နာရီတစ်လုံး
Vol. 22 Ch. 299
“ဒီညတုန်းက ဆရာကျူးက တကယ်ကို ရူးသွပ်သွားသလို ဖြစ်နေခဲ့တယ်။
သူကလူတွေ အများကြီးကို တွေ့တယ်လို့ ပြောတယ်။ သူဆွဲထားတဲ့ ပန်းချီကလည်း သူမြင်တွေ့ရတာကိုပဲ သရုပ်ဖော်ထားသလိုပဲ။ ဒါပေမယ့် အဲဒီပန်းချီထဲကနေ ကျွန်မ မြင်ရတာကတော့ သွေးထွက်သံယို မြင်ကွင်းတစ်ခုပဲ။ ဒါပေမယ့် အဲ့ဒီ သွေးသံရဲရဲတွေ ကြားထဲမှာ လူသားတွေရဲ့ ဦးခေါင်းတွေကိုမြင်ခဲ့ရတယ်”
“အဲဒီဦးခေါင်းတွေက ဆရာကျူးရဲ့ ပန်းချီ အလယ်နားမှာရှိနေတယ်။ ပထမဆုံး ကြည့်လိုက်တဲ့ အချိန်တုန်းက ကျွန်မ သတိမထားမိခဲ့ဘူး။ စိုးရိမ်စိတ်နဲ့ ဆရာကျူးဆီကို ချဉ်းကပ်လာတဲ့ အချိန်မှာတော့ ပန်းချီထဲက ဦးခေါင်းအားလုံးကို မြင်လိုက်ရတယ်။
ဦးခေါင်းတွေက လည်ပင်းအလယ်ကနေ ပြတ်ထွက်နေပြီး ဦးခေါင်းတစ်ခုစီရဲ့ မျက်လုံးတွေက ပွင့်နေပေမယ့် ဘာအမူအရာမှ မရှိကြဘူး”
“ဒီပန်းချီကားကို မြင်တဲ့အခါ ကျွန်မလုံးဝကို ထိတ်လန့်သွားခဲ့တယ်။ ဒါပေမယ့် ထိတ်လန့်ပြီးတဲ့နောက်မှာ ဆရာကျူးက ကျွန်မကို မြန်မြန် ထွက်သွားဖို့ တွန်းအားပေးနေဆဲပဲ။
ကျွန်မ မသိစိတ်က ဒီပန်းချီကားမှာ တစ်ခုခု မှားယွင်းနေတယ်လို့ ပြောနေတယ်။
ဒါကြောင့် ကျွန်မ ပန်းချီကားကို ဆုတ်ဖြဲလိုက်တယ်၊
ကျွန်မ အပိုင်းပိုင်း ဆုတ်ဖြဲလိုက်တယ်။
ဒါပေမယ့် စက္ကူက ကြေမွသွားတဲ့အခါမှာတော့ ဒါက စက္ကူအဖြူ တစ်ရွက်သာ ဖြစ်နေတာကို တွေ့ရတယ်”
“ဆရာကျူးကလည်း စက္ကူဖြူစတွေကို ကြည့်နေတယ်။
သူက ငြိမ်သက်စွာနဲ့ ကျွန်မကို ကြည့်ပြီး ပြီးသွားပြီ၊ အားလုံးပြီးဆုံးသွားပြီလို့ ပြောနေတယ်။
ကျွန်မက ဘာပြီးသွားတာလဲလို့မေးတော့ ဆရာကျူးက ကျွန်အလက်ကို ဆုပ်ကိုင်လိုက်တယ်၊ သူ့လက်က နွေးနွေးလေးရှိတယ်လို့ ခံစားရပေမယ့် ဘာကြောင့်မှန်းမသိ ခဏကြာတော့ သူ့လက်က အေးစက်သွားတယ်... အတိအကျဆိုရရင် ဆရာကျူးရဲ့ လက်က နွေးထွေးမှုတွေက တဖြည်းဖြည်း လျှော့နည်းလာခဲ့တယ်”
“သူ့ကိုမေးကြည့်တော့ သူက ကျွန်မကို ပြန်မဖြေခဲ့ဘူး။ ဒီအစား သူ့ကို အောက်ထပ်ကို ဆင်းဖို့ ကူညီပေးဖို့တောင်းဆိုခဲ့တယ်။
လှေကားထစ်တွေပေါ်မှာ လမ်းလျှောက်တဲ့အခါ ဆရာကျူးက မြန်မြန် လျှောက်ချင်ခဲ့တယ်၊ ဒါပေမယ့် သူ့မှာ အားအင်တွေ ကုန်ခမ်းနေသလိုမျိုး ကျွန်မကို ခံစားရစေတယ်။
မကြာခင်မှာ ကျွန်တို့ရဲ့ ခေါင်းပေါ်မှာ တရှဲရှဲ မြည်သံတွေကြားလိုက်ရတယ်၊ တစ်ယောက်ယောက် လမ်းလျှောက်နေသလိုပါပဲ။
အသံကိုကြားတဲ့အခါ ဆရာကျူးက ရုတ်တရက် ကြောက်လန့်သွားပြီး မြန်မြန်သွား၊ မြန်မြန်သွားလို့ အော်ခဲ့တယ်!”
