သွားခြင်း

Vol. 22 Ch. 297

အသက်ရှင်သန်ချင်စိတ် ပျောက်သွားခြင်း

Vol. 22 Ch. 297

"ဆရာမ နင်း သည် စကားပြောနေတာကို ခဏ ရပ်လိုက်သည်။

မှန်ထဲက ဆရာမ ဟွမ်၏ ပုံရိပ်သည် သူမစိတ်ထဲတွင် အဆက်မပြတ် ပြန်ပေါ်နေမည် ထင်သည်။

မိတ်ကပ်လိမ်းတတ်လေ့ မရှိသော ဆရာမ ဟွမ် သည် သူ၏လည်ပင်းပေါ်တွင် နှုတ်ခမ်းနီဖြင့် မျဥ်းကြောင်းတစ်ခု ဆွဲခဲ့သည်။

ဆွဲပြီးနောက် ဆရာမ ဟွမ်၏ န္ဓာကိုယ်သည် မှန်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

မှန်ထဲတွင် ခေါင်းတစ်လုံးတည်းသာ ကျန်ရစ်ခဲ့ပြီး ဟိုယိုင် ဒီယိုင်ဖြင့် လှုပ်ရှားနေသည်။

ဆရာမနင်း သည်ဆရာမ ဟွမ် ၏ အပြုံးကိုပင် မှတ်မိနေသေးသည်။

မူလကတော့ သူမအမြင်မှာ ဆရာမ ဟွမ် ၏ အပြုံးသည် ကြင်နာစရာကောင်းပြီး မေတ္တာထားတတ်သော အပြုံးဖြစ်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ထိုအပြုံးကို ပြန်တွေးမိသောအခါ သူမသည် ချမ်းစိမ့်စိမ့် ဖြစ်သွားသလို ခံစားလိုက်ရသည်။

ဆရာမ ဟွမ် ၏ သားဖြစ်သူက ထပ်မံ၍ ပြောပြခဲ့သည်- "ကျွန်တော်နဲ့ ကျွန်တော့်ဇနီး မှန်ထဲကပုံကို မြင်တဲ့အခါ ကျွန်တော့်ဇနီးက ကြောက်လန့်ပြီး ငိုသွားခဲ့တယ်။ ကျွန်တော့် စိတ်ကလည်း အဲ့ဒီအချိန်တုန်းက ဗလာ ဖြစ်သွားခဲ့တယ်။

ဒါပေမယ့် ချက်ချင်းပဲ ကြောက်လို့ပဲလား ဒါမှမဟုတ် တစ်ခုခုကြောင့်လားတော့မသိ၊ ကျွန်တော်က လက်သီးကိုဆုပ်လိုက်ပြီး မှန်ကို ထုချေပစ်လိုက်တယ်"

"ကျွန်တော့်လက်တွေက ချက်ချင်းပဲ သွေးတွေ ထွက်လာခဲ့တယ်။

မှန်ကွဲသွားပြီးနောက်အမေက ကျွန်တော့်ကို ငေးပြီး ကြည့်နေတယ်။ ကျွန်တော်က သူမရဲ့မျက်လုံးတွေထဲမှာ ဝမ်းနည်းပူဆွေးမှုကို တွေ့လိုက်ရတယ်။ အရမ်းကိုနက်ရှိုင်းပြီးတော့ ကျွန်တော်ကိုယ်တိုင် ခံစားမိနိုင်တယ်။

သူမက အစတုန်းက ကျွန်တော့်ကို ဆူတော့မယ့်အချိန် နောက်တော့ ဘာမှမပြောတော့ဘဲ လည်ပင်းပေါ်က နှုတ်ခမ်းနီအမှတ်ကို တိတ်တိတ်လေး သုတ်ပစ်လိုက်တယ်၊ အဲ့ဒီအချိန်ကစပြီး သူမဟာ အရမ်းကို အိုမင်းရင့်ရော်သွားသလို ခံစားလိုက်ရတယ်"

"သေချာတာပေါ့၊ နောက်ပိုင်းမှာ သူမက တိတ်ဆိတ်ငြိမ်သက်သွားပြီး နေပူစာ လှုံဖို့အတွက် ခြံထဲမှာ ခုံသေးသေးလေး တစ်လုံးယူထိုင်ပြီး နေ့တိုင်းထိုင်နေတယ်။ တစ်ခါတစ်ရံတော့ အစာစားချိန်ကလွဲရင် တစ်နေ့လုံး အဲ့အတိုင်းထိုင်နေတတ်တယ်။

