ဆရာကျူးရဲ့ သေခြင်း
Vol. 22 Ch. 298
ဆရာမ ဟွမ်တွင် မိသားစုဝင် သိပ်မရှိဘူး။ သူ့အနီးကပ်ဆုံး ဆွေမျိုးတွေက သူ့သား၊ သူ့သမီးနဲ့ မြေးတွေပဲရှိတယ်။
ဆရာမဟွမ်ရဲ့ သားက ဆွေမျိုးတွေကို အချိန်မီ အသိပေးဖို့ အချိန်မရှိခဲ့ဘဲ ဇနီးနဲ့ ကလေးတွေကိုခေါ်ပြီး အိပ်ယာနားမှာ ထိုင်နေခဲ့တယ်။
ဆရာမ ဟွမ်က တကယ်ကို သေလုနီးပါး ဖြစ်နေခဲ့တယ့။ ကံကောင်းချင်တော့ ဒီည ကျန်းရီ ကိုတွေ့ခဲ့တာပဲ။ မဟုတ်ရင် မနက်မိုးလင်းတဲ့အခါ သေဆုံးတာ ကြာပြီဖြစ်တဲ့ အလောင်းကိုသာ တွေ့ကြရမှာပါ။
ကျန်းရီက ဆရာမ ဟွမ်ကို ကြည့်ပြီး ဘာမှမပြောဘဲ ဒီအချိန်အတွင်း မိသားစုဝင်တွေကို တိတ်တိတ်လေး နေဖို့သာပြောခဲ့လိုက်တယ်။
တခြားဘက်ကအသံကိုခေတ္တပိတ်ထားပြီး ကျန်းရီက ဆရာမ နင်းကို ပြောလိုက်တယ်- "ဆရာမ နင်း အခုဘယ်လိုခံစားရလဲ?"
"ကျွန်မ...ကျွန်မမသိဘူး စတွင်မာ... ကျွန်မကြောင့်လား? ကျွန်မ စတွင်မာကို ရှာတွေ့လို့၊ ပြီးတော့ ဆရာမ ဟွမ် ကလည်း ကျွန်မတို့ ဆရာ ကျူးကို စုံစမ်းနေတာ သိသွားလို့ စိတ်မကောင်းဖြစ်ပြီး ရုတ်တရက် ဖြစ်သွားတာလား?"
"ဆရာမ နင်း ကျွန်တော့်အထင် ဆရာမ ဟွမ် က ခင်ဗျားကိုကျေးဇူးတင်နေမှာပါ။
သူမက တကယ်ကို ဘဝရဲ့ အဆုံးသက်ကို ရောက်နေပြီ၊ ဒါပေမယ့် ကျွန်တော်တို့က ဖြစ်ချင်တော့ ဒါကိုကြုံလိုက်ရတာ။ ဆရာမဆီကသာ ဖုန်းမရခဲ့ရင် ဆရာမ ဟွမ်ရဲ့ သားက အခုအိပ်ပျော်နေပြီး သူနိုးလာတဲ့ နောက်တစ်နေ့ မနက်အထိစောင့်ရလိမ့်မယ်
သူမသေဆုံးခါနီးမှာ ဘာကို တွေးနေခဲ့တာပဲ ဖြစ်ဖြစ် အနည်းဆုံးပြောနိုင်တာက သူမရဲ့ နောက်ဆုံးညမှာ အိပ်ယာနားမှာ ချစ်ရတဲ့ သူတွေကို ရှိစေချင်ကြမှာပဲ"
ဆရာမ နင်း က ကျန်းရီရဲ့ စကားကို နားလည်သွားပြီး ဆက်ပြီးတော့ ကိုယ့်ကိုကိုယ် အပြစ်တင်တာကို ရပ်လိုက်ခဲ့တယ်။
ခဏ စိတ်ငြိမ်သွားပြီးနောက် ဆရာမ နင်း က နောင်တရသလိုပြောလိုက်တယ်- "ဆရာမ ဟွမ် ထွက်ခွာသွားတာ စိတ်မကောင်းစရာပဲ။ သူမသာ ကျောင်းမှာ ဆက်ရှိနေမယ်ဆိုရင် ဒီကာလအတွင်း ကျောင်းမှာ ဘာဖြစ်လို့ အဲဒီလိုတွေ ဖြစ်ရတာလဲဆိုတာကို သူမ တကယ် သိရလိမ့်မယ်။ ဆရာ ကျူး ရဲ့သေဆုံးမှုနဲ့ ကျွန်မ တွေ့ကြုံခဲ့ရတဲ့ အရာတွေအားလုံးက ဆက်စပ်နေလိမ့်မယ်"
"ပြောရရင် စိတ်မကောင်းစရာ ဖြစ်နေပေမယ့် ဆရာမ ဟွမ် အတွက်တော့ သေဆုံးခြင်းက တကယ်ပဲ လွတ်မြောက်မှုတစ်ခု ဖြစ်လောက်တယ်။ ပြီးတော့ သူမသေဆုံးပြီးတဲ့ နောက်မှာ ကျွန်တော်အတွက် စုံစမ်းဖို့ ပိုအဆင်ပြေမယ်"
