← Chapters

ဂီတသေတ္တာ

Vol. 22 Ch. 303

ဂီတသေတ္တာ

Vol. 22 Ch. 303

ဖုန်းက ဝင်လာခဲ့သည်။ ကျန်းရီသည် ဖုန်းကို ကြည့်လိုက်ပြီး ကောက်ကိုင်လိုက်သည်။

"ဟယ်လို၊ ကျွန်တော်က သဘာဝလွန် ဖြစ်ရပ်တွေရဲ့ စတွင်မာတစ်ယောက်ဖြစ်တဲ့ ကျန်းရီပါ။ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိတာ ဝမ်းသာပါတယ်"

"ဟယ်လို...ဟယ်လို၊ စတွင်မာ... ဒီလိုနှောင်းတဲ့ အချိန်ထိ ဆက်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ဦးမှာလား"

ကင်မရာရှေ့တွင်ထိုင်နေသော ကျန်းရီက အနည်းငယ်ပြုံးလိုက်မိသည်- "ဒါပေါ့၊ မနက်အထိ တိုက်ရိုက်ထုတ်လွှင့်မှာပါ။ ဖုန်းရဲ့ တစ်ဘက်မှာရှိတဲ့ ပရိတ်သတ်ကို ဘယ်လိုခေါ်ရမလဲမသိဘူး? ဘယ်လို အလုပ်မျိုးကို လုပ်ကိုင်နေပါသလဲ?"

ဖုန်းတစ်ဖက်ခြမ်းက အသံက အိုနေတဲ့ အသံဖြစ်သည်။ အသံကိုနားထောင်ပြီး အသက်အရွယ်ကိုခန့်မှန်းမယ်ဆိုရင် ငါးဆယ် ခြောက်ဆယ်လောက်ရှိလိမ့်မည်။

"ဆရာ၊ ကျွန်တော့်ကို လောင်ယန်းလို့ ခေါ်လို့ရပါတယ်။ အသက်က သုံးဆယ့်ငါးနှစ် ရှိပါပြီ။ လက်ရှိမှာတော့ အပန်းဖြေ ကစားကွင်းက ကစားတဲ့ စက်တွေလိုမျိုး ကလေးကစားစရာတွေကို အထူးပြုထုတ်လုပ်တဲ့ စက်ရုံငယ်လေးတစ်ခုကို လုပ်ကိုင်နေပါတယ်"

သုံးဆယ့်ငါးနှစ်လား…

ဒီအသက်အရွယ်က ကျန်းရီ တွေးထားထက် အနည်းငယ်ပိုနေသည်၊ ထို့ကြောင့် သူက ပြုံးကာ ခေါင်းညိတ်လိုက်သည်- "အိုကေ မစ္စတာယန်း၊ ခင်ဗျားမှာ ဘယ်လိုကိစ္စမျိုးတွေ ကြုံတွေ့နေရတာလဲမသိဘူး? ခင်ဗျားရဲ့ အသံက အင်မတန် ပင်ပန်းနေသလို ခံစားရတယ်၊ ပြီးတော့ ဘဝရဲ့ ဒုက္ခတွေကို ခံစားနေရသလိုမျိုးပဲ။ ကြည့်ရတာကတော့ မစ္စတာယန်းက လေမုန်တိုင်းတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်ထင်တယ်"

"ဟူး...

လေမုန်တိုင်း ဆိုတာထက်

လူတစ်ယောက်က သူ့ဘဝမှာ တစ်ခုခုကို လုပ်ချင်တယ်ဆိုရင်၊ မိသားစုနောက်ခံမရှိဘူး၊ မိဘ၊ မိတ်ဆွေတွေကိုလည်း အားကိုးလို့ မရဘူးဆိုရင် ဒါဟာ အနည်းငယ် ခက်ခဲနိုင်တယ်။

ဘဝရဲ့ လေမုန်တိုင်းတွေထက်

ဒါဟာ အတွေ့အကြုံတွေရဲ့ ကောင်းချီး တစ်ခုလို့တောင် ဆိုရမှာပါ၊ ဒါပေမယ့် ကျွန်တော့်အသံကတော့ တကယ့်ကို ထူးဆန်းနေတာပါ။

ကျွန်တော့်ဇနီးတောင်မှ အဖိုးကြီးတစ်ယောက် ပြောနေသံကို ကြားရတယ်လို့ အမြဲပြောလေ့ရှိတယ်။ ဟား..ဟား..