ကျွန်တော် အရမ်းဝမ်းနည်းပြီး စိတ်ပူမိတယ်။ စိတ်မချလို့ ဆေးရုံခေါ်သွားပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်၊ စိတ်ရောဂါကုဆရာဝန်နဲ့တောင် ပြသခဲ့တယ်။

ဆရာဝန်က ကျွန်တော့်အမေရဲ့ အသက်စွမ်းအင်ဟာ တဖြည်းဖြည်းချင်း ကုန်ဆုံးနေပြီး အသက်ရှင်လိုစိတ်လည်း မပြင်းပြတော့ဘူးလို့ ပြောပြခဲ့တယ်"

"ဆရာဝန်ပြောတာကို ကြားတဲ့အခါ ကျွန်တော် အရမ်းကို တုန်လှုပ်သွားခဲ့တယ်။

ကျွန်တော့်အမေမှာ ရောဂါမရှိဘူး၊ ကိုမာ ဖြစ်သွားတာလည်း မဟုတ်ဘူး။

သူမက နိုးနိုးကြားကြား ရှိနေသေးတယ်၊ ဒါပေမယ့် ဘာကြောင့် အခြေအနေတွေ ကောင်းနေရက်နဲ့ အသက်ရှင်လိုစိတ်တွေ ပျောက်ဆုံးနေရတာလဲ။ ဒါပေမယ့် သူမကို စစ်ဆေးတဲ့ဆရာဝန်တွေ၊ ကုသပေးတဲ့ စိတ်ရောဂါကုဆရာဝန်တွေ အားလုံးက ဒီလိုပဲပြောကြတယ်၊ သူမဟာ အစာစားနိုင်သေးပေမယ့် စိတ်ပိုင်းဆိုင်ရာ အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာနေတယ်လို့ ဆိုကြတယ်။

သူတို့က ကျွန်တော့်ကို ဥပမာတစ်ခုပေးပြီး ပြောပြတယ်၊ လူတစ်ယောက်ဟာ ပုံမှန်လူပဲဖြစ်ဖြစ်၊ ပျော်ရွှင်တတ်သူပဲဖြစ်ဖြစ်၊ အသက်ရှင်​နေခြင်းကို မချစ်မြတ်နိုးတော့ရင်၊ နေ့တိုင်းမှာ ဘာမှ ရည်ရွယ်ချက်မရှိတော့ရင်၊ နေ့တိုင်းသေခြင်းတရားကိုသာ တွေးနေမိရင်၊ လူက ကျန်းမာနေရင်တောင် တဖြည်းဖြည်းနဲ့ အသက်စွမ်းအင်တွေ အားလုံး ကုန်ဆုံးသွားနိုင်တယ်လို့ ပြောကြတယ်။

ပြီးတော့ သူတို့က ကျွန်တော့်ကို မေးခွန်းတစ်ခု မေးခဲ့တယ်။ ကျွန်တော့်အမေက မကြာခင်က သီချင်းအချို့ကို နားထောင်တတ်လာခဲ့လား၊ ဥပမာ- အထီးကျန်စေတက်တဲ့ သီချင်းတွေလိုမျိုး"

"ကျွန်တော်က ဟုတ်ကြောင်း ပြန်ဖြေလိုက်တယ်။ သူမက နေ့တိုင်းနီးပါး နားကြပ်တပ်ပြီး နားထောင်နေတယ်။ ကျွန်တော်တစ်ခါတုန်းက သူမ နားထောင်နေတဲ့သီချင်းကို နားထောင်ခဲ့ဖူးတယ်၊ သီချင်းအားလုံးက တေးသွားသက်သက်တွေချည်းပဲ။

