← Chapters

နောက်ဘဝမှာ သားအမိတွေ ထပ်မဖြစ်ရအောင်

Vol. 22 Ch. 302

နောက်ဘဝမှာ သားအမိတွေ ထပ်မဖြစ်ရအောင်

Vol. 22 Ch. 302

ကျန်းရီပြောတဲ့ "တုတ်နဲ့ရိုက်သတ်" ဆိုတာက ဘာလဲ။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ပရိသတ်တွေ တွေ့မြင်နေရတာက သရဲလင်မယား နာကျင်မှုဒဏ်ကို မခံနိုင်ပဲ အော်ဟစ်နေတဲ့ အဖြစ်ကိုပဲ မြင်နေရပြီး တုတ်ကိုင်ထားတဲ့ လူကိုတော့ မမြင်နိုင်ကြပေ။

တုတ်ကို ဘယ်သူက ကိုင်ထားတာလဲ?

ဖြစ်ရပ်မှာရှိနေတဲ့ ဆရာမ နင်း တောင် မမြင်ရဘူး။ ငရဲကလာတဲ့ အပြစ်ပေးနည်း တစ်မျိုးလိုပါပဲ။

တုတ်ရဲ့ ရိုက်ချက်တိုင်းဟာ သူတို့ရဲ့ ဝိညာဉ်တွေကို ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေနိုင်တယ်။

"အား...!"

သရဲလင်မယားဟာ နာကျင်မှုကြောင့် အော်ဟစ်နေပြီး သရဲအမျိုးသားက "ဆရာ... ကျွန်တော်တို့ မှားပါတယ်၊ တကယ်ပဲ ကျွန်တော်တို့ မှားကြောင်း နားလည်ပါပြီ" လို့ တောက်လျှောက် တောင်းပန်နေတယ်။

"မှားတယ်ဆိုတာ သိပြီလား?"

"ဟုတ်ပါတယ်၊ ကျွန်တော် မှားပါတယ်!"

"မှားတယ်ဆိုတာ သိပြီဆိုရင် အခုအချိန်မှာ ဘာလို့ ကိုယ့်ဇနီးကိုပဲ အပြစ်ပုံချနေရတာလဲ?"

".........."

"မင်းနဲ့... မင်းတို့ နှစ်ယောက်လုံးက တစ်ကိုယ်ကောင်းဆန်တဲ့သူ တွေပဲ။ ဒီလောကမှာ လူကောင်းတွေဟာ လူယုတ်မာတွေရဲ့ အနိုင်ကျင့်ခံရတယ်၊ သူတို့ကို ရိုက်စမ်း!"

ကျန်းရီက အေးစက်စက်နဲ့ ပြောလိုက်ပြီး တုတ်က ဆက်လက်ရိုက်နှက်နေခဲ့တယ်။

တစ္ဆေအမျိုးသားက ဆက်လက် တောင်းပန်နေပြီး သူ့မိန်းမကတော့ မခံနိုင်တော့ပဲ အသံကုန် အော်ငိုနေခဲ့တယ်။

သူတို့တွေ ငိုနေတာက ကြင်နာသနားဖို့ မထိုက်တန်ဘူး။ ဆရာ ကျူး ဘယ်လို သေဆုံးခဲ့ရတယ်ဆိုတာ သူတို့သိကြရဲ့လား?

အဆုံးမရှိတဲ့ ကြောက်ရွံ့မှုထဲမှာ၊ အကြောက်လွန်ပြီး သေဆုံးခဲ့ရတာ!

ဒီလိုသေဆုံးမှုဟာ ဘယ်လောက်ထိ သနားစရာကောင်းလဲ?

ဆရာမနင်းကသာ ကျန်းရီနဲ့ မတွေ့ခဲ့ရင်၊ ဆရာမနင်းလည်း တစ်နေ့မှာ အကြောက်လွန်ပြီး သေဆုံးသွားနိုင်တယ်!

