← Chapters

သရဲ လင်မယား

Vol. 22 Ch. 300

သရဲ လင်မယား

Vol. 22 Ch. 300

ဆရာမ နင်းရဲ့ လက်က နာရီ ပေါ်လာမှုက ဆရာမ ဟွမ် ကို ချက်ချင်းပဲ လန့်သွားစေခဲ့တယ်။

ဆရာမ နင်း ရဲ့ လက်ထဲမှာ နာရီတစ်လုံး အမှန်ပဲ ရှိနေခဲ့တယ်၊ အနီရောင် နာရီကြိုးနဲ့ အဖြူရောင် နာရီမျက်နှာပြင်တစ်ခု။ သေးငယ်ပုံရပြီး ဒီဇိုင်းကလည်း ရိုးရှင်းတယ်။

ဆရာမနင်းရဲ့ လက်မှာ အဲဒီနာရီက လိုက်ဖက်ပေမယ့်၊ ကျန်းရီ က ဆရာ ဟွမ် ရဲ့ လက်ကောက်ဝတ်ကို ကြည့်လိုက်တော့ သူမနဲ့လည်း ကိုက်ညီမှု ရှိနေပုံရတယ်။

ဆရာမ နင်း က အသက် ၂၀ အစောပိုင်းပဲ ရှိသေးပြီး ဆရာ ဟွမ် ကတော့ ၅၀ ကျော် နေပေမယ့်၊ နာရီဆိုတာက ဒီဇိုင်းက အရမ်းကြီး ရှေးဆန်မနေရင်၊ အသက်အရွယ် အားလုံးနဲ့ လိုက်ဖက်တတ်ကြတာပဲ။

ဆရာမနင်းက ဗီဒီယိုထဲမှာ သူမရဲ့ လက်ကောက်ဝတ်ကို မြှောက်ပြရင်း ဆရာမ ဟွမ် ကို နာရီကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြတယ်။

ထိုနာရီ အမှတ်တံဆိပ်က နိုင်ငံခြား အမှတ်တံဆိပ်ဖြစ်ပြီး၊ တန်ဖိုးက ယွမ် ၄၀၀၀ ခန့်ရှိတယ်။

ဆရာမ ဟွမ်က နာရီကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်ရင်း ဆရာမ နင်း ကို မေးလိုက်တယ်- "ရှောင်နင်း ဒီနာရီကို ဘယ်က ဝယ်ခဲ့တာလဲ"

"မြို့က လောင်ဟွာ ကုန်တိုက်မှာပါ"

"လောင်ဟွာ လား,တကယ်ပဲ လောင်ဟွာက ဝယ်ခဲ့တာပဲ။ ဆရာကျူး ရဲ့ ပစ္စည်းတွေကို ရှင်းလင်းတဲ့အခါ ကျောင်းက ဒီနာရီကို ငါ့ကို ပေးခဲ့တယ်။ နာရီဗူးထဲမှာ လောင်ဟွာကုန်တိုက် က နာရီဆိုင်က ဘောင်ချာ ပါလာတယ်။ ရှောင်နင်း နာရီကြိုးမှာ ကတ်ကြေးနဲ့ ညှပ်ထားတဲ့ အမှတ်အသားလေး ရှိလား ကြည့်ပေးပါလား"

ဆရာမဟွမ် မေးလိုက်တာနဲ့ ဆရာမ နင်း က အနီးကပ်ကြည့်ပြီး ပြောလိုက်တယ်- "ဟုတ်တယ်၊ ကတ်ကြေးနဲ့ ညှပ်ထားတဲ့ အမှတ်အသားလေး ရှိတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဝယ်တုန်းက သေချာကို စစ်ဆေးခဲ့တာ၊ ဒီအမှတ်ကို မမြင်မိခဲ့ဘူး"

"ဘယ်တုန်းက ဝယ်တာလဲ"

"ကျောင်းကို အဲ့ဒီည ရောက်လာတဲ့ အချိန်ကပါ၊ အဲ့ဒီ ဦးခေါင်းတွေကို ပထမဆုံးအကြိမ် မြင်တဲ့နေ့ ညနေခင်းမှာ ဝယ်ထားတာ! လောင်ဟွာ ကုန်တိုက်မှာပါ!"