ဒါပေမယ့်နားထောင်ပြီးရင် ပုံစံကတော့ အရမ်းကို သန့်ပြန့်ကြည်လင်ပြီး လှပနေပေမယ့် ဘာကြောင့်မှန်းမသိ ကြာလာတဲ့အခါ လူကတော့ စိတ်ငြိမ်သက်သွားပေမယ့် အတွင်း စိတ်ထဲမှာတော့ ပိုပြီး မသက်မသာ ဖြစ်လာခဲ့တယ်။ ပြောမပြတတ်အောင်ကို မသက်မသာဖြစ်မိလာတယ်၊ တစ်ခုခုကို ခံစားလာရတယ်။ ကမ္ဘာကြီးထဲကနေ စွန့်ပစ်ခံထားရသလိုမျိုး ခံစားလာရတယ်"

"ကျွန်တော်က ဆရာဝန်ကို ကုသဖို့ နည်းရှိလားလို့မေးခဲ့တယ်။ သူတို့က မရှိဘူးလို့ပြောတယ်၊ ကျွန်တော်က သီချင်းတွေကို ဖျက်ဆီးပစ်ရင်တောင်၊ အမေ့ကို တစ်ယောက်တည်း မနေခိုင်းရင်တော့ ဖြစ်နိုင်တယ်။

ဒါပေမယ့် ကျွန်တော်တို့က ၂၄ နာရီလုံး သူမနဲ့ အတူရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ သူမရဲ့အသက်အရွယ်အရ တစ်နေကုန် မလှုပ်မရှားဘဲ နေရင် အရာရာတိုင်းက ပိုဖြစ်နိုင်ချေရှိတယ်။

နည်းလမ်းတိုင်းက ရောဂါလက္ခဏာကိုသာ ကုသနိုင်ပြီး အရင်းအမြစ်ကို မကုသနိုင်ဘူး။

ကျွန်တော့်အမေက အသက်ရှင်နေခြင်းရဲ့ အရေးပါမှုကို သဘောပေါက်မှသာ အရာရာက ပိုကောင်းလာနိုင်လိမ့်မယ်"

ဒီအထိ ပြောပြီးတဲ့နောက် ဆရာမ ဟွမ် သားရဲ့ အသံဟာ ငိုချင်သလိုလို ဖြစ်လာခဲ့တယ်- "အဲ့ဒီနေ့ အိမ်ပြန်ရောက်တော့ ကျွန်တော် အမေရဲ့ရှေ့မှာ ဒူးထောက်လိုက်တယ်။ ကျွန်တော့်အဖေက ကျွန်တော်ငယ်ငယ်တုန်းက ကွယ်လွန်သွားခဲ့တယ်။ ကျွန်တော်က အမေ့အတွက် အသက်ရှင်ရပ်တည်နေရတဲ့ မျှော်လင့်ချက်ပဲ။

ကျွန်တော်အမေ့ရှေ့မှာ ဒူးထောက်ကာ ငိုပြီး ပြောလိုက်တယ်- အမေ၊ သားက အခုမှ ၃၂ နှစ်ပဲ ရှိသေးတယ်။ သားက အလုပ်တွေ လုပ်နိုင်ပြီး ဝင်ငွေတွေလည်း ကောင်းတယ်၊ သားမှာ သားသမီးတွေလည်းရှိနေပြီ။

ဒါပေမယ့် အမေ သားကို ဒီလိုမလုပ်သင့်ဘူး။

သားမှာ အမေမရှိတော့ရင် အိမ်ဆိုတာ မရှိတော့ဘူး။

ဒီနေ့ကစပြီး သားအိမ်ပြန်တိုင်း အမေရဲ့ သားကို ဆူတဲ့ အသံတွေ၊ အမေရဲ့ သားကို အမြတ်တနိုးနဲ့ ခေါ်နေကျအသံတွေကို ကျွန်တော် နောက်တစ်ခါ ဘယ်တော့မှ ကြားရမှာ မဟုတ်တော့ဘူး။

သားဝမ်းနည်းနေမှာကို အမေ မကြောက်ဘူးလား?"