ကျန်းရီ စကားပြောလို့ပြီးတာနဲ့ ဗီဒီယိုထဲက ဆရာမဟွမ်ရဲ့သားဟာ မျက်ရည်တွေ ကျနေတာကို မြင်လိုက်ရတယ်။
ဆရာမ ဟွမ် ထွက်ခွာသွားပါပြီ။
မိသားစုဝင်တွေကို မိနစ်အနည်းငယ် ကြာကြာ ကြည့်နေပြီးတဲ့နောက် သူမရဲ့ မျက်လုံးတွေကို တိတ်တဆိတ်ပိတ်လိုက်တယ်။
မျက်လုံးပိတ်လိုက်တဲ့အခိုက် ဆရာမ ဟွမ်ရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ချက် ပေါ်လာပြီး ပြုံးရင်းနဲ့ ထွက်ခွာသွားတာဖြစ်သည်။
ဆရာမ ဟွမ် သေဆုံးသွားပြီဆိုတာ သိတော့ ကျန်းရီက သူမရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်တယ်။ တခြားဘက်က အသံကို ပြန်ဖွင့်ပြီးနောက် ကျန်းရီက ဆရာမရဲ့ သားကိုပြောလိုက်တယ်- "မစ္စတာ ဟောင် ကျွန်တော့်ကို ယုံကြည်ရဲ့လားမသိဘူး။ ကျွန်တော်တစ်ခုခု လုပ်ပေးလို့ရတယ်၊ ဒါက သင့်အမေကို မရဏလမ်းမှာ ပိုပြီး အဆင်ပြေစေနိုင်တယ်"
ဆရာမဟွမ်ရဲ့ သားက ဒါကိုကြားတော့ ခေါင်းညှိတ်ပြီး မျက်ရည်တွေသုတ်ကာ ကျန်းရီကို ကျေးဇူးတင်လိုက်တယ်။ ဇနီးနဲ့ ကလေးတွေကို ခေတ္တအပြင်ကို ခေါ်ထုတ်ပြီးနောက် ကျန်းရီက ဗီဒီယိုရဲ့ တခြားဘက်ကို အော်လိုက်တယ်- "ဆရာမ ဟွမ် ထတော့"
စကားပြောလို့ ပြီးတာနဲ့ ဝိဉာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်လာခဲ့တယ်။
သူမက အိပ်ယာဘေးမှာရပ်ပြီး သူမရဲ့ ခန္ဓာကိုယ်ကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။
ဒါပေမယ့် မကြာခင်မှာပဲ သူမကလည်း ကျန်းရီကို ကိုင်းညွှတ်ကာ ကျေးဇူးတင်လိုက်တယ်- "ကျေးဇူးတင်ပါတယ်။ ဒီည ကျွန်မတစ်ယောက်တည်း အိပ်ယာထဲမှာ သေမယ်လို့ ထင်ခဲ့တာ၊ မျှော်လင့်မထားမိဘူး ငါ့သားနဲ့ မြေးတွေအားလုံးက ငါ့ဘေးမှာရှိနေကြတယ်"
"ဆရာမ ဟွမ်က ပိုကောင်းတဲ့ ဘဝကို ရွေးသင့်တယ်၊ ဘာလို့ အဲဒီခံယူချက်နဲ့ ရင်ဆိုင်ဖို့ကို ရွေးချယ်ခဲ့တာလဲ? တကယ်ကို ဆရာ ကျူး ရဲ့သေဆုံးမှုကြောင့် နက်ရှိုင်းတဲ့ နာကျင်မှုနဲ့ နောင်တကိုခံစားရလို့လား?"
သေဆုံးပြီးနောက်မှာ ဆရာမ ဟွမ်က ပုံမှန် ပြန်ဖြစ်သွားတယ်။ ခန္ဓာကိုယ်က နည်းနည်းတော့ အားနည်းနေပေမယ့် သူမသိရှိသမျှကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ပြီဖြစ်သည်။
ဒါပေမယ့် ဗီဒီယိုထဲက ဆရာမဟွမ်ဟာ ဒီခဏမှာ ကြောက်ရွံ့တဲ့ မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ပြောလာခဲ့တယ်- "ဆရာ၊ တိုင်ဝမ်စာသင်ကျောင်းက တစ္ဆေတွေ နေတဲ့ ဂူပါ! ဒါပေမယ့် အဲဒီတစ္ဆေဂူက အရင်က တစ်ခါမှမပေါ်ဖူးဘူး။ မနှစ်ကမှ စပြီးထွက်လာပြ လူတွေကိုဒုက္ခပေးနေတာ"
"တစ္ဆေဂူလား?"