အပြစ်ပေးတုတ် ၉၉ ချက်အထိ ရောက်တဲ့အခါ၊ နောက်ဆုံး တုတ်ချက်က သရဲလင်မယားရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်တယ်။

အဲဒီအချိန်မှာတော့ သရဲလင်မယားရဲ့ အော်ဟစ်သံတွေ နောက်ဆုံးရပ်သွားခဲ့တယ်။

သူတို့ရဲ့ဝိညာဉ်တွေလည်း အဲဒီအချိန်မှာပဲ ကြေမွသွားခဲ့တယ်!

တိုက်ရိုက်ထုတ်လွှင့်ခန်းက တိတ်ဆိတ်သွားခဲ့တယ်၊ လူတိုင်းက သူတို့ရှေ့မှာ ဖြစ်ပျက်နေတဲ့ အရာကို ငေးကာ စိုက်ကြည့်နေခဲ့ကြတယ်။

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်ခန်းကို လှမ်းကြည့်လိုက်ပြီး "ငါဘာလို့ သူတို့ကို အရှင်လတ်လတ် သတ်ရတာလဲဆိုတာ သိလား?" လို့ မေးလိုက်တယ်။

"စတွင်မာက နောက်လူတွေကို သတိပေးချင်လို့လား?"

"ဟုတ်လည်း ဟုတ်တယ်၊ ဟုတ်လည်း မဟုတ်ဘူး။ ဒီသရဲလင်မယားက ဒီလောကမှာ အလွန်ထူးခြားတယ်။ ငါက နမူနာထားပြီး အခြားသူတွေကို သတိပေးချင်တဲ့ စိတ်ကူးရှိတယ်၊ ဒါပေမယ့် ဒီလိုလုပ်ဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းက ငါသူတို့ကို သတ်ချင်လို့ပဲ"

ဒီနေ့ ကျန်းရီဟာ သူဖော်ပြချင်တဲ့ နမူနာကို ပရိသတ်တွေကို မပြောပဲ၊ ရှင်းရှင်းလင်းလင်းနဲ့ ပရိသတ်အားလုံးကို တိုက်ရိုက်ပဲ ပြောပြလိုက်တယ်။

တစ်ဖက်က အခြားသူတွေကို သတိပေးချင်တာရယ်၊ နောက်တစ်ဖက်က ဒီလူနှစ်ယောက်ကို ပြန်လည်မွေးဖွားခွင့် မပေးချင်တာရယ်ပါပဲ။

ဒီစကားတွေကို ပြောလိုက်တဲ့အခါ ပရိသတ်တွေ ကြောက်သွားမယ်လို့ ထင်ခဲ့တယ်၊ မျှော်လင့်မထားတာက ဒီအချိန် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ထောက်ခံတဲ့ အသံတွေနဲ့ ပြည့်နေခဲ့တယ်။

ကြည့်ရှု့သူ A-"ဟုတ်တယ်၊ စတွင်မာ လုပ်သင့်တာကို လုပ်ခဲ့တာပဲ! လူတိုင်းရဲ့ မကောင်းမှုတွေမှာ တန်ဖိုးဆိုတာရှိတယ်၊ စတွင်မာကလည်း အကြောင်းမရှိပဲ အပြစ်ပေးတာမဟုတ်ဘူး။ တုတ်နဲ့ ရိုက်သတ်တာပဲ ဖြစ်ဖြစ်၊ သူတို့လက်ထဲမှာ တစ်ခုထက်ပိုပြီး အသက်တွေရှိနေတာကို ဘယ်သူက ခွင့်ပြုထားလို့လဲ!"

ကြည့်ရှု့သူ B-"ဟုတ်တယ်၊ ဒီတစ်ခါ စတွင်မာ လုပ်တာက တော်တော် ကျေနပ်စရာ ကောင်းတယ်။ သူတို့ရဲ့မိဘတွေတောင် ဒီလိုသားနဲ့ ချွေးမမျိုးရှိတယ်ဆိုတာကို ဝန်ခံချင်မှ ဝန်ခံမှာ။ ဒါကြောင့် သူတို့ကို စိတ်သက်သာရာ ရစေဖို့ ရိုက်သတ် ပေးလိုက်တာက ပိုကောင်းတယ်!"