​လောင်ယန်းက အနည်းငယ် ရှက်သလိုမျိုး ဖြစ်နေပြီး ပြုံးလိုက်သည်။

ကျန်းရီက ဆက်မေးလိုက်တယ်- "မစ္စတာယန်း ဘာဖြစ်ခဲ့တာလဲမသိဘူး..."

"စတွင်မာ၊ ဂီတသေတ္တာတွေအကြောင်း သိပါသလား"

"ဂီတသေတ္တာလား"

"ဟုတ်ပါတယ်၊ ပီယာနိုလို အသံမျိုးထွက်တဲ့ ဂီတသေတ္တာမျိုးပါ"

"သိပါတယ်၊ ကျွန်တော့်ရဲ့ အသက်အရွယ်အရဆိုရင် ကျွန်တော် ငယ်ငယ်တုန်းက ဂီတသေတ္တာတွေဟာ ကျောင်းမှာ အရမ်းရေပန်းစားခဲ့တယ်။ အရွယ်ရောက်လာတဲ့ လူငယ် လူရွယ်တွေတောင်မှ ဒီအရာကို လက်ဆောင်အဖြစ် ပေးကြတယ်။ ဘာလို့လဲ၊ မစ္စတာယန်းမှာ ဖြစ်ခဲ့တဲ့အရာက ဂီတသေတ္တာနဲ့ ဆက်စပ်နေတာလား"

"ဟုတ်ပါတယ်၊ ကျွန်တော်တစ်ခါတုန်းက ဂီတသေတ္တာတစ်လုံးဝယ်ခဲ့တယ်။

ဂီတသေတ္တာရဲ့ အပြင်ပန်းသဏ္ဍာန်က စက်ဝိုင်းပုံစံ မြင်းစီးစက်ရုပ်ကလေးတွေရှိတဲ့ စင်္ကြာလှည့်စက်တစ်ခုပါ။

စင်္ကြာလှည့်စက်မှာ အနီ၊ အဝါနဲ့ အဖြူရောင်တွေ ပြောင်းလဲဆေးချယ်ထားပြီး အရမ်းကိုအစစ်နဲ့တူအောင်လုပ်ထားတယ်။

စင်္ကြာလှည့်စက်ပေါ်မှာ အဖြူရောင် မင်းသမီးဝတ်စုံ ဝတ်ဆင်ထားတဲ့ အရုပ်ကလေး တစ်ရုပ်လည်းရှိတယ်၊ ဂီတသေတ္တာကို ဖွင့်တိုင်း သိပ်ကိုကြည်လင်ပြတ်သားတဲ့ သံစဉ်တွေ မြည်လာတယ်။

"......."

"အသံကသိပ်ကို နားထောင်လို့ကောင်းတယ်၊ သံစဉ်တစ်ခုချင်းစီကို သေချာ နားထောင်ကြည့်မယ်ဆိုရင် သံစဉ်ထဲမှာ ပိုပြီးဆွဲဆောင်မှုရှိတဲ့ သံစဉ်တွေ အများကြီးရှိနေတာကို တွေ့ရတယ်။

ကျွန်တော်နားထောင်ရတာ အရမ်းကို ကြိုက်တယ်၊ ဒါပေမယ့် အဲ့ဒါကို ကျွန်တော့်သမီးကို ပေးလိုက်တယ်။

သူ့အသက် ငါးနှစ်ပြည့်တဲ့ မွေးနေ့မှာပေါ့၊ သူမ အရမ်းပျော်သွားတယ်၊ ကျွန်တော့် လည်ပင်းကို ဖက်ပြီး ကျွန်တော့်မျက်နှာကို နမ်းလိုက်တယ်၊ ကျွန်တော့်မျက်နှာမှာဆို သရေတွေ စိုသွားတာပဲ"

လောင်ယန်းက ဒါကိုပြောတဲ့အခါ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ကျန်းရီလည်း စိတ်ထဲမှာ ပုံရိပ်လာခဲ့တယ်၊ ပျော်ရွှင်နေတဲ့ မျက်နှာဖြင့် ကလေးငယ် တစ်ယောက်ဟာ သူ့ဖခင်ရဲ့ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူ့ဖခင်ကို သူ့နည်းသူ့ဟန်နဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြနေခဲ့သည်။