“အသံက တိုးလွန်းလို့ သေသေချာချာ နားမထောင်ရင် မကြားရဘူး။
ကျွန်မ အချိန်အတော်ကြာ နားထောင်ပြီးမှ အသံကိုကြားရတယ်၊ ဒါပေမယ့် ဆရာကျူးက ကျွန်မကိုဆွဲပြီး အရမ်း မြန်မြန် ပြေးခဲ့တယ်။
ကျွန်မတို့ နှစ်ယောက်လုံးက အတော်လေး အသက်ကြီးနေပြီ၊ ဘယ်လိုမှ မြန်အောင် မပြေးနိုင်ဘူး။ ဘယ်လောက်ပဲ ပြေးပြေး မြန်မြန်ဆန်ဆန် မပြေးနိုင်ဘူး။
ကျွန်မ ပြေးရင်းနဲ့ လဲကျသွားပြီး မတော်တဆ ခေါင်းကိုထိမိပြီး သတိလစ်သွားတယ်။
ဆရာကျူးက ကျွန်မကို ခေါ်နေတဲ့ အသံကို ဝေဝေဝါးဝါး ကြားလိုက်ရတယ်၊ စကားပြောနေတာ ဖြစ်နိုင်တယ်။
ကျွန်အနောက်ထပ် ဘာမှမကြားရတော့ဘူး။ “ဆရာကျူး ငိုနေပြီး တစ်စုံတစ်ယောက်ကို တောင်းပန်နေသလို ရှိတယ် ဆိုတာကိုပဲ မှတ်မိတယ်၊ နောက်ပိုင်းမှာ လုံးဝသတိလစ်သွားတယ်။
“ကျွန်မနိုးလာတဲ့အခါမှာတော့ နောက်တစ်နေ့ မနက်ခင်းရောက်ပြီ။ ဆရာကျူးက ဆေးရုံမှာ ကျွန်မကို စောင့်ကြည့်နေတယ်။
သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေတာကို တွေ့ရတယ်။
ဒါပေမယ့် ကျွန်မ ပထမဆုံး မေးတဲ့မေးခွန်းက မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ?
ဆရာကျူးက ပြုံးရင်နဲ့ မနေ့ညက ကျွန်မက အဆောက်အဦးရဲ့ အမိုးပေါ်ကို ပြေးလာခဲ့တယ်၊ ပြီးတော့ ဘာစကားမှ မပြောဘဲနဲ့ သူ့ပန်းချီကို ဆုတ်ဖြဲပစ်လိုက်တယ်၊ ပြီးတော့ သူ့ကို ဆွဲပြီးတော့ အောက်ကိုဆင်းတော့ မတော်တဆ လဲကျပြီး သတိလစ်သွားတယ်လို့ပြောတယ်”
“ဆရာကျူး ပြောတာကိုကြားတဲ့အခါ ကျွန်အ ကြောင်အသွားတယ်။
သူက ကျွန်မကို ထွက်ပြေးဖို့ ပြောနေခဲ့တာကို၊ ဒါကို ဘာကြောင့် သူက ကျွန်မကို ဆန့်ကျင်ဘက် ပြောနေတာလဲ? မနေ့ညက အပေါ်ထပ်က တစ်ယောက်ယောက် ဆင်းလာခဲ့တာလား? ဆင်းလာတဲ့လူက ကျွန်မနဲ့ ဆရာကျူးကို ဘာကြောင့် လွှတ်ပေးခဲ့တာလဲ? ကျွန်အ နားမလည်ဘူး၊ ဒါပေမယ့် ဆရာကျူးကို မေးတိုင်းသူက အခြားအရာတွေကိုပဲစဉ်းစားနေတယ်။
နောက်ဆုံးမှာတော့ ကျွန်မခေါင်းက တကယ်ကိုက်လာခဲ့တယ်၊ သူရုတ်တရက် ထွက်ခွာသွားတဲ့အထိ သူ့ကိုမေးဖို့ အချိန်မရှိတော့ဘူး။
ဘာသတိပေးချက်မှမရှိဘဲ၊ ဘာမှ ကြိုတင်အချက်ပေးမှုမှ မရှိပဲ။ သူက ကျန်းမာရေးကောင်းနေသေးတယ်၊ နှလုံးနဲ့ ပတ်သက်တဲ့ပြဿနာ အနည်းငယ်ကလွဲလို့ သူ့မှာ ချက်ချင်းကြီး သေစရာ အကြောင်းမရှိဘူး။
“ဒါနဲ့ ကျွန်မဆက်ပြီး စဉ်းစားနေမိတယ်၊ အဲဒါကို စဉ်းစားပြီးတဲ့နောက်မှာ ကျွန်မ နောက်ဆုံး နားလည်သွားတယ်။