ကျန်းရီတောင် ဒီလို အပြောင်းအလဲမျိုးကို မမျှော်လင့်မိခဲ့ဘူး။ ဆရာမ နင်း က နာရီကို ချွတ်လိုက်တာကို မြင်တော့ ကျန်းရီ က တိုးတိုး ပြောလိုက်တယ်- "ဆရာမ နင်း၊ ဒီနာရီကို ကျောင်းကို ပြန်ယူသွားပါ။ ပြီးရင် ကျောင်းရဲ့ ခြံစည်းရိုးပေါ်က မီးအိမ်တွေကို ဖွင့်လိုက်ပါ။ ဆရာ ကျူးက ဆရာမ ဟွမ် အတွက် ဒီနာရီကို ဝယ်ထားခဲ့ပေမယ့်၊ နောက်ဆုံးမှာ ဒီနာရီကို ဆရာမနင်းက ဝယ်ခဲ့လိုက်တာဆိုတော့၊ ဒီနာရီကပဲ တကယ့် အကြောင်းရင်းဖြစ်တယ်လို့ ဆိုလိုတာပဲ။

ဒါပေမယ့် ယောင်္ကျားလား၊ မိန်းမလား ဘယ်သူ့က တကယ်တာဝန်ရှိနေခဲ့တယ် ဆိုတာကိုတော့ သိပ်မကြာခင်မှာ သိရှိရမှာပါ။

ဆရာမ နင်း က နာရီကို လက်ထဲမှာကိုင်ပြီး ကျောင်းထဲကို ဝင်သွားခဲ့တယ်။ ကျောင်းက အလင်းရောင် မဲ့နေပြီး မှောင်နေတော့၊ ဆရာမ နင်း က ဖုန်းမီးဖွင့်လိုက်ပြီး တိုက်ရိုက်ပဲ မီးခလုပ်​တွေရှိတဲ့ အခန်းထဲကို သွားလိုက်တယ်။

ခလုတ်တစ်ခုကို ဖွင့်လိုက်တာနဲ့ ကျောင်းရဲ့ ခြံစည်းရိုးပေါ်က မီးတွေ အကုန် လင်းလက်လာခဲ့တယ်။

အဲဒီမီးတွေကို နို့ဖြူရောင် ဖန်အုတ်တွေထဲမှာ ထည့်ထားတာဆိုတော့၊ ကျောင်းတစ်ခုလုံးက မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ အဖြူရောင် အလင်းဝန်းတစ်ခုလို ခံစားစေရတယ်။

"ဆရာမ နင်း ပုံမှန်အားဖြင့် ကျောင်းကို ရောက်လာရင် ဘာတွေလုပ်လဲ၊ အခု ဘာတွေလုပ်မလဲ။ ကျွန်တော် မှတ်မိတာက ဆရာမ အဲ့ဒီညက အိမ်သာထဲမှာ ကြားခဲ့ရတဲ့ ချောင်းဆိုးသံက ယောင်္ကျား တစ်ယောက်ရဲ့ အသံဆိုတာပဲ ဟုတ်တယ်မလား"

"ယောင်္ကျားတစ်ယောက်ရဲ့ အသံပါ"

"ဒါဆို အဲဒီယောင်္ကျားရဲ့ ချောင်းဆိုးသံကို အတုခိုးခိုင်းရင် ရမလား"

"ဟမ်...ကြိုးစားကြည့်ပါ့မယ်"

ဆရာမနင်း က ခဏလောက် တွေးပြီး ချောင်းနှစ်ချက်လောက် ဆိုးလိုက်တယ်။

အသံကို နားထောင်လိုက်တဲ့အခါ ကျန်းရီ က ခေါင်းညိမ့်ပြီး ပြောလိုက်တယ်- "ပုံမှန်အတိုင်းပဲ ဆရာမ နင်း အလုပ်ကို ဆက်လုပ်ပါ"

ဆရာမနင်း က ခေါင်းညှိတ်လိုက်ပြီး မီးအိမ်တစ်လုံးနဲ့အတူ အဆောက်အဦးကို ပတ်ပြီးလမ်းလျှောက်လိုက်တယ်၊ ပြီးတော့ ကျောင်းရဲ့ ရုံးခန်းကို သွားကြည့်တယ်။ ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး၊ ကျောင်းရဲ့ ခြံစည်းရိုးပေါ်က မီးအိမ်တွေပဲ လင်းနေတယ်။

ဒါပေမယ့် ဆရာမ နင်း အောက်ထပ်ကို ဆင်းလာတဲ့အခါ ကျန်းရီ က ရုတ်တရက် ပြောလိုက်တယ်- "ဆရာမ နင်း ရပ်လိုက်ပါ"