ပရိသတ်တွေရဲ့ စကားတွေကို ကြည့်ရင်း ကျန်းရီ မနေနိုင်ဘဲ ပြုံးလိုက်မိတယ်- "ကောင်းပြီ၊ မင်းတို့က ပရိသတ်တွေပဲလေ မင်းတို့ပြောတဲ့ အတိုင်းပဲပေါ့"

ကြည့်ရှု့သူC -"ဒါဆို စတွင်မာ ဆရာမနင်းကို နှုတ်ဆက်စကား ဘာလို့မပြောသေးတာလဲ?"

ကျန်းရီက အခုမှ မှတ်မိသွားတယ်၊ ဗီဒီယိုခေါ်ဆိုမှုက အခုထိ ဖွင့်ထားသေးတယ်။

သူ့မျက်လုံးတွေက ဆရာမနင်းနဲ့ ဆရာမ ဟွမ်ကို ကြည့်လိုက်တယ်၊ ကျန်းရီက ပြုံးပြီးတော့- "ဆရာမနင်း၊ မနက်ဖြန်မှာ ကျောင်းကို ပြောလို့ရပါပြီ။

ကျောင်းမှာ သရဲတွေ ရှိနေတော့မှာ မဟုတ်ပေမယ့်၊ ကျွန်တော့်အမြင်မှာတော့ မိန်းကလေးတစ်ယောက်က ဒီလို ကျောင်းမျိုးကို စောင့်ရှောက်ဖို့က သိပ်ပြီး စိတ်မချရဘူး၊ ကျောင်းကို တစ်ယောက်တည်း လာတာကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး၊ ဒါကြောင့် ကျောင်းကို သွားပြီး ပြောပါ သူတို့မလုပ်ချင်ရင် အထက်က လူကြီးတွေဆီက အကူအညီတောင်းပါ"

"ကောင်းပါပြီ၊ စတွင်မာ ကျေးဇူးတင်ပါတယ်!"

ကျန်းရီက ပြုံးပြီး ခေါင်းခါလိုက်တယ်၊ ပြီးတော့ ဆရာမဟွမ်ကို ကြည့်လိုက်တယ်- "ဆရာမဟွမ်၊ ဒီလမ်းကို ကိုယ့်ဘာသာကိုယ် ရွေးချယ်ခဲ့တာ၊ ဒါမှမဟုတ် ဒီလိုဖြစ်ဖို့က ကံကြွေးတင်နေတာပဲ။

ဒါကြောင့် ဆရာမဟွမ် ငရဲကိုသွားတဲ့ ဒီလမ်းပေါ်မှာ တစ်ယောက်တည်းပဲ လျှောက်ရမယ်။

ဒါပေမယ့် ငရဲပြည်ရောက်ရင်တော့ ဆရာကျူးကို တွေ့နိုင်မှာပါ။"

ကျန်းရီရဲ့စကားကို ကြားလိုက်ရတဲ့ ဆရာမဟွမ်ဟာ ဝမ်းမနည်းသွားဘဲ မြန်မြန်ပြုံးလိုက်ပြီး- "ကောင်းပါပြီ၊ ကောင်းပါပြီ... ကျွန်မ အခုပဲ သွားလိုက်တော့မယ်

ဒီဘဝမှာ အမေတစ်ယောက်အနေနဲ့၊ ကျွန်မ စွမ်းသမျှ ကြိုးစားခဲ့တယ်။

ဒါပေမယ့် မြေးလေးတွေကို နှစ်အနည်းငယ် ထပ်မြင်ခွင့် မရတာကတော့ ဝမ်းနည်းစရာပါပဲ။

ဒါပေမယ့်၊ လူတစ်ယောက်ရဲ့ ဘဝက မိသားစုအတွက် ရှင်သန်နေရတာပါ၊ သေချင်နေတဲ့ အချိန်မှာတောင် သေခွင့်မရှိဘူး။

သေဖို့ မဝံ့ရဲခဲ့ဘူး၊ ငါက ဟား..ဟား... ဒီနောက်ဆုံး တစ်နှစ်မှာတော့ ကိုယ့်ကိုယ်ကို တစ်ကိုယ်ကောင်း ဆန်ခဲ့တာပဲ!"