သိပ်လှပြီး နွေးထွေးတဲ့ပုံရိပ်ပါပဲ။

ဒါပေမယ့် ဂီတသေတ္တာမှာရော ဘာဖြစ်ခဲ့တာလဲ။

"ကျွန်တော်သူ့ကိုပေးပြီးတဲ့နောက် ကျွန်တော့် သမီးက ဒီဂီတသေတ္တာကို အကြာကြီး ကစားမှာ မဟုတ်ဘူးလို့ အစကတော့ ထင်ခဲ့မိတယ်။

ကလေးတွေက ဒီလိုပါပဲ၊ ဟောင်းနွမ်းသွားတဲ့ အရာတွေကို ငြီးငွေ့လာပြီး အသစ်တွေကို ကြိုက်တာဟာ အဲ့ဒီအသက်အရွယ်ရှိတဲ သူတို့ရဲ့ သဘာဝပါပဲ၊ ဒါပေမယ့် ကျွန်တော် မျှော်လင့်မထားတာက သူက ဂီတသေတ္တာကို တကယ်ကို ကြိုက်နှစ်သက်သွားတာပါပဲ။

သူက ဂီတသေတ္တာကို တစ်ချိန်လုံးနီးပါး ဆောင်သွားတယ်၊ ကျောင်းသွားရင်လည်း ယူသွားတယ်၊ အိပ်ရာဝင်ရင်လည်း ယူသွားတယ်၊ အိပ်ပျော်ဖို့အတွက်တောင် ဂီတသေတ္တာကို ဖက်ထားမှ အိပ်တတ်တယ်"

"ကျွန်တော်က အသက် ၃၀မတိုင်ခင်က စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်နေတာနဲ့ အလုပ်တွေ ရှုပ်နေခဲ့တယ်၊ ဒါ့ကြောင့် အိမ်ထောင် နောက်ကျခဲ့တယ်။

ကျွန်တော်က အမြဲတမ်း ဒီလိုမျိုး သမီးတစ်ယောက်ရဖို့ တွေးထားတယ်၊ ဒါကြောင့် သူမက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သားသမီးပါ၊ ဒါ့ကြောင့် ကျွန်တော့်က အမြဲတမ်းသူ့ကို အလိုလိုက်လေ့ရှိတယ်။

တစ်ခါတစ်ရံမှာ ဒီလို ချစ်ခြင်းမေတ္တာ ပေးတာက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ ထင်မိတယ်၊ သူကြီးပြင်းလာတဲ့အခါ စိတ်ထင်ရာစိုင်းပြီး လုပ်တတ်တဲ့ အကျင့်ကြောင့် လူ့ဘောင်အသိုင်းအဝိုင်းကနေ ဆုံးမတာ ခံရမှာကိုလည်း စိုးရိမ်မိတယ်။

ဒါပေမယ့် ဘယ်လောက်ပဲစဉ်းစားစဉ်းစား၊ သူမကိုမြင်တာနဲ့ စဉ်းစားထားတဲ့အရာတွေ၊ စီးပွားရေး ပညာရှင်တွေပြောတဲ့ ကလေး ပြုစုပျိုးထောင်ရေးနည်းလမ်းတွေဆိုတဲ့ အားလုံးက ကျွန်တော့်စိတ်ထဲကနေ ပျောက်ကွယ်သွားတတ်တယ်။

အိပ်ရာထဲမှာ ဂီတသေတ္တာကို ဖက်ထားတာဟာ မသင့်တော်ဘူးဆိုတာ သိပေမယ့်၊ ကျွန်တော်ဘယ်တုန်းကမှ မာန်မဲပြီးတော့ မတားဆီးခဲ့ဘူး "

"တစ်ညမှာ ကျွန်တော်ညဉ့်နက်ချိန် အိပ်ရာက ထပြီး အိမ်သာသွားတဲ့အခါ ကျွန်တော့်သမီးရဲ့ တံခါးနားကဖြတ်သွားတုန်း အသံတစ်ခု ကြားလိုက်ရတယ်။

ဒါက ဂီတသေတ္တာရဲ့အသံပါ။

ကျွန်တော်စဉ်းစားမိတာက ကလေးက အိပ်တဲ့အခါ ဂီတသေတ္တာ ဖွင့်ထားတာကို မေ့နေတာပေါ့၊ ဒါကြောင့် သူ့တံခါးကို ဖွင့်ပြီးအခန်းထဲဝင်သွားတယ်။