ဆရာမ နင်း က သွားမှန်းမသိဘဲ ရပ်လိုက်မိတယ်၊ သူမကိုယ်တိုင် သတိထားပြီး နားစွင့်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူမက လှေကားထစ်ပေါ်မှာ ရောက်နေတော့၊ သူ့ခေါင်းပေါ်မှာ အသံတစ်ခုခု ကြားရမလားလို့ နားထောင်မိလိုက်တယ်။

ဒါပေမယ့် သေသေချာချာ နားထောင်ကြည့်တော့ ဘာအသံမှ မကြားရဘူး။ ဆရာမ နင်း က တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို ကြည့်လိုက်မိတယ်၊ ဘာမှတော့ မပြောပေမယ့်၊ သူမ မျက်လုံးတွေရဲ့ အဓိပ္ပာယ်က ရှင်းနေခဲ့တယ်။

ကျန်းရီကို ဘာဖြစ်တာလဲလို့ မေးချင်နေတာ။ ဒါပေမယ့်ကျန်းရီ က ပြုံးပြလိုက်ပြီး၊ ဖုန်းကနေ မြင်ရတဲ့ မီးအိမ်တွေထဲက တစ်ခုကို ညွှန်ပြရင်း ပြောလိုက်တယ်- "ဆရာမ နင်း ရှေ့မှာရှိတဲ့ မီးအိမ်ဆီကို သွားလိုက်ပါ။ မီးအိမ်ဆီရောက်ရင် ရပ်လိုက်ပါ"

ဆရာမ နင်းက ခေါင်းညှိမ့်ပြီး မီးအိမ်ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။

မီးအိမ်ဆီရောက်တော့ ကျန်းရီ က ထပ်ပြောလိုက်တယ်- "ဘေးမှာ ခုံတစ်လုံး ရှိတယ်မလား"

ဗီဒီယိုထဲတွင် ကျန်းရီက ဘေးက အရာဝတ္ထုတွေကို မမြင်ပေမယ့်၊ သူက ဘေးမှာ ခုံတစ်လုံးရှိတယ်ဆိုတာကို သိနေခဲ့တယ်။

ဆရာမ နင်းက အံ့အားသင့်စွာနဲ့ မေးလိုက်တယ်- "စတွင်မာ ဘယ်လိုလုပ်ပြီး မြင်လိုက်တာလဲ"

"ခုဏက မြင်လိုက်တာ၊ ကောင်းပြီ... ဒါက အရေးမကြီးဘူး၊ အခု ခုံကို ထောင့်နားကို ရွေ့ပြီး၊ ခုံကိုခုပြီး လက်နဲ့ မီးလုံးကို ကိုင်လိုက်ပါ"

ဆရာမ နင်း က ကျန်းရီ ပြောတဲ့အတိုင်း ခုံပေါ်မှာ ရပ်ပြီး နို့ဖြူရောင် မီးအိမ်ကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်တယ်။

မကြာခင်မှာပဲ ဆရာမ နင်းရဲ့ မျက်နှာက ရုတ်တရက် ပြောင်းသွားပြီး၊ လက်ကို ချက်ချင်း ပြန်ဆုတ်လိုက်တယ်။

"အေးလိုက်တာ၊ ဘာလို့ မီးအိမ်က ဒီလောက်အေးနေရတာလဲ။ အနည်းဆုံး မီးဖွင့်ထားရင် မီးအိမ်က ပူနေသင့်တာပဲ"

"ဆရာမ နင်း၊ ကြောက်စရာ မလိုပါဘူး၊ လက်နဲ့သာ ဆက်ကိုင်ထားပါ"

ဆရာမ နင်း က နည်းနည်းတော့ ကြောက်နေပေမယ့်၊ ဆက်ကိုင်လိုက်တယ်၊ အေးစက်နေတဲ့ မီးအိမ်ကို လက်နဲ့ ကိုင်ထားလိုက်တယ်၊ ဒါပေမယ့် မကြာခင်မှာပဲ သူ့နောက်ကျောမှာ ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။

အဲဒီခံစားမှုက သူ့နောက်ကျောကနေ လာခဲ့တာ ဖြစ်သည်။

ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့၊ သင်ကြားရေးအဆောက်အဦး အောက်ထပ်မှာ လူတစ်ယောက် ပေါ်လာတာကို တွေ့လိုက်ရတယ်။