ဆရာမဟွမ်က ပြောရင်းထွက်သွားခဲ့တယ်။ သူ့သားနဲ့ ချွေးမကတော့ ငိုနေကြပြီ၊ ဒါပေမယ့် ဘယ်သူမှ မတားဆီးခဲ့ကြဘူး။

ဆရာမဟွမ် အိမ်တံခါးကို ရောက်တဲ့အခါ၊ သူ့သားက ရုတ်တရက် "အမေ!" လို့ အော်ခေါ်လိုက်တယ်။

"အင်း၊ အမေကို ပြောစရာတစ်ခုခု ရှိသေးလား?" ဆရာမဟွမ်က ပြုံးပြီး မေးလိုက်တယ်။

"အမေ၊ နောက်ဘဝအတွက် မိသားစု ကောင်းကောင်းကို ရှာပါ၊ ကျွန်တော့်အမေ ထပ်မဖြစ်ပါနဲ့တော့၊ သားအတွက် အမေ ပင်ပန်းလွန်းလို့ပါ!"

သား​​ဖြစ်သူက ပြောပြီးတဲ့နောက်၊ မြေကြီးပေါ်မှာ ဒူးထောက်ပြီး အမေ့ကို ရှိခိုးဦးချလိုက်သည်။

ဆရာမဟွမ်က သားရဲ့ မျက်နှာအမူအရာကို ကြည့်နေခဲ့တယ်၊ ပြီးနောက် သတိထားဖို့ ခက်ခဲတဲ့ အလင်းတစ်ခုက မျက်လုံးထဲမှာ ဖြတ်ပြေးသွားခဲ့တယ်။

ဒါပေမယ့် မကြာခင်မှာပဲ၊ ခေါင်းငြိမ့်ကာ သဘောတူလိုက်ပြီး ထွက်သွားရင်းနဲ့ ပြောလိုက်တယ်- "ကောင်းပြီ၊ နောက်ဘဝမှာ သားအမိတွေ မဖြစ်တော့ဘူး။

တကယ်ပဲ ပင်ပန်းတယ်"

ပြောပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့တယ်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကြည့်ရှု့သူ အတော်များများ ငိုခဲ့ကြတယ်၊ နောက်ဆုံးမှာ ဆရာမဟွမ်က နောက်ဘဝမှာလည်း သားအမိတွေ ဆက်ဖြစ်မယ်ဆိုတဲ့စကားမျိုး မပြောခဲ့ပေမယ့်၊ စိတ်ထိခိုက်စရာ ကောင်းနေတုန်းပါပဲ။

ဒါပေမယ့် တကယ်တော့ သူမကိုယ်တိုင် နားလည်ခဲ့တယ်၊ ဒီဘဝမှာ ဒုက္ခအများကြီး ခံစားခဲ့ရတယ်။ သူမကိုယ်တိုင်လည်း ဒုက္ခခံစားခဲ့ရသလို၊ ကလေးတွေလည်း သူမနဲ့အတူ လိုက်ပါပြီး ဒုက္ခတွေ ခံစားခဲ့ရတယ်။

ဒါကြောင့်၊ နောက်ဘဝထိလိုက်ပြီး ဒုက္ခတွေ ထပ်မခံစားပါနဲ့တော့။

ဒါဟာ ကောင်းတဲ့အရာ မဟုတ်ဘူး။ တည်ငြိမ်ပြီး ပျော်ရွှင်တဲ့ဘဝကို ရနိုင်မယ်ဆိုရင်၊ ဘယ်သူက ဒုက္ခတွေ ခံစားရတဲ့ဘဝမှာ နေချင်မှာလဲ?