အင်း သူမက အသက် ငါးနှစ်ကျော်နေပြီ ဖြစ်ပေမယ့်၊ သူ့အသက်လေးနှစ်ကစပြီး ကျွန်တော် သူ့ကိုတစ်ယောက်တည်း အိပ်ခိုင်းခဲ့တယ်။

မိန်းကလေးတွေ ကြီးပြင်းလာရင် ဖခင်ကို ရှောင်ရမယ်၊ ယောက်ျားလေးတွေ ကြီးပြင်းလာရင် မိခင်ကို ရှောင်ရမယ်ဆိုတဲ့ အချက်ကို ကျွန်တော်အထူးဂရုစိုက်တယ်။

အဲ့တုန်းက သူမက ငယ်ရွယ်နေသေးပေမယ့်၊ ကျွန်တော် ဒီအချက်ကိုယုံကြည်နေဆဲပါ "

"ကျွန်တော်အခန်းထဲ ဝင်သွားလို​က်တယ်၊ တကယ်ပဲ...ကျွန်တော့်သမီးက ဂီတသေတ္တာကို ဖက်ထားတယ်...

အဲ့ဒီအချိန်တုန်းက ဂီတသေတ္တာက အသံတွေ မြည်နေတယ်၊ ကျွန်တော်ဂီတသေတ္တာကို ဂရုတစိုက်နဲ့ ကောက်ယူပြီး ပိတ်ဖို့ ပြင်လိုက်တယ်။

ကျွန်တော်ဂီတသေတ္တာက ဂီတသံကို ပိတ်လိုက်တယ်။

ဒါပေမယ့် ကျွန်တော်ပိတ်ဖို့လုပ်တုန်းမှာ ကျွန်တော့် သမီးရုတ်တရက်နိုးလာတယ်။

သူမက ကျွန်တော့်ကို တည်တည်ကြီး ကြည့်နေခဲ့တယ်၊ အိပ်ယာနိုးခါစ မှုန်ထွေပြီး ကြည့်နေတဲ့ ပုံစံမျိုးမဟုတ်ဘူး၊ အရမ်းကို တည်ကြည်လေးနက်စွာ ကြည့်နေသလိုမျိုး ကြည့်နေတယ်။

သူမက ဘာမှမပြောဘူး၊ ကျွန်တော့်ကိုပဲ စိုက်ကြည့်နေတယ်။

သူမမျက်နှာမှာ ဘာအမူအရာမှမရှိဘူး၊ အနည်းငယ် အေးစက်နေတယ်လို့တောင် ပြောလို့ရတယ်"

"ကျွန်တော် သူ့ရဲ့မျက်နှာအမူအရာကို မြင်တဲ့အခါ၊ ကျွန်တော့် မသိစိတ်က ပိတ်ဖို့လုပ်နေတာကို ရပ်လိုက်ပြီး ပြုံးကာ သူ့ကိုမေးလိုက်တယ် "ချစ်သမီးလေး၊ ဘာဖြစ်တာလဲ"

ကျွန်တော့်သမီးကကျွန်တော့်ကိုမဖြေဘူး၊ သူဒီလိုပဲကြည့်နေဆဲပဲ၊ သူမက ထမလာဘူး၊ အိပ်ရာပေါ်မှာလှဲနေရင်း ကျွန်တော့်ကို ကြည့်နေခဲ့တယ်။

ဘာကြောင့်မှန်း မသိရပေမယ့်၊ သူမ ဒီလိုမျိုး ကြည့်နေတာက ကြာလာတဲ့အခါ ကျွန်တော် တကယ်ပဲထိတ်လန့်စရာ ခံစားချက်မျိုးကို ခံစားလိုက်မိတယ် "

"ကျွန်တော်က ဂီတသေတ္တာကို ပိတ်လို့ သူမ စိတ်ဆိုးသွားတာလို့ ထင်မိလိုက်တယ်၊ ဒါကြောင့်ပြုံးကာ ပြောလိုက်တယ်၊ "အိုကေ၊ အိုကေ၊ အဖေ ဂီတသေတ္တာရဲ့ ဂီတသံကို မပိတ်တော့ဘူး၊ အိုကေလား? နားထောင်ပြီး အိပ်လို့ရတယ်။