"အမေက ငိုနေခဲ့တယ်၊ ဒါပေမယ့် သူမက ဘာစကားမှ မပြောသေးဘူး။

ကျွန်တော်က သူမကို နားချနိုင်မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

ကျွန်တော် အရမ်း စိတ်ဓာတ်ကျသွားတယ်၊ အကြောင်းက ကျွန်တော့်အတွက် အမေရဲ့ စိတ်ထဲမှာ ကျွန်တော်ဟာ အရေးအပါဆုံးလို့ အမြဲထင်နေမိတာကြောင့်ပဲ။

ဒါပေမယ့် အဲ့ဒီအချိန်မှာတော့ ကျွန်တော် သဘောပေါက်သွားတယ်၊ အမေဟာ ကျွန်တော့်အတွက် အရမ်းပင်ပန်းနေပြီဖြစ်ကာ ကျွန်တော် စိတ်ငြိမ်သက်သွားတာကို မြင်တဲ့အခါ သူမလည်း စိတ်သက်သာရာရသွားတယ်။

​သေချာ စဉ်းစားကြည့်တဲ့အခါ ကျွန်တော် စဉ်းစားမိတဲ့ တစ်ဦးတည်းသောသူက ဦးလေးကျူးပဲ။

သူက မူလတန်းကျောင်း ဆရာတစ်ယောက် ဖြစ်ပေမယ့် ပညာရေးအားဖြင့်တော့ မညံ့ဘူး။

သူအမေ့အတွက် ရေးသားခဲ့တဲ့ လက်ရာတွေထဲက တစ်ချို့ကို ကျွန်တော်ဖတ်ဖူးတယ်၊ ဒီလက်ရာတွေထဲက စကားလုံးတိုင်းဟာ ကျွန်တော့်အမေရဲ့စိတ်ကို လှုပ်ခတ်နိုင်တယ်ဆိုတာ ကျွန်တော် သတိထားမိတယ်"

"ဒါပေမယ့် အတိတ်ကနေ အခုချိန်အထိ သူမအကြောက်ဆုံးက လူ့အသိုင်းအဝိုင်းရဲ့ မျက်လုံးတွေပဲ။ သူမဟာ အနှစ်၂၀၊ ၃၀ လောက် သည်းခံခဲ့ပေမယ့် နောက်ဆုံး ဒီအသက်အရွယ်မှာတောင် ဦးလေးကျူးနဲ့ အတူရှိဖို့ မဝံ့မရဲဖြစ်နေသေးတယ်။

သူမကို လူတွေက တစ်ခုခုပြောလာမှာကို ကြောက်နေတယ်၊ ဒါကြောင့် ဦးလေးကျူး ကွယ်လွန်သွားတဲ့အခါ အရမ်းကို စိတ်မကောင်းပြီး ဝမ်းနည်းနေခဲ့ရတယ်၊ သူမရဲ့စိတ်ထဲက ဝမ်းနည်းပူဆွေးမှုတွေ ကြောင့်ပဲ သူမဟာ သူ့ကိုယ်သူ လမ်းဆုံးရာကို တွန်းပို့နေခဲ့တာ"

ဆရာမ ဟွမ် ရဲ့သား ပြောပြီးတဲ့နောက် တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲက လေထုဟာ နည်းနည်းလေး လေးနက်သွားတယ်။

ကျန်းရီကတော့ တစ်စုံတစ်ယောက်က ဝမ်းနည်းနေတာလား၊ ဘာလားဆိုတာ မသိဘူး၊ ဒါပေမယ့် သူကတော့ ဆရာမ ဟွမ် ကို တွေ့ဆုံချင်စိတ် ဖြစ်ပေါ်လာခဲ့တယ်။

"ဆရာမ နင်း ၊ကျေးဇူးပြုပြီး ဆရာမ ဟွမ် ရဲ့ သားကို ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကို ဝင်လာဖို့ ပြောပေးပါ၊ ကျွန်တော် ဆရာမ ဟွမ် နဲ့ စကားနည်းနည်း ပြောချင်တယ်"

ဆရာမ နင်း က ကျန်းရီရဲ့ ဆန္ဒကို ဆရာမ ဟွမ် ရဲ့သားကို ပြောပြခဲ့ပြီး ဆရာမ ဟွမ် ရဲ့ သားကလည်း ချက်ချင်းပဲ သဘောတူခဲ့တယ်။

ယခုအချိန်မှာ ဆရာမ ဟွမ်က လေဖြတ်နေပြီ ဖြစ်တယ်။ စကားတစ်ခွန်းနဲ့ ပြောရမယ်ဆိုရင် အသက်ရှင်သန်ချင်စိတ်က ကုန်နေပြီ ဖြစ်တယ်။