ဆရာမဟွမ်က ထွက်သွားခဲ့ပြီ။ ဗီဒီယိုရဲ့ တစ်ဖက်က ဆရာမနင်းက မျက်ရည်တွေ သုတ်နေခဲ့တယ်၊ စကားပြောတော့မယ့် အချိန်မှာ လုံးဝထိန်းချုပ်လို့မရတော့ပဲ ငိုချလိုက်တယ်။

မိန်းကလေးတွေဟာ စိတ်ထိခိုက် လွယ်ကြတယ်။ ကျန်းရီက ဗီဒီယိုကို တိတ်တဆိတ် ပိတ်လိုက်ပြီး၊ ဆရာမဟွမ်ဖက်က ဗီဒီယိုကိုလည်း တိတ်တဆိတ်ပိတ်လိုက်တယ်၊ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကလည်း အလွန်တိတ်ဆိတ်သွားခဲ့တယ်။

"ကောင်းပြီ၊ အခုအချိန်က ည ၁၁ နာရီထိုးပြီ၊ နေထွက်ဖို့ အချိန်က ၄ နာရီကျန်သေးတယ်၊ နောက်ထပ် ဖုန်းခေါ်ဆိုမှုကို စောင့်ကြည့်လိုက်ရအောင်။

ကျန်းရီက ပြောလိုက်ပြီး၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူ ၁.၁ သန်းကျော်ကို ကြည့်လိုက်တယ်။

သူစတွင်မာ မလုပ်ခင် တိုက်ရိုက်ထုတ်လွှင့်တဲ့ အကြောင်းကို လေ့လာခဲ့တယ်။

သူအမြဲတမ်း အဲ့ဒီ တိုက်ရိုက်ထုတ်လွှင့်ခန်းတွေမှာ သန်းချီတဲ့ ကြည့်ရှုသူတွေ၊ ဆယ်သန်းတောင် ချီတဲ့ ကြည့်ရှုသူတွေကို တွေ့နေရတယ်၊ ဒါပေမယ့် အခုနားလည်လာတာက သဘာဝလွန် ဖြစ်ရပ်တွေကို တင်ဆက်သူအနေနဲ့ လူတိုင်းကို ပါဝင်စေဖို့ဆိုတာ သိပ်မလွယ်ဘူး။

ကျန်းရီက အရမ်းတော်တယ်ထင်လား?

သူတော်တယ်၊ အနည်းဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ပရိသတ်တွေရဲ့ စိတ်ထဲမှာ သူဘယ်တော့မှ တစ်ခါမှ မကျရှုံးဖူးဘူး။

ဒါပေမယ့် ဘာလို့ အခုထိ သန်း ၁.၁ ကျော်ပဲ ရှိနေသေးတာလဲ? သန်းချီတဲ့ ကြည့်ရှုသူတွေ၊ ဆယ်သန်းချီတဲ့ ကြည့်ရှုသူတွေ ဘာလို့ မရတာလဲ?

ကျန်းရီက နာမည်မကြီးလို့လား?

မဟုတ်ပါဘူး၊ ဒါပေမယ့် ကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ပေါ်လာတဲ့ အရာတိုင်းဟာ လူအတော်များများရဲ့ ဘဝနဲ့ နီးစပ်နေလို့ပါပဲ။ နီးစပ်နေလို့သာ လူတွေက ပိုပြီး ကြောက်ရွံ့လာကြတယ်။ လူအတော်များများဟာ သူတို့ကြောက်တဲ့ အရာတွေကို တိုက်ရိုက်ကြည့်ရဲတဲ့ သတ္တိ မရှိကြဘူး။

ကျေးလက်ကနေ မြို့ပြ၊ ချမ်းသာတဲ့သူကနေ သာမန်လူတန်းစားအထိ

အန္တရာယ်တွေဟာ နေရာတိုင်းမှာ ရှိနေသလိုပဲ။

"............”

ကြည့်စမ်း၊ အခုပဲ ဖုန်းက ထပ်လာပြန်ပြီ!

All Chapters