"ဟုတ်ပါတယ်၊ အဲဒါတ စ္ဆေဂူပါပဲ! ကျောင်းရဲ့ မူလနေရာက တိုင်ဝမ်မြို့ က ချမ်းသာတဲ့ လူတစ်ယောက်ရဲ့အိမ်ပါ။ နောက်တော့ အဲဒီလူသေပြီးနောက် မြေကိုသိမ်းလိုက်တယ်၊ ပြီးတော့အခြေခံပညာကျောင်းဆောက်လိုက်တယ်။ ဒါပေမယ့် ထန်းလိုင် ရဲ့အိမ်ရှေ့ အဲဒီနေရာက သုဿန်ပါ!"
ကျန်းရီက တိုင်ဝမ်စာသင်ကျောင်း တည်ရှိရာ နေရာဟာ အရင်ကတုန်းက ဘိုးဘေးသုဿန် ဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားမိခဲ့ဘူး။ စဉ်းစားကြည့်လိုက်တော့ ကျန်းရီ ပိုပြီးတော့တောင် အံ့အားသင့်သွားခဲ့တယ်။
ထန်းလိုင် ကဘယ်သူလဲ?
ဒီမြို့ရဲ့အချမ်းသာဆုံး တစ်ယောက်အဖြစ် တစ်ခါက စာရင်းဝင်ခဲ့တဲ့ လူဖြစ်ပြီး အဖြူအမည်းနှစ်မျိုးလုံးနဲ့ ပတ်သတ်နေတဲ့ သူလို့ ပြောလို့ရတယ်။
ဒီလိုလူမျိုးက သူ့ကိုယ်ပိုင် အိမ်ကြီးကို ဒီလိုနေရာမျိုးမှာ ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်တော့သူက ဖုန်းရွှေကို နားမလည်ရင်တောင် အိမ်ဆောက်တဲ့အခါ ဒါကို သိသွားမည်ဖြစ်သည်။
ဒီထဲမှာ နက်နဲတဲ့ လျှို့ဝှက်ချက်ရှိနေသလိုပဲ။
"တကယ်တော့ တိုင်ဝမ်အခြေခံပညာကျောင်း ရဲ့ ဆရာတွေအတွက်၊ ကျောင်းက အရင်တုန်းက သုဿန်တစ်ခုဖြစ်ခဲ့တယ်ဆိုတာ သိတဲ့သူက နည်းတယ်...
ကျွန်မတောင် အသက်ကြီးတဲ့ လူတွေကို မေးမြန်းပြီးမှ သိရတာ။
ဒီအရာတွေကို သိရပြီးတဲ့နောက် ကျွန်မက ကျောင်ရဲ့ နောက်ဖေးဘက်မှာ တိတ်တဆိတ်နဲ့ အမွှေးတိုင်တွေနဲ့ ပူဇော်ပြီး တောင်းပန်ခဲ့တယ်။
ကျွန်မဖြတ်သန်းသွားတာကြောင့် အခြားသူတွေကို မထိခိုက်စေဖို့ တောင်းပန်ခဲ့တယ်။
ဆရာကျူး ကသေဆုံးသွားပြီ၊ ဒီလို လူကောင်းတစ်ယောက်က ကျွန်မကြောင့် သေခဲ့ရတာ!"
ဆရာမ ဟွမ် ကပြောရင်းနဲ့ ရုတ်တရက် ငိုကြွေးလာခဲ့တယ်။ ကျန်းရီက သူမကိုကြည့်ပြီး မျက်လုံးကို မှေးကျဥ်းလိုက်ကာ မေးခဲ့တယ်- "ဆရာကျူး မတော်တဆမှု မဖြစ်ခင်က ဆရာမ ဟွမ် မှာ ဘာဖြစ်ခဲ့တာလဲ?"