အိုကေ၊ ကောင်းသောညပါ၊ အဖေလည်း အိပ်ချင်နေပြီ။

ကျွန်တော်ဂီတသေတ္တာကို သူမထံ ပြန်ပေးပြီး အခန်းက ထွက်လာခဲ့တယ်။

ကျွန်တော်အိမ်သာသွားပြီး အခန်းကို ပြန်ဝင်ဖို့ လုပ်တုန်းမှာ ရုတ်တရက်ကျွန်တော့်သမီးက စင်္ကြံ လမ်းထဲမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

သူ့လက်တွေက ဖြောင့်ဖြောင့်တန်းတန်း ချထားတယ်၊ သူ့ခြေထောက်တွေကလည်း ဖြောင့်ဖြောင့်တန်းတန်းစုထားတယ်။

သူမက ခုနကလိုပဲ တည့်တည့်ကြီး ကျွန်တော့်ကို ကြည့်နေတယ်။

သူ့ကို ဒီလိုမြင်တဲ့အခါ၊ ကျွန်တော် သူ့ကို မေးလိုက်တယ် "ချစ်သမီးလေး၊ ဘာလို့ ထလာတာလဲ? "

"သမီးက ကျွန်တော့်ကို မတုန့်ပြန်ခဲ့ဘူး၊ ဒါပေမယ့် ကျွန်တော်ချက်ချင်းပဲ နောက်ထပ် မှားယွင်းနေတဲ့ နေရာတစ်ခုကို တွေ့လိုက်ရတယ်၊ ဒါက ကျွန်တော့်သမီးရဲ့ အိပ်ရာဝင် ဝတ်စုံပဲ။

ဟုတ်တယ်၊ ကျွန်တော်သမီးမှာ ဒီလို အိပ်ရာဝတ်စုံတစ်စုံရှိတာကို ဘယ်တုန်းကမှ မမြင်ဖူးဘူး၊ ပြီးတော့ အိပ်ရာဝင် ဝတ်စုံကလည်း ဆေးကြောထားတာ လွန်ပြီး ဖြူနေသလို ဖြစ်နေတယ်။

ပြီးတော့ စုတ်ပြဲနေတဲ့ နေရာတွေလည်း အများကြီးရှိနေတယ်။

ကျွန်တော် ကျွန်တော့်သမီးကို စုတ်ပြဲနေတဲ့ အဝတ်အစားတွေ ဘယ်တုန်းကမှ မဝတ်ခိုင်းဖူးဘူး၊ ညဘက်အိပ်တဲ့အခါ ဝတ်ဆင်တဲ့ အဝတ်အစားတွေဆို ပိုဆိုးတာပေါ့? အဝတ်အစားတွေက သူ့ခန္ဓာကိုယ်နဲ့ အရမ်းကိုကွက်တိဖြစ်နေတယ်။

ကျွန်တော် သူမဆီသွားပြီး မေးလိုက်တယ်၊ ဒီအဝတ်အစားတွေဘယ်ကရတာလဲ? မင်းအမေက တစ်နေရာရာကနေ ရှာတွေ့တာလား"

"သမီးက ကျွန်တော့်ကို မတုန့်ပြန်ခဲ့ဘူး၊ သူလှည့်ပြီး တိတ်တိတ်လေး ထွက်သွားခဲ့တယ်။

ကျွန်တော်သူမကို ဆွဲလိုက်တယ်၊ ဒါပေမယ့် သူမ ချက်ချင်းပဲ ကျွန်တော့်လက်ကနေ ရုန်းထွက်ပြီး အခန်းထဲကိုပြေးဝင်သွားတယ်။

ကျွန်တော် အဲ့ဒီမှာပဲ ထိတ်လန့်သွားပြီးတော့ ရပ်နေမိတယ်၊ ဒါပေမယ့် နောက်တော့ ကျွန်တော့် ပတ်ဝန်းကျင်မှာ အနံ့ဆိုး တစ်ခု ရှိနေတာကိုခံစားမိလိုက်တယ်။

ကျွန်တော် အနည်းငယ်ကြာအောင် အနံခံကြည့်လိုက်တယ်၊ နောက်ဆုံးမှာတော့ ကျွန်တော့်လက်ကို မြှောက်ပြီး နမ်းကြည့်မိလိုက်တယ်။

ဒါက ကျွန်တော့်သမီးရဲ့ အဝတ်အစားကို ဆွဲကိုင်မိလိုက်တဲ့ လက်က အနံ့ဆိုးပါပဲ။

အဲ့ဒါက ပုပ်သိုးနေတဲ့ အနံ့ပဲ"

All Chapters