မိန်းမတစ်ယောက်၊ သူက သင်ကြားရေး အဆောက်အဦရဲ့ လှေကားအောက်မှာ မတ်တပ်ရပ်နေခဲ့တယ်။

သူ့မျက်လုံးတွေက မီးအိမ်ကို ကိုင်ထားတဲ့ ဆရာမ နင်း ကို ကြည့်နေပုံရပြီး၊ သူ့နောက်ကနေ လိုက်လာတဲ့သူကလည်း ဖြည်းဖြည်းချင်း ထွက်လာခဲ့တယ်။

ကျန်းရီက ဒါကို သတိထားမိပြီး သင်ကြားရေး အဆောက်အဦး ရှေ့က မိန်းမကို ပြောလိုက်တယ်- "ဒီနာရီကို လိုချင်လား"

အဲဒီမိန်းမက ခေါင်းညှိမ့်ပြလိုက်တယ်၊ ကျန်းရီ ရဲ့ အသံက အဲ့ဒီအချိန်မှာ တစ်ဖြည်းဖြည်း အေးစက်လာပြီး ပြောလိုက်တယ်- "ဒီနာရီကို လိုချင်တယ်ဆိုရင်၊ မင်းကို ပေးမယ်။

မင်းပေါ်လာပြီး ဆရာကျူး ကို နာရီကို ပြန်ပေးခိုင်းတာမလား? ဘာလို့ သူ့အသက်ကို ယူလိုက်ရတာလဲ"

သင်ကြားရေး အဆောက်အဦးရှေ့မှာ ရပ်နေတဲ့ မိန်းမက အမည်းရောင် အင်္ကျီကို ဝတ်ထားတယ်။

ဒါပေမယ့်မျက်လုံးတစ်မှိတ်အတွင်းမှာ၊ သူက ဆရာမ နင်း ရဲ့ နောက်ကျောနားကို ရောက်နေပြီး၊ ခေါင်းကို မော့ကြည့်လိုက်တဲ့အခါ သူမ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့တယ်။

ဆရာမ နင်း က သူ့ဦးနှောက်က ဗလာဖြစ်သွားသလို ခံစားလိုက်ရပြီး၊ အတွင်းထဲက ကြောက်ရွံ့မှုကို ချိုးနှိမ်လိုက်ကာ အဲ့ဒီမိန်းမတစ္ဆေကို အာရုံစိုက် ကြည့်လိုက်တယ်။

ဘာကြောင့်မှန်းမသိ၊ ဒီမိန်းမတစ္ဆေနဲ့ သူမ နည်းနည်းတော့ ရင်းနှီးနေသလို ခံစားနေရတယ်။

နောက်ဆုံးမှာတော့ တစ်ခုခုကို သတိရသလိုဖြစ်ပြီး အော်လိုက်တယ်- "မင်း... မင်းက အွန်လိုင်းတက္ကစီ မောင်းသမားရဲ့ ဇနီးမလား…

မင်းကိုငါ မြင်ဖူးတယ်...

မင်းကိုငါ မြင်ဖူးတယ်"

ဆရာမ နင်း က အဲ့ဒီညက စီးခဲ့တဲ့ အွန်လိုင်းတက္ကစီကို သတိရလိုက်တယ်။

ကားထဲမှာ ဓာတ်ပုံဘောင် တစ်ခုရှိခဲ့ပြီး၊ ဒီမိန်းမတစ္ဆေက ဓာတ်ပုံဘောင်ထဲက မိန်းမပါ။

"မင်းက သူ့ကို ပြောနေတာလား"

တစ္ဆေမိန်းမက အဲ့ဒီအချိန်မှာညင်သာစွာနဲ့ ပြောလိုက်ပြီး၊ ဆရာမ နင်း ရဲ့ ရှေ့ဘက်ကနေ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်- "ဟယ်လို, ကလေးမလေး"

အသံထွက်ပေါ်လာတာနဲ့ ဆရာမ နင်းရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ မီးအိမ်က တိတ်ဆိတ်စွာနဲ့ လူဦးခေါင်းတစ်ခု ဖြစ်သွားခဲ့တယ်။

ဆရာမ နင်းက ချက်ချင်းပဲ မြင်လိုက်ရတယ်၊ ဒါက အွန်လိုင်းတက္ကစီ မောင်းသမားပါ!

All Chapters