အဲဒီညမှာ တစ်ခုခု ဖြစ်ခဲ့ရမယ်။ ဆရာကျူးက ကျွန်မကိုကာကွယ်ဖို့ သေဆုံးသွားတာ ဖြစ်ရမယ်။ သူ့အသက်နဲ့ကျွန်မအသက်ကို လဲလှယ်ခဲ့တာ! ပြီးတော့ ကျွန်မ အဲဒီဓာတ်ပုံကိုလဲ မြင်ခဲ့ရတယ်။
သူတို့မြင်တဲ့ဓာတ်ပုံမှာ မီးလုံးတွေနဲ့ ပြည့်နေတယ်၊ ဒါပေမယ့် ကျွန်မ မြင်တာက လူသားတွေရဲ့ ဦးခေါင်းတွေပဲ! ဒါက ကျွန်မ အဲဒီညက ဆရာကျူးရဲ့ ပန်းချီကားထဲမှာ မြင်ခဲ့ရတဲ့ ဦးခေါင်းတွေနဲ့ အတိအကျကို အတူတူပဲ”
ကျွန်မ တစ်ခုခုကို နားလည်သွားသလို ခံစားလိုက်ရပေမယ့် ဆရာကျူးကို ရင်ဆိုင်ဖို့ မဝံ့ရဲခဲ့ဘူး။
ကျွန်မ လုံးဝကိုကိုယ့်ကိုယ်ကိုယ် ပိတ်ထားလိုက်တယ်၊ သူတို့အားလုံးက ကျွန်မ အခြားနေရာကို ပြောင်းသွားတယ်လို့ ထင်ကြတယ်၊ တကယ်တော့ ကျွန်မ နောက်ထပ် ဘယ်သူ့ကိုမှ ပြန်ပြီး သင်ပေးတာတွေ ဘာတွေ မရှိတော့ဘူး။
ကျောင်းထဲကို ဝင်လိုက်တာနဲ့ ဆရာကျူးကို သတိရမိတယ်။
ကျွန်မတို့ အသက်အရွယ်မှာဆိုရင် တကယ်တော့ အချစ်ရေးအတွက် နေရာမရှိတော့ဘူး။
ကျွန်မတို့မှာ ရှိတာက တစ်ဦးကိုတစ်ဦး ပြုစုစောင့်ရှောက်လိုတဲ့ ဆန္ဒပဲ။
ဒါပေမယ့်ဆရာကျူးက ဒီလို ဝမ်းနည်းစရာကောင်းတဲ့ နည်းနဲ့ ဆုံးသွားခဲ့တယ်၊ ကျွန်မ ဘယ်လို ကျန်ခဲ့ပြီး ပျော်ရွှင်စရာ ဘဝမျိုးနဲ့ ဆက်နေနိုင်မှာလဲ?
ကျွန်မ မရှင်သန်နိုင်ဘူး၊ ကျွန်မရဲ့ ကလေးလဲ ကြီးပြင်းလာပြီ၊ သူ့မှာလည်း ကိုယ်ပိုင်ကလေးတွေ ရှိတယ်။
ကျွန်မ လွတ်လပ်ချင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ဦးနှောက်ထဲမှာ အသံတစ်သံက ဆက်တိုက်ပြောနေတယ်၊ ငါပဲ... ငါ့ကြောင့် ဆရာကျူးက သေဆုံးသွားတာ”
ဆရာမ ဟွမ် က ပြောနေရင်း ခေါင်းကို နက်ရှိုင်းစွာ ငုံ့ထားခဲ့တယ်၊ သူမရဲ့ စကားလုံးတွေထဲက ခံစားချက်မျိုးစုံကို ခင်ဗျားတို့ တကယ်ပဲ ကြားနိုင်တယ်။
ဒါပေမယ့် အသိသာဆုံးကို ပြောမယ် ဆိုရင်တော့ အပြစ်ရှိတယ်ဟု ခံစားနေမှုပဲ။
အဆုံးထိ နားထောင်ပြီးတဲ့နောက် ကျန်းရီက ပြောလိုက်တယ်- “အခု ဆရာမ နင်း ကလည်း ကျောင်းထဲက အဲဒီ ဦးခေါင်းတွေကို မြင်လိုက်ရပြီ။ ဆရာမ နင်း က မနှစ်ကမှ တိုင်ဝမ်ကျောင်း ကို သင်ကြားဖို့ ရောက်လာတာ။
သူက ကျောင်းကို စောင့်ကြည့်ရတဲ့ အလုပ်ကြောင့် ဒီအရာတွေကို ကြုံတွေ့ခဲ့ရတာ။
ဆရာမ ကျူးနဲ့ ဆရာမ နင်းတို့ မတိုင်ခင် ကျောင်းကို စောင့်ကြည့်ခဲ့တဲ့ ဆရာတွေ ရှိခဲ့ဖူးလား? အဲဒီ ကျောင်းစောင့်ဆရာတွေမှာ ပြဿနာတစ်စုံတရာ ဖြစ်ခဲ့ဖူးလား?”