ဒါပေမယ့် ဆရာမ ဟွမ် က အဲ့လောက်ထိ အသက်မကြီးသေးတာကြောင့် ကျန်းရီက ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဆရာမ ဟွမ် ရဲ့သားက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကိုဝင်လာခဲ့ပြီး မကြာခင်မှာပဲ အိပ်ယာပေါ်မှာ လှဲနေတဲ့ ခန္ဓာကိုယ်ပိန်လှီနေပြီး မျက်လုံးတွေ မဖွင့်တော့တဲ့ သက်ကြီးရွယ်အို တစ်ဦးရဲ့ပုံရိပ်ဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာ ပေါ်လာခဲ့တယ်။

လေဖြတ်တဲ့ သူတွေဟာ ခန္ဓာကိုယ် လှုပ်ရှားမှုရော စိတ်ပိုင်းဆိုင်ရာနဲ့ အတွေးအခေါ် စွမ်းရည်ပါ ထိခိုက်မှုတွေ ရှိတတ်ကြတယ်။ ကျန်းရီက အိပ်ယာပေါ်က သက်ကြီးရွယ်အိုကို ကြည့်ရင်း နူးညံ့စွာနဲ့ ခေါ်လိုက်တယ်- "ဆရာမ ဟွမ်"

ဒီခေါ်သံကြောင့် သက်ကြီးရွယ်အိုရဲ့ မျက်လုံးက တစ်ချက် လင်းလက်သွားတယ်၊ ဆရာမ နင်း ကလည်း ငိုချင်လာသလို ခံစားလာရတယ်။

ဆရာမ ဟွမ် ဟာ တစ်နှစ်အတွင်းမှာ ကျန်းမာသန်စွမ်းတဲ့ အရွယ်ကနေ သေလုမျောပါးဖြစ်နေတဲ့ အိပ်ယာပေါ်က သက်ကြီးရွယ်အိုအဖြစ် ပြောင်းလဲသွားတာကို သူမအနေနဲ့ လုံးဝမမျှော်လင့်ထားခဲ့ပါဘူး။

"ဆရာမ ဟွမ်၊ ဆရာ ကျူး ဘာကြောင့် သေဆုံးရတယ်ဆိုတာ သိတယ်မလား?"

ကျန်းရီရဲ့ ရုတ်တရက် ပြောလိုက်တဲ့ စကားကြောင့်အိပ်ယာပေါ်က ဆရာမ ဟွမ် ရဲ့ မျက်လုံးတွေ ချက်ချင်းပဲ ပြူးကျယ်သွားခဲ့တယ်။

သူမရဲ့တုံ့ပြန်မှုက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။

ဒါပေမယ့် ကျန်းရီက သူမရဲ့ မျက်လုံးထဲကနေ တစ်ခုခုကို မြင်လိုက်ရပြီး မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်တယ်- "အစ်ကို၊ ကျေးဇူးပြုပြီး သင့်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ခေါ်လိုက်ပါ။ အဘွားအိုကို စောင့်ဆိုင်းဖို့ ခေါ်လိုက်ပါ"

ဆရာမ ဟွမ် သားရဲ့ မျက်နှာပြောင်းသွားပြီး မေးလိုက်တယ်- "ဘာဖြစ်တာလဲ... ကျွန်တော့်အမေက ဘာဖြစ်နေလို့လဲ..."

"သူမရဲ့ နေ့ရက်​တွေက ကုန်ဆုံးတော့မယ်" ကျန်းရီက အေးအေးဆေးဆေးပုံစံနဲ့ ပြောလိုက်တယ်၊ ဆရာမ ဟွမ် ရဲ့ သားက မနေနိုင်တော့ဘဲ ငိုခဲ့တယ်။

ဒါပေမယ့် ငိုနေရင်း တစ်ချိန်တည်းမှာပဲ သူက ပြေးထွက်သွားပြီး ဧည့်ခန်းထဲက သူ့ဇနီးကို အော်ခေါ်လိုက်တယ်- "မြန်မြန် သွားပြီး ကလေးတွေကို ကျောင်းကနေ ခေါ်ခဲ့လိုက်၊ အမေ...အမေက သေတော့မယ်"

All Chapters