"ဟူး... ဆရာကျူး နဲ့ ကျွန်မတို့ နှစ်ပေါင်းများစွာ အတူတူ အလုပ်လုပ်ခဲ့ကြတယ်။
ဒီနှစ်တွေအတွင်းမှာ ကျွန်မတို့ ဆက်ဆံရေးက မပြတ်သားခဲ့ဘူး၊ ဒါပေမယ့် တကယ်တော့ နှလုံးသားထဲမှာက တစ်ဦးကို တစ်ဦးက လက်ခံနေပြီဖြစ်တယ်။
ဒါပေမယ့် ကျွန်မတို့မှာ သတ္တိမရှိကြဘူး။
လောကကြီးကို ရင်ဆိုင်ဖို့၊ ပြီးတော့ ကျွန်မတို့က တကယ်ကို အိုမင်းနေပြီ၊ ဒါကြောင့် ကျွန်မတို့က တစ်ယောက်ကို တစ်ယောက် ဖြူစင်စွာနဲ့ နှစ်သက်နေရုံပဲ၊ စိတ်ခံစားမှုအရလည်း တစ်ယောက်ကို တစ်ယောက်နှစ်သက်ကြတယ်"
"ဆရာကျူး ကသိပ်ကို စိတ်သဘောထား နူးညံ့တဲ့လူပါ။ သူက စာပေ၊ အနုပညာကို ကြိုက်တယ်။ သူက ကြယ်တွေကို ပန်းချီဆွဲရတာလည်း ကြိုက်တယ်၊ ဆွဲတဲ့အကြိမ်တိုင်း ကျွန်မကို အမြဲ ဆေးဖျော်ခိုင်းတယ်။
သူက သူရဲ့ဆံပင်အကြောင်း အမြဲပြောတယ်။ သူကသူရဲ့ ရှုပ်ထွေးတဲ့ ဘဝကို မကိုင်တွယ်နိုင်ဘူး၊ ဒါပေမယ့် သူကကျွန်မကို ညယနေတယ်ဆိုတာ ဘယ်သူက မသိဘဲ နေမလား?
တကယ်လို့ သူကဘဝကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ကလေးတွေကို ဘယ်လို ကျွေးမွေးပြီး ကျောင်းထားနိုင်မှာလဲ?"
"ဒါပေမယ့် ဒါကို ကျွန်မစိတ်ထဲမှာပဲ ထားတယ်၊ တကယ်တော့ သူနဲ့အတူ ရှိနေချင်တယ်။
သူကကျောင်းရဲ့ ဆရာအဆောက်အဦးရဲ့ အမိုးပေါ်မှာထိုင်နေတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီကနေ ကြယ်တွေကို အကျယ်ကြီး မြင်ရတယ်လေ။
သူကပန်းချီဆွဲတယ်၊ ကျွန်မက သူဆွဲတာကို ထိုင်ကြည့်တယ်။
ဒါပေမယ့်တစ်ညမှာ၊ အကြောင်း တစ်ခုခုကြောင့် ကျွန်မနောက်ကျခဲ့တယ်။ ကျောင်းရောက်တဲ့အခါ ဆရာကျူးက အမိုးပေါ်မှာ ရောက်ပြီးသားဖြစ်နေပြီး ကျွန်မက တောင်းပန်လိုက်တယ်။
ကျွန်မက လမ်းမှာ သူအကြိုက်ဆုံး အစားအစာ ဝယ်နေတဲ့အတွက်"
"ဒါပေမယ့်အဲဒီည ကျွန်မအပေါ်ထပ်ကို တက်တဲ့အခါ ဝေးဝေးကတည်းက သူ့မှာ တစ်ခုခုမှားယွင်းနေတာကို တွေ့လိုက်ရတယ်။
ဘာလို့လဲဆိုတော့ ဆရာကျူးက ကြယ်တွေကို ဆွဲတာကြိုက်တယ်၊ အခြေခံအရောင်က အပြာရောင် ဒါမှမဟုတ်ငွေရောင်ဖြစ်တယ်။
ဒါပေမယ့်အဲဒီည ကျွန်မအပေါ်ထပ်ကို ရောက်တဲ့အခါ သူ့မျက်လုံးထဲက စက္ကူအရောင်က အနီရောင်ဖြစ်နေတယ်။
သူ့ရဲ့ခန္ဓာကိုယ်ကလည်း တုန်နေတယ်။
ကျွန်မက သူ့မှာ တစ်ခုခု မှားယွင်းနေတာကို တွေ့တော့ သူ့ဆီသွားပြီးမေးတယ်- ဆရာကျူး ဘာဖြစ်တာလဲ? နေမကောင်းဘူးလား?"
"ဆရာကျူးက ရုတ်တရက် လှည့်လာတယ်။ သူ့မျက်နှာက ဖြူဖျော့နေတယ်၊ သူ့မျက်လုံးတွေ သွေးနီရောက်တွေ သန်းနေတယ်။ သူ့မျက်နှာတစ်ခုလုံးကလည်း တွန့်လိန်နေပြီး သူအော်လိုက်တယ်- ထွက်သွား၊ ထွက်သွားမြန်မြန်... ဒီမှာ လူတွေအများကြီးရှိတယ်။ လူတွေ အများကြီးရှိတယ်၊ ထွက်သွားမြန်မြန်!”