“မရှိဘူး၊ ဆရာကျူးက ဒီနှစ်အနည်းငယ်ကမှ ကျောင်းစောင့်တာ စခဲ့တာ။ ပြီးတော့ အရင်က ကျောင်းစောင့်တဲ့ သူတွေက အပြင်ကနေ ခေါ်ငှားခဲ့တာ၊ ဒါပေမယ့် ကျွန်မ သူတို့နဲ့ သိပ်မရင်းနှီးပေမယ့် သူတို့မှာ ပြဿနာတစ်စုံတရာ ဖြစ်ခဲ့တယ်လို့တော့ မကြားဖူးဘူး”
“ဒါဆို နည်းနည်းတော့ ထူးဆန်းသွားပြီ။ ထင်ရှားတဲ့ တူညီမှုတွေ ရှိနေရဲ့သားနဲ့ ဘာလို့ ရှာမတွေ့ရတာလဲ”
ကျန်းရီက ပြောလိုက်တယ်၊ ဆရာမ နင်း က ထင်မြင်ချက်ပေးလိုက်တယ်- “စတွင်မာက ဆရာမ ဟွမ် ကို ပေါ်လာအောင် လုပ်နိုင်တယ်ဆိုတော့ ဒါဆို အဲဒီ ဦးခေါင်းတွေကို ပေါ်လာအောင် လုပ်ပေးလို့ ရမလား”
“ရတယ်၊ ဒါပေမယ့် အဲ့ဒီ ဦးခေါင်းတွေ ပေါ်လာရင် ဘာဖြစ်နိုင်မလဲ? ဆရာမ နင်း သင်က အခု ကျောင်းမှာ ရှိနေတယ်မလား”
“စတွင်မာကို ဖုန်းဆက်တုန်းက ကျွန်မ မရှိခဲ့ဘူး၊ ဒါပေမယ့် အခု ကျောင်းကို သွားနေတယ်၊ ခဏအတွင်း ကျောင်းကို ရောက်မယ်”
“အိုကေ၊ ဒါဆို အခု ဗီဒီယိုကို စဖွင့်လိုက်ပါ၊ ပြီးရင် ပုံမှန်အတိုင်း ကျောင်းစောင့်တဲ့ အလုပ်ကို လုပ်လိုက်ပါ။ ဆရာမ ဟွမ် ကရော ဆရာမ နင်း နဲ့အတူ ကျောင်းကို သွားနေတာလား”
“ဟုတ်ပါတယ်”
“အရမ်းကောင်းတယ်၊ ဒါဆို ဆရာမ ဟွမ် က ကြည့်နေလိုက်ပါ၊ ဆရာမ နင်း ကျောင်းကို ရောက်တဲ့အခါ သူမနဲ့ ဆရာ ကျူး တို့ လုပ်ခဲ့တာတွေက တူညီနေလားဆိုတာ”
ဗီဒီယိုရဲ့တစ်ဖက်ခြမ်းက ဆရာမ ဟွမ် က ခေါင်းညိမ့်လိုက်တယ်၊ ဆရာမ နင်း ရဲ့ ဗီဒီယိုကလည်း အဲ့ဒီအချိန်မှာ ဖွင့်ထားတယ်။
ဒါပေမယ့်ဗီဒီယိုဖွင့်လိုက်တဲ့အခါ ဆရာမ ဟွမ့ က ရုတ်တရက် ဆရာမ နင်း ရဲ့ မျက်နှာကို စိုက်ကြည့်ရင်း အာမေဋိတ်ပြုလိုက်တယ်- “ ရှောင်နင်း၊ ရှောင်နင်း.. မင်းလက်ကောက်ဝတ်က နာရီက ဘာဖြစ်နေတာလဲ”
“ဒါက ကျွန်မ ဝယ်ထားတာ၊ ဘာဖြစ်လို့လဲ”
ဆရာမ ဟွမ်က “အနီရောင် ကြိုး... မြန်မြန်ပြ အဲ့ဒီအမှတ်တံဆိပ်ကို၊ ဆရာကျူး သေပြီးနောက် အဲ့လိုနာရီမျိုး တစ်ယောက်ယောက်က ကျွန်မဆီ ပေးပို့လာတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မ ရှာလို့မတွေ့တော့ဘူး”